အင်တာနက်ပေါ်က အလွဲများ

Health

Knowledge

General

Aviation

News

Travel

မီတာခ

IT

Thursday, June 20, 2019

လွ်ပ္စစ္ေလယာဥ္ပ်ံ Alice

အစၥေရးတို႔ရဲ႕ လွ်ပ္စစ္ေလယာဥ္ပ်ံ


ပဲရစ္မွာ ၂၀၁၉ ဇြန္ ၁၇ ကေန ၂၃ အထိျပဳလုပ္ေနတဲ့ ႏိုင္ငံတကာ အာကာသနဲ႔ ေလေၾကာင္းျပပြဲႀကီးမွာ အစၥေရးကုမၸဏီတခုျဖစ္တဲ့  Eviation က Alice လို႔ အမည္ေပးထားတဲ့ လွ်ပ္စစ္ေလယာဥ္ရဲ႕ ေရွ႕ေျပးေမာ္ဒယ္ကိုျပသထားပါတယ္။

Alice





ခ၇ီးသည္ ကိုးဦးကိုသယ္ေဆာင္ႏိုင္တဲ့ အဲဒီေလယာဥ္က မိုင္ ၆၅၀ အထိ အကြားအေဝးကို တနာရီ ၂၇၆ မိုင္ႏႈန္းနဲ႔ ပ်ံသန္းႏိုင္မယ္ဆိုပါတယ္။  ခရီးသည္တင္ ေလယာဥ္အမ်ားစုရဲ႕  အျမန္ႏႈန္းထက္ဝက္သာသာပဲရွိမွာပါ။ 900 ကီလိုဝပ္နာရီ အားရွိတဲ့ ဘက္ထရီကထုတ္ေပးတဲ့ လွ်ပ္စစ္နဲ႔ အၿမီးဖ်ားက ပင္မပန္ကာတလုံး အျပင္အေတာင္ပံဖ်ား ၂ခုမွာလည္း ပန္ကာ အေသးတခုစီပါမွာပါ။
Alice လေယာဉ်၏ အချက်အလက်အချို့

ေလယာဥ္ဝမ္းကို ျပားၿပီးကားထားတဲ့ အတြက္ ေလပင့္အား Lift ကို တျခားေလယာဥ္ေတြကို အေတာင္ပံကရ႐ုံမက ေလယာဥ္ကိုယ္ထည္ကပါ ပံ့ပိုးေပးမယ္ဆိုပါတယ္။

လွ်ပ္စစ္ေလယာဥ္ျဖစ္လို႔ ေလထုညစ္ညမ္းမႈမျဖစ္႐ုံမွ်မက အသံဆူညံမႈကလည္း အလြန္႔အလြန္နည္းသြားပါတယ္။

တစီးကို ေဒၚလာ ေလးသန္းတန္ အဲဒီေလယာဥ္ကို ျပပြဲမွာေဈးဦးေပါက္အေနနဲ႔ အေမရိကန္ regional airline  တခုျဖစ္တဲ့ Cape Air က ဆယ္ဂဏန္း  အေရအတြက္ကို ဝယ္ယူမယ္လို႔ ဆိုပါတယ္။ Alice ကို ၂၀၂၁ မ်ာ ပ်ံသန္းခြင့္လက္မွတ္ရႏိုင္ဖို႔ ေမွ်ာ္လင့္ထားၿပီး ၂၀၂၂ မွာ စတင္ ေပးအပ္ႏိုင္ဖို႔ စီစဥ္ထားပါတယ္။

Alice မွာသုံးထားတဲ့  MagniX ေမာ္တာကို လည္းဒီျပပြဲမွာျပသထားပါတယ္။
Eviation နဲ႔  MagniX ကုမၸဏီ၂ခုလုံးကို စကၤာပူက ဘီလီယံနာသူေဌးႀကီး ကလဲေမာင့္ကေငြေၾကးေထာက္ပံ့ထားတယ္ဆိုပါတယ္။
MagniX ေမာ္တာေတြကို လက္ရွိ အင္ဂ်င္သုံး ေလယာဥ္ငယ္ကေလးေတြမွာ အစားထိုးသုံးလို႔ ရေအာင္ ထုတ္ထားတယ္လို႔ဆိုပါတယ္။



ဖိုးသုည

20-6-19



အစ္စရေးတို့ရဲ့ လျှပ်စစ်လေယာဉ်ပျံ (ယူနီကုဒ်)

ပဲရစ်မှာ ၂၀၁၉ ဇွန် ၁၇ ကနေ ၂၃ အထိပြုလုပ်နေတဲ့ နိုင်ငံတကာ အာကာသနဲ့ လေကြောင်းပြပွဲကြီးမှာ
အစ္စရေးကုမ္ပဏီတခုဖြစ်တဲ့  Eviation က Alice လို့ အမည်ပေးထားတဲ့ လျှပ်စစ်လေယာဉ်ရဲ့ ရှေ့ပြေးမော်ဒယ်ကိုပြသထားပါတယ်။
Alice

ခ၇ီးသည် ကိုးဦးကိုသယ်ဆောင်နိုင်တဲ့ အဲဒီလေယာဉ်က မိုင် ၆၅၀ အထိ အကွားအဝေးကို တနာရီ ၂၇၆ မိုင်နှုန်းနဲ့ ပျံသန်းနိုင်မယ်ဆိုပါတယ်။  ခရီးသည်တင် လေယာဉ်အများစုရဲ့  အမြန်နှုန်းထက်ဝက်သာသာပဲရှိမှာပါ။
Alice လေယာဉ်၏ အချက်အလက်အချို့
900 ကီလိုဝပ်နာရီ အားရှိတဲ့ ဘက်ထရီကထုတ်ပေးတဲ့ လျှပ်စစ်နဲ့ အမြီးဖျားက ပင်မပန်ကာတလုံး အပြင်အတောင်ပံဖျား ၂ခုမှာလည်း ပန်ကာ အသေးတခုစီပါမှာပါ။
လေယာဉ်ဝမ်းကို ပြားပြီးကားထားတဲ့ အတွက် လေပင့်အား Lift ကို တခြားလေယာဉ်တွေကို အတောင်ပံကရရုံမက လေယာဉ်ကိုယ်ထည်ကပါ ပံ့ပိုးပေးမယ်ဆိုပါတယ်။
လျှပ်စစ်လေယာဉ်ဖြစ်လို့ လေထုညစ်ညမ်းမှုမဖြစ်ရုံမျှမက အသံဆူညံမှုကလည်း အလွန့်အလွန်နည်းသွားပါတယ်။
တစီးကို ဒေါ်လာ လေးသန်းတန် အဲဒီလေယာဉ်ကို ပြပွဲမှာဈေးဦးပေါက်အနေနဲ့ အမေရိကန် regional airline  တခုဖြစ်တဲ့ Cape Air က ဆယ်ဂဏန်း အရေအတွက်ကို ဝယ်ယူမယ်လို့ ဆိုပါတယ်။ Alice ကို ၂၀၂၁ မျာ ပျံသန်းခွင့်လက်မှတ်ရနိုင်ဖို့ မျှော်လင့်ထားပြီး ၂၀၂၂ မှာ စတင် ပေးအပ်နိုင်ဖို့ စီစဉ်ထားပါတယ်။ 
Alice မှာသုံးထားတဲ့  MagniX မော်တာကို လည်းဒီပြပွဲမှာပြသထားပါတယ်။
Eviation နဲ့  MagniX ကုမ္ပဏီ၂ခုလုံးကို စင်္ကာပူက ဘီလီယံနာသူဌေးကြီး ကလဲမောင့်ကငွေကြေးထောက်ပံ့ထားတယ်ဆိုပါတယ်။
MagniX မော်တာတွေကို လက်ရှိ အင်ဂျင်သုံး လေယာဉ်ငယ်ကလေးတွေမှာ အစားထိုးသုံးလို့ ရအောင် ထုတ်ထားတယ်လို့ဆိုပါတယ်။
ဖိုးသုည
20-6-19
https://www.cnbc.com/2019/06/18/all-electric-jet-firm-eviation-announces-us-airline-as-first-customer.html

No comments:

Post a Comment