အင်တာနက်ပေါ်က အလွဲများ

Health

Knowledge

General

Aviation

News

Travel

မီတာခ

IT

Sunday, June 23, 2019

ခရီးသည္တဦးအလြန္ေသာင္းက်န္းလို႔ဆိုၿပီး Jet2 ေလယာဥ္ ျပန္လွည့္ခဲ့ရ

ခရီးသည္တဦးအလြန္ေသာင္းက်န္းလို႔ဆိုၿပီး Jet2 ေလယာဥ္ ျပန္လွည့္ခဲ့ရ


လန္ဒန္ စတန္းစတဒ္ေလဆိပ္ကေန တူရကီႏိုင္ငံ ဒါလမန္းကို စေနေန႔ ညေန၆နာရီက ပ်ံသြားတဲ့ ၿဗိတိသွ်ပိုင္ Jet2 ဘတ္ဂ်က္ေလၾကာင္း က ေလယာဥ္ဟာ ခရီးသည္တဦးအလြန္ေသာင္းက်န္းလို႔ဆိုၿပီး ပ်ံတက္ၿပီး မိနစ္ ၂၀ ေလာက္အၾကာမွာ ျပန္လွည့္ခဲ့ပါတယ္။
ေလယာဥ္ကိုေတာ္ဝင္ေလတပ္က တိုင္ဖြန္း စစ္ေလယာဥ္ ၂စီးက တက္လိုက္သြားၿပီး ေစာင့္ၾကပ္ကာ စတန္းစတဒ္ ကို ျပန္လွည့္ခဲ့တာပါ။
အသက္ ၂၅ႏွစ္အ႐ြယ္ အဆိုပါခရီးသည္ အမ်ိဳးသမီးကို ေလယာဥ္ စတန္းစတဒ္ေလဆိပ္အေရာက္မွာ ရဲကဖမ္းဆီးေခၚေဆာင္သြားပါတယ္။
ေလယာဥ္ကို ေဘးအႏၲရာယ္ျဖစ္ေအာင္လုပ္မႈနဲ႔ သူတပါးကို တိုက္ခိုက္မႈ ၂ခုနဲ႔ တရားစြဲမွာလို႔ဆိုပါတယ္။
ေလဆိပ္နဲ႔ ၄မိုင္ေဝးတဲ့ Bishop's Stortford ၿမိဳ႕မွာေတာ့ က်ယ္ေလာင္တဲ့ေပါက္ကြဲသံၾကားရလို႔ ၉၉၉ ကို ဖုန္းဆက္သတင္းပို႔ၾကတဲ့အတြက္ ရဲတပ္ဖြဲ႕ ဖုန္းေတြ အေတာ္အလုပ္ရႈပ္သြားပါတယ္။
Jet2 ေလယာဥ္ေနာက္ကိုတက္လိုက္သြားတဲ့ စစ္ေလယာဥ္ေတြ အသံထက္ျမန္ေအာင္စြမ္းအားျမႇင့္တဲ့အခါထြက္လာတဲ့ sonic boom အသံက အဲဒီ ၿမိဳ႕သူၿမိဳ႕သားေတြကို ထိတ္လန႔္ေစခဲ့တာပါ။
အဲဒီအမ်ိဳးသမီးဘယ္လိုေသာင္းက်န္းတယ္ေတာ့မသိ ေလယာဥ္ေပၚကသူေတြ၊ ေလဆိပ္ ေလတပ္ တို႔သာမက အနားက ၿမိဳ႕သူၿမိဳ႕သားေတြပါ အလုပ္ရႈပ္ကုန္ေတာ့တာပါပဲ။
၂၃-၆-၁၉


ခရီးသည်တဦးအလွန်သောင်းကျန်းလို့ဆိုပြီး Jet2 လေယာဉ် ပြန်လှည့်ခဲ့ရ (ယူနီကုဒ်)
လန်ဒန် စတန်းစတဒ်လေဆိပ်ကနေ တူရကီနိုင်ငံ ဒါလမန်းကို စနေနေ့ ညနေ၆နာရီက ပျံသွားတဲ့ ဗြိတိသျှပိုင် Jet2 ဘတ်ဂျက်လေကြာင်း က လေယာဉ်ဟာ ခရီးသည်တဦးအလွန်သောင်းကျန်းလို့ဆိုပြီး ပျံတက်ပြီး မိနစ် ၂၀ လောက်အကြာမှာ ပြန်လှည့်ခဲ့ပါတယ်။
လေယာဉ်ကိုတော်ဝင်လေတပ်က တိုင်ဖွန်း စစ်လေယာဉ် ၂စီးက တက်လိုက်သွားပြီး စောင့်ကြပ်ကာ စတန်းစတဒ် ကို ပြန်လှည့်ခဲ့တာပါ။
အသက် ၂၅နှစ်အရွယ် အဆိုပါခရီးသည် အမျိုးသမီးကို လေယာဉ် စတန်းစတဒ်လေဆိပ်အရောက်မှာ ရဲကဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
လေယာဉ်ကို ဘေးအန္တရာယ်ဖြစ်အောင်လုပ်မှုနဲ့ သူတပါးကို တိုက်ခိုက်မှု ၂ခုနဲ့ တရားစွဲမှာလို့ဆိုပါတယ်။
လေဆိပ်နဲ့ ၄မိုင်ဝေးတဲ့ Bishop's Stortford မြို့မှာတော့ ကျယ်လောင်တဲ့ပေါက်ကွဲသံကြားရလို့ ၉၉၉ ကို ဖုန်းဆက်သတင်းပို့ကြတဲ့အတွက် ရဲတပ်ဖွဲ့ ဖုန်းတွေ အတော်အလုပ်ရှုပ်သွားပါတယ်။
Jet2 လေယာဉ်နောက်ကိုတက်လိုက်သွားတဲ့ စစ်လေယာဉ်တွေ အသံထက်မြန်အောင်စွမ်းအားမြှင့်တဲ့အခါထွက်လာတဲ့ sonic boom အသံက အဲဒီ မြို့သူမြို့သားတွေကို ထိတ်လန့်စေခဲ့တာပါ။
အဲဒီအမျိုးသမီးဘယ်လိုသောင်းကျန်းတယ်တော့မသိ လေယာဉ်ပေါ်ကသူတွေ၊ လေဆိပ် လေတပ် တို့သာမက အနားက မြို့သူမြို့သားတွေပါ အလုပ်ရှုပ်ကုန်တော့တာပါပဲ။
၂၃-၆-၁၉

No comments:

Post a Comment