ခြေထောက်ကို ဆားရေစိမ်ပြီး စက်နဲ့ အဆိပ်ထုတ်မလား၊ အစားသောက်ဆင်ခြင်ပြီး လေ့ကျင့်ခန်းလုပ်မလား။
အခုလို သတင်း အချက် အလက်တွေ ပွင့်လင်းလာတဲ့ ခေတ်ကြီးမှာ လောလောဆယ် ခေတ်စားနေတဲ့ ခြေထောက်ရေစိမ်ပြီး အဆိပ်ထုတ်တဲ့ စက်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ရှာဖွေခဲ့ပါတယ်။
စနစ်တကျ သုတေသနလုပ်ထားတဲ့ အထောက်အထားတွေ မတွေ့ရပါ။
စက်ထုတ်လုပ်တဲ့ ကုမ္ပဏီတွေက ခန္ဓာထဲက အဆိပ်အတောက်ဖြစ်စေတဲ့ ဓါတ်တွေကို စက်က ခြေထောက်စိမ်ထားတဲ့ ဆားရည်က တဆင့် ionize လုပ်တဲ့ နည်းတဲ့ ဖယ်ထုတ်ပေးတယ်။ အဲဒီ အဆိပ်တွေထွက်လာလို့ ရေအရောင်ပြောင်းတယ်. အမြှုပ်ထွက်တယ်လို့ ပြောပါတယ်။
- မလေးရှား ကျန်းမာရေးဝန်ကြီးဌာနရဲ့ ၂၀၀၅ ခုရီပို့တခုမှာ PLATINUM DETOX MACHINE နဲ့ ပတ်သက်ပြီး ဘာသုတေသန အချက်အလက်မှ မရှိသလို ထုတ်လုပ်သူဘက်ကလဲ လိုအပ်တဲ့ ဆေးဘက်ဆိုင်ရာ သုတေသနအထောက်အထား ဘာမှ မပေးနိုင်ခဲ့ ဘူးလို့ပါပါတယ်။
- Nutritional body care ဆိုတဲ့ ဆေးခန်းကတော့ AOK စက်နဲ့ အဆိပ်အတောက်တွေကို ဘယ်လို ဖယ်ရှားပေးတယ်လို့ ရေးထားပေမဲ့ အောက်ဆုံးမှာ The AOK program does not intend to diagnose, treat, mitigate, prevent or cure any disease. ဒီလိုအဆိပ်ထုတ်ခြင်းသည် ရောဂါတခုခုကို စစ်ဆေးပေးခြင်း ကုသပေးခြင်း မဟုတ်သလို ကာကွယ်ပေးတာလဲ မဟုတ်ပါဘူးလို့ မသိမသာ ဝန်ခံထားပါတယ်။
- ၂၀၁၀ မှာ တော့ Deborah နဲ့ အဖွဲ့က ဒီလို စက်တွေနဲ့ အဆိပ်ထုတ်တာ တကယ် အကျိုးရှိ မရှိ ၁၂ပတ် ကြာစမ်းသပ်မှုတွေလုပ်ခဲ့ပါတယ်။
သူတို့ဟာ သာမန်ရေ၊ ပေါင်းခံရေ ၂မျိုးလုံးနဲ့ စက်ကို မသုံးခင်နဲ့ သုံးအပြီး ရေထဲက သတ္တုဓါတ်ပြောင်းလဲမှူကို ခြေထောက် စိမ်ပြီးရော၊ မစိမ်တာနဲ့ ပါ စမ်းပါတယ်။
အဆိပ်ထုတ်တဲ့ လူတွေရဲ့ ဆီးနဲ့ ဆံပင် (အဆိပ်ဓါတ်တွေ တော်တော်များများကို ကျောက်ကပ်ကစွန့်တာ မို့လို့ ဆီးထဲမှာ အများဆုံးပါပါတယ်။ ဆံပင်မှာကတော့ ခန္ဓာထဲကအဆိပ်ဓါတ်များ ပါဝင်ပြီး မပျောက်တော့တာမို့လို့ ဆံပင် အရင်းနဲ့ အဖျားမှာ ပါဝင်တဲ့ ဓါတ်တွေကို ကြည့်ပြီး ခန္ဓာကိုယ်ထဲက အဆိပ်ဓါတ်တွေ ဘယ်တုန်းက ဘယ်လောက်များတယ်. နောက်တော့ ဘယ်လို ပြောင်းသွားတယ်ဆိုတာ သိနိုင်ပါတယ်။) မှာ ပါတဲ့ အဆိပ်ဖြစ်စေနိုင်တဲ့ ဓါတ်တော်တော်များများ ကို စစ်ဆေးကြပါတယ်။
မိနစ် ၃၀ ကြာ စက်နဲ့အဆိပ်ထုတ်တဲ့ အလုပ်လုပ်ပြီးရင် ပေါင်းခံရေဖြစ်စေ၊ ပိုက်ကလာတဲ့ ရေဖြစ်စေ၊ ရေထဲက သတ္တုဓါတ်တချို့ပိုများလားပါတယ်။ အဲလိုဖြစ်တာက ရေထဲမှာ ခြေထောက် မထည့်ထားလဲ ဒီလိုပဲဖြစ်ပါတယ်။ အဲဒီတော့ ခြေထာက်ထဲကနေ အဆိပ်တွေ ရေထဲကိုရောက်လာတယ်ဆိုတာ မဟုတ်ဘူးလို့ အဖြေထွက်လာပါတယ်။
ဆံပင် ( ၂ကြိမ်) နဲ့ ၂၄နာရီခံထားတဲ့ဆီး (၄ ကြီမ်) ကို အဆိပ်မထုတ်မီနဲ့ အဆိပ်ထုတ်ပြီး နမူနာတွေမှာ ပါတဲ့ အဆိပ်အတောက်ဖြစ်စေတဲ့ ဓါတ်တွေကို စစ်ဆေးခဲ့ပါတယ်။
စစ်ဆေး တွေ့ရှိချက်အားလုံးရဲ့ အဖြေတွေက ခြေထောက်ရေစိမ်ပြီး အဆိပ်ထုတ်တဲ့ စက်နဲ့ အဆိပ်ထုတ်ပေမဲ့ ခန္ဓာကိုယ်ထဲက အဆိပ်တွေဟာ တကယ်လျော့မသွားပဲ ရေထဲက ပြောင်းလဲမှုတွေကလဲ လူ့အန္ဓာက ထွက်လာတဲ့ အဆိပ်တွေကြောင့် ဖြစ်တာ မဟုတ်ဘူးလို့ အဖြေထွက်ပါတယ်။
မိနစ် ၃၀ ကြာ စက်နဲ့အဆိပ်ထုတ်တဲ့အခြ လူကခုံမှာထိုင်နေရပါတယ်။ လှုပ်ရှားမှု အလွန်နည်းပါတယ်။ ဖုန်းပဲ ပွတ်နေမှာပါ။
လေ့ကျင့်ခန်း မိနစ် ၃၀ လုပ်ရင်တော့ သွေးလှည့်ပတ်မှု ပိုကောင်းသလို နှလုံးနဲ့ အဆုတ်တွေလဲ သန်မာ၊ ခန္ဓာထဲက မလိုတဲ့ အဆိပ်တွေကိုလဲ ဆီးနဲ့ ချွေးကနေ ပိုမို စွန့်နိုင်ပြီး ကျန်းမာရေးကို အလွန် အထောက်အကူ ပြုတယ်ဆိုတာကိုတော့ သူတေသန ရာပေါင်းများစွာက သက်သေပြပြီး ဖြစ်သလို၊ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးနဲ့ ကျန်းမာရေး ဌာနတွေအားလုံးကလဲ တိုက်တွန်းထားတာမို့
ဘာမှ မသေချာတဲ့ အဆိပ်ထုတ်စက်နဲ့ အဲလိုခုံပေါ်မှာ ထိုင်နေမဲ့ အစား ကိုယ်လက်လှုပ်ရှားလုပ်ဖို့နဲ့ အစားသောက်ကို ကျန်းမာရေး အတွက် သင့်လျှော်တာကို ရွေးစားကြပါလို့ အကြံပြုပါရစေ။
ဖို့းသုည 04-02-2017
ကျမ်းကိုး
( လူတချို့ကတော့ နေရာတကာ သုတေသနလုပ်စရာ မလိုဘူးလို့ ဆိုပါတယ်၊ အဲဒီသူတွေပဲ သူတို့ မထောက်ခံတဲ့ ကိစ္စကိုတော့ သုတေသန အထောက်အထားမခိုင်လုံဘဲနဲ့ လာမပြောပါနဲ့လို့ ဆိုကြပြန်ပါတယ်။ )
***********************************************************
(ဇော်ဂျီဖွန့်)
ေျခေထာက္ကို ဆားေရစိမ္ၿပီး စက္နဲ႔ အဆိပ္ထုတ္မလား၊ အစားေသာက္ဆင္ျခင္ၿပီး ေလ့က်င့္ခန္းလုပ္မလား။
အခုလို သတင္း အခ်က္ အလက္ေတြ ပြင့္လင္းလာတဲ့ ေခတ္ႀကီးမွာ ေလာေလာဆယ္ ေခတ္စားေနတဲ့ ေျခေထာက္ေရစိမ္ၿပီး အဆိပ္ထုတ္တဲ့ စက္နဲ႔ ပတ္သက္တဲ့ အခ်က္အလက္ေတြ ရွာေဖြခဲ့ပါတယ္။
စနစ္တက် သုေတသနလုပ္ထားတဲ့ အေထာက္အထားေတြ မေတြ႕ရပါ။
စက္ထုတ္လုပ္တဲ့ ကုမၸဏီေတြက ခႏၶာထဲက အဆိပ္အေတာက္ျဖစ္ေစတဲ့ ဓါတ္ေတြကို စက္က ေျခေထာက္စိမ္ထားတဲ့ ဆားရည္က တဆင့္ ionize လုပ္တဲ့ နည္းတဲ့ ဖယ္ထုတ္ေပးတယ္။ အဲဒီ အဆိပ္ေတြထြက္လာလို႔ ေရအေရာင္ေျပာင္းတယ္. အျမႇုပ္ထြက္တယ္လို႔ ေျပာပါတယ္။
- မေလးရွား က်န္းမာေရးဝန္ႀကီးဌာနရဲ့ ၂၀၀၅ ခုရီပို႔တခုမွာ PLATINUM DETOX MACHINE နဲ႔ ပတ္သက္ၿပီး ဘာသုေတသန အခ်က္အလက္မွ မရွိသလို ထုတ္လုပ္သူဘက္ကလဲ လိုအပ္တဲ့ ေဆးဘက္ဆိုင္ရာ သုေတသနအေထာက္အထား ဘာမွ မေပးနိုင္ခဲ့ ဘူးလို႔ပါပါတယ္။
- Nutritional body care ဆိုတဲ့ ေဆးခန္းကေတာ့ AOK စက္နဲ႔ အဆိပ္အေတာက္ေတြကို ဘယ္လို ဖယ္ရွားေပးတယ္လို႔ ေရးထားေပမဲ့ ေအာက္ဆုံးမွာ The AOK program does not intend to diagnose, treat, mitigate, prevent or cure any disease. ဒီလိုအဆိပ္ထုတ္ျခင္းသည္ ေရာဂါတခုခုကို စစ္ေဆးေပးျခင္း ကုသေပးျခင္း မဟုတ္သလို ကာကြယ္ေပးတာလဲ မဟုတ္ပါဘူးလို႔ မသိမသာ ဝန္ခံထားပါတယ္။
- ၂၀၁၀ မွာ ေတာ့ Deborah နဲ႔ အဖြဲ႕က ဒီလို စက္ေတြနဲ႔ အဆိပ္ထုတ္တာ တကယ္ အက်ိဳးရွိ မရွိ ၁၂ပတ္ ၾကာစမ္းသပ္မွုေတြလုပ္ခဲ့ပါတယ္။
သူတို႔ဟာ သာမန္ေရ၊ ေပါင္းခံေရ ၂မ်ိဳးလုံးနဲ႔ စက္ကို မသုံးခင္နဲ႔ သုံးအၿပီး ေရထဲက သတၱဳဓါတ္ေျပာင္းလဲမွူကို ေျခေထာက္ စိမ္ၿပီးေရာ၊ မစိမ္တာနဲ႔ ပါ စမ္းပါတယ္။
အဆိပ္ထုတ္တဲ့ လူေတြရဲ့ ဆီးနဲ႔ ဆံပင္ (အဆိပ္ဓါတ္ေတြ ေတာ္ေတာ္မ်ားမ်ားကို ေက်ာက္ကပ္ကစြန္႔တာ မို႔လို႔ ဆီးထဲမွာ အမ်ားဆုံးပါပါတယ္။ ဆံပင္မွာကေတာ့ ခႏၶာထဲကအဆိပ္ဓါတ္မ်ား ပါဝင္ၿပီး မေပ်ာက္ေတာ့တာမို႔လို႔ ဆံပင္ အရင္းနဲ႔ အဖ်ားမွာ ပါဝင္တဲ့ ဓါတ္ေတြကို ၾကည့္ၿပီး ခႏၶာကိုယ္ထဲက အဆိပ္ဓါတ္ေတြ ဘယ္တုန္းက ဘယ္ေလာက္မ်ားတယ္. ေနာက္ေတာ့ ဘယ္လို ေျပာင္းသြားတယ္ဆိုတာ သိနိုင္ပါတယ္။) မွာ ပါတဲ့ အဆိပ္ျဖစ္ေစနိုင္တဲ့ ဓါတ္ေတာ္ေတာ္မ်ားမ်ား ကို စစ္ေဆးၾကပါတယ္။
မိနစ္ ၃၀ ၾကာ စက္နဲ႔အဆိပ္ထုတ္တဲ့ အလုပ္လုပ္ၿပီးရင္ ေပါင္းခံေရျဖစ္ေစ၊ ပိုက္ကလာတဲ့ ေရျဖစ္ေစ၊ ေရထဲက သတၱဳဓါတ္တခ်ိဳ႕ပိုမ်ားလားပါတယ္။ အဲလိုျဖစ္တာက ေရထဲမွာ ေျခေထာက္ မထည့္ထားလဲ ဒီလိုပဲျဖစ္ပါတယ္။ အဲဒီေတာ့ ေျခထာက္ထဲကေန အဆိပ္ေတြ ေရထဲကိုေရာက္လာတယ္ဆိုတာ မဟုတ္ဘူးလို႔ အေျဖထြက္လာပါတယ္။
ဆံပင္ ( ၂ႀကိမ္) နဲ႔ ၂၄နာရီခံထားတဲ့ဆီး (၄ ႀကီမ္) ကို အဆိပ္မထုတ္မီနဲ႔ အဆိပ္ထုတ္ၿပီး နမူနာေတြမွာ ပါတဲ့ အဆိပ္အေတာက္ျဖစ္ေစတဲ့ ဓါတ္ေတြကို စစ္ေဆးခဲ့ပါတယ္။
စစ္ေဆး ေတြ႕ရွိခ်က္အားလုံးရဲ့ အေျဖေတြက ေျခေထာက္ေရစိမ္ၿပီး အဆိပ္ထုတ္တဲ့ စက္နဲ႔ အဆိပ္ထုတ္ေပမဲ့ ခႏၶာကိုယ္ထဲက အဆိပ္ေတြဟာ တကယ္ေလ်ာ့မသြားပဲ ေရထဲက ေျပာင္းလဲမွုေတြကလဲ လူ႔အႏၶာက ထြက္လာတဲ့ အဆိပ္ေတြေၾကာင့္ ျဖစ္တာ မဟုတ္ဘူးလို႔ အေျဖထြက္ပါတယ္။
မိနစ္ ၃၀ ၾကာ စက္နဲ႔အဆိပ္ထုတ္တဲ့အၿခ လူကခုံမွာထိုင္ေနရပါတယ္။ လွုပ္ရွားမွု အလြန္နည္းပါတယ္။ ဖုန္းပဲ ပြတ္ေနမွာပါ။
ေလ့က်င့္ခန္း မိနစ္ ၃၀ လုပ္ရင္ေတာ့ ေသြးလွည့္ပတ္မွု ပိုေကာင္းသလို ႏွလုံးနဲ႔ အဆုတ္ေတြလဲ သန္မာ၊ ခႏၶာထဲက မလိုတဲ့ အဆိပ္ေတြကိုလဲ ဆီးနဲ႔ ေခၽြးကေန ပိုမို စြန္႔နိုင္ၿပီး က်န္းမာေရးကို အလြန္ အေထာက္အကူ ျပဳတယ္ဆိုတာကိုေတာ့ သူေတသန ရာေပါင္းမ်ားစြာက သက္ေသျပၿပီး ျဖစ္သလို၊ ကမၻာ့ က်န္းမာေရး အဖြဲ႕ႀကီးနဲ႔ က်န္းမာေရး ဌာနေတြအားလုံးကလဲ တိုက္တြန္းထားတာမို႔
ဘာမွ မေသခ်ာတဲ့ အဆိပ္ထုတ္စက္နဲ႔ အဲလိုခုံေပၚမွာ ထိုင္ေနမဲ့ အစား ကိုယ္လက္လွုပ္ရွားလုပ္ဖို႔နဲ႔ အစားေသာက္ကို က်န္းမာေရး အတြက္ သင့္ေလၽွာ္တာကို ေရြးစားၾကပါလို႔ အႀကံျပဳပါရေစ။
ဖို႔းသုည 04-02-2017
က်မ္းကိုး
http://moh.gov.my/modules_resources/index/database_stores/99/347_40.pdf
https://www.ncbi.nlm.nih.gov/pubmed/22174728
https://www.ncbi.nlm.nih.gov/pmc/articles/PMC3228292/
https://www.hindawi.com/journals/jeph/2012/258968/
http://www.nutritionalbodycare.com/aok-ion-detox-footbath.html
( လူတခ်ိဳ႕ကေတာ့ ေနရာတကာ သုေတသနလုပ္စရာ မလိုဘူးလို႔ ဆိုပါတယ္၊ အဲဒီသူေတြပဲ သူတို႔ မေထာက္ခံတဲ့ ကိစၥကိုေတာ့ သုေတသန အေထာက္အထားမခိုင္လုံဘဲနဲ႔ လာမေျပာပါနဲ႔လို႔ ဆိုၾကျပန္ပါတယ္။ )