Showing posts with label electric. Show all posts
Showing posts with label electric. Show all posts

Monday, July 8, 2019

လွ်ပ္စစ္မီတာခ သက္သာေအာင္ေခြၽတာနည္းမ်ား (ေဇာ္ဂ်ီ)

လွ်ပ္စစ္မီတာခ သက္သာေအာင္ေခြၽတာနည္းမ်ား(ေဇာ္ဂ်ီ)

လွ်ပ္စစ္မီတာခ သက္သာေအာင္ လွ်ပ္စစ္ အသုံးကိုဘယ္လိုေလွ်ာ့ခ်ၾကမလဲ။
အခ်က္အလက္စုံေအာင္ေရးထားလို႔စာရွည္ပါတယ္၊ မိမိနဲ႔ ဆိုင္တဲ့အပိုင္းကိုေ႐ြးဖတ္ပါ။
က်ေနာ္တို႔တေတြ သတိမထားမိဘဲ ေလလြင့္ေနတဲ့လွ်ပ္စစ္ေတြ အိမ္တိုင္းနီးပါးမွာရွိပါတယ္။

ဘာေတြေၾကာင့္လွ်ပ္စစ္ အေလအလြင့္ျဖစ္ေနလဲ

က. ကိုယ္ဘာေတြသုံးေနလဲဆိုတာကိုၾကည့္ၿပီးမွ
ခ. ကိုယ္သုံးေနတဲ့ ပစၥည္းေတြထဲက ဘာေတြ ကိုဘယ္လိုလုပ္ရင္ လွ်ပ္စစ္ကုန္တာသက္သာမလဲလို႔သိႏိုင္မွာပါ။

အသုံးမ်ားတဲ့ လွ်ပ္စစ္ပစၥည္းမ်ား

၁။ မီးလုံး၊ မီးေခ်ာင္းမ်ား
၂။ လွ်ပ္စစ္မီးပူ
၃။ လွ်ပ္စစ္ထမင္းအိုး
၄။ ေရခဲေသတၱာ
၅။ လွ်ပ္စစ္ေရေႏြးဓါတ္ဘူး airpot / ေကာ္ဖီမိတ္ကာ coffee maker
၆။ လွ်ပ္စစ္မီးဖို
၇။ ပန္ကာ
၈။ အဲယားကြန္း ေလေအးေပးစက္
၉။ အဝတ္ေလွ်ာ္စက္၊ အဝတ္အေျခာက္ခံစက္
၁၀။ တီဗြီ၊ ေအာက္စက္၊ စကိုင္းနက္၊ အန္တန္နာ၊ ဘူစတာ၊ တီဗြီဂိမ္း
၁၁။ ေရေမာ္တာ
၁၂။ ေရပန္း ေရေႏြးစက္ water heater
၁၃။ ဆံပင္အေျခာက္ခံစက္ hair drier
၁၄။ ကြန္ျပဴတာ၊
၁၅။ ဝိုင္ဖိုင္ေရာက္တာ
၁၆။ ဖုန္းခ်ာဂ်ာ
၁၇။ ေလစုပ္ပန္ကာ

၁။ မီးလုံးမီးေခ်ာင္းမ်ား


  • မလိုအပ္တဲ့ မီးမ်ားကိုပိတ္ပါ။
  • သိပ္လင္းဖို႔ မလိုတဲ့ေနရာမွာ ( ဥပမာ အိမ္သာ၊ အခန္းက်ဥ္း၊ ညအိပ္မီး စသည္တို႔ကို ဝပ္အားနည္းတဲ့ မီးလုံးသုံးပါ။ LED 5-10 Watts မီးေလာက္ဆို လုံေလာက္ပါတယ္။
  • ေန႔ဖက္မွာ မွန္ျပဴတင္းက အလင္းေရာင္းကိုသုံးပါ။ မွန္အေနာက္ေတြတပ္ၿပီး လိုက္ကာဖြင့္ထားျခင္းျဖင့္ အျပင္ကအိမ္ထဲကို မျမင္ရဘဲ အျပင္ အလင္းေရာင္နဲ႔ အိမ္ထဲ လင္းေစပါ။
  • အခန္းအေရာင္ကို အျဖဴ (သို႔) လင္းတဲ့ အေရာင္သုတ္ထားလ်င္ မီးလုံးနည္းနည္းနဲ႔လုံေလာက္တဲ့အလင္းေရာင္ရပါတယ္။
  • လွ်ပ္စစ္အားအစား တဝက္မကသက္သာတဲ့ LED မီးလုံးမ်ား energy Star မီးမ်ားကိုသုံးပါ။
  • မီးလုံး မ်ားအတြဲလိုက္ကို ခလုပ္တခုထားမည့္အစား တလုံးခ်င္း လိုသလို ဖြင့္ပိတ္လို႔ရလ်င္ မလိုတဲ့မီးးကို ပိတ္လို႔ရလို႔ ပိုသက္သာပါတယ္၊
  • အၿမဲမလိုတဲ့ မီး ဥပမာ ေလွကား၊ ဖိနပ္ခြၽတ္ တို႔ကို ျပန္ပိတ္ပါ (သို႔) motion sensor လို လႈပ္ရွားမႈရွိမွဖြင့္တဲ့ ခလုပ္တပ္ထားပါ။ ဒီခလုပ္ေတြကာ လူနီးလာလွ်င္ ဖြင့္ေပးၿပီး ခဏေနလ်င္ အလိုေလွ်ာက္ျပန္ပိတ္ေပးပါတယ္။
  • အိမ္အျပင္ကမီးေတြကို ၂ ဆင့္လင္းတဲ့ မီးမ်ားတပ္လ်င္ မီးအစားသက္သာပါတယ္၊ သာမန္ အေျခအေနမွာ မီးမွိန္မွိန္ပဲလင္းၿပီး အနားမွာ လႈပ္ရွားမႈ ( လူခ်ဥ္းကပ္လာတာ) ရွိမွ motion sensor က ေနာက္တဆင့္ပိုလင္းေပးတဲ့ မီးေတြ ဝယ္လို႔ရပါတယ္။
  • မၾကာခဏခရီးထြက္လို႔ ၿခံမီး၊ အိမ္ေရွ႕ ေနာက္မီးေတြကို မနက္မွာ ပိတ္ၿပီးညတိုင္းဖြင့္ခ်င္သူ ၊ ညဘက္ အျပန္ ေနာက္က်တတ္လို႔ ေမွာင္လာတာနဲ႔ ၿခံမီး ၊ အိမ္ေရွ႕မီး ကိုဖြင့္ခ်င္သူမ်ား၊ မီးကို ဖြင့္ပိတ္ေပးသူမရွိလို႔ တေနကုန္ဖြင့္ထားခဲ့ရၿပီးမီတာတက္ေနတာကိုကာကြယ္ရေအာင္၊ မနက္ဖက္ အျပင္မီးေတြပိတ္ဖို႔ ေမ့တတ္လို႔ မလိုပဲ မီတာမတက္ေအာင္၊  အလင္းအေမွာင္အလိုက္ ဖြင့္ပိတ္တဲ့ light sensor switch / photo-sensor switch ခံထားလို႔ရပါတယ္။ ပတ္ဝန္းက်င္က လင္းလာလ်င္ မီးပိတ္ေပးၿပီး ညေမွာင္လာလ်င္ဖြင့္ေပးပါတယ္။ ဒီမီးခလုပ္ေတြရဲ႕ျပသနာကေတာ့ မိုးတြင္းမိုးအုံရင္လည္းမီးဖြင့္ေပးပါတယ္။
လႈပ္ရွားမႈကို အာ႐ုံခံၿပီး မီးဖြင့္ပိတ္ေပးတဲ့ခလုပ္မ်ား



အလင္းအေမွာင္ကို အာ႐ုံခံၿပီး မီးဖြင့္ပိတ္ေပးတဲ့ခလုပ္






၂။ လွ်ပ္စစ္မီးပူ ( ဝပ္ ၁၀၀၀ ကေန ၂၅၀၀)


  • မီးအား အစားမ်ားတဲ့ပစၥည္းျဖစ္လို႔ မီးပူတိုက္ေနစဥ္ မၾကာခဏ ရပ္ၿပီး တျခားအလုပ္ ထလုပ္တာမေကာင္းပါ။ ျဖစ္ႏိုင္လ်င္ တိုက္စရာေတြကို စုၿပီးတဆက္တည္းတိုက္ပါ။
  • မၾကာခဏပိတ္ၿပီးျပန္ဖြင့္လွ်င္ ေအးေနရာက ျပန္ပူလာေအာင္ ေစာင့္ရတဲ့အတြက္ လွ်ပ္စစ္ကုန္ပါတယ္။
  • မီးပူတိုက္ဖို႔ လိုအပ္တာေတြကိုပဲတိုက္ပါ။ 
  • ထသြားစရာရွိလ်င္ မီးပိတ္ခဲ့ပါ။
  • ဝပ္အားနည္းတဲ့ မီးပူေတြက မီတာအစားသက္သာေပမယ့္ အဝတ္ေတြ ေသခ်ာမဆန္႔လို႔ၾကာၾကာတိုက္ရေတာ့ မီတာခတက္ပါတယ္။ ဝပ္အားမ်ားတဲ့မီးပူေတြက ျမန္ျမန္ပူၿပီး တိုက္ရတာ ျမန္ျမန္ၿပီးေတာ့ အခ်ိန္ကုန္သက္သာသလို မီတာ အစားလည္းသက္သာႏိုင္ပါတယ္။ ဘယ္လို အဝတ္ကိုတိုက္တာမ်ားတယ္ ကိုယ္ကအပူခ်ိန္ကိုသုံးတာမ်ားတယ္ေပၚမွာလည္းတည္ပါတယ္။
  • အဲယားကြန္းဖြင့္ထားတဲ့အခန္းထဲမွ မီးပူတိုက္လ်င္ မီးပူက အလြယ္တကူ အပူေလ်ာ့သြားလို႔ မၾကာခဏ အပူကြိဳင္က အလုပ္လုပ္ရသလို  မီးပူနဲ႔ အဝတ္ပူေတြေၾကာင့္ အခန္း အပူခ်ိန္ တက္လို႔ အဲယားကြန္းကလည္း အလုပ္ပိုလုပ္ရပါတယ္။ မီးပူတိုက္ခ်ိန္မွာ ပန္ကာဖြင့္တိုက္တာ ပိုသင့္ေလ်ာ္ပါတယ္။ 


၃။ လွ်ပ္စစ္ထမင္းအိုး

အခုေနာက္ပိုင္းေပၚတဲ့ ထမင္းအိုးအမ်ားစုမွာ ထမင္းက်က္လို႔ခလုပ္တက္လ်င္ လုံးဝပိတ္မသြားဘဲ ေႏြးေနေအာင္ထိန္းထားတဲ့  keep warm မွာဆက္ရွိေနလို႔ လွ်ပ္စစ္နည္းနည္းစားပါတယ္။ ထမင္းနပ္တာနဲ႔ မီးခလုပ္ကို ပိတ္သင့္ပါတယ္။ နပ္မယ့္အခ်ိန္ကိုမွန္းၿပီး ပလပ္မွာ timer ခံၿပီးပိတ္လည္းရပါတယ္။
မီးခလုပ္ပိတ္လ်င္ ပလပ္ျဖဳတ္စရာမလိုပါ။ ပလပ္ျဖဳတ္တဲ့ အေၾကာင္း https://share-knwge.blogspot.com/2019/07/standby-power.html မွာရွင္းျပထားပါတယ္။

၄။ ေရခဲေသတၱာ

ေရခဲေသတၱာေတြက ကိုယ္ခ်ိန္ထားတဲ့ ဆက္တင္ေပၚလိုက္ၿပီး အထဲမွာ အပူခ်ိန္ တသမတ္ထဲရွိေအာင္ ထိန္းေပးပါတယ္။ ပူလာတာနဲ႔ ကြန္ပရက္စာထေမာင္းၿပီး လိုအပ္တဲ့အပူခ်ိန္ေရာက္လ်င္ေတာ့ စက္လည္တာရပ္နားပါတယ္။
အထဲမွာ ေအးေနလ်င္ စက္ေမာင္းတာ သက္သာၿပီး မၾကာခဏ ျပန္ပူလာလ်င္ စက္ခဏခဏေမာင္းရပါတယ္။

  • တံခါးလိုင္နာေတြေလေသခ်ာလုံပါေစ၊ မလုံလ်င္ လဲပါ။ ေ လေအး ဆုံးရႈံးလ်င္ ေရခဲေသတၱာထဲမွာျပန္ေအးေအာင္ စက္ကမကာာမၾကာျပန္လည္ပတ္ရလို႔ မီးစားပါတယ္။
  • တံခါးကို မလိုပဲ မၾကာခဏ မဖြင့္ပါနဲ႔ ။ တံခါးကို အၾကာႀကီးဖြင့္ထားလ်င္ အထဲမွာ အေအးေလွ်ာ့သြားလို႔ စက္ျပန္ေမာင္းရပါတယ္။ ကိုယ္လိုတာယူၿပီး ခ်က္ခ်င္း လုံေအာင္ျပန္ပိတ္ပါ။
  • အစားအစာေတြကို အေအးခံၿပီးမွ ေရခဲေသတၱာထဲထည့္ပါ။ ပူေနတုန္းထည့္လ်င္ ေရခဲေသတၱာ အပူခ်ိန္တက္လို႔ စက္ ပိုေမာင္းရပါတယ္။
  • ေရခဲခန္းမွာ ေရခဲထူေနလ်င္ ျပန္ေဖ်ာ္ေပးပါ။ ေရခဲေတြခံေနလို႔ အခန္းထဲမွာ သိပ္မေအးႏိုင္ဘဲ စက္ၾကာၾကာေမာင္းရပါတယ္။
  • ရေခဲသေတ္တောအနောက်ဘက်ရှိ ကွိုင်တွေမှာ ချေးတွေထူနေလျင် အပူကိုသိတ်မထုတ်နိုင်လို့ စက် ကပိုလည်ရပါတယ်။ သန့်ရှင်းရေးပုံမှန် လုပ်သင့်ပါတယ်။ ဆားဗစ်ခေါ်လုပ်ပါ။

သတိ။
ေရခဲေသတၱာကို မီတာခေခြၽတာဖို႔ ဆိုၿပီး မၾကာခဏ မီးပိတ္လိုက္ဖြင့္လိုက္မလုပ္ရပါ။ အထဲကအစားစားေတြ အပူခ်ိန္ မၾကာခဏေျပာင္းလ်င္ ဘက္တီးရီးယားေတြေပါက္ဖြားလြယ္ၿပီး ပုပ္သိုးပ်က္တတ္ပါတယ္။ စားမိလ်င္ ဝမ္းပ်က္တတ္ပါတယ္။


၅။ လွ်ပ္စစ္ေရေႏြးဓါတ္ဘူး airpot / ေကာ္ဖီမိတ္ကာ coffee maker

airpot က ေႏြးေနအာငိ ထိန္းဖို႔တခ်ိန္လုံး ဖြင့္ေနလို႔ မီတာစားပါတယ္။ လိုမွသုံးပါ။ ေရေႏြးအတြက္ ဖန္ဓါတ္ဘူးက ပိုတြက္ေျခကိုက္ပါတယ္။


ေကာ္ဖီစက္ကလည္း အမ်ားစုက မီးပိတ္မထားလွ်င္ အပူကြိဳင္ကေတာက္ေလွ်ာက္ အလုပ္လုပ္ပါတယ္။ ၾကာၾကာဖြင့္မထားသင့္ပါ။


၆။ လွ်ပ္စစ္မီးဖို

  • ဂတ္စ္မီးဖိုကပိုအကုန္ အက်သက္သာပါတယ္။
  • အိုးကို အဖုံးလုံေအာင္ပိတ္ခ်က္တာက အိုးထဲက အပူပိုမ်ားကိုထိန္းထားေစလို႔ မီးအကုန္ သက္သာပါတယ္။ (ခ်က္နည္း အႀကိဳက္ခ်င္းေတာ့ မတူၾကပါ။)
  • အိုးအ႐ြယ္နဲ႔သင့္ေလွ်ာ္တဲ့ မီးဖိုးအ႐ြယ္ကို ေ႐ြးသုံးပါ။ ( တခ်ိဳ႕မီးဖိုေတြက အ႐ြယ္မတူတဲ့ မီးဖိုမ်က္ႏွာျပင္ ေလးခုေလာက္ပါပါတယ္)
  • မၾကာခဏ ဖြင့္ပိတ္ လုပ္လွ်င္ ဖိုရဲ႕အပူဆုံးရႈံးလို႔ ျပန္ပူေအာင္ မီးထပ္လိုပါတယ္။
  • တခြက္ၿပီး တခြက္ ဆက္တိုက္ခ်က္လ်င္ ဖိုက အပူရွိန္ လက္က်န္ မေလလြင့္လို႔ လွ်ပ္စစ္ အသုံး သက္သာပါတယ္။ ခ်က္စရာေတြ အားလုံး အဆင့္သင့္ျပင္ထားၿပီ ဆက္ထိုက္ခ်က္ႏိုင္လွ်င္ လွ်ပ္စစ္သက္သာပါတယ္.
  • ထမင္းအိုး ဟင္းရည္အိုးအေပၚတြင္ ေပါင္းဆင့္ခံၿပီး ထမင္းဟင္းေႏႊးျခင္းျဖင့္ မီးဖိုအသုံးကို ေလွ်ာ့ႏိုင္ပါတယ္။
  • အကင္ဖို Oven သုံးေနစဥ္ မလိုဘဲ တံခါးအၾကာႀကီး မဖြင့္ပါနဲ႔ အပူဆုံးရႈံးတာမ်ားလ်င္ မီးပိုသုံးရပါတယ္။

၇။ ပန္ကာ

မလိုလ်င္ ပိတ္ပါ။ ေလအားကို လိုအပ္သေလာက္ပဲထားပါ။
ပန္ကာတိုင္မာေတြက သံပတ္ကိုသုံးတာမ်ားလို႔ လွ်ပ္စစ္မစားၾကပါ။

၈။ အဲယားကြန္း

Air conditioner ဆိုတာ ေရခဲေသတၱာလိုပဲ အခန္းထဲက အပူခ်ိန္ကို ကိုယ္သတ္မွတ္ထားတဲ့ အတိုင္းျဖစ္ေအာင္ ထိန္ညႇိေပးတာပါ။
အခန္းထဲကေလကို ျပန္စုပ္ၿပီး အပူကိုအျပင္ထုတ္ ေလေအးကို အခန္းထဲျပန္မႈတ္နဲ႔ အခန္းထဲမွာ လိုတဲ့ အပူခ်ိန္ေရာက္မွာ အာ႐ုံခံပစၥည္းေလးက ကြန္ပရက္ဆာ စက္ကို ရပ္ေပးပါတယ္။ အခန္းထဲကေလျပန္ပူလာရင္ စက္ကို ျပန္ေမာင္းပါတယ္။
  • အဲယားကြန္းယယ္ေလာက္အလုပ္လုပ္ရသလဲဆိုတာ ကိုယ္က အခန္းအပူခ်ိန္ ဘယ္ေလာက္ကိုထားခ်င္တာလဲဆိုတာနဲ႔ အခန္းထဲကေလ ဘယ္ေလာက္ျမန္ျမန္ ျပန္ပူလဲေပၚတည္ပါတယ္။
  • အပူခ်ိန္ ၁၈ ဒီဂရီ စင္တီဂရိတ္ေလာက္မွာထားရင္ေတာ့ စက္ကေတာ္ေတာ္ အလုပ္လုပ္ရပါတယ္။ အျပင္မွာ ၃၆ ဒီဂရီ ရွိတုန္း ၁၈ ဒီဂရီကိုခ်ဖို႔ ဆို ေတာ္ေတာ္ ၾကာၾကာေမာင္းရတာပါ။ ၿပီးေတာ့ အျပင္က အပူေၾကာင့္ အခန္းအပူခ်ိန္က ၁၈ အထက္ ကို ခဏကေလးနဲ႔ ျပန္တက္သြားေတာ့ စက္ကို ထပ္ကာထပ္ကာ ေမာင္းရပါတယ္။
  • အခန္းအပူခ်ိန္ကို ေနသာ႐ုံ ၂၄ -၂၅ ဒီဂရီေလာက္မွာ ထားရင္ေတာ့ စစခ်င္းအပူခ်ိန္ ခ်ရတာ သက္သာသလို အပူခ်ိန္ ျပန္တက္တာ နည္းနည္းေႏွးၿပီး ျပန္ခ်ရတာလည္း ျမန္လို႔ စက္လည္ရတဲ့ အခ်ိန္ သက္သာပါတယ္။
  • က်ေန ထိုးတဲ့အခန္းဆို ေနေရာင္ကာဖို႔ sun shade တို႔ ယင္းလိပ္လို႔တပ္ထားပါ။ နံရံကပူေနလ်င္ အခန္းထဲကေလလဲျပန္ပူလာလို႔ စက္က ေတာက္ေလွ်ာက္ေမာင္းရပါတယ္။
  • မ်က္ႏွာက်က္မွာ အပူခံျပားေတြ ထည့္ထားျခင္းျဖင့္ အခန္းအပူခ်ိန္ ျမင့္တက္တာကိုထိန္းၿပီး အဲယားကြန္း အလုပ္သက္သာပါတယ္။
လူေတြ သိပ္သတိမထားတဲ့ အခ်က္မ်ား

  • အဲယားကြန္း အခန္းကေလမလုံလ်င္ ေလေအးေတြက အျပင္ထြက္ၿပီး ျပန္စုပ္တဲ့ေလထဲကို အျပင္ကေလပူပါလာေတာ့ အခန္းအပူခ်ိန္တက္ကာ အဲယားကြန္းပိုေမာင္းရပါတယ္။
  • အခန္းတံခါးကို မၾကာခဏ ဖြင့္ပိတ္လုပ္လ်င္ လည္း ထို႔အတူပါပဲ၊ စက္ပိုေမာင္းရပါတယ္။
  • အဲယားကြန္း ေလစစ္ေတြမွာ ဖုံေတြပိတ္ေနလ်င္ ပန္ကာက အရမ္းစုပ္မွ ေလနည္းနည္းလည္လို႔ အပူခ်ိန္ခ်ဖို႔ အခ်ိန္ၾကာသလို႔ စက္လည္ပတ္ခ်ိန္တက္ပါတယ္။ ေလစစ္ေတြကို မၾကာမၾကာစစ္ၿပီး ေဆးေပးပါ။
  • ကြိဳင္ေတြေခ်းကပ္လ်င္ အပူစြန္႔ထုတ္အားနည္းလို႔ ၾကာၾကာလည္ရၿပီး မီတာတက္ပါတယ္။ ဖုန္ေပါတဲ့ ေဒသမွာပိုဆိုးပါတယ္။ မၾကာမၾကာ ဆားဗစ္လုပ္သင့္ပါတယ္.
  • split type အဲယားကြန္းေတြကို အမ်ားစုက ရီမုဒ္နဲ႔ ပိတ္/ဖြင့္လုပ္ၾကပါတယ္။ ရီမုဒ္နဲ႔ ပိတ္ထားတဲ့ အဲယားကြန္း လွ်ပ္စစ္ အနည္းငယ္ကို ေတာက္ေလွ်ာက္သုံးေနပါတယ္။ Standby power လို႔ေခၚပါတယ္။ အဲဒီ အေၾကာင္း ဒီမွာ ဖတ္ႏိုင္ပါတယ္။ အဲဒီ ပါဝါ မဆုံးရွံးေအာင္ အဲယားကြန္းေတြကို မသုံးလ်င္ မီးခလုပ္ပိတ္ပါ
  • အဲယားကြန္ အခန္းမွာပူတဲ့ပစၥည္းမ်ားသုံးျခင္း
    • ဥပမာ မီးပူတိုက္တာ ဆံပင္ အေျခာက္ခံတာ ေတြက အခန္းအပူခ်ိန္ကို ျမင့္တက္ေစလို႔ အဲယားကြန္း အလုပ္ပိုပါတယ္။ မီးပူတိုက္လ်င္ အဲယားကြန္းအစား ပန္ကာသုံးတာက ေလပူကိုဖယ္ေပးလို႔ပိုေကာင္းပါတယ္။
    • ကြန္ျပဴတာ၊ TV, Game console charger စတာေတြက စက္ထဲကေလပူကို အခန္းထဲကို ထုတ္လို႔ အခန္းအပူခ်ိန္ကို ျမင့္တက္ၿပီး အဲယားကြန္း အလုပ္ပိုပါတယ္။ မသုံးလ်င္ ပိတ္ထားပါ။

၉။ အဝတ္ေလွ်ာ္စက္၊ အဝတ္အေျခာက္ခံစက္

  • အဝတ္ေလွ်ာ္စက္က အခ်ိန္ၾကာၾကာလည္တဲ့ စက္ေတြျဖစ္လို႔မီတာတက္ပါတယ္။
  • စက္ ႏိုင္သေလာက္ အဝတ္ေတြ တခါျပည့္မွ တခါ စုၿပီး ေလွ်ာ္ပါ။ ေရအကုန္လည္းသက္သာလို႔ ေရမီတာခ သာမက ေရတင္ရတဲ့ ေမာ္တာအတြက္ လွ်ပ္စစ္မီတာခလည္းသက္သာပါတယ္။ ေလွ်ာ္တဲ့ အႀကိမ္နည္းသြားေတာ့ မီတာခ သက္သာပါတယ္။
  • အဝတ္အေျခာက္ခံစက္ ကို လိုမွ သုံးပါ။ အပူေပးတဲ့ ကြိဳင္က မီတာစားပါတယ္။
  • စက္ကို ေရညႇစ္ဖို႔ပဲ သုံးၿပီး ေလထဲျဖန္႔လွန္း အေျခာက္ခံျခင္းျခင့္ လွ်ပ္စစ္ကိုေခြၽတာႏိုင္ပါတယ္။

၁၀။ တီဗြီ၊ ေအာက္စက္၊ စကိုင္းနက္၊ အန္တန္နာ ဘူစတာ၊ တီဗြီဂိမ္း

ဒီပစၥည္းေတြကို မသုံးလ်င္ မီးခလုပ္ကို ပိတ္ပါ။
ရီမုဒ္နဲ႔ ပိတ္ထားပါက Standby power လွ်ပ္စစ္နည္းနည္း ကို ၿမဲသုံးေနလို႔ မီတာတက္ပါတယ္ ။

၁၁။ ေရေမာ္တာ

  • ခဏခဏမေမာင္းရေအာင္ ေရအသုံးေခြၽတာပါ၊
  • ေရအားေကာင္းခ်ိန္မွာေမာင္းလ်င္ ေရျပည့္ျမန္လို႔ မီတာသက္သာပါတယ္။
  • ေရျပည့္လ်င္ အလလိုေလွ်ာက္ ပိတ္ေပးတဲ့ ခလုပ္မ်ိဳးတပ္ထားလ်င္ ေရလွ်ံတာကို ကာကြယ္သလို မီးလဲ မေလေတာ့ပါ။
  • ပရက္ရွာပန္႔ ဆိုတဲ့ ေရဖြင့္တာနဲ႔ လည္တဲ့ ပန္႔ေတြက ေရဖြင့္တိုင္းလည္လို႔ မီတာစားပါတယ္။ မလိုလ်င္ မသုံးပါနဲ႔

၁၂။ ေရပန္း ေရေႏြးစက္ water heater

အပူခ်ိန္ကို လိုသေလာက္ပဲထားပါ။ အရမ္းပူလ်င္ လွ်ပ္စစ္ပိုကုန္ပါတယ္။ သုံးၿပီးတာနဲ႔ျပန္ပိတ္ပါ။

၁၃။ ဆံပင္အေျခာက္ခံစက္ hair drier

ဆံပင္ကို ေျခာက္ႏိုင္သမွ်ေျခာက္ေအာင္သုတ္ၿပီးမွ အေျခာက္ခံစက္နဲ႔ မႈတ္ျခင္းျဖင့္ အေျခာက္ခံစက္သုံးတဲ့ အခ်ိန္ကို ေလွ်ာ့ခ်ႏိုင္လို႔ မီတာခကိုေခြၽတာႏိုင္ပါတယ္။

၁၄။ ကြန္ျပဴတာ၊ ပရင္တာ

  • ကြန္ျပဴတာေတြကို မသုံးပဲ ဖြင့္ထားလ်င္ LCD စကရင္က မီးသုံးသလို CPU ကလည္းသုံးပါတယ္။
  • ပါဝါဆက္တင္မွာ စကရင္နဲ႔ ကြန္ျပဴတာကို အလိုေလွ်ာက္ sleep လုပ္ဖို႔ အခ်ိန္တိုတိုထားေပးျခင္းျဖင့္ လွ်ပ္စစ္ကိုေခြၽတာႏိုင္ပါတယ္။
  • Sleep mode မွာထားလ်င္ လွ်ပ္စစ္ အသုံးသက္သာေသာ္လည္း နည္းနည္းေတာ့ စားေနလို႔ Standby power ကုန္က်ပါတယ္။ မသုံးေတာ့လ်င္ ပါဝါကိုပိတ္ပါ။
  • ပရင္တာတခ်ိဳ႕က မသုံးလ်င္ အလိုလို Sleep mode ေျပာင္းသြားၿပီး Standby power သုံးကာေနတတ္ပါတယ္၊ ပရင္တာကို မသုံးလ်င္ မီးခလုပ္ကိုပိတ္ပါ။

၁၅။ ဝိုင္ဖိုင္ေရာက္တာ

အသုံးနည္းပစၥည္းျဖစ္ၿပီး အိမ္မွာ လူရွိေနသေ႐ြ႕ (သို႔) စီစီတီဗြီ ကို ခ်ိတ္ၿပီး ေမာ္နီတာလုပ္ေနလ်င္ ၂၄ နာရီလုံးသုံးရတာျဖစ္လို႔ ပိတ္လို႔မရပါ. လွ်ပ္စစ္ အစားနည္းတဲ့ Energy Star ေမာ္ဒယ္ကိုေတာ့ေ႐ြးလို႔ရပါတယ္။

၁၆။ ဖုန္းခ်ာဂ်ာ

မသုံးေသာ္လည္း Standby power ကုန္ႏိုင္လို႔ မသုံးလ်င္ ျဖဳတ္ထားပါ ( သို႔) မီးပိတ္ပါလို႔ ဆိုၾကပါတယ္။

၁၇။ ေလစုပ္ပန္ကာ 

  • ေလစုပ္ပန္ကာေတြကို ဖြင့္ထားစဥ္မွာ ေလစုပ္ပန္ကာရွိတဲ့ အခန္း ( ဥပမာ၊ အိမ္သာ၊ မီးဖိုလေခ်ာင္) တိုနဲ႔ အဲယားကြန္းသုံးေနတဲ့ အခန္းေတြ ၾကားက တံခါးေတြကို ေသခ်ာပိတ္ထားပါ။ 
  • အဝင္အထြက္လုပ္လ်င္လည္း ျမန္ျမန္ ျပန္ပိတ္ပါ၊ အဲယားကြန္းသုံးေနတဲ့ အခန္းကေလေအးေတြကို ေလစုပ္ပန္ကာကစုပ္ထုတ္ ပစ္လိုက္လ်င္ အျပင္ကေလပူေတြက အစားထိုးဝင္လာတာျဖစ္လို႔ အဲယားကြန္း အလုပ္ပိုပါတယ္၊ 
  • အဲဒီပန္ကာေတြကိုလည္း မလိုအပ္လ်င္ ပိတ္ထားပါ။ 

၁၈။ ေရခဲေသတၱာ၊ အဲယားကြန္းသုံး ေဆ့ဖ္ဂတ္

၂၄ နာရီလည္တဲ့ ေရခဲေသတၱာရဲ႕  ေဆ့ဖ္ဂတ္ကိုေတာ့ ဘာမွ လုပ္လို႔မရေပမယ့္ အဲယားကြန္းေဆ့ဖ္ဂတ္ကိုေတာ့  မလိုလ်င္ ပိတ္ထားပါ။ သူလည္း standby power  ဆြဲပါတယ္။



ဖိုးသုည
ဆဲဗင္းဂ်ဴလိုင္ ၂၀၁၉


https://www.energy.gov/articles/resolve-save-energy-year 



လျှပ်စစ်မီတာခ သက်သာအောင်ချွေတာနည်းများ (ယူနီကုဒ်)

လျှပ်စစ်မီတာခ သက်သာအောင်ချွေတာနည်းများ

လျှပ်စစ်မီတာခ သက်သာအောင် လျှပ်စစ် အသုံးကိုဘယ်လိုလျှော့ချကြမလဲ။

အချက်အလက်စုံအောင်ရေးထားလို့စာရှည်ပါတယ်၊ မိမိနဲ့ ဆိုင်တဲ့အပိုင်းကိုရွေးဖတ်ပါ။
ကျနော်တို့တတွေ သတိမထားမိဘဲ လေလွင့်နေတဲ့လျှပ်စစ်တွေ အိမ်တိုင်းနီးပါးမှာရှိပါတယ်။

ဘာတွေကြောင့်လျှပ်စစ် အလေအလွင့်ဖြစ်နေလဲ

က. ကိုယ်ဘာတွေသုံးနေလဲဆိုတာကိုကြည့်ပြီးမှ
ခ. ကိုယ်သုံးနေတဲ့ ပစ္စည်းတွေထဲက ဘာတွေ ကိုဘယ်လိုလုပ်ရင် လျှပ်စစ်ကုန်တာသက်သာမလဲလို့သိနိုင်မှာပါ။



အသုံးများတဲ့ အိမ်သုံး လျှပ်စစ်ပစ္စည်းများ

၁။ မီးလုံး၊ မီးချောင်းများ
၂။ လျှပ်စစ်မီးပူ
၃။ လျှပ်စစ်ထမင်းအိုး
၄။ ရေခဲသေတ္တာ
၅။ လျှပ်စစ်ရေနွေးဓါတ်ဘူး airpot / ကော်ဖီမိတ်ကာ coffee maker
၆။ လျှပ်စစ်မီးဖို
၇။ ပန်ကာ
၈။ အဲယားကွန်း လေအေးပေးစက်
၉။ အဝတ်လျှော်စက်၊ အဝတ်အခြောက်ခံစက်
၁၀။ တီဗွီ၊ အောက်စက်၊ စကိုင်းနက်၊ အန်တန်နာ၊ ဘူစတာ၊ တီဗွီဂိမ်း
၁၁။ ရေမော်တာ
၁၂။ ရေပန်း ရေနွေးစက် water heater
၁၃။ ဆံပင်အခြောက်ခံစက် hair drier
၁၄။ ကွန်ပြူတာ၊
၁၅။ ဝိုင်ဖိုင်ရောက်တာ
၁၆။ ဖုန်းချာဂျာ
၁၇။ လေစုပ်ပန်ကာ
၁၈။ ရေခဲသေတ္တာ၊ အဲယားကွန်းသုံး ဆေ့ဖ်ဂတ်

၁။ မီးလုံးမီးချောင်းများ (၅-၁၀၀ ဝပ်)

  • မလိုအပ်တဲ့ မီးများကိုပိတ်ပါ။
  • သိပ်လင်းဖို့ မလိုတဲ့နေရာမှာ ( ဥပမာ အိမ်သာ၊ အခန်းကျဉ်း၊ ညအိပ်မီး စသည်တို့ကို ဝပ်အားနည်းတဲ့ မီးလုံးသုံးပါ။ LED 5-10 Watts မီးလောက်ဆို လုံလောက်ပါတယ်။
  • နေ့ဖက်မှာ မှန်ပြူတင်းက အလင်းရောင်းကိုသုံးပါ။ မှန်အနောက်တွေတပ်ပြီး လိုက်ကာဖွင့်ထားခြင်းဖြင့် အပြင်ကအိမ်ထဲကို မမြင်ရဘဲ အပြင် အလင်းရောင်နဲ့ အိမ်ထဲ လင်းစေပါ။
  • အခန်းအရောင်ကို အဖြူ (သို့) လင်းတဲ့ အရောင်သုတ်ထားလျင် မီးလုံးနည်းနည်းနဲ့လုံလောက်တဲ့အလင်းရောင်ရပါတယ်။
  • လျှပ်စစ်အားအစား တဝက်မကသက်သာတဲ့ LED မီးလုံးများ energy Star မီးများကိုသုံးပါ။
  • မီးလုံး များအတွဲလိုက်ကို ခလုပ်တခုထားမည့်အစား တလုံးချင်း လိုသလို ဖွင့်ပိတ်လို့ရလျင် မလိုတဲ့မီးးကို ပိတ်လို့ရလို့ ပိုသက်သာပါတယ်၊
  • အမြဲမလိုတဲ့ မီး၊ ( ဥပမာ လှေကား၊ ဖိနပ်ချွတ်) တို့ကို ပြန်ပိတ်ပါ (သို့) motion sensor လို လှုပ်ရှားမှုရှိမှဖွင့်တဲ့ ခလုပ်တပ်ထားပါ။ ဒီခလုပ်တွေကာ လူနီးလာလျှင် ဖွင့်ပေးပြီး ခဏနေလျင် အလိုလျှောက်ပြန်ပိတ်ပေးပါတယ်။
  • အိမ်အပြင်ကမီးတွေကို ၂ ဆင့်လင်းတဲ့ မီးများတပ်လျင် မီးအစားသက်သာပါတယ်၊ သာမန် အခြေအနေမှာ မီးမှိန်မှိန်ပဲလင်းပြီး အနားမှာ လှုပ်ရှားမှု ( လူချဉ်းကပ်လာတာ) ရှိမှ motion sensor က နောက်တဆင့်ပိုလင်းပေးတဲ့ မီးတွေ ဝယ်လို့ရပါတယ်။
  • မကြာခဏခရီးထွက်လို့ ခြံမီး၊ အိမ်ရှေ့ နောက်မီးတွေကို မနက်မှာ ပိတ်ပြီးညတိုင်းဖွင့်ချင်သူ ၊ ညဘက် အပြန် နောက်ကျတတ်လို့ မှောင်လာတာနဲ့ ခြံမီး ၊ အိမ်ရှေ့မီး ကိုဖွင့်ချင်သူများ၊ မီးကို ဖွင့်ပိတ်ပေးသူမရှိလို့ တနေကုန်ဖွင့်ထားခဲ့ရပြီးမီတာတက်နေတာကိုကာကွယ်ရအောင်၊ မနက်ဖက် အပြင်မီးတွေပိတ်ဖို့ မေ့တတ်လို့ မလိုပဲ မီတာမတက်အောင်၊  အလင်းအမှောင်အလိုက် ဖွင့်ပိတ်တဲ့ light sensor switch / photo-sensor switch ခံထားလို့ရပါတယ်။ ပတ်ဝန်းကျင်က လင်းလာလျင် မီးပိတ်ပေးပြီး ညမှောင်လာလျင်ဖွင့်ပေးပါတယ်။ ဒီမီးခလုပ်တွေရဲ့ပြသနာကတော့ မိုးတွင်းမိုးအုံရင်လည်းမီးဖွင့်ပေးပါတယ်။
လှုပ်ရှားမှုကို အာရုံခံပြီး မီးဖွင့်ပိတ်ပေးတဲ့ခလုပ်များ




အလင်းအမှောင်ကို အာရုံခံပြီး မီးဖွင့်ပိတ်ပေးတဲ့ခလုပ်

၂။ လျှပ်စစ်မီးပူ ( ဝပ် ၁၀၀၀ ကနေ ၂၅၀၀)

  • မီးအားအစားများတဲ့ပစ္စည်းဖြစ်လို့ မီးပူတိုက်နေစဉ် မကြာခဏ ရပ်ပြီး တခြားအလုပ် ထလုပ်တာမကောင်းပါ။ ဖြစ်နိုင်လျင် တိုက်စရာတွေကို စုပြီးတဆက်တည်းတိုက်ပါ။
  • မကြာခဏပိတ်ပြီးပြန်ဖွင့်လျှင် အေးနေရာက ပြန်ပူလာအောင် စောင့်ရတဲ့အတွက် လျှပ်စစ်ကုန်ပါတယ်။
  • မီးပူတိုက်ဖို့ လိုအပ်တာတွေကိုပဲတိုက်ပါ။
  • ထသွားစရာရှိလျင် မီးပိတ်ခဲ့ပါ။
  • ဝပ်အားနည်းတဲ့ မီးပူတွေက မီတာအစားသက်သာပေမယ့် အဝတ်တွေ သေချာမဆန့်လို့ကြာကြာတိုက်ရတော့ မီတာခတက်ပါတယ်။ ဝပ်အားများတဲ့မီးပူတွေက မြန်မြန်ပူပြီး တိုက်ရတာ မြန်မြန်ပြီးတော့ အချိန်ကုန်သက်သာသလို မီတာ အစားလည်းသက်သာနိုင်ပါတယ်။ ဘယ်လို အဝတ်ကိုတိုက်တာများတယ် ကိုယ်ကအပူချိန်ကိုသုံးတာများတယ်ပေါ်မှာလည်းတည်ပါတယ်။
  • အဲယားကွန်းဖွင့်ထားတဲ့အခန်းထဲမှ မီးပူတိုက်လျင် မီးပူက အလွယ်တကူ အပူလျော့သွားလို့ မကြာခဏ အပူကွိုင်က အလုပ်လုပ်ရသလို  မီးပူနဲ့ အဝတ်ပူတွေကြောင့် အခန်း အပူချိန် တက်လို့ အဲယားကွန်းကလည်း အလုပ်ပိုလုပ်ရပါတယ်။ မီးပူတိုက်ချိန်မှာ ပန်ကာဖွင့်တိုက်တာ ပိုသင့်လျော်ပါတယ်။ 

၃။ လျှပ်စစ်ထမင်းအိုး 

အခုနောက်ပိုင်းပေါ်တဲ့ ထမင်းအိုးအများစုမှာ ထမင်းကျက်လို့ခလုပ်တက်လျင် လုံးဝပိတ်မသွားဘဲ နွေးနေအောင်ထိန်းထားတဲ့ keep warm မှာဆက်ရှိနေလို့ လျှပ်စစ်နည်းနည်းစားပါတယ်။ ထမင်းနပ်တာနဲ့ မီးခလုပ်ကို ပိတ်သင့်ပါတယ်။ နပ်မယ့်အချိန်ကိုမှန်းပြီး ပလပ်မှာ timer ခံပြီးပိတ်လည်းရပါတယ်။

မီးခလုပ်ပိတ်လျင် ပလပ်ဖြုတ်စရာမလိုပါ။ ပလပ်ဖြုတ်တဲ့ အကြောင်း https://share-knwge.blogspot.com/2019/07/standby-power.html မှာရှင်းပြထားပါတယ်။

၄။ ရေခဲသေတ္တာ

  • ရေခဲသေတ္တာတွေက ကိုယ်ချိန်ထားတဲ့ ဆက်တင်ပေါ်လိုက်ပြီး အထဲမှာ အပူချိန် တသမတ်ထဲရှိအောင် ထိန်းပေးပါတယ်။ ပူလာတာနဲ့ ကွန်ပရက်စာ ထမောင်းပြီး လိုအပ်တဲ့အပူချိန်ရောက်လျင်တော့ စက်လည်တာရပ်နားပါတယ်။
  • အထဲမှာ အေးနေလျင် စက်မောင်းတာ သက်သာပြီး မကြာခဏ ပြန်ပူလာလျင် စက်ခဏခဏမောင်းရပါတယ်။
  • တံခါးလိုင်နာတွေလေသေချာလုံပါစေ၊ မလုံလျင် လဲပါ။ လေအေး ဆုံးရှုံးလျင် ရေခဲသေတ္တာထဲမှာပြန်အေးအောင် စက်ကမကာာမကြာပြန်လည်ပတ်ရလို့ မီးစားပါတယ်။
  • တံခါးကို မလိုပဲ မကြာခဏ မဖွင့်ပါနဲ့ ။ တံခါးကို အကြာကြီးဖွင့်ထားလျင် အထဲမှာ အအေးလျှော့သွားလို့ စက်ပြန်မောင်းရပါတယ်။ ကိုယ်လိုတာယူပြီး ချက်ချင်း လုံအောင်ပြန်ပိတ်ပါ။
  • အစားအစာတွေကို အအေးခံပြီးမှ ရေခဲသေတ္တာထဲထည့်ပါ။ ပူနေတုန်းထည့်လျင် ရေခဲသေတ္တာ အပူချိန်တက်လို့ စက် ပိုမောင်းရပါတယ်။
  • ရေခဲခန်းမှာ ရေခဲထူနေလျင် ပြန်ဖျော်ပေးပါ။ ရေခဲတွေခံနေလို့ အခန်းထဲမှာ သိပ်မအေးနိုင်ဘဲ စက်ကြာကြာမောင်းရပါတယ်။
  • ရေခဲသေတ္တောအနောက်ဘက်ရှိ ကွိုင်တွေမှာ ချေးတွေထူနေလျင် အပူကိုသိတ်မထုတ်နိုင်လို့ စက် ကပိုလည်ရပါတယ်။ သန့်ရှင်းရေးပုံမှန် လုပ်သင့်ပါတယ်။ ဆားဗစ်ခေါ်လုပ်ပါ။
သတိ။
  • ရေခဲသေတ္တာကို မီတာခချွေတာဖို့ ဆိုပြီး မကြာခဏ မီးပိတ်လိုက်ဖွင့်လိုက်မလုပ်ရပါ။ အထဲကအစားစားတွေ အပူချိန် မကြာခဏပြောင်းလျင် ဘက်တီးရီးယားတွေပေါက်ဖွားလွယ်ပြီး ပုပ်သိုးပျက်တတ်ပါတယ်။ စားမိလျင် ဝမ်းပျက်တတ်ပါတယ်။

၅။ လျှပ်စစ်ရေနွေးဓါတ်ဘူး airpot / ကော်ဖီမိတ်ကာ coffee maker

airpot က နွေးနေအာငိ ထိန်းဖို့တချိန်လုံး ဖွင့်နေလို့ မီတာစားပါတယ်။ လိုမှသုံးပါ။ ရေနွေးအတွက် ဖန်ဓါတ်ဘူးက ပိုတွက်ခြေကိုက်ပါတယ်။
ကော်ဖီစက်ကလည်း အများစုက မီးပိတ်မထားလျှင် အပူကွိုင်ကတောက်လျှောက် အလုပ်လုပ်ပါတယ်။ ကြာကြာဖွင့်မထားသင့်ပါ။

၆။ လျှပ်စစ်မီးဖို

  • ဂတ်စ်မီးဖိုကပိုအကုန် အကျသက်သာပါတယ်။
  • အိုးကို အဖုံးလုံအောင်ပိတ်ချက်တာက အိုးထဲက အပူပိုများကိုထိန်းထားစေလို့ မီးအကုန် သက်သာပါတယ်။ (ချက်နည်း အကြိုက်ချင်းတော့ မတူကြပါ။)
  • အိုးအရွယ်နဲ့သင့်လျှော်တဲ့ မီးဖိုးအရွယ်ကို ရွေးသုံးပါ။ ( တချို့မီးဖိုတွေက အရွယ်မတူတဲ့ မီးဖိုမျက်နှာပြင် လေးခုလောက်ပါပါတယ်)
  • မကြာခဏ ဖွင့်ပိတ် လုပ်လျှင် ဖိုရဲ့အပူဆုံးရှုံးလို့ ပြန်ပူအောင် မီးထပ်လိုပါတယ်။
  • တခွက်ပြီး တခွက် ဆက်တိုက်ချက်လျင် ဖိုက အပူရှိန် လက်ကျန် မလေလွင့်လို့ လျှပ်စစ် အသုံး သက်သာပါတယ်။ ချက်စရာတွေ အားလုံး အဆင့်သင့်ပြင်ထားပြီ ဆက်ထိုက်ချက်နိုင်လျှင် လျှပ်စစ်သက်သာပါတယ်.
  • ထမင်းအိုး ဟင်းရည်အိုးအပေါ်တွင် ပေါင်းဆင့်ခံပြီး ထမင်းဟင်းနွှေးခြင်းဖြင့် မီးဖိုအသုံးကို လျှော့နိုင်ပါတယ်။
  • အကင်ဖို Oven သုံးနေစဉ် မလိုဘဲ တံခါးအကြာကြီး မဖွင့်ပါနဲ့ အပူဆုံးရှုံးတာများလျင် မီးပိုသုံးရပါတယ်။

၇။ ပန်ကာ

မလိုလျင် ပိတ်ပါ။ လေအားကို လိုအပ်သလောက်ပဲထားပါ။
ပန်ကာတိုင်မာတွေက သံပတ်ကိုသုံးတာများလို့ လျှပ်စစ်မစားကြပါ။

၈။ အဲယားကွန်း

  • Air conditioner ဆိုတာ ရေခဲသေတ္တာလိုပဲ အခန်းထဲက အပူချိန်ကို ကိုယ်သတ်မှတ်ထားတဲ့ အတိုင်းဖြစ်အောင် ထိန်ညှိပေးတာပါ။
  • အခန်းထဲကလေကို ပြန်စုပ်ပြီး အပူကိုအပြင်ထုတ် လေအေးကို အခန်းထဲပြန်မှုတ်နဲ့ အခန်းထဲမှာ လိုတဲ့ အပူချိန်ရောက်မှာ အာရုံခံပစ္စည်းလေးက ကွန်ပရက်ဆာ စက်ကို ရပ်ပေးပါတယ်။ အခန်းထဲကလေပြန်ပူလာရင် စက်ကို ပြန်မောင်းပါတယ်။
  • အဲယားကွန်းဘယ်လောက်အလုပ်လုပ်ရသလဲဆိုတာ ကိုယ်က အခန်းအပူချိန် ဘယ်လောက်ကိုထားချင်တာလဲဆိုတာနဲ့ အခန်းထဲကလေ ဘယ်လောက်မြန်မြန် ပြန်ပူလဲပေါ်တည်ပါတယ်။
  • အပူချိန် ၁၈ ဒီဂရီ စင်တီဂရိတ်လောက်မှာထားရင်တော့ စက်ကတော်တော် အလုပ်လုပ်ရပါတယ်။ အပြင်မှာ ၃၆ ဒီဂရီ ရှိတုန်း ၁၈ ဒီဂရီကိုချဖို့ ဆို တော်တော် ကြာကြာမောင်းရတာပါ။ ပြီးတော့ အပြင်က အပူကြောင့် အခန်းအပူချိန်က ၁၈ အထက် ကို ခဏကလေးနဲ့ ပြန်တက်သွားတော့ စက်ကို ထပ်ကာထပ်ကာ မောင်းရပါတယ်။
  • အခန်းအပူချိန်ကို နေသာရုံ ၂၄ -၂၅ ဒီဂရီလောက်မှာ ထားရင်တော့ စစချင်းအပူချိန် ချရတာ သက်သာသလို အပူချိန် ပြန်တက်တာ နည်းနည်းနှေးပြီး ပြန်ချရတာလည်း မြန်လို့ စက်လည်ရတဲ့ အချိန် သက်သာပါတယ်။
  • ကျနေ ထိုးတဲ့အခန်းဆို နေရောင်ကာဖို့ sun shade တို့ ယင်းလိပ်လို့တပ်ထားပါ။ နံရံကပူနေလျင် အခန်းထဲကလေလဲပြန်ပူလာလို့ စက်က တောက်လျှောက်မောင်းရပါတယ်။
  • မျက်နှာကျက်မှာ အပူခံပြားတွေ ထည့်ထားခြင်းဖြင့် အခန်းအပူချိန် မြင့်တက်တာကိုထိန်းပြီး အဲယားကွန်း အလုပ်သက်သာပါတယ်။

လူတွေ သိပ်သတိမထားတဲ့ အချက်များ
  • အဲယားကွန်း အခန်းကလေမလုံလျင် လေအေးတွေက အပြင်ထွက်ပြီး ပြန်စုပ်တဲ့လေထဲကို အပြင်ကလေပူပါလာတော့ အခန်းအပူချိန်တက်ကာ အဲယားကွန်းပိုမောင်းရပါတယ်။
  • အခန်းတံခါးကို မကြာခဏ ဖွင့်ပိတ်လုပ်လျင် လည်း ထို့အတူပါပဲ၊ စက်ပိုမောင်းရပါတယ်။
  • အဲယားကွန်း လေစစ်တွေမှာ ဖုံတွေပိတ်နေလျင် ပန်ကာက အရမ်းစုပ်မှ လေနည်းနည်းလည်လို့ အပူချိန်ချဖို့ အချိန်ကြာသလို့ စက်လည်ပတ်ချိန်တက်ပါတယ်။ လေစစ်တွေကို မကြာမကြာစစ်ပြီး ဆေးပေးပါ။
  • ကွိုင်တွေချေးကပ်လျင် အပူစွန့်ထုတ်အားနည်းလို့ ကြာကြာလည်ရပြီး မီတာတက်ပါတယ်။ ဖုန်ပေါတဲ့ ဒေသမှာပိုဆိုးပါတယ်။ မကြာမကြာ ဆားဗစ်လုပ်သင့်ပါတယ်.
  • split type အဲယားကွန်းတွေကို အများစုက ရီမုဒ်နဲ့ ပိတ်/ဖွင့်လုပ်ကြပါတယ်။ ရီမုဒ်နဲ့ ပိတ်ထားတဲ့ အဲယားကွန်း လျှပ်စစ် အနည်းငယ်ကို တောက်လျှောက်သုံးနေပါတယ်။ Standby power လို့ခေါ်ပါတယ်။ အဲဒီ အကြောင်း ဒီမှာ ဖတ်နိုင်ပါတယ်။ အဲဒီ ပါဝါ မဆုံးရှံးအောင် အဲယားကွန်းတွေကို မသုံးလျင် မီးခလုပ်ပိတ်ပါ
  • အဲယားကွန် အခန်းမှာပူတဲ့ပစ္စည်းများသုံးခြင်း
  • ဥပမာ မီးပူတိုက်တာ ဆံပင် အခြောက်ခံတာ တွေက အခန်းအပူချိန်ကို မြင့်တက်စေလို့ အဲယားကွန်း အလုပ်ပိုပါတယ်။ မီးပူတိုက်လျင် အဲယားကွန်းအစား ပန်ကာသုံးတာက လေပူကိုဖယ်ပေးလို့ပိုကောင်းပါတယ်။
  • ကွန်ပြူတာ၊ TV, Game console charger စတာတွေက စက်ထဲကလေပူကို အခန်းထဲကို ထုတ်လို့ အခန်းအပူချိန်ကို မြင့်တက်ပြီး အဲယားကွန်း အလုပ်ပိုပါတယ်။ မသုံးလျင် ပိတ်ထားပါ။

၉။ အဝတ်လျှော်စက်၊ အဝတ်အခြောက်ခံစက်

  • အဝတ်လျှော်စက်က အချိန်ကြာကြာလည်တဲ့ စက်တွေဖြစ်လို့မီတာတက်ပါတယ်။
  • စက် နိုင်သလောက် အဝတ်တွေ တခါပြည့်မှ တခါ စုပြီး လျှော်ပါ။ ရေအကုန်လည်းသက်သာလို့ ရေမီတာခ သာမက ရေတင်ရတဲ့ မော်တာအတွက် လျှပ်စစ်မီတာခလည်းသက်သာပါတယ်။ လျှော်တဲ့ အကြိမ်နည်းသွားတော့ မီတာခ သက်သာပါတယ်။
  • အဝတ်အခြောက်ခံစက် ကို လိုမှ သုံးပါ။ အပူပေးတဲ့ ကွိုင်က မီတာစားပါတယ်။
  • စက်ကို ရေညှစ်ဖို့ပဲ သုံးပြီး လေထဲဖြန့်လှန်း အခြောက်ခံခြင်းခြင့် လျှပ်စစ်ကိုချွေတာနိုင်ပါတယ်။

၁၀။ တီဗွီ၊ အောက်စက်၊ စကိုင်းနက်၊ အန်တန်နာ ဘူစတာ၊ တီဗွီဂိမ်း

ဒီပစ္စည်းတွေကို မသုံးလျင် မီးခလုပ်ကို ပိတ်ပါ။
ရီမုဒ်နဲ့ ပိတ်ထားပါက Standby power လျှပ်စစ်နည်းနည်း ကို မြဲသုံးနေလို့ မီတာတက်ပါတယ် ။

၁၁။ ရေမော်တာ

  • ခဏခဏမမောင်းရအောင် ရေအသုံးချွေတာပါ၊
  • ရေအားကောင်းချိန်မှာမောင်းလျင် ရေပြည့်မြန်လို့ မီတာသက်သာပါတယ်။
  • ရေပြည့်လျင် အလလိုလျှောက် ပိတ်ပေးတဲ့ ခလုပ်မျိုးတပ်ထားလျင် ရေလျှံတာကို ကာကွယ်သလို မီးလဲ မလေတော့ပါ။
  • ပရက်ရှာပန့် ဆိုတဲ့ ရေဖွင့်တာနဲ့ လည်တဲ့ ပန့်တွေက ရေဖွင့်တိုင်းလည်လို့ မီတာစားပါတယ်။ မလိုလျင် မသုံးပါနဲ့

၁၂။ ရေပန်း ရေနွေးစက် water heater

အပူချိန်ကို လိုသလောက်ပဲထားပါ။ အရမ်းပူလျင် လျှပ်စစ်ပိုကုန်ပါတယ်။ သုံးပြီးတာနဲ့ပြန်ပိတ်ပါ။

၁၃။ ဆံပင်အခြောက်ခံစက် hair drier

ဆံပင်ကို ခြောက်နိုင်သမျှခြောက်အောင်သုတ်ပြီးမှ အခြောက်ခံစက်နဲ့ မှုတ်ခြင်းဖြင့် အခြောက်ခံစက်သုံးတဲ့ အချိန်ကို လျှော့ချနိုင်လို့ မီတာခကိုချွေတာနိုင်ပါတယ်။

၁၄။ ကွန်ပြူတာ၊ ပရင်တာ

  • ကွန်ပြူတာတွေကို မသုံးပဲ ဖွင့်ထားလျင် LCD စကရင်က မီးသုံးသလို CPU ကလည်းသုံးပါတယ်။
  • ပါဝါဆက်တင်မှာ စကရင်နဲ့ ကွန်ပြူတာကို အလိုလျှောက် sleep လုပ်ဖို့ အချိန်တိုတိုထားပေးခြင်းဖြင့် လျှပ်စစ်ကိုချွေတာနိုင်ပါတယ်။
  • Sleep mode မှာထားလျင် လျှပ်စစ် အသုံးသက်သာသော်လည်း နည်းနည်းတော့ စားနေလို့ Standby power ကုန်ကျပါတယ်။ မသုံးတော့လျင် ပါဝါကိုပိတ်ပါ။
  • ပရင်တာတချို့က မသုံးလျင် အလိုလို Sleep mode ပြောင်းသွားပြီး Standby power သုံးကာနေတတ်ပါတယ်၊ ပရင်တာကို မသုံးလျင် မီးခလုပ်ကိုပိတ်ပါ။

၁၅။ ဝိုင်ဖိုင်ရောက်တာ

အသုံးနည်းပစ္စည်းဖြစ်ပြီး အိမ်မှာ လူရှိနေသရွေ့ (သို့) စီစီတီဗွီ ကို ချိတ်ပြီး မော်နီတာလုပ်နေလျင် ၂၄ နာရီလုံးသုံးရတာဖြစ်လို့ ပိတ်လို့မရပါ. လျှပ်စစ် အစားနည်းတဲ့ Energy Star မော်ဒယ်ကိုတော့ရွေးလို့ရပါတယ်။

၁၆။ ဖုန်းချာဂျာ

မသုံးသော်လည်း Standby power ကုန်နိုင်လို့ မသုံးလျင် ဖြုတ်ထားပါ ( သို့) မီးပိတ်ပါလို့ ဆိုကြပါတယ်။

၁၇။ လေစုပ်ပန်ကာ

  • လေစုပ်ပန်ကာတွေကို ဖွင့်ထားစဉ်မှာ လေစုပ်ပန်ကာရှိတဲ့ အခန်း ( ဥပမာ၊ အိမ်သာ၊ မီးဖိုလချောင်) တိုနဲ့ အဲယားကွန်းသုံးနေတဲ့ အခန်းတွေ ကြားက တံခါးတွေကို သေချာပိတ်ထားပါ။ 
  • အဝင်အထွက်လုပ်လျင်လည်း မြန်မြန် ပြန်ပိတ်ပါ၊ အဲယားကွန်းသုံးနေတဲ့ အခန်းကလေအေးတွေကို လေစုပ်ပန်ကာကစုပ်ထုတ် ပစ်လိုက်လျင် အပြင်ကလေပူတွေက အစားထိုးဝင်လာတာဖြစ်လို့ အဲယားကွန်း အလုပ်ပိုပါတယ်၊
  • အဲဒီပန်ကာတွေကိုလည်း မလိုအပ်လျင် ပိတ်ထားပါ။

၁၈။ ရေခဲသေတ္တာ၊ အဲယားကွန်းသုံး ဆေ့ဖ်ဂတ်

၂၄ နာရီလည်တဲ့ ရေခဲသေတ္တာရဲ့  ဆေ့ဖ်ဂတ်ကိုတော့ ဘာမှ လုပ်လို့မရပေမယ့် အဲယားကွန်းဆေ့ဖ်ဂတ်ကိုတော့  မလိုလျင် ပိတ်ထားပါ။ သူလည်း standby power  ဆွဲပါတယ်။



ဖိုးသုည

ဆဲဗင်းဂျူလိုင် ၂၀၁၉
https://www.energy.gov/articles/resolve-save-energy-year

Sunday, July 7, 2019

မီတာသူခိုး (မီတာသူခိုး ) / Standby power

မီတာသူခိုး Standby power

အႏွစ္ခ်ဳပ္

၁။ လွ်ပ္စစ္ပစၥည္းေတြကို Standby / sleep mode မွာထားလွ်င္ လွ်ပ္စစ္အား နည္းနည္းစားပါတယ္။
    မသုံးလ်င္ ပလပ္ခုံကမီးခလုပ္ကို ပိတ္ထားပါ။ မီးပိတ္ထားလ်င္ အဲလိုလွ်ပ္စစ္မစားေအာင္ ပလပ္ျဖဳတ္ထားစရာလုံးဝမလိုပါ။
၂။ ပလပ္မ်ားကို မၾကာခဏ ျဖဳတ္/တပ္လုပ္ျခင္းျဖင့္ အထိုင္ေခ်ာင္ၿပီး မမိတမိျဖစ္ကာ မီးပြင့္တာ၊ ပစၥည္းပ်က္တာကေန မီးပါေလာင္ႏိုင္ပါတယ္။
၃။ မိုးႀကိဳးမုန္တိုင္းက်ေနခ်ိန္မွာ မီးႀကိဳးထဲ စီးဝင္လာတဲ့ မိုးႀကိဳးလွ်ပ္စီးရန္က လွ်ပ္စစ္ပစၥည္းေတြကိုကာကြယ္ဖို႔ ပလပ္ျဖဳတ္ထားပါ။

Standby power ဆိုတာ

အိမ္မွာ လွ်ပ္စစ္ပစၥည္းေတြကို သုံးမေနေပမယ့္ မီတာကနည္းနည္းတက္ေနတာ Standby power ေၾကာင့္ပါ။
Standby power ဆိုတာ လွ်ပ္စစ္ပစၥည္းေတြကို Off ဆိုၿပီး ပိတ္ထားခ်ိန္မွာ သူတို႔ရဲ႕ ပါဝါေပးတဲ့ အစိပ္အပိုင္းက သုံးတဲ့လွ်ပ္စစ္စြမ္းအားလို႔ဆိုပါတယ္။
အဲဒီ စတန္းဘိုင္ပါဝါအသုံး ဘယ္ေလာက္မ်ားတယ္ဆိုတာ အတိအက်ေျပာဖို႔ ခက္ေပမယ့္ တိုးတက္တဲ့ ႏိုင္ငံေတြမွာေတာ့ အိမ္သုံးလွ်ပ္စစ္ အသုံးရဲ႕  ၅-၁၀ % အထိရွိပါတယ္။ ဘယ္လို အိမ္သုံးပစၥည္းကို ဘယ္ေလာက္မ်ားမ်ားသုံးတယ္ဆိုတဲ့ေပၚတည္ပါတယ္။ ေခတ္မွီလာတဲ့ အိမ္သုံးလွ်ပ္စစ္ပစၥည္းအမ်ားစုဟာ timer, remote control, sensor စတာေတြသုံးၾကေတာ့ အနည္းနဲ႔အမ်ားဆိုသလို  Standby power လိုပါတယ္.

ဘယ္လွ်ပ္စစ္ပစၥည္းေတြမွာ Standby power သုံးသလဲ


  • အိမ္သုံးလွ်ပ္စစ္နဲ႔ ဆက္သြယ္ၿပီး AC ကေန DC  ကိုေျပာင္းေပးတဲ့ Black cubes ေခၚ အတုံးကေလးနဲ႔ ဆက္ၿပီးသုံးရတဲ့ ပစၥည္းေတြ (ဥပမာ။ ဝိုင္ဖိုင္ ေရာက္တာ ။ တခ်ိဳ႕ပရင္တာ? LCD monitor)
  • ရီမုဒ္ကြန္ထ႐ိုးနဲ႔ ဖြင့္ပိတ္လို႔ရတဲ့ ပစၥည္းေတြ  ( ဥပမာ တီဗြီ၊ ဒီဗြီဒီ၊ စကိုင္းနက္လို စေလာင္းဖမ္းစက္၊ split type air conditioner, dish washer) 
  • Sensor သုံးတဲ့ ပစၥည္းမ်ား (ဥပမာ Motion sensor, light sensor သုံးတဲ့ မီးလုံးမ်ား ၊ ခလုပ္မ်ား)
  • Timer နဲ႔ သုံးတဲ့ပစၥည္း ဥပမာ လွ်ပ္စစ္ထမင္းအိုး၊ အဲယားကြန္း
  • အပူခ်ိန္ ကို warm ဆိုၿပီး ဆက္ထိန္းေပးထားတဲ့ ပစၥည္းမ်ား (ဥပမာ လ်ပ္စစ္ထမင္အိုး၊ လွ်ပ္စစ္ ဓါတ္ဘူး၊ ေကာ္ဖီစက္) 
LED monitor power unit ( Black cube/ vampire power) 
Printer and its power supply (black cube) 

ဒီေနရာမွာ Motion sensor ကသုံးတဲ့ ပါဝါက အလြန္နည္းပါတယ္။ Motion sensor သုံးတဲ့ အတြက္ တခ်ိဳ႕မီးလုံးေတြကို ( ဥပမာ ညဘက္ အိမ္သာသြားတဲ့ ေလွ်ာက္လမ္းကမီး၊ ဖိနပ္ခြၽတ္ကမီး၊ ေလွကားမီး၊ တိုက္ခန္းေတြမွာ ေလွကားမီးမရွိေတာ့ေမွာင္သလို အၿမဲဖြင့္ထားေတာ့ မီတာတက္ပါတယ္၊ Motion sensor သုံးတဲ့ အခါ လူလာလ်င္ မီးကို အလိုေလွ်ာက္ဖြင့္ေပးေတာ့ အဆင္လည္းေျပ မီတာလည္းသက္သာပါတယ္) တခ်ိန္လုံးဖြင့္ထားစရာမလိုတဲ့ အတြက္ သက္သာသြားတဲ့ ပါဝါက sensor ကသုံးတဲ့ ပါဝါထက္ အဆမ်ားစြာပိုပါတယ္။  ဒီလိုပဲ ၿခံထဲက မီးေတြကို မပိတ္မိလို႔ ၊ အိပ္ယာထေနာက္က်လို႔ မီးပိတ္တာေနာက္က်သြားလို႔၊ မီတာစားတာနဲ႔ ယွဥ္လိုက္ရင္ Light Sensor က အလင္းေရာင္တက္လာတာနဲ႔ သူ႔ဖာသူပိတ္ေပးလို႔  သူ႔ဆန္စာ sensor ကစားတဲ့ ပါဝါထက္ အမ်ားႀကီး ေခြၽတာမိပါတယ္။ အဲဒီခလုပ္ေတြကို ကိုယ္ က အၿမဲအဖြင့္အပိတ္လုပ္ႏိုင္လ်င္ေတာ့ sensor ခလုပ္ေတြမသုံးပါနဲ႔၊

ဘယ္အစိပ္အပိုင္းေတြက Standby power သုံးတာလဲ


  • Black cubes (သို႔) Energy Vampires လို႔ေခၚတဲ့ ပစၥည္းအျပင္ကေန ပါဝါေပးတဲ့ AC ကေန DC  ကိုေျပာင္းေပးတဲ့ အတုံးကေလးေတြ ျမန္မာျပန္မွာေတာ့ အဒပ္ပတာလို႔ ေခၚတာမ်ားပါတယ္။ 
  • ရီမုဒ္ေတြ၊ ဆန္ဆာေတြ ( လႈပ္ရွားမႈ၊ အလင္းအေမွာင္) ကေတြကလာတဲ့ signals ေတြကို လက္ခံဖို႔ ဆားကစ္ေတြ
  • ပစၥည္းေတြရဲ႕ အခ်က္ျပမီး, LCD ဒိုင္ခြက္၊ LED မီး
  • စက္မသုံးေသာ္လည္း အလုပ္လုပ္ေနသည့္ဆားကစ္ စသည္။

သူတို႔သုံးတဲ့ ပါဝါအားကအလြန္နည္းေသာ္လည္း စုေပါင္းလိုက္တဲ့အခါ သိသာလာပါတယ္။

အဲဒီ standby power နည္းေအာင္ဘယ္လိုလုပ္မလဲ


  • မသုံးတဲ့လွ်ပ္စစ္ပစၥည္းေတြကို လွ်ပ္စီးမေရာက္ေအာင္ျဖတ္ဖို႔မီးခလုပ္ပိတ္ထားပါ။ 
  • လွ်ပ္စစ္ပစၥည္းေတြကို Remote control နဲ႔ပိတ္လ်င္၊ standby mode , sleep mode ေတြမွာထားလ်င္ Standby power စားပါတယ္။ 
  • မျဖစ္မေန standy mode  မွာထားရတဲ့ ပစၥည္း (ဥပမာ ဝိုင္ဖိုင္ router )၊ sensor နဲ႔အလုပ္လုပ္တဲ့ပစၥည္းေတြျဖစ္လ်င္ Standby power နည္းတဲ့ပစၥည္းကိုေ႐ြးပါ။ Energy Star  လက္မွတ္ရတဲ့ပစၥည္းေတြက Standby power အသုံးနည္းပါတယ္။ 
  • ဘယ္ပစၥည္းေတြက ပါဝါဘယ္ေလာက္စားတယ္ ဆိုတာ ဒီမွာ https://standby.lbl.gov/data/summary-table/ ဖတ္ၾကည့္လို႔ရပါတယ္။ ျမန္မာျပည္ကပစၥည္းေတြနဲ႔ အားလုံး အတူတူမဟုတ္ေပမယ့္ အၾကမ္းဖ်င္းေတာ့ မွန္းလို႔ရေအာင္ပါ။ 


ပစၥည္းေတြ ကို မသုံးလ်င္ ပလပ္ျဖဳတ္ထားရမလား။ 

ပလပ္မွာ မီးအဖြင့္အပိတ္လုပ္တဲ့ခလုပ္ပါလ်င္  အဲဒီခလုပ္ပိတ္႐ုံနဲ႔ လုံေလာက္ပါတယ္။
ပလပ္ျဖဳတ္စရာမလိုပါ။

အင္တာနက္မွာရွဲေနၾကတဲ့ မွားယြင္းေသာအယူအဆတရပ္

မီတာခ သက္သာေအာင္ ပလပ္ျဖဳတ္ထားပါ
မီတာခ သက္သာေအာင္ ပလပ္ျဖဳတ္ထားပါ ဆိုတဲ့ပို႔စ္ေတြကို ရွဲၾကတာ အေတာ္မ်ားပါတယ္။
က်ေနာ္တို႔ျမန္မာျပည္မွာ ပလပ္ခုံတိုင္းလိုလိုမွာ အဖြင့္ပိတ္လုပ္တဲ့ ခလုပ္ေတြပါေတာ့အဲဒီခလုပ္ကို ပိတ္လိုက္တာနဲ႔ လွ်ပ္စီးပတ္လမ္း ျပတ္သြားပါတယ္။
အဲလို လွ်ပ္စီးပတ္လမ္း ျပတ္သြားလ်င္ မီတာလုံးဝမတက္ပါဘူး။
အဲဒီေတာ့ မီတာခ သက္သာေအာင္ ပလပ္ျဖဳတ္ထားစရာ မလိုပါ။ 

ဒါျဖင့္သူတို႔ဘာေၾကာင့္ဒီလိုေရးၾကသလဲ။ 

မူလပို႔စ္ကို ေရးတဲ့သူေတြက အေမရိကား (USA) အတြက္ေရးထားတာကို ေသခ်ာ မသိဘဲ ဘာသာျပန္ၿပီး ကူးလာလို႔ပါ။
အေမရိကားမွာ Type A နဲ႔ Type B  ဆိုတဲ့ ပလပ္အမ်ိဳးစားကိုသုံးပါတယ္။ သူတို႔ပလပ္အားလုံးနီးပါးက အဖြင့္အပိတ္လုပ္တဲ့  on/ off ခလုပ္မပါပါဘူး။
အဲဒီေတာ့ အေမရိကားမွာ လ်ပ္စစ္ပစၥည္းေတြသုံးၿပီးလ်င္ ပစၥည္းေပၚမွာတခါတည္းပါတဲ့ အဖြင့္အပိတ္လုပ္တဲ့  on/ off ခလုပ္ကိုသုံးလ်င္သုံး၊ မသုံးလ်င္  ရီမုဒ္ ကြန္ထ႐ိုးနဲ႔ ပိတ္ရပါတယ္။ အဲလိုမဟုတ္လ်င္ ပလပ္ျဖဳတ္ရပါတယ္။
ရီမုဒ္ ကြတ္ထ႐ိုးနဲ႔ ပိတ္ခဲ့ လ်င္ေတာ့ ပစၥည္းထဲမွာ Standby power အၿမဲစီးေနလို႔ မီတာနည္းနည္းတက္ပါတယ္။
အဲဒီ Standby power မကုန္ေအာင္ သူတို႔ပစၥည္းေတြကို လွ်ပ္စီးျဖတ္ေတာက္ဖို႔ ပိတ္စရာ မီးခလုပ္မရွိတဲ့ အတြက္ပလပ္ကေနျဖဳတ္မွရပါတယ္။
ဒါေၾကာင့္သူတို႔ႏိုင္ငံေတြမွာ လွ်ပ္စစ္အေလအလြင့္နည္းေအာင္  ပစၥည္းေတြကို မသုံးလ်င္ ပလပ္ျဖဴတ္ထားပါလို႔ ေရးတာပါ။
က်ေနာ္တို႔ျမန္မာျပည္မွာေတာ့ ပလပ္ခုံတိုင္းလိုလိုမွာ အဖြင့္ပိတ္လုပ္တဲ့ ခလုပ္ေတြပါေတာ့အဲဒီခလုပ္ကို ပိတ္လိုက္တာနဲ႔ လွ်ပ္စီးပတ္လမ္း ျပတ္သြားပါတယ္။
အဲလို လွ်ပ္စီးပတ္လမ္း ျပတ္သြားလ်င္လုံးဝ မီတာမတက္ပါဘူး။ ဒါေၾကာင့္ မီးပိတ္စရာခလုပ္ရွိလ်င္ အဲဒီ Standby power အတြက္ ပလပ္ျဖဳတ္ထားစရာလုံးဝမလိုပါ။

US power outlet (ခလုပ္မပါ)

ျမန္မာသံုး ပါဝါပလပ္


အေထာက္အထားအေနနဲ႔  အေမရိကန္ စြမ္းအင္ဌာန ဓါတ္ခြဲခန္ူက ျပန္ေျဖထားတဲ့ အေျဖကေလးကို ဒီမွာ တင္ထားပါတယ္။
သူကလည္း “ ပလပ္ခုံမွာ ဖြင့္/ပိတ္ မီးခလုပ္ပါလ်င္ အဲဒီခလုပ္ကို ပိတ္တာနဲ႔ လုံေလာက္ပါတယ္။ ပလပ္လည္းျဖဳတ္စရာမလိုပါဘူး။ အေမရိကားမွာဆိုလ်င္ေတာ့ ပိတ္စရာ ခလုပ္မရွိလို႔ ပလပ္ျဖဳတ္ရမွာပါ” လို႔ ျပန္ေျဖထားတာပါ။

“ Sorry about the late reply.
you live in the UK or in many countries historically linked to the UK, then there will be a switch at the power point on the wall. 
For the US system (with no switches at the powerpoint), the appliance may continue to use power even after you switch it off.
For the UK system, the switch at the wall next to power point eliminates all standby power use.

I hope that's helpful.
- alan
===========================
Alan Meier
Lawrence Berkeley National Laboratory
akmeier@lbl.gov
Tel. +1 (510) 486-4740
homepage  akmeier.lbl.gov

ပလပ္ မၾကာခဏ ျဖဳတ္၊ တပ္ျခင္းရဲ႕ ျပသနာ

 ယူအက္စ္ ေအမွာ သုံးတဲ့ ပလပ္က အျပားမ်ိဳးျဖစ္ၿပီး ပစၥည္းအားလုံးကလည္း ပင္ အျပားပဲျဖစ္ပါတယ္.
ဒါေၾကာင့္ ပလပ္ခုံအတြင္းက ေၾကးျပား ၂ျခမ္းက ထိုးသြင္းလိုက္တတဲ့ ပင္အျပားကို ဖိၿပီးညႇပ္ထားႏိုင္ပါတယ္။ အသြင္းအထုတ္ မၾကာမၾကာလုပ္လည္း ေခ်ာင္မသြားလိုပါ။
ျမန္မာျပည္ရဲ႕ျပသနာကေတာ့ ေဒသမ်ိဳးစုံက လွ်ပ္စစ္ပစၥည္းမ်ိဳးစုံကို တင္သြင္းေတာ့ ပလပ္မ်ိဳးစုံရွိပါတယ္။ အျပား၊ အထူ၊ အပါး၊ အေစာင္း၊ အလုံး အစုံရွိေတာ့ ပလပ္ခုံကို ပလပ္ပင္မ်ိဳးစုံသုံးလို႔ရတဲ့ universal power outlet ဆိုတဲ့ အမ်ိဳးစားကို သုံးတာမ်ားပါတယ္၊။
ျပသနာကေတာ့အဲဒီပလပ္ အထိုင္ထဲက ေၾကးျပားေတြကို ထိုးသြင္းလိုက္တဲ့ အ႐ြယ္စုံ ပလပ္ပင္မ်ိဳစုံနဲ႔ ထိေအာင္ အတြန႔္မ်ိဳးစုံတြန႔္ထားပါတယ္။ အဲဒီအတြက္ ပလပ္ပင္နဲ႔ အထိုင္ေၾကးျပား ထိကပ္တဲ့ ဧရိယာ အေတာ္ကိုနည္းသြားပါတယ္။ ေတာင့္တင္းမႈလည္းေလ်ာ့နည္းသြားပါတယ္။
တခါ အထူအပါးလည္းမတူတဲ့ ပုံစံအမ်ိဳးမ်ိဳးနဲ႔ ပလပ္ပင္ေတြကို သြင္းလိုက္ ထည့္လိုက္ ျဖဳတ္လိုက္ ခဏခဏလုပ္ေတာ့ နဂိုကလည္းသိပ္ မမိတဲ့ ပလပ္အထိုင္ေတြ ဟၿပဲၿပီး ျပန္မကပ္ေတာ့ဘဲ ေခ်ာင္ကုန္ပါတယ္၊
ရလာဒ္ကေတာ့ ပလပ္ပင္နဲ႔ ပလပ္အထိုင္ မထိတထိျဖစ္ၿပီး အခန႔္မသင့္လ်င္ မီးပြင့္ပါတယ္။ တခါတေလ မီးမပြင့္ေပမယ့္ ပူလာၿပီး ပလတ္စတစ္အထိုင္အိမ္ေလာင္ပါတယ္။ မမိတမိ မထိတထိ ျဖစ္လ်င္ လွ်ပ္စီးမမွန္ျဖစ္ၿပီး သုံးတဲ့ ပစၥည္းေတြလည္းပ်က္တတ္လို႔ ပလပ္ခုံအသစ္လဲသင့္ပါတယ္။ 
ဒီေတာ့ universal power outlet ဆိုတဲ့ ပလပ္ မ်ိဳးစုံထိုးလို႔ရတဲ့ ပလပ္ခုံ အမ်ိဳးအစားသုံးလ်င္ ပလပ္ပင္ေတြကို မၾကာခဏျဖဳတ္ လိုက္တတ္လိုက္လုပ္လို႔မေကာင္းပါ။
အကယ္၍ မီးခလုပ္မပါတဲ့ ပလပ္ခုံဆိုလ်င္ေတာ့ ပလပ္ျဖဳတ္တပ္ လုပ္လ်င္ ပလပ္ပင္ကို မေတာ္တဆထိမိၿပီး ဓါတ္လိုက္ႏိုင္တဲ့ အႏၲရာယ္ ရွိပါေသးတယ္။

အေမရိကန္ႏိုင္ငံ စြမ္အင္ဌာနက လဲ ဒီလိုပဲေရးထားတာကေလးကို အကိုးအကားနဲ႔ တင္ထားပါတယ္။
“ Warning, don’t frequently unplug and plug in appliances because you could get electrocuted from frayed wires and plugs.
Use a switchable power strip for clusters of computer or video products. That way you can switch everything to zero with one action.”

https://www.energy.gov/energysaver/articles/3-easy-tips-reduce-your-standby-power-loads


ဘယ္အခါမွာ ပလပ္ျဖဳတ္ထားသင့္သလဲ 

မိုးႀကိဳးမုန္တိုင္းက်ေနခ်ိန္ေတြမွာေတာ့ လွ်ပ္စစ္ပစၥည္းေတြကို ပလပ္ျဖဳတ္ထားသင့္ပါတယ္။ ‘
တခါတရံ အိမ္ကို မီးေပးတဲ့ ႀကိဳးထဲကို မိုးႀကိဳးဝင္ၿပီး အလြန္မ်ားျပားတဲ့ လွ်ပ္စီးကမီးႀကိဳးတေလွ်ာက္ စီးလာကာ လွ်ပ္စစ္ပစၥည္းေတြထဲက ႏုနယ္တဲ့ ဆားကစ္ေတြ၊ ပစၥည္းေတြပ်က္တတ္လို႔ပါ။
မီးခလုပ္အမ်ားစုက လွ်ပ္စီးပတ္လမ္း ျပတ္ေအာင္ အပူႀကိဳးကိုပဲ ျဖတ္ေပးပါတယ္။ အေအးႀကိဳးထဲဝင္လာတဲ့ မိုးႀကိဳးလွ်ပ္စီးကေတာ့ ကိုယ့္ပစၥည္းထံ တန္းေရာက္လာႏိုင္ပါတယ္။
တခါ ခလုပ္ပိတ္ထားေတာင္ အလြန္အားမ်ားတဲ့ လွ်ပ္စီးက ခလုပ္ထဲက တခုနဲ႔တခု အလြန္နီးကပ္ေနတဲ့  ေၾကးျပား၂ ခုၾကားခုန္ကူးႏိုင္ပါတယ္။
ဒါေၾကာင့္ အိမ္မွာ Surge protector နဲ႔ စံမွီတဲ့ ေျမစိုက္ႀကိဳးစနစ္ မရွိလ်င္ေတာ့ မိုးႀကိဳးမုန္တိုင္းက်ေနခ်ိန္ေတြမွာေတာ့ လွ်ပ္စစ္ပစၥည္းေတြကို ပလပ္ျဖဳတ္ထားသင့္ပါတယ္။
Surge protector

ဖိုးသုည
ဆဲဗင္းဂ်ဴလိုင္ ၂၀၁၉

မွတ္ခ်က္ 
က်ေနာ္ လွ်ပ္စစ္ ပညာရွင္ မဟုတ္ပါ၊ ေလ့လာဖတ္ရႈထားတာေတြကို ျပန္လည္မွ်ေဝတာပါ။ မွားေနတယ္ထင္လ်င္ေအာက္မွာ ကြန္တက္ေဘာက္ရွိပါတယ္။
https://www.facebook.com/phoethunyazero (သို႔) phoethunya@gmail.com  ကို လည္းဆက္သြယ္ႏိုင္ပါတယ္။


မီတာသူခိုး Standby power ( ယူနီကုဒ်) 


 အနှစ်ချုပ်

၁. လျှပ်စစ်ပစ္စည်းတွေကို Standby / sleep mode မှာထားလျှင် လျှပ်စစ်အားနည်းနည်းစားပါတယ်။ မသုံးလျင် ပလပ်ခုံကမီးခလုပ်ကို ပိတ်ထားပါ။ မီးပိတ်ထားလျင် အဲလိုလျှပ်စစ်မစာအောင် ပလပ်ဖြုတ်ထားစရာလုံးဝမလိုပါ။
၂။ ပလပ်များကို မကြာခဏ ဖြုတ်/တပ်လုပ်ခြင်းဖြင့် အထိုင်ချောင်ပြီး မမိတမိဖြစ်ကာ မီးပွင့်တာ၊ ပစ္စည်းပျက်တာကနေ မီးပါလောင်နိုင်ပါတယ်။
၃။ မိုးကြိုးမုန်တိုင်းကျနေချိန်မှာ မီးကြိုးထဲ စီးဝင်လာတဲ့ မိုးကြိုးလျှပ်စီးရန်က လျှပ်စစ်ပစ္စည်းတွေကိုကာကွယ်ဖို့ ပလပ်ဖြုတ်ထားပါ။


Standby power ဆိုတာ

အိမ်မှာ လျှပ်စစ်ပစ္စည်းတွေကို သုံးမနေပေမယ့် မီတာကနည်းနည်းတက်နေတာ Standby power ကြောင့်ပါ။  
Standby power ဆိုတာ လျှပ်စစ်ပစ္စည်းတွေကို Off ဆိုပြီး ပိတ်ထားချိန်မှာ သူတို့ရဲ့ ပါဝါပေးတဲ့ အစိပ်အပိုင်းက သုံးတဲ့လျှပ်စစ်စွမ်းအားလို့ဆိုပါတယ်။
အဲဒီ စတန်းဘိုင်ပါဝါအသုံးက ဘယ်လောက်များတယ်ဆိုတာ အတိအကျပြောဖို့ ခက်ပေမယ့် တိုးတက်တဲ့ နိုင်ငံတွေမှာတော့ အိမ်သုံးလျှပ်စစ် အသုံးရဲ့  ၅-၁၀ % အထိရှိပါတယ်။ ဘယ်လို အိမ်သုံးပစ္စည်းကို ဘယ်လောက်များများသုံးတယ်ဆိုတဲ့ပေါ်တည်ပါတယ်။ ခေတ်မှီလာတဲ့ အိမ်သုံးလျှပ်စစ်ပစ္စည်းအများစုဟာ timer, remote control, sensor စတာတွေသုံးကြတော့ အနည်းနဲ့အများဆိုသလို  Standby power လိုပါတယ်.


ဘယ်လျှပ်စစ်ပစ္စည်းတွေမှာ Standby power သုံးသလဲ

အိမ်သုံးလျှပ်စစ်နဲ့ ဆက်သွယ်ပြီး AC ကနေ DC  ကိုပြောင်းပေးတဲ့ Black cubes ခေါ် အတုံးကလေးနဲ့ ဆက်ပြီးသုံးရတဲ့ ပစ္စည်းတွေ (ဥပမာ။ ဝိုင်ဖိုင် ရောက်တာ ။ တချို့ပရင်တာ, LCD monitor)
ရီမုဒ်ကွန်ထရိုးနဲ့ ဖွင့်ပိတ်လို့ရတဲ့ ပစ္စည်းတွေ  ( ဥပမာ တီဗွီ၊ ဒီဗွီဒီ၊ စကိုင်းနက်လို စလောင်းဖမ်းစက်၊ split type air conditioner, dish washer)
Sensor သုံးတဲ့ ပစ္စည်းများ (ဥပမာ Motion sensor, light sensor သုံးတဲ့ မီးလုံးများ ၊ ခလုပ်များ)
Timer နဲ့ သုံးတဲ့ပစ္စည်း ဥပမာ လျှပ်စစ်ထမင်းအိုး၊ အဲယားကွန်း
အပူချိန် ကို warm ဆိုပြီး ဆက်ထိန်းပေးထားတဲ့ ပစ္စည်းများ (ဥပမာ လျပ်စစ်ထမင်အိုး၊ လျှပ်စစ် ဓါတ်ဘူး၊ ကော်ဖီစက်)
ဒီနေရာမှာ Motion sensor ကသုံးတဲ့ ပါဝါက အလွန်နည်းပါတယ်။ Motion sensor သုံးတဲ့ အတွက် တချို့မီးလုံးတွေကို ( ဥပမာ ညဘက် အိမ်သာသွားတဲ့ လျှောက်လမ်းကမီး၊ ဖိနပ်ချွတ်ကမီး၊ လှေကားမီး၊ တိုက်ခန်းတွေမှာ လှေကားမီးမရှိတော့မှောင်သလို အမြဲဖွင့်ထားတော့ မီတာတက်ပါတယ်၊ Motion sensor သုံးတဲ့ အခါ လူလာလျင် မီးကို အလိုလျှောက်ဖွင့်ပေးတော့ အဆင်လည်းပြေ မီတာလည်းသက်သာပါတယ်) တချိန်လုံးဖွင့်ထားစရာမလိုတဲ့ အတွက် သက်သာသွားတဲ့ ပါဝါက sensor ကသုံးတဲ့ ပါဝါထက် အဆများစွာပိုပါတယ်။  ဒီလိုပဲ ခြံထဲက မီးတွေကို မပိတ်မိလို့ ၊ အိပ်ယာထနောက်ကျလို့ မီးပိတ်တာနောက်ကျသွားလို့၊ မီတာစားတာနဲ့ ယှဉ်လိုက်ရင် Light Sensor က အလင်းရောင်တက်လာတာနဲ့ သူ့ဖာသူပိတ်ပေးလို့  သူ့ဆန်စာ sensor ကစားတဲ့ ပါဝါထက် အများကြီး ချွေတာမိပါတယ်။ အဲဒီခလုပ်တွေကို ကိုယ် က အမြဲအဖွင့်အပိတ်လုပ်နိုင်လျင်တော့ sensor ခလုပ်တွေမသုံးပါနဲ့၊

ဘယ်အစိပ်အပိုင်းတွေက Standby power သုံးတာလဲ


  • Black cubes (သို့) Energy Vampires လို့ခေါ်တဲ့ ပစ္စည်းအပြင်ကနေ ပါဝါပေးတဲ့ AC ကနေ DC  ကိုပြောင်းပေးတဲ့ အတုံးကလေးတွေ မြန်မာပြန်မှာတော့ အဒပ်ပတာလို့ ခေါ်တာများပါတယ်။ 
  • ရီမုဒ်တွေ၊ ဆန်ဆာတွေ ( လှုပ်ရှားမှု၊ အလင်းအမှောင်) ကတွေကလာတဲ့ signals တွေကို လက်ခံဖို့ ဆားကစ်တွေ
  • ပစ္စည်းတွေရဲ့ အချက်ပြမီး, LCD ဒိုင်ခွက်၊ LED မီး
  • စက်မသုံးသော်လည်း အလုပ်လုပ်နေသည့်ဆားကစ် စသည်။

သူတို့သုံးတဲ့ ပါဝါအားကအလွန်နည်းသော်လည်း စုပေါင်းလိုက်တဲ့အခါ သိသာလာပါတယ်။

အဲဒီ standby power နည်းအောင်ဘယ်လိုလုပ်မလဲ


  • မသုံးတဲ့လျှပ်စစ်ပစ္စည်းတွေကို လျှပ်စီးမရောက်အောင်ဖြတ်ဖို့မီးခလုပ်ပိတ်ထားပါ။ 
  • လျှပ်စစ်ပစ္စည်းတွေကို Remote control နဲ့ပိတ်လျင်၊ standby mode , sleep mode တွေမှာထားလျင် Standby power စားပါတယ်။ 
  • မဖြစ်မနေ standy mode  မှာထားရတဲ့ ပစ္စည်း (ဥပမာ ဝိုင်ဖိုင် router )၊ sensor နဲ့အလုပ်လုပ်တဲ့ပစ္စည်းတွေဖြစ်လျင် Standby power နည်းတဲ့ပစ္စည်းကိုရွေးပါ။ Energy Star  လက်မှတ်ရတဲ့ပစ္စည်းတွေက Standby power အသုံးနည်းပါတယ်။ 
  • ဘယ်ပစ္စည်းတွေက ပါဝါဘယ်လောက်စားတယ် ဆိုတာ ဒီမှာ https://standby.lbl.gov/data/summary-table/ ဖတ်ကြည့်လို့ရပါတယ်။ မြန်မာပြည်ကပစ္စည်းတွေနဲ့ အားလုံး အတူတူမဟုတ်ပေမယ့် အကြမ်းဖျင်းတော့ မှန်းလို့ရအောင်ပါ။ 


ပစ္စည်းတွေ ကို မသုံးလျင် ပလပ်ဖြုတ်ထားရမလား။ 

ပလပ်မှာ မီးအဖွင့်အပိတ်လုပ်တဲ့ခလုပ်ပါလျင်  အဲဒီခလုပ်ပိတ်ရုံနဲ့ လုံလောက်ပါတယ်။
ပလပ်ဖြုတ်စရာမလိုပါ။

အင်တာနက်မှာရှဲနေကြတဲ့ မှားယွင်းသောအယူအဆတရပ်

မီတာခ သက်သာအောင် ပလပ်ဖြုတ်ထားပါ
မီတာခ သက်သာအောင် ပလပ်ဖြုတ်ထားပါ ဆိုတဲ့ပို့စ်တွေကို ရှဲကြတာ အတော်များပါတယ်။
ကျနော်တို့မြန်မာပြည်မှာ ပလပ်ခုံတိုင်းလိုလိုမှာ အဖွင့်ပိတ်လုပ်တဲ့ ခလုပ်တွေပါတော့အဲဒီခလုပ်ကို ပိတ်လိုက်တာနဲ့ လျှပ်စီးပတ်လမ်း ပြတ်သွားပါတယ်။
အဲလို လျှပ်စီးပတ်လမ်း ပြတ်သွားလျင် မီတာလုံးဝမတက်ပါဘူး။
အဲဒီတော့ မီတာခ သက်သာအောင် ပလပ်ဖြုတ်ထားစရာ မလိုပါ။ 

ဒါဖြင့်သူတို့ဘာကြောင့်ဒီလိုရေးကြသလဲ။ 

မူလပို့စ်ကို ရေးတဲ့သူတွေက အမေရိကား (USA) အတွက်ရေးထားတာကို သေချာ မသိဘဲ ဘာသာပြန်ပြီး ကူးလာလို့ပါ။
အမေရိကားမှာ Type A နဲ့ Type B  ဆိုတဲ့ ပလပ်အမျိုးစားကိုသုံးပါတယ်။ သူတို့ပလပ်အားလုံးနီးပါးက အဖွင့်အပိတ်လုပ်တဲ့  on/ off ခလုပ်မပါပါဘူး။
အဲဒီတော့ အမေရိကားမှာ လျပ်စစ်ပစ္စည်းတွေသုံးပြီးလျင် ပစ္စည်းပေါ်မှာတခါတည်းပါတဲ့ အဖွင့်အပိတ်လုပ်တဲ့  on/ off ခလုပ်ကိုသုံးလျင်သုံး၊ မသုံးလျင်  ရီမုဒ် ကွန်ထရိုးနဲ့ ပိတ်ရပါတယ်။ အဲလိုမဟုတ်လျင် ပလပ်ဖြုတ်ရပါတယ်။
ရီမုဒ် ကွတ်ထရိုးနဲ့ ပိတ်ခဲ့ လျင်တော့ ပစ္စည်းထဲမှာ Standby power အမြဲစီးနေလို့ မီတာနည်းနည်းတက်ပါတယ်။
အဲဒီ Standby power မကုန်အောင် သူတို့ပစ္စည်းတွေကို လျှပ်စီးဖြတ်တောက်ဖို့ ပိတ်စရာ မီးခလုပ်မရှိတဲ့ အတွက်ပလပ်ကနေဖြုတ်မှရပါတယ်။
ဒါကြောင့်သူတို့နိုင်ငံတွေမှာ လျှပ်စစ်အလေအလွင့်နည်းအောင်  ပစ္စည်းတွေကို မသုံးလျင် ပလပ်ဖြူတ်ထားပါလို့ ရေးတာပါ။
ကျနော်တို့မြန်မာပြည်မှာတော့ ပလပ်ခုံတိုင်းလိုလိုမှာ အဖွင့်ပိတ်လုပ်တဲ့ ခလုပ်တွေပါတော့အဲဒီခလုပ်ကို ပိတ်လိုက်တာနဲ့ လျှပ်စီးပတ်လမ်း ပြတ်သွားပါတယ်။
အဲလို လျှပ်စီးပတ်လမ်း ပြတ်သွားလျင်လုံးဝ မီတာမတက်ပါဘူး။ ဒါကြောင့် မီးပိတ်စရာခလုပ်ရှိလျင် အဲဒီ Standby power အတွက် ပလပ်ဖြုတ်ထားစရာလုံးဝမလိုပါ။

အထောက်အထားအနေနဲ့  အမေရိကန် စွမ်းအင်ဌာန ဓါတ်ခွဲခန်ူက ပြန်ဖြေထားတဲ့ အဖြေကလေးကို ဒီမှာ တင်ထားပါတယ်။
သူကလည်း “ ပလပ်ခုံမှာ ဖွင့်/ပိတ် မီးခလုပ်ပါလျင် အဲဒီခလုပ်ကို ပိတ်တာနဲ့ လုံလောက်ပါတယ်။ ပလပ်လည်းဖြုတ်စရာမလိုပါဘူး။ အမေရိကားမှာဆိုလျင်တော့ ပိတ်စရာ ခလုပ်မရှိလို့ ပလပ်ဖြုတ်ရမှာပါ” လို့ ပြန်ဖြေထားတာပါ။

“ Sorry about the late reply.
you live in the UK or in many countries historically linked to the UK, then there will be a switch at the power point on the wall. 
For the US system (with no switches at the powerpoint), the appliance may continue to use power even after you switch it off.
For the UK system, the switch at the wall next to power point eliminates all standby power use.

I hope that's helpful.
- alan
===========================
Alan Meier
Lawrence Berkeley National Laboratory
akmeier@lbl.gov
Tel. +1 (510) 486-4740
homepage  akmeier.lbl.gov

ပလပ် မကြာခဏ ဖြုတ်၊ တပ်ခြင်းရဲ့ ပြသနာ

 ယူအက်စ် အေမှာ သုံးတဲ့ ပလပ်က အပြားမျိုးဖြစ်ပြီး ပစ္စည်းအားလုံးကလည်း ပင် အပြားပဲဖြစ်ပါတယ်.
ဒါကြောင့် ပလပ်ခုံအတွင်းက ကြေးပြား ၂ခြမ်းက ထိုးသွင်းလိုက်တတဲ့ ပင်အပြားကို ဖိပြီးညှပ်ထားနိုင်ပါတယ်။ အသွင်းအထုတ် မကြာမကြာလုပ်လည်း ချောင်မသွားလိုပါ။
မြန်မာပြည်ရဲ့ပြသနာကတော့ ဒေသမျိုးစုံက လျှပ်စစ်ပစ္စည်းမျိုးစုံကို တင်သွင်းတော့ ပလပ်မျိုးစုံရှိပါတယ်။ အပြား၊ အထူ၊ အပါး၊ အစောင်း၊ အလုံး အစုံရှိတော့ ပလပ်ခုံကို ပလပ်ပင်မျိုးစုံသုံးလို့ရတဲ့ universal power outlet ဆိုတဲ့ အမျိုးစားကို သုံးတာများပါတယ်၊။
ပြသနာကတော့အဲဒီပလပ် အထိုင်ထဲက ကြေးပြားတွေကို ထိုးသွင်းလိုက်တဲ့ အရွယ်စုံ ပလပ်ပင်မျိုစုံနဲ့ ထိအောင် အတွန့်မျိုးစုံတွန့်ထားပါတယ်။ အဲဒီအတွက် ပလပ်ပင်နဲ့ အထိုင်ကြေးပြား ထိကပ်တဲ့ ဧရိယာ အတော်ကိုနည်းသွားပါတယ်။ တောင့်တင်းမှုလည်းလျော့နည်းသွားပါတယ်။
တခါ အထူအပါးလည်းမတူတဲ့ ပုံစံအမျိုးမျိုးနဲ့ ပလပ်ပင်တွေကို သွင်းလိုက် ထည့်လိုက် ဖြုတ်လိုက် ခဏခဏလုပ်တော့ နဂိုကလည်းသိပ် မမိတဲ့ ပလပ်အထိုင်တွေ ဟပြဲပြီး ပြန်မကပ်တော့ဘဲ ချောင်ကုန်ပါတယ်၊
ရလာဒ်ကတော့ ပလပ်ပင်နဲ့ ပလပ်အထိုင် မထိတထိဖြစ်ပြီး အခန့်မသင့်လျင် မီးပွင့်ပါတယ်။ တခါတလေ မီးမပွင့်ပေမယ့် ပူလာပြီး ပလတ်စတစ်အထိုင်အိမ်လောင်ပါတယ်။ မမိတမိ မထိတထိ ဖြစ်လျင် လျှပ်စီးမမှန်ဖြစ်ပြီး သုံးတဲ့ ပစ္စည်းတွေလည်းပျက်တတ်လို့ ပလပ်ခုံအသစ်လဲသင့်ပါတယ်။
ဒီတော့ universal power outlet ဆိုတဲ့ ပလပ် မျိုးစုံထိုးလို့ရတဲ့ ပလပ်ခုံ အမျိုးအစားသုံးလျင် ပလပ်ပင်တွေကို မကြာခဏဖြုတ် လိုက်တတ်လိုက်လုပ်လို့မကောင်းပါ။
အကယ်၍ မီးခလုပ်မပါတဲ့ ပလပ်ခုံဆိုလျင်တော့ ပလပ်ဖြုတ်တပ် လုပ်လျင် ပလပ်ပင်ကို မတော်တဆထိမိပြီး ဓါတ်လိုက်နိုင်တဲ့ အန္တရာယ် ရှိပါသေးတယ်။

အမေရိကန်နိုင်ငံ စွမ်အင်ဌာနက လဲ ဒီလိုပဲရေးထားတာကလေးကို အကိုးအကားနဲ့ တင်ထားပါတယ်။
“ Warning, don’t frequently unplug and plug in appliances because you could get electrocuted from frayed wires and plugs.
Use a switchable power strip for clusters of computer or video products. That way you can switch everything to zero with one action.” 

ဘယ်အခါမှာ ပလပ်ဖြုတ်ထားသင့်သလဲ 

မိုးကြိုးမုန်တိုင်းကျနေချိန်တွေမှာတော့ လျှပ်စစ်ပစ္စည်းတွေကို ပလပ်ဖြုတ်ထားသင့်ပါတယ်။ ‘
တခါတရံ အိမ်ကို မီးပေးတဲ့ ကြိုးထဲကို မိုးကြိုးဝင်ပြီး အလွန်များပြားတဲ့ လျှပ်စီးကမီးကြိုးတလျှောက် စီးလာကာ လျှပ်စစ်ပစ္စည်းတွေထဲက နုနယ်တဲ့ ဆားကစ်တွေ၊ ပစ္စည်းတွေပျက်တတ်လို့ပါ။
မီးခလုပ်အများစုက လျှပ်စီးပတ်လမ်း ပြတ်အောင် အပူကြိုးကိုပဲ ဖြတ်ပေးပါတယ်။ အအေးကြိုးထဲဝင်လာတဲ့ မိုးကြိုးလျှပ်စီးကတော့ ကိုယ့်ပစ္စည်းထံ တန်းရောက်လာနိုင်ပါတယ်။
တခါ ခလုပ်ပိတ်ထားတောင် အလွန်အားများတဲ့ လျှပ်စီးက ခလုပ်ထဲက တခုနဲ့တခု အလွန်နီးကပ်နေတဲ့  ကြေးပြား၂ ခုကြားခုန်ကူးနိုင်ပါတယ်။
ဒါကြောင့် အိမ်မှာ Surge protector နဲ့ စံမှီတဲ့ မြေစိုက်ကြိုးစနစ် မရှိလျင်တော့ မိုးကြိုးမုန်တိုင်းကျနေချိန်တွေမှာတော့ လျှပ်စစ်ပစ္စည်းတွေကို ပလပ်ဖြုတ်ထားသင့်ပါတယ်။

ဖိုးသုည
ဆဲဗင်းဂျူလိုင် ၂၀၁၉
မှတ်ချက် 
ကျနော် လျှပ်စစ် ပညာရှင် မဟုတ်ပါ၊ လေ့လာဖတ်ရှုထားတာတွေကို ပြန်လည်မျှဝေတာပါ။ မှားနေတယ်ထင်လျင်အောက်မှာ ကွန်တက်ဘောက်ရှိပါတယ်။
https://www.facebook.com/phoethunyazero (သို့) phoethunya@gmail.com  ကို လည်းဆက်သွယ်နိုင်ပါတယ်။

အကိုးအကားများ 
https://www.mnn.com/green-tech/gadgets-electronics/questions/should-i-unplug-my-appliances-and-if-so-will-i-save-money
https://www.power-plugs-sockets.com/united-states-of-america/
https://www.energy.gov/energysaver/save-electricity-and-fuel/appliances-and-electronics/estimating-appliance-and-home
https://www.nrdc.org/sites/default/files/home-idle-load-IP.pdf
https://energyeducation.ca/encyclopedia/Standby_power
https://standby.lbl.gov/faq.html
https://standby.lbl.gov/faq/#what
https://www.energy.gov/energysaver/articles/3-easy-tips-reduce-your-standby-power-loads

Wednesday, June 26, 2019

လွ်ပ္စစ္မီတာခ ႏႈန္းထားအသစ္နဲ႔ မီတာသုံးစြဲခ တြက္နည္း ။ လျှပ်စစ်မီတာခ နှုန်းထားအသစ်နဲ့ မီတာသုံးစွဲခ တွက်နည်း (ယူနီကုဒ်)


လွ်ပ္စစ္မီတာခ ႏႈန္းထားအသစ္နဲ႔ မီတာသုံးစြဲခ  တြက္နည္း

၂၀၁၉ ဇူလိုင္လ တရက္ေန႔ကစၿပီး လွ်ပ္စစ္မီတာခေတြကို ႏႈန္းထား အသစ္နဲ႔ ေကာက္ခံေတာ့မွာပါ။ 

လူအမ်ားသိခ်င္ၾကတာကေတာ့ အိမ္သုံးမီတာခေတြတြက္နည္းပါ။
သုံးစြဲတဲ့ ယူနစ္နည္းလ်င္ ႏႈန္းထားေလွ်ာ့ေပးထားတာေၾကာင့္တြက္ရတာ အနည္းငယ္ရႈပ္ေထြးႏိုင္ပါတယ္။
က်ေနာ္ တတ္ႏိုင္သေလာက္ ရွင္းေအာင္ ျပထားပါတယ္။
 လွ်ပ္စစ္မီတာခ ႏႈန္းထား အသစ္

 ၁. အဆင္သင့္တြက္ထားေသာ ဇယား

 မိမိသုံးစြဲေသာ လွ်ပ္စစ္ ဓါတ္အားယူ နစ္နဲ႔ အနီးစပ္ဆုံးကို အလြယ္ တကူမွန္းၾကည့္လို႔ရေအာင္ ပုံ ၁ တြင္တြက္ထားေပးပါတယ္။
ပုံ ၁။ အဆင္သင့္တြက္ထားေသာ လွ်ပ္စစ္ဓါတ္အားသုံးစြဲခမ်ား။ 

၂. အလြယ္တြက္နည္း

ပုံ ၂ တြင္ျပထားေသာ ေဖၚျမဴလာကို သုံး၍ မိမိသုံးစြဲေသာ လွ်ပ္စစ္ဓါတ္အားယူနစ္အတြက္ က်သင့္ေငြကို အတိအက် တြက္ယူႏိုင္ပါသည္။
၂။  ၂၀၁၉ ဇူလိုင္ တရက္ေန႔မွ စတင္မည့္ လွ်ပ္စစ္ဓါတ္အားႏႈန္ုးထားအသစ္ျဖင့္ က်င့္ေငြ တြက္နည္း

၃. Microsoft Excel ထဲတြင္  ေဖၚျမဴလာထည့္ထားၿပီး မိမိသုံးစြဲေသာ လွ်ပ္စစ္ဓါတ္အားယူနစ္ကို သက္ဆိုင္ရာ အကြက္မွာ ႐ိုက္ထည့္႐ုံနဲ႔  က်သင့္ေငြကို တြက္ေပးမွာျဖစ္ပါတယ္။ 

ဒီဖိုင္မွာ  လွ်ပ္စစ္ မီတာ ယူနစ္ အလႊာေတြကို လိုင္း ၁ ကေန ၇ အထိနဲ႔ ေရးထားၿပီး ေကာ္လံေတြကိုေတာ့  ကႀကီး ခေကြးနဲ႔ေဖၚျပထားပါတယ္။
မိမိ မီတာရဲ႕ ယူနစ္ ဘယ္ "ယူနစ္ အလႊာ" မွာ ဝင္သလဲဆိုတာကိုၾကည့္ၿပီးဆိုင္ရာလိုင္းနဲ႔ ေကာ္လံ "ခ" တို႔ ဆုံတဲ့ အကြက္မွာ မိမိ မီတာယူနစ္ကို ဂဏန္းပဲ ႐ိုက္ထည့္ပါ။ ယာဘက္ဆုံးေကာ္လံ" ဇ" မွာ က်သင့္ေငြကို ေဖၚျပေပးပါလိမ့္မယ္။
ဒီဖိုင္ကို ေဒါင္းဖို႔လင့္က ဒီမွာပါ https://drive.google.com/file/d/1qnn5J278Q-QnJY_Wdud2XO-rtqmOc9iV/view?usp=sharing 

  1. အဲဒီဖိုင္ကို download လုပ္ၿပီး ကြန္ျပဴတာမွာ Excel program နဲ႔ သုံးလို႔ရပါတယ္။ 
  2. PC Google Chrome ( အပ္ဒိပ္လုပ္ထားလ်င္) မွာ တိုက္႐ိုက္ဖြင့္ၿပီး အေပၚမွာ ပါလာတဲ့ "Open with Google Sheet " နဲ႔ အြန္လိုင္းသုံးလို႔ရပါတယ္။ 
  3. android ဖုန္းမွာ Google Chrome (သို႔) Google Drive ကေနဖြင့္ၿပီး Google Sheet app သုံးကာ တြက္လို႔ရပါတယ္။ 

Chrome ေပၚတြင္ Google Sheet သုံးၿပီး  online တြက္ရန္

၄. အေသးစိပ္ အဆင့္ဆင့္ တြက္ ခ်က္ပုံ

မိမိသုံးတဲ့လွ်ပ္စစ္မီတာယူနစ္ (KWHr) က တယူနစ္မွ ယူနစ္ ၃၀ အတြင္းမွာရွိလ်င္
 မိမိမီတာယူနစ္ကို ၃၅ က်ပ္နဲ႔ ေျမႇာက္႐ုံပဲျဖစ္လို႔ ျပသနာမရွိပါ ။

မိမိသုံးတဲ့လွ်ပ္စစ္မီတာယူနစ္ (KWHr) က ၃၁ - ၅၀ အတြင္းမွာရွိလ်င္ ေတာ့ ႏႈန္းထား ၂မ်ိဳးနဲ႔တြက္ရပါမယ္။
ပထမ ယူနစ္ ၃၀ အတြက္ ၃၅ က်ပ္ႏႈန္းနဲ႔  ၁၀၅၀ က်ပ္ပါ။
က်န္တဲ့ ယူနစ္ကိုေတာ့  တယူနစ္ ကို ၅၀ က်ပ္ႏႈန္းနဲ႔ တြက္ရပါမယ္။
ၿပီးေတာ့မွ ပထမ ယူနစ္ ၃၀ အတြက္ က် သင့္ေငြနဲ႔ ေပါင္းရပါမယ္။

ဥပမာ ၄၅ ယူနစ္သုံးသူအတြက္
ပထမ ယူနစ္ ၃၀ x ၃၅ က်ပ္ = ၁၀၅၀ က်ပ္ (၃၁ မွ ၅၀ ယူနစ္ အထိ တယူနစ္  ၅၀ က်ပ္)
က်န္ယူနစ္ = ၄၅ - ၃၀ = ၁၅ ယူနစ္
အဆိုပါ ၁၅ ယူနစ္ကို တယူနစ္ ၅၀ က်ပ္နဲ႔ေပးရပါမယ္။
အဲ ဒီ ၁၅ ယူနစ္  x  ၅၀ က်ပ္ = ၇၅၀ က်ပ္
အဲဒီ ၃၀ ယူနစ္ ၁၀၅၀ နဲ႔ ေနာက္ ၁၅ ယူနစ္ဖိုး ၇၅၀ ေပါင္းေတာ့ ၁၈၀၀ က်ပ္ပါ။ အဲဒါ ၄၅  ယူနစ္ သုံးစြဲခပါ  ( မီတာ ထိန္းသိမ္းခကို သတ္သတ္တြက္ပါလိမ့္မယ္ထင္ပါတယ္)

ဥပမာ ၇၀ ယူနစ္သုံးသူအတြက္ ( ၅၁ မွ ၇၅ ယူနစ္ထိ တယူနစ္ ၇၀ က်ပ္)
ပထမ ယူနစ္ ၃၀ x ၃၅ က်ပ္ = ၁၀၅၀ က်ပ္
ဒုတိယ ယူနစ္ ၂၀  x ၅၀ က်ပ္ = ၁၀၀၀ က်ပ္ (၃၁ မွ ၅၀ ယူနစ္ အထိ တယူနစ္  ၅၀ က်ပ္)
က်န္ယူနစ္ = ၇၀ - ၃၀ - ၂၀  = ၂၀ ယူနစ္
အဆိုပါ ၂၀ ယူနစ္ကို တယူနစ္ ၇၀ က်ပ္နဲ႔ေပးရပါမယ္။ ( ၅၁ မွ ၇၅ ယူနစ္ထိ တယူနစ္ ၇၀ က်ပ္)
အဲ ဒီ ၂၀ ယူနစ္  x  ၇၀ က်ပ္ = ၁၄၀၀ က်ပ္
အဲဒီ ၃၀ ယူနစ္ ၁၀၅၀၊ ေနာက္ ၂၀ ယူနစ္ဖိုး ၁၀၀၀ နဲ႔ ေနာက္ဆုုံး ၂၀ ယူနစ္ဖိုး ၁၄၀၀  ေပါင္းေတာ့ ၃၄၅၀ က်ပ္ပါ။ အဲဒါ ၇၀  ယူနစ္သုံးစြဲခပါ

ဥပမာ ၉၄ ယူနစ္သုံးသူအတြက္ ( ၇၆ မွ ၁၀၀ ယူနစ္ထိ တယူနစ္ ၉၀ က်ပ္)
ပထမ ယူနစ္ ၃၀ x ၃၅ က်ပ္ = ၁၀၅၀ က်ပ္
ဒုတိယ ယူနစ္ ၂၀  x ၅၀ က်ပ္ = ၁၀၀၀ က်ပ္ (၃၁ မွ ၅၀ ယူနစ္ အထိ တယူနစ္  ၅၀ က်ပ္)
တတိယ ၂၅ ယူနစ္  x ၇၀  က်ပ္ = ၁၇၅၀ က်ပ္ (၅၁ မွ ၇၅ ယူနစ္ အထိ တယူနစ္  ၇၀ က်ပ္)
က်န္ယူနစ္ = ၉၄ - ၃၀ - ၂၀ -၂၅ = ၁၉ ယူနစ္
အဆိုပါ ၁၉ ယူနစ္ကို တယူနစ္ ၉၀ က်ပ္နဲ႔ေပးရပါမယ္။ ( ၇၆ မွ ၁၀၀ ယူနစ္ထိ တယူနစ္ ၉၀ က်ပ္)
အဲ ဒီ ၁၉ ယူနစ္  x  ၉၀ က်ပ္ = ၁၇၁၀ က်ပ္
အဲဒီ ၃၀ ယူနစ္ ၁၀၅၀၊ ေနာက္ ၂၀ ယူနစ္ဖိုး ၁၀၀၀၊ ေနာ္က ၂၅ ယူနစ္ ၁၇၅၀ နဲ႔ ေနာက္ဆုံး ၁၉ ယူနစ္ဖိုး ၁၇၁၀  ေပါင္းေတာ့ ၅၅၁၀ က်ပ္ပါ။ အဲဒါ ၉၄  ယူနစ္သုံးစြဲခပါ

ဥပမာ ၁၈၆ ယူနစ္သုံးသူအတြက္ ( ၁၅၁ မွ ၂၀၀ ယူနစ္ထိ တယူနစ္ ၁၂၀ က်ပ္)
ပထမ ယူနစ္ ၃၀ x ၃၅ က်ပ္ = ၁၀၅၀ က်ပ္
ဒုတိယ ယူနစ္ ၂၀  x ၅၀ က်ပ္ = ၁၀၀၀ က်ပ္ (၃၁ မွ ၅၀ ယူနစ္ အထိ တယူနစ္  ၅၀ က်ပ္)
တတိယ ၂၅ ယူနစ္  x ၇၀  က်ပ္ = ၁၇၅၀ က်ပ္ (၅၁ မွ ၇၅ ယူနစ္ အထိ တယူနစ္  ၇၀ က်ပ္)
ေနာက္ထပ္ ၂၅ ယူနစ္  x ၉၀ က်ပ္ = ၂၂၅၀ က်ပ္ (၇၆ မွ ၁၀၀ ယူနစ္ထိ တယူနစ္ ၉၀ က်ပ္)
ေနာက္ထပ္ ၅၀ ယူနစ္  x ၁၁၀ က်ပ္ = ၅၅၀၀ က်ပ္ (၁၀၁ မွ ၁၅၀ ယူနစ္ထိ တယူနစ္ ၁၁၀ က်ပ္)
က်န္ယူနစ္ = ၁၈၆ - ၃၀ - ၂၀ -၂၅-၂၅-၅၀  = ၃၆ ယူနစ္
အဆိုပါ ၃၆ ယူနစ္ကို တယူနစ္ ၁၂၀ က်ပ္နဲ႔ေပးရပါမယ္။ ( ၁၅၁ မွ ၂၀၀ ယူနစ္ထိ တယူနစ္ ၁၂၀ က်ပ္)
အဲ ဒီ ၃၆ ယူနစ္  x  ၁၂၀ က်ပ္ = ၄၃၂၀ က်ပ္
အဲဒီ ၃၀ ယူနစ္ ၁၀၅၀၊ ေနာက္ ၂၀ ယူနစ္ဖိုး ၁၀၀၀၊ ေနာက္ ၂၅ ယူနစ္ ၁၇၅၀၊  ေနာက္ ၂၅ ယူနစ္ ၂၂၅၀ ေနာက္ ၅၀ ယူနစ္ ၅၅၀၀၊ နဲ႔ ေနာက္ဆုံး ၃၆ ယူနစ္ဖိုး ၄၃၂၀  ေပါင္းေတာ့ ၁၅၈၇၀ က်ပ္ပါ။ အဲဒါ ၁၈၆  ယူနစ္သုံးစြဲခပါ

ဥပမာ ၃၀၀ ယူနစ္သုံးသူအတြက္ ( ၂၀၁ ယူနစ္ႏွင့္ အထက္ တယူနစ္ ၁၂၅ က်ပ္)
ပထမ ယူနစ္ ၃၀ x ၃၅ က်ပ္ = ၁၀၅၀ က်ပ္
ဒုတိယ ယူနစ္ ၂၀  x ၅၀ က်ပ္ = ၁၀၀၀ က်ပ္ (၃၁ မွ ၅၀ ယူနစ္ အထိ တယူနစ္  ၅၀ က်ပ္)
တတိယ ၂၅ ယူနစ္  x ၇၀  က်ပ္ = ၁၇၅၀ က်ပ္ (၅၁ မွ ၇၅ ယူနစ္ အထိ တယူနစ္  ၇၀ က်ပ္)
ေနာက္ထပ္ ၂၅ ယူနစ္  x ၉၀ က်ပ္ = ၂၂၅၀ က်ပ္ (၇၆ မွ ၁၀၀ ယူနစ္ထိ တယူနစ္ ၉၀ က်ပ္)
ေနာက္ထပ္ ၅၀ ယူနစ္  x ၁၁၀ က်ပ္ = ၅၅၀၀ က်ပ္ (၁၀၁ မွ ၁၅၀ ယူနစ္ထိ တယူနစ္ ၁၁၀ က်ပ္)
ေနာက္ထပ္ ၅၀ ယူနစ္  x ၁၁၀ က်ပ္ = ၅၅၀၀ က်ပ္ ( ၁၅၁ မွ ၂၀၀ ယူနစ္ထိ တယူနစ္ ၁၂၀ က်ပ္)
က်န္ယူနစ္ = ၃၀၀ - ၃၀ - ၂၀ -၂၅-၂၅-၅၀-၅၀ = ၁၀၀ ယူနစ္
အဆိုပါ ၁၀၀ ယူနစ္ကို တယူနစ္ ၁၂၅ က်ပ္နဲ႔ေပးရပါမယ္။ (  ၂၀၁ ယူနစ္ႏွင့္ အထက္ တယူနစ္ ၁၂၅ က်ပ္)
အဲ ဒီ ၁၀၀ ယူနစ္  x  ၁၂၅ က်ပ္ = ၁၂၅၀၀ က်ပ္
အဲဒီ ၃၀ ယူနစ္ ၁၀၅၀၊ ေနာက္ ၂၀ ယူနစ္ဖိုး ၁၀၀၀၊ ေနာက္ ၂၅ ယူနစ္ ၁၇၅၀၊  ေနာက္ ၂၅ ယူနစ္ ၂၂၅၀ ေနာက္ ၅၀ ယူနစ္ ၅၅၀၀၊ ေနာက္ ၅၀ ယူနစ္ ၆၀၀၀နဲ႔ ေနာက္ဆုံး ၁၀၀ ယူနစ္ဖိုး ၁၂၅၀၀  ေပါင္းေတာ့ ၃၀၀၅၀ က်ပ္ပါ။ အဲဒါ ၃၀၀  ယူနစ္သုံးစြဲခပါ

အဆင္မေျပတာရွိလ်င္ ေအာက္မွာ မန္႔သြားေပးပါ

၅ ပရိုဂရမ္မာေတြကေတာ့ ဒီလိုလုပ္လိုက္တယ္

တညေနလုံး မီတာခတြက္နည္းထိုင္ေရးလိုက္တာ ခါးပါခ်ည့္။
ကိုယ္က ပ႐ိုဂရမ္းမင္းမတတ္ေတာ့ app ေတြ webpage ေတြနဲ႔ အဆင္သင့္တြက္လို႔ ရေအာင္ လုပ္မေပးတတ္တာကိုး.
ၿပီးသြားလို႔ publish post လုပ္ၿပီး ဖဘလည္းတင္မယ္ဆိုေရာ ေဟာ ပညာရွင္မ်ားတင္ထားတဲ့ အဆင္သင့္တြက္ လင့္ကေလးကေရာက္ေနၿပီ။
ပညာဆိုတာဒါပါပဲ
အဆင္သင့္တြက္ https://meterbill.drkzn.net/
ေက်းဇူးၾကီးပါေပတယ္ ဆရာသမားတို့ရယ္၊👍👍😄😄

ဖိုးသုည
26-6-19


လျှပ်စစ်မီတာခ နှုန်းထားအသစ်နဲ့ မီတာသုံးစွဲခ  တွက်နည်း (ယူနီကုဒ်)

၂၀၁၉ ဇူလိုင်လ တရက်နေ့ကစပြီး လျှပ်စစ်မီတာခတွေကို နှုန်းထား အသစ်နဲ့ ကောက်ခံတော့မှာပါ။ 

လူအများသိချင်ကြတာကတော့ အိမ်သုံးမီတာခတွေတွက်နည်းပါ။
သုံးစွဲတဲ့ ယူနစ်နည်းလျင် နှုန်းထားလျှော့ပေးထားတာကြောင့်တွက်ရတာ အနည်းငယ်ရှုပ်ထွေးနိုင်ပါတယ်။
ကျနော် တတ်နိုင်သလောက် ရှင်းအောင် ပြထားပါတယ်။


 လျှပ်စစ်မီတာခ နှုန်းထား အသစ်

၁. အဆင်သင့်တွက်ထားသော ဇယား

 မိမိသုံးစွဲသော လျှပ်စစ် ဓါတ်အားယူ နစ်နဲ့ အနီးစပ်ဆုံးကို အလွယ် တကူမှန်းကြည့်လို့ရအောင် ပုံ ၁ တွင်တွက်ထားပေးပါတယ်။

ပုံ ၁။ အဆင်သင့်တွက်ထားသော လျှပ်စစ်ဓါတ်အားသုံးစွဲခများ။ 


၂. အလွယ်တွက်နည်း

ပုံ ၂ တွင်ပြထားသော ဖေါ်မြူလာကို သုံး၍ မိမိသုံးစွဲသော လျှပ်စစ်ဓါတ်အားယူနစ်အတွက် ကျသင့်ငွေကို အတိအကျ တွက်ယူနိုင်ပါသည်။
 ၂။  ၂၀၁၉ ဇူလိုင် တရက်နေ့မှ စတင်မည့် လျှပ်စစ်ဓါတ်အားနှုန်ုးထားအသစ်ဖြင့် ကျင့်ငွေ တွက်နည်း


၃. Microsoft Excel ထဲတွင်  ဖေါ်မြူလာထည့်ထားပြီး မိမိသုံးစွဲသော လျှပ်စစ်ဓါတ်အားယူနစ်ကို သက်ဆိုင်ရာ အကွက်မှာ ရိုက်ထည့်ရုံနဲ့  ကျသင့်ငွေကို တွက်ပေးမှာဖြစ်ပါတယ်။ 

ဒီဖိုင်မှာ လျှပ်စစ် မီတာ ယူနစ် အလွှာတွေကို လိုင်း ၁ ကနေ ၇ အထိနဲ့ ရေးထားပြီး ကော်လံတွေကိုတော့  ကကြီး ခကွေးနဲ့ဖေါ်ပြထားပါတယ်။
မိမိ မီတာရဲ့ ယူနစ် ဘယ် "ယူနစ် အလွှာ" မှာ ဝင်သလဲဆိုတာကိုကြည့်ပြီးဆိုင်ရာလိုင်းနဲ့ ကော်လံ "ခ" တို့ ဆုံတဲ့ အကွက်မှာ မိမိ မီတာယူနစ်ကို ဂဏန်းပဲ ရိုက်ထည့်ပါ။ ယာဘက်ဆုံးကော်လံ" ဇ" မှာ ကျသင့်ငွေကို ဖေါ်ပြပေးပါလိမ့်မယ်။

ဒီဖိုင်ကို ဒေါင်းဖို့လင့်က ဒီမှာပါ https://drive.google.com/file/d/1qnn5J278Q-QnJY_Wdud2XO-rtqmOc9iV/view?usp=sharing

  1. အဲဒီဖိုင်ကို download လုပ်ပြီး ကွန်ပြူတာမှာ Excel program နဲ့ သုံးလို့ရပါတယ်။ 
  2. PC Google Chrome ( အပ်ဒိပ်လုပ်ထားလျင်) မှာ တိုက်ရိုက်ဖွင့်ပြီး အပေါ်မှာ ပါလာတဲ့ "Open with Google Sheet " နဲ့ အွန်လိုင်းသုံးလို့ရပါတယ်။ 
  3. android ဖုန်းမှာ Google Chrome (သို့) Google Drive ကနေဖွင့်ပြီး Google Sheet app သုံးကာ တွက်လို့ရပါတယ်။ 

Chrome ပေါ်တွင် Google Sheet သုံးပြီး  online တွက်ရန်


၄. အသေးစိပ် အဆင့်ဆင့် တွက် ချက်ပုံ

မိမိသုံးတဲ့လျှပ်စစ်မီတာယူနစ် (KWHr) က တယူနစ်မှ ယူနစ် ၃၀ အတွင်းမှာရှိလျင်
 မိမိမီတာယူနစ်ကို ၃၅ ကျပ်နဲ့ မြှောက်ရုံပဲဖြစ်လို့ ပြသနာမရှိပါ ။

မိမိသုံးတဲ့လျှပ်စစ်မီတာယူနစ် (KWHr) က ၃၁ - ၅၀ အတွင်းမှာရှိလျင် တော့ နှုန်းထား ၂မျိုးနဲ့တွက်ရပါမယ်။
ပထမ ယူနစ် ၃၀ အတွက် ၃၅ ကျပ်နှုန်းနဲ့  ၁၀၅၀ ကျပ်ပါ။
ကျန်တဲ့ ယူနစ်ကိုတော့  တယူနစ် ကို ၅၀ ကျပ်နှုန်းနဲ့ တွက်ရပါမယ်။
ပြီးတော့မှ ပထမ ယူနစ် ၃၀ အတွက် ကျ သင့်ငွေနဲ့ ပေါင်းရပါမယ်။

ဥပမာ ၄၅ ယူနစ်သုံးသူအတွက်
ပထမ ယူနစ် ၃၀ x ၃၅ ကျပ် = ၁၀၅၀ ကျပ် (၃၁ မှ ၅၀ ယူနစ် အထိ တယူနစ်  ၅၀ ကျပ်)
ကျန်ယူနစ် = ၄၅ - ၃၀ = ၁၅ ယူနစ်
အဆိုပါ ၁၅ ယူနစ်ကို တယူနစ် ၅၀ ကျပ်နဲ့ပေးရပါမယ်။
အဲ ဒီ ၁၅ ယူနစ်  x  ၅၀ ကျပ် = ၇၅၀ ကျပ်
အဲဒီ ၃၀ ယူနစ် ၁၀၅၀ နဲ့ နောက် ၁၅ ယူနစ်ဖိုး ၇၅၀ ပေါင်းတော့ ၁၈၀၀ ကျပ်ပါ။ အဲဒါ ၄၅  ယူနစ် သုံးစွဲခပါ  ( မီတာ ထိန်းသိမ်းခကို သတ်သတ်တွက်ပါလိမ့်မယ်ထင်ပါတယ်)

ဥပမာ ၇၀ ယူနစ်သုံးသူအတွက် ( ၅၁ မှ ၇၅ ယူနစ်ထိ တယူနစ် ၇၀ ကျပ်)
ပထမ ယူနစ် ၃၀ x ၃၅ ကျပ် = ၁၀၅၀ ကျပ်
ဒုတိယ ယူနစ် ၂၀  x ၅၀ ကျပ် = ၁၀၀၀ ကျပ် (၃၁ မှ ၅၀ ယူနစ် အထိ တယူနစ်  ၅၀ ကျပ်)
ကျန်ယူနစ် = ၇၀ - ၃၀ - ၂၀  = ၂၀ ယူနစ်
အဆိုပါ ၂၀ ယူနစ်ကို တယူနစ် ၇၀ ကျပ်နဲ့ပေးရပါမယ်။ ( ၅၁ မှ ၇၅ ယူနစ်ထိ တယူနစ် ၇၀ ကျပ်)
အဲ ဒီ ၂၀ ယူနစ်  x  ၇၀ ကျပ် = ၁၄၀၀ ကျပ်
အဲဒီ ၃၀ ယူနစ် ၁၀၅၀၊ နောက် ၂၀ ယူနစ်ဖိုး ၁၀၀၀ နဲ့ နောက်ဆုုံး ၂၀ ယူနစ်ဖိုး ၁၄၀၀  ပေါင်းတော့ ၃၄၅၀ ကျပ်ပါ။ အဲဒါ ၇၀  ယူနစ်သုံးစွဲခပါ


ဥပမာ ၉၄ ယူနစ်သုံးသူအတွက် ( ၇၆ မှ ၁၀၀ ယူနစ်ထိ တယူနစ် ၉၀ ကျပ်)
ပထမ ယူနစ် ၃၀ x ၃၅ ကျပ် = ၁၀၅၀ ကျပ်
ဒုတိယ ယူနစ် ၂၀  x ၅၀ ကျပ် = ၁၀၀၀ ကျပ် (၃၁ မှ ၅၀ ယူနစ် အထိ တယူနစ်  ၅၀ ကျပ်)
တတိယ ၂၅ ယူနစ်  x ၇၀  ကျပ် = ၁၇၅၀ ကျပ် (၅၁ မှ ၇၅ ယူနစ် အထိ တယူနစ်  ၇၀ ကျပ်)
ကျန်ယူနစ် = ၉၄ - ၃၀ - ၂၀ -၂၅ = ၁၉ ယူနစ်
အဆိုပါ ၁၉ ယူနစ်ကို တယူနစ် ၉၀ ကျပ်နဲ့ပေးရပါမယ်။ ( ၇၆ မှ ၁၀၀ ယူနစ်ထိ တယူနစ် ၉၀ ကျပ်)
အဲ ဒီ ၁၉ ယူနစ်  x  ၉၀ ကျပ် = ၁၇၁၀ ကျပ်
အဲဒီ ၃၀ ယူနစ် ၁၀၅၀၊ နောက် ၂၀ ယူနစ်ဖိုး ၁၀၀၀၊ နော်က ၂၅ ယူနစ် ၁၇၅၀ နဲ့ နောက်ဆုံး ၁၉ ယူနစ်ဖိုး ၁၇၁၀  ပေါင်းတော့ ၅၅၁၀ ကျပ်ပါ။ အဲဒါ ၉၄  ယူနစ်သုံးစွဲခပါ


ဥပမာ ၁၈၆ ယူနစ်သုံးသူအတွက် ( ၁၅၁ မှ ၂၀၀ ယူနစ်ထိ တယူနစ် ၁၂၀ ကျပ်)
ပထမ ယူနစ် ၃၀ x ၃၅ ကျပ် = ၁၀၅၀ ကျပ်
ဒုတိယ ယူနစ် ၂၀  x ၅၀ ကျပ် = ၁၀၀၀ ကျပ် (၃၁ မှ ၅၀ ယူနစ် အထိ တယူနစ်  ၅၀ ကျပ်)
တတိယ ၂၅ ယူနစ်  x ၇၀  ကျပ် = ၁၇၅၀ ကျပ် (၅၁ မှ ၇၅ ယူနစ် အထိ တယူနစ်  ၇၀ ကျပ်)
နောက်ထပ် ၂၅ ယူနစ်  x ၉၀ ကျပ် = ၂၂၅၀ ကျပ် (၇၆ မှ ၁၀၀ ယူနစ်ထိ တယူနစ် ၉၀ ကျပ်)
နောက်ထပ် ၅၀ ယူနစ်  x ၁၁၀ ကျပ် = ၅၅၀၀ ကျပ် (၁၀၁ မှ ၁၅၀ ယူနစ်ထိ တယူနစ် ၁၁၀ ကျပ်)
ကျန်ယူနစ် = ၁၈၆ - ၃၀ - ၂၀ -၂၅-၂၅-၅၀  = ၃၆ ယူနစ်
အဆိုပါ ၃၆ ယူနစ်ကို တယူနစ် ၁၂၀ ကျပ်နဲ့ပေးရပါမယ်။ ( ၁၅၁ မှ ၂၀၀ ယူနစ်ထိ တယူနစ် ၁၂၀ ကျပ်)
အဲ ဒီ ၃၆ ယူနစ်  x  ၁၂၀ ကျပ် = ၄၃၂၀ ကျပ်
အဲဒီ ၃၀ ယူနစ် ၁၀၅၀၊ နောက် ၂၀ ယူနစ်ဖိုး ၁၀၀၀၊ နောက် ၂၅ ယူနစ် ၁၇၅၀၊  နောက် ၂၅ ယူနစ် ၂၂၅၀ နောက် ၅၀ ယူနစ် ၅၅၀၀၊ နဲ့ နောက်ဆုံး ၃၆ ယူနစ်ဖိုး ၄၃၂၀  ပေါင်းတော့ ၁၅၈၇၀ ကျပ်ပါ။ အဲဒါ ၁၈၆  ယူနစ်သုံးစွဲခပါ

ဥပမာ ၃၀၀ ယူနစ်သုံးသူအတွက် ( ၂၀၁ ယူနစ်နှင့် အထက် တယူနစ် ၁၂၅ ကျပ်)
ပထမ ယူနစ် ၃၀ x ၃၅ ကျပ် = ၁၀၅၀ ကျပ်
ဒုတိယ ယူနစ် ၂၀  x ၅၀ ကျပ် = ၁၀၀၀ ကျပ် (၃၁ မှ ၅၀ ယူနစ် အထိ တယူနစ်  ၅၀ ကျပ်)
တတိယ ၂၅ ယူနစ်  x ၇၀  ကျပ် = ၁၇၅၀ ကျပ် (၅၁ မှ ၇၅ ယူနစ် အထိ တယူနစ်  ၇၀ ကျပ်)
နောက်ထပ် ၂၅ ယူနစ်  x ၉၀ ကျပ် = ၂၂၅၀ ကျပ် (၇၆ မှ ၁၀၀ ယူနစ်ထိ တယူနစ် ၉၀ ကျပ်)
နောက်ထပ် ၅၀ ယူနစ်  x ၁၁၀ ကျပ် = ၅၅၀၀ ကျပ် (၁၀၁ မှ ၁၅၀ ယူနစ်ထိ တယူနစ် ၁၁၀ ကျပ်)
နောက်ထပ် ၅၀ ယူနစ်  x ၁၁၀ ကျပ် = ၅၅၀၀ ကျပ် ( ၁၅၁ မှ ၂၀၀ ယူနစ်ထိ တယူနစ် ၁၂၀ ကျပ်)
ကျန်ယူနစ် = ၃၀၀ - ၃၀ - ၂၀ -၂၅-၂၅-၅၀-၅၀ = ၁၀၀ ယူနစ်
အဆိုပါ ၁၀၀ ယူနစ်ကို တယူနစ် ၁၂၅ ကျပ်နဲ့ပေးရပါမယ်။ (  ၂၀၁ ယူနစ်နှင့် အထက် တယူနစ် ၁၂၅ ကျပ်)
အဲ ဒီ ၁၀၀ ယူနစ်  x  ၁၂၅ ကျပ် = ၁၂၅၀၀ ကျပ်
အဲဒီ ၃၀ ယူနစ် ၁၀၅၀၊ နောက် ၂၀ ယူနစ်ဖိုး ၁၀၀၀၊ နောက် ၂၅ ယူနစ် ၁၇၅၀၊  နောက် ၂၅ ယူနစ် ၂၂၅၀ နောက် ၅၀ ယူနစ် ၅၅၀၀၊ နောက် ၅၀ ယူနစ် ၆၀၀၀နဲ့ နောက်ဆုံး ၁၀၀ ယူနစ်ဖိုး ၁၂၅၀၀  ပေါင်းတော့ ၃၀၀၅၀ ကျပ်ပါ။ အဲဒါ ၃၀၀  ယူနစ်သုံးစွဲခပါ

 ၅ ပရိုဂရမ်မာတွေကတော့ ဒီလိုလုပ်လိုက်တယ်

တညနေလုံး မီတာခတွက်နည်းထိုင်ရေးလိုက်တာ ခါးပါချည့်။
ကိုယ်က ပရိုဂရမ်းမင်းမတတ်တော့ app တွေ webpage တွေနဲ့ အဆင်သင့်တွက်လို့ ရအောင် လုပ်မပေးတတ်တာကိုး. 
ပြီးသွားလို့ publish post လုပ်ပြီး ဖဘလည်းတင်မယ်ဆိုရော ဟော ပညာရှင်များတင်ထားတဲ့ အဆင်သင့်တွက် လင့်ကလေးကရောက်နေပြီ။ 
ပညာဆိုတာဒါပါပဲ

အဆင်သင့်တွက် https://meterbill.drkzn.net/
ကျေးဇူးကြီးပါပေတယ် ဆရာသမားတို့ရယ်၊👍👍😄😄


အဆင်မပြေတာရှိလျင် အောက်မှာ မန့်သွားပေးပါ
ဖိုးသုည
26-6-19

https://www.facebook.com/MOIWebportalMyanmar/posts/2138220502972471


https://www.moee.gov.mm/mm/index.php/ignite/contentView/1914?fbclid=IwAR1TBzHXHg_oufg46BGCaVVUysjPq_j0R7E1S5H4dcRNwSyG4wWY-WgIWXo

https://www.rfa.org/burmese/program_2/electricity-rate-06142019162157.html

https://www.mmtimes.com/news/myanmar-electricity-rates-soar-next-month.html

https://www.facebook.com/794653527401217/photos/%E1%80%9C%E1%80%BA%E1%80%95%E1%80%B9%E1%80%85%E1%80%85%E1%80%B9%E1%80%99%E1%80%AE%E1%80%90%E1%80%AC%E1%80%81-%E1%80%90%E1%80%BC%E1%80%80%E1%80%B9%E1%80%94%E1%80%8A%E1%80%B9%E1%80%B8%E1%80%9A%E1%80%B1%E1%80%94%E1%82%94-%E1%80%B1%E1%80%81%E1%80%90%E1%80%B9-%E1%80%99%E1%80%BD%E1%80%AC-%E1%80%B1%E1%80%94%E1%80%9B%E1%80%AC-%E1%80%B1%E1%80%90%E1%80%AC%E1%80%B9%E1%80%B1%E1%80%90%E1%80%AC%E1%80%B9-%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%80%99%E1%80%BA%E1%80%AC%E1%80%B8-%E1%80%9C%E1%80%BD%E1%80%BA%E1%80%95%E1%80%B9%E1%80%85%E1%80%85%E1%80%B9%E1%80%99%E1%80%AE%E1%80%B8-%E1%80%9B%E1%80%9C%E1%80%AC-%E1%81%BE%E1%80%80%E1%80%95%E1%80%AB-%E1%81%BF/824986434367926/