Compatible ဖြစ်တဲ့ကွန်ပြူတာတွေမှာ Windows 11 ကိုဘယ်လိုတင်ကြမလဲ။
မိုက်ကရိုဆော့ဖ်က ဒီကွန်ပြူတာမှာ Windows 11 တင်လို့ရပါတယ်လို့သတ်မှတ်တဲ့အခါ Windows 11 ကိုနည်းလမ်း ၂ မျိုးနဲ့ရနိုင်ပါတယ်။
၁. Windows update မှတဆင့် အလှည့်ကျ ပေးတာကို update လုပ်ခြင်း။
၂. Windows 11 download page မှ Windows Media Creation tools ကို ဒေါင်းပြီး Windows installation media ကို တိုက်ရိုက် download လုပ်ကာ Install လုပ်ခြင်း။
၁။ Windows 11 ကို Windows updates မှ တင်ခြင်း။
တကယ်တော့ ကိုယ်ဘာမှ ဟုတ်တိပတ်တိ သိပ်လုပ်စရာမလိုပါ။ ကွန်ပြူတာ ဗဟုသုတသိပ်မရှိသူတွေအတွက်အဆင်ပြေပါတယ်။
အခုနောက်ပိုင်းရက် Windows update ကို စစ်လိုက်လျင် Windows 11 ရနိုင်၊ မရနိုင် ပြပေးနေပါပြီ။
လိုအပ်ချက်ရှိလျင်တော့ ဘာလိုတယ်ဆိုတာ PC Health Check app ကနေ စစ်ဖို့ ပြပါတယ်။
Windows updates ကို ဘယ်လိုစစ်မလဲ
နှစ်နည်းရှိပါတယ်။
(၁) ဝင်းဒိုး ပုံ start ခလုပ်ကိုနှိပ်ပြီး ဘယ်ဘက် start up menu ထဲမှာ ပေါ်လာတဲ့ထဲက ပင်နယံပုံ Settings ကိုနှိပ်လျင် အောက်ဆုံးမှာ Update & Security ရှိပါတယ်။
အဲဒါကိုနှိပ်လျင် Windows Update ပေါ်လာပြီး Check for Updates. ကိုနှိပ်ကာရှာခိုင်းလို့ရပါတယ်။
(၂) ပိုလွယ်တာကတော့ အောက်က ဝင်းဒိုးခလုပ်ရဲ့ ယာဘက် Search box ထဲမှာ updates လို့ရိုက်လိုက်ပါ ။ Check for Updates. ဆိုတာကလေး တန်းပြပါတယ်။ အဲဒီပေါ် click လုပ်လို့ဖြစ်စေ၊ Open ကနေဖြစ်စေသွားလို့ရပါတယ်။
ကိုယ့်ကွန်ပြူတာအတွက် Windows 11 update ရပြီဆိုလျင် ဒီပုံမှာလိုပြပါမယ်။ အောက်က Download and install ကိုနှိပ်ပြီးသူညွှန်ကြားသလိုလုပ်ရုံပါပဲ
Update လုပ်နေစဉ် ကွန်ပြူတာကို restart သူ့ဟာသူပြန်လုပ်ပါမယ်။ ပါဝါမပြတ်အောင်သာဂရုစိုက်ပါ၊
ပြီးသွားလျင်တော့ Windows 11 ကိုရပြီဖြစ်ပါတယ်။ အကောင့်ဆက်တင်တွေကတော့ မူလ ဝင်းဒိုး ၁၀ အတိုင်းဖြစ်ပါမယ်။ Activation ကိုစစ်ကြည့်လျင်လည်း active ဖြစ်နေတာကိုတွေ့ရမှာပါ။
၂. Windows 11 download page မှ Windows Media Creation tools ကို ဒေါင်းပြီး Windows installation media ကို တိုက်ရိုက် download လုပ်ကာ Install လုပ်ခြင်း။
PC health check app ကဖြစ်စေ၊ Windows update ကဖြစ်စေ ဒီကွန်ပြူတာက Windows 11 တင်လို့ရတယ်လို့ပြပေမယ့် Windows updates ထဲမှာ Download and Install ဆိုတာမပြသေးလျင် Windows 11 download page မှ Windows Media Creation tools ကို ဒေါင်းပြီး Windows installation media ကို တိုက်ရိုက် download လုပ်ကာ Installလုပ်နိုင်ပါတယ်။
၂. က Windows installation media ကို တိုက်ရိုက် download လုပ်လုပ်ခြင်း
Windows Media Creation tools ကိုဒီကနေတိုက်ရိုက်ဒေါင်းလုပ်လုပ်လို့လည်းရနိုင်ပါတယ်။ ရလာတဲ့ APP ကို RUN လိုက်တဲ့အခါ Windows 11 setup ဆိုပြီး လက်ရှိကွန်ပြူတာပေါ်က လောလောဆယ်တင်ထားတဲ့ ဝင်းဒိုးနဲ့သင့်လျှော်တဲ့ installation media ကိုရွေးပြပါတယ်။
ကိုယ်က ဘာသာစကားပြောင်းပြီးထည့်ချင်လျင် ဒီနေရာမှာပြောင်းလို့ရပါတယ်။
၂၊ က-၁ Windows Media Creation ISO ဖိုင်
" Choose which media to use" ဆိုတဲ့နေရာမှာတော့ "ISO file" လို့ရွေးပေးပါ။
ပြီးလျင်တော့ သူက ဖိုင်ကိုဘယ်မှာသိမ်းမယ် ၊ ဘယ်နာမည်ပေးမယ်ဆိုတာကိုရွေးခိုင်းပါတယ်။ Windows ထဲကနေ upgrade လုပ်မယ်ဆိုလျင်တော့ ISO ဖိုင်ကို Windows ထဲမှာ mount လုပ်ပြီး တင်လို့ရပါတယ်။ နောင်မှာလိုလျင်သုံးဖို့သိမ်းထားလို့ပါတယ်၊ Bootable USB installation Media လုပ်ချင်လျင်တော့ အဲလိုလုပ်ဖို့ Rufus လို app တခုလိုပါမယ်။ ကိုယ်က နာမည်မရွေးလျင် သူက "Window.iso" ဆိုတဲ့ဖိုင်အနေနဲ့သိမ်းပေးပါတယ်။ ကိုယ့်ပေးချင်တဲ့နာမည်ကိုပြောင်းသိမ်းလို့ရပါတယ်။ ကျနော်ကတော့ နာမည်မှာ ဗားရှင်းပါတွဲရေးပြီးသိမ်းပါတယ်။
ရလာတဲ့ ISO file ကို double click နှိပ်လို့ဖြစ်စေ right click ကနေ Mount လို့ရွေးပေးလျင်ဖြစ်စေ virtual DVD drive တခုလုပ်ပြီး ISO file ကို DVD ထည့်သလိုထည့်ဖွင့်ပါတယ်။ အထဲက setup.exe ဆိုတဲ့ file မှာ right click နှိပ်ပြီး run as administrator အနေနဲ့ စလိုက်လို့ရပါတယ်။
၂၊ က-၂ Windows Media Creation USB Flash drive
" Choose which media to use" ဆိုတဲ့နေရာမှာ USB Flash drive ကိုရွေးလို့လည်းရပါတယ်။ အဲလိုရွေးလျင် ကွန်ပြူတာမှာ အနည်းဆုံး 8 GB ရှိတဲ့ USB Flash drive အလွတ်တခုတပ်ပါ။ တခြားတပ်ထားတဲ့ USB devices တွေရှိလျင် မမှားအောင် ဖြုတ်ထားပါ။
သူက တပ်ထားတဲ့ USB drive ကိုသုံးမှာလားမေးပါတယ်။ မတွေ့လျင် refresh drive list လုပ်ပေးပါ။
လ သူက ဒေါင်းလုပ်လုပ်လို့ရတာတွေကိုအဲဒီထဲဖြည်ထည့်ပြီး Bootable USB installation Media လုပ်ပေးပါတယ်။ သူ့ရဲ့အားသာချက်က ဝင်းဒိုးထဲကနေ upgrade လုပ်တာမဟုတ်ပဲ ကွန်ပြူတာကိုပြန်စပြီး partition တခုလုံးကဖိုင်တွေကိုဖျက်ကာ Clean install အသစ်တင်လို့ရပါတယ်။ ဒါပေမယ့်နောင်မှာသုံးဖို့သိမ်းထားချင်လျင် ဖိုင်တွေကိုချဉ်းကူးထားလို့မရပါ။ USB Flash drive တခုလုံးတခြားအတွက်မသုံးဘဲသိမ်းထားရမှာပါ။
USB Flash drive ထဲမှာလည်း အထက်ကလို setup.exe ဆိုတဲ့ file မှာ right click နှိပ်ပြီး run as administrator အနေနဲ့ စလိုက်လို့ရပါတယ်။
၂၊ ခ Windows 11 installation Media မှ install လုပ်ခြင်း။
ISO file ကို mount လုပ်ပြီး virtual DVD ထဲကဖြစ်စေ installation USB flash drive ထဲကဖြစ်စေ setup.exe ဖိုင်ကို run as administrator လုပ်ပြီး windows 11 တင်ပါမယ်။ အဲဒီ app ကိုတကယ်တင်မှာလားလို့မေးပါတယ်။ Yes ပါ။
Windows 11 Setup ကနေ Install Windows 11 ဆိုပြီးစပါတယ်။
လိုင်စင်သဘောတူညီချက်ကိုလက်ခံပါ။
အဲဒီ နောက်မှာ Change how Windows Setup download updates ဆိုတဲ့စာတန်းကိုနှိပ်ပြီး Update တွေကိုမတင်ဖို့ "Not at the moment " ကို ရွေးပေးပါ။ အဲဒီမှာ Update တင်ပြီး Windows installation ရပ်သွားတတ်ပါတယ်။
သေချာပြီဆို install ကိုနှိပ်ပါ။ ဝင်းဒိုး အသစ်တင်ခြင်းစပါမယ်။ restart အခါအခါ လုပ်ပါမယ်။
အားလုံးပြီးသွားလျင်တော့ ဝင်းဒိုးအသစ်တခုရပါပြီ။
တကယ်လို့ ဝင်းဒိုး ၁၁ တင်ထားပြီးမကြိုက်လို့ ပြန်ဆင်းချင်လျင် တပတ်အတွင်းပြန်ဆင်းလို့ရအောင် ဝင်းဒိုးအဟောင်းတွေကိုဖိုဒါတခုနဲ့သိမ်းထားပေးပါတယ်။ C: drive ထဲမှာ Windows.old လို့နာမည်ပေးထားပါတယ်။ မူလကတင်ထားတဲ့ ပရိုဂရမ်တွေကိုလိုက်လို့ ဖိုင်ဆိုဒ်က 12 GB ကနေ 25 GB လောက်ရှိပါတယ်။
ပြနမဆင်းဘူးသေချာလျင်တော့ ရှင်းပစ်လို့ရပါတယ်။
၃။ လက်ကျန် Windows installation ဖိုင်များကိုရှင်းခြင်း အောက်က Search box ထဲမှာ clean လို့ရိုက်ရှာပါ။ Disk Clean -up tools ရလာပါမယ်။ ဖွင့်လိုက်ပါ။
ရှင်းဖို့ drive C: ကိုရွေးပါ။ drive ထဲမှာ Clean up System files ကိုထပ်ရွေးပါ
Previous windows installation(s), windows update clean up စတိုတွေကို ရှင်းလိုက်ပါ။
ဒါဆို C Driver ထဲမှာ အနည်းဆုံး 16 GB ပြန်ရှင်းသွားမှာပါ။
ဒါဆို Compatible ဖြစ်တဲ့ကွန်ပြူတာတွေမှာ Windows 11 ကိုဘယ်လိုတင်ကြမယ်၊ C Drive ကိုဘယ်လိုရှင်းမယ်ဆိုတာ ရှင်းပြလို့ပြီးပါပြီ၊ အားလုံးအဆင်ပြေကြပါစေ။
ဖိုးသုည
၁၅-၁၀-၂၀၂၁
ပို့စ်လင့်
Windows 11 installation Media
windows 11 တင်လို့မရဘူးဆိုတဲ့ ကွန်ပြူတာအဟောင်းတွေမှာ Windows 11 တင်နည်းကိုတော့ ဒီမှာကြည့်ပါ။
အပိုင်း(၁)
(အပိုင်း (၂)
No comments:
Post a Comment