Wednesday, October 27, 2021

unsupported CPU သုံးထားလို့ သို့မဟုတ် TPM ရှိပေမယ့်ဗားရှင်းနိမ်နေလို့ Windows 11 မရနိုင်ဘူးဆိုတဲ့ ကွန်ပြူတာတွေမှာ Windows 11 သို့ upgrade လုပ်လို့ရအောင် registry ပြင်ခြင်း။

 

 

Windows 11 နဲ့  compatible  မဖြစ်လို့  တင်လို့မရဘူးဆိုတဲ့ ကွန်ပြူတာအဟောင်းတွေမှာ  Windows 11 တရားဝင်သုံးလို့ရအောင်တင်နည်း။ အပိုင်း (3) 

unsupported CPU သုံးထားလို့ သို့မဟုတ်  TPM  ရှိပေမယ့်ဗားရှင်းနိမ်နေလို့ Windows 11  မရနိုင်ဘူးဆိုတဲ့ ကွန်ပြူတာတွေမှာ  Windows 11 သို့ upgrade လုပ်လို့ရအောင်  registry ပြင်ခြင်း။

ဒီနည်းကို Microsoft support  က တင်ပေးထားတာပါ။ TPM နဲ့ CPU support   မရတဲ့ ကွန်ပြူတာတွေအတွက်ပါ၊ ကွန်ပြူတာတိုင်းတော့မရနိုင်ပါ။ 
ကျနော်စမ်းကြည့်တာ  Acer Aspire E5 ပါ။  TPM, Secure Boot အကုန်ပါပါတယ်။ 
CPU  တခုတည်း i5 7200 ဖြစ်နေလို့ windows 11 တင်လို့မရတဲ့အတွက်လုပ်ရတာပါ။
Windows 11  ကိုတင်လို့ရပေမယ့်  Support ရမှာမဟုတ်သလို  update တွေလည်းရမှာမဟုတ်ဘူးလို့ဆိုပါတယ်။ 

လိုအပ်သည်များ

Windows 11 installation media ( ISO ဖိုင် သို့မဟုတ် USB drive)
64 bit Windows 10 (activated)  တင်ထားသောကွန်ပြူတာ၊ TPM နဲ့  CPU မှလွဲ၍  Windows 11 အတွက် အခြားလိုအပ်ချက်များပြည့်စုံရမည်။ TPM ကလည်းလုံးမရှိတာမဟုတ်ဘဲ TPM 1.2 တော့ အနည်းဆုံးရှိထားရပါမယ်။ 




ပြုလုပ်ပုံ။ 

၁. Windows 11 installation Media ( USB သို့ ISO ဖိုင်) ကို Windows 11 download page  မှ Media Creation tool  ကိုသုံးပြီး ဒေါင်းလုပ်ရယူပါ။ 





၂.  USB installation ဖြစ်လျင် ကွန်ပြူတာမှာတပ်ပါ (သို့)  ISO ဖိုင်ဖြစ်လျင်  Right clinic နှိပ်ပြီး  mount လုပ်ပါ။ အထဲက  setup.exe ဖိုင်ကလေးကိုတွေ့ပါမယ်။ အဲဒီဖိုင်ကို  double click လုပ်ပြီးဖြစ်စေ right click နဲ့ run as administrator  သုံးပြီးဖြစ်စေ  Windows 11 installation ကို စတင်ပါ။ 




၃.  installation  လုပ်တဲ့အခါ update  တွေကို Download  မလုပ်အောင်  not right now  လို့ရွေးပါ။ ခဏနေလျင် This PC  doesn't currently meet the Windows 11 system requirements ဆိုပြီးဆက်သွားလို့မရအောင် ရပ်နေပါမယ်။ 






၄. ဒီအဆင့်မှာ  Windows Registry ကိုပြင်မှာပါ။ 
Registry Editor  ကိုဖွင့်ဖို့အတွက်   ဝင်းဒိုး  Start ခလုပ်ဘေးက မှန်ဘီလူးပုံနဲ့ Search box " regedit" လလို့ရိုက်ပါ၊ registry editor ပေါ်လာလျင် run as administrator နဲ့ဖွင့်ပါ၊ 
registry editor ထဲက HKEY_LOCAL_MACHINE\SYSTEM\Setup\MoSetup ကိုသွားပါ။ 
MoSetup ပေါ်မှာ right clinic  နှိပ်ပြီး New DWORD (32-bit)  value  ကို ရွေးကာ Name  နေရာမှာ AllowUpgradesWithUnsupportedTPMOrCPU  လို့ဖြည့်ပါ။ ပြီးလျင်  right click  နှိပ်ပြီး  Modify  ကနေ  Value data  နေရာမှာ ရှိနေတဲ့ 0 ကို 1 လို့ပြောင်းပြီး OK  နှိပ်ထွက်ပါ။ 
ပြီးလျင်တော့ Registry Editor   ကိုပိတ်လို့ရပါပြီ။ 




၅. ပြီးလျင်  Windows 11 Installation  ကိုပိတ်ပြီး ပြန်စပါမယ် အဲဒီအခါမှာတော့ This PC  doesn't currently meet the Windows 11 system requirements ဆိုတဲ့မက်ဆေ့ပေါ်မလာတော့ဘဲ   Windows 11 လိုင်စင်ကို လက်ခံခိုင်းပါမယ်။  ပြီးလျင် လိုအပ်ချက်မပြည့်စုံတဲ့ ကွန်ပြူတာမှာသုံးလို့ တခုခုဖြစ်လျင် warranty ပျက်နိုင်ကြောင်း၊ Windows update  တွေလည်းရဖို့မသေချာကြောင်းသတိပေးပြီးလက်ခံလျင် Windows 11 installation  ဆက်သွားပါတယ်။ 





၆. ဒီအဆင့်ကတော့  Windows upgrade  ဖြစ်တာကြောင့်လုပ်ပြီးလျင် ဘာတွေချန်ထားချင်တယ်ဆိုတာကိုရွေးဖို့ပါ၊ 
  • Keep personal files and apps      မိမိသိမ်းထားနဲ့ဖိုင်နဲ့ပရိုဂရမ်တွေပါချန်ထားမယ်။ 
  • Keep personal files only     မိမိသိမ်းထားနဲ့ဖိုင်တွေပဲချန်ထားပြီး ဆက်တင်တွေ ပရိုဂရမ်တွေကိုဖြုတ်မယ်။ ပြီးမှပြန်ထည့်ရမယ်။ 
  • Nothing     ဘာမှချန်မထားလဲ ကွန်ပြူတာအသစ်တလုံးလို  တင်မယ်။ 
ဆိုတာသုံးခုထဲကတခု Change what to keep ကနေ ရွေးပါ။ 
ပြီးလျင်  ကိုယ်တင်မယ့် ဝင်းဒိုးဗားရှင်းနဲ့ ဘာတွေချန်မယ် မချန်ဘူးထပ်ပြပါမယ်။   
Install  လုပ်လို့ရပါပြီ




Windows 11  install  လုပ်နေချိန်မ ကွန်ပြူတာကို  restart  သုံးလေးခါလုပ်ပါမယ်။ 



ရလာတဲ့ Windows 11 က မူလ Windows 10 နဲ့ ဗားရှင်းတူမှာဖြစ်ပြီး  အင်တာနက်ချိတ်တာနဲ့ Activate လုပ်ပပေးပါတယ်။ 
လောလောဆယ်တော့ အပ်ဒိတ်တွေရနေပါတယ်။ 

Windows 11 ကိုမကြိုက်လို့  Windows 10  ကိုပြန်ဆင်းလို့ရမလား။ 

upgrade လုပ်တာဖြစ်လို့ တင်ပြီး ၁၀ ရက်အတွင်း မူလ Windows 10 ကို ပြန်ဆင်းချင်လျင် ဆင်းလို့ရပါတယ်။ 
 Setting ထဲက System  မှာ Recovery အောက်က  Go back  ကိုနှိပ်ပြီးပြန်ဆင်းလို့ရတယ်ဆိုပါတယ်။ ဆယ်ရက်ကျော်လျင်တော့ ဖိုင်အဟောင်းတွေကိုရှင်းပစ်လိုက်လို့ ပြန်ဆင်းလို့မရတော့ ဘဲ  Windows 10  အသစ်ပြန်တင်မှရပါလိမ့်မယ်။ 




ဖိုးသုည
27/10/2021

ဒီပို့စ်ရဲ့လင့် 

မိုက်ကရိုဆော့ကပေးထားတဲ့ လင့် 





No comments:

Post a Comment