Sunday, October 10, 2021

Windows 11 နဲ့ compatible မဖြစ်ဘူးဆိုတဲ့ ကွန်ပြူတာအဟောင်းတွေမှာ Windows 11 တင်လို့ရအောင်တင်နည်း။ အပိုင်း (၁) Hybrid Installer လုပ်နည်း

 Windows 11 နဲ့  compatible  မဖြစ်ဘူးဆိုတဲ့ ကွန်ပြူတာအဟောင်းတွေမှာ  Windows 11 တင်လို့ရအောင်တင်နည်း အပိုင်း (၁) 

Hybrid Windows Installation Media  ပြုလုပ်ခြင်း 


Windows 11 နဲ့  compatible  မဖြစ်လို့  တင်လို့မရဘူးဆိုတဲ့ ကွန်ပြူတာအဟောင်းတွေမှာ compatible  ဖြစ်မဖြစ် စစ်ဆေးတဲ့အဆင့်ကို ကျော်ဖြတ်လိုက်လျင် တော့ Windows 11 ကိုတင်လို့ရပါတယ်။ 

လိုအပ်သည်များ (ဒေါင်းလုပ်လင့်များကိုအောက်မှာပေးထားပါတယ်)

၁. Windows 10 installation ISO (သို့) Installation Media USB
၂. Windows 11 installation ISO
၃. Rufus Bootable USB maker app ( ဒုတိယနည်းအတွက်) 
၄. USB flash  drive 8 GB 

လုပ်ဆောင်ပုံအကျဉ်း၊ 

၁. Windows 10 Download page ကနေ Windows 10 installation Media ကို  UBS flash drive တခါတည်းလုပ်လို့ရပါတယ်။ 
(သို့မဟုတ် ) Windows 10 installation ISO ဖိုင်ကို သိမ်းထားပြီးသားရှိလျင် Rufus app ကိုသုံးပြီး Windows 10 installation ISO နဲ့   USB pen drive ကို Bootable USB Windows Installation media USB drive ဖြစ်အောင်လုပ်ပါတယ် ။ 
၂. အဲဒီ USB drive ထဲက  Sources Folder ထဲမှာရှိတဲ့  install.esd ဆိုတဲ့ Windows 10 image ဖိုင်ကို  Delete လုပ်ပါတယ်၊။ 
၃. Windows 11 installation ISO ကို File Explorer  မှာဖွင့်ပါတယ်။ Virtual DVD drive တခုမှာ Mount လုပ်တယ်လို့ပြပြီး အဲဒီ DVD drive ထဲက  Sources Folder ထဲမှာရှိတဲ့ install.esd  ဆိုတဲ့ Windows 11 image ဖိုင်ကို copy  ကူးပြီး စောစောက ဖွင့်ထားတဲ့ အဲဒီ USB drive ထဲက  Sources Folder ထဲကိုကူးထည့်ပါတယ်။ 

ဒါဆို Windows 11 image ပါတဲ့ Windows 10 installation USB pen drive (Hybrid Windows installation media) ရပါပြီ။ 

၄. ပြီးလျင်တော့ အဲဒီ Hybrid Windows installation USB drive   ကိုသုံးပြီး  Windows  ကို Upgrade လုပ်လို့ဖြစ်စေ Custom install  လုပ်လို့ဖြစ်စေ Windows 11 ကိုဘယ်နည်းနဲ့ဖြစ်ဖြစ် တင်လို့ရပါပြီ။ 




လုပ်ဆောင်ပုံအဆင့်ဆင့်

၁. Hybrid Windows installation USB drive ပြုလုပ်ပုံအဆင့်ဆင့်။ 

Hybrid Windows installation USB drive ပြုလုပ်ဖို့ အထက်မှာဖေါ်ပြထားတဲ့ Windows image files, Rufus and USB pen drive တွေလိုပါတယ်။ 
အဲဒီလိုလုပ်ဖို့ Windows Operating system  သုံးတဲ့ ကွန်ပြူတာတလုံးနဲ့ အင်တာနက်ကွန်နက်ရှင်လည်းလိုပါတယ်။ 

ဒီနေရာမှာ နှစ်နည်းရှိပါတယ်။ 
ပထမနည်းက installation USB drive တန်းရလို့ ပိုလွယ်ပါတယ်။ 
ဒုတိယနည်းကတော့ Windows 10 installation ISO ဖိုင်ကို နောင်သုံးဖို့ သိမ်းထားလို့ရသလို၊ အရင်ကဒေါင်းထားပြီးသား Windows 10 installation ISO ဖိုင်ရှိလျင် ထပ်ဒေါင်းစရာမလိုဘဲလုပ်လို့ရပါတယ်။ 

(၁.က) Windows 10 နဲ့ 11 installation media ISO ဖိုင် နဲ့ Rufus app များရယူခြင်း။

Windows 10 နဲ့ 11 installation media ISO ဖိုင်တွေကို မလိုလားအပ်တဲ့ virus တို့ trojan တို့မပါအောင်  Microsoft website မှ တိုက်ရိုက် ဒေါင်းလုပ်လုပ်လို့ရပါတယ်။
Windows 10 အတွက် နောက်ဆုံးဗားရှင်းကိုယူဖို့ MediaCreationTool  ဆိုတဲ့ Program ကလေးတွေကို ဆိုင်ရာ Windows Download page  ကနေ ဆွဲချလို့ရပါတယ်။ 
တိုက်ရိုက်ဒေါင်းလုပ်လုပ်ဖို့လင့်က ဒီမှာပါ။ 
Windows 11 အတွက် ကတော့ Download Windows 11 (microsoft.com) ပါ။ 
တိုက်ရိုက်လင့်က ဒီမှာပါ။

ရလာတဲ့ MediaCreationTool  တွေကို  run  လိုက်တဲ့အခါ ဆိုင်ရာ Windows 10 နဲ့ 11 installation media  ဖိုင်တွေကို  Download  လုပ်ပေးပါတယ်။ 
အဲဒီထဲမှာ လိုင်စင်စည်းကမ်းတွေကို လက်ခံပြီးလျင်  "What do you want to do? " လို့မေးတဲ့အခါ "Create installation media" လို့ရွေးပေးပါမယ်။ 




ပြီးလျင် သူက ကိုယ့်ကွန်ပြူတာမှာ လောလောဆယ်တင်ထားတဲ့ ဝင်းဒိုးနဲ့သင့်လျှော်တဲ့  installation media ကိုရွေးပြပါတယ်။ 



ကိုယ်က ဘာသာစကားပြောင်းချင်ပြောင်းလို့ရပါတယ်။ 


နည်းလမ်းနှစ်ခုလုံးမှာ ဒီအဆင့်ထိတူပါတယ်။ 

၁. က.၁. ပထမနည်း (အဆင့်နည်းပြီး ပိုရှင်းပါတယ်)

Windows installation USB drive တန်းလုပ်မယ်ဆိုလျင် သုံးမည့်  USB flash drive ထဲကဒေတာတွေကိုသိမ်းပြီး ကွန်ပြူတာမှာတပ်ပါ။ 
" Choose which media to use" ဆိုတဲ့နေရာမှာတော့ "USB Flash drive " လို့ရွေးပေးပါ။ 


ပြီးတဲ့အခါ တပ်ထားတဲ့ USB flash drive ကိုပြပါမယ်။ မှန် မမှန် စစ်ပြီး  Next  ကိုနှိပ်ပါ။ 





Windows 10 installation Media ကို  UBS flash drive ထဲထည့်ပြီး UBS flash drive ကို လည်း  bootable USB installer  ဖြစ်အောင်လုပ်ပေးပါတယ်။ 

အခုဆိုလျင် bootable Windows 10 installation  UBS flash drive ရပါပြီ။ 
ပြီးလျင် ၁.က.၂ ထဲကနည်း အတိုင်း Windows 11 Installation Media ISO file  ကိုဒေါင်းလုပ်လုပ်ပါ။ ပြီးလျင် အဆင့် ၁. ခ အဆင့်ကိုကျော်ပြီး ၁.ဂ ကိုတန်းသွားပါ။ 

၁.က. ၂ . ဒုတိယနည်း 

Windows 10 installation Media ISO file ကို အရင်ဒေါင်းပြီး မှ bootable USB installer  ဖြစ်အောင် ပြန်လုပ်တာပါ။ အဆင့်ပိုပါတယ်။ Windows 10 installation Media ISO file ကိုလည်းအသုံးရှိသူတွေအတွက်တော့ အသုံးတည့်ပါတယ်။ 
" Choose which media to use" ဆိုတဲ့နေရာမှာတော့ "ISO file" လို့ရွေးပေးပါ။ 


ပြီးလျင်တော့ သူက ဖိုင်ကိုဘယ်မှာသိမ်းမယ် ၊ ဘယ်နာမည်ပေးမယ်ဆိုတာကိုရွေးခိုင်းပါတယ်။ 
ကိုယ်ကမရွေးလျင် သူက "Windows.iso" ဆိုတဲ့ဖိုင်အနေနဲ့သိမ်းပေးပါတယ်။ 




Windows  11 installation media ISO ဖိုင်ကိုလည်းဒီလိုနည်းအတိုင်း ဒေါင်းလုပ်ရယူပါ။ 

ISO file  နာမည်ကလေးတွေကို Windows 10 နဲ့  11 ကွဲပြားအောင်၊ ဘာသာစကားကိုလည်း UK  နဲ့ US English ကွဲအောင် နာမည် ခွဲပေးထားပါတယ်။ 



Rufus Bootable USB maker app  ကိုတော့သူ့ရဲ့ မူရင်းဝဘ်ဆိုဒ်ကနေ ဒေါင်းလုပ်ရယူပါ။ 
တိုက်ရိုက်ဒေါင်းလုပ်လင့်က ဒီမှာပါ။ 

(၁. ခ) Windows 10 Installation Media USB drive ပြုလုပ်ခြင်း။ 

ဒီလိုလုပ်ဖို့ 8 GB အနည်းဆုံးရှိတဲ့  USB pen drive  ကိုကွန်ပြူတာမှာတပ်ပါမယ်။ သူ့ထဲက ဖိုင်တွေအကုန် backup လုပ်ထားပါ။ သူ့ကို အကုန် ရှင်းပစ်မှာပါ။  မှားပြီးဖျက်ပစ်တာမျိုးမဖြစ်ရလေအောင် တပ်ထားတဲ့ တခြား  pen drive နဲ့  external Hard disk တွေကိုအကုန်ဖြုတ်ထားပါ။ 
သေချာအောင် အဲဒီ USB pen drive ရဲ့ drive letter  ကိုမှတ်ထားပါ။ 
Rufus app ကို run ပါမယ်။ 


ပေါ်လာတဲ့ Rufus ဝင်းဒိုးထဲက Device  ရဲ့အောက် မှာ  ကိုယ်သုံးမည့်  USB pen drive ကိုရွေးပေးပါ။ 
  • Boot selection မှာတော့ကိုယ်က အခွံအနေနဲ့သုံးမည့် Windows 10 installation ISO  ကိုရွေးဖို့ ယာဘက်က "SELECT" ဆိုတာကိုနှိပ်ပြီး ကိုယ်သိမ်းထားတဲ့ ဖိုင်ကိုသွားရွေးပေးပါ။ 
  • image option ကတော့ Standard Windows installation ပါပဲ။
  • Partition scheme ရွေးတာက ကတော့ အရေးကြီးပါတယ်။  ကိုယ့်ကွန်ပြူတာရဲ့ BIOS system က ဘယ်  Booting စနစ်သုံးလဲဆိုတာပေါ်တည်ပြီးရွေးရတာဖြစ်ဖို့ အဲဒါကိုသိဖို့ search box ထဲမှာ msinfo  လို့ရိုက်ပါ။  system information  ပေါ်လာပါမယ်။ အဲဒီထဲမှာ BIOS Mode ကိုရှာပါ။ 
    • Legacy လို့ပြလျင် MBR Partition ကိုရွေးပါ။ 
    • UEFI ဆိုလျင် GPT Partition ကိုရွေးပါ။ 

  • Volume label  ဆိုတာကတော့ ကိုယ်လုပ်ပြီးသွားတဲ့ Pen drive ကို ပေးမည့်နာမည်ပါ။ ကိုယ်ကဘာမှမရွေးလျင် သူက  ESD-ISO လို့နာမည်ပေးပါတယ်။ ကျနော်ကတော့  Hybrid_Windows_10_11 လို့နာမည်ပေးလိုက်ပါတယ်။ 
  • အားလုံးအဆင်သင့်ဖြစ်လျင် START ကိုနှိပ်လို့ရပါပြီ။ 
  • သူက  USB drive ထဲကဖိုင်တွေမဖျက်ခင် လုပ်မလုပ်မေးပါမယ်။ 


  • လုပ်ငန်းလုပ်နေစဉ် Status ကိုပြပါတယ်။ 





  • အားလုံးပြီးသွားလျင် အဲဒီ Status က READY  ဖြစ်သွားပါတယ်။ 
  • ဒါဆိုလျင်တော့ Windows 10 Installation Media ပါတဲ့ USB drive တခုရပါပြီ။ 
  • Rufus  ကို Close  ဆိုပြီးပိတ်လို့ရပါပြီ။ 

(၁. ဂ) ပြုလုပ်ပြီးသော  Windows 10 Installation Media USB drive ထဲမှ Windows 10 image file ကို  Windows 11 image file ဖြင့်အစားထိုးခြင်း ။ (သို့)  Installation Media  ကို မျိုးစပ်  Hybrid  ပြုလုပ်ခြင်း 

  1. ပြုလုပ်ပြီးသော  Windows 10 Installation Media USB drive ကို File Explorer ထဲမှာဖွင့်ပြီး Sources Folder ထဲမှာ install.esd  ဆိုတဲ့ဖိုင်ကိုရှာပါ။ တချို့ ISO တွေမှာ  install.wim  ဆိုပြီးပါတတ်ပါတယ်။ အဲဒီဖိုင်က Windows 10 OS image ဖိုင်ပါ။ အဲဒီဖိုင်ကို  Delete ပါမယ်။ 




  1. ဒေါင်းလုပ်လုပ်ထားတဲ့ Windows 11 installation medial ISO file double click လုပ်ပြီးဖြစ်စေ right click နှိပ်ပြီး Mount လို့ရွေးလို့ဖြစ်စေ  Virtual DVD drive ထဲမှာ အဲဒီ ISO ဖွင့်ပြီး Sources Folder ထဲမှာ install.esd  ဆိုတဲ့ဖိုင်ကိုရှာပါ။




  1. ရလာတဲ့   install.esd  ဆိုတဲ့  Windows 11 OS image ဖိုင်ကို ကော်ပီကူးပြီး နံပတ် ၁ မှာ  delete လုပ်လိုက်တဲ့ ဖိုင်နေရာ၊  USB drive ထဲက  Sources folder ထဲမှာ paste လုပ်ပါ။ 


  1. ဒါဆို USB drive က Windows 10 Installation Media ဖြစ်နေပြီး အထဲမှာတော့ Windows 11 OS image ဖိုင် ပါနေတဲ့   Hybrid  Installation Media  ဖြစ်သွားပါပြီ။ 


အဲဒီ Hybrid  Installation Media ကို သုံးပြီး Windows  ကို Install/ upgrade  လုပ်တဲ့ အခါ Windows 10 Installation  အနေနဲ့ အလုပ်လုပ်လို့ Windows 11 နဲ့  compatible  ဖြစ်မဖြစ်မစစ်ဆေးတော့ဘဲ Install လုပ်တော့မှာဖြစ်ပြီး OS image ကိုထည့်လိုက်တဲ့အခါမှာတော့ Windows 11 ကိုတင်ပြီးသွားဖြစ်သွားပါမယ်။ 

သတိ။  
Windows 10 install Image file ကို  Windows 11 install Image file နဲ့ အစားထိုးတဲ့အခါ install.esd  ကို install.esd  နဲ့ပဲ အစားလို့ရပါမယ်။ တခုက install.wim  တခုက install.esd   ဖြစ်နေလို့မရပါ။ Windows 10 install Image file အတိုင်းဖြစ်အောင် Windows 11 install Image file ကိုပြောင်းပေးဖို့လိုပါလိမ့်မယ်။ 

Hybrid  Installation Media လုပ်ဖို့  Windows 10 နဲ့ 11 Installation Media တွေကိုဒေါင်းလုပ်လုပ်ရတာ တခုကို 4 Gigabyte  ကျော်စီရှိလို့ နှစ်ခုပေါင်း 9 GB ကျော်ပါမယ်။ အင်တာနက်ဒေတာစားပါတယ်။

ဒေတာလည်းသက်သာချင်တယ်၊ အလုပ်ရှုပ်လည်းသက်သာချင်တယ်၊ ဒါမှမဟုတ် Hybrid  Installation Media မလုပ်တတ်ဘူးဆိုလျင်တော့ အဆင်သင့်လုပ်ပြီး သား Hybrid  Installation Media ကိုတင်ထားပေးပါတယ်။ အဲဒါကလေးကို ဒီလင့်မှာ    US English (en.us) နဲ့  UK English ( en.gb)   ဆိုပြီး နှစ် မျိုးလုံးတင်ထားပါတယ်။  ဒေါင်းလုပ်လုပ်ပြီး  upgrade  သို့မဟုတ် custom install လုပ်ကာ Windows 11  တင်လို့ရပါတယ်။ 
ကျနော်ကိုယ်တိုင်လုပ်ထားတာဖြစ်လို့ တခြားဘာ ဗိုင်းရပ်စ်တွေ ထရိုဂျင်တွေမပါကြောင်းစိတ်ချနိုင်ပါတယ်။ 

နောက် လုပ်ရမှာကတော့ 


၂. Hybrid Windows installation USB drive သုံးပြီး 64 bit Windows 10  တင်ထားတဲ့ကွန်ပြူတာအဟောင်းမှာ  Windows 10 မှ Windows 11 သို့ upgrade လုပ်ခြင်း။


သို့မဟုတ် 

၃. Hybrid Windows installation USB drive သုံးပြီး Windows 10  တင်ပြီး  activated လုပ်ဖူးထားတဲ့ကွန်ပြူတာအဟောင်းမှာ  Windows 11 ကို  Boot from USB  ကနေ Custom install  လုပ်ခြင်း ။ https://youtu.be/uU0z3je0bJs 


တို့ပါ။ 
အဲဒါတွေကိုအပိုင်း ၂ နဲ့ ၃ ဆိုပြီးခွဲတင်ပေးပါမယ်။ 

ဖိုးသုည
10-10-2021


ဒေါင်းလုပ်လင့်များ 
လက်ရှိပို့စ်

Windows 10 installation Media

Windows 11 installation Media

Rufus Bootable USB maker 

Hybrid Windows 10-11 Installation media ( English US) 




No comments:

Post a Comment