Windows 11 နဲ့ compatible မဖြစ်ဘူးဆိုတဲ့ ကွန်ပြူတာအဟောင်းတွေမှာ Windows 11 တင်လို့ရအောင်တင်နည်း အပိုင်း (၂)
၂. Hybrid Windows installation USB drive သုံးပြီး 64 bit Windows 10 မှ Windows 11 သို့ upgrade လုပ်ခြင်း။
ကွန်ပြူတာမှာတင်ထားတဲ့ Windows ထဲကနေ သူ့ထက်ဗားရှင်း အမြင့်ကိုခေါ်တင်တာကို upgrade လုပ်တယ်လို့သုံးကြပါတယ်။
upgrade လုပ်ပုံလုပ်နည်း နှစ်မျိုးရှိပါတယ်။
၁. Windows 10 မှာ သူ့ဟာသူပုံမှန် စစ်ပြီး ပုံမှန် တင်ပေးတဲ့ Windows update တွေကနေ အသစ်ထွက်တဲ့ ဗားရှင်းကို အဆင်သင့် ဆွဲချပေးပြီး တင်တာပါ။ ပုံမှန်ပေးနေတဲ့ update တွေကိုစုပြီး Features အသစ်တွေနဲ့အတူ Windows 10 build အသစ်တွေထုတ်ရာမှာလည်း Windows update ကနေပေးပါတယ်။ မနှစ်ကစလို့ update တွေ Features အသစ်တွေကိုစုပြီး build t အသစ်ကို Build နာမည်အစာ H1 နဲ့ H2 ဆိုပြီး တနှစ်နှစ်ခါပေးပါတယ်။
ဒီလို အပ်ဒိတ်ကနေ ဗားရှင်းအသစ်ကိုတင်တာက အလွယ်ဆုံးနဲ့ အရှင်းဆုံးပါ။ မှားမှာလည်းမပူရသလို ဖိုင်တွေပျက်မှာ ပျောက်မှာလည်းပူစရာမလိုပါ။
ကွန်ပြူတာဗဟုသုတ သိပ်များများနားလည်စရာလည်းမလိုပါ ။ စက်တလုံးနဲ့ တလုံးတော့ update ရချိန်တူချင်မှတူပါမယ်။
၂။ နောက်တနည်းကတော့ အသစ်ထွက်တဲ့ Windows new build installation media ကို မိမိဖာသာ download လုပ်ပြီး upgrade လုပ်တဲ့နည်းပါ။
ကွန်ပြူတာဗဟုသုတ အတော်အတန်ရှိထားဖို့လိုပါတယ်။
Download လုပ်ရတဲ့ file size ကြီးပါတယ်။ ဘယ်မှာရှာပြီးဒေါင်းရမယ်ဆိုတာကိုသိဖို့လိုပါတယ်။
အဲဒီလို Windows new build installation media တွေကိုဘယ်လိုဒေါင်းလုပ်လုပ်လို့ရတယ်ဆိုတာကို အရင်ပို့စ် အပိုင်း ၁.က မှာရေးထားပါတယ်။
ဒီပို့စ်မှာတော့ အဲဒီလို Windows installation media ISO ဖိုင်တွေကနေ ဗားရှင်းအသစ်ကို ဘယ်လို့ upgrade လုပ်မလဲ ဆိုတာကို ရေးပြမှာပါ။
Windows 11 Compatible computer တွေမှာတော့ တိုက်ရိုက်ဆွဲချထားတဲ့ Windows 11 installation media ISO ဖိုင်ကနေ Windows 11 ကိုတန်းတင်လို့ရပါတယ်။
Windows 11 Compatible မဖြစ်တဲ့ computer အဟောင်းတွေမှာတော့ အဲဒီလို Windows 11 ကိုတိုက်ရိုက်တင်လိုက်တဲ့အခါ ဒီစက်က Windows 11 နဲ့ အဆင်မပြေပါဘူးလို့မက်ဆေ့ပြပြီး ဆက်မသွားတော့ပါ။
ဒီတော့ ပို့စ့်အပိုင်း (၁) မှာပြထားတဲ့ Hybrid installation media လုပ်ရပါတယ်။
အဲဒီကရတဲ့ Hybrid installation media က USB drive ထဲမှာဖြစ်လို့ အဲဒီထဲကနေ Upgrade လုပ်ရမှာပါ။
မလုပ်တတ်သူတွေအတွက် ကျနော်လုပ်ပေးထားတဲ့ Hybrid installation media ကိုတော့ ISO ဖိုင်ပြန်လုပ်ပြီးရှဲထားလို့ အဲဒီဖိုင်ကနေ ဒီလင့်ကနေဆွဲချပြီး တိုက်ရိုက် တင်လည်းရပါတယ်။ တင်နည်းသိပ်မကွာပါ။
၁. Windows 11 installation media USB drive မှ upgrade လုပ်ခြင်း ။
- Windows 11 installation media USB drive ကိုတပ်လိုက်ပါ။ သူ့မှာပါတဲ့ဖိုင်တွေကို ဝင်းဒိုးတခုဖွင့်ပြီး ပြပါမယ်။ အဲလိုမပြလျင် This PC ကနေ အဲဒီ USB Drive သွားဖွင့်ပါ။ ဒီနေရာမှာတော့ ကျနော်က Hybrid installation media ပါတဲ့ USB Drive ကိုတပ်ပါတယ်။
USB drive ထဲက setup.exe ဖိုင်ကို right clinic နှိပ်ပြီး run as administrator နဲ့ run ပါ။ အဲဒီ app ကိုတကယ်တင်မှာလားလို့မေးပါတယ်။ Yes ပါ။
- Windows 10 Setup ကနေ Install Windows 10 ဆိုပြီးစပါတယ်။
- အဲဒီမှာ Change how Windows Setup download updates ဆိုတဲ့စာတန်းကိုနှိပ်ပြီး Update တွေကိုမတင်ဖို့ "Not at the moment " ကို ရွေးပေးပါ။ အဲဒီမှာ Update တင်ပြီး Windows installation ရပ်သွားတတ်ပါတယ်။
အခုထိက Windows 10 Setup လို့ပဲပြနေပါတယ်။ Applicable notices and licence terms ကို Accept လုပ်ပါ။
- Ready to install ဆိုပြီး တင်မယ့် Windows ဗားရှင်းကိုပြတဲ့အခါမှာတော့ တကယ်တင်မယ့် Windows 11 ရဲ့ဗားရှင်းကြပြပါပြီ။ Keep Personal files and apps လို့ အမှန်ခြစ်ထားပါတယ်။ ကိုယ်က ဖိုင်တွေပဲချန်မယ် ကျန်တဲ့ ပရိုဂရမ်တွေပါဖြုတ်ချင်တယ် ဆို အောက်က Change what to keep ကိုနှိပ်ပါ။
- Choose what to keep ဆိုပြီး ပြပါတယ်။ အောက်ကသုံးမျိုးထဲကတခုကိုရွေးပါ။
- Keep personal files and apps (လက်ရှိဝင်းဒိုးမှာသိမ်းထားတဲ့ ကိုယ့်ဖိုင်တွေနဲ့ ထည့်ထားတဲ့ ပရိုဂရမ်တွေအကုန်ချန်ထားမှာလား )
- Keep personal files only (လက်ရှိဝင်းဒိုးမှာသိမ်းထားတဲ့ ကိုယ့်ဖိုင်တွေပဲချန်ပြီး တင်ထားတဲ့ပရိုဂရမ်တွေအားလုံးကိုဖျက်ပစ်မှာလား။
- Nothing ဘာမှချန်မထားဘူးလား Clean install လို့ခေါ်ကြပါတယ် ကွန်ပြူတာအသစ်တလုံးလို့ ဆက်တင်အကုန်ပြန်ထည့်ရပါတယ်။
- ပြီးလျင် Next ကိုသွားပါ။
- အဲဒီမှာ နောက်တခါ Ready to install ဆိုပြီး တင်မယ့် Windows ဗားရှင်းကိုပြပြီး ကိုယ်ကဘယ်ဖိုင်တွေကိုချန်မယ်လို့ရွေးထားတယ်ဆိုတာကိုတခါထပ်ပြပါတယ်။
- Install ကို နှိပ်ပါ။
- ဒါဆို Windows installation စပါပြီ။
- စောစောကတည်းက Choose what to keep ကိုမရွေးဘဲ တခါတည်း Install ကနေသွားလည်းရပါတယ်။
- Hybrid installation media ကိုသုံးတဲ့အတွက် Windows11 image ကိုတင်နေပေမယ့် အစပိုင်းမှာ Installing Windows 10 လို့ပဲပြပါသေးတယ်။
၂. Windows 11 installation media ISO file မှ upgrade လုပ်ခြင်း ။
Windows 11 Compatible computer တွေမှာတော့ တိုက်ရိုက်ဆွဲချထားတဲ့ Windows 11 installation media ISO ဖိုင်ကနေ Windows 11 ကိုတန်းတင်လျင် သို့မဟုတ်
Hybrid installation media ISO ဖိုင်ကနေ Windows 11 တင်လျင် လုပ်နည်းပါ. အစပိုင်းနည်းနည်းပဲကွာပြီး ကျန်တာ USB drive ကနေ upgrade လုပ်တာနဲ့ တူပါတယ်။
File Explorer ကနေ Windows 11 installation media ISO ဖိုင်ကို Double click နှိပ်ပါ သို့မဟုတ် right click နှိပ်ပြီး Mount လုပ်ပါ။
Windows က Virtual DVD drive တခုဖန်တီးပြီး ISO ဖိုင်ကို အဲဒီထဲမှာဖွင့်ပေးပါတယ်။
Virtual DVD drive ထဲက setup.exe ဖိုင်ကို right clinic နှပ်ပြီး run as administrator နဲ့ run ပါ။ အဲဒီ app ကိုတကယ်တင်မှာလားလို့မေးပါတယ်။ Yes ပါ။
- Windows 10 Setup ကနေ Install Windows 10 ဆိုပြီးစပါတယ်။
- ကျန်တဲ့အဆင့်တွေကတော့ အပေါ်မှာရေးထားသလို USB installer ထဲက upgrade လုပ်တာနဲ့အတူတူပဲဖြစ်ပါတယ်။
ပြီးသွာလျင်တော့ Keep personal files and apps ကိုရွေးခဲ့လျင် မူလ Windows 10 ထဲကဆင်တင်တွေအတိုင်းဖိုင်တွေရော ပရိုဂရမ်တွေပါကျန်နေမှာပါ။
Keep Nothing လို့ရွေးခဲ့လျင်တော့ Windows computer အသစ်တလုံးရသလို ဆက်တင်အသေးစိပ်ပြန်လုပ်ရပါမယ်။
ဖိုးသုည
၁၅-၁၀-၂၁
ဤပို့စ် လင့်
Windows 11 installation media ISO
Windows 11 installation media ISO Hybrid_Windows_ installation media.
No comments:
Post a Comment