Windows 11 ကိုဘယ်လိုရကြ၊ တင်ကြမလဲ
Microsoft က ၂၀၂၁ ခု အောက်တိုဘာ ၅ရက်နေ့မှာ Windows Operating System အသစ် Windows 11 ကိုသုံးစွဲသူတွေလက်ထဲ စထည့်ပေးပါပြီ။
Windows 11 ကိုဘယ်လိုရနိုင်မလဲ
- နောက်ပိုင်းထုတ်တဲ့ကွန်ပြူတာအသစ်တွေမှာ Windows 11 နဲ့ compatible ဖြစ်တယ်ဆိုလျင် ထုတ်လုပ်သူက OEM version ကိုတခါတည်းထည့်ပေးမှာပါ။
- ဒါမှမဟုတ် မိမိဘာသာ တပ်ဆင်တဲ့ကွန်ပြူတာမှာ Windows 11 installation DVD ကိုဝယ်ပြီးဖြစ်စေ၊ အွန်လိုင်းကနေ produce key ဝယ်ပြီးဒေါင်းလုပ်လုပ်လို့ဖြစ်စေ တင်လို့ရပါတယ်။
- လက်ရှိသုံးနေတဲ့ ကွန်ပြူတာတွေမှာ 64 bit Windows 10 တင်ထားပြီး Windows 11 အတွက် လိုအပ်တဲ့ requirements တွေ ပြည့်မှီလို့ compatible ဖြစ်တယ်ဆိုလျင် Windows update ကနေ Free Upgrade ပေးပါမယ်။ ကိုယ့်အလှည့်ကိုတော့စောင့်ရပါမယ်။ ၂၀၂၂ နှစ်လယ်ပိုင်းအထိကြာကောင်းကြာနိုင်ပါတယ်။
- အဲဒီလို Windows 11 compatible ကွန်ပြူတာတွေမှာ Windows update ကနေပေးတာကိုမစောင့်ချင်လျင်တော့ Microsoft Windows 11 download page ကနေ တရားဝင် Windows installation media ကို Download လုပ်ပြီး မိမိဘာသာတင်လို့ရပါတယ်။ အခမဲ့ပါ။ မိမိရဲ့လက်ရှိဝင်းဒိုးကိုတော့ တရားဝင် Activate လုပ်ထားဖို့လိုပါတယ်။
- Windows 11 compatible မဖြစ်တဲ့ကွန်ပြူတာတွေမှာလည်း နည်းနည်းပါပါး အပြောင်းလွဲလုပ်ပြီးတင်လို့ရပါတယ်။
- windows Registry ပြင်ပြီးတင်နည်း
- Hybrid windows installation media လုပ်ပြီးတင်နည်းတွေက အဆင်ပြေပါတယ်။
Windows 11 တင်လို့ရမရ compatibility ကို ဘယ်လိုစစ်မလဲ
မိုက်ခရိုဆော့ဖ်ရဲ့ Windows 11 page မှာ Windows 11 အတွက် လိုအပ်တဲ့ requirements တွေ တင်ထားပေးပါတယ်။ ဒီလင့်ကနေသွားကြည့်လို့ရပါတယ်။
မိမိကွန်ပြူတာက ဒီလိုအပ်ချက်တွေပြည့်စုံမစုံတိုက်ကြည့်ပါ။
အခုနောက်ပိုင်း Windows update မှာတခါတည်းထည့်ပေးလိုက်လို့ update လုပ်ထားလျင် အလိုလျှောက်စစ်ပြီး တင်လို့ရမရ ပြပါတယ်။
အသေးစိပ်ကိုနားမလည်လို့ အလွယ်တကူစစ်ချင်လျင်တော့ PC Health Check App ဆိုတဲ့ app ကလေးပေးထားပါတယ်။ အဲဒါကလေးကို ဒီကနေ ဒေါင်းပြီး install လုပ်ပါ။ Run ပြီး Check ဆိုတာကိုနှိပ်လိုက်လျင် ကိုယ် အခု app ကို run နေတဲ့ ကွန်ပြူတာမှာ Windows 11 တင်လို့ရမရပြပါတယ်။
ရလျင် " ဒီကွန်ပြူတာမှာ Windows 11 တင်လို့ရပါတယ်။ လိုအပ်ချက်တွေပြည့်စုံပါတယ်။ အခမဲ့ပါ။ တင်ဖို့အဆင်သင့်ဖြစ်လျင် အသိပေးပါမယ်" လို့ ပြပါတယ်။
အဲဒီကွန်ပြူတာတွေ အထက်ပါနည်းလမ်း ၃ နဲ့ ၄ ကနေ Windows 11 ရနိုင်ပါတယ်။
ဒါဆို PC Health Check app က ဒီကွန်ပြူတာမှာ Windows 11 တင်လို့မရပါလို့ပြောတာနဲ့ တသက်လုံးဝေးတော့မှာလား
သူကလိုအပ်ချက်မပြည့်မီဘူးလို့ပြောတာနဲ့ တင်လို့မရတော့ဘူးလို့မဆိုလိုပါ။ မမှီလျင် တုံးခုလို့လှမ်းပါ
၁. သူက ဘာကြောင့် တင်လို့မရဘူးဆိုတာပြပါတယ်။ အဲဒီအပိုင်းကို ပြောင်းပေးလို့ ၊ ပစ္စည်းလဲပေးလို့ရလျင် Windows 11 compatible computer ဖြစ်လာနိုင်ပါတယ်။ ဥပမာ Boot system ကို Secure Boot ပြောင်းပေးတာ။ TPM 2.0 enable ဖြစ်အောင် ပြောင်းပေးတာမျိုးလုပ်ဖို့ဆိုလျင်တော့ အဆင်ပြေမှာပါ။ ဒါပေမယ့် Processor ဒိတ်အောက်နေလို့အသစ်လဲမယ်ဆိုလျင် အသစ်က ကိုယ့်လက်ရှိ Motherboard နဲ့ အဆင်ပြေမှပါ။ မဟုတ်လို့ နှစ်ခုလုံးလဲနေရလျင်ဟန်မကျတော့ပါ။ ရှိထားတဲ့ windows 10 လည်း inactive ဖြစ်သွားနိုင်ပါတယ်။ အဲလိုအခြေအနေဆိုလျင်တော့ အသစ်တလုံးဝယ်တာကမှ ပိုအဆင်ပြေပါလိမ့်မယ်။
၂။ ဒီတော့ကွန်ပြူတာကို မပြောင်းဘဲ windows 11 ကိုရအောင်တင်မယ်။ ဆိုလည်းရပါတယ်။ Windows 10 Installation media ထဲမှာ Windows 11 image ထည့်ပြီး Windows 10 တင်တယ်လို့ လှည့်စားပြီးတင်လိုက်၊ ပြီးသွားလို့တက်လာတော့ Windows 11 ဖြစ်သွားပါတယ်။ Hybrid Installation media လုပ်တယ်လို့သုံးပါတယ်။
ဒီလိုလုပ်နည်းကိုပို့စ်ရေးပေးထားပါတယ်။ ဒီလင့်မှာကြည့်ပါ။
၃။ မိုက်ရိုဆော့ဖ်ကလည်း သူ support မလုပ်တဲ့ CPU သုံးနေပြီး TPM ဗားရှင်းနိမ့်လို့ အဆင်မပြေတဲ့ ကွန်ပြူတာတွေမှာ Registry ကိုပြင်ပြီး တင်လို့ရတယ်လို့နည်းပေးထားပါတယ်။ လင့်က ဒီမှာပါ။
မြန်မာလိုပြန်ရေးပြထားတာ ဒီမှာပါ https://share-knwge.blogspot.com/2021/10/unsupported-cpu-tpm-windows-11-upgrade.html
၄. လိုအပ်ချက်တွေများလို့ အဲဒီလိုအပ်ချက်တွေကိုမစစ်ဘဲတင်လို့ရအောင် registry ပြင်ပြီး
CPU, TPM, RAM, SecureBoot စတာတွေကို မစစ်တော့ဘဲ bypass လုပ်တင်နည်းကဒီမှာပါ
သူ့ဟာသူ update ပေးမှာပဲ၊ ဒီလိုစစ်ဖို့လို့လို့လား ?
တကယ် Windows 11 သုံးချင်လျင်တော့ စစ်သင့်ပါတယ်။
- မိမိကွန်ပြူတာက Compatible ဖြစ်တယ်ဆိုလျင် Update ကိုစိတ်ချလက်ချ စောင့်လို့ရသလို မစောင့်ဘဲ Windows 11 installation Media ကိုဆွဲချပြီး စောစောတင်လို့လည်းရပါတယ်။
- မိမိကွန်ပြူတာက Compatible မဖြစ်လို့ Update ကနေ Windows 11 မရနိုင်ဘူးလို့သိလျင်လည်း တခြားနည်းနဲ့ Windows 11 တင်ဖို့ကျိုးစားနိုင်ပါတယ်။
- အများအားဖြင့် သက်တမ်းလေးနှစ်အောက်ကွန်ပြူတာတွေ Windows 11 upgrade ရနိုင်တယ်လို့ဆိုပေမယ့် တနှစ်တောင်မရှိသေးတဲ့ကွန်ပြူတာတွေတောင် Processor 7th generation နဲ့ ရှေးပိုကျတာသုံးထားလို့ မပေးတာတွေအများကြီးပါ။ ကိုယ်က တနှစ်သားလေးပဲ ရမှာပါဆိုပြီး အပ်ဒီတ်ကို ထိုင်စောင့်နေရင်း တနှစ်သာကျော်တယ် ဘယ်ကမှပေါ်မလာဘူးဆိုပြီးစောင့်မောကြီးမဖြစ်ရအောင် စောစောစစ်၊ အပ်ဒိတ်ကမရနိုင်လျင် Hybrid နဲ့ဖြစ်ဖြစ် Registry tweak နဲ့ဖြစ်ဖြစ် တင်လို့ရနိုင်အောင်ပါ။
- အခုနောက်ပိုင်း Windows 10 updates တွေမှာ windows 11 တင်လို့မရနိုင်တဲ့ကွန်ပြုတာတွေကို မရနိုင်ကြောင်း ပြပါတယ်။ ဒါပေမယ့် ဘာတွေကြောင့်တင်လို့မရနိုင်တာလဲသိဖို့က PC Health Check app နဲ့စစ်ရပါတယ်။ ဒီလိုစစ်တဲ့အခါ တချို့ကွန်ပြုတာတွေမှာလိုအပ်ချက်ကို ပြည့်မီအောင် အခက်အခဲမရှိဘဲပြင်ပေးလိုက်လို့လည်းရနိုင်ပါတယ်။ ဥပမာ Secure Boot တို့ TPM တို့ကို ရအောင်လုပ်ရုံနဲ့ Windows 11 တင်လို့ရသွားနိုင်ပါတယ်။ တချို့ Motherboard တွေမှာ TPM ရနိုင်ပါလျက် ထည့်မထားတာမျိုးရှိပါတယ်။
Compatible မဖြစ်တဲ့ကွန်ပြူတာတွေမှာ Windows 11 ကိုတရားဝင် သုံးလို့ရအောင် ဘယ်လိုတင်မယ်။ ဆိုတာနောက်ပို့စ်တွေမှာ တင်ပေးထားပါတယ်။ အောက်မှာလင့်ပေးထားပါတယ်။
ဖိုးသုည
၁၂-၁၀-၂၀၂၁
လင့်များ
လက်ရှိပို့စ်
Windows 11
Windows 11 Specs and System Requirements
PC Health Check App
Microsoft Windows 11 download page
Compatible ဖြစ်တဲ့ကွန်ပြူတာတွေမှာ Windows 11 ကိုဘယ်လိုတင်မယ်။
Windows 11 နဲ့ compatible မဖြစ်လို့ တင်လို့မရဘူးဆိုတဲ့ ကွန်ပြူတာအဟောင်းတွေမှာ Windows 11 တရားဝင်သုံးလို့ရအောင်တင်နည်း အပိုင်း (၁)
Hybrid Windows Installation Media ပြုလုပ်ခြင်
Windows 11 နဲ့ compatible မဖြစ်လို့ တင်လို့မရဘူးဆိုတဲ့ ကွန်ပြူတာအဟောင်းတွေမှာ Windows 11 တရားဝင်သုံးလို့ရအောင်တင်နည်း။ အပိုင်း (၂)
Hybrid Installer သုံးပြီး Upgrade လုပ်ခြင်း
Hybrid Installer သုံးပြီး custom install လုပ်ခြင်း
unsupported CPU သုံးထားတဲ့ သို့မဟုတ် TPM ရှိပေမယ့်ဗားရှင်းနိမ်နေတဲ့ ကွန်ပြူတာတွေမှာ Registry ကိုပြင်ပြီး တင်နည်း
လိုအပ်ချက်တွေများလို့ အဲဒီလိုအပ်ချက်တွေကိုမစစ်ဘဲတင်လို့ရအောင် registry ပြင်ပြီး
CPU, TPM, RAM, Secure Boot စတာတွေကို မစစ်တော့ဘဲ bypass လုပ်တင်နည်းကဒီမှာပါ
No comments:
Post a Comment