Sunday, July 7, 2019

မီတာသူခိုး (မီတာသူခိုး ) / Standby power

မီတာသူခိုး Standby power

အႏွစ္ခ်ဳပ္

၁။ လွ်ပ္စစ္ပစၥည္းေတြကို Standby / sleep mode မွာထားလွ်င္ လွ်ပ္စစ္အား နည္းနည္းစားပါတယ္။
    မသုံးလ်င္ ပလပ္ခုံကမီးခလုပ္ကို ပိတ္ထားပါ။ မီးပိတ္ထားလ်င္ အဲလိုလွ်ပ္စစ္မစားေအာင္ ပလပ္ျဖဳတ္ထားစရာလုံးဝမလိုပါ။
၂။ ပလပ္မ်ားကို မၾကာခဏ ျဖဳတ္/တပ္လုပ္ျခင္းျဖင့္ အထိုင္ေခ်ာင္ၿပီး မမိတမိျဖစ္ကာ မီးပြင့္တာ၊ ပစၥည္းပ်က္တာကေန မီးပါေလာင္ႏိုင္ပါတယ္။
၃။ မိုးႀကိဳးမုန္တိုင္းက်ေနခ်ိန္မွာ မီးႀကိဳးထဲ စီးဝင္လာတဲ့ မိုးႀကိဳးလွ်ပ္စီးရန္က လွ်ပ္စစ္ပစၥည္းေတြကိုကာကြယ္ဖို႔ ပလပ္ျဖဳတ္ထားပါ။

Standby power ဆိုတာ

အိမ္မွာ လွ်ပ္စစ္ပစၥည္းေတြကို သုံးမေနေပမယ့္ မီတာကနည္းနည္းတက္ေနတာ Standby power ေၾကာင့္ပါ။
Standby power ဆိုတာ လွ်ပ္စစ္ပစၥည္းေတြကို Off ဆိုၿပီး ပိတ္ထားခ်ိန္မွာ သူတို႔ရဲ႕ ပါဝါေပးတဲ့ အစိပ္အပိုင္းက သုံးတဲ့လွ်ပ္စစ္စြမ္းအားလို႔ဆိုပါတယ္။
အဲဒီ စတန္းဘိုင္ပါဝါအသုံး ဘယ္ေလာက္မ်ားတယ္ဆိုတာ အတိအက်ေျပာဖို႔ ခက္ေပမယ့္ တိုးတက္တဲ့ ႏိုင္ငံေတြမွာေတာ့ အိမ္သုံးလွ်ပ္စစ္ အသုံးရဲ႕  ၅-၁၀ % အထိရွိပါတယ္။ ဘယ္လို အိမ္သုံးပစၥည္းကို ဘယ္ေလာက္မ်ားမ်ားသုံးတယ္ဆိုတဲ့ေပၚတည္ပါတယ္။ ေခတ္မွီလာတဲ့ အိမ္သုံးလွ်ပ္စစ္ပစၥည္းအမ်ားစုဟာ timer, remote control, sensor စတာေတြသုံးၾကေတာ့ အနည္းနဲ႔အမ်ားဆိုသလို  Standby power လိုပါတယ္.

ဘယ္လွ်ပ္စစ္ပစၥည္းေတြမွာ Standby power သုံးသလဲ


  • အိမ္သုံးလွ်ပ္စစ္နဲ႔ ဆက္သြယ္ၿပီး AC ကေန DC  ကိုေျပာင္းေပးတဲ့ Black cubes ေခၚ အတုံးကေလးနဲ႔ ဆက္ၿပီးသုံးရတဲ့ ပစၥည္းေတြ (ဥပမာ။ ဝိုင္ဖိုင္ ေရာက္တာ ။ တခ်ိဳ႕ပရင္တာ? LCD monitor)
  • ရီမုဒ္ကြန္ထ႐ိုးနဲ႔ ဖြင့္ပိတ္လို႔ရတဲ့ ပစၥည္းေတြ  ( ဥပမာ တီဗြီ၊ ဒီဗြီဒီ၊ စကိုင္းနက္လို စေလာင္းဖမ္းစက္၊ split type air conditioner, dish washer) 
  • Sensor သုံးတဲ့ ပစၥည္းမ်ား (ဥပမာ Motion sensor, light sensor သုံးတဲ့ မီးလုံးမ်ား ၊ ခလုပ္မ်ား)
  • Timer နဲ႔ သုံးတဲ့ပစၥည္း ဥပမာ လွ်ပ္စစ္ထမင္းအိုး၊ အဲယားကြန္း
  • အပူခ်ိန္ ကို warm ဆိုၿပီး ဆက္ထိန္းေပးထားတဲ့ ပစၥည္းမ်ား (ဥပမာ လ်ပ္စစ္ထမင္အိုး၊ လွ်ပ္စစ္ ဓါတ္ဘူး၊ ေကာ္ဖီစက္) 
LED monitor power unit ( Black cube/ vampire power) 
Printer and its power supply (black cube) 

ဒီေနရာမွာ Motion sensor ကသုံးတဲ့ ပါဝါက အလြန္နည္းပါတယ္။ Motion sensor သုံးတဲ့ အတြက္ တခ်ိဳ႕မီးလုံးေတြကို ( ဥပမာ ညဘက္ အိမ္သာသြားတဲ့ ေလွ်ာက္လမ္းကမီး၊ ဖိနပ္ခြၽတ္ကမီး၊ ေလွကားမီး၊ တိုက္ခန္းေတြမွာ ေလွကားမီးမရွိေတာ့ေမွာင္သလို အၿမဲဖြင့္ထားေတာ့ မီတာတက္ပါတယ္၊ Motion sensor သုံးတဲ့ အခါ လူလာလ်င္ မီးကို အလိုေလွ်ာက္ဖြင့္ေပးေတာ့ အဆင္လည္းေျပ မီတာလည္းသက္သာပါတယ္) တခ်ိန္လုံးဖြင့္ထားစရာမလိုတဲ့ အတြက္ သက္သာသြားတဲ့ ပါဝါက sensor ကသုံးတဲ့ ပါဝါထက္ အဆမ်ားစြာပိုပါတယ္။  ဒီလိုပဲ ၿခံထဲက မီးေတြကို မပိတ္မိလို႔ ၊ အိပ္ယာထေနာက္က်လို႔ မီးပိတ္တာေနာက္က်သြားလို႔၊ မီတာစားတာနဲ႔ ယွဥ္လိုက္ရင္ Light Sensor က အလင္းေရာင္တက္လာတာနဲ႔ သူ႔ဖာသူပိတ္ေပးလို႔  သူ႔ဆန္စာ sensor ကစားတဲ့ ပါဝါထက္ အမ်ားႀကီး ေခြၽတာမိပါတယ္။ အဲဒီခလုပ္ေတြကို ကိုယ္ က အၿမဲအဖြင့္အပိတ္လုပ္ႏိုင္လ်င္ေတာ့ sensor ခလုပ္ေတြမသုံးပါနဲ႔၊

ဘယ္အစိပ္အပိုင္းေတြက Standby power သုံးတာလဲ


  • Black cubes (သို႔) Energy Vampires လို႔ေခၚတဲ့ ပစၥည္းအျပင္ကေန ပါဝါေပးတဲ့ AC ကေန DC  ကိုေျပာင္းေပးတဲ့ အတုံးကေလးေတြ ျမန္မာျပန္မွာေတာ့ အဒပ္ပတာလို႔ ေခၚတာမ်ားပါတယ္။ 
  • ရီမုဒ္ေတြ၊ ဆန္ဆာေတြ ( လႈပ္ရွားမႈ၊ အလင္းအေမွာင္) ကေတြကလာတဲ့ signals ေတြကို လက္ခံဖို႔ ဆားကစ္ေတြ
  • ပစၥည္းေတြရဲ႕ အခ်က္ျပမီး, LCD ဒိုင္ခြက္၊ LED မီး
  • စက္မသုံးေသာ္လည္း အလုပ္လုပ္ေနသည့္ဆားကစ္ စသည္။

သူတို႔သုံးတဲ့ ပါဝါအားကအလြန္နည္းေသာ္လည္း စုေပါင္းလိုက္တဲ့အခါ သိသာလာပါတယ္။

အဲဒီ standby power နည္းေအာင္ဘယ္လိုလုပ္မလဲ


  • မသုံးတဲ့လွ်ပ္စစ္ပစၥည္းေတြကို လွ်ပ္စီးမေရာက္ေအာင္ျဖတ္ဖို႔မီးခလုပ္ပိတ္ထားပါ။ 
  • လွ်ပ္စစ္ပစၥည္းေတြကို Remote control နဲ႔ပိတ္လ်င္၊ standby mode , sleep mode ေတြမွာထားလ်င္ Standby power စားပါတယ္။ 
  • မျဖစ္မေန standy mode  မွာထားရတဲ့ ပစၥည္း (ဥပမာ ဝိုင္ဖိုင္ router )၊ sensor နဲ႔အလုပ္လုပ္တဲ့ပစၥည္းေတြျဖစ္လ်င္ Standby power နည္းတဲ့ပစၥည္းကိုေ႐ြးပါ။ Energy Star  လက္မွတ္ရတဲ့ပစၥည္းေတြက Standby power အသုံးနည္းပါတယ္။ 
  • ဘယ္ပစၥည္းေတြက ပါဝါဘယ္ေလာက္စားတယ္ ဆိုတာ ဒီမွာ https://standby.lbl.gov/data/summary-table/ ဖတ္ၾကည့္လို႔ရပါတယ္။ ျမန္မာျပည္ကပစၥည္းေတြနဲ႔ အားလုံး အတူတူမဟုတ္ေပမယ့္ အၾကမ္းဖ်င္းေတာ့ မွန္းလို႔ရေအာင္ပါ။ 


ပစၥည္းေတြ ကို မသုံးလ်င္ ပလပ္ျဖဳတ္ထားရမလား။ 

ပလပ္မွာ မီးအဖြင့္အပိတ္လုပ္တဲ့ခလုပ္ပါလ်င္  အဲဒီခလုပ္ပိတ္႐ုံနဲ႔ လုံေလာက္ပါတယ္။
ပလပ္ျဖဳတ္စရာမလိုပါ။

အင္တာနက္မွာရွဲေနၾကတဲ့ မွားယြင္းေသာအယူအဆတရပ္

မီတာခ သက္သာေအာင္ ပလပ္ျဖဳတ္ထားပါ
မီတာခ သက္သာေအာင္ ပလပ္ျဖဳတ္ထားပါ ဆိုတဲ့ပို႔စ္ေတြကို ရွဲၾကတာ အေတာ္မ်ားပါတယ္။
က်ေနာ္တို႔ျမန္မာျပည္မွာ ပလပ္ခုံတိုင္းလိုလိုမွာ အဖြင့္ပိတ္လုပ္တဲ့ ခလုပ္ေတြပါေတာ့အဲဒီခလုပ္ကို ပိတ္လိုက္တာနဲ႔ လွ်ပ္စီးပတ္လမ္း ျပတ္သြားပါတယ္။
အဲလို လွ်ပ္စီးပတ္လမ္း ျပတ္သြားလ်င္ မီတာလုံးဝမတက္ပါဘူး။
အဲဒီေတာ့ မီတာခ သက္သာေအာင္ ပလပ္ျဖဳတ္ထားစရာ မလိုပါ။ 

ဒါျဖင့္သူတို႔ဘာေၾကာင့္ဒီလိုေရးၾကသလဲ။ 

မူလပို႔စ္ကို ေရးတဲ့သူေတြက အေမရိကား (USA) အတြက္ေရးထားတာကို ေသခ်ာ မသိဘဲ ဘာသာျပန္ၿပီး ကူးလာလို႔ပါ။
အေမရိကားမွာ Type A နဲ႔ Type B  ဆိုတဲ့ ပလပ္အမ်ိဳးစားကိုသုံးပါတယ္။ သူတို႔ပလပ္အားလုံးနီးပါးက အဖြင့္အပိတ္လုပ္တဲ့  on/ off ခလုပ္မပါပါဘူး။
အဲဒီေတာ့ အေမရိကားမွာ လ်ပ္စစ္ပစၥည္းေတြသုံးၿပီးလ်င္ ပစၥည္းေပၚမွာတခါတည္းပါတဲ့ အဖြင့္အပိတ္လုပ္တဲ့  on/ off ခလုပ္ကိုသုံးလ်င္သုံး၊ မသုံးလ်င္  ရီမုဒ္ ကြန္ထ႐ိုးနဲ႔ ပိတ္ရပါတယ္။ အဲလိုမဟုတ္လ်င္ ပလပ္ျဖဳတ္ရပါတယ္။
ရီမုဒ္ ကြတ္ထ႐ိုးနဲ႔ ပိတ္ခဲ့ လ်င္ေတာ့ ပစၥည္းထဲမွာ Standby power အၿမဲစီးေနလို႔ မီတာနည္းနည္းတက္ပါတယ္။
အဲဒီ Standby power မကုန္ေအာင္ သူတို႔ပစၥည္းေတြကို လွ်ပ္စီးျဖတ္ေတာက္ဖို႔ ပိတ္စရာ မီးခလုပ္မရွိတဲ့ အတြက္ပလပ္ကေနျဖဳတ္မွရပါတယ္။
ဒါေၾကာင့္သူတို႔ႏိုင္ငံေတြမွာ လွ်ပ္စစ္အေလအလြင့္နည္းေအာင္  ပစၥည္းေတြကို မသုံးလ်င္ ပလပ္ျဖဴတ္ထားပါလို႔ ေရးတာပါ။
က်ေနာ္တို႔ျမန္မာျပည္မွာေတာ့ ပလပ္ခုံတိုင္းလိုလိုမွာ အဖြင့္ပိတ္လုပ္တဲ့ ခလုပ္ေတြပါေတာ့အဲဒီခလုပ္ကို ပိတ္လိုက္တာနဲ႔ လွ်ပ္စီးပတ္လမ္း ျပတ္သြားပါတယ္။
အဲလို လွ်ပ္စီးပတ္လမ္း ျပတ္သြားလ်င္လုံးဝ မီတာမတက္ပါဘူး။ ဒါေၾကာင့္ မီးပိတ္စရာခလုပ္ရွိလ်င္ အဲဒီ Standby power အတြက္ ပလပ္ျဖဳတ္ထားစရာလုံးဝမလိုပါ။

US power outlet (ခလုပ္မပါ)

ျမန္မာသံုး ပါဝါပလပ္


အေထာက္အထားအေနနဲ႔  အေမရိကန္ စြမ္းအင္ဌာန ဓါတ္ခြဲခန္ူက ျပန္ေျဖထားတဲ့ အေျဖကေလးကို ဒီမွာ တင္ထားပါတယ္။
သူကလည္း “ ပလပ္ခုံမွာ ဖြင့္/ပိတ္ မီးခလုပ္ပါလ်င္ အဲဒီခလုပ္ကို ပိတ္တာနဲ႔ လုံေလာက္ပါတယ္။ ပလပ္လည္းျဖဳတ္စရာမလိုပါဘူး။ အေမရိကားမွာဆိုလ်င္ေတာ့ ပိတ္စရာ ခလုပ္မရွိလို႔ ပလပ္ျဖဳတ္ရမွာပါ” လို႔ ျပန္ေျဖထားတာပါ။

“ Sorry about the late reply.
you live in the UK or in many countries historically linked to the UK, then there will be a switch at the power point on the wall. 
For the US system (with no switches at the powerpoint), the appliance may continue to use power even after you switch it off.
For the UK system, the switch at the wall next to power point eliminates all standby power use.

I hope that's helpful.
- alan
===========================
Alan Meier
Lawrence Berkeley National Laboratory
akmeier@lbl.gov
Tel. +1 (510) 486-4740
homepage  akmeier.lbl.gov

ပလပ္ မၾကာခဏ ျဖဳတ္၊ တပ္ျခင္းရဲ႕ ျပသနာ

 ယူအက္စ္ ေအမွာ သုံးတဲ့ ပလပ္က အျပားမ်ိဳးျဖစ္ၿပီး ပစၥည္းအားလုံးကလည္း ပင္ အျပားပဲျဖစ္ပါတယ္.
ဒါေၾကာင့္ ပလပ္ခုံအတြင္းက ေၾကးျပား ၂ျခမ္းက ထိုးသြင္းလိုက္တတဲ့ ပင္အျပားကို ဖိၿပီးညႇပ္ထားႏိုင္ပါတယ္။ အသြင္းအထုတ္ မၾကာမၾကာလုပ္လည္း ေခ်ာင္မသြားလိုပါ။
ျမန္မာျပည္ရဲ႕ျပသနာကေတာ့ ေဒသမ်ိဳးစုံက လွ်ပ္စစ္ပစၥည္းမ်ိဳးစုံကို တင္သြင္းေတာ့ ပလပ္မ်ိဳးစုံရွိပါတယ္။ အျပား၊ အထူ၊ အပါး၊ အေစာင္း၊ အလုံး အစုံရွိေတာ့ ပလပ္ခုံကို ပလပ္ပင္မ်ိဳးစုံသုံးလို႔ရတဲ့ universal power outlet ဆိုတဲ့ အမ်ိဳးစားကို သုံးတာမ်ားပါတယ္၊။
ျပသနာကေတာ့အဲဒီပလပ္ အထိုင္ထဲက ေၾကးျပားေတြကို ထိုးသြင္းလိုက္တဲ့ အ႐ြယ္စုံ ပလပ္ပင္မ်ိဳစုံနဲ႔ ထိေအာင္ အတြန႔္မ်ိဳးစုံတြန႔္ထားပါတယ္။ အဲဒီအတြက္ ပလပ္ပင္နဲ႔ အထိုင္ေၾကးျပား ထိကပ္တဲ့ ဧရိယာ အေတာ္ကိုနည္းသြားပါတယ္။ ေတာင့္တင္းမႈလည္းေလ်ာ့နည္းသြားပါတယ္။
တခါ အထူအပါးလည္းမတူတဲ့ ပုံစံအမ်ိဳးမ်ိဳးနဲ႔ ပလပ္ပင္ေတြကို သြင္းလိုက္ ထည့္လိုက္ ျဖဳတ္လိုက္ ခဏခဏလုပ္ေတာ့ နဂိုကလည္းသိပ္ မမိတဲ့ ပလပ္အထိုင္ေတြ ဟၿပဲၿပီး ျပန္မကပ္ေတာ့ဘဲ ေခ်ာင္ကုန္ပါတယ္၊
ရလာဒ္ကေတာ့ ပလပ္ပင္နဲ႔ ပလပ္အထိုင္ မထိတထိျဖစ္ၿပီး အခန႔္မသင့္လ်င္ မီးပြင့္ပါတယ္။ တခါတေလ မီးမပြင့္ေပမယ့္ ပူလာၿပီး ပလတ္စတစ္အထိုင္အိမ္ေလာင္ပါတယ္။ မမိတမိ မထိတထိ ျဖစ္လ်င္ လွ်ပ္စီးမမွန္ျဖစ္ၿပီး သုံးတဲ့ ပစၥည္းေတြလည္းပ်က္တတ္လို႔ ပလပ္ခုံအသစ္လဲသင့္ပါတယ္။ 
ဒီေတာ့ universal power outlet ဆိုတဲ့ ပလပ္ မ်ိဳးစုံထိုးလို႔ရတဲ့ ပလပ္ခုံ အမ်ိဳးအစားသုံးလ်င္ ပလပ္ပင္ေတြကို မၾကာခဏျဖဳတ္ လိုက္တတ္လိုက္လုပ္လို႔မေကာင္းပါ။
အကယ္၍ မီးခလုပ္မပါတဲ့ ပလပ္ခုံဆိုလ်င္ေတာ့ ပလပ္ျဖဳတ္တပ္ လုပ္လ်င္ ပလပ္ပင္ကို မေတာ္တဆထိမိၿပီး ဓါတ္လိုက္ႏိုင္တဲ့ အႏၲရာယ္ ရွိပါေသးတယ္။

အေမရိကန္ႏိုင္ငံ စြမ္အင္ဌာနက လဲ ဒီလိုပဲေရးထားတာကေလးကို အကိုးအကားနဲ႔ တင္ထားပါတယ္။
“ Warning, don’t frequently unplug and plug in appliances because you could get electrocuted from frayed wires and plugs.
Use a switchable power strip for clusters of computer or video products. That way you can switch everything to zero with one action.”

https://www.energy.gov/energysaver/articles/3-easy-tips-reduce-your-standby-power-loads


ဘယ္အခါမွာ ပလပ္ျဖဳတ္ထားသင့္သလဲ 

မိုးႀကိဳးမုန္တိုင္းက်ေနခ်ိန္ေတြမွာေတာ့ လွ်ပ္စစ္ပစၥည္းေတြကို ပလပ္ျဖဳတ္ထားသင့္ပါတယ္။ ‘
တခါတရံ အိမ္ကို မီးေပးတဲ့ ႀကိဳးထဲကို မိုးႀကိဳးဝင္ၿပီး အလြန္မ်ားျပားတဲ့ လွ်ပ္စီးကမီးႀကိဳးတေလွ်ာက္ စီးလာကာ လွ်ပ္စစ္ပစၥည္းေတြထဲက ႏုနယ္တဲ့ ဆားကစ္ေတြ၊ ပစၥည္းေတြပ်က္တတ္လို႔ပါ။
မီးခလုပ္အမ်ားစုက လွ်ပ္စီးပတ္လမ္း ျပတ္ေအာင္ အပူႀကိဳးကိုပဲ ျဖတ္ေပးပါတယ္။ အေအးႀကိဳးထဲဝင္လာတဲ့ မိုးႀကိဳးလွ်ပ္စီးကေတာ့ ကိုယ့္ပစၥည္းထံ တန္းေရာက္လာႏိုင္ပါတယ္။
တခါ ခလုပ္ပိတ္ထားေတာင္ အလြန္အားမ်ားတဲ့ လွ်ပ္စီးက ခလုပ္ထဲက တခုနဲ႔တခု အလြန္နီးကပ္ေနတဲ့  ေၾကးျပား၂ ခုၾကားခုန္ကူးႏိုင္ပါတယ္။
ဒါေၾကာင့္ အိမ္မွာ Surge protector နဲ႔ စံမွီတဲ့ ေျမစိုက္ႀကိဳးစနစ္ မရွိလ်င္ေတာ့ မိုးႀကိဳးမုန္တိုင္းက်ေနခ်ိန္ေတြမွာေတာ့ လွ်ပ္စစ္ပစၥည္းေတြကို ပလပ္ျဖဳတ္ထားသင့္ပါတယ္။
Surge protector

ဖိုးသုည
ဆဲဗင္းဂ်ဴလိုင္ ၂၀၁၉

မွတ္ခ်က္ 
က်ေနာ္ လွ်ပ္စစ္ ပညာရွင္ မဟုတ္ပါ၊ ေလ့လာဖတ္ရႈထားတာေတြကို ျပန္လည္မွ်ေဝတာပါ။ မွားေနတယ္ထင္လ်င္ေအာက္မွာ ကြန္တက္ေဘာက္ရွိပါတယ္။
https://www.facebook.com/phoethunyazero (သို႔) phoethunya@gmail.com  ကို လည္းဆက္သြယ္ႏိုင္ပါတယ္။


မီတာသူခိုး Standby power ( ယူနီကုဒ်) 


 အနှစ်ချုပ်

၁. လျှပ်စစ်ပစ္စည်းတွေကို Standby / sleep mode မှာထားလျှင် လျှပ်စစ်အားနည်းနည်းစားပါတယ်။ မသုံးလျင် ပလပ်ခုံကမီးခလုပ်ကို ပိတ်ထားပါ။ မီးပိတ်ထားလျင် အဲလိုလျှပ်စစ်မစာအောင် ပလပ်ဖြုတ်ထားစရာလုံးဝမလိုပါ။
၂။ ပလပ်များကို မကြာခဏ ဖြုတ်/တပ်လုပ်ခြင်းဖြင့် အထိုင်ချောင်ပြီး မမိတမိဖြစ်ကာ မီးပွင့်တာ၊ ပစ္စည်းပျက်တာကနေ မီးပါလောင်နိုင်ပါတယ်။
၃။ မိုးကြိုးမုန်တိုင်းကျနေချိန်မှာ မီးကြိုးထဲ စီးဝင်လာတဲ့ မိုးကြိုးလျှပ်စီးရန်က လျှပ်စစ်ပစ္စည်းတွေကိုကာကွယ်ဖို့ ပလပ်ဖြုတ်ထားပါ။


Standby power ဆိုတာ

အိမ်မှာ လျှပ်စစ်ပစ္စည်းတွေကို သုံးမနေပေမယ့် မီတာကနည်းနည်းတက်နေတာ Standby power ကြောင့်ပါ။  
Standby power ဆိုတာ လျှပ်စစ်ပစ္စည်းတွေကို Off ဆိုပြီး ပိတ်ထားချိန်မှာ သူတို့ရဲ့ ပါဝါပေးတဲ့ အစိပ်အပိုင်းက သုံးတဲ့လျှပ်စစ်စွမ်းအားလို့ဆိုပါတယ်။
အဲဒီ စတန်းဘိုင်ပါဝါအသုံးက ဘယ်လောက်များတယ်ဆိုတာ အတိအကျပြောဖို့ ခက်ပေမယ့် တိုးတက်တဲ့ နိုင်ငံတွေမှာတော့ အိမ်သုံးလျှပ်စစ် အသုံးရဲ့  ၅-၁၀ % အထိရှိပါတယ်။ ဘယ်လို အိမ်သုံးပစ္စည်းကို ဘယ်လောက်များများသုံးတယ်ဆိုတဲ့ပေါ်တည်ပါတယ်။ ခေတ်မှီလာတဲ့ အိမ်သုံးလျှပ်စစ်ပစ္စည်းအများစုဟာ timer, remote control, sensor စတာတွေသုံးကြတော့ အနည်းနဲ့အများဆိုသလို  Standby power လိုပါတယ်.


ဘယ်လျှပ်စစ်ပစ္စည်းတွေမှာ Standby power သုံးသလဲ

အိမ်သုံးလျှပ်စစ်နဲ့ ဆက်သွယ်ပြီး AC ကနေ DC  ကိုပြောင်းပေးတဲ့ Black cubes ခေါ် အတုံးကလေးနဲ့ ဆက်ပြီးသုံးရတဲ့ ပစ္စည်းတွေ (ဥပမာ။ ဝိုင်ဖိုင် ရောက်တာ ။ တချို့ပရင်တာ, LCD monitor)
ရီမုဒ်ကွန်ထရိုးနဲ့ ဖွင့်ပိတ်လို့ရတဲ့ ပစ္စည်းတွေ  ( ဥပမာ တီဗွီ၊ ဒီဗွီဒီ၊ စကိုင်းနက်လို စလောင်းဖမ်းစက်၊ split type air conditioner, dish washer)
Sensor သုံးတဲ့ ပစ္စည်းများ (ဥပမာ Motion sensor, light sensor သုံးတဲ့ မီးလုံးများ ၊ ခလုပ်များ)
Timer နဲ့ သုံးတဲ့ပစ္စည်း ဥပမာ လျှပ်စစ်ထမင်းအိုး၊ အဲယားကွန်း
အပူချိန် ကို warm ဆိုပြီး ဆက်ထိန်းပေးထားတဲ့ ပစ္စည်းများ (ဥပမာ လျပ်စစ်ထမင်အိုး၊ လျှပ်စစ် ဓါတ်ဘူး၊ ကော်ဖီစက်)
ဒီနေရာမှာ Motion sensor ကသုံးတဲ့ ပါဝါက အလွန်နည်းပါတယ်။ Motion sensor သုံးတဲ့ အတွက် တချို့မီးလုံးတွေကို ( ဥပမာ ညဘက် အိမ်သာသွားတဲ့ လျှောက်လမ်းကမီး၊ ဖိနပ်ချွတ်ကမီး၊ လှေကားမီး၊ တိုက်ခန်းတွေမှာ လှေကားမီးမရှိတော့မှောင်သလို အမြဲဖွင့်ထားတော့ မီတာတက်ပါတယ်၊ Motion sensor သုံးတဲ့ အခါ လူလာလျင် မီးကို အလိုလျှောက်ဖွင့်ပေးတော့ အဆင်လည်းပြေ မီတာလည်းသက်သာပါတယ်) တချိန်လုံးဖွင့်ထားစရာမလိုတဲ့ အတွက် သက်သာသွားတဲ့ ပါဝါက sensor ကသုံးတဲ့ ပါဝါထက် အဆများစွာပိုပါတယ်။  ဒီလိုပဲ ခြံထဲက မီးတွေကို မပိတ်မိလို့ ၊ အိပ်ယာထနောက်ကျလို့ မီးပိတ်တာနောက်ကျသွားလို့၊ မီတာစားတာနဲ့ ယှဉ်လိုက်ရင် Light Sensor က အလင်းရောင်တက်လာတာနဲ့ သူ့ဖာသူပိတ်ပေးလို့  သူ့ဆန်စာ sensor ကစားတဲ့ ပါဝါထက် အများကြီး ချွေတာမိပါတယ်။ အဲဒီခလုပ်တွေကို ကိုယ် က အမြဲအဖွင့်အပိတ်လုပ်နိုင်လျင်တော့ sensor ခလုပ်တွေမသုံးပါနဲ့၊

ဘယ်အစိပ်အပိုင်းတွေက Standby power သုံးတာလဲ


  • Black cubes (သို့) Energy Vampires လို့ခေါ်တဲ့ ပစ္စည်းအပြင်ကနေ ပါဝါပေးတဲ့ AC ကနေ DC  ကိုပြောင်းပေးတဲ့ အတုံးကလေးတွေ မြန်မာပြန်မှာတော့ အဒပ်ပတာလို့ ခေါ်တာများပါတယ်။ 
  • ရီမုဒ်တွေ၊ ဆန်ဆာတွေ ( လှုပ်ရှားမှု၊ အလင်းအမှောင်) ကတွေကလာတဲ့ signals တွေကို လက်ခံဖို့ ဆားကစ်တွေ
  • ပစ္စည်းတွေရဲ့ အချက်ပြမီး, LCD ဒိုင်ခွက်၊ LED မီး
  • စက်မသုံးသော်လည်း အလုပ်လုပ်နေသည့်ဆားကစ် စသည်။

သူတို့သုံးတဲ့ ပါဝါအားကအလွန်နည်းသော်လည်း စုပေါင်းလိုက်တဲ့အခါ သိသာလာပါတယ်။

အဲဒီ standby power နည်းအောင်ဘယ်လိုလုပ်မလဲ


  • မသုံးတဲ့လျှပ်စစ်ပစ္စည်းတွေကို လျှပ်စီးမရောက်အောင်ဖြတ်ဖို့မီးခလုပ်ပိတ်ထားပါ။ 
  • လျှပ်စစ်ပစ္စည်းတွေကို Remote control နဲ့ပိတ်လျင်၊ standby mode , sleep mode တွေမှာထားလျင် Standby power စားပါတယ်။ 
  • မဖြစ်မနေ standy mode  မှာထားရတဲ့ ပစ္စည်း (ဥပမာ ဝိုင်ဖိုင် router )၊ sensor နဲ့အလုပ်လုပ်တဲ့ပစ္စည်းတွေဖြစ်လျင် Standby power နည်းတဲ့ပစ္စည်းကိုရွေးပါ။ Energy Star  လက်မှတ်ရတဲ့ပစ္စည်းတွေက Standby power အသုံးနည်းပါတယ်။ 
  • ဘယ်ပစ္စည်းတွေက ပါဝါဘယ်လောက်စားတယ် ဆိုတာ ဒီမှာ https://standby.lbl.gov/data/summary-table/ ဖတ်ကြည့်လို့ရပါတယ်။ မြန်မာပြည်ကပစ္စည်းတွေနဲ့ အားလုံး အတူတူမဟုတ်ပေမယ့် အကြမ်းဖျင်းတော့ မှန်းလို့ရအောင်ပါ။ 


ပစ္စည်းတွေ ကို မသုံးလျင် ပလပ်ဖြုတ်ထားရမလား။ 

ပလပ်မှာ မီးအဖွင့်အပိတ်လုပ်တဲ့ခလုပ်ပါလျင်  အဲဒီခလုပ်ပိတ်ရုံနဲ့ လုံလောက်ပါတယ်။
ပလပ်ဖြုတ်စရာမလိုပါ။

အင်တာနက်မှာရှဲနေကြတဲ့ မှားယွင်းသောအယူအဆတရပ်

မီတာခ သက်သာအောင် ပလပ်ဖြုတ်ထားပါ
မီတာခ သက်သာအောင် ပလပ်ဖြုတ်ထားပါ ဆိုတဲ့ပို့စ်တွေကို ရှဲကြတာ အတော်များပါတယ်။
ကျနော်တို့မြန်မာပြည်မှာ ပလပ်ခုံတိုင်းလိုလိုမှာ အဖွင့်ပိတ်လုပ်တဲ့ ခလုပ်တွေပါတော့အဲဒီခလုပ်ကို ပိတ်လိုက်တာနဲ့ လျှပ်စီးပတ်လမ်း ပြတ်သွားပါတယ်။
အဲလို လျှပ်စီးပတ်လမ်း ပြတ်သွားလျင် မီတာလုံးဝမတက်ပါဘူး။
အဲဒီတော့ မီတာခ သက်သာအောင် ပလပ်ဖြုတ်ထားစရာ မလိုပါ။ 

ဒါဖြင့်သူတို့ဘာကြောင့်ဒီလိုရေးကြသလဲ။ 

မူလပို့စ်ကို ရေးတဲ့သူတွေက အမေရိကား (USA) အတွက်ရေးထားတာကို သေချာ မသိဘဲ ဘာသာပြန်ပြီး ကူးလာလို့ပါ။
အမေရိကားမှာ Type A နဲ့ Type B  ဆိုတဲ့ ပလပ်အမျိုးစားကိုသုံးပါတယ်။ သူတို့ပလပ်အားလုံးနီးပါးက အဖွင့်အပိတ်လုပ်တဲ့  on/ off ခလုပ်မပါပါဘူး။
အဲဒီတော့ အမေရိကားမှာ လျပ်စစ်ပစ္စည်းတွေသုံးပြီးလျင် ပစ္စည်းပေါ်မှာတခါတည်းပါတဲ့ အဖွင့်အပိတ်လုပ်တဲ့  on/ off ခလုပ်ကိုသုံးလျင်သုံး၊ မသုံးလျင်  ရီမုဒ် ကွန်ထရိုးနဲ့ ပိတ်ရပါတယ်။ အဲလိုမဟုတ်လျင် ပလပ်ဖြုတ်ရပါတယ်။
ရီမုဒ် ကွတ်ထရိုးနဲ့ ပိတ်ခဲ့ လျင်တော့ ပစ္စည်းထဲမှာ Standby power အမြဲစီးနေလို့ မီတာနည်းနည်းတက်ပါတယ်။
အဲဒီ Standby power မကုန်အောင် သူတို့ပစ္စည်းတွေကို လျှပ်စီးဖြတ်တောက်ဖို့ ပိတ်စရာ မီးခလုပ်မရှိတဲ့ အတွက်ပလပ်ကနေဖြုတ်မှရပါတယ်။
ဒါကြောင့်သူတို့နိုင်ငံတွေမှာ လျှပ်စစ်အလေအလွင့်နည်းအောင်  ပစ္စည်းတွေကို မသုံးလျင် ပလပ်ဖြူတ်ထားပါလို့ ရေးတာပါ။
ကျနော်တို့မြန်မာပြည်မှာတော့ ပလပ်ခုံတိုင်းလိုလိုမှာ အဖွင့်ပိတ်လုပ်တဲ့ ခလုပ်တွေပါတော့အဲဒီခလုပ်ကို ပိတ်လိုက်တာနဲ့ လျှပ်စီးပတ်လမ်း ပြတ်သွားပါတယ်။
အဲလို လျှပ်စီးပတ်လမ်း ပြတ်သွားလျင်လုံးဝ မီတာမတက်ပါဘူး။ ဒါကြောင့် မီးပိတ်စရာခလုပ်ရှိလျင် အဲဒီ Standby power အတွက် ပလပ်ဖြုတ်ထားစရာလုံးဝမလိုပါ။

အထောက်အထားအနေနဲ့  အမေရိကန် စွမ်းအင်ဌာန ဓါတ်ခွဲခန်ူက ပြန်ဖြေထားတဲ့ အဖြေကလေးကို ဒီမှာ တင်ထားပါတယ်။
သူကလည်း “ ပလပ်ခုံမှာ ဖွင့်/ပိတ် မီးခလုပ်ပါလျင် အဲဒီခလုပ်ကို ပိတ်တာနဲ့ လုံလောက်ပါတယ်။ ပလပ်လည်းဖြုတ်စရာမလိုပါဘူး။ အမေရိကားမှာဆိုလျင်တော့ ပိတ်စရာ ခလုပ်မရှိလို့ ပလပ်ဖြုတ်ရမှာပါ” လို့ ပြန်ဖြေထားတာပါ။

“ Sorry about the late reply.
you live in the UK or in many countries historically linked to the UK, then there will be a switch at the power point on the wall. 
For the US system (with no switches at the powerpoint), the appliance may continue to use power even after you switch it off.
For the UK system, the switch at the wall next to power point eliminates all standby power use.

I hope that's helpful.
- alan
===========================
Alan Meier
Lawrence Berkeley National Laboratory
akmeier@lbl.gov
Tel. +1 (510) 486-4740
homepage  akmeier.lbl.gov

ပလပ် မကြာခဏ ဖြုတ်၊ တပ်ခြင်းရဲ့ ပြသနာ

 ယူအက်စ် အေမှာ သုံးတဲ့ ပလပ်က အပြားမျိုးဖြစ်ပြီး ပစ္စည်းအားလုံးကလည်း ပင် အပြားပဲဖြစ်ပါတယ်.
ဒါကြောင့် ပလပ်ခုံအတွင်းက ကြေးပြား ၂ခြမ်းက ထိုးသွင်းလိုက်တတဲ့ ပင်အပြားကို ဖိပြီးညှပ်ထားနိုင်ပါတယ်။ အသွင်းအထုတ် မကြာမကြာလုပ်လည်း ချောင်မသွားလိုပါ။
မြန်မာပြည်ရဲ့ပြသနာကတော့ ဒေသမျိုးစုံက လျှပ်စစ်ပစ္စည်းမျိုးစုံကို တင်သွင်းတော့ ပလပ်မျိုးစုံရှိပါတယ်။ အပြား၊ အထူ၊ အပါး၊ အစောင်း၊ အလုံး အစုံရှိတော့ ပလပ်ခုံကို ပလပ်ပင်မျိုးစုံသုံးလို့ရတဲ့ universal power outlet ဆိုတဲ့ အမျိုးစားကို သုံးတာများပါတယ်၊။
ပြသနာကတော့အဲဒီပလပ် အထိုင်ထဲက ကြေးပြားတွေကို ထိုးသွင်းလိုက်တဲ့ အရွယ်စုံ ပလပ်ပင်မျိုစုံနဲ့ ထိအောင် အတွန့်မျိုးစုံတွန့်ထားပါတယ်။ အဲဒီအတွက် ပလပ်ပင်နဲ့ အထိုင်ကြေးပြား ထိကပ်တဲ့ ဧရိယာ အတော်ကိုနည်းသွားပါတယ်။ တောင့်တင်းမှုလည်းလျော့နည်းသွားပါတယ်။
တခါ အထူအပါးလည်းမတူတဲ့ ပုံစံအမျိုးမျိုးနဲ့ ပလပ်ပင်တွေကို သွင်းလိုက် ထည့်လိုက် ဖြုတ်လိုက် ခဏခဏလုပ်တော့ နဂိုကလည်းသိပ် မမိတဲ့ ပလပ်အထိုင်တွေ ဟပြဲပြီး ပြန်မကပ်တော့ဘဲ ချောင်ကုန်ပါတယ်၊
ရလာဒ်ကတော့ ပလပ်ပင်နဲ့ ပလပ်အထိုင် မထိတထိဖြစ်ပြီး အခန့်မသင့်လျင် မီးပွင့်ပါတယ်။ တခါတလေ မီးမပွင့်ပေမယ့် ပူလာပြီး ပလတ်စတစ်အထိုင်အိမ်လောင်ပါတယ်။ မမိတမိ မထိတထိ ဖြစ်လျင် လျှပ်စီးမမှန်ဖြစ်ပြီး သုံးတဲ့ ပစ္စည်းတွေလည်းပျက်တတ်လို့ ပလပ်ခုံအသစ်လဲသင့်ပါတယ်။
ဒီတော့ universal power outlet ဆိုတဲ့ ပလပ် မျိုးစုံထိုးလို့ရတဲ့ ပလပ်ခုံ အမျိုးအစားသုံးလျင် ပလပ်ပင်တွေကို မကြာခဏဖြုတ် လိုက်တတ်လိုက်လုပ်လို့မကောင်းပါ။
အကယ်၍ မီးခလုပ်မပါတဲ့ ပလပ်ခုံဆိုလျင်တော့ ပလပ်ဖြုတ်တပ် လုပ်လျင် ပလပ်ပင်ကို မတော်တဆထိမိပြီး ဓါတ်လိုက်နိုင်တဲ့ အန္တရာယ် ရှိပါသေးတယ်။

အမေရိကန်နိုင်ငံ စွမ်အင်ဌာနက လဲ ဒီလိုပဲရေးထားတာကလေးကို အကိုးအကားနဲ့ တင်ထားပါတယ်။
“ Warning, don’t frequently unplug and plug in appliances because you could get electrocuted from frayed wires and plugs.
Use a switchable power strip for clusters of computer or video products. That way you can switch everything to zero with one action.” 

ဘယ်အခါမှာ ပလပ်ဖြုတ်ထားသင့်သလဲ 

မိုးကြိုးမုန်တိုင်းကျနေချိန်တွေမှာတော့ လျှပ်စစ်ပစ္စည်းတွေကို ပလပ်ဖြုတ်ထားသင့်ပါတယ်။ ‘
တခါတရံ အိမ်ကို မီးပေးတဲ့ ကြိုးထဲကို မိုးကြိုးဝင်ပြီး အလွန်များပြားတဲ့ လျှပ်စီးကမီးကြိုးတလျှောက် စီးလာကာ လျှပ်စစ်ပစ္စည်းတွေထဲက နုနယ်တဲ့ ဆားကစ်တွေ၊ ပစ္စည်းတွေပျက်တတ်လို့ပါ။
မီးခလုပ်အများစုက လျှပ်စီးပတ်လမ်း ပြတ်အောင် အပူကြိုးကိုပဲ ဖြတ်ပေးပါတယ်။ အအေးကြိုးထဲဝင်လာတဲ့ မိုးကြိုးလျှပ်စီးကတော့ ကိုယ့်ပစ္စည်းထံ တန်းရောက်လာနိုင်ပါတယ်။
တခါ ခလုပ်ပိတ်ထားတောင် အလွန်အားများတဲ့ လျှပ်စီးက ခလုပ်ထဲက တခုနဲ့တခု အလွန်နီးကပ်နေတဲ့  ကြေးပြား၂ ခုကြားခုန်ကူးနိုင်ပါတယ်။
ဒါကြောင့် အိမ်မှာ Surge protector နဲ့ စံမှီတဲ့ မြေစိုက်ကြိုးစနစ် မရှိလျင်တော့ မိုးကြိုးမုန်တိုင်းကျနေချိန်တွေမှာတော့ လျှပ်စစ်ပစ္စည်းတွေကို ပလပ်ဖြုတ်ထားသင့်ပါတယ်။

ဖိုးသုည
ဆဲဗင်းဂျူလိုင် ၂၀၁၉
မှတ်ချက် 
ကျနော် လျှပ်စစ် ပညာရှင် မဟုတ်ပါ၊ လေ့လာဖတ်ရှုထားတာတွေကို ပြန်လည်မျှဝေတာပါ။ မှားနေတယ်ထင်လျင်အောက်မှာ ကွန်တက်ဘောက်ရှိပါတယ်။
https://www.facebook.com/phoethunyazero (သို့) phoethunya@gmail.com  ကို လည်းဆက်သွယ်နိုင်ပါတယ်။

အကိုးအကားများ 
https://www.mnn.com/green-tech/gadgets-electronics/questions/should-i-unplug-my-appliances-and-if-so-will-i-save-money
https://www.power-plugs-sockets.com/united-states-of-america/
https://www.energy.gov/energysaver/save-electricity-and-fuel/appliances-and-electronics/estimating-appliance-and-home
https://www.nrdc.org/sites/default/files/home-idle-load-IP.pdf
https://energyeducation.ca/encyclopedia/Standby_power
https://standby.lbl.gov/faq.html
https://standby.lbl.gov/faq/#what
https://www.energy.gov/energysaver/articles/3-easy-tips-reduce-your-standby-power-loads

No comments:

Post a Comment