Wednesday, July 24, 2019

ပိရိတဲ့ လိမ်စားနည်းတခု (ပိရိတဲ့ လိမ္စားနည္းတခု)


ရှမ်းဆရာကြီးကွ ( ယူနီကုဒ်)

ကြာတော့ ကြာခဲ့ပါပြီ။
၁၉၉၀ ဝန်းကျင်က တကယ်ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ပါ။
ပဲခူးနယ်ဖက်က ဆန်တွေ မန္တလေးကိုတက်ရောင်းကြပါတယ်။
တချို့ကုန်သည်တွေက မန္တလေးဆန်ပွဲရုံမှာ လူယုံ ကိုယ်စားလှယ်တယောက်ထားပြီး အောက်ကနေ ဆန်ပို့၊ ကိုယ်စားလှယ်က တာဝန်ခံရောင်းပြီးငွေပြန်လွဲပါတယ်။
တခါတော့ ကိုယ်စားလှယ် ကိုဖုန်းတယောက်ရာသီချိန်ကုန်လို့ ပြန်လာမယ့်အချိန် ပွဲရုံကလက်ကျန်ငွေတွေထုတ်ကာ ပဲခူးကိုပြန်မယ်ဆိုပြီး ကားဂိတ်ကို ထွက်သွားတာ မြို့ကိုလည်း ပြန်ရောက်မလာဘဲပျောက်နေပါတော့တယ်။ မိုဘိုင်းဖုန်းတွေမရှိသေးတဲ့ခေတ်၊ နီးစပ်ရာ အသိတွေကိုမေးတော့လည်း ရေရေရာရာဘာမှ မသိဘဲ ပိုက်ဆံတွေနဲ့အတူပျောက်ချင်းမလှ ပျောက်သွားပါတော့တယ်။ ရွာက မိဘတွေကိုလည်း အဆက်အသွယ်မလုပ်ပါ။  ဆွေမျိုးမကင်းတဲ့ ပဲခူးဆန်ပွဲရုံမှာလည်း ယုံကြည်စိတ်ချရတဲ့ သူပျောက်ပြီး ငွေလည်းဆုံး ဘာလုပ်ရမှန်း မသိနဲ့ နီးစပ်ရာ မိတ်ဆွေတွေကို စုံစမ်းမေးမြန်းရင်း နှစ်တွေချို့ပါတော့တယ်။
တနှစ်ကျော် အကြာမှာတော့ ဖားကန့်မှာ ကျောက်သွားတူးတဲ့ရွာက အသိတယောက်က ကိုဖုန်းကို တွေ့ခဲ့တယ်ဆိုလို့ အမျိုးတချို့လိုက်သွားတော့ ပင်ပန်းဆင်းရဲစွာကျောက်တူးနေတဲ့ ကိုဖုန်းကို ပြန်တွေ့ပါတယ်။
ငှက်ဖျားအခါခါမိပြီး ချွတ်ခြုံကျနေတဲ့ ကိုဖုန်းက မျက်ရည်တွေကျရင်း ဖြစ်ပျက်ပုံကို ပြန်ပြောပြတာပါ။
“ပျောက်သွားတဲ့နေ့က ငွေထုတ်နဲ့ အတူ မန္တလေးကနေပဲခူးကို ကားစီးပြန်ဖို့ ဂိတ်ကို အလာလမ်းမှာ လူတယောက်က ရင်းရင်းနှီးနှီး နှုတ်ဆက်ပါတယ်။ သူ့ကိုယ်ကိုယ်သူလည်း အောင်နိုင်ပါလို့ မိတ်ဆက် ပေမယ့် ဘယ်သူဆိုတာကိုဖုန်း စဉ်းစားလို့မရ။  
ကိုဖုန်း၊ ဘယ်သွားမလို့လဲ ပဲခူးပြန်တော့မလား ဆိုတာကနေ ရင်းနှီးသူတွေသာသိတဲ့ ရွာကအမျိုးတွေအကြောင်းတွေကိုပါ ပြောရင်း ရောလာတော့ သူမမှတ်မိတဲ့ ရွာကမိတ်ဆွေဟောင်းတယောက်လို့ပဲ ထင်မိပါတယ်။ ပြောဆိုနေပုံက ရင်းနှီးသလို သူ့အကြောင်းကို တော်တော်သိနေတာကိုး။ သူက ကိုယ်စီးမယ့်ကားကိုပါပြောပြီး အဲဒီကားနဲ့ပြန်မှာလား ကျနော်လဲ အဲဒီကားနဲ့ပဲခူးသွားမှာပဲ စောပါသေးတယ်။ ကားဂိတ် အတူတူ ဆင်းတာပေါ့ဆိုပြီး ငြင်းရခက်အောင် ရင်းနှီးစွာစကားတွေ ဖေါင်ပြပါတယ်။ အိမ်ပြန်ရေချိုးပြီးအိတ်သွားယူလိုက်ဦးမယ်ဗျာ မဝေးပါဘူး ဒီနားတင်၊ ခဏလိုက်ခဲ့ပါလား ၊ ပြီးတော့ကားဂိတ် အတူတူသွားတာပေါ့ ဆိုတော့ ကိုယ်က လည်းပိုက်ဆံတွေနဲ့ ဆိုတော့ ခရီးအဖေါ်ရတာပေါ့ဆိုပြီး လိုက်သွားပါတယ်။  
အဲဒီသူ ရေချိုးမယ်လုပ်နေတုန်း ရိုးအပုံရှိတဲ့ အသက်ကြီးကြီးရှမ်းကြီးတယောက် အိမ်ရှေ့ကို ယောင်လည်ယောင်လည်နဲ့လာပြီး ဘယ်သူ့အိမ်လားမေးတော့ အိမ်ရှင်ကိုအောင်နိုင်က မဟုတ်ကြောင်းပြောရင်း အကျိုးအကြောင်း မေးမြန်းရာမှာ ရှမ်းကြီးက သူဟာတောင်ပေါ်ကဆေးမြစ်တွေလာရောင်းပြီးငွေရွင်နေလို့ မပြန်ခင် ပျော်ပါးဖို့လာရှာတာဆိုသတဲ့။
လူလည် ကိုအောင်နိုင်က သူ့မှာ အဆက် အသွယ်ရှိတယ် သွားခေါ်ပေးမယ် ခဏတော့စောင့်ပါဆိုပြီး သူ့ညီဆိုသူတယောက်ကို တိုးတိုးပြေားပြီး အပြင်ကိုလွှတ် ရှမ်းကြီးကိုလည်း ရေနွေးနဲ့ မုန့်နဲ့ ဧည့်ခံပါတယ်။
၁၀ မိနစ်လောက်ကြာတော့ ရှမ်းကြီးကလှုပ်လှုပ်ရွရွ ဖြစ်လာပြီး မင်းတို့က ကြာတယ်ကွာ ပျင်းတယ် ဖဲလေး ဘာလေး မရှိဘူးလား မကစားတတ်ဘူးလားလို့ စကားစပါလေရော။ ကိုအောင်နိုင်ကလည်း ကားအချိန်ဝေးသေးတာနဲ့ အိမ်က သူ့ညီနောက်တယောက်ရယ် အိမ်ကိုရောက်နေတဲ့ သူငယ်ချင်းရယ် ဘေးအိမ်က သူငယ်ချင်းတွေပါခေါ်ပြီး ဝိုင်းလုပ်ပေးတယ်။   ကစားတာ ကြေးမများပဲ အပျော်လုပ်ရာက ရှမ်းကြီး ရှုံးတာများ လာချိန်မှာ ဘေးအိမ်က မိတ်ဆွေက ကိစ္စရှိလို့ထပြန်တော့ ရှုံးမဲမဲနေတဲ့ ရှမ်းကြီးကပေးမထွက်တော့ဘူး။ ဒါနဲ့ ကိုအောင်နိုင်က ဘေးကကြည့်နေတဲ့ ကိုဖုန်းကို ဝင်ကူဖြည့်ပေးဖို့ တိုးတိုးလာပြော။ ကိုဖုန်းကလည်း ကြည့်နေရင်း နိုင်နေတဲ့ အိမ်ကို ဖြည့်ဖို့ စိတ်ပါလာတော့ လက်ခံလိုက်တော့တာပေါ့။ ကစားရင်း ရှံးလေ ရှမ်းကြီး ကကြေးပိုခေါ်လေနဲ့ သူတို့လည်း တော်တော်မြတ်လာတော့ ရှမ်းကြီးထပေါက်ကွဲပါလေရော။
“ မင်းတို့တတွေငါ့ကို ဝိုင်းညစ်တယ် ငါ့ပိုက်ဆံတွေပြန်ပေး” ဆိုပြီး အော်တော့တယောက်က ပိုက်ဆံတွေကိုကြုံးပြီး ထအပြေး ရှမ်းကြီးက ငါ့ကိုဘာအောက်မေ့နေလဲ ရှမ်းဆရာကြီးကွ ဒီလိုလုပ်လို့ရမလားဆိုပြီး ကြမ်းကို ဖနောက်နဲ့ ထပေါက်တာပေါ့။ ပိုက်ဆံယူပြေးသူခမျာ  ချက်ချင်းပဲ တံခါးဝမှာ မှောက်လျက်လဲ ပါးစပ်က အမြှုပ်တွေထွက်ပြီး ဆန့်ငင် ဆန့်ငင်ဖြစ်နေပါလေရော။ အားလုံးလဲ လန့်ပြီး ရှမ်းကြီးကို လက်အုပ်ချီတောင်းပန်ကြရတော့တာပေါ့။ “ မင်းတို့တွေ ငါ့ကိုလူအဆိုပြီး ညစ်တယ်၊လိမ်တယ် အားလုံးကိုအရှင်မထားဘူး ပညာနဲ့ လုပ်မယ်” ဆိုတာနဲ့ အားလုံးက ရှိခိုးတောင်းပန်ကြတော့ “ ဒီတခါတော့ အသက်ချမ်းသာပေးလိုက်မယ်။ ဒီ သုံးနှစ်အတွင်းဒီနယ်ကိုပြန်လာလုပ်စားမယ်စိတ်မကူးနဲ့ တခြားသွားလုပ်စား” ဆိုပြီး သူပြန်ပေးတဲ့ စားရိတ်ကလေးယူကာ အဲဒီအိမ်ကနေပြေးကြပါတော့တယ်။ အိမ်ဝမှာလဲကျနေတဲ့သူကိုလဲ ဒီအတိုင်းထားခဲ့ပြီးပြေးကြတာ အောင်နိုင်တို့ဘယ်ရောက်သွားမှန်းမသိ၊ ကိုဖုန်းလည်း လမ်းရောက်မှသူ့ပိုက်ဆံထုတ်ကြီး အဲဒီအိမ်မှာ ကျန်ခဲ့တာသတိရပေမယ့် ကြောက်တာနဲ့ ပြန်မယူရဲတော့။ ပဲခူးပွဲရုံကမေးရင်လည်း ဘယ်လိုပြောရမှန်းမသိတာနဲ့ ဖါးကန့်ကိုတက်ပြီး ကျောက်သွားတူးရင်းပွဲရုံပိုက်ဆံကို ပြန်ဆပ်ဖို့ ငွေပြန်ရှာနေတုန်း သူ့ကိုပြန်တွေ့တာပါ။
ဒီတော့မှ သူ့ကိုသွားရှာတဲ့ မိသားစုကသူအလုပ်လုပ်ခဲ့တဲ့ ပွဲရုံကို အကြောင်းကြား၊ ပွဲရုံကလည်း ဆုံးသွားတဲ့ ငွေတွေအတွက် စိတ်ထဲမထားပါနဲ့ပဲခူးပြန်လာပါဆိုတော့ ကိုဖုန်းတယောက် ရွာပြန်ရဲပါတော့တယ်။ ဖြစ်ကြောင်းရယ်ကုန်စင် သိပြီးတဲ့ အခါမှာတော့ပွဲရုံပိုင်ရှင်က မန္တလေးက မိတ်ဆွေတွေကို ပြောပြရာမှာ အဲဒီသူတွေဟာ နယ်ကလာတဲ့ကုန်သည်တွေကို လိမ်စားနေတဲ့ဂိုဏ်းမှန်းသိရပါတော့တယ်။
အောင်နိုင်၊ ရှမ်းကြီး၊ သူ့ညီဆိုသူတွေနဲ့ အိမ်နီးချင်းဆိုသူတွေ အားလုံးက တစုတည်းဖြစ်ပြီး သူတို့ သားကောင်အကြောင်းကို အချိန်ယူလေ့လာပြီးမှ အလွန်ရင်းနှီးဖူးသူလို လုပ်ပြီးအဲလို လိမ်လေ့ရှိတာလို့ ဆိုပါတယ်။
စစ်အစိုးရ လက်ထက်ဆိုတော့ ပိုင်တဲ့ဆိုင်တဲ့သူတွေနဲ့လိုက်လိုက်တာ ပါသွားတဲ့ ငွေ တဝက်ကျော်လောက်ပြန်ရပါတယ်။ ပွဲရုံကလဲ နောင်ကို ငွေပြန်သိမ်းလာလျင် ဟွန်ဒီပဲလွှဲ၊ လွှဲမရလျင်  ကိုယ့်လူ ၂ယောက်တွဲပါမှ ပြန်သယ်ခိုင်းပါတော့တယ်။
ပုဂ္ဂလိက ဘဏ်လုပ်ငန်းတွေ ဆိုတာ စလုံးရေ စဆိုတဲ့ အချိန်ဆိုတော့ ဘာမှ ဟုတ်တိပတ္တိသုံးမရသေးဘူးလေ။
ဖိုးသုည
25-7-19
(မှတ်ချက်။ ရှမ်းကြီး ဆိုသည်မှာ အဖြစ်မှန်ပါအတိုင်းရေးထားတာဖြစ်ပါတယ်။ ဘာလူမျိုးရေးအစွဲမှ မပါပါ။)

ရွမ္းဆရာႀကီးကြ


ၾကာေတာ့ ၾကာခဲ့ပါၿပီ။
၁၉၉၀ ဝန္းက်င္က တကယ္ျဖစ္ခဲ့တဲ့ အျဖစ္အပ်က္ပါ။
ပဲခူးနယ္ဖက္က ဆန္ေတြ မႏၲေလးကိုတက္ေရာင္းၾကပါတယ္။ 
တခ်ိဳ႕ကုန္သည္ေတြက မႏၲေလးဆန္ပြဲ႐ုံမွာ လူယုံ ကိုယ္စားလွယ္တေယာက္ထားၿပီး ေအာက္ကေန ဆန္ပို႔၊ ကိုယ္စားလွယ္က တာဝန္ခံေရာင္းၿပီးေငြျပန္လြဲပါတယ္။ 
တခါေတာ့ ကိုယ္စားလွယ္ ကိုဖုန္းတေယာက္ရာသီခ်ိန္ကုန္လို႔ ျပန္လာမယ့္အခ်ိန္ ပြဲ႐ုံကလက္က်န္ေငြေတြထုတ္ၿကာ ပဲခူးကိုျပန္မယ္ဆိုၿပီး ကားဂိတ္ကို ထြက္သြားတာ ၿမိဳ႕ကိုလည္း ျပန္ေရာက္မလာဘဲေပ်ာက္ေနပါေတာ့တယ္။ မိုဘိုင္းဖုန္းေတြမရွိေသးတဲ့ေခတ္၊ နီးစပ္ရာ အသိေတြကိုေမးေတာ့လည္း ေရေရရာရာဘာမွ မသိဘဲ ပိုက္ဆံေတြနဲ႔အတူေပ်ာက္ခ်င္းမလွ ေပ်ာက္သြားပါေတာ့တယ္။ ႐ြာက မိဘေတြကိုလည္း အဆက္အသြယ္မလုပ္ပါ။  ေဆြမ်ိဳးမကင္းတဲ့ ပဲခူးဆန္ပြဲ႐ုံမွာလည္း ယုံၾကည္စိတ္ခ်ရတဲ့ သူေပ်ာက္ၿပီး ေငြလည္းဆုံး ဘာလုပ္ရမွန္း မသိနဲ႔ နီးစပ္ရာ မိတ္ေဆြေတြကို စုံစမ္းေမးျမန္းရင္း ႏွစ္ေတြခ်ိဳ႕ပါေတာ့တယ္။ 
တႏွစ္ေက်ာ္ အၾကာမွာေတာ့ ဖားကန္႔မွာ ေက်ာက္သြားတူးတဲ့႐ြာက အသိတေယာက္က ကိုဖုန္းကို ေတြ႕ခဲ့တယ္ဆိုလို႔ အမ်ိဳးတခ်ိဳ႕လိုက္သြားေတာ့ ပင္ပန္းဆင္းရဲစြာေက်ာက္တူးေနတဲ့ ကိုဖုန္းကို ျပန္ေတြ႕ပါတယ္။ 
ငွက္ဖ်ားအခါခါမိၿပီး ခြၽတ္ၿခဳံက်ေနတဲ့ ကိုဖုန္းက မ်က္ရည္ေတြက်ရင္း ျဖစ္ပ်က္ပုံကို ျပန္ေျပာျပတာပါ။ 
“ေပ်ာက္သြားတဲ့ေန႔က ေငြထုတ္နဲ႔ အတူ မႏၲေလးကေနပဲခူးကို ကားစီးျပန္ဖို႔ ဂိတ္ကို အလာလမ္းမွာ လူတေယာက္က ရင္းရင္းႏွီးႏွီး ႏႈတ္ဆက္ပါတယ္။ သူ႔ကိုယ္ကိုယ္သူလည္း ေအာင္ႏိုင္ပါလို႔ မိတ္ဆက္ ေပမယ့္ ဘယ္သူဆိုတာကိုဖုန္း စဥ္းစားလို႔မရ။  
ကိုဖုန္း ဘယ္သြားမလို႔လဲ ပဲခူးျပန္ေတာ့မလား ဆိုတာကေန ရင္းႏွီးသူေတြသာသိတဲ့ ႐ြာကအမ်ိဳးေတြအေၾကာင္းေတြကိုပါ ေျပာရင္း ေရာလာေတာ့ သူမမွတ္မိတဲ့ ႐ြာကမိတ္ေဆြေဟာင္းတေယာက္လို႔ပဲ ထင္မိပါတယ္။ ေျပာဆိုေနပုံက ရင္းႏွီးသလို သူ႔အေၾကာင္းကို ေတာ္ေတာ္သိေနတာကိုး။ သူက ကိုယ္စီးမယ့္ကားကိုပါေျပာၿပီး အဲဒီကားနဲ႔ျပန္မွာလား က်ေနာ္လဲ အဲဒီကားနဲ႔ပဲခူးသြားမွာပဲ ေစာပါေသးတယ္။ ကားဂိတ္ အတူတူ ဆင္းတာေပါ့ဆိုၿပီး ျငင္းရခက္ေအာင္ ရင္းႏွီးစြာစကားေတြ ေဖါင္ျပပါတယ္။ အိမ္ျပန္ေရခ်ိဳးၿပီးအိတ္သြားယူလိုက္ဦးမယ္ဗ်ာ မေဝးပါဘူး ဒီနားတင္၊ ခဏလိုက္ခဲ့ပါလား ၊ ၿပီးေတာ့ကားဂိတ္ အတူတူသြားတာေပါ့ ဆိုေတာ့ ကိုယ္က လည္းပိုက္ဆံေတြနဲ႔ ဆိုေတာ့ ခရီးအေဖၚရတာေပါ့ဆိုၿပီး လိုက္သြားပါတယ္။  
အဲဒီသူ ေရခ်ိဳးမယ္လုပ္ေနတုန္း ႐ိုးအပုံရွိတဲ့ အသက္ႀကီးႀကီးရွမ္းႀကီးတေယာက္ အိမ္ေရွ႕ကို ေယာင္လည္ေယာင္လည္နဲ႔လာၿပီး ဘယ္သူ႔အိမ္လားေမးေတာ့ အိမ္ရွင္ကိုေအာင္ႏိုင္က မဟုတ္ေၾကာင္းေျပာရင္း အက်ိဳးအေၾကာင္း ေမးျမန္းရာမွာ ရွမ္းႀကီးက သူဟာေတာင္ေပၚကေဆးျမစ္ေတြလာေရာင္းၿပီးေငြ႐ြင္ေနလို႔ မျပန္ခင္ ေပ်ာ္ပါးဖို႔လာရွာတာဆိုသတဲ့။ 
လူလည္ ကိုေအာင္ႏိုင္က သူ႔မွာ အဆက္ အသြယ္ရွိတယ္ သြားေခၚေပးမယ္ ခဏေတာ့ေစာင့္ပါဆိုၿပီး သူ႔ညီဆိုသူတေယာက္ကို တိုးတိုးေျပားၿပီး အျပင္ကိုလႊတ္ ရွမ္းႀကီးကိုလည္း ေရေႏြးနဲ႔ မုန္႔နဲ႔ ဧည့္ခံပါတယ္။ 
၁၀ မိနစ္ေလာက္ၾကာေတာ့ ရွမ္းႀကီးကလႈပ္လႈပ္႐ြ႐ြ ျဖစ္လာၿပီး မင္းတိုက ၾကာတယ္ကြာ ပ်င္းတယ္ ဖဲေလး ဘာေလး မရွိဘူးလား မကစားတတ္ဘူးလားလို႔ စကားစပါေလေရာ။ ကိုေအာင္ႏိုင္ကလည္း ကားအခ်ိန္ေဝးေသးတာနဲ႔ အိမ္က သူ႔ညီေနာက္တေယာက္ရယ္ အိမ္ကိုေရာက္ေနတဲ့ သူငယ္ခ်င္းရယ္ ေဘးအိမ္က သူငယ္ခ်င္းေတြပါေခၚၿပီး ဝိုင္းလုပ္ေပးတယ္။   ကစားတာ ေၾကးမမ်ားပဲ အေပ်ာ္လုပ္ရာက ရွမ္းႀကီး ရႈံးတာမ်ား လာခ်ိန္မွာ ေဘးအိမ္က မိတ္ေဆြက ကိစၥရွိလို႔ထျပန္ေတာ့ ရႈံးမဲမဲေနတဲ့ ရွမ္းႀကီးကေပးမထြက္ေတာ့ဘူး။ ဒါနဲ႔ ကိုေအာင္ႏိုင္က ေဘးကၾကည့္ေနတဲ့ ကိုဖုန္းကို ဝင္ကူျဖည့္ေပးဖို႔ တိုးတိုးလာေျပာ။ ကိုဖုန္းကလည္း ၾကည့္ေနရင္း ႏိုင္ေနတဲ့ အိမ္ကို ျဖည့္ဖို႔ စိတ္ပါလာေတာ့ လက္ခံလိုက္ေတာ့တာေပါ့။ ကစားရင္း ရွံးေလ ရွမ္းႀကီး ကေၾကးပိုေခၚေလနဲ႔ သူတို႔လည္း ေတာ္ေတာ္ျမတ္လာေတာ့ ရွမ္းႀကီးထေပါက္ကြဲပါေလေရာ။ 
“ မင္းတို႔တေတြငါ့ကို ဝိုင္းညစ္တယ္ ငါ့ပိုက္ဆံေတြျပန္ေပး။” ဆိုၿပီး ေအာ္ေတာ့တေယာက္က ပိုက္ဆံေတြကိုႀကဳံးၿပီး ထအေျပး ရွမ္းႀကီးက ငါ့ကိုဘာေအာက္ေမ့ေနလဲ ရွမ္းဆရာႀကီးကြ ဒီလိုလုပ္လို႔ရမလားဆိုၿပီး ၾကမ္းကို ဖေနာက္နဲ႔ ထေပါက္တာေပါ့။ ပိုက္ဆံယူေျပးသူခမ်ာ  ခ်က္ခ်င္းပဲ တံခါးဝမွာ ေမွာက္လ်က္လဲ ပါးစပ္က အျမႇဳပ္ေတြထြက္ၿပီး ဆန္႔ငင္ ဆန္႔ငင္ျဖစ္ေနပါေလေရာ။ အားလုံးလဲ လန္႔ၿပီး ရွမ္းႀကီးကို လက္အုပ္ခ်ီေတာင္းပန္ၾကရေတာ့တာေပါ့။ “ မင္းတို႔ေတြ ငါ့ကိုလူအဆိုၿပီး ညစ္တယ္၊လိမ္တယ္ အားလုံးကိုအရွင္မထားဘူး ပညာနဲ႔ လုပ္မယ္” ဆိုတာနဲ႔ အားလုံးက ရွိခိုးေတာင္းပန္ၾကေတာ့ “ ဒီတခါေတာ့ အသက္ခ်မ္းသာေပးလိုက္မယ္။ ဒီ သုံးႏွစ္အတြင္းဒီနယ္ကိုျပန္လာလုပ္စားမယ္စိတ္မကူးနဲ႔ တျခားသြားလုပ္စား” ဆိုၿပီး သူျပန္ေပးတဲ့ စားရိတ္ကေလးယူကာ အဲဒီအိမ္ကေနေျပးၾကပါေတာ့တယ္။ အိမ္ဝမွာလဲက်ေနတဲ့သူကိုလဲ ဒီအတိုင္းထားခဲ့ၿပီးေျပးၾကတာ ေအာင္ႏိုင္တို႔ဘယ္ေရာက္သြားမွန္းမသိ၊  ကိုဖုန္းလည္း လမ္းေရာက္မွသူ႔ပိုက္ဆံထုတ္ႀကီး အဲဒီအိမ္မွာ က်န္ခဲ့တာသတိရေပမယ့္ ေၾကာက္တာနဲ႔ ျပန္မယူရဲေတာ့။ ပဲခူးပြဲ႐ုံကေမးရင္လည္း ဘယ္လိုေျပာရမွန္းမသိတာနဲ႔ ဖါးကန္႔ကိုတက္ၿပီး ေက်ာက္သြားတူးရင္းပြဲ႐ုံပိုက္ဆံကို ျပန္ဆပ္ဖို႔ ေငြျပန္ရွာေနတုန္း သူ႔ကိုျပန္ေတြ႕တာပါ။ 
ဒီေတာ့မွ သူ႔ကိုသြားရွာတဲ့ မိသားစုကသူအလုပ္လုပ္ခဲ့တဲ့ ပြဲ႐ုံကို အေၾကာင္းၾကား၊ ပြဲ႐ုံကလည္း ဆုံးသြားတဲ့ ေငြေတြအတြက္ စိတ္ထဲမထားပါနဲ႔ပဲခူးျပန္လာပါဆိုေတာ့ ကိုဖုန္းတေယာက္ ႐ြာျပန္ရဲပါေတာ့တယ္။ ျဖစ္ေၾကာင္းရယ္ကုန္စင္ သိၿပီးတဲ့ အခါမွာေတာ့ပြဲ႐ုံပိုင္ရွင္က မႏၲေလးက မိတ္ေဆြေတြကို ေျပာျပရာမွာ အဲဒီသူေတြဟာ နယ္ကလာတဲ့ကုန္သည္ေတြကို လိမ္စားေနတဲ့ဂိုဏ္းမွန္းသိရပါေတာ့တယ္။ 
ေအာင္ႏိုင္၊ ရွမ္းႀကီး၊ သူ႔ညီဆိုသူေတြနဲ႔ အိမ္နီးခ်င္းဆိုသူေတြ အားလုံးက တစုတည္းျဖစ္ၿပီး သူတို႔ သားေကာင္အေၾကာင္းကို အခ်ိန္ယူေလ့လာၿပီးမွ အလြန္ရင္းႏွီးဖူးသူလို လုပ္ၿပီးအဲလို လိမ္ေလ့ရွိတာလို႔ ဆိုပါတယ္။ 
စစ္အစိုးရ လက္ထက္ဆိုေတာ့ ပိုင္တဲ့ဆိုင္တဲ့သူေတြနဲ႔လိုက္လိုက္တာ ပါသြားတဲ့ ေငြ တဝက္ေက်ာ္ေလာက္ျပန္ရပါတယ္။ ပြဲ႐ုံကလဲ ေနာင္ကို ေငြျပန္သိမ္းလာလ်င္ ဟြန္ဒီပဲလႊဲ၊ လႊဲမရလ်င္  ကိုယ့္လူ ၂ေယာက္တြဲပါမွ ျပန္သယ္ခိုင္းပါေတာ့တယ္။ 
ပုဂၢလိက ဘဏ္လုပ္ငန္းေတြ ဆိုတာ စလုံးေရ စဆိုတဲ့ အခ်ိန္ဆိုေတာ့ ဘာမွ ဟုတ္တိပတၱိသုံးမရေသးဘူးေလ။ 
ဖိုးသုည
25-7-19
(မွတ္ခ်က္။ ရွမ္းႀကီး ဆိုသည္မွာ အျဖစ္မွန္ပါအတိုင္းေရးထားတာျဖစ္ပါတယ္။ ဘာလူမ်ိဳးေရးအစြဲမွ မပါပါ။)




No comments:

Post a Comment