Tuesday, July 9, 2019

ကေလးနဲ႔ မိသားစုတာဝန္၊ မိသားစုစိတ္ဓါတ္ (

ကေလးနဲ႔ မိသားစုတာဝန္၊ မိသားစုစိတ္ဓါတ္


မိတ္ေဆြတေယာက္ကေျပာဖူးတယ္။ သူ႔လုပ္ေဖၚကိုင္ဖက္ အျဖဴတေယာက္က အိမ္မွာ အိမ္အကူမထားဘူး၊ သူ႔ကေလးေတြကို အိမ္အလုပ္လုပ္ခိုင္းတယ္။ ၿပီးေတာ့ မွ ကေလးေတြကို မုန္႔ဖို႔းေပးတယ္တဲ့ ။
ေနာက္တေယာက္ကလည္း သူ႔ကေလးေတြကို အိမ္အလုပ္လုပ္ခိုင္းတယ္။ ၿပီးလ်င္မုန္႔ဖိုးေပးတယ္။ ပန္းကန္ေဆးရင္ တေန႔ဘယ္ေလာက္ ၾကမ္းတိုက္ရင္ တေန႔ ဘယ္ေလာက္  စသည္ေပါ့။
တလတခါစုၿပီးရွင္းေပးတယ္။ သူမ်ားကို ပိုက္ဆံေပးငွားမယ့္အစား ကိုယ့္ကေလး လည္း မုံ႔ဘိုးရ၊ သူတို႔လည္း အိမ္အလုပ္လုပ္တဲ့ အက်င့္ေကာင္းကေလးရသြားတာေပါ့တဲ့ ။
ဟုတ္သလိုပဲ ဒါေပမယ့္ တခုခုေတာ့ လြဲေနတယ္။
https://www.123rf.com/photo_40779400_

ဘာလြဲေနတာလဲ။

ကေလးေတြကို အိမ္အလုပ္ခိုင္းရင္ လုပ္ခ်င္ေအာင္ မုံဖိုးေပးတာကေတာ့ မဆိုးပါဘူး။ ဘာမွမရလ်င္ မလုပ္ခ်င္ပဲေနမွာကိုး။
ကဲဒါျဖင့္ ကိုယ့္အိမ္ အလုပ္ကို ပိုက္ဆံမရရင္ မလုပ္ဘူးဆိုတာမ်ိဳးျဖစ္သြားေတာ့ မခက္ဘူးလား?
တကယ္ေတာ့ ကေလးတိုင္းက မိမိဟာ မိသားစုဝင္ တေယာက္ျဖစ္တယ္၊ မိမိရဲ႕ မိသားစုရဲ႕အလုပ္က မိမိအလုပ္ျဖစ္တယ္၊ ကိုယ္လည္းတာဝန္ ယူတတ္ရမယ္ ဆိုတဲ့အသိကေလးကို ငယ္ငယ္ကတည္းက သင္ေပးရမွာ မိဘရဲ႕တာဝန္ပါ။
၁ ကိုယ့္ကိစၥကို ကိုယ္တာဝန္ယူတတ္ရမယ္။ ကိုယ့္အိပ္ယာကိုယ္သိမ္း၊ ကိုယ္စားတဲ့ပန္းကန္ကိုယ္ေဆး ဆိုတာ၊ ကိုယ့္ ပစၥည္း ကိုယ္ရွင္းရမယ္ဆိုတဲ့ တာဝန္ယူတတ္တဲ့ အသိနဲ႔ စိတ္ကိုေမြးျမဴေပးရပါမယ္။
၂. ကိုယ္ဟာ မိသားစုဝင္ ျဖစ္တယ္၊ မိသားစုရဲ႕ ကိစၥကကိုယ့္ကိစၥျဖစ္တယ္။ ကိုယ္လည္း တတ္ႏိုင္သေလာက္ တာဝန္ယူရမယ္လို႔ မိသားစုစိတ္ဓါတ္ကိုလည္း ေမြးျမဴေပးသင့္ပါတယ္။ အိမ္သန္႔ရွင္းေရး၊ ခ်က္တာျပဳတ္တာ၊ ထမင္းပြဲျပင္တာ စတာေတြမွာ ကူညီဖို႔ သင္ေပးသင့္ပါတယ္။
ဒါဆို ကေလး ေတြ အိမ္အလုပ္ ကူလုပ္လ်င္ မုန္ု႔ဖိုးမေပးရေတာ့ဘူးလား။
ဘယ္သူမဆို တုန္႔ျပန္အက်ိဳးကိုလိုခ်င္တာျဖစ္လို႔ေပးသင့္ပါတယ္။

ေပးပုံေပးနည္းကေတာ့ အေရးႀကီးပါတယ္။ 

ကိုယ့္မိသားစုအလုပ္ကိုလုပ္လို႔ အခစားလိုေပးတာမ်ိဳးကို ေတာ့ အားမေပးပါ။ ၾကာလ်င္ ကေလးက ဘာလုပ္လုပ္ လုပ္ခရမွ လုပ္ရတယ္လို႔ စြဲသြားပါမယ္။ မိသားစုတာဝန္၊ တာဝန္သိမႈ၊ တာဝန္ယူမႈဆိုတာေတြကို ေမ့သြားမွာစိုးလို႔ပါ၊
 သူတို႔ႀကီးလာလ်င္ မိဘကိုျပန္ေစာင့္ေရွာက္ဖို႔၊ ညီအကို ေမာင္ႏွမေတြကို ျပန္ကူညီဖို႔ေတာင္ တန္၏ မတန္၏ ေဈးတြက္တြက္လာတဲ့အခါမွ ေနာင္တမရသင့္ပါ။
ကိုယ့္အိမ္တာဝန္ကို ေဝမွ်ယူလို႔ သိတတ္လို႔ လိမ္မာလို႔ ဆုခ်တယ္ဆိုတာမ်ိဳးက ပိုသင့္ေတာ္ပါတယ္။
ဘာလုပ္လ်င္ ဘယ္ေလာက္ေပးမယ္ဆိုတာထက္ ဒီတခါ အလုပ္အမ်ားႀကီး လုပ္လို႔ ဆုႀကီးႀကီး ခ်တယ္၊  ဒီတခါကေတာ့ အပ်င္းနည္းနည္းႀကီးလို ဆုကေသးသြားတယ္ဆိုတာမ်ိဳးလုပ္ေပးလ်င္ေတာ့ ကေလးရတဲ့ ပိုက္ဆံခ်င္းတူေပမယ့္ ရတဲ့ အသိခ်င္းေတာ့ မတူႏိုင္ပါ။ အလုပ္ကိုလည္းလုပ္ခ်င္စိတ္ပိုလာပါတယ္။
တခါကူလုပ္တိုင္းတခါေပးတာမ်ိဳးကလည္းမသင့္ပါ။  အိမ္အလုပ္ကူတာနဲ႔ အတူ တျခား လိမ္မာေရးျခားရွိတာကေလးေတြကိုပါေရာၿပီး ဆုခ်တာေကာင္းပါတယ္။
အခ်ိန္ကာလတခုအလိုက္ ဥပမာ ဒီလ ကေလးက အိမ္မွာကူတာမ်ားတယ္ ဆုခ်တယ္၊ ဒီလေတာ့ အေဆ့ာမက္တယ္။ ဆုမရဘူး ဆိုတာမ်ိဳးက ပို အဆင္ေျပပါတယ္။၊
ဆုကလည္း မုန႔္ဖိုးေပးတာခ်ည္းမဟုတ္ဘဲ  သူလိုခ်င္တာေတြ ကို ျဖည့္ဆည္းေပးတာမ်ိဳးေတြနဲ႔ တြဲသင့္ပါတယ္
မိမိကေလးက မိသားစုကိစၥကို အိမ္အလုပ္ကို လုပ္ေပးတဲ့ အခါ သူတို႔ကို မိသားစုဝင္ တဦးအေနနဲ႔ အသိမွတ္ျပဳၿပီးခိုင္းပါ၊ အခစားအလုပ္သမားလို မခိုင္းသင့္ပါ။
အခုေခတ္ ၿမိဳ႕ေပၚမွာက ကေလးေတြကို ဘုရင္လိုထားၾကေတာ့ သူတို႔ကိစၥကိုလည္း တာဝန္ယူရေကာင္းမွန္းမသိ၊ မိသားစု တာဝန္ဆိုတာေတာ့ ေဝလာေဝးျဖစ္ကုန္ၾကတာကို စိတ္မေကာင္းစြာေတြ႕ေနရပါတယ္။
ကေလးေတြက ေက်ာင္းသြား က်ဴရွင္တက္ ဆိုတာေတြနဲ႔အခ်ိန္ကုန္ၿပီး မိဘက အကုန္လိုက္လုပ္ေပးေနၾကတာေတာ္ေတာ္မ်ားပါတယ္၊
တကယ္ေတာ့ တာဝန္ယူစိတ္ တာဝန္သိစိတ္ကေလးေတြကို ငယ္ငယ္ကတည္းက ျပဳစုပ်ိဳးေထာင္ၾကသင့္ပါတယ္။

ဖိုးသုည
9-7-19


ကလေးနဲ့ မိသားစုတာဝန်၊ မိသားစုစိတ်ဓါတ် (Unicode)


မိတ်ဆွေတယောက်ကပြောဖူးတယ်။ သူ့လုပ်ဖေါ်ကိုင်ဖက် အဖြူတယောက်က အိမ်မှာ အိမ်အကူမထားဘူး၊ သူ့ကလေးတွေကို အိမ်အလုပ်လုပ်ခိုင်းတယ်။ ပြီးတော့ မှ ကလေးတွေကို မုန့်ဖို့းပေးတယ်တဲ့ ။ 
နောက်တယောက်ကလည်း သူ့ကလေးတွေကို အိမ်အလုပ်လုပ်ခိုင်းတယ်။ ပြီးလျင်မုန့်ဖိုးပေးတယ်။ ပန်းကန်ဆေးရင် တနေ့ဘယ်လောက် ကြမ်းတိုက်ရင် တနေ့ ဘယ်လောက်  စသည်ပေါ့။
တလတခါစုပြီးရှင်းပေးတယ်။ သူများကို ပိုက်ဆံပေးငှားမယ့်အစား ကိုယ့်ကလေး လည်း မုံ့ဘိုးရ၊ သူတို့လည်း အိမ်အလုပ်လုပ်တဲ့ အကျင့်ကောင်းကလေးရသွားတာပေါ့တဲ့ ။ 
ဟုတ်သလိုပဲ ဒါပေမယ့် တခုခုတော့ လွဲနေတယ်။ 

ဘာလွဲနေတာလဲ။

ကလေးတွေကို အိမ်အလုပ်ခိုင်းရင် လုပ်ချင်အောင် မုံဖိုးပေးတာကတော့ မဆိုးပါဘူး။ ဘာမှမရလျင် မလုပ်ချင်ပဲနေမှာကိုး။
ကဲဒါဖြင့် ကိုယ့်အိမ် အလုပ်ကို ပိုက်ဆံမရရင် မလုပ်ဘူးဆိုတာမျိုးဖြစ်သွားတော့ မခက်ဘူးလား?
တကယ်တော့ ကလေးတိုင်းက မိမိဟာ မိသားစုဝင် တယောက်ဖြစ်တယ်၊ မိမိရဲ့ မိသားစုရဲ့အလုပ်က မိမိအလုပ်ဖြစ်တယ်၊ ကိုယ်လည်းတာဝန် ယူတတ်ရမယ် ဆိုတဲ့အသိကလေးကို ငယ်ငယ်ကတည်းက သင်ပေးရမှာ မိဘရဲ့တာဝန်ပါ။ 
၁ ကိုယ့်ကိစ္စကို ကိုယ်တာဝန်ယူတတ်ရမယ်။ ကိုယ့်အိပ်ယာကိုယ်သိမ်း၊ ကိုယ်စားတဲ့ပန်းကန်ကိုယ်ဆေး ဆိုတာ၊ ကိုယ့် ပစ္စည်း ကိုယ်ရှင်းရမယ်ဆိုတဲ့ တာဝန်ယူတတ်တဲ့ အသိနဲ့ စိတ်ကိုမွေးမြူပေးရပါမယ်။ 
၂. ကိုယ်ဟာ မိသားစုဝင် ဖြစ်တယ်၊ မိသားစုရဲ့ ကိစ္စကကိုယ့်ကိစ္စဖြစ်တယ်။ ကိုယ်လည်း တတ်နိုင်သလောက် တာဝန်ယူရမယ်လို့ မိသားစုစိတ်ဓါတ်ကိုလည်း မွေးမြူပေးသင့်ပါတယ်။ အိမ်သန့်ရှင်းရေး၊ ချက်တာပြုတ်တာ၊ ထမင်းပွဲပြင်တာ စတာတွေမှာ ကူညီဖို့ သင်ပေးသင့်ပါတယ်။ 
ဒါဆို ကလေး တွေ အိမ်အလုပ် ကူလုပ်လျင် မုန်ု့ဖိုးမပေးရတော့ဘူးလား။
ဘယ်သူမဆို တုန့်ပြန်အကျိုးကိုလိုချင်တာဖြစ်လို့ပေးသင့်ပါတယ်။ 

ပေးပုံပေးနည်းကတော့ အရေးကြီးပါတယ်။ 

ကိုယ့်မိသားစုအလုပ်ကိုလုပ်လို့ အခစားလိုပေးတာမျိုးကို တော့ အားမပေးပါ။ ကြာလျင် ကလေးက ဘာလုပ်လုပ် လုပ်ခရမှ လုပ်ရတယ်လို့ စွဲသွားပါမယ်။ မိသားစုတာဝန်၊ တာဝန်သိမှု၊ တာဝန်ယူမှုဆိုတာတွေကို မေ့သွားမှာစိုးလို့ပါ၊
 သူတို့ကြီးလာလျင် မိဘကိုပြန်စောင့်ရှောက်ဖို့၊ ညီအကို မောင်နှမတွေကို ပြန်ကူညီဖို့တောင် တန်၏ မတန်၏ ဈေးတွက်တွက်လာတဲ့အခါမှ နောင်တမရသင့်ပါ။ 
ကိုယ့်အိမ်တာဝန်ကို ဝေမျှယူလို့ သိတတ်လို့ လိမ်မာလို့ ဆုချတယ်ဆိုတာမျိုးက ပိုသင့်တော်ပါတယ်။ 
ဘာလုပ်လျင် ဘယ်လောက်ပေးမယ်ဆိုတာထက် ဒီတခါ အလုပ်အများကြီး လုပ်လို့ ဆုကြီးကြီး ချတယ်၊  ဒီတခါကတော့ အပျင်းနည်းနည်းကြီးလို ဆုကသေးသွားတယ်ဆိုတာမျိုးလုပ်ပေးလျင်တော့ ကလေးရတဲ့ ပိုက်ဆံချင်းတူပေမယ့် ရတဲ့ အသိချင်းတော့ မတူနိုင်ပါ။ အလုပ်ကိုလည်းလုပ်ချင်စိတ်ပိုလာပါတယ်။
တခါကူလုပ်တိုင်းတခါပေးတာမျိုးကလည်းမသင့်ပါ။  အိမ်အလုပ်ကူတာနဲ့ အတူ တခြား လိမ်မာရေးခြားရှိတာကလေးတွေကိုပါရောပြီး ဆုချတာကောင်းပါတယ်။
အချိန်ကာလတခုအလိုက် ဥပမာ ဒီလ ကလေးက အိမ်မှာကူတာများတယ် ဆုချတယ်၊ ဒီလတော့ အဆေ့ာမက်တယ်။ ဆုမရဘူး ဆိုတာမျိုးက ပို အဆင်ပြေပါတယ်။၊
ဆုကလည်း မုန့်ဖိုးပေးတာချည်းမဟုတ်ဘဲ  သူလိုချင်တာတွေ ကို ဖြည့်ဆည်းပေးတာမျိုးတွေနဲ့ တွဲသင့်ပါတယ်၊ 
မိမိကလေးက မိသားစုကိစ္စကို အိမ်အလုပ်ကို လုပ်ပေးတဲ့ အခါ သူတို့ကို မိသားစုဝင် တဦးအနေနဲ့ အသိမှတ်ပြုပြီးခိုင်းပါ၊ အခစားအလုပ်သမားလို မခိုင်းသင့်ပါ။ 
အခုခေတ် မြို့ပေါ်မှာက ကလေးတွေကို ဘုရင်လိုထားကြတော့ သူတို့ကိစ္စကိုလည်း တာဝန်ယူရကောင်းမှန်းမသိ၊ မိသားစု တာဝန်ဆိုတာတော့ ဝေလာဝေးဖြစ်ကုန်ကြတာကို စိတ်မကောင်းစွာတွေ့နေရပါတယ်။ 
ကလေးတွေက ကျောင်းသွား ကျူရှင်တက် ဆိုတာတွေနဲ့အချိန်ကုန်ပြီး မိဘက အကုန်လိုက်လုပ်ပေးနေကြတာတော်တော်များပါတယ်၊
တကယ်တော့ တာဝန်ယူစိတ် တာဝန်သိစိတ်ကလေးတွေကို ငယ်ငယ်ကတည်းက ပြုစုပျိုးထောင်ကြသင့်ပါတယ်။ 

ဖိုးသုည
9-7-19

No comments:

Post a Comment