Monday, July 8, 2019

ကိုယ်တိုင်ကိုယ်ဝန်ဆောင်ပြီးမွေးလိုက်တဲ့သားလေး ၂ယောက်က သူတို့ရဲ့ကလေးတွေ လုံးဝ မဟုတ်ဘူးဆိုတာကို သိလိုက်ရတဲ့ အခါ၊ (ကိုယ္တိုင္ကိုယ္ဝန္ေဆာင္ၿပီးေမြးလိုက္တဲ့သားေလး ၂ေယာက္က သူတို႔ရဲ႕ ကေလးေတြ လုံးဝ မဟုတ္ဘူးဆိုတာကို သိလိုက္ရတဲ့ အခါ )

ကိုယ္တိုင္ကိုယ္ဝန္ေဆာင္ၿပီးေမြးလိုက္တဲ့သားေလး ၂ေယာက္က သူတို႔ရဲ႕ ကေလးေတြ လုံးဝ မဟုတ္ဘူးဆိုတာကို သိလိုက္ရတဲ့ အခါ.......


နယူးေယာက္ျပည္နယ္က အာရွလူမ်ိဳး AP နဲ႔  YZ စုံတြဲဟာ ကေလးရဖို႔ ခက္ခဲတာေၾကာင့္ ခႏၶာျပင္ပမွာသေႏၶတည္ေစတဲ့ IVF နည္းနဲ႔ ကေလးယူခဲ့ပါတယ္။ သူတို႔ အေမရိကန္ႏိုင္ငံ ကယ္လီဖိုးနီးယားျပည္နယ္က နာမည္ႀကီး CHA Fertility ေဆးခန္းမွာ IVF နည္းသုံးခဲ့တာပါ၊
ဒီနည္း IVF နည္းက အေဖရဲ႕ သုတ္ပိုးနဲ႔ အေမရဲ႕ သားဥကို ဓါတ္ခြဲခန္းမွာ သေႏၶတည္ေစၿပီး ရလာတဲ့ သေႏၶသားေတြထဲက က်န္းမာသန္စြမ္းမယ္လို႔ ထင္ရတဲ့ သေႏၶသားကို မိခင္သားအိမ္ထဲ ကို ျပန္ထည့္ေပးပါတယ္။ ၿပီးေတာ့ မိခင္ကို ေဟာ္မုန္း နဲ႔ လိုတဲ့ ေဆးေတြေပးၿပီး ကိုယ္ဝန္ေဆာင္ေစတာပါ။ အတိန္းအေစာင္း မခံႏိုင္တဲ့ ကေလးေတြျဖစ္လို႔ ဘိုက္ခြဲေမြးၾကပါတယ္။
AP နဲ႔  YZ တို႔က ဒီကေလးေတြရဖို႔ စုစုေပါင္း ေဒၚလာ တသိန္းေက်ာ္ ကုန္က်ခဲ့တယ္ဆိုပါတယ္။
သေႏၶသား ကိုမထည့္ခင္က ဆရာဝန္က ေယာက်ၤားေလး သေႏၶသားေတြကို သူတို႔ မသုံးခဲ့ဘူးလို႔ ေျပာခဲ့တယ္ဆိုပါတယ္၊
ကိုယ္ဝန္ေဆာင္ကာလမွာ အာထရာေဆာင္း႐ိုက္ေတာ့ သေႏၶသားေတြက ေယာက်ၤားေလးေတြပါဆိုတာနဲ႔ သံသယျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ အာထရာေဆာင္း က သိပ္အေသခ်ာႀကီး မဟုတ္ဘူးဆိုလို႔ ကိုယ္ဝန္ကို ဆက္ယူခဲ့ၾကပါတယ္။ ဒီလိုနဲ႔ မတ္လ ၃၀ ရက္ေန႔က ကေလး၂ေယာက္ကို ေမြးဖြားလိုက္တဲ့ အခါမွာေတာ့ အာရွတိုက္သားကေလးနဲ႔ လုံးဝ မတူတာကို ထိတ္လန္႔စြာ ေတြ႕လိုက္ရပါတယ္။
ဒီေက့စ္မွာေတာ့ ေသခ်ာေပါက္ ဒီအန္ေအ စစ္ပါတယ္။ ရလာဒ္ကေတာ့ ဒီကေလး ၂ေယာက္ဟာ သူတို႔ဇနီးေမာင္ႏွံရဲ႕ ေသြးသားမဟုတ္သလို သူတို႔အခ်င္းခ်င္းကလည္းေဆြမ်ိဳးမေတာ္ပါဘူးတဲ့ ။
သူတို႔လဲ အဲဒီကေလး ၂ ေယာက္ကို ဆက္မေမြးႏိုင္ဘူးလို႔ ျငင္းဆန္လိုက္ပါတယ္။
တခ်ိန္တည္းမွာပဲ CHA Fertility ေဆးခန္းနဲ႔ တာဝန္ရွိသူေတြကိုလည္းတရားစြဲဆိုလိုက္ပါတယ္။
အခ်ိန္နဲ႔ ေငြေတြကုန္ခဲ့တာ၊ ကိုယ္ဝန္၉လေဆာင္ၿပီး ခံခဲ့တဲ့ ဒုကၡ၊ အဆိုးဆုံးကေတာ့ ေမြးလာေတာ့မွ ကိုယ့္ကေလးေတြ မဟုတ္ဘူးဆိုတာသိရၿပီး ထိခိုက္ခဲ့ရတဲ့ စိတ္ဒါဏ္ရာေတြအတြက္ပါ။ ေဆးခန္းအေနနဲ႔လည္း ေနာင္ကို ဒီလိုမျဖစ္ေအာင္ သင္ခန္းစားယူဖို႔ ပါလို႔ဆိုပါတယ္။
ဘာမွ အျပစ္မရွိဘဲ လူ႔ေလာကထဲ မေတာ္တဆေရာက္လာတဲ့ ကေလး ၂ ေယာက္ကို ဘယ္သူေတြက ေစာင့္ေရွာက္မယ္ေတာ့ မသိပါ။
ဖိုးသုည
9-7-19
ကိုးကား
https://www.bbc.com/news/world-us-canada-48908133

ကိုယ်တိုင်ကိုယ်ဝန်ဆောင်ပြီးမွေးလိုက်တဲ့သားလေး ၂ယောက်က သူတို့ရဲ့ကလေးတွေ လုံးဝ မဟုတ်ဘူးဆိုတာကို သိလိုက်ရတဲ့ အခါ၊ (ယူနီကုဒ်) 


နယူးယောက်ပြည်နယ်က အာရှလူမျိုး AP နဲ့  YZ စုံတွဲဟာ ကလေးရဖို့ ခက်ခဲတာကြောင့် ခန္ဓာပြင်ပမှာသန္ဓေတည်စေတဲ့ IVF နည်းနဲ့ ကလေးယူခဲ့ပါတယ်။ သူတို့ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်က နာမည်ကြီး CHA Fertility ဆေးခန်းမှာ IVF နည်းသုံးခဲ့တာပါ၊ 
ဒီနည်း IVF နည်းက အဖေရဲ့ သုတ်ပိုးနဲ့ အမေရဲ့ သားဥကို ဓါတ်ခွဲခန်းမှာ သန္ဓေတည်စေပြီး ရလာတဲ့ သန္ဓေသားတွေထဲက ကျန်းမာသန်စွမ်းမယ်လို့ ထင်ရတဲ့ သန္ဓေသားကို မိခင်သားအိမ်ထဲ ကို ပြန်ထည့်ပေးပါတယ်။ ပြီးတော့ မိခင်ကို ဟော်မုန်း နဲ့ လိုတဲ့ ဆေးတွေပေးပြီး ကိုယ်ဝန်ဆောင်စေတာပါ။ အတိန်းအစောင်း မခံနိုင်တဲ့ ကလေးတွေဖြစ်လို့ ဘိုက်ခွဲမွေးကြပါတယ်။ 
AP နဲ့  YZ တို့က ဒီကလေးတွေရဖို့ စုစုပေါင်း ဒေါ်လာ တသိန်းကျော် ကုန်ကျခဲ့တယ်ဆိုပါတယ်။ 
သန္ဓေသား ကိုမထည့်ခင်က ဆရာဝန်က ယောင်္ကျားလေး သန္ဓေသားတွေကို သူတို့ မသုံးခဲ့ဘူးလို့ ပြောခဲ့တယ်ဆိုပါတယ်၊ 
ကိုယ်ဝန်ဆောင်ကာလမှာ အာထရာဆောင်းရိုက်တော့ သန္ဓေသားတွေက ယောင်္ကျားလေးတွေပါဆိုတာနဲ့ သံသယဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အာထရာဆောင်း က သိပ်အသေချာကြီး မဟုတ်ဘူးဆိုလို့ ကိုယ်ဝန်ကို ဆက်ယူခဲ့ကြပါတယ်။ ဒီလိုနဲ့ မတ်လ ၃၀ ရက်နေ့က ကလေး၂ယောက်ကို မွေးဖွားလိုက်တဲ့ အခါမှာတော့ အာရှတိုက်သားကလေးနဲ့ လုံးဝ မတူတာကို ထိတ်လန့်စွာ တွေ့လိုက်ရပါတယ်။ 
ဒီကေ့စ်မှာတော့ သေချာပေါက် ဒီအန်အေ စစ်ပါတယ်။ ရလာဒ်ကတော့ ဒီကလေး ၂ယောက်ဟာ သူတို့ဇနီးမောင်နှံရဲ့ သွေးသားမဟုတ်သလို သူတို့အချင်းချင်းကလည်းဆွေမျိုးမတော်ပါဘူးတဲ့ ။ 
သူတို့လဲ အဲဒီကလေး ၂ ယောက်ကို ဆက်မမွေးနိုင်ဘူးလို့ ငြင်းဆန်လိုက်ပါတယ်။ 
တချိန်တည်းမှာပဲ CHA Fertility ဆေးခန်းနဲ့ တာဝန်ရှိသူတွေကိုလည်းတရားစွဲဆိုလိုက်ပါတယ်။ 
အချိန်နဲ့ ငွေတွေကုန်ခဲ့တာ၊ ကိုယ်ဝန်၉လဆောင်ပြီး ခံခဲ့တဲ့ ဒုက္ခ၊ အဆိုးဆုံးကတော့ မွေးလာတော့မှ ကိုယ့်ကလေးတွေ မဟုတ်ဘူးဆိုတာသိရပြီး ထိခိုက်ခဲ့ရတဲ့ စိတ်ဒါဏ်ရာတွေအတွက်ပါ။ ဆေးခန်းအနေနဲ့လည်း နောင်ကို ဒီလိုမဖြစ်အောင် သင်ခန်းစားယူဖို့ ပါလို့ဆိုပါတယ်။ 
ဘာမှ အပြစ်မရှိဘဲ လူ့လောကထဲ မတော်တဆရောက်လာတဲ့ ကလေး ၂ ယောက်ကို ဘယ်သူတွေက စောင့်ရှောက်မယ်တော့ မသိပါ။ 
ဖိုးသုည
9-7-19
ကိုးကား
https://www.bbc.com/news/world-us-canada-48908133

No comments:

Post a Comment