နည္းနည္းထိတာနဲ႔ကားေခါင္းေၾကမြသြားတာ အသုံးမက်တဲ့ကားေတြလား
“ စက္ဘီးနဲ႔တိုက္မိတာ စက္ဘီးဘာမွမျဖစ္ဘဲ ကားဘန္ပါခ်ိဳင့္သြားတယ္။ တ႐ုပ္က ထုတ္တဲ့မာစီဒီးေလ။ဆိုင္ကယ္နဲ႔တိုက္တာ ကားေခါင္းနည္းနည္းေၾကသြားတယ္။ သီလဝါကထုတ္ေတာ့ ပစၥည္းခိုထားတာကိုး၊
ေခြးကိုတိုက္မိ႐ုံနဲ႔ ဘန္ပါခ်ိဳင့္သြားတယ္၊ ဂ်ပန္ကားဆီစားသက္သာၿပီးေဈးေပါေအာင္ ပလတ္စတစ္ေတြသုံးထားတာကိုး။ “
![]() |
၁ ဘီအမ္ဒဘလ်ဴပါခညာ |
ေဖ့စ္ဘြတ္ေပၚက လူအမ်ားရွဲလို႔ေကာင္းေနတဲ့ နည္းနည္းထိတာနဲ႔ကားေခါင္းေၾကမြသြားတဲ့ အေပါစားကားေတြ အသုံးမက်တဲ့ကားေတြအေၾကာင္းနည္းနည္းေရးပါရေစ။
အဖိုးတို႔ေခတ္တုံးကေတာ့ ခပ္မာမာပဲ
တခ်ိန္က ကားထုတ္လုပ္သူေတြက ကားေတြ လွပဖို႔နဲ႔ခိုင္ခန္႔ဖို႔ ၊ စီးတဲ့သူသက္ေတာင့္သက္သာရွိဖို႔သာအေလးထားပါတယ္။![]() |
၂. အဖိုးႀကီး ကာဒီလက္ ၁၉၄၅ ကေတာ့ ခပ္မာမာပဲ , |
အခုေနာက္ပိုင္းမွာေတာ့ ကားေတြမ်ားလာ အက္ဆိဒင့္ေတြမ်ားၿပီး ထိခိုက္ဒါဏ္ရာရသူ ေသတဲ့သူေတြမ်ားလာတဲ့အခါ ကားဒီဇိုင္းအတြက္ အယူအဆေတြေျပာင္းလာပါတယ္။
ကမာၻမွာ ႏွစ္စဥ္ ယာဥ္မေတာ္တဆမႈေၾကာင့္ ထိခိုက္ဒါဏ္ရာရသူ ၁၀ သန္းနဲ႔ ေသဆုံးသူေတြ ၁.၂ သန္း ရဲ႕ သုံးပုံတပုံဟာ နဲ႔ကားတိုက္ခံရတဲ့ လမ္းေပၚမွာသြားလာေနသူေတြျဖစ္ပါတယ္။
ဒါေၾကာင့္ကားထုတ္လုပ္သူေတြက ကားနဲ႔ အတိုက္ခံရသူေတြကို ထိခိုက္မႈ နည္းႏိုင္သမွ်နည္းေအာင္ နည္းလမ္းသစ္ေတြရွာႀကံၾကသလို ႏိုင္ငံတကာက အာဏာပိုင္ေတြကလည္းသူတို႔ႏိုင္ငံထဲမွာသုံးတဲ့ ကားေတြမွာ အဲဒီလို စနစ္မ်ိဳးပါရမယ္လို႔ သတ္မွတ္တာေတြရွိလာပါတယ္။
ကားအက္ဆိဒင့္ျဖစ္လာလ်င္ ထိခိုက္ခံရသူေတြက ၂ မ်ိဳးရွိပါတယ္၊
(၁) ယာဥ္ေမာင္းအပါအဝင္ ယာဥ္ေပၚပါလာသူ (vehicle occupants)
(၂) ယာဥ္တိုက္တာခံရသူ ( အျခားကားေပၚကသူ၊ ဆိုင္ကယ္ ၊ စက္ဘီးစီးသူ၊ လမ္းေလ်ာက္သူ၊ လမ္းေဘးရပ္ေနသူ၊ ဆိုင္ထဲထိုင္ေနသူ၊ စသည္)
ကားတိုက္ခံရသူမ်ားအတြက္ပါစဥ္းစားေပးပါ။
ဒီေတာ့ ေခတ္ေပၚကားေတြမွာ safety features ဆိုတဲ့ ေဘးအႏၲရာယ္ကင္းေဝးေရးစနစ္ေတြကို ထည့္သြင္းရာမွာ(၁) ယာဥ္ေပၚပါသူမ်ား ေဘးအႏၲရာယ္ကင္းေဝးေရး နဲ႔
(၂) ယဥ္တိုက္ခံရသူမ်ားကိုထိခိုက္မႈ နည္းႏိုင္သမွ်နည္းပါးေရး (pedestrian safety) ဆိုၿပီး ထည့္သြင္းၾကပါတယ္။
ယာဥ္တိုက္မႈအမ်ားစုက ကားေခါင္းနဲ႔တိုက္ခံရတာပါ။
လမ္းေပၚကလူတေယာက္ကို ကားနဲ႔တိုက္မိလ်င္ ထိခိုက္မႈအမ်ားဆုံးက ေျခေထာက္နဲ႔ ဦးေခါင္းပါ။ ဒီေတာ့ သုေတသီေတြက ကားေတြမွာ လူကိုတိုက္မိလ်င္ ေျခနဲ႔ ဦးေခါင္းကို ကားရဲ႕ ဘယ္အစိပ္အပိုင္းေတြက အမ်ားဆုံးထိခိုက္မိလဲဆိုတာကိုရွာၿပီး ဘယ္လို ေျပာင္းလဲလိုက္လ်င္ ထိခိုက္ဒါဏ္ရာသက္သာႏိုင္မလဲလို႔ ေလ့လာႀကံဆၾကပါတယ္။ Leg form ( upper and lower), head form ( adult and child) ဆိုၿပီး သတ္မွတ္ေပးပါတယ္။
![]() |
၃. https://www.slideshare.net/GlobalNCAP/2014-unrsc-18-new-york-ped-safety |
![]() |
၄. IIHS.org |
ထိခိုက္ဒါဏ္ရာျပင္းထန္မႈက ဘာေတြ အေပၚတည္ေနသလဲ
ယာဥ္တိုက္မႈျဖစ္လ်င္ထိခိုက္ဒါဏ္ရာရေစတာက(၁) Impact လို႔ေခၚတဲ့ ေဆာင့္မိတဲ့အားရယ္၊
(၂) လူ႔ခႏၶာကိုယ္တဲ့ တိုက္႐ိုက္ ထိခိုက္မိတဲ့ မ်က္နာျပင္ေတြရဲ႕မာေၾကာမႈေတြေပၚတည္ပါတယ္။
(၁) ေဆာင့္မိတဲ့ အားျပင္းထန္ေလ ကားတိုက္ခံသူနဲ႔ ကားေပၚမွာရွိေနသူေတြက ကားရဲ႕အစိပ္အပိုင္းေတြနဲ႔ ေဆာင့္မိတဲ့ အားလည္းျပင္းထန္ေလပါ။ ကားရဲ႕ အစိပ္အပိုင္းေတြလည္းပိုမိုပ်က္စီးပါတယ္။
(၂) လူ႔ခႏၶာကိုယ္တဲ့ တိုက္႐ိုက္ ထိခိုက္မိတဲ့ မ်က္မွာျပင္ေတြကမာေၾကာေလ ထိခိုက္ဒါဏ္ရာက ပိုဆိုးေလပါ။
ထိခိုက္ဒါဏ္ရာသက္သာေအာင္ ဘယ္လို လုပ္လို႔ရမလဲ
(၁) ေဆာင့္မိတဲ့အားကို ေလွ်ာ့ခ်ရပါမယ္။(၂) ကားထဲကသူကို ပ်က္စီးသြားတဲ့ကားအစိပ္အပိုင္းေတြက လာမထိခိုက္ေအာင္ လူစီးတဲ့ အခန္း မပ်က္စီးေအာင္ ကာကြယ္ရပါမယ္။ လူစီးခန္းဖရိန္ေတြကို အရွီန္ျပင္းျပင္းနဲ႔ တိုက္မိေတာင္ မက်ိဳးမေကြးႏိုင္တဲ့ သံမဏိဖရိန္ေတြကိုသုံးၾကပါတယ္။
မာစီးဒီးပုံမွာ အျပာႏု၊ အျပာရင့္နဲ႔ မရမ္းဆီအေရာင္ အပိုင္းေတြက အမာခံ ဖရိမ္ပါ။
ေအာက္က ေအာ္ဒီပုံမွာေတာ့ မီးခိုးေရာင္နဲ႔ မရမ္းဆီအေရာင္ အပိုင္းေတြက အမာခံ ဖရိမ္ပါ။
(၃) ကားထဲကသူ၊ ကားျပင္ကသူေတြ ကားနဲ႔ ေဆာင့္မိႏိုင္တဲ့ အစိပ္အပိုင္းေတြ ကို မာေၾကာမႈကိုေလွ်ာ့ခ်ရပါမယ္။ ကားအတြင္ပိုင္းမ်က္ႏွာျပင္ေတြကို ပလတ္စတစ္နဲ႔ ဖိုင္ဘာေတြ ေကာ္ေဇာအသားေတြ သုံးၿပီး အဲဒီမ်က္ႏွာျပင္နဲ႔ အမာခ့ဖရိန္အၾကားအေပ်ာ့တလႊာခံေပးပါတယ္။
မာစီးဒီးပုံမွာ အစိမ္းႏု၊ အဝါနဲ႔ လိေမၼာ္ေရာင္၊ ေအာက္က ေအာ္ဒီပုံမွာေတာ့ အစိမ္းႏု၊ အျပာႏုနဲ႔ အနီေရာင္ အပိုင္းေတြက တိုက္မိလ်င္ ေကာက္ေကြးတြန္႔လိမ္ေၾကမြရမယ့္ အေပ်ာ့ထည္ေတြပါ
ကားထဲကသူသူကို ကာကြယ္တဲ့နည္းေတြ အမ်ားႀကီးရွိေလေတာ့ ဒီပိုစ့္မွာေတာ့ စာသိပ္မရွည္ေအာင္ အဲဒီအေၾကာင္းေတြကို ခ်န္လွပ္ထားပါတယ္။
![]() |
![]() |
၆. 2015 Audi A6 Avant - Materials in the Body Structure |
(၁) ေဆာင့္မိတဲ့အားကို ေလွ်ာ့ခ်ႏိုင္သည့္နည္လမ္းမ်ား
ကားအရွိန္ကိုကန္႔သတ္ျခင္းကေတာ့ အထူေရးျပစရာမလိုေတာ့ပါ။ မေနာက္ဆုံးေပၚကားေတြမွာလူကို မတိုက္မိခင္ အာ႐ုံခံရရိယာေတြက ႀကိဳတင္သိရွိၿပီး အခ်ိန္မွီ ရပ္တန္႔ႏိုင္ေစတဲ့ Braking to protect pedestrians စနစ္ေတြထည့္သြင္းထားပါၿပီ။ပစၥည္း ၂ခု ေဆာင့္မိတဲ့အခါ ထိမိတဲ့ မ်က္ႏွာျပင္ေတြ ခ်ိဳင့္ဝင္သြားတာ၊ ေကာက္ေကြးသြားတာ၊ က်ိဳးပဲ့ေၾကမြသြားတာတို႔ ျဖစ္တဲ့အခါမွာ ေဆာင့္အား အေတာ္အသင့္ေလ်ာ့သြားပါတယ္။ အဲလိုျဖစ္တာကိုစြမ္းအင္စုပ္ယူျခင္း (energy absorption) လို႔ေခၚပါတယ္။ ဒီလိုက်ိဳးပဲ့ေၾကမြသြားတဲ့ အပိုင္းက အမာခံ ၂ခုၾကားမွာ အေပ်ာ့ခံပစၥည္းတခုအေနနဲ႔ လုပ္ေဆာင္ေပးလို႔ပါ။
ဥပမာ တလက္မ သံပိုက္တေခ်ာင္းကို အုတ္ခဲေပၚတင္ၿပီး သံတူနဲ႔ အားရပါးရထုၾကည့္ပါ။ ေဆာင့္အား impact ကိုလက္မွာခံစားရသလို ေအာက္ခံအုတ္ခဲကြဲအက္တာကလည္းျပပါတယ္။ သံပိုက္ေနရာမွာ အလူမီနီယံပိုက္ (သို႔) ေခါက္ခုံေျခေထာက္လုပ္တဲ့ ပိုက္အပါးကို အထက္ကလိုပဲ ထုၾကည့္ပါ။ ပိုက္ကျပားသြားတဲ့အတြက္ လက္ေပၚလာေဆာင့္တဲ့အားသိသိသာသာနည္းတာကို သိႏိုင္သလို ေအာက္ခံအုတ္ခဲလဲမအက္ဘဲခံႏိုင္တာကို ေတြ႕ႏိုင္ပါတယ္။
ဒီဥပမာကိုယူၿပီးကားေတြတိုက္တဲ့ အခါ အထိအမ်ားဆုံးေတြရာေတြ ကားအေရွ႕ အေနာက္ဘန္ပါနဲ႔ မတ္ဂတ္ေတြ ေနရာေတြကို front and rear crumple zone ထိခိုက္ေၾကမြဇုံ လို႔သတ္မွတ္ပါတယ္။ ပုံထဲမွာ လိေမၼာ္ေရာင္နဲ႔ ျခယ္ထားပါတယ္။
![]() |
၇ front and rear crumple zone ထိခိုက္ေၾကမြဇုံ |
အဲဒီ crumple zone ထိခိုက္ေၾကမြဇုံ ေနရာေတြမွာ အလြယ္တကူခ်ိဳင့္ဝင္က်ိဳးပဲ့ႏိုင္တဲ့ composite plastic, အလူမီနီယံသတၳဳစပ္ စတာတို့ကိုသုံးပါတယ္။ ကားကအမာခံကို တိုက္မိတဲ့အခါ အဲဒီအပိုင္းက ခ်ိဳင့္ဝင္က်ိဳးတြန္႔ေခါက္ေၾကမြကုန္လို႔ ေဆာင့္မိတဲ့အားရဲ႕ တစိတ္တေဒသက အဲဒီပ်က္စီးမႈထဲမွာေပ်ာက္သြားပါတယ္။ ဒါေၾကာင့္ ကားက အမာကို တိုက္တာနဲ႔မတူဘဲ အနည္းငယ္ေပ်ာ့ေျပာင္းတဲ့ အရာကို တိုက္သလိုျဖစ္သြားပါတယ္။ ဒါမွလည္းကားထဲက လူကို အကာကြယ္တကယ္ေပးတဲ့ အမာခံဖရိန္အေပၚကို သက္ေရာက္တဲ့ ေဆာင့္အား ကနည္းသြားၿပီး ဖရိန္ကိုထိခိုက္ႏိုင္မႈနည္းသြားသလို ကားထဲက လူအေပၚကို တိုက္႐ိုက္ေရာက္လာတဲ့ ေဆာင့္အား ကနည္းသြားလို႔ လူကခါးပတ္ႀကိဳးနဲ႔ ေလအိတ္ေတြကိုဖိတဲ့ေဆာင့္အားေလ်ာ့က်ၿပီး ထိခိုက္အနာတရျဖစ္တာသက္သာသြားပါတယ္။
crumple zone မွာ အမာခံ သံမဏိေခ်ာင္းေတြလုပ္ထားလ်င္ေတာ့ ေဆာင့္အားကဖရိန္ကို အားအျပည့္လာေဆာင့္လို႔ဖရိန္က်ိဳးတာ ေကြးတာျဖစ္ၿပီး အထဲကလူကို ထိခိုက္သလို လူကခါးပတ္ႀကိဳးနဲ႔ ေလအိတ္ေတြကိုဖိတဲ့ေဆာင့္အားျပင္းထန္လို႔ ထိခိုက္အနာတရျဖစ္တာပိုဆိုးပါတယ္။ ဒါေၾကာင့္ ကားက အမာကို တိုက္တာနဲ႔မတူဘဲ အနည္းငယ္ေပ်ာ့ေျပာင္းတဲ့ အရာကို တိုက္သလိုျဖစ္သြားပါတယ္။
ထိုနည္းတူစြာကားရဲ႕ နံေဘး ပတ္ပတ္လည္မွာ ထိခိုက္ေၾကမြဇုံထားေပးျခင္းျဖင့္ကားတိုက္တဲ့ခါ ကားနံေဘးကိုေဆာင့္မိတဲ့ ေဆာင့္အားကိုေလ်ာ့က်ေစပါတယ္။
အဲဒီရည္႐ြယ္ခ်က္နဲ႔ ကားေခါင္းနဲ႔ အေနာက္ ေဘးဘက္ အကာျပားေတြကို အလြယ္တကူေကာက္ေကြး ေၾကမြေစႏိုင္တဲ့ အလူမီနီယံသတၳဳစပ္ေတြ သို႔မဟုတ္ composite plastic ေတြကိုသုံးလာပါတယ္။
(၂) ေဆာင့္မိႏိုင္တဲ့ အစိပ္အပိုင္းေတြရဲ႕ မာေၾကာမႈကိုေလွ်ာ့ခ်ျခင္းျဖင့္ ကားအတိုက္ ခံရသူ ကိုထိခိုက္မႈသက္သာေစနည္း
ကားတိုက္ခံရလ်င္ ေဆာင့္မိတဲ့ ေျခေထာက္အ႐ိုးမက်ိဳးမီ ေျခေထာက္ကို ေဆာင့္မိတဲ့ ဘန္ပါေတြကိုခ်ိဳင့္ဝင္က်ိဳးပဲ့ေစျခင္းေၾကာင့္ ေျခေထာက္ထိတဲ့ မ်က္ႏွာျပင္မာေက်ာမႈနည္းသလို ေဆာင့္အားကို လည္းေလ်ာ့ေစလို႔ အတိုက္ခံရတဲ့ ေျခေထာက္ကို ထိခိုက္မႈ အမ်ားႀကီးသက္သာပါတယ္။ကားတိုက္ခံရလို႔ကားေပၚလဲက်လာသူေတြရဲ႕ ဦးေခါင္းေဆာင့္မိတဲ့ ကားေဘာနတ္နဲ႔ ေလကာမွန္ကို Head zone လို႔ေခၚပါတယ္။ မ်က္ႏွာျပင္ မာေက်ာမႈကိုေလွ်ာ့ခ်ဖို႔နဲ႔ ေဆာင့္အားကိုေလ်ာ့ေစဖို႔ ေဘာနတ္ကို ဖိမိလ်င္ ခ်ိဳင့္ဝင္ႏိုင္တဲ့ အလူမီနီယံသတၳဳစပ္ေတြကိုသုံးေလ့ရွိၿပီး ေလကာမွန္ကိုလည္း အလြယ္တကူ အစိပ္စိပ္ အမႊာမႊာအက္ကြဲၿပီး အကြဲစေတြ ကို တြဲထားေပးဖို႔ မွန္အတြင္းမွာအေပ်ာ့လႊာ တထပ္ခံေပးပါတယ္။ ဒါေၾကာင့္ မွန္ေပၚကို လူပစ္က်လ်င္ ( သို႔) ဦးေခါင္းေဆာင့္က်လ်င္ မွန္ေၾကၿပီး ခ်ိဳင့္သြားတာကိုေတြ႕ရေပမယ့္ လူက ေတာ့ ဆိုးဆိုး႐ြား႐ြား မထိခိုက္ပါ။
ေဘာနတ္ကို မ်ားမ်ားခ်ိဳင့္ႏိုင္ဖို႔ လူကိုတိုက္မိတာနဲ႔ ေအာက္က အင္ဂ်င္ခန္းထဲကစက္ေတြထက္ ၂လက္မေလာက္ပိုႂကြလာေအာင္ တီထြင္ၾကပါတယ္။ မာစီဒီး E class ေတြမွာ စသုံးပါၿပီ။
ေဗာ္လ္ဗိုကေတာ့ ေလအိတ္သုံးၿပီးေဘာနတ္ကို ျမႇင့္သလို ေလကာမွန္ေနရာမွာ ေလအိတ္ပါခံေပးမယ္ဆိုပါတယ္။ ဒါေၾကာင့္ကားေဘာနတ္ေတြကလည္း တြန္႔ေခါက္လြယ္လာပါတယ္။
ဆူဗာ႐ုကလည္း ကားခ်င္းတိုက္လ်င္ ေသးတဲ့ကား ေပ်ာ့တဲ့ကားက ထိခိုက္တာမ်ားလို႔ ေပ်ာ့တဲ့ကားက ထိခိုက္တာမ်ားလို႔ သူ႔ကားက မာၿပီး သူမ်ားကားမွာအပ်က္အစီးပိုမ်ားတာမ်ိဳးမျဖစ္ေအာင္ သူ႔ကားေခါင္း crumple zone ကို ခပ္ေပ်ာ့ေပ်ာ့လုပ္ေပးတယ္ဆိုပါတယ္။ ကားထဲက သူေတြကိုကာကြယ္တဲ့ cabin frame ဖရိန္ေဘာင္ေတြကေတာ့အလြန္ေတာင့္တင္းပါတယ္။
![]() |
Subaru |
ဒီသေဘာအတိုင္း ကားေဘးဘက္နဲ႔ တိုက္မိလ်င္ ထိခိုက္တာသက္သာဖို႔ ေဘးကာအျပားက ဖိလ်င္ ခ်ိဳင့္တဲ့ အလူမီနီယံသတၳဳစပ္ေတြ သို႔မဟုတ္ composite plastic ေတြကိုသုံးလာပါတယ္။
အထက္ပါအေၾကာင္းေတြေၾကာင့္ ေနာက္ေပၚကားေတြမွာ အေရွ႕အေနာက္ ေဘးဘယ္ညာ ဘယ္ေနရာကို တိုက္မိတိုက္မိ နည္းနည္းအားျပင္းတာနဲ႔ ကားေဘာ္ဒီ ခ်ိဳင့္ဝင္တာ တြန႔္ေၾကတာေတြကို ေတြ႕ရမွာျဖစ္ၿပီးအဲဒီလိုျဖစ္ေအာင္ တမင္တကာလုပ္ထားတယ္ဆိုတာကိုသိၾကေစခ်င္ပါတယ္။
အျပင္ပိုင္းေပ်ာ့ေပမယ့္ ကားထဲက သူေတြကိုကာကြယ္တဲ့ cabin frame ဖရိန္ေဘာင္ေတြကေတာ့အလြန္ေတာင့္တင္းပါတယ္။
ဒါေၾကာင့္ နည္းနည္းထိတာနဲ႔ကားေခါင္းေၾကမြသြားတဲ့ကားေတြက အသုံးမက်တဲ့ကားေတြမဟုတ္ဘဲ လူ႔အသက္ေတြကိုကာကြယ္ဖို႔ တိုက္ခိုက္မိတတ္တဲ့ crumple zone ေတြကို တြန္႔ေၾကကုန္ေအာင္ တမင္ပ်ာ့ေအာင္ လုပ္ထားၿပီး လူရွိတဲ့အခန္းရဲ႕ ဖရိန္ cabin frame ေတြကိုေတာ့ အလြန္ေတာင့္တင္းတဲ့ ပစၥည္းေတြသုံးတဲ့ လူကို ပစၥည္းထက္တန္ဖိုးထားတဲ့စနစ္ေတြပါတဲ့ ကားေတြသာျဖစ္ပါတယ္။
နယူးဇီလန္ႏိုင္ငံ ေမာ္ေတာ္ယာဥ္အသင္းႀကီးကလည္း " မိမိကားဘယ္ေလာက္ အၾကမ္းခံတယ္ဆိုတာက အတိုက္ခံႏိုင္တဲ့စြမ္းရည္မဟုတ္ပါ။ ကားေပၚပါသူကိုထိခိုက္ဒါဏ္ရာရမႈကေန ဘယ္ေလာက္ အကာကြယ္ေပးႏိုင္တယ္ဆိုတာကသာ အတိုက္ခံႏိုင္တဲ့စြမ္းရည္ပါ" လို႔ဆိုပါတယ္။
မာစီးဒီး သူ႔ရဲ႕ဝဘ္ဆိုဒ္မွာေရးထားတာက “ ၿပီးခဲ့တဲ့ ဆယ္စုႏွစ္ေတြအတြင္းမွာ အဖုအထစ္ကင္းတဲ့ ကားကိုယ္ထည္၊ တိုက္မိလ်င္ ခ်ိဳင့္ဝင္ႏိုင္တဲ့ဘန္ပါ၊ ဝိုက္ထားတဲ့တံခါးလက္ကိုင္၊ ပလတ္စတစ္ေပ်ာ့ညႇပ္ထားတဲ့ မွန္၊ ေခါက္လို႔ရတဲ့ ေဘးကေနာက္ၾကည့္မွန္၊ ျမႇဳပ္ထားတဲ့ ဝိုင္ဘာ စတဲ့ နည္းမ်ိဳးစုံကိုသုံးၿပီး ကားနဲ႔ တိုက္မိတဲ့ သူေတြထိခိုက္မႈနည္းေစတဲ့ နည္းေတြကို မာစီးဒီးကစတင္သုံးခဲ့ပါတယ္လို႔ " ဆိုထားပါတယ္။
ဖိုးသုည
29-7-19
နည်းနည်းထိတာနဲ့ကားခေါင်းကြေမွသွား အသုံးမကျတဲ့ကားတွေလား (ယူနီကုဒ်)
“ စက်ဘီးနဲ့တိုက်မိတာ စက်ဘီးဘာမှမဖြစ်ဘဲ ကားဘန်ပါချိုင့်သွားတယ်။ တရုပ်က ထုတ်တဲ့မာစီဒီးလေ။
ဆိုင်ကယ်နဲ့တိုက်တာ ကားခေါင်းနည်းနည်းကြေသွားတယ်။ သီလဝါကထုတ်တော့ ပစ္စည်းခိုထားတာကိုး၊
ခွေးကိုတိုက်မိရုံနဲ့ ဘန်ပါချိုင့်သွားတယ်၊ ဂျပန်ကားဆီစားသက်သာပြီးဈေးပေါအောင် ပလတ်စတစ်တွေသုံးထားတာကိုး။ “
ဖေ့စ်ဘွတ်ပေါ်က လူအများရှဲလို့ကောင်းနေတဲ့ နည်းနည်းထိတာနဲ့ကားခေါင်းကြေမွသွားတဲ့ အပေါစားကားတွေ အသုံးမကျတဲ့ကားတွေအကြောင်းနည်းနည်းရေးပါရစေ။
အဖိုးတို့ခေတ်တုံးကတော့ ခပ်မာမာပဲ
တချိန်က ကားထုတ်လုပ်သူတွေက ကားတွေ လှပဖို့နဲ့ခိုင်ခန့်ဖို့ ၊ စီးတဲ့သူသက်တောင့်သက်သာရှိဖို့သာအလေးထားပါတယ်။
ကားကြီးတွေက ခန့်ညားပြီး သံဘန်ပါကစလို့ ကားတခေါင်းလုံး အမာခံ သံချဉ်းဘဲလို့ဆိုရမှာပါ၊ ဘေးတွေအရှေ့တွေမှာလည်းထိုးထိုးထောင်ထောင်တွေ နဲ့ အလှဆင်ပါတယ်။
အခုနောက်ပိုင်းမှာတော့ ကားတွေများလာ အက်ဆိဒင့်တွေများပြီး ထိခိုက်ဒါဏ်ရာရသူ သေတဲ့သူတွေများလာတဲ့အခါ ကားဒီဇိုင်းအတွက် အယူအဆတွေပြောင်းလာပါတယ်။
ကမ္ဘာမှာ နှစ်စဉ် ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒါဏ်ရာရသူ ၁၀ သန်းနဲ့ သေဆုံးသူတွေ ၁.၂ သန်း ရဲ့ သုံးပုံတပုံဟာ နဲ့ကားတိုက်ခံရတဲ့ လမ်းပေါ်မှာသွားလာနေသူတွေဖြစ်ပါတယ်။
ဒါကြောင့်ကားထုတ်လုပ်သူတွေက ကားနဲ့ အတိုက်ခံရသူတွေကို ထိခိုက်မှု နည်းနိုင်သမျှနည်းအောင် နည်းလမ်းသစ်တွေရှာကြံကြသလို နိုင်ငံတကာက အာဏာပိုင်တွေကလည်းသူတို့နိုင်ငံထဲမှာသုံးတဲ့ ကားတွေမှာ အဲဒီလို စနစ်မျိုးပါရမယ်လို့ သတ်မှတ်တာတွေရှိလာပါတယ်။
ကားအက်ဆိဒင့်ဖြစ်လာလျင် ထိခိုက်ခံရသူတွေက ၂ မျိုးရှိပါတယ်၊
(၁) ယာဉ်မောင်းအပါအဝင် ယာဉ်ပေါ်ပါလာသူ (vehicle occupants)
(၂) ယာဉ်တိုက်တာခံရသူ ( အခြားကားပေါ်ကသူ၊ ဆိုင်ကယ် ၊ စက်ဘီးစီးသူ၊ လမ်းလျောက်သူ၊ လမ်းဘေးရပ်နေသူ၊ ဆိုင်ထဲထိုင်နေသူ၊ စသည်)
ကားတိုက်ခံရသူများအတွက်ပါစဉ်းစားပေးပါ။
ဒီတော့ ခေတ်ပေါ်ကားတွေမှာ safety features ဆိုတဲ့ ဘေးအန္တရာယ်ကင်းဝေးရေးစနစ်တွေကို ထည့်သွင်းရာမှာ
(၁) ယာဉ်ပေါ်ပါသူများ ဘေးအန္တရာယ်ကင်းဝေးရေး နဲ့
(၂) ယဉ်တိုက်ခံရသူများကိုထိခိုက်မှု နည်းနိုင်သမျှနည်းပါးရေးဆိုပြီး ထည့်သွင်းကြပါတယ်။
ယာဉ်တိုက်မှုအများစုက ကားခေါင်းနဲ့တိုက်ခံရတာပါ။
လမ်းပေါ်ကလူတယောက်ကို ကားနဲ့တိုက်မိလျင် ထိခိုက်မှုအများဆုံးက ခြေထောက်နဲ့ ဦးခေါင်းပါ။ ဒီတော့ သုတေသီတွေက ကားတွေမှာ လူကိုတိုက်မိလျင် ခြေနဲ့ ဦးခေါင်းကို ကားရဲ့ ဘယ်အစိပ်အပိုင်းတွေက အများဆုံးထိခိုက်မိလဲဆိုတာကိုရှာပြီး ဘယ်လို ပြောင်းလဲလိုက်လျင် ထိခိုက်ဒါဏ်ရာသက်သာနိုင်မလဲလို့ လေ့လာကြံဆကြပါတယ်။ Leg zone ( upper and lower), head zone ( adult and child) ဆိုပြီး သတ်မှတ်ပေးပါတယ်။
ထိခိုက်ဒါဏ်ရာပြင်းထန်မှုက ဘာတွေ အပေါ်တည်နေသလဲ
ယာဉ်တိုက်မှုဖြစ်လျင်ထိခိုက်ဒါဏ်ရာရစေတာက
(၁) Impact လို့ခေါ်တဲ့ ဆောင့်မိတဲ့အားရယ်၊
(၂) လူ့ခန္ဓာကိုယ်တဲ့ တိုက်ရိုက် ထိခိုက်မိတဲ့ မျက်နာပြင်တွေရဲ့မာကြောမှုတွေပေါ်တည်ပါတယ်။
(၁) ဆောင့်မိတဲ့ အားပြင်းထန်လေ ကားတိုက်ခံသူနဲ့ ကားပေါ်မှာရှိနေသူတွေကကားရဲ့ အစိပ်အပိုင်းတွေနဲ့ ဆောင့်မိတဲ့ အားလည်းပြင်းထန်လေပါ။ ကားရဲ့ အစိပ်အပိုင်းတွေလည်းပိုမိုပျက်စီးပါတယ်။
(၂) လူ့ခန္ဓာကိုယ်တဲ့ တိုက်ရိုက် ထိခိုက်မိတဲ့ မျက်မှာပြင်တွေကမာကြောလေ ထိခိုက်ဒါဏ်ရာက ပိုဆိုးလေပါ။
ထိခိုက်ဒါဏ်ရာသက်သာအောင် ဘယ်လို လုပ်လို့ရမလဲ
(၁) ဆောင့်မိတဲ့အားကို လျှော့ချရပါမယ်။
(၂) ကားထဲကသူကို ပျက်စီးသွားတဲ့ကားအစိပ်အပိုင်းတွေက လာမထိခိုက်အောင် လူစီးတဲ့ အခန်း မပျက်စီးအောင် ကာကွယ်ရပါမယ်။ လူစီးခန်းဖရိန်တွေကို အရှီန်ပြင်းပြင်းနဲ့ တိုက်မိတောင် မကျိုးမကွေးနိုင်တဲ့ သံမဏိဖရိန်တွေကိုသုံးကြပါတယ်။
မာစီးဒီးပုံ ၅ မှာ အပြာနု၊ အပြာရင့်နဲ့ မရမ်းဆီအရောင် အပိုင်းတွေက အမာခံ ဖရိမ်ပါ။
အောက်က အော်ဒီပုံ ၆မှာတော့ မီးခိုးရောင်နဲ့ မရမ်းဆီအရောင် အပိုင်းတွေက အမာခံ ဖရိမ်ပါ။
မာစီးဒီးပုံ ၅ မှာ အပြာနု၊ အပြာရင့်နဲ့ မရမ်းဆီအရောင် အပိုင်းတွေက အမာခံ ဖရိမ်ပါ။
အောက်က အော်ဒီပုံ ၆မှာတော့ မီးခိုးရောင်နဲ့ မရမ်းဆီအရောင် အပိုင်းတွေက အမာခံ ဖရိမ်ပါ။
(၃) ကားထဲကသူ၊ ကားပြင်ကသူတွေ ကားနဲ့ ဆောင့်မိနိုင်တဲ့ အစိပ်အပိုင်းတွေ ကို မာကြောမှုကိုလျှော့ချရပါမယ်။ ကားအတွင်ပိုင်းမျက်နှာပြင်တွေကို ပလတ်စတစ်နဲ့ ဖိုင်ဘာတွေ ကော်ဇောအသားတွေ သုံးပြီး အဲဒီမျက်နှာပြင်နဲ့ အမာခံဖရိန်အကြားအပျော့တလွှာခံပေးပါတယ်။
မာစီးဒီးပုံ ၅မှာ အစိမ်းနု၊ အဝါနဲ့ လိမ္မော်ရောင်၊ အောက်က အော်ဒီပုံ ၆မှာတော့ အစိမ်းနု၊ အပြာနုနဲ့ အနီရောင် အပိုင်းတွေက တိုက်မိလျင် ကောက်ကွေးတွန့်လိမ်ကြေမွရမယ့် အပျော့ထည်တွေပါ
မာစီးဒီးပုံ ၅မှာ အစိမ်းနု၊ အဝါနဲ့ လိမ္မော်ရောင်၊ အောက်က အော်ဒီပုံ ၆မှာတော့ အစိမ်းနု၊ အပြာနုနဲ့ အနီရောင် အပိုင်းတွေက တိုက်မိလျင် ကောက်ကွေးတွန့်လိမ်ကြေမွရမယ့် အပျော့ထည်တွေပါ
ကားထဲကသူသူကို ကာကွယ်တဲ့နည်းတွေ အများကြီးရှိလေတော့ ဒီပိုစ့်မှာတော့ စာသိပ်မရှည်အောင် အဲဒီအကြောင်းတွေကို ချန်လှပ်ထားပါတယ်။
(၁) ဆောင့်မိတဲ့အားကို လျှော့ချနိုင်သည့်နည်လမ်းများ
ကားအရှိန်ကိုကန့်သတ်ခြင်းကတော့ အထူရေးပြစရာမလိုတော့ပါ။ နောက်ဆုံးပေါ်ကားတွေမှာလူကို မတိုက်မိခင် အာရုံခံရရိယာတွေက ကြိုတင်သိရှိပြီး အချိန်မှီ ရပ်တန့်နိုင်စေတဲ့ Braking to protect pedestrians စနစ်တွေထည့်သွင်းထားပါပြီ။
ပစ္စည်း ၂ခု ဆောင့်မိတဲ့အခါ ထိမိတဲ့ မျက်နှာပြင်တွေ ချိုင့်ဝင်သွားတာ၊ ကောက်ကွေးသွားတာ၊ ကျိုးပဲ့ကြေမွသွားတာတို့ ဖြစ်တဲ့အခါမှာ ဆောင့်အား အတော်အသင့်လျော့သွားပါတယ်။ အဲလိုဖြစ်တာကိုစွမ်းအင်စုပ်ယူခြင်း (energy absorption) လို့ခေါ်ပါတယ်။ ဒီလိုကျိုးပဲ့ကြေမွသွားတဲ့ အပိုင်းက အမာခံ ၂ခုကြားမှာ အပျော့ခံပစ္စည်းတခုအနေနဲ့ လုပ်ဆောင်ပေးလို့ပါ။
ဥပမာ တလက်မ သံပိုက်တချောင်းကို အုတ်ခဲပေါ်တင်ပြီး သံတူနဲ့ အားရပါးရထုကြည့်ပါ။ ဆောင့်အား impact ကိုလက်မှာခံစားရသလို အောက်ခံအုတ်ခဲကွဲအက်တာကလည်းပြပါတယ်။ သံပိုက်နေရာမှာ အလူမီနီယံပိုက် (သို့) ခေါက်ခုံခြေထောက်လုပ်တဲ့ ပိုက်အပါးကို အထက်ကလိုပဲ ထုကြည့်ပါ။ ပိုက်ကပြားသွားတဲ့အတွက် လက်ပေါ်လာဆောင့်တဲ့အားသိသိသာသာနည်းတာကို သိနိုင်သလို အောက်ခံအုတ်ခဲလဲမအက်ဘဲခံနိုင်တာကို တွေ့နိုင်ပါတယ်။
ဒီဥပမာကိုယူပြီးကားတွေတိုက်တဲ့ အခါ အထိအများဆုံးတွေရာတွေ ကားအရှေ့ အနောက်ဘန်ပါနဲ့ မတ်ဂတ်တွေ နေရာတွေကို front and rear crumple zone ထိခိုက်ကြေမွဇုံ လို့သတ်မှတ်ပါတယ်။
ပုံ ၇ ထဲမှာ လိမ္မော်ရောင်နဲ့ ခြယ်ထားပါတယ်။
ပုံ ၇ ထဲမှာ လိမ္မော်ရောင်နဲ့ ခြယ်ထားပါတယ်။
အဲဒီ crumple zone ထိခိုက်ကြေမွဇုံ နေရာတွေမှာ အလွယ်တကူချိုင့်ဝင်ကျိုးပဲ့နိုင်တဲ့ composite plastic, အလူမီနီယံသတ္ထုစပ် စတာတွေကိုသုံးပါတယ်။ ကားကအမာခံကို တိုက်မိတဲ့အခါ အဲဒီအပိုင်းက ချိုင့်ဝင်ကျိုးတွန့်ခေါက်ကြေမွကုန်လို့ ဆောင့်မိတဲ့အားရဲ့ တစိတ်တဒေသက အဲဒီပျက်စီးမှုထဲမှာပျောက်သွားပါတယ်။ ဒါကြောင့် ကားက အမာကို တိုက်တာနဲ့မတူဘဲ အနည်းငယ်ပျော့ပြောင်းတဲ့ အရာကို တိုက်သလိုဖြစ်သွားပါတယ်။ ဒါကြောင့် ကားထဲက လူကို အကာကွယ်တကယ်ပေးတဲ့ အမာခံဖရိန်အပေါ်ကို သက်ရောက်တဲ့ ဆောင့်အား ကနည်းသွားပြီး ဖရိန်ကိုထိခိုက်နိုင်မှုနည်းသွားသလို ကားထဲက လူအပေါ်ကို တိုက်ရိုက်ရောက်လာတဲ့ ဆောင့်အား ကနည်းသွားလို့ လူကခါးပတ်ကြိုးနဲ့ လေအိတ်တွေကိုဖိတဲ့ဆောင့်အားလျော့ကျပြီး ထိခိုက်အနာတရဖြစ်တာသက်သာသွားပါတယ်။
crumple zone မှာ အမာခံ သံမဏိချောင်းတွေလုပ်ထားလျင်တော့ ဆောင့်အားကဖရိန်ကို အားအပြည့်လာဆောင့်လို့ဖရိန်ကျိုးတာ ကွေးတာဖြစ်ပြီး အထဲကလူကို ထိခိုက်သလို လူကခါးပတ်ကြိုးနဲ့ လေအိတ်တွေကိုဖိတဲ့ဆောင့်အားပြင်းထန်လို့ ထိခိုက်အနာတရဖြစ်တာပိုဆိုးပါတယ်။ ဒါကြောင့် ကားက အမာကို တိုက်တာနဲ့မတူဘဲ အနည်းငယ်ပျော့ပြောင်းတဲ့ အရာကို တိုက်သလိုဖြစ်သွားပါတယ်။ ထိုနည်းတူစွာကားရဲ့ နံဘေး ပတ်ပတ်လည်မှာ ထိခိုက်ကြေမွဇုံထားပေးခြင်းဖြင့်ကားတိုက်တဲ့ခါ ကားနံဘေးကိုဆောင့်မိတဲ့ ဆောင့်အားကိုလျော့ကျစေပါတယ်။
အဲဒီရည်ရွယ်ချက်နဲ့ ကားခေါင်းနဲ့ အနောက် ဘေးဘက် အကာပြားတွေကို အလွယ်တကူကောက်ကွေး ကြေမွစေနိုင်တဲ့ composite plastic တို့ အလူမီနီယံသတ္ထုစပ်တို့တွေကိုသုံးတာပါ
(၂) ဆောင့်မိနိုင်တဲ့ အစိပ်အပိုင်းတွေရဲ့ မာကြောမှုကိုလျှော့ချခြင်းဖြင့် ကားအတိုက် ခံရသူ ကိုထိခိုက်မှုသက်သာစေနည်း
ကားတိုက်ခံရလျင် ဆောင့်မိတဲ့ ခြေထောက်အရိုးမကျိုးမီ ခြေထောက်ကို ဆောင့်မိတဲ့ ဘန်ပါတွေကိုချိုင့်ဝင်ကျိုးပဲ့စေခြင်းကြောင့် ခြေထောက်ထိတဲ့ မျက်နှာပြင်မာကျောမှုနည်းသလို ဆောင့်အားကို လည်းလျော့စေလို့ အတိုက်ခံရတဲ့ ခြေထောက်ကို ထိခိုက်မှု အများကြီးသက်သာပါတယ်။
ကားတိုက်ခံရလို့ကားပေါ်လဲကျလာသူတွေရဲ့ ဦးခေါင်းဆောင့်မိတဲ့ ကားဘောနတ်နဲ့ လေကာမှန်ကို Head form လို့ခေါ်ပါတယ်။ မျက်နှာပြင် မာကျောမှုကိုလျှော့ချဖို့နဲ့ ဆောင့်အားကိုလျော့စေဖို့ ဘောနတ်ကို ဖိမိလျင် ချိုင့်ဝင်နိုင်တဲ့ အလူမီနီယံသတ္ထုစပ်တွေကိုသုံးလေ့ရှိပြီး လေကာမှန်ကိုလည်း အလွယ်တကူ အစိပ်စိပ် အမွှာမွှာအက်ကွဲပြီး အကွဲစတွေ ကို တွဲထားပေးဖို့ မှန်အတွင်းမှာအပျော့လွှာ တထပ်ခံပေးပါတယ်။ ဒါကြောင့် မှန်ပေါ်ကို လူပစ်ကျလျင် ( သို့) ဦးခေါင်းဆောင့်ကျလျင် မှန်ကြေပြီး ချိုင့်သွားတာကိုတွေ့ရပေမယ့် လူက တော့ ဆိုးဆိုးရွားရွား မထိခိုက်ပါ။ ဘောနတ်ကို များများချိုင့်နိုင်ဖို့ လူကိုတိုက်မိတာနဲ့ အောက်က အင်ဂျင်ခန်းထဲကစက်တွေထက် ၂လက်မလောက်ပိုကြွလာအောင် တီထွင်ကြပါတယ်။ မာစီဒီး E class တွေမှာ စသုံးပါပြီ။ ဗော်လ်ဗိုကတော့ လေအိတ်သုံးပြီးဘောနတ်ကို မြှင့်သလို လေကာမှန်နေရာမှာ လေအိတ်ပါခံပေးမယ်ဆိုပါတယ်။ ဒါကြောင့်ကားဘောနတ်တွေကလည်း တွန့်ခေါက်လွယ်လာပါတယ်။
ဆူဗာရုကလည်း ကားလချင်းတိုက်လျင် ေသးတဲ့ကား ပျော့တဲ့ကားက ထိခိုက်တာများလို့ သူ့ကားက မာပြီး သူများကားမှာအပျက်အစီးပိုများတာမျိုးမဖြစ်အောင် သူ့ကားခေါင်း crumple zone ကို ခပ်ပျော့ပျော့လုပ်ပေးတယ်ဆိုပါတယ်။ ကားထဲက သူတွေကိုကာကွယ်တဲ့ cabin frame ဖရိန်ဘောင်တွေကတော့အလွန်တောင့်တင်းပါတယ်။
ဒီသဘောအတိုင်း ကားဘေးဘက်နဲ့ တိုက်မိလျင် ထိခိုက်တာသက်သာဖို့ ဘေးကာအပြားက ဖိလျင် ချိုင့်တဲ့ composite plastic တို့ အလူမီနီယံသတ္ထုစပ်တို့တွေကိုသုံးတာပါ
အထက်ပါအကြောင်းတွေကြောင့် နောက်ပေါ်ကားတွေမှာ အရှေ့အနောက် ဘေးဘယ်ညာ ဘယ်နေရာကို တိုက်မိတိုက်မိ နည်းနည်းအားပြင်းတာနဲ့ ကားဘော်ဒီ ချိုင့်ဝင်တာ တွန့်ကြေတာတွေကို တွေ့ရမှာဖြစ်ပြီးအဲဒီလိုဖြစ်အောင် တမင်တကာလုပ်ထားတယ်ဆိုတာကိုသိကြစေချင်ပါတယ်။
အပြင်ပိုင်းပျော့ပေမယ့် ကားထဲက သူတွေကိုကာကွယ်တဲ့ cabin frame ဖရိန်ဘောင်တွေကတော့အလွန်တောင့်တင်းပါတယ်။
ဒါကြောင့် နည်းနည်းထိတာနဲ့ကားခေါင်းကြေမွသွားတဲ့ကားတွေက အသုံးမကျတဲ့ကားတွေမဟုတ်ဘဲ လူ့အသက်တွေကိုကာကွယ်ဖို့ တိုက်ခိုက်မိတတ်တဲ့ crumple zone တွေကို တွန့်ကြေကုန်အောင် တမင်ပျာ့အောင် လုပ်ထားပြီး လူရှိတဲ့အခန်းရဲ့ ဖရိန် cabin frame တွေကိုတော့ အလွန်တောင့်တင်းတဲ့ ပစ္စည်းတွေသုံးတဲ့ လူကို ပစ္စည်းထက်တန်ဖိုးထားတဲ့စနစ်တွေပါတဲ့ ကားတွေသာဖြစ်ပါတယ်
နယူးဇီလန်နိုင်ငံ မော်တော်ယာဉ်အသင်းကြီးကလည်း " မိမိကားဘယ်လောက် အကြမ်းခံတယ်ဆိုတာက အတိုက်ခံနိုင်တဲ့စွမ်းရည်မဟုတ်ပါ။ ကားပေါ်ပါသူကိုထိခိုက်ဒါဏ်ရာရမှုကနေ ဘယ်လောက် အကာကွယ်ပေးနိုင်တယ်ဆိုတာကသာ အတိုက်ခံနိုင်တဲ့စွမ်းရည်ပါ" လို့ဆိုပါတယ်။
မာစီးဒီး သူ့ရဲ့ဝဘ်ဆိုဒ်မှာရေးထားတာက “ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်းမှာ အဖုအထစ်ကင်းတဲ့ ကားကိုယ်ထည်၊ တိုက်မိလျင် ချိုင့်ဝင်နိုင်တဲ့ဘန်ပါ၊ ဝိုက်ထားတဲ့တံခါးလက်ကိုင်၊ ပလတ်စတစ်ပျော့ညှပ်ထားတဲ့ မှန်၊ ခေါက်လို့ရတဲ့ ဘေးကနောက်ကြည့်မှန်၊ မြှုပ်ထားတဲ့ ဝိုင်ဘာ စတဲ့ နည်းမျိုးစုံကိုသုံးပြီး ကားနဲ့ တိုက်မိတဲ့ သူတွေထိခိုက်မှုနည်းစေတဲ့ နည်းတွေကို မာစီးဒီးကစတင်သုံးခဲ့ပါတယ်လို့ " ဆိုထားပါတယ်။
ဖိုးသုည
29-7-19
No comments:
Post a Comment