မိသားစုကလက္မွတ္ထိုးလို႔ အသက္ရွဴစက္ျဖဳတ္ၿပီးေနာက္ေသဆုံးၿပီးကာမွ လူမွားမွန္းသိ။
လူတဦးတေယာက္ကို ဘယ္သူဘယ္ဝါလို႔ မသိတဲ့ အခါ မွတ္တမ္းေတြနဲ႔ တိုက္ဆိုင္စစ္ေဆးၿပီး အမည္ ေဖၚဖို႔ ေလာေလာဆယ္လက္ခံထားတဲ့နည္းေတြကေတာ့ လက္ေဗြ၊ သြားမွတ္တမ္း၊ မ်က္ဆံမွတ္တမ္းနဲ႔ ဒီအန္ေအ တို႔ပါ။
အသိဉာဏ္ အတုကိုသုံးၿပီး မ်က္ႏွာကိုဖတ္ကာ ဘယ္သူဘယ္ဝါလို႔ ခြဲျခားတဲ့ နည္းပညာကို ရဲ၊ ေထာက္လွမ္းေရး စတဲ့ ဥပေဒစိုမိုးေရး အဖြဲ႕ အစည္းေတြက သုံးဖို႔ႀကိဳးစားေနၾကေပမယ့္ အားနည္းခ်က္ေတြရွိေနလို႔ လူမွားဖမ္းႏိုင္တဲ့ ျပသနာရွိေနပါေသးတယ္။
ဒီလို အဆင့္ျမင့္နည္းပညာမွာေတာင္ ျပသနာရွိေနေသးခ်ိန္မွာ အေမရိကန္ႏိုင္ငံ ခ်ီကာဂိုၿမိဳ႕ကရဲေတြက ထူးထူးျခားျခားလုပ္လိုက္ပါတယ္။
ဧၿပီလတုန္းက အေမရိကန္ႏိုင္ငံ ခ်ီကာဂိုၿမိဳ႕ ကကားတစီးေအာက္မွာ မ်က္ႏွာ ဒါဏ္ရာေတြနဲ႔ သတိေမ့ေနတဲ့ လူနာတေယာက္ကို ရဲေတြကေတြ႕လို႔ Mercy Hospital ေဆး႐ုံကိုပို႔ခဲ့ပါတယ္။
ရဲေတြက အဲဒီသူကို ဘယ္သူဘယ္ဝါလို႔ ခြဲျခားရာမွာ ဒါက္ရာရထားတဲ့ မ်က္ႏွာကို ရဲမွတ္တမ္းဓါတ္ပုံနဲံ တိုက္ၾကည့္ၿပီး ဘယ္သူဘယ္ဝါလို႔ သတ္မွတ္ခဲ့လို႔ပါ။
သူ႔ကို Alfonso Bennett လို႔ သတ္မွတ္ခဲ့ၿပီး ေမလမွာေတာ့ သူ႔ရဲ႕ ေဆြမ်ိဳးေတြကို ေဆး႐ုံကအေၾကာင္းၾကားခဲ့ပါတယ္။
လက္ေဗြေတြကိုစစ္လို႔ရေပမယ့္မစစ္ခဲ့ပါဘူး။
Mr. Bennett ရဲ႕ေဆြမ်ိဳးေတြေဆး႐ုံကိုလာၾကည့္ေတာ့ အဲဒီလူနာကို မမွတ္မိလို႔သံသယျဖစ္ၿပီး ေမးပါေသးတယ္။
ေဆး႐ုံဝန္ထမ္းေတြက မ်က္ႏွာဒါဏ္ရာေတြေၾကာင့္မမွတ္မိတာျဖစ္မွာပါလို႔ ေျဖခဲ့ပါသတဲ့။
ဒါဆို မိသားစုက ေတာင္မမွတ္မိတဲ့ မ်က္ႏွာကို ရဲက ဘာလို႔ ဓါတ္ပုံမွတ္တမ္းထဲကလူပါလို႔ တပ္အပ္ေျပာတယ္ဆိုတာကေတာ့ အေတာ္ကို ပုံမွန္ မဟုတ္တဲ့ ကိစၥပါ။
ေနာက္ဆုံးေတာ့ သတိျပန္မလည္လာတဲ့ Alfonso Bennett ဆိုသူကို ဆက္ထားတဲ့ အသက္ဆက္ရွင္ေအာင္လုပ္ေပးေနတဲ့စက္ေတြျဖဳတ္ေပးလိုက္ဖို႔ မိသားစုက လက္မွတ္ထိုးေပးလိုက္ပါတယ္။
သူလည္းေအးခ်မ္းစြာ အသက္ထြက္သြားတယ္ေပါ့။
ဒီလိုနဲ႔ Mr. Bennett ရဲ႕ မိသားစုက အသုဘခ်ဖို႔ ျပင္ဆင္ေနခ်ိန္မွာေတာ့ အေဝးေရာက္ေနတဲ့ Mr. Bennett တေယာက္ အိမ္ကို ျပန္ေရာက္လာပါေတာ့တယ္။ တခ်ိဳ႕ေတြေတာ့ သူ႔ကိုေတြ႕ေတာ့ လိပ္ျပာေတြဘာေတြ လြင့္ခ်င္ လြင့္သြားမွာေပါ့။
ဒီေတာ့မွ ရဲက ရင္ခြဲ႐ုံက Mr. Bennett ရဲ႕ အေလာင္းပါဆိုတဲ့ အေလာင္းကို လက္ေဗြနဲ႔ တိုက္ဆိုင္ၿပီး ထပ္စစ္ကာ ေသသူဟာ Elisha Brittman ဆိုတဲ့ သူပါလို႔ဆိုပါတယ္။
အဲဒီေနာက္ Elisha Brittman ရဲ႕ မိသားစုေတြကို ဆက္သြယ္ေတာ့မွ Mr. Brittman ေပ်ာက္ေနတာလည္းရက္အေတာ္ၾကာၿပီဆိုတာသိရပါတယ္။
ဇာတ္ေပါင္းေတာ့ အမည္မသိသူ အေနနဲ႔ ေဆး႐ုံေရာက္ၿပီး ေသဆုံးသြားသူဟာ Mr. Elisha Brittman ျဖစ္ပါတယ္။ အရင္ကရဲကေျပာတဲ့ Alfonso Bennett ကေတာ့ အသက္ရွင္လ်က္ပါ။ မိသားစု ၂ခုလုံးက ေဆး႐ုံနဲ႔ရဲခ်ီကာဂိုၿမိဳ႕ေတာ္တာဝန္ရွိသူေတြကို တာဝန္မဲ့မႈ, မိသားစုကို မလိုအပ္ဘဲ ပူပန္ေစမႈတို႔တဲ့ တရားစြဲထားပါတယ္။
တကယ္ေတာ့ ဘယ္သူရယ္လို႔ ေသခ်ာေအာင္ လက္ေဗြရာနဲ႔ DNA တို႔ကိုသုံးၿပီး တိုက္ဆိုင္စစ္ေဆးၿပီးမွ အေၾကာင္းၾကားသင့္တယ္လို႔ ျပည္နယ္အမတ္ကဆိုပါတယ္။
ရဲတပ္ဖဲ့ ကေတာ့ ဒီကိစၥကို စုံစမ္းစစ္ေဆးေနဆဲပါ။
6-7-19
https://www.bbc.com/news/world-us-canada-48886403
မိသားစုကလက်မှတ်ထိုးလို့ အသက်ရှူစက်ဖြုတ်ပြီးနောက်သေဆုံးပြီးကာမှ လူမှားမှန်းသိ။ (ယူနီကုဒ်)
လူတဦးတယောက်ကို ဘယ်သူဘယ်ဝါလို့ မသိတဲ့ အခါ မှတ်တမ်းတွေနဲ့
တိုက်ဆိုင်စစ်ဆေးပြီး အမည် ဖေါ်ဖို့ လောလောဆယ်လက်ခံထားတဲ့နည်းတွေကတော့ လက်ဗွေ၊
သွားမှတ်တမ်း၊ မျက်ဆံမှတ်တမ်းနဲ့ ဒီအန်အေ တို့ပါ။
အသိဉာဏ် အတုကိုသုံးပြီး မျက်နှာကိုဖတ်ကာ ဘယ်သူဘယ်ဝါလို့ ခွဲခြားတဲ့
နည်းပညာကို ရဲ၊ ထောက်လှမ်းရေး စတဲ့ ဥပဒေစိုမိုးရေး အဖွဲ့ အစည်းတွေက
သုံးဖို့ကြိုးစားနေကြပေမယ့် အားနည်းချက်တွေရှိနေလို့ လူမှားဖမ်းနိုင်တဲ့
ပြသနာရှိနေပါသေးတယ်။
ဒီလို အဆင့်မြင့်နည်းပညာမှာတောင် ပြသနာရှိနေသေးချိန်မှာ
အမေရိကန်နိုင်ငံ ချီကာဂိုမြို့ကရဲတွေက ထူးထူးခြားခြားလုပ်လိုက်ပါတယ်။
ဧပြီလတုန်းက အမေရိကန်နိုင်ငံ ချီကာဂိုမြို့ ကကားတစီးအောက်မှာ
မျက်နှာ ဒါဏ်ရာတွေနဲ့ သတိမေ့နေတဲ့ လူနာတယောက်ကို ရဲတွေကတွေ့လို့ Mercy Hospital ဆေးရုံကိုပို့ခဲ့ပါတယ်။
ရဲတွေက အဲဒီသူကို ဘယ်သူဘယ်ဝါလို့ ခွဲခြားရာမှာ
ဒါက်ရာရထားတဲ့ မျက်နှာကို ရဲမှတ်တမ်းဓါတ်ပုံနဲံ
တိုက်ကြည့်ပြီး ဘယ်သူဘယ်ဝါလို့ သတ်မှတ်ခဲ့လို့ပါ။
သူ့ကို Alfonso Bennett လို့ သတ်မှတ်ခဲ့ပြီး
မေလမှာတော့ သူ့ရဲ့ ဆွေမျိုးတွေကို ဆေးရုံကအကြောင်းကြားခဲ့ပါတယ်။
လက်ဗွေတွေကိုစစ်လို့ရပေမယ့်မစစ်ခဲ့ပါဘူး။
Mr. Bennett ရဲ့ဆွေမျိုးတွေဆေးရုံကိုလာကြည့်တော့
အဲဒီလူနာကို မမှတ်မိလို့သံသယဖြစ်ပြီး မေးပါသေးတယ်။
ဆေးရုံဝန်ထမ်းတွေက မျက်နှာဒါဏ်ရာတွေကြောင့်မမှတ်မိတာဖြစ်မှာပါလို့ ဖြေခဲ့ပါသတဲ့။
ဒါဆို မိသားစုက တောင်မမှတ်မိတဲ့ မျက်နှာကို ရဲက ဘာလို့ ဓါတ်ပုံမှတ်တမ်းထဲကလူပါလို့
တပ်အပ်ပြောတယ်ဆိုတာကတော့ အတော်ကို ပုံမှန် မဟုတ်တဲ့ ကိစ္စပါ။
နောက်ဆုံးတော့ သတိပြန်မလည်လာတဲ့ Alfonso Bennett ဆိုသူကို ဆက်ထားတဲ့ အသက်ဆက်ရှင်အောင်လုပ်ပေးနေတဲ့စက်တွေဖြုတ်ပေးလိုက်ဖို့
မိသားစုက လက်မှတ်ထိုးပေးလိုက်ပါတယ်။
သူလည်းအေးချမ်းစွာ အသက်ထွက်သွားတယ်ပေါ့။
ဒီလိုနဲ့ Mr. Bennett ရဲ့ မိသားစုက အသုဘချဖို့ ပြင်ဆင်နေချိန်မှာတော့
အဝေးရောက်နေတဲ့ Mr. Bennett တယောက် အိမ်ကို ပြန်ရောက်လာပါတော့တယ်။
တချို့တွေတော့ သူ့ကိုတွေ့တော့ လိပ်ပြာတွေဘာတွေ လွင့်ချင် လွင့်သွားမှာပေါ့။
ဒီတော့မှ ရဲက ရင်ခွဲရုံက Mr. Bennett ရဲ့ အလောင်းပါဆိုတဲ့
အလောင်းကို လက်ဗွေနဲ့ တိုက်ဆိုင်ပြီး ထပ်စစ်ကာ သေသူဟာ
Elisha Brittman ဆိုတဲ့ သူပါလို့ဆိုပါတယ်။
အဲဒီနောက် Elisha Brittman ရဲ့ မိသားစုတွေကို ဆက်သွယ်တော့မှ Mr. Brittman ပျောက်နေတာလည်းရက်အတော်ကြာပြီဆိုတာသိရပါတယ်။
ဇာတ်ပေါင်းတော့ အမည်မသိသူ အနေနဲ့ ဆေးရုံရောက်ပြီး သေဆုံးသွားသူဟာ Mr.
Elisha Brittman ဖြစ်ပါတယ်။ အရင်ကရဲကပြောတဲ့
Alfonso Bennett ကတော့ အသက်ရှင်လျက်ပါ။ မိသားစု ၂ခုလုံးက ဆေးရုံနဲ့ရဲချီကာဂိုမြို့တော်တာဝန်ရှိသူတွေကို တာဝန်မဲ့မှု,
မိသားစုကို မလိုအပ်ဘဲ ပူပန်စေမှုတို့တဲ့ တရားစွဲထားပါတယ်။
တကယ်တော့ ဘယ်သူရယ်လို့ သေချာအောင် လက်ဗွေရာနဲ့ DNA တို့ကိုသုံးပြီး တိုက်ဆိုင်စစ်ဆေးပြီးမှ အကြောင်းကြားသင့်တယ်လို့ ပြည်နယ်အမတ်ကဆိုပါတယ်။
ရဲတပ်ဖဲ့ ကတော့ ဒီကိစ္စကို စုံစမ်းစစ်ဆေးနေဆဲပါ။
6-7-19
No comments:
Post a Comment