Thursday, July 4, 2019

ဓါတုေဗဒဝန္႐ုံးကလာတဲ့ သက္ေသခံအေထာက္အထား (ဓါတုဗေဒဝန်ရုံးကလာတဲ့ သက်သေခံအထောက်အထား )

ဓါတုေဗဒဝန္႐ုံးကလာတဲ့ သက္ေသခံအေထာက္အထား ( Edicence) 

ဘယ္အမႈမဆို သက္ေသခံအေထာက္အထားျပည့္စုံမႈ၊ ခိုင္မာမႈေတြေပၚတည္လို႔ ဆုံးျဖတ္ခ်က္ေတြ ေျပာင္းသြားႏိုင္ပါတယ္။
နယက အုပ္ခ်ဳပ္တဲ့ေခတ္၊ ေထာက္လွမ္းေရးေတြတန္ခိုးထြားခ်ိန္တုံးကအေၾကာင္းကေလးပါ။
(ကာယကံရွင္ဆရာဝန္ရဲ႕ ကိုယ္တိုင္ေျပာျပခ်က္ပါ)

ကယားျပည္နယ္ၿမိဳ႕ကေလး တၿမိဳ႕မွာ ကယားသားအဖ၂ေယာက္ကို ရာဘား ေဆးျပားေတြနဲ႔ မိလာပါတယ္။
လူေတြက ႐ိုး႐ိူး အအနဲ႔ ဘာမွ သိပ္နားမလည္တဲ့ ကယ္ရီသမားေတြဆိုတာ ရဲေရာ ေထာက္လွမ္းေရးပါ သိပါတယ္။
ဒါေပမယ့္ လုပ္ထုံးလုပ္နည္းက သူတို႔ေဆးသုံးစြဲထားျခင္းရွိမရွိ စစ္ေဆးဖို႔  မႈခင္းဆရာဝန္မရွိတဲ့ ၿမိဳ႕နယ္ ေဆး႐ုံကိုေခၚလာပါတယ္။ ကေလးမကေလးက ၁၂ ႏွစ္သာသာရယ္။
ဘယ္ဝန္ထမ္းမွ မလာခ်င္တဲ့ၿမိဳ႕ျဖစ္လို႔  ၿမိဳ႕နယ္ဆရာဝန္ကလည္းမရွိ လက္ေထာက္ဆရာဝန္က ၿမိဳ႕နယ္ က်န္းမာေရးဌာန ကိစၥကိုအကုန္လုပ္ရပါတယ္။
ဆရာဝန္က တရားခံ ၂ေယာက္ကိုသာမက အတူ ေခၚလာတဲ့ ရဲတပ္သားကိုပါဆီး တပုလင္းစီ ခံေစၿပီးပုလင္းေတြမွာ  ဆီးပိုင္ရွင္နာမယ္ေတြအစား ကုဒ္နံပတ္ကိုပဲေရးၿပီးကပ္ပါတယ္။ 
ဆီးပုလင္းကကုဒ္နဲ႔ ဆီးပိုင္ရွင္နာမယ္ စာရင္းကိုေတာ့  ေဆး႐ုံက မႈခင္းမွတ္တမ္းထဲမွာ သူနာျပဳဆရာမကို သက္ေသထားၿပီးမွတ္တမ္းတင္ လက္မွတ္ထိုးထားပါတယ္။
ဒါကလည္း တစုံတေယာက္က အေျဖကို အႀကံအဖန္လုပ္ၿပီး ေျပာင္းမွာကို ကာကြယ္တဲ့ လုပ္ထုံးလုပ္နည္းဆိုပါတယ္။ 
ဒီလိူလုပ္ရတယ္ဆိုတာ အဲဒီဆရာဝန္ကို မူးယစ္ကိစၥေတြတာဝန္ယူဖူးတဲ့ လုပ္ေဖၚကိုင္ဖက္တေယာက္က ေျပာျပလို႔သိတာတဲ့။
တကယ္ေတာ့ တရားခံ၂ေယာက္ဟာ ႐ိုးအတဲ့ ေဒသခံေတြျဖစ္လို႔သူတို႔ ဆီးအေျဖက သူတို႔ကို ဘယ္လို ဒုကၡေပးႏိုင္တယ္ဆိုတာေတာင္ မသိၾကပါ။ ေငြေပးၿပီးလိုက္ဖို႔လည္း မတတ္ႏိုင္ပါ။
ဒါနဲ႔ တရားခံက ႏွစ္ေယာက္ေပမယ့္ ပို႔တဲ့ ဆီးက သုံးပုလင္း၊ ပူးတြဲပါစာမွာေတာ့ “ ေဖၚျပပါ ကုဒ္မ်ားနဲ႔ ဆီး သုံးပုလင္းကို မူးယစ္ေဆး ပါမပါစစ္ေဆးေပးပါ “ လိုပဲေရးထားတာပါ။ 

ဒီလိုနဲ႔ ဆီးပုလင္းေတြကို ခ်ိတ္ပိတ္ၿပီး ရန္ကုန္က ဓါတုေဗဒဝန္႐ုံး(Chemical examiner's office) ကိုပို႔လိုက္တာ တလေက်ာ္ၾကာေတာ့ ခ်ိတ္ပိတ္ထားတဲ့ စာအိတ္နဲ႔ အေျဖျပန္လာပါတယ္၊။
ဆရာဝန္ကလည္း ဆရာမကို သက္ေသေခၚၿပီး စာအိတ္ကို ေဖာက္၊ အေျဖကို ပို႔ထားတဲ့ဆီးကုလင္းကုဒ္နဲ႔  နာမယ္စာရင္းနဲ႔တိုက္ၿပီး မွတ္တမ္းမွာ ထပ္ျဖည့္ဖို့ပါ။

ေဖါက္လိုက္ေတာ့ အေျဖကို စာရင္းနဲ႔ေတာင္ တိုက္စရာမလို  ဆီး ၃ပုလင္းလုံး မွာ စိတ္ႂကြေဆး Methamphetamine ေတြ႕ပါတယ္တဲ့ဗ်ား။
အဲဒီအခ်ိန္က ရန္ကုန္က ဓါတုေဗဒဝန္႐ုံးကိုပို႔လိုက္တဲ့ ဆီးအေျဖေတြကို တရားခံမိသားစုေတြက ေငြနဲ႔လိုက္ၾကရတယ္။
ေပးႏိုင္သူဆို ဆီးအေျဖက နက္ဂတစ္ ( ေဆးမေတြ႕) ၊ ေငြနဲ႔ မလိုက္ႏိုင္တဲ့ ဆီးမွန္သမွ် ေပါစတစ္( ဆီးထဲမွာေဆးေတြ႕တယ္။) ပါတဲ့။
ဒီဆရာဝန္က ေတာ့ တရားခံ၂ေယာက္ ရဲတေယာက္ကို ( control) ဆိုၿပီး ၃ပုလင္းပို႔ေပမယ့္ ရဲရဲ႕ ဆီးတပုလင္းပါမွန္း ဓါတုေဗဒဝန္႐ုံးကမသိ၊ ေငြေပးၿပီး လိုက္တဲ့သူမရွိေတာ့ အေျဖအားလုံး ေပါ့စတစ္ျဖစ္ကုန္တာပါ။
ဒီအေျဖကို တရား႐ုံးမွာ ေပါ့စတစ္ ပါလို႔တင္လိုက္ရင္ တရားခံ ၂ေယာက္လုံး၊  ေဆးသုံးစြဲတဲ့ အမႈတမႈပါပိုၿပီး ေထာင္ဒါဏ္ ပိုမ်ာားေတာ့မွာပါ။
ဒါေပမယ့္ဆရာဝန္က ဒီအေျဖမွာ အပိုတပုလင္း ( control) ေပါ့စတစ္ ျဖစ္ေနလို႔ ခိုင္လုံတဲ့ အေထာက္အထားမျဖစ္ႏိုင္ေတာ့ပါဘူးလို႔ သတ္မွတ္လိုက္ပါတယ္။ ဒီအေျဖကို သက္ေသခံအေထာက္အထားအေနနဲ႔ မတင္ျပႏိုင္ေတာ့ဘူးေပါ့။  မဟုတ္ရင္ေတာ့ ကိုလွေ႐ႊပါေထာင္နန္းစံရမယ့္ကိန္း။
အမႈစစ္ေတာ့ ျပည္နယ္တရား႐ုံးမွာ တဖက္ေရွ႕ေနက တရားခံေတြ ေဆးသုံးစြဲထားျခင္းရွိ၊ ရွိေမးပါေတာ့တယ္။
ဆရာဝန္က သူ႔ရဲ႕ clinical examination စစ္ေဆးခ်က္ေတြအရ ေဆးသုံးစြဲထားတဲ့ လကၡဏာမရွိပါ” လို႔ပဲေျဖပါတယ္။
ဆီး မစစ္ဘူးလားလို႔ ေမးေတာ့ “ဆီးအေျဖကေတာ့ သံသယျဖစ္စရာရွိလို႔ သက္ေသခံအျဖစ္မတင္ႏိုင္ပါလို႔”  ထြက္ဆိုပါတယ္။
အမႈကလည္း ေရွ႕ေနနဲ႔ တရားသူႀကီး ညႇိထားၿပီးသားျဖစ္လို႔လား၊ တကယ္သုံးစြဲသူမဟုတ္ဘူးဆိုတာ သိထားလို႔ပဲလား မသိ ဘာမွ သိပ္မေမးဘဲ ၿပီးသြားပါတယ္။
တကယ္ေတာ့ ႏိုင္ငံက အေရးအပါဆုံးျဖစ္တဲ့ ဓါတုေဗဒဝန္႐ုံးရဲ႕ အေျဖကို “သံသယရွိတယ္” လို႔ ေျပာဖို႔ဆိုတာ တကယ္စစ္ေမးတဲ့ ေရွ႕ေနနဲ႔ ေတြ႕ရင္ ဆရာဝန္ကို အေရခြံႏႊာလို႔ရတယ္ဆိုပါတယ္။ 
ခက္တာက အဲဒီ ဓါတုေဗဒဝန္႐ုံး ႀကီးကထုတ္ေပးတဲ့ အေျဖေတြမွာ အမွန္တရားက တကယ္မရွိေတာ့ပါ။
တကယ္ေတာ့လည္း ဓါတုေဗဒဝန္႐ုံး ဆိုတာႀကီးက မရွိတာနဲ႔၊ ရွိတာ ဘာမွမထူးတာၾကာပါၿပီ။ 
ဖိုးသုည
5-7-19



ဓါတုဗေဒဝန်ရုံးကလာတဲ့ သက်သေခံအထောက်အထား ( Edicence)

ဘယ်အမှုမဆို သက်သေခံအထောက်အထားပြည့်စုံမှု၊ ခိုင်မာမှုတွေပေါ်တည်လို့ ဆုံးဖြတ်ချက်တွေ ပြောင်းသွားနိုင်ပါတယ်။
နယက အုပ်ချုပ်တဲ့ခေတ်၊ ထောက်လှမ်းရေးတွေတန်ခိုးထွားချိန်တုံးကအကြောင်းကလေးပါ။
(ကာယကံရှင်ဆရာဝန်ရဲ့ ကိုယ်တိုင်ပြောပြချက်ပါ)

ကယားပြည်နယ်မြို့ကလေး တမြို့မှာ ကယားသားအဖ၂ယောက်ကို ရာဘား ဆေးပြားတွေနဲ့ မိလာပါတယ်။
လူတွေက ရိုးရိူး အအနဲ့ ဘာမှ သိပ်နားမလည်တဲ့ ကယ်ရီသမားတွေဆိုတာ ရဲရော ထောက်လှမ်းရေးပါ သိပါတယ်။
ဒါပေမယ့် လုပ်ထုံးလုပ်နည်းက သူတို့ဆေးသုံးစွဲထားခြင်းရှိမရှိ စစ်ဆေးဖို့  မှုခင်းဆရာဝန်မရှိတဲ့ မြို့နယ် ဆေးရုံကိုခေါ်လာပါတယ်။ ကလေးမကလေးက ၁၂ နှစ်သာသာရယ်။
ဘယ်ဝန်ထမ်းမှ မလာချင်တဲ့မြို့ဖြစ်လို့  မြို့နယ်ဆရာဝန်ကလည်းမရှိ လက်ထောက်ဆရာဝန်က မြို့နယ် ကျန်းမာရေးဌာန ကိစ္စကိုအကုန်လုပ်ရပါတယ်။
ဆရာဝန်က တရားခံ ၂ယောက်ကိုသာမက အတူ ခေါ်လာတဲ့ ရဲတပ်သားကိုပါဆီး တပုလင်းစီ ခံစေပြီးပုလင်းတွေမှာ  ဆီးပိုင်ရှင်နာမယ်တွေအစား ကုဒ်နံပတ်ကိုပဲရေးပြီးကပ်ပါတယ်
ဆီးပုလင်းကကုဒ်နဲ့ ဆီးပိုင်ရှင်နာမယ် စာရင်းကိုတော့  ဆေးရုံက မှုခင်မှတ်တမ်းထဲမှာ သူနာပြုဆရာမကို သက်သေထားပြီးမှတ်တမ်းတင် လက်မှတ်ထိုးထားပါတယ်။
ဒါကလည်း တစုံတယောက်က အဖြေကို အကြံအဖန်လုပ်ပြီး ပြောင်းမှာကို ကာကွယ်တဲ့ လုပ်ထုံးလုပ်နည်းဆိုပါတယ်။
ဒီလိူလုပ်ရတယ်ဆိုတာ အဲဒီဆရာဝန်ကို မူးယစ်ကိစ္စတွေတာဝန်ယူဖူးတဲ့ လုပ်ဖေါ်ကိုင်ဖက်တယောက်က ပြောပြလို့သိတာတဲ့။
တကယ်တော့ တရားခံ၂ယောက်ဟာ ရိုးအတဲ့ ဒေသခံတွေဖြစ်လို့သူတို့ ဆီးအဖြေက သူတို့ကို ဘယ်လို ဒုက္ခပေးနိုင်တယ်ဆိုတာတောင် မသိကြပါ။ ငွေပေးပြီးလိုက်ဖို့လည်း မတတ်နိုင်ပါ။
ဒါနဲ့ တရားခံက နှစ်ယောက်ပေမယ့် ပို့တဲ့ ဆီးက သုံးပုလင်း၊ ပူးတွဲပါစာမှာတော့ “ ဖေါ်ပြပါ ကုဒ်များနဲ့ ဆီး သုံးပုလင်းကို မူးယစ်ဆေး ပါမပါစစ်ဆေးပေးပါ “ လိုပဲရေးထားတာပါ။
ဒီလိုနဲ့ ဆီးပုလင်းတွေကို ချိတ်ပိတ်ပြီး ရန်ကုန်က ဓါတုဗေဒဝန်ရုံး (Chemical examiner's office) ကိုပို့လိုက်တာ တလကျော်ကြာတော့ ချိတ်ပိတ်ထားတဲ့ စာအိတ်နဲ့ အဖြေပြန်လာပါတယ်၊။
ဆရာဝန်ကလည်း ဆရာမကို သက်သေခေါ်ပြီး စာအိတ်ကို ဖောက်၊ အဖြေကို ပို့ထားတဲ့ဆီးပုလင်းကုဒ်နဲ့  နာမယ်စာရင်းနဲ့တိုက်ပြီး မှတ်တမ်းမှာ ထပ်ဖြည့်ရမှာကိုး။

ဖေါက်လိုက်တော့ အဖြေကို စာရင်းနဲ့တောင် တိုက်စရာမလို  ဆီး ၃ပုလင်းလုံး မှာ စိတ်ကြွဆေး Methamphetamine တွေ့ပါတယ်တဲ့ဗျား။
အဲဒီအချိန်က ရန်ကုန်က ဓါတုဗေဒဝန်ရုံးကိုပို့လိုက်တဲ့ ဆီးအဖြေတွေကို တရားခံမိသားစုတွေက ငွေနဲ့လိုက်ကြရတယ်။
ပေးနိုင်သူဆို ဆီးအဖြေက နက်ဂတစ် ( ဆေးမတွေ့) ငွေနဲ့ မလိုက်နိုင်တဲ့ ဆီးမှန်သမျှ ပေါစတစ်( ဆီးထဲမှာဆေးတွေ့တယ်။) ပါတဲ့။
ဒီဆရာဝန်က တော့ တရားခံ၂ယောက် ရဲတယောက်ကို ( control) ဆိုပြီး ၃ပုလင်းပို့ပေမယ့် ရဲရဲ့ ဆီးတပုလင်းပါမှန်း ဓါတုဗေဒဝန်ရုံးကမသိ၊ ငွေပေးပြီး လိုက်တဲ့သူမရှိတော့ အဖြေအားလုံး ပေါ့စတစ်ဖြစ်ကုန်တာပါ။
ဒီအဖြေကို တရားရုံးမှာ ပေါ့စတစ် ပါလို့တင်လိုက်ရင် တရားခံ ၂ယောက်လုံး၊  ဆေးသုံးစွဲတဲ့ အမှုတမှုပါပိုပြီး ထောင်ဒါဏ်ပိုများတော့မှာပါ။
ဒါပေမယ့်ဆရာဝန်က ဒီအဖြေမှာ အပိုတပုလင်း ( control) ပေါ့စတစ် ဖြစ်နေလို့ ခိုင်လုံတဲ့ အထောက်အထားမဖြစ်နိုင်တော့ပါဘူးလို့ သတ်မှတ်လိုက်ပါတယ်။ ဒီအဖြေကို သက်သေခံအထောက်အထားအနေနဲ့ မတင်ပြနိုင်တော့ဘူးပေါ့။  မဟုတ်ရင်တော့ ကိုလှရွှေပါထောင်နန်းစံရမယ့်ကိန်း။
အမှုစစ်တော့ ပြည်နယ်တရားရုံးမှာ တဖက်ရှေ့နေက တရားခံတွေ ဆေးသုံးစွဲထားခြင်းရှိ၊ ရှိမေးပါတယ်။
ဆရာဝန်က သူ့ရဲ့ clinical examination စစ်ဆေးချက်တွေအရ ဆေးသုံးစွဲထားတဲ့ လက္ခဏာမရှိပါ” လို့ပဲဖြေပါတယ်။
ဆီး မစစ်ဘူးလားလို့ မေးတော့ “ဆီးအဖြေကတော့ သံသယဖြစ်စရာရှိလို့ သက်သေခံအဖြစ်မတင်နိုင်ပါလို့”  ထွက်ဆိုပါတယ်။
အမှုကလည်း ရှေ့နေနဲ့ တရားသူကြီး ညှိထားပြီးသားဖြစ်လို့လား၊ တကယ်သုံးစွဲသူမဟုတ်ဘူးဆိုတာ သိထားလို့ပဲလား မသိ ဘာမှ သိပ်မမေးဘဲ ပြီးသွားပါတယ်။
တကယ်တော့ နိုင်ငံက အရေးအပါဆုံးဖြစ်တဲ့ ဓါတုဗေဒဝန်ရုံးရဲ့ အဖြေကို “သံသယရှိတယ်” လို့ ပြောဖို့ဆိုတာ တကယ်စစ်မေးတဲ့ ရှေ့နေနဲ့ တွေ့ရင် ဆရာဝန်ကို အရေခွံနွှာလို့ရတယ်ဆိုပါတယ်။  
ခက်တာက အဲဒီ ဓါတုဗေဒဝန်ရုံး ကြီးကထုတ်ပေးတဲ့ အဖြေတွေမှာ အမှန်တရားက တကယ်မရှိတော့ပါ။
တကယ်တော့လည်း ဓါတုဗေဒဝန်ရုံး ဆိုတာကြီးက မရှိတာနဲ့၊ ရှိတာ ဘာမှမထူးတာကြာပါပြီ။
ဖိုးသုည
5-7-19

No comments:

Post a Comment