ညိဳမ်က္ဝန္းက အရည္မ႐ႊန္းလဲ့ေတာ့ေသာအခါ ( Dry Eye Disease)
ၾကည္လင္တဲ့ အျမင္ကိုေပးဖို႔က်ေနာ္တို႔ရဲ႕မ်က္ၾကည္လႊာေတြဟာ သန္႔ရွင္းၾကည္လင္ေနရပါမယ္။ျပဴတင္းမွန္ေတြသန္႔ရွင္းဖို႔ မွန္ေဆးရည္ျဖန္းၿပီး သုတ္တံနဲ႔သုတ္ေပးရသလိုပဲ မ်က္လုံးေတြမွာ မ်က္ေတာင္ခပ္ျခင္းျဖင့္ မ်က္ရည္ကိုမ်က္ၾကည္လႊာေပၚမွာ သုတ္ၿပီးေဆးေၾကာေပးပါတယ္။
အဲဒီမ်က္ရည္အလႊာကေလးမွာ ခ်ိဳ႕ယြင္းမႉတခုခုျဖစ္တဲ့အခါမွာ မ်က္စိေျခာက္တဲ့ ျပသနာျဖစ္လာပါေတာ့တယ္။
မ်က္လုံးေပၚမွာ သုတ္ေပးလိုက္လို႔ ျဖစ္လာတဲ့ မ်က္ရည္ လႊာ (tear film) မွာ အလႊာ သုံးလႊာပါပါတယ္။
အတြင္းဖက္ဆုံးက အခြၽဲ၊, အလယ္က ေရနဲ႔အျပင္ဆုံးက အဆီလႊာေတြပါ။
![]() |
မ်က္ရည္လႊာဖြဲ႕စည္းပုံ |
မ်က္ရည္မွာ အခြၽဲနည္းနည္းပါလို႔ မ်က္ေတာင္ခတ္ရတာ ေခ်ာေမြ႕သလို အျပင္ကအဆီလႊာကမ်က္ရည္ကို ခ်က္ခ်င္းေျခာက္မသြားေအာင္ကာကြယ္ေပးလို႔ မ်က္စိေပၚမွာ အုပ္ထားတဲ့ မ်က္ရည္အလႊာပါး ( tear film) ကလည္း ဆပ္ျပာပူေပါင္းလိုပဲ ခ်က္ခ်င္းမပ်က္ပါဘူး။ ဒါေပမဲ့ အခ်ိန္ၾကာၾကာမေနေတာ့ မ်က္ရည္အလႊာပါး အသစ္ရေအာင္ မၾကာခဏေတာ့ မ်က္ေတာင္ခတ္ေပးရပါတယ္။
ဘာေၾကာင့္ မ်က္စိေျခာက္ရသလဲ
(၁) အဲဒီမ်က္ရည္မွာ ပါတဲ့ အခြၽဲဦ အရည္ဦ အဆီတခုခု အရည္အေသြး (သို႔) ထုတ္ေပးတဲ့ ပမာဏ ခ်ိဳ႕ယြင္းတဲ့အခါ မ်က္ရည္မလုံေလာက္ျခင္း၊ မ်က္ရည္လႊာ ျမန္ျမန္ေျခာက္ျခင္းတို႔ျဖစ္လို႔ မ်က္စိေျခာက္တယ္ဆိုတဲ့ ျပသနာျဖစ္တာပါ။ ( Dry Eye Disease (သို႔)Keratoconjunctivitis sicca လို႔ေခၚပါတယ္။(၂) တခါတေလ မိမိရွိေနတဲ့ ပတ္ဝန္းက်င္က အဲဒီမ်က္ရည္လႊာ ျမန္ျမန္ေျခာက္ေအာင္ လုပ္တာလည္းရွိပါတယ္။ ( ဥပမာ ေျခာက္ေသြ႕တဲ့ ေလ၊ မ်က္စိကိုေလတိုးျခင္း)
မ်က္စိေျခာက္ရတဲ့ အေၾကာင္းေတြကေတာ့
- အသက္ ( ၅၀ အထက္)
- မ်က္ကပ္မွန္အသုံးျပဳျခင္း၊ မ်က္ၾကည္လႊာကို ေလဆာနဲ႔ ပစ္ၿပီး ဒီကရီေလ်ာ့ေအာင္လုပ္ျခင္း
- ကြန္ျပဳတာ၊ မိုဘိုင္းဖုန္းတို႔ကို အခ်ိန္ၾကာျမင့္စြာၾကည့္ရႈျခင္း (အခုေနာက္ပိုင္း လူငယ္ေတြအၾကားမွာ အျဖစ္မ်ားတဲ့ မ်က္စိေျခာက္ေစတဲ့ အေၾကာင္းရင္းတခု)
- ေလေအးေပးစက္ (သို႔) အပူေပးစက္ကို ၾကာျမင့္စြာသုံးျခင္း
- ပတ္ဝန္းက်င္ရွိေလက ေျခာက္ေသြ႕၊ ေအး၊ ဖုန္မ်ား ၊ ေလတိုက္ေနျခင္း
- ေဆးလိပ္ နဲ႔ အရက္
- တခ်ိဳ႕ေသားေဆးဝါးမ်ား (ႏွာေစးေခ်ာင္းဆိုးေပ်ာက္ေဆး၊ တခ်ိဳ႕ စိတ္က်ေရာဂါေဆး၊ ေသြးေပါင္က်ေဆး)
- တခ်ိဳ႕ေသာေရာဂါမ်ား ဥပမာ blepharitis, Sjogren's syndrome or lupus
မ်က္စိေျခာက္တဲ့ ေရာဂါ ျဖစ္သူ ဘယ္ေလာက္မ်ားလဲ
Dry eye syndrome ဆိုတဲ့ မ်က္ေစ့ေျခာက္ျခင္းဟာ အမ်ားထင္ထားတာထက္ အျဖစ္မ်ားၿပီး အမ်ားအားျဖင့္ႀကီးမားတဲ့ ျပသနာေတာ့မဟုတ္ပါဘူး။အေမရိကားရဲ႕ က်န္းမာေရးမွတ္တမ္းမ်ားအရ လူဦးေရရဲ႕ 5.28% မွာ မ်က္စိေျခာက္တဲ့ ျပသနာရွိပါတယ္။ အမ်ိဳးသမီးေတြမွာ ပိုအျဖစ္မ်ားၿပီး အသက္ႀကီးေလ ပိုမ်ားေလပါ။ အသက္၅၀ ေက်ာ္သူေတြၾကားမွာ 11.66% အထိရွိပါတယ္။ ဒီေရာဂါျဖစ္ပြားႏႈန္းက ႏွစ္စဥ္ 0.2% ကေန 1.6% အထိပိုပိုၿပီးမ်ားလာေနပါတယ္။
လကၡဏာမ်ား
- မ်က္စိယားယံျခင္း
- မ်က္စိေျခာက္ျခင္း
- မ်က္စိထဲတခုခုရွိေနသလိုခံစားရျခင္း
- မ်က္စိနီျခင္း
- မ်က္စိမႈန္ျခင္း
- အလင္းေရာင္ကိုမခံႏိုင္ျခင္း
- ပုံမွန္ထက္ မ်က္ရည္ပိုထြက္ျခင္း ( မ်က္စိေျခာက္တဲ့ေရာဂါေၾကာင့္ မ်က္စိကို အေနခက္ေစလို႔ မ်က္ရည္ကို အမ်ားအျပားထြက္ေစပါတယ္။)
- မ်က္စိေျခာက္ေတာ့ အေပၚယံအလႊာက မွန္ကိုေရမပါဘဲ အေျခာက္ပြတ္ခံရသလို ပြန္းပါတယ္။ အဲလိုပြန္းတာၾကာလ်င္ cornea ulcer အနာျဖစ္ရာက မ်က္စိကြယ္တဲ့အထိျဖစ္ႏိုင္ပါတယ္။
ေဆာင္ရန္
- မ်က္စိကို သန္႔ရွင္းစြာထားပါ
- ကြန္ျပဴတာ၊ မိုဘိုင္းဖုန္းတို႔ကိုသုံးလ်င္ မၾကာမဏ မ်က္စိကို အနားေပးပါ။
- မ်က္စိအေညာင္းသက္သာေစရန္ ကြန္ျပဳတာစကရင္ကို မ်က္စိနဲ႔ တတန္းနည္းမွာထားပါ
- မ်က္စိအနားရေစရန္ အိပ္ခ်ိန္ လုံလုံေလာက္ေလာက္ယူပါ
- မ်က္ကပ္မွန္တပ္သူျဖစ္ပါက မ်က္စိကို အနားရေစရန္ မ်က္ကပ္မွန္အစား မ်က္မွန္ကို တလွည့္သုံးေပးပါ။ေ
ရွာင္ရန္
- ေဆးလိပ္ေသာက္လ်င္ျဖတ္ပါ၊ အရက္ကို ျဖတ္ပါ သိုမဟုတ္ ေလွ်ာ့ေသာက္ပါ
- မီးခိုးမႊန္ေသာ ဖုန္ထူေသာ၊ ေျခာက္ေသြ႕ေသာေနရာမ်ားတြင္ ၾကာရွည္ မေနပါႏွင့္
- အဲယားကြန္း (သို႔) အေႏြးေပးစက္ ဖြင့္ထားေသာေနရာမ်ားတြင္ ၾကာရွည္ မေနပါႏွင့္
- ေဆးေၾကာင့္မ်က္စိေျခာက္သည္ဟုထင္လ်င္ နားလည္သူ ေဆးပညာရွင္နဲ႔ ေဆြးေႏြးပါ ၊ ဆရာဝန္ၫႊန္ထားေသာေဆးကို မိမိသေဘာႏွင့္ မရပ္ပါႏွင့္
မ်က္စိကိုသန္႔ရွင္းနည္း
ပဝါႏုႏုကို ေရေႏြးေႏြးတြင္စိမ္ၿပီး မ်က္စိအနီးတဝိုက္ကို ညင္သာစြာဖိေပးပါ၊ မ်က္ခြံမ်ားကိုလည္း ညင္သာစြာဖိေပးပါ၊ မ်က္စိ မ်က္ခြံတြင္အဆီထုတ္ေပးေသာဂလင္းမ်ားကို အလုပ္ပိုလုပ္ေစပါတယ္။အဝတ္ႏုႏု (သို႔) ဝါဂြမ္းတပ္ထားေသာအတံထိပ္ကို ေရေႏြးေႏြး စိမ္ၿပီး မ်က္ခြံအစပ္မ်ားတြင္ ေျခာက္ကပ္ေနေသာ အဆီ၊ မ်က္ေခ်း၊ ဖုံမ်ားကို ညင္သာစြာသုတ္ေပးပါ၊ ႏွာေခါင္းဘက္ မ်က္ခြံအစပ္မွ ေဘးဘက္သို႔ဆြဲသုတ္ပါ။
မ်က္စိေျခာက္တာကိုဘယ္လိုသိမလဲ
အထက္ေဖၚျပပါလကၡဏာမ်ားရွိလ်င္ မ်က္စေျခာက္တယ္လို႔ အၾကမ္းဖ်င္းေျပာႏိုင္ပါတယ္။ေသခ်ာေအာင္ကေတာ့ ဆရာဝန္က စစ္ေပးပါတယ္။
တနည္းကေတာ့ ထြက္တဲ့ မ်က္ရည္မမာဏကိုတိုင္းတဲ့ Schirmer' test ပါ, မွင္စုပ္စကၠဴ အျပားေသးေသးကို မ်က္စိနဲ႔ မ်က္ခြံၾကားထားၿပီး မ်က္ရည္ဘယ္ေလာက္စိုလာလဲဆိုတာကိုစမ္းတာပါ ။
![]() |
Schirmer' test |
![]() |
Slit lamp microscope |
![]() |
Tear Film Break up time |
tear film is observed under a broad beam of cobalt blue illumination, t=0
တခ်ိန္တည္းမွာ မ်က္ၾကည္လႊာပြန္းပဲ့ေနတာရွိမရွိ၊ မ်က္ခြံအစပ္က အဆီအိတ္ေတြ အေပါက္ပိတ္ေနတာ ေယာင္ေနတာေတြကိုပါၾကည့္လို႔ရပါတယ္။
တျခားေရာဂါမ်ားနဲ႔ ဆက္စပ္မႈရွိတယ္ထင္လ်င္ေတာ့ ေသြးစစ္တာမ်ိဳးေတြလုပ္ရပါမယ္။
ကုသနည္းမ်ား
Tear Naturale, Refresh, Cool eye စေသာ မ်က္ရည္အတုမ်ား ကိုသုံးႏိုင္ပါသည္။ ပိုဆိုးပါက မ်က္စိကိုေခ်ာေမြ႕ေစတဲ့ Lacrilube လိုခပ္ခြၽဲခြၽဲကရင္ကိုသုံးလို႔ရပါတယ္။![]() |
မ်က္ရည္တုအမ်ိုးမ်ိုး |
အကာအကြယ္
![]() |
safety glasses |
![]() |
Moisture Chamber Glasses |
ဒီလိုနည္းေတြနဲ႔ မသက္သာလ်င္၊ တေန႔ကို ၆ ခါတထက္ မ်က္ရည္တုထည့္ဖို႔လိုအပ္လ်င္ ၊ ေရာဂါလကၡဏာပိုဆိုးလာလ်င္၊ အျမင္အာ႐ုံကိုထိခိုက္လာလ်င္၊ မ်က္ခြံမ်ားပုံေျပာင္းလာလ်င္ေတာ့ မ်က္စိဆရာဝန္နဲ႔ စမ္းသပ္သင့္တယ္လို႔ဆိုပါတယ္။
အေၾကာင္းရင္းကို သိလ်င္ အဲဒီအေၾကာင္ရင္းကို ကုသရပါမယ္။
တျခားေရာဂါေတြနဲ႔ ဆက္စပ္ၿပီးျဖစ္တဲ့ သူေတြမွာေတာ့ စနစ္တက်ေဆးကုဖို႔ အေရးႀကီးပါတယ္။
မ်က္စိေျခာက္ေစတဲ့အေၾကာင္းရင္းေပၚမူတည္လို႔ တခ်ိဳ႕ကေတာ့ Omega 3 ေၾကာင့္ သက္သာေစတယ္ဆိုပါတယ္။
တခ်ိဳ႕ကိုေတာ့ ရွိထားတဲ့ မ်က္ရည္ မ်က္စိထဲၾကာၾကာေနေအာင္ မ်က္ရည္စြန္႔ထုတ္တဲ့အေပါက္ေတြကို ပိတ္တဲ့နည္း punctum occlusion ကိုသုံးပါတယ္။
![]() |
punctum |
တခ်ိဳ႕ေတြက မ်က္စိေျခာက္တာကို မသိလို႔မကုဘဲ ၾကာလာေတာ့ မ်က္ၾကည္လႊာပြန္းၿပီး cornea ulcer အနာျဖစ္ကာ အျမင္အာ႐ုံဆုံးတဲ့အထိျဖစ္တတ္ပါတယ္။
ဖိုးသုည
1-8--2019
ညိုမျက်ဝန်းက အရည်မရွှန်းလဲ့တော့သောအခါ ( Dry Eye Disease) (ယူနီကုဒ်)
ကြည်လင်တဲ့
အမြင်ကိုပေးဖို့ကျနော်တို့ရဲ့မျက်ကြည်လွှာတွေဟာ သန့်ရှင်းကြည်လင်နေရပါမယ်။
ပြူတင်းမှန်တွေသန့်ရှင်းဖို့
မှန်ဆေးရည်ဖြန်းပြီး သုတ်တံနဲ့သုတ်ပေးရသလိုပဲ မျက်လုံးတွေမှာ မျက်တောင်ခပ်ခြင်းဖြင့် မျက်ရည်ကိုမျက်ကြည်လွှာပေါ်မှာ
သုတ်ပြီးဆေးကြောပေးပါတယ်။
အဲဒီမျက်ရည်အလွှာကလေးမှာ ချို့ယွင်းမှူတခုခုဖြစ်တဲ့အခါမှာ
မျက်စိခြောက်တဲ့ ပြသနာဖြစ်လာပါတော့တယ်။
မျက်လုံးပေါ်မှာ
သုတ်ပေးလိုက်လို့
ဖြစ်လာတဲ့ မျက်ရည် လွှာ (tear
film) မှာ အလွှာ
သုံးလွှာပါပါတယ်။
အတွင်းဖက်ဆုံးက
အချွဲ၊, အလယ်က ရေနဲ့အပြင်ဆုံးက အဆီလွှာတွေပါ။
မျက်ရည်မှာ
အချွဲနည်းနည်းပါလို့ မျက်တောင်ခတ်ရတာ ချောမွေ့သလို အပြင်ကအဆီလွှာကမျက်ရည်ကို
ချက်ချင်းခြောက်မသွားအောင်ကာကွယ်ပေးလို့ မျက်စိပေါ်မှာ အုပ်ထားတဲ့ မျက်ရည်အလွှာပါး ( tear
film) ကလည်း ဆပ်ပြာပူပေါင်းလိုပဲ ချက်ချင်းမပျက်ပါဘူး။ ဒါပေမဲ့
အချိန်ကြာကြာမနေတော့ မျက်ရည်အလွှာပါး
အသစ်ရအောင် မကြာခဏတော့ မျက်တောင်ခတ်ပေးရပါတယ်။
ဘာကြောင့် မျက်စိခြောက်ရသလဲ
(၁)
အဲဒီမျက်ရည်မှာ ပါတဲ့ အချွဲဦ အရည်ဦ အဆီတခုခု အရည်အသွေး (သို့) ထုတ်ပေးတဲ့ ပမာဏ ချို့ယွင်းတဲ့အခါ မျက်ရည်မလုံလောက်ခြင်း၊ မျက်ရည်လွှာ မြန်မြန်ခြောက်ခြင်းတို့ဖြစ်လို့
မျက်စိခြောက်တယ်ဆိုတဲ့ ပြသနာဖြစ်တာပါ။ ( Dry Eye Disease (သို့)Keratoconjunctivitis sicca လို့ခေါ်ပါတယ်။
(၂) တခါတလေ မိမိရှိနေတဲ့ ပတ်ဝန်းကျင်က အဲဒီမျက်ရည်လွှာ မြန်မြန်ခြောက်အောင် လုပ်တာလည်းရှိပါတယ်။ ( ဥပမာ ခြောက်သွေ့တဲ့ လေ၊ မျက်စိကိုလေတိုးခြင်း)
မျက်စိခြောက်ရတဲ့ အကြောင်းတွေကတော့
အသက် ( ၅၀ အထက်)
မျက်ကပ်မှန်အသုံးပြုခြင်း၊ မျက်ကြည်လွှာကို လေဆာနဲ့ ပစ်ပြီး ဒီကရီလျော့အောင်လုပ်ခြင်း
ကွန်ပြုတာ၊ မိုဘိုင်းဖုန်းတို့ကို အချိန်ကြာမြင့်စွာကြည့်ရှုခြင်း (အခုနောက်ပိုင်း လူငယ်တွေအကြားမှာ အဖြစ်များတဲ့ မျက်စိခြောက်စေတဲ့ အကြောင်းရင်းတခု)
လေအေးပေးစက် (သို့) အပူပေးစက်ကို ကြာမြင့်စွာသုံးခြင်း
ပတ်ဝန်းကျင်ရှိလေက ခြောက်သွေ့၊ အေး၊ ဖုန်များ ၊ လေတိုက်နေခြင်း
ပတ်ဝန်းကျင်ရှိလေက ခြောက်သွေ့၊ အေး၊ ဖုန်များ ၊ လေတိုက်နေခြင်း
ဆေးလိပ် နဲ့ အရက်
တချို့သေားဆေးဝါးများ (နှာစေးချောင်းဆိုးပျောက်ဆေး၊
တချို့ စိတ်ကျရောဂါဆေး၊ သွေးပေါင်ကျဆေး)
မျက်စိခြောက်တဲ့ ရောဂါ ဖြစ်သူ ဘယ်လောက်များလဲ
Dry eye syndrome ဆိုတဲ့ မျက်စေ့ခြောက်ခြင်းဟာ အများထင်ထားတာထက် အဖြစ်များပြီး အများအားဖြင့်ကြီးမားတဲ့ ပြသနာတော့မဟုတ်ပါဘူး။
အမေရိကားရဲ့ ကျန်းမာရေးမှတ်တမ်းများအရ လူဦးရေရဲ့ 5.28% မှာ မျက်စိခြောက်တဲ့ ပြသနာရှိပါတယ်။ အမျိုးသမီးတွေမှာ ပိုအဖြစ်များပြီး အသက်ကြီးလေ ပိုများလေပါ။ အသက်၅၀ ကျော်သူတွေကြားမှာ 11.66% အထိရှိပါတယ်။ ဒီရောဂါဖြစ်ပွားနှုန်းက နှစ်စဥ် 0.2% ကနေ 1.6% အထိပိုပိုပြီးများလာနေပါတယ်။- မျက်စိယားယံခြင်း
- မျက်စိခြောက်ခြင်း
- မျက်စိထဲတခုခုရှိနေသလိုခံစားရခြင်း
- မျက်စိနီခြင်း
- မျက်စိမှုန်ခြင်း
- အလင်းရောင်ကိုမခံနိုင်ခြင်း
- ပုံမှန်ထက် မျက်ရည်ပိုထွက်ခြင်း ( မျက်စိခြောက်တဲ့ရောဂါကြောင့် မျက်စိကို အနေခက်စေလို့ မျက်ရည်ကို အများအပြားထွက်စေပါတယ်။)
- မျက်စိခြောက်တော့ အပေါ်ယံအလွှာက မှန်ကိုရေမပါဘဲ အခြောက်ပွတ်ခံရသလို ပွန်းပါတယ်။ အဲလိုပွန်းတာကြာလျင် cornea ulcer အနာဖြစ်ရာက မျက်စိကွယ်တဲ့အထိဖြစ်နိုင်ပါတယ်။
ဆောင်ရန်
- မျက်စိကို သန့်ရှင်းစွာထားပါ
- ကွန်ပြူတာ၊ မိုဘိုင်းဖုန်းတို့ကိုသုံးလျင် မကြာမဏ မျက်စိကို အနားပေးပါ။
- မျက်စိအညောင်းသက်သာစေရန် ကွန်ပြုတာစကရင်ကို မျက်စိနဲ့ တတန်းနည်းမှာထားပါ
- မျက်စိအနားရစေရန် အိပ်ချိန် လုံလုံလောက်လောက်ယူပါ
- မျက်ကပ်မှန်တပ်သူဖြစ်ပါက မျက်စိကို အနားရစေရန် မျက်ကပ်မှန်အစား မျက်မှန်ကို တလှည့်သုံးပေးပါ။
ရှောင်ရန်
- ဆေးလိပ်သောက်လျင်ဖြတ်ပါ၊ အရက်ကို ဖြတ်ပါ သိုမဟုတ် လျှော့သောက်ပါ
- မီးခိုးမွှန်သော ဖုန်ထူသော၊ ခြောက်သွေ့သောနေရာများတွင် ကြာရှည် မနေပါနှင့်
- အဲယားကွန်း (သို့) အနွေးပေးစက် ဖွင့်ထားသောနေရာများတွင် ကြာရှည် မနေပါနှင့်
- ဆေးကြောင့်မျက်စိခြောက်သည်ဟုထင်လျင် နားလည်သူ ဆေးပညာရှင်နဲ့ ဆွေးနွေးပါ ၊ ဆရာဝန်ညွှန်ထားသောဆေးကို မိမိသဘောနှင့် မရပ်ပါနှင့်
မျက်စိကိုသန့်ရှင်းနည်း
ပဝါနုနုကို
ရေနွေးနွေးတွင်စိမ်ပြီး မျက်စိအနီးတဝိုက်ကို ညင်သာစွာဖိပေးပါ၊ မျက်ခွံများကိုလည်း
ညင်သာစွာဖိပေးပါ၊ မျက်စိ
မျက်ခွံတွင်အဆီထုတ်ပေးသောဂလင်းများကို အလုပ်ပိုလုပ်စေပါတယ်။
အဝတ်နုနု (သို့) ဝါဂွမ်းတပ်ထားသောအတံထိပ်ကို ရေနွေးနွေး စိမ်ပြီး
မျက်ခွံအစပ်များတွင် ခြောက်ကပ်နေသော အဆီ၊ မျက်ချေး၊ ဖုံများကို ညင်သာစွာသုတ်ပေးပါ၊
နှာခေါင်းဘက် မျက်ခွံအစပ်မှ ဘေးဘက်သို့ဆွဲသုတ်ပါ။
သေချာအောင်ကတော့ ဆရာဝန်က စစ်ပေးပါတယ်။
တနည်းကတော့ ထွက်တဲ့ မျက်ရည်မမာဏကိုတိုင်းတဲ့ Schirmer' test ပါ, မှင်စုပ်စက္ကူ အပြားသေးသေးကို မျက်စိနဲ့ မျက်ခွံကြားထားပြီး မျက်ရည်ဘယ်လောက်စိုလာလဲဆိုတာကိုစမ်းတာပါ ။
နောက်တနည်းကတော့ Slit Lamp မှန်ပြောင်းသုံးပြီး ဖလိုရဆင်းဆေးခပ်ထားတဲ့ မျက်စိမှာမျက်ရည်အလွှာကလေး အချိန်ဘယ်လောက်ကြာကြာနေရင် ပျက်သွားတယ်ဆိုတာကို ကြည့်တာပါ။ Tear Film Break up time လလို့ခေါ်ပါတယ်။
တချိန်တည်းမှာ မျက်ကြည်လွှာပွန်းပဲ့နေတာရှိမရှိ၊ မျက်ခွံအစပ်က အဆီအိတ်တွေ အပေါက်ပိတ်နေတာ ယောင်နေတာတွေကိုပါကြည့်လို့ရပါတယ်။
တခြားရောဂါများနဲ့ ဆက်စပ်မှုရှိတယ်ထင်လျင်တော့ သွေးစစ်တာမျိုးတွေလုပ်ရပါမယ်။
မျက်စိခြောက်တာကိုဘယ်လိုသိမလဲ
အထက်ဖေါ်ပြပါလက္ခဏာများရှိလျင် မျက်စခြောက်တယ်လို့ အကြမ်းဖျင်းပြောနိုင်ပါတယ်။သေချာအောင်ကတော့ ဆရာဝန်က စစ်ပေးပါတယ်။
တနည်းကတော့ ထွက်တဲ့ မျက်ရည်မမာဏကိုတိုင်းတဲ့ Schirmer' test ပါ, မှင်စုပ်စက္ကူ အပြားသေးသေးကို မျက်စိနဲ့ မျက်ခွံကြားထားပြီး မျက်ရည်ဘယ်လောက်စိုလာလဲဆိုတာကိုစမ်းတာပါ ။
နောက်တနည်းကတော့ Slit Lamp မှန်ပြောင်းသုံးပြီး ဖလိုရဆင်းဆေးခပ်ထားတဲ့ မျက်စိမှာမျက်ရည်အလွှာကလေး အချိန်ဘယ်လောက်ကြာကြာနေရင် ပျက်သွားတယ်ဆိုတာကို ကြည့်တာပါ။ Tear Film Break up time လလို့ခေါ်ပါတယ်။
တချိန်တည်းမှာ မျက်ကြည်လွှာပွန်းပဲ့နေတာရှိမရှိ၊ မျက်ခွံအစပ်က အဆီအိတ်တွေ အပေါက်ပိတ်နေတာ ယောင်နေတာတွေကိုပါကြည့်လို့ရပါတယ်။
တခြားရောဂါများနဲ့ ဆက်စပ်မှုရှိတယ်ထင်လျင်တော့ သွေးစစ်တာမျိုးတွေလုပ်ရပါမယ်။
ကုသနည်းများ
Tear Naturale, Refresh, Cool eye စသော မျက်ရည်အတုများ
ကိုသုံးနိုင်ပါသည်။
ပိုဆိုးပါက မျက်စိကိုချောမွေ့စေတဲ့
Lacrilube လိုခပ်ချွဲချွဲကရင်ကိုသုံးလို့ရပါတယ်။
အကာအကွယ်
မျက်စိကို ခြောက်သွေ့သောလေ၊ လေအေး, ဖုန် ၊ အခိုးအငွေ့တို့မှ ကာကွယ်ရန် wraparound၊ safety glasses စတဲ့
ဘေးအကာပါသာမျက်မှန်၊ အထူးလုပ်ထားတဲ့ Moisture chamber glasses တိုကိုသုံးလို့ရပါတယ်။
ဒီလိုနည်းတွေနဲ့
မသက်သာလျင်၊ တနေ့ကို
၆ ခါတထက် မျက်ရည်တုထည့်ဖို့လိုအပ်လျင် ၊ ရောဂါလက္ခဏာပိုဆိုးလာလျင်၊ အမြင်အာရုံကိုထိခိုက်လာလျင်၊
မျက်ခွံများပုံပြောင်းလာလျင်တော့
မျက်စိဆရာဝန်နဲ့ စမ်းသပ်သင့်တယ်လို့ဆိုပါတယ်။
အကြောင်းရင်းကို သိလျင် အဲဒီအကြောင်ရင်းကို ကုသရပါမယ်။
တခြားရောဂါတွေနဲ့ ဆက်စပ်ပြီးဖြစ်တဲ့ သူတွေမှာတော့ စနစ်တကျဆေးကုဖို့ အရေးကြီးပါတယ်။
မျက်စိခြောက်စေတဲ့အကြောင်းရင်းပေါ်မူတည်လို့ တချို့ကတော့ Omega 3 ကြောင့် သက်သာစေတယ်ဆိုပါတယ်။
အကြောင်းရင်းကို သိလျင် အဲဒီအကြောင်ရင်းကို ကုသရပါမယ်။
တခြားရောဂါတွေနဲ့ ဆက်စပ်ပြီးဖြစ်တဲ့ သူတွေမှာတော့ စနစ်တကျဆေးကုဖို့ အရေးကြီးပါတယ်။
မျက်စိခြောက်စေတဲ့အကြောင်းရင်းပေါ်မူတည်လို့ တချို့ကတော့ Omega 3 ကြောင့် သက်သာစေတယ်ဆိုပါတယ်။
တချို့ကိုတော့ ရှိထားတဲ့ မျက်ရည် မျက်စိထဲကြာကြာနေအောင် မျက်ရည်စွန့်ထုတ်တဲ့အပေါက်တွေကို ပိတ်တဲ့နည်း punctum occlusion ကိုသုံးပါတယ်။
တချို့တွေက မျက်စိခြောက်တာကို မသိလို့မကုဘဲ ကြာလာတော့ မျက်ကြည်လွှာပွန်းပြီး cornea ulcer အနာဖြစ်ကာ အမြင်အာရုံဆုံးတဲ့အထိဖြစ်တတ်ပါတယ်။
ဖိုးသုည
31-07-2019
ကိုးကား
https://www.sciencedirect.com/science/article/pii/S131945341400068X
https://www.ajo.com/article/S0002-9394(19)30047-9/fulltext
https://biomedicalart.com/wp-content/gallery/medical-education/tear_structure_1.jpghttps://www.ajo.com/article/S0002-9394(19)30047-9/fulltext
Tear film break up https://youtu.be/0Z3T0i0hS3k
tear drinage https://youtu.be/VJo5z11rUYQ
schirmer test https://youtu.be/js41uinZpUI
lid hygiene https://youtu.be/fdF8jd5mpwA
lid hygiene coton bud https://youtu.be/dUs4O8FsSMQ
https://institutodelavision.cl/portfolio_page/test-de-schirmer/
https://webeye.ophth.uiowa.edu/eyeforum/atlas/pages/TBUT/index.htm
https://maculacenter.com/eye-procedures/slit-lamp-examination/
No comments:
Post a Comment