Friday, August 9, 2019

မုိးႀကိဳးအႏၱရာယ္ သတိျပဳကာကြယ္ ( မိုးကြိုးအန္တရာယ် သတိပြုကာကွယ်)



 
 
ေဆာင္းပါး

 မုိးႀကိဳးအႏၱရာယ္ သတိျပဳကာကြယ္

ကၻာႀကီးပူေႏြးလာျခင္းေၾကာင့္ ေဘးအၲရာယ္မ်ဳိးစုံျဖစ္ေပၚလ်က္ရွိသည္ကို သတင္းမီဒီယာစုံမွ သိရွိေတြ႕ျမင္ေနၾကရသည္။ ကၻာ့ေျမေပၚတြင္ ငလ်င္လႈပ္ျခင္း၊ မီးေတာင္ေပါက္ျခင္း၊ ေျမၿပိဳျခင္း၊ မုိးႀကိဳးပစ္ျခင္း၊ မုိးေခါင္ျခင္း၊ တိရၧာန္မ်ား ေသေက်ပ်က္စီးျခင္းစသည္တို႔ျဖစ္ေပၚလ်က္ရွိသကဲ့သို႔ မုိးသည္းထန္ျခင္း၊ ေရႀကီးျခင္း၊ ဆူနာမီေရလႈိင္း႐ိုက္ခတ္ျခင္း၊ ေရခဲေတာင္မ်ားအရည္ေပ်ာ္ျခင္း ျဖစ္ေနျခင္းေၾကာင့္ ပင္လယ္ေရျမင့္တက္ျခင္း၊ ေရေနသတၱဝါမ်ားေသေက်ျခင္းမ်ားျဖစ္ေပၚေနသည္။ ေလမုန္တိုင္းအမ်ဳိးမ်ဳိးသည္အရွိန္ျပင္းစြာမၾကာခဏတုိက္ခတ္မႈေၾကာင့္ ကၻာ့ႏုိင္ငံအမ်ား အျပားတြင္ ေဘးဒုကၡႀကံဳေတြ႕ေနရသည္။
 
ေရွးအခါကေႏြရာသီမွာ မုိးမရြာ၊ မိုးႀကိဳးမပစ္ေၾကာင္းသိထားၾကေသာ္လည္း ရာသီဥတုေဖာက္ျပန္ကာ မိုးရြာ ျခင္း၊ ေရႀကီးျခင္း၊ ေလမုန္တိုင္းတုိက္ျခင္း၊ ေျမၿပိဳျခင္း၊ မိုးႀကိဳးပစ္ျခင္း ျမန္မာျပည္အႏွံ႕မွ ၾကားသိလာရသည္။ ကေလးလူႀကီးအားလုံးက မုိးခ်ဳန္းသံၾကားျခင္း၊ လွ်ပ္စီး လက္ျခင္းကိုပင္ ထိတ္လန္႔ေၾကာက္ရြံ႕ၾကသည္။
တည္ၿငိမ္လွ်ပ္စီးမ်ားျဖစ္ေပၚျခင္း
အလြန္ပူျပင္းေသာအခါ ေလထုမၿငိမ္မသက္ျဖစ္ျခင္း၊ မုတ္သုံေလမဝင္ေရာက္မီကာလအတြင္း အေရွ႕ေျမာက္မွ လာသည့္ေလႏွင့္ အေနာက္ဘက္မွ တိုက္ခတ္သည့္ေလ တို႔သည္ မ်က္ႏွာခ်င္းဆိုင္တိုက္ခတ္မႈေၾကာင့္ ေလေၾကာင္း ႏွစ္ခုဆုံေတြ႕သည့္ေနရာအနီးတစ္ဝိုက္တြင္ ေလထုမၿငိမ္ မသက္ျဖစ္ျခင္းတို႔ေၾကာင့္ေလမ်ားအေပၚသို႔ ထိုးတက္ရာမွ မုိးတိမ္ေတာင္ႀကီးမ်ား တန္းစီျဖစ္ေပၚၿပီး တိမ္တိုက္ႀကီး မ်ားအတြင္း ေလထုႏွင့္ မုိးေရေပါက္တို႔ ပြတ္တုိက္မႈျဖစ္ေပၚကာ တည္ၿငိမ္လွ်ပ္စီးမ်ား ျဖစ္ေပၚလာသည္။
 
မိုးႀကိဳးပစ္ျခင္း
တည္ၿငိမ္လွ်ပ္စစ္ေၾကာင့္ တိမ္ထုအတြင္း လွ်ပ္စစ္အဖို၊ လွ်ပ္စစ္အမမ်ားစုမိၾကၿပီး လွ်ပ္စစ္စီးဆင္းကာ ႀကီးမားသည့္ အပူျဖစ္ေပၚရာမွ ေတာက္ပသည့္ လွ်ပ္စီးလက္ျခင္း၊ အပူရွိန္ ျမင့္မားျခင္းေၾကာင့္ ေလထုပြကာ ဆူညံသည့္အသံလႈိင္းမ်ား ျဖစ္ေပၚၿပီး မုိးခ်ဳန္းသည့္အသံမ်ား ၾကားရျခင္းျဖစ္သည္။
မုိးႀကိဳးပစ္ျခင္းမွာ ေရြ႕လ်ားေနသည့္ တိမ္တုိက္ႀကီးမ်ား အတြင္းတြင္ လွ်ပ္စစ္အဖိုအမမ်ားသည္ တိမ္တိုက္အခ်င္းခ်င္းေသာ္လည္းေကာင္း၊ ေျမျပင္ရွိ အေဆာက္အအုံမ်ားဆီသို႔ လည္းေကာင္း၊ ႀကီးမားေသာလွ်ပ္စစ္စီးဆင္းျခင္းကို မုိးႀကိဳး ပစ္ျခင္းဟုေခၚၾကသည္။
ကၻာအထက္မုိးေကာင္းကင္မွေျမႀကီးေပၚသို႔ မုိးႀကိဳး ပစ္ရန္တာစူေနေသာ လွ်ပ္စစ္မုန္တိုင္းေပါင္း တစ္ေန႔လွ်င္ ၁၈ဝဝ ခန္႔ရွိသည္။
 
တစ္စကၠန္႔တြင္ပစ္ေသာ မုိးႀကိဳးအေရအတြက္ ေပါင္းမွာ ၆ဝဝ ခန္႔ရွိၿပီး ေျမႀကီးေပၚသုိ႔ က်ေရာက္ေသာအေရ အတြက္မွာ ၁ဝဝ ခန္႔ရွိသည္။ ၂၄ နာရီအတြင္း ကၻာေျမႀကီး ေပၚသုိ႔ မုိးႀကိဳးအႀကိမ္ေပါင္း ၈ ဒသမ ၅ ႀကိမ္ခန္႔ပစ္သည္။ မုိးႀကိဳး၏ အပူခ်ိန္မွာ ၃ဝဝဝဝ မွ ၅ဝဝဝဝ ဒီဂရီဖာရင္ဟုိက္ရွိရာ ေနမ်က္ႏွာျပင္အပူရွိန္၏ သုံးဆမွငါးဆအထိျဖစ္သည္။
မုိးႀကိဳးပစ္ခံရသူမ်ား၏ သုံးပုံႏွစ္ပုံမွာ အိမ္အျပင္တြင္ ပစ္ခံ ရျခင္းျဖစ္ၿပီး မုိးႀကိဳးပစ္ခံရသူ သုံးဦးတြင္ ႏွစ္ဦးသာရွင္သည္။ ေသဆုံးသူမ်ား၏ ၈၅ ရာခုိင္ႏႈန္းမွာ လူငယ္လူရြယ္ေယာက်္ားေလးမ်ားျဖစ္သည္။ မုိးခ်ဳန္းသံႏွင့္ လွ်ပ္စီးလက္ျခင္းကုိ ျမင္ေတြ႕ ၾက၍ သစ္ပင္ေအာက္တြင္ခုိသျဖင့္ ေသဆုံးရသူေပါင္းမွာ အမ်ားဆုံးျဖစ္၍ စုစုေပါင္းေသဆုံးမႈ၏ ၁ဝ-၁၅ ရာခုိင္ႏႈန္း ျဖစ္သည္။
 
မုိးႀကိဳးပစ္ခံရသူမ်ားကုိၾကည့္လွ်င္ လယ္ယာလုပ္ငန္း လုပ္ကုိင္ၾကသည့္ ေက်းလက္ေနျပည္သူမ်ားအမ်ားဆုံးျဖစ္ ေၾကာင္း သိရသည္။ ရာသီဥတုေဖာက္ျပန္မႈေၾကာင့္ ေလျပင္း တုိက္ခတ္ျခင္း၊ မုိးသီးမ်ားေၾကြျခင္း၊ သစ္ပင္မ်ားၿပိဳလဲကာ ေနအိမ္အေဆာက္အအုံမ်ားပ်က္စီးျခင္းျဖစ္ေပၚ လ်က္ရွိသည္။
မုိးႀကိဳးပစ္မခံရေအာင္ လုိက္နာရမည့္အခ်က္မ်ား
သစ္ပင္ေအာက္တြင္ မနားခုိပါႏွင့္။ မတ္တတ္ရပ္မေန ပါႏွင့္။ ေလွေပၚ ၊ လယ္ကြင္းထဲ၊ ေရထဲတြင္ရွိေနပါက အျမန္ ဆုံး ကုန္းေပၚတက္ရန္။ ကုိင္ထားေသာ သတၱဳပစၥည္းမ်ားကုိ လႊင့္ပစ္ပါ။ ေဂါက္႐ုိက္တံ၊ ငါးမွ်ားတံ၊ စက္ဘီးဆုိင္ကယ္ ေပၚမွဆင္းပါ။ သင့္ဦးေခါင္းထက္မွ ဆံပင္မ်ားေထာင္လာ လွ်င္ျဖစ္ေစ၊ သင့္အေရျပားတြင္ နာက်င္လာလွ်င္ျဖစ္ေစ၊ သင္မုိးႀကိဳးပစ္ခံရမည္ျဖစ္ေသာေၾကာင့္ ေဆာင့္ေၾကာင့္ ထုိင္ခ်လုိက္ပါ။ ဦးေခါင္းကုိေရွ႕သုိ႔ညြတ္၍ ဒူးမ်ားကုိ ဖက္ပုိက္ထားလုိက္ပါ။ ဒူးမေထာက္မိေစရန္လည္းေကာင္း၊ ပက္လက္မလွဲမိေစရန္လည္းေကာင္း၊ ေလးဖက္မေထာက္မိ ေစရန္လည္းေကာင္း သတိထားရမည္။ အေဆာက္အအုံႀကီး အတြင္းသုိ႔ျဖစ္ေစ၊ ကားအတြင္းသုိ႔ျဖစ္ေစ ဝင္ေနပါ။ မုိးႀကိဳး ကုိ ကာကြယ္ေပးမည့္ ကားအတြင္းမွ သံထည္ပစၥည္းမ်ား မထိမိေစရန္ဂ႐ုျပဳရမည္။
 
အေဆာက္အအုံအေကာင္းဆုံး ေနရာ၏ အလယ္တြင္ေနပါ။ တယ္လီဖုန္းမ်ား၊ ေရပုိက္မ်ား ႏွင့္ မီးပလပ္မ်ားကုိ လုံးဝမသုံးပါႏွင့္။ တံခါးမ်ားျပတင္း ေပါက္မ်ား၊ ေရဒီယုိႏွင့္ မီးဖုိမ်ားမွ ေဝးႏုိင္သမွ် ေဝးေအာင္ ေနပါ စသည္တုိ႔ျဖစ္ၾကသည္။
မုိးႀကိဳးအၲရာယ္ကုိ သိရွိနားလည္သူမ်ားက ဗဟုသုတ နည္းပါးသူမ်ားကုိ မုိးႀကိဳးအၲရာယ္ကာကြယ္ႏုိင္သည့္ နည္းလမ္းမ်ားကုိ မွ်ေဝေပးၾကပါရန္ တုိက္တြန္းအပ္ပါသည္။ ေက်းလက္ေနျပည္သူမ်ားျဖစ္ၾကသည့္ ေတာင္သူလယ္ သမားမ်ားမွာ ရာခုိင္ႏႈန္းအမ်ားဆုံးျဖစ္ပြားႏုိင္သျဖင့္ မုိးႀကိဳး အၲရာယ္ႏွင့္ပတ္သက္ေသာ အသိပညာေပးမႈမ်ား အမ်ားဆုံး လုိအပ္သည္။
 
ကၻာႀကီးပူေႏြးလာၿပီး ရာသီဥတုေဖာက္ျပန္မႈမွ က်ေရာက္လာေသာ ေရွာင္လဲႊ၍မရႏုိင္သည့္ သဘာဝေဘး အၲရာယ္မ်ားမွ ကင္းစြာေနထုိင္သြားလာေရး ဝုိင္းဝန္း အႀကံထုတ္ေျဖရွင္းၾကရန္ လုိအပ္လာၿပီျဖစ္သည္။ ေက်းလက္ ေနျပည္သူမ်ားသာမက ျပည္သူအားလုံးက မုိးႀကိဳးအၲရာယ္ ကုိ ႀကိဳတင္ကာကြယ္ႏုိင္ရန္ သက္ဆုိင္ရာမွ သတိေပးထုတ္ျပန္ ခ်က္မ်ားကုိ အထူးဂ႐ုျပဳလုိက္နာသင့္ပါေၾကာင္း တုိက္တြန္း ေရးသားလုိက္ပါသည္။
ေမယု-မ်ိဳးေအာင္(MANA)
ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန္႔ခြဲမႈဦးစီးဌာန
လူမႈဝန္ထမ္း ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန

ဆောင်းပါး

 မိုးကြိုးအန္တရာယ် သတိပြုကာကွယ် (ယူနီကုဒ်) 

က္ဘာကြီးပူနွေးလာခြင်းကြောင့် ဘေးအ္တရာယ်မျိုးစုံဖြစ်ပေါ်လျက်ရှိသည်ကို သတင်းမီဒီယာစုံမှ သိရှိတွေ့မြင်နေကြရသည်။ က္ဘာ့မြေပေါ်တွင် ငလျင်လှုပ်ခြင်း၊ မီးတောင်ပေါက်ခြင်း၊ မြေပြိုခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးခေါင်ခြင်း၊ တိရ္ဆာန်များ သေကျေပျက်စီးခြင်းစသည်တို့ဖြစ်ပေါ်လျက်ရှိသကဲ့သို့ မိုးသည်းထန်ခြင်း၊ ရေကြီးခြင်း၊ ဆူနာမီရေလှိုင်းရိုက်ခတ်ခြင်း၊ ရေခဲတောင်များအရည်ပျော်ခြင်း ဖြစ်နေခြင်းကြောင့် ပင်လယ်ရေမြင့်တက်ခြင်း၊ ရေနေသတ္တဝါများသေကျေခြင်းများဖြစ်ပေါ်နေသည်။ လေမုန်တိုင်းအမျိုးမျိုးသည်အရှိန်ပြင်းစွာမကြာခဏတိုက်ခတ်မှုကြောင့် က္ဘာ့နိုင်ငံအများ အပြားတွင် ဘေးဒုက္ခကြုံတွေ့နေရသည်။
 
ရှေးအခါကနွေရာသီမှာ မိုးမရွာ၊ မိုးကြိုးမပစ်ကြောင်းသိထားကြသော်လည်း ရာသီဥတုဖောက်ပြန်ကာ မိုးရွာ ခြင်း၊ ရေကြီးခြင်း၊ လေမုန်တိုင်းတိုက်ခြင်း၊ မြေပြိုခြင်း၊ မိုးကြိုးပစ်ခြင်း မြန်မာပြည်အနှံ့မှ ကြားသိလာရသည်။ ကလေးလူကြီးအားလုံးက မိုးချုန်းသံကြားခြင်း၊ လျှပ်စီး လက်ခြင်းကိုပင် ထိတ်လန့်ကြောက်ရွံ့ကြသည်။
တည်ငြိမ်လျှပ်စီးများဖြစ်ပေါ်ခြင်း
အလွန်ပူပြင်းသောအခါ လေထုမငြိမ်မသက်ဖြစ်ခြင်း၊ မုတ်သုံလေမဝင်ရောက်မီကာလအတွင်း အရှေ့မြောက်မှ လာသည့်လေနှင့် အနောက်ဘက်မှ တိုက်ခတ်သည့်လေ တို့သည် မျက်နှာချင်းဆိုင်တိုက်ခတ်မှုကြောင့် လေကြောင်း နှစ်ခုဆုံတွေ့သည့်နေရာအနီးတစ်ဝိုက်တွင် လေထုမငြိမ် မသက်ဖြစ်ခြင်းတို့ကြောင့်လေများအပေါ်သို့ ထိုးတက်ရာမှ မိုးတိမ်တောင်ကြီးများ တန်းစီဖြစ်ပေါ်ပြီး တိမ်တိုက်ကြီး များအတွင်း လေထုနှင့် မိုးရေပေါက်တို့ ပွတ်တိုက်မှုဖြစ်ပေါ်ကာ တည်ငြိမ်လျှပ်စီးများ ဖြစ်ပေါ်လာသည်။
 
မိုးကြိုးပစ်ခြင်း
တည်ငြိမ်လျှပ်စစ်ကြောင့် တိမ်ထုအတွင်း လျှပ်စစ်အဖို၊ လျှပ်စစ်အမများစုမိကြပြီး လျှပ်စစ်စီးဆင်းကာ ကြီးမားသည့် အပူဖြစ်ပေါ်ရာမှ တောက်ပသည့် လျှပ်စီးလက်ခြင်း၊ အပူရှိန် မြင့်မားခြင်းကြောင့် လေထုပွကာ ဆူညံသည့်အသံလှိုင်းများ ဖြစ်ပေါ်ပြီး မိုးချုန်းသည့်အသံများ ကြားရခြင်းဖြစ်သည်။
မိုးကြိုးပစ်ခြင်းမှာ ရွေ့လျားနေသည့် တိမ်တိုက်ကြီးများ အတွင်းတွင် လျှပ်စစ်အဖိုအမများသည် တိမ်တိုက်အချင်းချင်းသော်လည်းကောင်း၊ မြေပြင်ရှိ အဆောက်အအုံများဆီသို့ လည်းကောင်း၊ ကြီးမားသောလျှပ်စစ်စီးဆင်းခြင်းကို မိုးကြိုး ပစ်ခြင်းဟုခေါ်ကြသည်။
က္ဘာအထက်မိုးကောင်းကင်မှမြေကြီးပေါ်သို့ မိုးကြိုး ပစ်ရန်တာစူနေသော လျှပ်စစ်မုန်တိုင်းပေါင်း တစ်နေ့လျှင် ၁၈ဝဝ ခန့်ရှိသည်။
 
တစ်စက္ကန့်တွင်ပစ်သော မိုးကြိုးအရေအတွက် ပေါင်းမှာ ၆ဝဝ ခန့်ရှိပြီး မြေကြီးပေါ်သို့ ကျရောက်သောအရေ အတွက်မှာ ၁ဝဝ ခန့်ရှိသည်။ ၂၄ နာရီအတွင်း က္ဘာမြေကြီး ပေါ်သို့ မိုးကြိုးအကြိမ်ပေါင်း ၈ ဒသမ ၅ ကြိမ်ခန့်ပစ်သည်။ မိုးကြိုး၏ အပူချိန်မှာ ၃ဝဝဝဝ မှ ၅ဝဝဝဝ ဒီဂရီဖာရင်ဟိုက်ရှိရာ နေမျက်နှာပြင်အပူရှိန်၏ သုံးဆမှငါးဆအထိဖြစ်သည်။
မိုးကြိုးပစ်ခံရသူများ၏ သုံးပုံနှစ်ပုံမှာ အိမ်အပြင်တွင် ပစ်ခံ ရခြင်းဖြစ်ပြီး မိုးကြိုးပစ်ခံရသူ သုံးဦးတွင် နှစ်ဦးသာရှင်သည်။ သေဆုံးသူများ၏ ၈၅ ရာခိုင်နှုန်းမှာ လူငယ်လူရွယ်ယောကျ်ားလေးများဖြစ်သည်။ မိုးချုန်းသံနှင့် လျှပ်စီးလက်ခြင်းကို မြင်တွေ့ ကြ၍ သစ်ပင်အောက်တွင်ခိုသဖြင့် သေဆုံးရသူပေါင်းမှာ အများဆုံးဖြစ်၍ စုစုပေါင်းသေဆုံးမှု၏ ၁ဝ-၁၅ ရာခိုင်နှုန်း ဖြစ်သည်။
 
မိုးကြိုးပစ်ခံရသူများကိုကြည့်လျှင် လယ်ယာလုပ်ငန်း လုပ်ကိုင်ကြသည့် ကျေးလက်နေပြည်သူများအများဆုံးဖြစ် ကြောင်း သိရသည်။ ရာသီဥတုဖောက်ပြန်မှုကြောင့် လေပြင်း တိုက်ခတ်ခြင်း၊ မိုးသီးများကြွေခြင်း၊ သစ်ပင်များပြိုလဲကာ နေအိမ်အဆောက်အအုံများပျက်စီးခြင်းဖြစ်ပေါ် လျက်ရှိသည်။
မိုးကြိုးပစ်မခံရအောင် လိုက်နာရမည့်အချက်များ
သစ်ပင်အောက်တွင် မနားခိုပါနှင့်။ မတ်တတ်ရပ်မနေ ပါနှင့်။ လှေပေါ် ၊ လယ်ကွင်းထဲ၊ ရေထဲတွင်ရှိနေပါက အမြန် ဆုံး ကုန်းပေါ်တက်ရန်။ ကိုင်ထားသော သတ္တုပစ္စည်းများကို လွှင့်ပစ်ပါ။ ဂေါက်ရိုက်တံ၊ ငါးမျှားတံ၊ စက်ဘီးဆိုင်ကယ် ပေါ်မှဆင်းပါ။ သင့်ဦးခေါင်းထက်မှ ဆံပင်များထောင်လာ လျှင်ဖြစ်စေ၊ သင့်အရေပြားတွင် နာကျင်လာလျှင်ဖြစ်စေ၊ သင်မိုးကြိုးပစ်ခံရမည်ဖြစ်သောကြောင့် ဆောင့်ကြောင့် ထိုင်ချလိုက်ပါ။ ဦးခေါင်းကိုရှေ့သို့ညွတ်၍ ဒူးများကို ဖက်ပိုက်ထားလိုက်ပါ။ ဒူးမထောက်မိစေရန်လည်းကောင်း၊ ပက်လက်မလှဲမိစေရန်လည်းကောင်း၊ လေးဖက်မထောက်မိ စေရန်လည်းကောင်း သတိထားရမည်။ အဆောက်အအုံကြီး အတွင်းသို့ဖြစ်စေ၊ ကားအတွင်းသို့ဖြစ်စေ ဝင်နေပါ။ မိုးကြိုး ကို ကာကွယ်ပေးမည့် ကားအတွင်းမှ သံထည်ပစ္စည်းများ မထိမိစေရန်ဂရုပြုရမည်။
 
အဆောက်အအုံအကောင်းဆုံး နေရာ၏ အလယ်တွင်နေပါ။ တယ်လီဖုန်းများ၊ ရေပိုက်များ နှင့် မီးပလပ်များကို လုံးဝမသုံးပါနှင့်။ တံခါးများပြတင်း ပေါက်များ၊ ရေဒီယိုနှင့် မီးဖိုများမှ ဝေးနိုင်သမျှ ဝေးအောင် နေပါ စသည်တို့ဖြစ်ကြသည်။
မိုးကြိုးအ္တရာယ်ကို သိရှိနားလည်သူများက ဗဟုသုတ နည်းပါးသူများကို မိုးကြိုးအ္တရာယ်ကာကွယ်နိုင်သည့် နည်းလမ်းများကို မျှဝေပေးကြပါရန် တိုက်တွန်းအပ်ပါသည်။ ကျေးလက်နေပြည်သူများဖြစ်ကြသည့် တောင်သူလယ် သမားများမှာ ရာခိုင်နှုန်းအများဆုံးဖြစ်ပွားနိုင်သဖြင့် မိုးကြိုး အ္တရာယ်နှင့်ပတ်သက်သော အသိပညာပေးမှုများ အများဆုံး လိုအပ်သည်။
 
က္ဘာကြီးပူနွေးလာပြီး ရာသီဥတုဖောက်ပြန်မှုမှ ကျရောက်လာသော ရှောင်လွဲှ၍မရနိုင်သည့် သဘာဝဘေး အ္တရာယ်များမှ ကင်းစွာနေထိုင်သွားလာရေး ဝိုင်းဝန်း အကြံထုတ်ဖြေရှင်းကြရန် လိုအပ်လာပြီဖြစ်သည်။ ကျေးလက် နေပြည်သူများသာမက ပြည်သူအားလုံးက မိုးကြိုးအ္တရာယ် ကို ကြိုတင်ကာကွယ်နိုင်ရန် သက်ဆိုင်ရာမှ သတိပေးထုတ်ပြန် ချက်များကို အထူးဂရုပြုလိုက်နာသင့်ပါကြောင်း တိုက်တွန်း ရေးသားလိုက်ပါသည်။
မေယု-မျိုးအောင်(MANA)
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန


No comments:

Post a Comment