Friday, August 23, 2019

အချစ်ရဲ့သားကောင်( ခ်စ္ရဲ႕သားေကာင္)


အချစ်ရဲ့သားကောင် (ယူနီကုဒ်) 


ဒီကနေ့တော့ မာရီရာ တယောက် အပျိုဖြန်းကလေးကလေးတယောက်လို စိတ်တွေလှုပ်ရှားနေမိပါတယ်။
ချစ်တဲ့ သူရစ်ချတ်နဲ့ ပထမဆုံးအကြိမ် လူချင်းလည်း ဆုံရမယ်၊ ဩစတေးသျှနိုင်ငံတခွင်ကိုလည်း ချစ်သူလက်ဆွဲပြီး လျှောက်လည်ရဦးမယ်ဆိုတော့ မပျော်ဘယ်ရှိမလဲ။
Related image
https://www.thepalmbeaches.com/weddings
တကယ်တော့ မာရီက မြီးကောင်ပေါက် အပျိုကလေး မဟုတ်တော့ပါ။ အသက် ၃၀ နှစ် အရွယ် ကလေး ၄ ယောက်အမေ၊ ပုဂ္ဂလိက ကုမ္ပဏီတခုက အကြီးတန်းစာရင်းကိုင်တယောက်ပါ။
ကလေး၄ ယောက်နဲ့ အသက် ၆၀ ကျော် အမေအိုကြီးကို ထောက်ပံ့ဖို့ သူမရဲ့ လစာက လောက်ငှရုံသာရှိပါတယ်။ ဒီကြားထဲ အိမ်ထောင်ကွဲပြီးနောက် လူမှုရေး ပြသနာတွေ အလုပ်ထဲက ပြသနာတွေကြောင့် အမြဲလိုလိုစိတ်ဖိစီးခံနေရတော့ စိတ်ထွက်ပေါက် အနေနဲ့ တလောက ခေတ်စားလာတဲ့ ဆိုရှယ် မီဒီယာတခုမှာတွေ့တဲ့ အပေါင်းအသင်းတွေနဲ့ မိတ်ဆွေဖွဲ့ ရင်း ဘဝရဲ့အခက်အခဲတွေကို တခါတလေလှစ်ဟမိပါတော့တယ်။ တချို့ကိစ္စတွေက အနားမှာရှိတဲ့ လူရင်းတွေနဲ့ ပြောလို့ သိပ်မကောင်းတာတွေကလည်းရှိတာကိုး။
ဒီလိုနဲ့ ရုပ်ရည်သန့်သန့် စီးပွားရေးသမား တိုင်းတပါးသား ရစ်ချတ်နဲ့ အွန်လိုင်းမှာဆုံမိတာပါ။ ရုပ်ရည်သန့်သလို အပြော (အရေးအသား) လည်းညက်တဲ့ ရစ်ချက်ကိုသူမ တခဏအတွင်းခင်မင်သွားပြီး ရက်ပိုင်းအတွင်းရင်းနှီးတဲ့ မိတ်ဆွေတွေဖြစ်သွားပါတယ်။ တချို့ အွန်လိုင်းက ယောင်္ကျားလေး မိတ်ဆွေတွေနဲ့မတူတာကတော့ ရစ်ချက်က ပြောတာဆိုတာ အဆင့်အတန်းရှိတယ်၊ စည်းစောင့်တယ်။ သူမပြောတာကို အလေးထား နားထောင်တယ်၊ ဖတ်တယ်၊ အကြံပေးတယ်၊ နှစ်သိမ့်တယ်။ သူမ အနေနဲ့ ပြီးခဲ့တဲ့ ၂ နှစ်က ကွဲသွားတဲ့ယောင်္ကျား ရှာဖစ်နဲ့ တုန်းက မရခဲ့ဖူးတဲ့ ၊တောင့်တခဲ့ဖူးတဲ့ ဂရုစိုက်မှု၊ အလေးထားမှု ကြင်နာမှုတွေကို ရစ်ချတ်နဲ့မှ ရတယ်လို့ မြင်လာတယ်။ သူမရဲ့ ငြီးငွေ့စရာကောင်းတဲ့ ခြောက်သွေ့နေတဲ့ ဘဝကြီးက ရစ်ချတ်ကြောင့် ပြန်လည်စိုပြေလာတယ်။ ဒီလိုနဲ့ အွန်လိုင်းဆိုတော့ text message တွေ အပြန်အလှန်ရေးကြပို့ကြရင်း voice chat နဲ ပြောဆိုကြရင်း လပိုင်းအတွင်းမှာ ချစ်သူတွေဖြစ်ခဲ့ကြပါတယ်။ မကြာခဏ အလုပ်ကိစ္စနဲ့ ခရီးထွက်ရတဲ့ ရစ်ချတ်ကလည်း ရောက်လေရာကနေ ဖြန်းဆက် သူမကြိုက်တတ်တဲ့ လက်ဆောင်ကလေးတွေကိုလည်း ပို့ပေးတတ်တယ်လေ။ ခရီးအထွက်များတဲ့ရစ်ချတ်နဲ့ ခွင့်ရက်နည်းတဲ့သူမရဲ့ အလုပ် အနေအထားရလူချင်းဆုံကြဖို့ ချိန်းရတာ အတော်ကို ခက်ခဲနေပါတယ်။
ဒီလိုနဲ့ စောင့်တာကြာလေလေ အလွန်ဂရုတစိုက်ချစ်တတ်တဲ့ ရစ်ချတ်နဲ့တွေ့ချင်လေလေဖြစ်နေတဲ့ မာရီယာတယောက် ပြီးခဲ့တဲ့ ၂ပတ်က သတင်းကောင်းကြားလိုက်ရပါတယ်။ သူမလိုပဲ သူမနဲ့ အလွန်တွေ့ချင်နေတဲ့ ရစ်ချတ်တယောက် ၁၀ ရက်တိတိ အလုပ်က နားပြီး သူမနဲ့ ခရီးအတူထွက်မယ် ဆိုပြီးသူမကိုလည်း ခွင့်ယူခိုင်းပါတယ်။ ခွင့်ရက်အဆင်မပြေလျင် လစာမဲ့ ခွင့်ယူမယ်လို့ ကြံထားတဲ့သူမကို ဘော့စ်က နားလည်စွာနဲ့ ခွင့်ပေးလိုက်တဲ့နေ့ကတော့ ပြောမပြတတ်အောင်ဝမ်းသာမိတာပေါ့၊
ခရီးစဉ်တခုလုံး လေယာဉ်လက်မှတ်၊ ဟိုတယ်ကအစ အားလုံးကို ရစ်ချတ်ကသူမ ဖြစ်ချင်တာတွေကိုမေးပြီး စိတ်တိုင်းကျအောင် အကုန်ကျခံစီစဉ်ပေးပါတယ်။  ဘရူနိုင်းကနေ ဩစတေးသျှကို တိုက်ရိုက်လေယာဉ်ရှိပေမယ့် နောက်ဆုံးမိနစ်အထိ အလုပ်ရှုပ်နေမယ့် ရစ်ချတ်က မလေးရှားနိုင်ငံ ကွာာလမ်ပွာမှာ ၂ ယောက်ဆုံပြီးမှ အတူသွားဖို့ စီစဉ်ပါတယ်။ ဒါမှလည်း ခရီးအစကတည်းက သူတို့တယောက်လေယာဉ်အတူတူစီးပြီး ခရီးသွားနိုင်မှာကိုး။
ကလေးတွေကို အမေနဲ့ထားခဲ့ပြီး စီစဉ်သင့်တာတွေကိုစီစဉ်တဲ့ အခါမှာ အမေကလည်း တခုလပ် သမီးရဲ့ စိတ်လှုပ်ရှားနေတာကိုကြည့်ပြီး နားလည်ပေးရှာပါတယ်။ ဒီလိုနဲ့ ရင်ခုန်စရာကောင်းတဲ့ ဘရူနိုင်းကနေ ကွာလာလမ်ပွာ ခရီးကို အတွေးစုံတွေး စိတ်ကူးယဉ်ပြီး စတင်လိုက်ပါတယ်။ လေယာဉ်ကြီးကလည်း အတော်နှေးတယ်ထင်မိပါသေးတယ်။
ကွာလာလမ်ပွာ လေဆိပ်ကို လေယာဉ်ဆိုက်ချိန်မှာတော့ သူမစိတ်လှုပ်ရှားစွာရှာနေတဲ့ ရစ်ချတ်ကိုမတွေ့ပဲ ဖုန်းကောတခုကို လက်ခံရရှိလိုက်ပါတယ်။ “မမျှော်လင့်တဲ့ အရေးကြီးကိစ္စပေါ်လာလို့ ဒီနေ့ ကွာလာလမ်ပွာကိုမရောက်နိုင်တော့ဘူး၊ မနက်ဖြန်မှ ဩဇီသွားတဲ့ လေယာဉ် အမှီလာခဲ့မယ်၊ စိတ်ချရတဲ့ အလုပ်လုပ်ဖက် ကိုယ့်မိတ်ဆွေ တယောက်ကို အကူအညီတောင်းထားတယ်။ ဗစ်တာဆိုတဲ့ နိုင်ဂျီးရီယားတယောက် လေဆိပ်မှာလာကြိုပြီး တည်းခိုဖို့ကအစ အစစအရာရာ စီစဉ်ပေးလိမ့်မယ်” ဆိုပြီး အထပ်ထပ်တောင်ပန်နေတဲ့ ချစ်သူကို မာရီယာ အပြစ်မတင်ရက်ပါ။  အသားမည်းပေမယ့် အလွန်ဖေါ်ရွေမွန်ရည်တဲ့ ဗစ်တာက သူမကို လေဆိပ်ထဲမှာလာကြိုပြီး ခရီးအသေးစိပ်ကိုပြောပြရင်းသူမရဲ့ ခရီးဆောင်အိတ်ကို ဆွဲလာပေးပါတယ်။ ကံမကောင်းအကြောင်းမလှစွာနဲ့ သူဆွဲလာတဲ့အိတ်က ဒေါင့်စွန်းတခုနဲ့ ငြိပြီး အတော် ပွန်းသွားပါတယ်။  ဗစ်တာခမျာမှာ  နေစရာမရှိအောင် ပျာပြီးအထပ်ထပ်တောင်းပန်ပါတယ်။ သူမအတွက် စီစဉ်ထားတဲ့ ဖိုက်စတား ဟိုတယ်ကို တက္ကစီနဲ့ သွားကြတော့ ဒေသခံကားသမားကြီးက သူမကို ကျီးကန်းတွေကို (အမည်းတွေ) သိထား၊ သူတို့ကိုမယုံနဲ့ လို့ မလေးဘာသာစကားနဲ့ သတိပေးပါတယ်။ ဒါပေမယ့် ချစ်တဲ့စိတ်နဲ့ ရစ်ချတ်ရဲ့ လူယုံဆိုတဲ့ မွန်ရည်တဲ့ ဗစ်တာကို သံသယ မဖြစ်မိပါဘူး။
ဟိုတယ်အသွားလမ်းမှာ ဗစ်တာက သူ့အသိ ခရီးဆောင်အိတ်ရောင်းတဲ့ ဆိုင်တဆိုင်ကို ခဏဝင်ပြီး ခရီးဆောင်အိတ်အကောင်းစားတလုံးဝယ်ပေးပါတယ်။ သူမရဲ့ပွန်းသွားတဲ့ အိတ်က ရစ်ချတ်နဲ့ ခရီးသွားရင် လူမြင်လို့မသင့်ဘူးဆိုပြီး အတင်းလဲခိုင်းပါတယ်။  ဟိုတယ်ရောက်တော့ အိတ်အဟောင်းအတွက် အလုပ်မရှုပ်အောင်ဆိုပြီး သူမပစ္စည်းတွေကို အိတ်အသစ်ထဲ လှယ်ထည့်တာကို ဗစ်တာက အခန်းအပြင်ကနေ စောင့်ကာ အိတ်အဟောင်းကိုယူပြီးမှ ပြန်သွားပါတယ်။
 နောက်နေ့ ဩစတေးသျှကိုသွားမယ့်လေယာဉ်ကို စီးဖို့သွားတော့ ရစ်ချတ်တယောက် လေယာဉ်ထွက်ချိန်အမှီ ရောက်မလာနိုင်ပါဘူး။ နောက်လေယာဉ်နဲ့ လိုက်လာမယ်၊ ဟိုရောက်မှ တွေ့မယ်ဆိုပြီး ဆစ်ဒနီမှာ တည်းဖို့ စီစဉ်ထားတဲ့အသေးစိပ်ကို ဖုန်းထဲကနေပဲ ပြောပါတယ်။  လေဆိပ်ကို ဟိုတယ်ကကားလာကြိုမှာဖြစ်လို့ အရာရာစိတ်မပူဖို့၊ တဖွဖွပြောနေတဲ့ အလုပ်နဲ့ ချစ်သူအကြား ဗျာများနေတဲ့ ရစ်ချတ်ကိုသာ မာရီယာတယောက် အသနားပိုမိပါတော့တယ်။  

ဒီလိုနဲ့ ခရီးတလျှောက် ဘေးက လွတ်နေတဲ့ခုံကလေးကို စိတ်မကောင်းစွာကြည့်ရင်း မာရီယာတယောက် ဩစတေးသျှနိုင်ငံကို တဦးတည်းခရီးဆက်ရပါတော့တယ်။
ချစ်သူနဲ့ မကြာမီဆုံရတော့မှာကိုတွေးပြီး အပျော်လွန်လာတဲ့ မာရီယာတယောက် ဆစ်ဒနီလေဆိပ်မှာ အကောက်ခွန်အရာရှိတွေက သူမရဲ့ အိတ်ကို ဖွင့်ပြီး စစ်ဆေးဖို့လိုတယ်လို့ပြောတော့  စိတ်သိပ်မပူဘဲ လက်ခံလိုက်ပါတယ်။ သူမရဲ့ ပစ္စည်းတွေကို အကုန်ထုတ်ပြီး အိတ်ကိုပါ ခွာစစ်မယ်ဆိုတော့ အံ့ဩသွားပါတယ်။ မလေးရှားမှာ ဗစ်တာက ကမန်းကတန်း ဝယ်ပေးလိုက်တဲ့ အိတ်အကောင်းစားကြီးက ဘာပြသနာရှိလို့တုန်း။ အကောက်ခွန် အရာရှိတွေက အိတ်အောက်ခံကို ဖွင့်လိုက်တဲ့အခါမှာတော့ အံဝှက်နဲ့ထည့်ထားတဲ့ အမှုန့်ဖြူဖြူတွေကို အံ့ဩတုန်လှုပ်စွာ တွေ့လိုက်ရပါတော့တယ်။  စစ်ဆေးလိုက်တော့ ကာလပေါက်ဈေး ၂ သိန်းကျော်တန်တဲ့ ဘိန်းဖြူတွေတဲ့။  ဘာတွေဖြစ်ကုန်ပြီလဲ။
သူမကလည်းအဲဒီ အမှုန့်တွေနဲ့ ဘာမှ မပတ်သက်ကြောင်းရှင်းပြရင်းချစ်သူ ရစ်ချတ်ကို ဖုန်းပြောခွင့်တောင်းပါတယ်။ ဒါပေမယ့် ရစ်ချတ်တချိန်လုံးသူမနဲ့ အဆက် အသွယ်လုပ်နေတဲ့ဖုန်းက လုံးဝ ခေါ်မလို့ရတော့ပါဘူး။  ပူထူပြီး ဘာလုပ်ရမှန်းမသိဖြစ်နေတဲ့ မာရီယာတယောက်ကို ဩစတေးသျှနိုင်ငံကို ဘိန်းဖြူခိုးသွင်းလာမှုနဲ့ ရဲလက်ကို လွှဲအပ်လိုက်ပါတယ်။
ရဲဌာနရောက်မှ ဘရူနိုင်းသံရုံးကို ဖုန်းဆက် အကူအညီတောင်းရပါတယ်။ သံအရာရှိက လာတွေ့ပြီး ရှေ့နေငှားဖို့ ကျန်ရစ်ခဲ့တဲ့ ဘရူနိုင်းက မိသားစုကို အကြောင်းကြားဖို့ကအစ အကူအညီပေးပါတယ်။
နောက်ပိုင်းမှ ရဲစခန်းနဲ့ တရားခွင်မှာစစ်ဆေးရာက သူမဟာ မူးယစ်မှောင်ခို ဂိုဏ်းကြီးတခုရဲ့ ပိပိရိရိ အသုံးချခံလိုက်ရတဲ့ သားကောင်တွေထဲ ကတယောက်ဖြစ်နေတာကို သိလိုက်ရပါတယ်။ ရစ်ချတ်ဟာ သူမကို ချစ်ဟန်ဆောင်သူတဦးသာဖြစ်ပြီး သူမကိုသားကောင်တယောက်အနေနဲ့ အသုံးချခဲ့တာဖြစ်ပါတယ်။  ကြံရာပါ ဗစ်တာက အကွက်ဆင်ကာသူမရဲ့ အိတ်ကို  အံဝှက်နဲ့ဘိန်းဖြူတွေဝှက်ထားတဲ့အိတ်နဲ့ လဲပေးခဲ့တာပါ။ အဖမ်းခံရလျင် အတူမပါစေဖို့ ရစ်ချတ်က လေယာဉ်တစီးတည်းအတူတူလိုက်မလာတာပါ။ အကယ်၍ သူမကို မဖမ်းမိဘူးဆိုလျင်တော့ နောက်နေ့မှာရစ်ချတ်ပေါ်လာပြီး လူမှုရေး ဇာတ်လမ်း ဆက်ကာ ဟန်ဆောင်ချစ်သူက သူမကို နောက်ထပ် ဘိန်းဖြူတွေ ခိုးသွင်းဖို့ ဆက်လက် အသုံးချနိုင်တယ်ဆိုပါတယ်။  ဩစတေးသျှရဲတပ်ဖွဲကလည်း မလေးရှားရဲ့တပ်ဖွဲကို ဆက်သွယ်ပြီးအဆိုပါဂိုဏ်းကို ဖေါ်ထုတ်ဖို့ ကြိးစားခဲ့ပါတယ်။ သူမကိုတော့ မူယစ်ဆေးမှာင်ခိုဂိုဏ်းနဲ့ တိုက်ရိုက် မပတ်သက်လို့ သက်သက်ညှာညှာ စဉ်းစားပေးခဲ့ပေမယ့် ကိုယ်တိုင်လက်ပူးလက်ကြပ်မိခဲ့တဲ့ အတွက် ဥပဒအရ ထောင်ဒါဏ် ကချခံခဲ့ရပါတယ်။
သူမရဲ့ ကျန်ခဲ့တဲ့ မိသားစုကိုတော့ သူမဩစတေးသျှအကျဉ်းထောင်မှာ ပြစ်ဒါဏ်ခံနေရတဲ့ကာလအတွင်း ဘရူနိုင်းအစိုးရက ထောက်ပံ့ပေးပါတယ်။
မာရီယာကတော့ တခြားအမျိုးသမီးတွေကို သူမလို အသုံးချမခံရဖို့ သူမရဲ့ ဖြစ်စဉ်ကို သေသေချာချာပြောပြပြီး သတင်းစာဆောင်းပါးအနေတဲ့ ဘရူနိူင်းပြည်သူတွေကို ဖေါ်ပြပေးဖို့ ဘရူနိုင်းမူးယစ် ထိန်းချုပ်ရေး အဖွဲ့ကို အကူအညီတောင်းခဲ့ပါတယ်။
2009 -2010 ကာလအတွင်း ဘရူနိုင်းနိုင်ငံသားအချို့ ကမ္ဘ့ာနိုင်ငံ အနှံ့မှာ အလားတူ မူးယစ်ဆေးမှောင်ခိုဂိုဏ်းတွေရဲ့ လှည့်ဖြား အသုံးချခံရပြီး အဖမ်းခံရတာတွေရှိပါတယ်။
မူးယစ်ဆေးမှောင်ခိုဂိုဏ်းတွေဟာ ဆိုရှယ်မီဒီယာတွေမှာ သားကောင်တွေကို ရွေးချယ်ရှာဖွေပြီး ပညာသားပါပါချဉ်းကပ်ကာ အွန်လိုင်းချစ်သူဘဝဖန်တီးကြပြီး သူတိုကို ယုံကြည်လာပြီဆိုတော့မှ မူယစ်ဆေးကို မှောင်ခိုသယ်ဖို့ နည်းမျိုးစုံနဲ့ အသုံးချတာဖြစ်တယ်လို့ ဘရူနိုင်း မူးယစ် ဗျူရိုက ပြည်သူတွေကို သတိပေးထားပါတယ်။ သူတို့ ပစ်မှတ်ထားတာကတော့ အိမ်ထောင်ရေး အဆင်မပြေသူ၊  မိသားစုပြသနာ စီးပွားရေးပြသနာရှိသူ အမျိုးသမီးတွေများပါတယ်။ ဆယ်ကျော်သက်တွေကိုလည်း အသုံးချကြပါတယ်။ သူတို့ဟာ လူ့အရိပ်အကဲဖမ်းနဲ့ သရုပ်ဆောင် ကျွမ်းကျင်ကြပြီး အပြောအဆို လိမ်မာလို့ သားကောင်တွေက သူတို့အပေါ် အချိန်တိုတိုအတွင် ယု့ကြည်သွားကြကာ ချစ်သူတွေဖြစ်သွားကြပါတယ်။ သူတို့က အချိန်ယူကာ သားကောင်ရဲ့ယုံကြည်မှု ရယူပြီးမှ  သားကောင်းတွေကို သူတို့မူးယစ်ဆေးပို့ချင်တဲ့ နိုင်ငံကို ခရီးထွက်ဖို့ စီစဉ်ပေးကာ ပစ္စည်းကို သားကောင်မသိအောင်ထည့်ပေးလိုက်တာများပါတယ်။ ပစ္စည်းကို မမိဘဲ နိုင်ငံအထဲရောက်သွားလျင်တော့ သူတို့ပြန်ပေါ်လာပြီး ဟန်ဆောင် ချစ်သူဘဝ ခရီးဆက်ကာ သားကောင်ကို ဆက်လက်အသုံးချပါတယ်။ အမိခ့ရလျင်တော့ သူတို့ လုံးဝ အဆက်ဖြတ်ပြီးပျောက်သွားပါတယ်။
၂၀၁၃ မှာ ကမ္ဘောဒီးယားမှာ ထောင် ၂၃ နှစ်အကျခဲ့ရတဲ့ ဩစတေးသျှနိုင်ငံသူ ကလေးအမေ Yoshe Taylor တယောက်ကလည်း အဲလို အွန်လိုင်းချစ်သူက အသုံးချတာကိုခံလိုက်ရတာပါ။ သူမရဲ့ သတင်းကို https://www.dailymail.co.uk/news/article-7373393/Aussie-mum-tricked-drug-mule-African-man-opens-squalid-Cambodian-jail.html မှာ ဖေါ်ပြထားပါတယ်။
ဒီလို လုပ်သူအများစုက နိုင်ဂျီးရီယားနိုင်ငံသားတွေ ပါဝင်ကြပြီး ကွာလာလမ်ပွာကတော့ သူတို့ရဲ့  မူးယစ်ဆေးကုန်ကူးတဲ့ အရှေ့တောင်အာရှမှာ ခရီးထောက်စခန်းဖြစ်ပါတယ်။
အွန်လိုင်းပေါ်ကချစ်သူတွေကို သတိထားကြဖို့ပါ။ 
မြန်မာပြည်မှာတော့ နိုင်ငံခြားသားနဲ့ဇာတ်လမ်းနည်းတော့ တခြားနည်းတွေနဲ့ အသုံးချတာခံရပါတယ်။ 

ဖိုးသုည
24-8-19

အခ်စ္ရဲ႕သားေကာင္


ဒီကေန႔ေတာ့ မာရီရာ တေယာက္ အပ်ိဳျဖန္းကေလးကေလးတေယာက္လို စိတ္ေတြလႈပ္ရွားေနမိပါတယ္။
ခ်စ္တဲ့ သူရစ္ခ်တ္နဲ႔ ပထမဆုံးအႀကိမ္ လူခ်င္းလည္း ဆုံရမယ္၊ ဩစေတးသွ်ႏိုင္ငံတခြင္ကိုလည္း ခ်စ္သူလက္ဆြဲၿပီး ေလွ်ာက္လည္ရဦးမယ္ဆိုေတာ့ မေပ်ာ္ဘယ္ရွိမလဲ။
တကယ္ေတာ့ မာရီက ၿမီးေကာင္ေပါက္ အပ်ိဳကေလး မဟုတ္ေတာ့ပါ။ အသက္ ၃၀ ႏွစ္ အ႐ြယ္ ကေလး ၄ ေယာက္အေမ၊ ပုဂၢလိက ကုမၸဏီတခုက အႀကီးတန္းစာရင္းကိုင္တေယာက္ပါ။
ကေလး၄ ေယာက္နဲ႔ အသက္ ၆၀ ေက်ာ္ အေမအိုႀကီးကို ေထာက္ပံ့ဖို႔ သူမရဲ႕ လစာက ေလာက္ငွ႐ုံသာရွိပါတယ္။ ဒီၾကားထဲ အိမ္ေထာင္ကြဲၿပီးေနာက္ လူမႈေရး ျပသနာေတြ အလုပ္ထဲက ျပသနာေတြေၾကာင့္ အၿမဲလိုလိုစိတ္ဖိစီးခံေနရေတာ့ စိတ္ထြက္ေပါက္ အေနနဲ႔ တေလာက ေခတ္စားလာတဲ့ ဆိုရွယ္ မီဒီယာတခုမွာေတြ႕တဲ့ အေပါင္းအသင္းေတြနဲ႔ မိတ္ေဆြဖြဲ႕ ရင္း ဘဝရဲ႕အခက္အခဲေတြကို တခါတေလလွစ္ဟမိပါေတာ့တယ္။ တခ်ိဳ႕ကိစၥေတြက အနားမွာရွိတဲ့ လူရင္းေတြနဲ႔ ေျပာလို႔ သိပ္မေကာင္းတာေတြကလည္းရွိတာကိုး။
ဒီလိုနဲ႔ ႐ုပ္ရည္သန႔္သန႔္ စီးပြားေရးသမား တိုင္းတပါးသား ရစ္ခ်တ္နဲ႔ အြန္လိုင္းမွာဆုံမိတာပါ။ ႐ုပ္ရည္သန႔္သလို အေျပာ (အေရးအသား) လည္းညက္တဲ့ ရစ္ခ်က္ကိုသူမ တခဏအတြင္းခင္မင္သြားၿပီး ရက္ပိုင္းအတြင္းရင္းႏွီးတဲ့ မိတ္ေဆြေတြျဖစ္သြားပါတယ္။ တခ်ိဳ႕ အြန္လိုင္းက ေယာက်ၤားေလး မိတ္ေဆြေတြနဲ႔မတူတာကေတာ့ ရစ္ခ်က္က ေျပာတာဆိုတာ အဆင့္အတန္းရွိတယ္၊ စည္းေစာင့္တယ္။ သူမေျပာတာကို အေလးထား နားေထာင္တယ္၊ ဖတ္တယ္၊ အႀကံေပးတယ္၊ ႏွစ္သိမ့္တယ္။ သူမ အေနနဲ႔ ၿပီးခဲ့တဲ့ ၂ ႏွစ္က ကြဲသြားတဲ့ေယာက်ၤား ရွာဖစ္နဲ႔ တုန္းက မရခဲ့ဖူးတဲ့ ၊ေတာင့္တခဲ့ဖူးတဲ့ ဂ႐ုစိုက္မႈ၊ အေလးထားမႈ ၾကင္နာမႈေတြကို ရစ္ခ်တ္နဲ႔မွ ရတယ္လို႔ ျမင္လာတယ္။ သူမရဲ႕ ၿငီးေငြ႕စရာေကာင္းတဲ့ ေျခာက္ေသြ႕ေနတဲ့ ဘဝႀကီးက ရစ္ခ်တ္ေၾကာင့္ ျပန္လည္စိုေျပလာတယ္။ ဒီလိုနဲ႔ အြန္လိုင္းဆိုေတာ့ text message ေတြ အျပန္အလွန္ေရးၾကပို႔ၾကရင္း voice chat နဲ ေျပာဆိုၾကရင္း လပိုင္းအတြင္းမွာ ခ်စ္သူေတြျဖစ္ခဲ့ၾကပါတယ္။ မၾကာခဏ အလုပ္ကိစၥနဲ႔ ခရီးထြက္ရတဲ့ ရစ္ခ်တ္ကလည္း ေရာက္ေလရာကေန ျဖန္းဆက္ သူမႀကိဳက္တတ္တဲ့ လက္ေဆာင္ကေလးေတြကိုလည္း ပို႔ေပးတတ္တယ္ေလ။ ခရီးအထြက္မ်ားတဲ့ရစ္ခ်တ္နဲ႔ ခြင့္ရက္နည္းတဲ့သူမရဲ႕ အလုပ္ အေနအထားရလူခ်င္းဆုံၾကဖို႔ ခ်ိန္းရတာ အေတာ္ကို ခက္ခဲေနပါတယ္။
ဒီလိုနဲ႔ ေစာင့္တာၾကာေလေလ အလြန္ဂ႐ုတစိုက္ခ်စ္တတ္တဲ့ ရစ္ခ်တ္နဲ႔ေတြ႕ခ်င္ေလေလျဖစ္ေနတဲ့ မာရီယာတေယာက္ ၿပီးခဲ့တဲ့ ၂ပတ္က သတင္းေကာင္းၾကားလိုက္ရပါတယ္။ သူမလိုပဲ သူမနဲ႔ အလြန္ေတြ႕ခ်င္ေနတဲ့ ရစ္ခ်တ္တေယာက္ ၁၀ ရက္တိတိ အလုပ္က နားၿပီး သူမနဲ႔ ခရီးအတူထြက္မယ္ ဆိုၿပီးသူမကိုလည္း ခြင့္ယူခိုင္းပါတယ္။ ခြင့္ရက္အဆင္မေျပလ်င္ လစာမဲ့ ခြင့္ယူမယ္လို႔ ႀကံထားတဲ့သူမကို ေဘာ့စ္က နားလည္စြာနဲ႔ ခြင့္ေပးလိုက္တဲ့ေန႔ကေတာ့ ေျပာမျပတတ္ေအာင္ဝမ္းသာမိတာေပါ့၊
ခရီးစဥ္တခုလုံး ေလယာဥ္လက္မွတ္၊ ဟိုတယ္ကအစ အားလုံးကို ရစ္ခ်တ္ကသူမ ျဖစ္ခ်င္တာေတြကိုေမးၿပီး စိတ္တိုင္းက်ေအာင္ အကုန္က်ခံစီစဥ္ေပးပါတယ္။  ဘ႐ူႏိုင္းကေန ဩစေတးသွ်ကို တိုက္႐ိုက္ေလယာဥ္ရွိေပမယ့္ ေနာက္ဆုံးမိနစ္အထိ အလုပ္ရႈပ္ေနမယ့္ ရစ္ခ်တ္က မေလးရွားႏိုင္ငံ ကြာာလမ္ပြာမွာ ၂ ေယာက္ဆုံၿပီးမွ အတူသြားဖို႔ စီစဥ္ပါတယ္။ ဒါမွလည္း ခရီးအစကတည္းက သူတို႔တေယာက္ေလယာဥ္အတူတူစီးၿပီး ခရီးသြားႏိုင္မွာကိုး။
ကေလးေတြကို အေမနဲ႔ထားခဲ့ၿပီး စီစဥ္သင့္တာေတြကိုစီစဥ္တဲ့ အခါမွာ အေမကလည္း တခုလပ္ သမီးရဲ႕ စိတ္လႈပ္ရွားေနတာကိုၾကည့္ၿပီး နားလည္ေပးရွာပါတယ္။ ဒီလိုနဲ႔ ရင္ခုန္စရာေကာင္းတဲ့ ဘ႐ူႏိုင္းကေန ကြာလာလမ္ပြာ ခရီးကို အေတြးစုံေတြး စိတ္ကူးယဥ္ၿပီး စတင္လိုက္ပါတယ္။ ေလယာဥ္ႀကီးကလည္း အေတာ္ေႏွးတယ္ထင္မိပါေသးတယ္။
ကြာလာလမ္ပြာ ေလဆိပ္ကို ေလယာဥ္ဆိုက္ခ်ိန္မွာေတာ့ သူမစိတ္လႈပ္ရွားစြာရွာေနတဲ့ ရစ္ခ်တ္ကိုမေတြ႕ပဲ ဖုန္းေကာတခုကို လက္ခံရရွိလိုက္ပါတယ္။ “မေမွ်ာ္လင့္တဲ့ အေရးႀကီးကိစၥေပၚလာလို႔ ဒီေန႔ ကြာလာလမ္ပြာကိုမေရာက္ႏိုင္ေတာ့ဘူး၊ မနက္ျဖန္မွ ဩဇီသြားတဲ့ ေလယာဥ္ အမွီလာခဲ့မယ္၊ စိတ္ခ်ရတဲ့ အလုပ္လုပ္ဖက္ ကိုယ့္မိတ္ေဆြ တေယာက္ကို အကူအညီေတာင္းထားတယ္။ ဗစ္တာဆိုတဲ့ ႏိုင္ဂ်ီးရီယားတေယာက္ ေလဆိပ္မွာလာႀကိဳၿပီး တည္းခိုဖို႔ကအစ အစစအရာရာ စီစဥ္ေပးလိမ့္မယ္” ဆိုၿပီး အထပ္ထပ္ေတာင္ပန္ေနတဲ့ ခ်စ္သူကို မာရီယာ အျပစ္မတင္ရက္ပါ။  အသားမည္းေပမယ့္ အလြန္ေဖၚေ႐ြမြန္ရည္တဲ့ ဗစ္တာက သူမကို ေလဆိပ္ထဲမွာလာႀကိဳၿပီး ခရီးအေသးစိပ္ကိုေျပာျပရင္းသူမရဲ႕ ခရီးေဆာင္အိတ္ကို ဆြဲလာေပးပါတယ္။ ကံမေကာင္းအေၾကာင္းမလွစြာနဲ႔ သူဆြဲလာတဲ့အိတ္က ေဒါင့္စြန္းတခုနဲ႔ ၿငိၿပီး အေတာ္ ပြန္းသြားပါတယ္။  ဗစ္တာခမ်ာမွာ  ေနစရာမရွိေအာင္ ပ်ာၿပီးအထပ္ထပ္ေတာင္းပန္ပါတယ္။ သူမအတြက္ စီစဥ္ထားတဲ့ ဖိုက္စတား ဟိုတယ္ကို တကၠစီနဲ႔ သြားၾကေတာ့ ေဒသခံကားသမားႀကီးက သူမကို က်ီးကန္းေတြကို (အမည္းေတြ) သိထား၊ သူတို႔ကိုမယုံနဲ႔ လို႔ မေလးဘာသာစကားနဲ႔ သတိေပးပါတယ္။ ဒါေပမယ့္ ခ်စ္တဲ့စိတ္နဲ႔ ရစ္ခ်တ္ရဲ႕ လူယုံဆိုတဲ့ မြန္ရည္တဲ့ ဗစ္တာကို သံသယ မျဖစ္မိပါဘူး။
ဟိုတယ္အသြားလမ္းမွာ ဗစ္တာက သူ႔အသိ ခရီးေဆာင္အိတ္ေရာင္းတဲ့ ဆိုင္တဆိုင္ကို ခဏဝင္ၿပီး ခရီးေဆာင္အိတ္အေကာင္းစားတလုံးဝယ္ေပးပါတယ္။ သူမရဲ႕ပြန္းသြားတဲ့ အိတ္က ရစ္ခ်တ္နဲ႔ ခရီးသြားရင္ လူျမင္လို႔မသင့္ဘူးဆိုၿပီး အတင္းလဲခိုင္းပါတယ္။  ဟိုတယ္ေရာက္ေတာ့ အိတ္အေဟာင္းအတြက္ အလုပ္မရႈပ္ေအာင္ဆိုၿပီး သူမပစၥည္းေတြကို အိတ္အသစ္ထဲ လွယ္ထည့္တာကို ဗစ္တာက အခန္းအျပင္ကေန ေစာင့္ကာ အိတ္အေဟာင္းကိုယူၿပီးမွ ျပန္သြားပါတယ္။
 ေနာက္ေန႔ ဩစေတးသွ်ကိုသြားမယ့္ေလယာဥ္ကို စီးဖို႔သြားေတာ့ ရစ္ခ်တ္တေယာက္ ေလယာဥ္ထြက္ခ်ိန္အမွီ ေရာက္မလာႏိုင္ပါဘူး။ ေနာက္ေလယာဥ္နဲ႔ လိုက္လာမယ္၊ ဟိုေရာက္မွ ေတြ႕မယ္ဆိုၿပီး ဆစ္ဒနီမွာ တည္းဖို႔ စီစဥ္ထားတဲ့အေသးစိပ္ကို ဖုန္းထဲကေနပဲ ေျပာပါတယ္။  ေလဆိပ္ကို ဟိုတယ္ကကားလာႀကိဳမွာျဖစ္လို႔ အရာရာစိတ္မပူဖို႔၊ တဖြဖြေျပာေနတဲ့ အလုပ္နဲ႔ ခ်စ္သူအၾကား ဗ်ာမ်ားေနတဲ့ ရစ္ခ်တ္ကိုသာ မာရီယာတေယာက္ အသနားပိုမိပါေတာ့တယ္။  

ဒီလိုနဲ႔ ခရီးတေလွ်ာက္ ေဘးက လြတ္ေနတဲ့ခုံကေလးကို စိတ္မေကာင္းစြာၾကည့္ရင္း မာရီယာတေယာက္ ဩစေတးသွ်ႏိုင္ငံကို တဦးတည္းခရီးဆက္ရပါေတာ့တယ္။
ခ်စ္သူနဲ႔ မၾကာမီဆုံရေတာ့မွာကိုေတြးၿပီး အေပ်ာ္လြန္လာတဲ့ မာရီယာတေယာက္ ဆစ္ဒနီေလဆိပ္မွာ အေကာက္ခြန္အရာရွိေတြက သူမရဲ႕ အိတ္ကို ဖြင့္ၿပီး စစ္ေဆးဖို႔လိုတယ္လို႔ေျပာေတာ့  စိတ္သိပ္မပူဘဲ လက္ခံလိုက္ပါတယ္။ သူမရဲ႕ ပစၥည္းေတြကို အကုန္ထုတ္ၿပီး အိတ္ကိုပါ ခြာစစ္မယ္ဆိုေတာ့ အံ့ဩသြားပါတယ္။ မေလးရွားမွာ ဗစ္တာက ကမန္းကတန္း ဝယ္ေပးလိုက္တဲ့ အိတ္အေကာင္းစားႀကီးက ဘာျပသနာရွိလို႔တုန္း။ အေကာက္ခြန္ အရာရွိေတြက အိတ္ေအာက္ခံကို ဖြင့္လိုက္တဲ့အခါမွာေတာ့ အံဝွက္နဲ႔ထည့္ထားတဲ့ အမႈန႔္ျဖဴျဖဴေတြကို အံ့ဩတုန္လႈပ္စြာ ေတြ႕လိုက္ရပါေတာ့တယ္။  စစ္ေဆးလိုက္ေတာ့ ကာလေပါက္ေဈး ၂ သိန္းေက်ာ္တန္တဲ့ ဘိန္းျဖဴေတြတဲ့။  ဘာေတြျဖစ္ကုန္ၿပီလဲ။
သူမကလည္းအဲဒီ အမႈန႔္ေတြနဲ႔ ဘာမွ မပတ္သက္ေၾကာင္းရွင္းျပရင္းခ်စ္သူ ရစ္ခ်တ္ကို ဖုန္းေျပာခြင့္ေတာင္းပါတယ္။ ဒါေပမယ့္ ရစ္ခ်တ္တခ်ိန္လုံးသူမနဲ႔ အဆက္ အသြယ္လုပ္ေနတဲ့ဖုန္းက လုံးဝ ေခၚမလို႔ရေတာ့ပါဘူး။  ပူထူၿပီး ဘာလုပ္ရမွန္းမသိျဖစ္ေနတဲ့ မာရီယာတေယာက္ကို ဩစေတးသွ်ႏိုင္ငံကို ဘိန္းျဖဴခိုးသြင္းလာမႈနဲ႔ ရဲလက္ကို လႊဲအပ္လိုက္ပါတယ္။
ရဲဌာနေရာက္မွ ဘ႐ူႏိုင္းသံ႐ုံးကို ဖုန္းဆက္ အကူအညီေတာင္းရပါတယ္။ သံအရာရွိက လာေတြ႕ၿပီး ေရွ႕ေနငွားဖို႔ က်န္ရစ္ခဲ့တဲ့ ဘ႐ူႏိုင္းက မိသားစုကို အေၾကာင္းၾကားဖို႔ကအစ အကူအညီေပးပါတယ္။
ေနာက္ပိုင္းမွ ရဲစခန္းနဲ႔ တရားခြင္မွာစစ္ေဆးရာက သူမဟာ မူးယစ္ေမွာင္ခို ဂိုဏ္းႀကီးတခုရဲ႕ ပိပိရိရိ အသုံးခ်ခံလိုက္ရတဲ့ သားေကာင္ေတြထဲ ကတေယာက္ျဖစ္ေနတာကို သိလိုက္ရပါတယ္။ ရစ္ခ်တ္ဟာ သူမကို ခ်စ္ဟန္ေဆာင္သူတဦးသာျဖစ္ၿပီး သူမကိုသားေကာင္တေယာက္အေနနဲ႔ အသုံးခ်ခဲ့တာျဖစ္ပါတယ္။  ႀကံရာပါ ဗစ္တာက အကြက္ဆင္ကာသူမရဲ႕ အိတ္ကို  အံဝွက္နဲ႔ဘိန္းျဖဴေတြဝွက္ထားတဲ့အိတ္နဲ႔ လဲေပးခဲ့တာပါ။ အဖမ္းခံရလ်င္ အတူမပါေစဖို႔ ရစ္ခ်တ္က ေလယာဥ္တစီးတည္းအတူတူလိုက္မလာတာပါ။ အကယ္၍ သူမကို မဖမ္းမိဘူးဆိုလ်င္ေတာ့ ေနာက္ေန႔မွာရစ္ခ်တ္ေပၚလာၿပီး လူမႈေရး ဇာတ္လမ္း ဆက္ကာ ဟန္ေဆာင္ခ်စ္သူက သူမကို ေနာက္ထပ္ ဘိန္းျဖဴေတြ ခိုးသြင္းဖို႔ ဆက္လက္ အသုံးခ်ႏိုင္တယ္ဆိုပါတယ္။  ဩစေတးသွ်ရဲတပ္ဖြဲကလည္း မေလးရွားရဲ႕တပ္ဖြဲကို ဆက္သြယ္ၿပီးအဆိုပါဂိုဏ္းကို ေဖၚထုတ္ဖို႔ ႀကိးစားခဲ့ပါတယ္။ သူမကိုေတာ့ မူယစ္ေဆးမွာင္ခိုဂိုဏ္းနဲ႔ တိုက္႐ိုက္ မပတ္သက္လို႔ သက္သက္ညႇာညႇာ စဥ္းစားေပးခဲ့ေပမယ့္ ကိုယ္တိုင္လက္ပူးလက္ၾကပ္မိခဲ့တဲ့ အတြက္ ဥပဒအရ ေထာင္ဒါဏ္ ကခ်ခံခဲ့ရပါတယ္။
သူမရဲ႕ က်န္ခဲ့တဲ့ မိသားစုကိုေတာ့ သူမဩစေတးသွ်အက်ဥ္းေထာင္မွာ ျပစ္ဒါဏ္ခံေနရတဲ့ကာလအတြင္း ဘ႐ူႏိုင္းအစိုးရက ေထာက္ပံ့ေပးပါတယ္။
မာရီယာကေတာ့ တျခားအမ်ိဳးသမီးေတြကို သူမလို အသုံးခ်မခံရဖို႔ သူမရဲ႕ ျဖစ္စဥ္ကို ေသေသခ်ာခ်ာေျပာျပၿပီး သတင္းစာေဆာင္းပါးအေနတဲ့ ဘ႐ူႏိူင္းျပည္သူေတြကို ေဖၚျပေပးဖို႔ ဘ႐ူႏိုင္းမူးယစ္ ထိန္းခ်ဳပ္ေရး အဖြဲ႕ကို အကူအညီေတာင္းခဲ့ပါတယ္။
2009 -2010 ကာလအတြင္း ဘ႐ူႏိုင္းႏိုင္ငံသားအခ်ိဳ႕ ကမၻ့ာႏိုင္ငံ အႏွံ႔မွာ အလားတူ မူးယစ္ေဆးေမွာင္ခိုဂိုဏ္းေတြရဲ႕ လွည့္ျဖား အသုံးခ်ခံရၿပီး အဖမ္းခံရတာေတြရွိပါတယ္။
မူးယစ္ေဆးေမွာင္ခိုဂိုဏ္းေတြဟာ ဆိုရွယ္မီဒီယာေတြမွာ သားေကာင္ေတြကို ေ႐ြးခ်ယ္ရွာေဖြၿပီး ပညာသားပါပါခ်ဥ္းကပ္ကာ အြန္လိုင္းခ်စ္သူဘဝဖန္တီးၾကၿပီး သူတိုကို ယုံၾကည္လာၿပီဆိုေတာ့မွ မူယစ္ေဆးကို ေမွာင္ခိုသယ္ဖို႔ နည္းမ်ိဳးစုံနဲ႔ အသုံးခ်တာျဖစ္တယ္လို႔ ဘ႐ူႏိုင္း မူးယစ္ ဗ်ဴ႐ိုက ျပည္သူေတြကို သတိေပးထားပါတယ္။ သူတို႔ ပစ္မွတ္ထားတာကေတာ့ အိမ္ေထာင္ေရး အဆင္မေျပသူ၊  မိသားစုျပသနာ စီးပြားေရးျပသနာရွိသူ အမ်ိဳးသမီးေတြမ်ားပါတယ္။ ဆယ္ေက်ာ္သက္ေတြကိုလည္း အသုံးခ်ၾကပါတယ္။ သူတို႔ဟာ လူ႔အရိပ္အကဲဖမ္းနဲ႔ သ႐ုပ္ေဆာင္ ကြၽမ္းက်င္ၾကၿပီး အေျပာအဆို လိမ္မာလို႔ သားေကာင္ေတြက သူတို႔အေပၚ အခ်ိန္တိုတိုအတြင္ ယု႔ၾကည္သြားၾကကာ ခ်စ္သူေတြျဖစ္သြားၾကပါတယ္။ သူတို႔က အခ်ိန္ယူကာ သားေကာင္ရဲ႕ယုံၾကည္မႈ ရယူၿပီးမွ  သားေကာင္းေတြကို သူတို႔မူးယစ္ေဆးပို႔ခ်င္တဲ့ ႏိုင္ငံကို ခရီးထြက္ဖို႔ စီစဥ္ေပးကာ ပစၥည္းကို သားေကာင္မသိေအာင္ထည့္ေပးလိုက္တာမ်ားပါတယ္။ ပစၥည္းကို မမိဘဲ ႏိုင္ငံအထဲေရာက္သြားလ်င္ေတာ့ သူတို႔ျပန္ေပၚလာၿပီး ဟန္ေဆာင္ ခ်စ္သူဘဝ ခရီးဆက္ကာ သားေကာင္ကို ဆက္လက္အသုံးခ်ပါတယ္။ အမိခ့ရလ်င္ေတာ့ သူတို႔ လုံးဝ အဆက္ျဖတ္ၿပီးေပ်ာက္သြားပါတယ္။
၂၀၁၃ မွာ ကေမာၻဒီးယားမွာ ေထာင္ ၂၃ ႏွစ္အက်ခဲ့ရတဲ့ ဩစေတးသွ်ႏိုင္ငံသူ ကေလးအေမ Yoshe Taylor တေယာက္ကလည္း အဲလို အြန္လိုင္းခ်စ္သူက အသုံးခ်တာကိုခံလိုက္ရတာပါ။ သူမရဲ႕ သတင္းကို https://www.dailymail.co.uk/news/article-7373393/Aussie-mum-tricked-drug-mule-African-man-opens-squalid-Cambodian-jail.html မွာ ေဖၚျပထားပါတယ္။
ဒီလို လုပ္သူအမ်ားစုက ႏိုင္ဂ်ီးရီယားႏိုင္ငံသားေတြ ပါဝင္ၾကၿပီး ကြာလာလမ္ပြာကေတာ့ သူတို႔ရဲ႕  မူးယစ္ေဆးကုန္ကူးတဲ့ အေရွ႕ေတာင္အာရွမွာ ခရီးေထာက္စခန္းျဖစ္ပါတယ္။
အြန္လိုင္းေပၚကခ်စ္သူေတြကို သတိထားၾကဖို႔ပါ။ 
ျမန္မာျပည္မွာေတာ့ ႏိုင္ငံျခားသားနဲ႔ဇာတ္လမ္းနည္းေတာ့ တျခားနည္းေတြနဲ႔ အသုံးခ်တာခံရပါတယ္။ 

ဖိုးသုည
24-8-19

ဒီဇာတ္လမ္းကို လြန္ထဲ့တဲ့ ၁၀ ႏွစ္ေလာက္ကဖတ္ခဲရတဲ့ ဘ႐ူႏိုင္းသတင္းစာပါ ျဖစ္ရပ္မွန္ကို ဆီေလွ်ာ္ေအာင္ ဘာသာျပန္ၿပီး နာမည္မ်ားေျပာင္းထားတာျဖစ္ပါတယ္။ အဲဒီသတင္းစာတိုက္ပိတ္သြားေတာ့ ေဆာင္းပါးမူရင္းကို ျပန္ရွာလို႔မရေတာ့ပါ။



အချစ်ရဲ့သားကောင် (ယူနီကုဒ်) 


ဒီကနေ့တော့ မာရီရာ တယောက် အပျိုဖြန်းကလေးကလေးတယောက်လို စိတ်တွေလှုပ်ရှားနေမိပါတယ်။
ချစ်တဲ့ သူရစ်ချတ်နဲ့ ပထမဆုံးအကြိမ် လူချင်းလည်း ဆုံရမယ်၊ ဩစတေးသျှနိုင်ငံတခွင်ကိုလည်း ချစ်သူလက်ဆွဲပြီး လျှောက်လည်ရဦးမယ်ဆိုတော့ မပျော်ဘယ်ရှိမလဲ။
တကယ်တော့ မာရီက မြီးကောင်ပေါက် အပျိုကလေး မဟုတ်တော့ပါ။ အသက် ၃၀ နှစ် အရွယ် ကလေး ၄ ယောက်အမေ၊ ပုဂ္ဂလိက ကုမ္ပဏီတခုက အကြီးတန်းစာရင်းကိုင်တယောက်ပါ။
ကလေး၄ ယောက်နဲ့ အသက် ၆၀ ကျော် အမေအိုကြီးကို ထောက်ပံ့ဖို့ သူမရဲ့ လစာက လောက်ငှရုံသာရှိပါတယ်။ ဒီကြားထဲ အိမ်ထောင်ကွဲပြီးနောက် လူမှုရေး ပြသနာတွေ အလုပ်ထဲက ပြသနာတွေကြောင့် အမြဲလိုလိုစိတ်ဖိစီးခံနေရတော့ စိတ်ထွက်ပေါက် အနေနဲ့ တလောက ခေတ်စားလာတဲ့ ဆိုရှယ် မီဒီယာတခုမှာတွေ့တဲ့ အပေါင်းအသင်းတွေနဲ့ မိတ်ဆွေဖွဲ့ ရင်း ဘဝရဲ့အခက်အခဲတွေကို တခါတလေလှစ်ဟမိပါတော့တယ်။ တချို့ကိစ္စတွေက အနားမှာရှိတဲ့ လူရင်းတွေနဲ့ ပြောလို့ သိပ်မကောင်းတာတွေကလည်းရှိတာကိုး။
ဒီလိုနဲ့ ရုပ်ရည်သန့်သန့် စီးပွားရေးသမား တိုင်းတပါးသား ရစ်ချတ်နဲ့ အွန်လိုင်းမှာဆုံမိတာပါ။ ရုပ်ရည်သန့်သလို အပြော (အရေးအသား) လည်းညက်တဲ့ ရစ်ချက်ကိုသူမ တခဏအတွင်းခင်မင်သွားပြီး ရက်ပိုင်းအတွင်းရင်းနှီးတဲ့ မိတ်ဆွေတွေဖြစ်သွားပါတယ်။ တချို့ အွန်လိုင်းက ယောင်္ကျားလေး မိတ်ဆွေတွေနဲ့မတူတာကတော့ ရစ်ချက်က ပြောတာဆိုတာ အဆင့်အတန်းရှိတယ်၊ စည်းစောင့်တယ်။ သူမပြောတာကို အလေးထား နားထောင်တယ်၊ ဖတ်တယ်၊ အကြံပေးတယ်၊ နှစ်သိမ့်တယ်။ သူမ အနေနဲ့ ပြီးခဲ့တဲ့ ၂ နှစ်က ကွဲသွားတဲ့ယောင်္ကျား ရှာဖစ်နဲ့ တုန်းက မရခဲ့ဖူးတဲ့ ၊တောင့်တခဲ့ဖူးတဲ့ ဂရုစိုက်မှု၊ အလေးထားမှု ကြင်နာမှုတွေကို ရစ်ချတ်နဲ့မှ ရတယ်လို့ မြင်လာတယ်။ သူမရဲ့ ငြီးငွေ့စရာကောင်းတဲ့ ခြောက်သွေ့နေတဲ့ ဘဝကြီးက ရစ်ချတ်ကြောင့် ပြန်လည်စိုပြေလာတယ်။ ဒီလိုနဲ့ အွန်လိုင်းဆိုတော့ text message တွေ အပြန်အလှန်ရေးကြပို့ကြရင်း voice chat နဲ ပြောဆိုကြရင်း လပိုင်းအတွင်းမှာ ချစ်သူတွေဖြစ်ခဲ့ကြပါတယ်။ မကြာခဏ အလုပ်ကိစ္စနဲ့ ခရီးထွက်ရတဲ့ ရစ်ချတ်ကလည်း ရောက်လေရာကနေ ဖြန်းဆက် သူမကြိုက်တတ်တဲ့ လက်ဆောင်ကလေးတွေကိုလည်း ပို့ပေးတတ်တယ်လေ။ ခရီးအထွက်များတဲ့ရစ်ချတ်နဲ့ ခွင့်ရက်နည်းတဲ့သူမရဲ့ အလုပ် အနေအထားရလူချင်းဆုံကြဖို့ ချိန်းရတာ အတော်ကို ခက်ခဲနေပါတယ်။
ဒီလိုနဲ့ စောင့်တာကြာလေလေ အလွန်ဂရုတစိုက်ချစ်တတ်တဲ့ ရစ်ချတ်နဲ့တွေ့ချင်လေလေဖြစ်နေတဲ့ မာရီယာတယောက် ပြီးခဲ့တဲ့ ၂ပတ်က သတင်းကောင်းကြားလိုက်ရပါတယ်။ သူမလိုပဲ သူမနဲ့ အလွန်တွေ့ချင်နေတဲ့ ရစ်ချတ်တယောက် ၁၀ ရက်တိတိ အလုပ်က နားပြီး သူမနဲ့ ခရီးအတူထွက်မယ် ဆိုပြီးသူမကိုလည်း ခွင့်ယူခိုင်းပါတယ်။ ခွင့်ရက်အဆင်မပြေလျင် လစာမဲ့ ခွင့်ယူမယ်လို့ ကြံထားတဲ့သူမကို ဘော့စ်က နားလည်စွာနဲ့ ခွင့်ပေးလိုက်တဲ့နေ့ကတော့ ပြောမပြတတ်အောင်ဝမ်းသာမိတာပေါ့၊
ခရီးစဉ်တခုလုံး လေယာဉ်လက်မှတ်၊ ဟိုတယ်ကအစ အားလုံးကို ရစ်ချတ်ကသူမ ဖြစ်ချင်တာတွေကိုမေးပြီး စိတ်တိုင်းကျအောင် အကုန်ကျခံစီစဉ်ပေးပါတယ်။  ဘရူနိုင်းကနေ ဩစတေးသျှကို တိုက်ရိုက်လေယာဉ်ရှိပေမယ့် နောက်ဆုံးမိနစ်အထိ အလုပ်ရှုပ်နေမယ့် ရစ်ချတ်က မလေးရှားနိုင်ငံ ကွာာလမ်ပွာမှာ ၂ ယောက်ဆုံပြီးမှ အတူသွားဖို့ စီစဉ်ပါတယ်။ ဒါမှလည်း ခရီးအစကတည်းက သူတို့တယောက်လေယာဉ်အတူတူစီးပြီး ခရီးသွားနိုင်မှာကိုး။
ကလေးတွေကို အမေနဲ့ထားခဲ့ပြီး စီစဉ်သင့်တာတွေကိုစီစဉ်တဲ့ အခါမှာ အမေကလည်း တခုလပ် သမီးရဲ့ စိတ်လှုပ်ရှားနေတာကိုကြည့်ပြီး နားလည်ပေးရှာပါတယ်။ ဒီလိုနဲ့ ရင်ခုန်စရာကောင်းတဲ့ ဘရူနိုင်းကနေ ကွာလာလမ်ပွာ ခရီးကို အတွေးစုံတွေး စိတ်ကူးယဉ်ပြီး စတင်လိုက်ပါတယ်။ လေယာဉ်ကြီးကလည်း အတော်နှေးတယ်ထင်မိပါသေးတယ်။
ကွာလာလမ်ပွာ လေဆိပ်ကို လေယာဉ်ဆိုက်ချိန်မှာတော့ သူမစိတ်လှုပ်ရှားစွာရှာနေတဲ့ ရစ်ချတ်ကိုမတွေ့ပဲ ဖုန်းကောတခုကို လက်ခံရရှိလိုက်ပါတယ်။ “မမျှော်လင့်တဲ့ အရေးကြီးကိစ္စပေါ်လာလို့ ဒီနေ့ ကွာလာလမ်ပွာကိုမရောက်နိုင်တော့ဘူး၊ မနက်ဖြန်မှ ဩဇီသွားတဲ့ လေယာဉ် အမှီလာခဲ့မယ်၊ စိတ်ချရတဲ့ အလုပ်လုပ်ဖက် ကိုယ့်မိတ်ဆွေ တယောက်ကို အကူအညီတောင်းထားတယ်။ ဗစ်တာဆိုတဲ့ နိုင်ဂျီးရီယားတယောက် လေဆိပ်မှာလာကြိုပြီး တည်းခိုဖို့ကအစ အစစအရာရာ စီစဉ်ပေးလိမ့်မယ်” ဆိုပြီး အထပ်ထပ်တောင်ပန်နေတဲ့ ချစ်သူကို မာရီယာ အပြစ်မတင်ရက်ပါ။  အသားမည်းပေမယ့် အလွန်ဖေါ်ရွေမွန်ရည်တဲ့ ဗစ်တာက သူမကို လေဆိပ်ထဲမှာလာကြိုပြီး ခရီးအသေးစိပ်ကိုပြောပြရင်းသူမရဲ့ ခရီးဆောင်အိတ်ကို ဆွဲလာပေးပါတယ်။ ကံမကောင်းအကြောင်းမလှစွာနဲ့ သူဆွဲလာတဲ့အိတ်က ဒေါင့်စွန်းတခုနဲ့ ငြိပြီး အတော် ပွန်းသွားပါတယ်။  ဗစ်တာခမျာမှာ  နေစရာမရှိအောင် ပျာပြီးအထပ်ထပ်တောင်းပန်ပါတယ်။ သူမအတွက် စီစဉ်ထားတဲ့ ဖိုက်စတား ဟိုတယ်ကို တက္ကစီနဲ့ သွားကြတော့ ဒေသခံကားသမားကြီးက သူမကို ကျီးကန်းတွေကို (အမည်းတွေ) သိထား၊ သူတို့ကိုမယုံနဲ့ လို့ မလေးဘာသာစကားနဲ့ သတိပေးပါတယ်။ ဒါပေမယ့် ချစ်တဲ့စိတ်နဲ့ ရစ်ချတ်ရဲ့ လူယုံဆိုတဲ့ မွန်ရည်တဲ့ ဗစ်တာကို သံသယ မဖြစ်မိပါဘူး။
ဟိုတယ်အသွားလမ်းမှာ ဗစ်တာက သူ့အသိ ခရီးဆောင်အိတ်ရောင်းတဲ့ ဆိုင်တဆိုင်ကို ခဏဝင်ပြီး ခရီးဆောင်အိတ်အကောင်းစားတလုံးဝယ်ပေးပါတယ်။ သူမရဲ့ပွန်းသွားတဲ့ အိတ်က ရစ်ချတ်နဲ့ ခရီးသွားရင် လူမြင်လို့မသင့်ဘူးဆိုပြီး အတင်းလဲခိုင်းပါတယ်။  ဟိုတယ်ရောက်တော့ အိတ်အဟောင်းအတွက် အလုပ်မရှုပ်အောင်ဆိုပြီး သူမပစ္စည်းတွေကို အိတ်အသစ်ထဲ လှယ်ထည့်တာကို ဗစ်တာက အခန်းအပြင်ကနေ စောင့်ကာ အိတ်အဟောင်းကိုယူပြီးမှ ပြန်သွားပါတယ်။
 နောက်နေ့ ဩစတေးသျှကိုသွားမယ့်လေယာဉ်ကို စီးဖို့သွားတော့ ရစ်ချတ်တယောက် လေယာဉ်ထွက်ချိန်အမှီ ရောက်မလာနိုင်ပါဘူး။ နောက်လေယာဉ်နဲ့ လိုက်လာမယ်၊ ဟိုရောက်မှ တွေ့မယ်ဆိုပြီး ဆစ်ဒနီမှာ တည်းဖို့ စီစဉ်ထားတဲ့အသေးစိပ်ကို ဖုန်းထဲကနေပဲ ပြောပါတယ်။  လေဆိပ်ကို ဟိုတယ်ကကားလာကြိုမှာဖြစ်လို့ အရာရာစိတ်မပူဖို့၊ တဖွဖွပြောနေတဲ့ အလုပ်နဲ့ ချစ်သူအကြား ဗျာများနေတဲ့ ရစ်ချတ်ကိုသာ မာရီယာတယောက် အသနားပိုမိပါတော့တယ်။  

ဒီလိုနဲ့ ခရီးတလျှောက် ဘေးက လွတ်နေတဲ့ခုံကလေးကို စိတ်မကောင်းစွာကြည့်ရင်း မာရီယာတယောက် ဩစတေးသျှနိုင်ငံကို တဦးတည်းခရီးဆက်ရပါတော့တယ်။
ချစ်သူနဲ့ မကြာမီဆုံရတော့မှာကိုတွေးပြီး အပျော်လွန်လာတဲ့ မာရီယာတယောက် ဆစ်ဒနီလေဆိပ်မှာ အကောက်ခွန်အရာရှိတွေက သူမရဲ့ အိတ်ကို ဖွင့်ပြီး စစ်ဆေးဖို့လိုတယ်လို့ပြောတော့  စိတ်သိပ်မပူဘဲ လက်ခံလိုက်ပါတယ်။ သူမရဲ့ ပစ္စည်းတွေကို အကုန်ထုတ်ပြီး အိတ်ကိုပါ ခွာစစ်မယ်ဆိုတော့ အံ့ဩသွားပါတယ်။ မလေးရှားမှာ ဗစ်တာက ကမန်းကတန်း ဝယ်ပေးလိုက်တဲ့ အိတ်အကောင်းစားကြီးက ဘာပြသနာရှိလို့တုန်း။ အကောက်ခွန် အရာရှိတွေက အိတ်အောက်ခံကို ဖွင့်လိုက်တဲ့အခါမှာတော့ အံဝှက်နဲ့ထည့်ထားတဲ့ အမှုန့်ဖြူဖြူတွေကို အံ့ဩတုန်လှုပ်စွာ တွေ့လိုက်ရပါတော့တယ်။  စစ်ဆေးလိုက်တော့ ကာလပေါက်ဈေး ၂ သိန်းကျော်တန်တဲ့ ဘိန်းဖြူတွေတဲ့။  ဘာတွေဖြစ်ကုန်ပြီလဲ။
သူမကလည်းအဲဒီ အမှုန့်တွေနဲ့ ဘာမှ မပတ်သက်ကြောင်းရှင်းပြရင်းချစ်သူ ရစ်ချတ်ကို ဖုန်းပြောခွင့်တောင်းပါတယ်။ ဒါပေမယ့် ရစ်ချတ်တချိန်လုံးသူမနဲ့ အဆက် အသွယ်လုပ်နေတဲ့ဖုန်းက လုံးဝ ခေါ်မလို့ရတော့ပါဘူး။  ပူထူပြီး ဘာလုပ်ရမှန်းမသိဖြစ်နေတဲ့ မာရီယာတယောက်ကို ဩစတေးသျှနိုင်ငံကို ဘိန်းဖြူခိုးသွင်းလာမှုနဲ့ ရဲလက်ကို လွှဲအပ်လိုက်ပါတယ်။
ရဲဌာနရောက်မှ ဘရူနိုင်းသံရုံးကို ဖုန်းဆက် အကူအညီတောင်းရပါတယ်။ သံအရာရှိက လာတွေ့ပြီး ရှေ့နေငှားဖို့ ကျန်ရစ်ခဲ့တဲ့ ဘရူနိုင်းက မိသားစုကို အကြောင်းကြားဖို့ကအစ အကူအညီပေးပါတယ်။
နောက်ပိုင်းမှ ရဲစခန်းနဲ့ တရားခွင်မှာစစ်ဆေးရာက သူမဟာ မူးယစ်မှောင်ခို ဂိုဏ်းကြီးတခုရဲ့ ပိပိရိရိ အသုံးချခံလိုက်ရတဲ့ သားကောင်တွေထဲ ကတယောက်ဖြစ်နေတာကို သိလိုက်ရပါတယ်။ ရစ်ချတ်ဟာ သူမကို ချစ်ဟန်ဆောင်သူတဦးသာဖြစ်ပြီး သူမကိုသားကောင်တယောက်အနေနဲ့ အသုံးချခဲ့တာဖြစ်ပါတယ်။  ကြံရာပါ ဗစ်တာက အကွက်ဆင်ကာသူမရဲ့ အိတ်ကို  အံဝှက်နဲ့ဘိန်းဖြူတွေဝှက်ထားတဲ့အိတ်နဲ့ လဲပေးခဲ့တာပါ။ အဖမ်းခံရလျင် အတူမပါစေဖို့ ရစ်ချတ်က လေယာဉ်တစီးတည်းအတူတူလိုက်မလာတာပါ။ အကယ်၍ သူမကို မဖမ်းမိဘူးဆိုလျင်တော့ နောက်နေ့မှာရစ်ချတ်ပေါ်လာပြီး လူမှုရေး ဇာတ်လမ်း ဆက်ကာ ဟန်ဆောင်ချစ်သူက သူမကို နောက်ထပ် ဘိန်းဖြူတွေ ခိုးသွင်းဖို့ ဆက်လက် အသုံးချနိုင်တယ်ဆိုပါတယ်။  ဩစတေးသျှရဲတပ်ဖွဲကလည်း မလေးရှားရဲ့တပ်ဖွဲကို ဆက်သွယ်ပြီးအဆိုပါဂိုဏ်းကို ဖေါ်ထုတ်ဖို့ ကြိးစားခဲ့ပါတယ်။ သူမကိုတော့ မူယစ်ဆေးမှာင်ခိုဂိုဏ်းနဲ့ တိုက်ရိုက် မပတ်သက်လို့ သက်သက်ညှာညှာ စဉ်းစားပေးခဲ့ပေမယ့် ကိုယ်တိုင်လက်ပူးလက်ကြပ်မိခဲ့တဲ့ အတွက် ဥပဒအရ ထောင်ဒါဏ် ကချခံခဲ့ရပါတယ်။
သူမရဲ့ ကျန်ခဲ့တဲ့ မိသားစုကိုတော့ သူမဩစတေးသျှအကျဉ်းထောင်မှာ ပြစ်ဒါဏ်ခံနေရတဲ့ကာလအတွင်း ဘရူနိုင်းအစိုးရက ထောက်ပံ့ပေးပါတယ်။
မာရီယာကတော့ တခြားအမျိုးသမီးတွေကို သူမလို အသုံးချမခံရဖို့ သူမရဲ့ ဖြစ်စဉ်ကို သေသေချာချာပြောပြပြီး သတင်းစာဆောင်းပါးအနေတဲ့ ဘရူနိူင်းပြည်သူတွေကို ဖေါ်ပြပေးဖို့ ဘရူနိုင်းမူးယစ် ထိန်းချုပ်ရေး အဖွဲ့ကို အကူအညီတောင်းခဲ့ပါတယ်။
2009 -2010 ကာလအတွင်း ဘရူနိုင်းနိုင်ငံသားအချို့ ကမ္ဘ့ာနိုင်ငံ အနှံ့မှာ အလားတူ မူးယစ်ဆေးမှောင်ခိုဂိုဏ်းတွေရဲ့ လှည့်ဖြား အသုံးချခံရပြီး အဖမ်းခံရတာတွေရှိပါတယ်။
မူးယစ်ဆေးမှောင်ခိုဂိုဏ်းတွေဟာ ဆိုရှယ်မီဒီယာတွေမှာ သားကောင်တွေကို ရွေးချယ်ရှာဖွေပြီး ပညာသားပါပါချဉ်းကပ်ကာ အွန်လိုင်းချစ်သူဘဝဖန်တီးကြပြီး သူတိုကို ယုံကြည်လာပြီဆိုတော့မှ မူယစ်ဆေးကို မှောင်ခိုသယ်ဖို့ နည်းမျိုးစုံနဲ့ အသုံးချတာဖြစ်တယ်လို့ ဘရူနိုင်း မူးယစ် ဗျူရိုက ပြည်သူတွေကို သတိပေးထားပါတယ်။ သူတို့ ပစ်မှတ်ထားတာကတော့ အိမ်ထောင်ရေး အဆင်မပြေသူ၊  မိသားစုပြသနာ စီးပွားရေးပြသနာရှိသူ အမျိုးသမီးတွေများပါတယ်။ ဆယ်ကျော်သက်တွေကိုလည်း အသုံးချကြပါတယ်။ သူတို့ဟာ လူ့အရိပ်အကဲဖမ်းနဲ့ သရုပ်ဆောင် ကျွမ်းကျင်ကြပြီး အပြောအဆို လိမ်မာလို့ သားကောင်တွေက သူတို့အပေါ် အချိန်တိုတိုအတွင် ယု့ကြည်သွားကြကာ ချစ်သူတွေဖြစ်သွားကြပါတယ်။ သူတို့က အချိန်ယူကာ သားကောင်ရဲ့ယုံကြည်မှု ရယူပြီးမှ  သားကောင်းတွေကို သူတို့မူးယစ်ဆေးပို့ချင်တဲ့ နိုင်ငံကို ခရီးထွက်ဖို့ စီစဉ်ပေးကာ ပစ္စည်းကို သားကောင်မသိအောင်ထည့်ပေးလိုက်တာများပါတယ်။ ပစ္စည်းကို မမိဘဲ နိုင်ငံအထဲရောက်သွားလျင်တော့ သူတို့ပြန်ပေါ်လာပြီး ဟန်ဆောင် ချစ်သူဘဝ ခရီးဆက်ကာ သားကောင်ကို ဆက်လက်အသုံးချပါတယ်။ အမိခ့ရလျင်တော့ သူတို့ လုံးဝ အဆက်ဖြတ်ပြီးပျောက်သွားပါတယ်။
၂၀၁၃ မှာ ကမ္ဘောဒီးယားမှာ ထောင် ၂၃ နှစ်အကျခဲ့ရတဲ့ ဩစတေးသျှနိုင်ငံသူ ကလေးအမေ Yoshe Taylor တယောက်ကလည်း အဲလို အွန်လိုင်းချစ်သူက အသုံးချတာကိုခံလိုက်ရတာပါ။ သူမရဲ့ သတင်းကို https://www.dailymail.co.uk/news/article-7373393/Aussie-mum-tricked-drug-mule-African-man-opens-squalid-Cambodian-jail.html မှာ ဖေါ်ပြထားပါတယ်။
ဒီလို လုပ်သူအများစုက နိုင်ဂျီးရီယားနိုင်ငံသားတွေ ပါဝင်ကြပြီး ကွာလာလမ်ပွာကတော့ သူတို့ရဲ့  မူးယစ်ဆေးကုန်ကူးတဲ့ အရှေ့တောင်အာရှမှာ ခရီးထောက်စခန်းဖြစ်ပါတယ်။
အွန်လိုင်းပေါ်ကချစ်သူတွေကို သတိထားကြဖို့ပါ။ 
မြန်မာပြည်မှာတော့ နိုင်ငံခြားသားနဲ့ဇာတ်လမ်းနည်းတော့ တခြားနည်းတွေနဲ့ အသုံးချတာခံရပါတယ်။ 

ဖိုးသုည
24-8-19

ဒီဇာတ်လမ်းကို လွန်ထဲ့တဲ့ ၁၀ နှစ်လောက်ကဖတ်ခဲရတဲ့ ဘရူနိုင်းသတင်းစာပါ ဖြစ်ရပ်မှန်ကို ဆီလျှော်အောင် ဘာသာပြန်ပြီး နာမည်များပြောင်းထားတာဖြစ်ပါတယ်။ အဲဒီသတင်းစာတိုက်ပိတ်သွားတော့ ဆောင်းပါးမူရင်းကို ပြန်ရှာလို့မရတော့ပါ။

ဆက်စပ်သတင်းများ 


No comments:

Post a Comment