Sunday, September 1, 2019

ဓါတ်လှေကားမရှိသော အပေါ်ထပ်တိုက်ခန်းနေသူများ လူမမာ အတင်အချလွယ်ကူစေရန်လျှောခုံ

ဓါတ်လှေကားမရှိသော အပေါ်ထပ်တိုက်ခန်းနေသူများ  လူမမာ အတင်အချလွယ်ကူစေရန်လျှောခုံ (ယူနီကုဒ်) 

 တလောက အမေဒူးခေါင်းခွဲပြီး အိမ်ပြန်ရောက်တော့  ဓါတ်လှေကားမရှိတဲ့ တိုက်ပထမထပ်ကို တက်ဖို့ အမေ့ကို ခုံမှာထိုင်စေပြီး လူသုံးယောက် ယက်ကန်ယက်ကန်နဲ့ မ တင်ရပါတယ်။ ပြီးတော့ ခါးတွေနာကြပါတော့တယ်။
ပြသနာက နောက်ပိုင်းရက်တွေ ရက်ချိန်းပြန်ပြဖို့နဲ့ Physiotherapy သွားလုပ်ဖို့ လှေကားအတင်အချအတွက် လူမရှိတာပါပဲ။ အနားပတ်ဝန်းကျင်မှာကလည်း အလုပ်ချိန်မှာ အကူအညီခေါ်လို့မရတဲ့နေရာဖြစ်နေတော့ အိမ်မှာရှိတဲ့ ကျား ၁ မ ၁ နဲ့ အလေးချိန်ပေါင် ၁၂၀ ရှိတဲ့အမေ့ကို အတင်အချလုပ်နိုင်ဖို့ကြံဖန်ရပါတယ်။
ဒီလိုနဲ့ အိမ်မှာရှိတဲ့ပစ္စည်းတွေနဲ့ ကြံဖန်လုပ်ထားတဲ့ ထိုင်ခုံ လျှောတခုကို စမ်းသပ်အပြီး မှာတော့ အမေ့အတွက် လှေကားအတက်အဆင်းပြသနာပြေလည်သွားပါတယ်။  ဒါကြောင့်ကိုယ်လို အပေါ်ထပ်မှာနေပြီး လှေကားမဆင်းနိုင်သူကို လူ ၂ ယောက်တည်းနဲ့ အတက် အဆင်းလုပ်ဖို့လိုတဲ့သူတွေအတွက် အသုံးဝင်လိုဝင်ငြားဆိုပြီး ရှဲလိုက်ပါတယ်။ ပိုကောင်းတဲ့ပစ္စည်းတွေနဲ့နည်းတွေရှိကြမှာပါ။ အခုနည်းကတော့ရှိတဲ့ပစ္စည်းနဲ့အဆင်ပြေသလိုလုပ်လို့ရအောင်ပါ။ အမေကလည်းကုလားထိုင်နဲ့ပဲထိုင်လို့ရပြီး ခပ်ကမ်းကြမ်းဆောင့်တဲ့ဒါဏ်ကိုတောင်မခံနိုင်သေးလို့ပါ။
အရေးပေါ် အပေါ်ထပ်ကဆင်းခြင်သူတွေကတော့ပျဉ်ပြားဖင်ခုထိုင်ပြီး ထိန်းကာလျှောဆင်းသွားလို့ရမယ်ထင်ပါတယ်။
ရေရှည်သုံးဖို့ ဖင်ချ ဒူးကွေးထိုင်နိုင်သူတွေ၊ ခြေဆင်းထိုင်နိုင်သူတွေအတွက် အလွယ်ကူဆုံးကတော့စွပ်ဖားပါ။ နမူနာကို အောက်မှာရေးထားပါတယ်

ပုံ ၁

ရေရှည်သုံးဖို့ဆိုလျင် သံလျှောက်လမ်းနဲ့ အလူမီနီယံခုံကို ဆွဲဖို့ လက်ကိုင်ကိုင်းပါတပ်ပြီး လုပ်ထားလျင်ပိုကောင်းပါတယ်။
အိမ်မှာရှိတဲ့ပစ္စည်းတွေနဲ့ ကျနော်စမ်းလုပ်ပြီးသုံးနေတဲ့ခုံ အကြောင်း ကိုဒီမှာ ရေးပေးပါမယ်။ နားလည်တတ်ကျွမ်းသူများကတော့ ပိုကောင်းအောင်လုပ်နိုင်မှာပါ။

လိုအပ်တဲ့ပစ္စည်းများ

(၁) ပလတ်စတစ်ခုံ ( ပေါ့ပါးခိုင်ခံသောခုံ၊ လက်တန်းပါလျင်ပိုကောင်းသည်။ ခြေထောက်ကို အောက်အထိုင်နဲ့ သေသေချာချာဆွဲလို့ရတဲ့ အလူမီနီယံခုံရလျင် ပိုကောင်းပါတယ်)
(၂) သစ်သားချောင်းများ

  • နှစ် တလက်မ သစ်မာ ၃ပေ ၂ချောင်း + တပေတချောင်း 
  • နှစ် ပတ်လည် တပေခွဲတချောင်း
  • သုံးတစ်ခွဲ တပေခွဲတချောင်း

(၃) တလက်မခွဲဝက်အူ ၁၄ ချောင်း
(၄) သစ်သားဖောက်ရန်လွန်ပူ နဲ့ ဝက်အူလှည့်
(၅) သစ်သားထွင်းရန်တလက်မဆောက်နဲ့ သံတူ
(၆) နိုင်လွန်ကြိုးခိုင်ခိုင်၁၀ ပေခန့် ( လက်ကိုင်ဆွဲရန် ရိန်းဘားကွင်းတခုချည်းထားလျင် ကိုင်လို့ပိုလွယ်ပါတယ်။
(၇) ပလတ်စတစ်ထိုင်ခုံဖြတ်ရန် သံဖြတ်လွှ ( အနားညှိရန် ကျားလျှာ တံစဉ်း)
(၈) တိုင်းတာမှတ်သားရန် ပေတံနဲ့ ခဲတံ စာရွက် အကြီး (သို့) ကတ်ထူပြား
(၉) လျောဆင်းရာမှာ ပိုမိုချောမွေ့ ပေါ့ပါးစေရန်  လျှောက်လမ်းအောက်ကခံဖို့ ၂လက်မ ပလတ်စတစ်ဝါယာ Trunking ပိုက်
(၁၀ ) မြေပြင်ညီတွင် ခုံအနောက်မှထောက်ရန် နောက်ထပ် ပလတ်စတစ်ခုံတခု
(၁၁) သစ်သားချောင်းများကိုယာယီတွဲရန် တလက်မခွဲသံ၄ချောင်းခန့်
(၁၂) လူကို ခုံနောက်မှီနဲ့တွဲထားရန်ခါးပတ်တခု

ပြုလုပ်ပုံ

(၁) ပထမဆုံးလှေကားရဲ့ မတ်စောက်မှုကို တိုင်းပါတယ်။  ခုံကို လှေကားအတက်အဆင်းမှာမတ်မတ်  (သို့) အနည်းငယ် နောက် လှန် ထိုင်လို့ရမှ မကြောက်မှာဖြစ်ပါတယ်။ ခုံအရှေ့ခြေထာက်အောက်ခြေကို အောက်ခံသစ်သားပေါ်မှာ မိမိရရရှိဖို့ဂရုစိုက်ရပါတယ်။ အရှေ့ကို ငိုက်မကျအောင်နဲ့ လူရဲ့ အလေးချိန် ခုံခြေထောက်တဲ့ အောက်က လျှောက်လမ်းပေါ်  တည့်တည့်ကျ မှ ခုံ ပြုတ်မထွက်ဘဲ ဘေးကင်းကင်း တင်းလို့တက်လို့ရမှာပါ။ ကဒ်ထူပြားပေါ်မှာ လှေကားအစောင်းနဲ့ ရေပြင်ညီလိုင်းကိုဆွဲပြီးခုံအရှေ့ခြေထောက်ရဲ့ အနောက်စွန်းကို အစောင်းလိုင်းပေါ်မှာထားကာ အနောက်ခြေထောက်ကိုဖြတ်ဖို့လျာထားပါတယ်။

ပုံ ၂


(၂) အဲလိုတိုင်းတဲ့ အခါမှာ အရှေ့ခြေထောက်တွေရဲ့အောက်ခြေမျက်နှာပြင်ကို ရေပြင်ညီမှာထားပြီး သူတို့ရဲ့ အနောက်စွန်းကို လှေကားအစောင်းလိုင်း ပေါ်မှာထားပါတယ်။ ခုံရဲ့ အနောက်ခြေထောက် ၂ ချောင်းကိုလှေကားအစောင်းလိုင်းအတိုင်းဖြတ်ရာမှာ အစောင်းအတိုင်းပဲဖြတ်ပါတယ်။



(၃) လှေကားလျှောလမ်းလုပ်မယ့်  နှစ် တလက်မ ၂ချောင်းကိုခုံခြေထောက်တွေအကျဉ်းအကျယ်အတိုင်း ( အနောက်ခြေထာက်ဖြတ်ပြီး ရှိတဲ့ အတိုအတိုင်း) ခြေထောက်တွေ လျှောလမ်းပေါ်မှာ တည့်တည့်ကျအောင် နေရာချပြီး  အနောက်ကချုပ်မယ့် နှစ်တလက်မ အတိုကိုသံနဲ့ ယာယီတွဲပါတယ်။


(၄) ပြီးတော့ ခုံ အရှေ့ခြေထောက် ထိုင်ရမယ့် သုံးတစ်ခွဲကန့်လန့်တန်း ကို နေရာချပြီး လျှောလမ်းသစ်သားကိုထည့်ဖို့အတွက် ထွင်းပါတယ်။ ထွင်းတဲ့အခါမှာ  ကန့်လန့်တန်းအပေါ်မျက်နှာပြင်ကို ရေပြင်ညီရှိစေပြီး လျှောလမ်းက လှေကား အစောင်းအတိုင်းရှိစေပါတယ်။ ပြီးလျင် လိုသလို ညှိပြီး လျှောက်လမ်းသစ်သားကို အခံတန်းမှာထည့်ပါတယ်။ သစ်သားကို ပလတ်စတစ် ဝါယာပိုက် ခံထားလျင် လျှောရတာပိုပြီးချောလို့ လူသက်သာပါတယ်။ အဲလို ပလတ်စတစ်ထရန့်ကင်းပိုက် PVC wire trunking စွပ်မယ်ဆိုလျင်တော့ ထွင်းတဲ့အခါ ထရန်းကင်းအတွက် နည်းနည်းပိုထွင်းရပါမယ်။




(၅) အရှေ့ခြေထောက်တင်တန်းနေသားတကျဖြစ်ပြီး ခြေထောက်အောက်ခြေက တန်းပေါ်မှာ ပိပိပြားပြားတည့်တည့်မတ်မတ်ရှိပြီဆိုတော့မှ အဲဒီတန်း၂ခုကို ဝက်အူ တဖက် ၂ချောင်းနဲ့ စွဲပါတယ်။ ပြီးတော့ ယာယီတွဲထားတဲ့ ချုပ်တန်းကိုပြန်ဖြုတ်ပြီး အနောက်ခြေထောက်တွေ လျှောလမ်းပေါ်မှာ သေသေချာချာထိုင်မိအောင်ဖြတ်ထားတဲ့ အစွန်းကို လိုသလိုညှိပါတယ်။ အဲဒီနောက်တော့မှ ခုံကိုတင်ပြီး ခုံအရှေ့ခြေထာက်အောက်ခံနဲ့ အထိုင်တန်းကို ဝက်အူနဲ့ထပ်စွဲပါတယ်။




(၆) အရှေ့ခြေထောက်တွေအထိုင်သေချာကျအပြီးမှာတော့ အနောက်ခြေထောက်အထိန်းတန်း  (နှစ်ပတ်လည် တပေခွဲတန်း )အတွက် အမှတ်အသားတွေလုပ်ပါတယ်။ အထိန်းတန်းမှာလျှောလမ်းသစ်သားကိုထည့်ဖို့အတွက် ထွင်းပါတယ်။ ထွင်းတဲ့အခါမှာ  ကန့်လန့်တန်းအနောက်ဘက်မျက်နှာပြင်က ခုံအနောက်ခြေထောက်ရဲ့ အရှ့မျက်နှာပြင်နဲ့ သေသေချာချာကပ်မိစေအောင်ထွင်းရညှိရပါတယ်။  လျှောလမ်းက လှေကား အစောင်းအတိုင်းရှိစေပါတယ်။ အဲလိုထွင်းရာမှာ trunking ပါလျင် သူ့အတွက် ပိုထွင်းပေးရပါတယ်။ ( ကျနော်ကတော့ trunking အဆင်သင့်မရှိလို့ မသုံးဖြစ်ခဲ့ပါ) ပြီးလျင်တော့အဲဒီတန်းကို လျှောလမ်းသစ်သားနဲ့ ဝက်အူ တဘက် ၂ချောင်းသုံးပြီး တွဲပါတယ်။ ပြီးမှ ထိုင်ခုံအနောက်ခြေထောက်ကို တန်းနဲ့ ဝက်အူထပ်စွဲပါတယ်၊။

(၇) ထိုင်ခုံခြေထောက်တွေအားလုံး သေသေချာချာတွဲပြီး နောက် လျှောလမ်း ၂ခုပိုငြီမ်အောင် အနောက်ဘက်အစွန်းကို နှစ်တလက်မ အတိုနဲ့ ချုပ်ပြီး ဝက်အူစွဲပါတယ်။
(၈) ခုံကို အနောက်ကနေထိန်းချဖို့ နဲ့ပြန်ဆွဲတင်ဖို့ နိုင်လွန်ကြိုးတောင့်တောင့်ကို ချည်ရပါတယ်။ ကြိုးကို အနောက်ချုပ်တန်းမှာ ချည်လျင် မတော်တဆ မ မိပြီး အရှေ့ကို လှန်ချသလိုဖြစ်မှာစိုးလို့ အရှေ့ဆုံးတန်းမှာချည်ပါတယ်။ ကြိုးကအောက်မှာ လွတ်မလွတ်ကြည့်ရပါတယ် မလွတ်လျင် ကြိုး'ပတ်ဖို့ ကန့်လန့်တန်းမှာ နည်းနည်းထွင်းပေးရမှာပါ။ တန်း အလယ်မှာ တနေရာတည်းချည်တော့ ခုံကိုလျှောချနေစဉ်ခုံက ဘယ်ညာနည်းနည်းယိမ်းလို့ ကြိုးကို ဘယ်ညာအစွန်း ၂ဘက်မှာ ချည်၊ အနောက်ခြေထောက်တွေရဲ့ အပြင်ကနေပတ်ယူပြီးမှ အနောက်မှာ ပူးကိုင်လိုက်ပါတယ်။ လက်မနာအောင် ရိန်းဘာကွင်းလိုကွင်းတခုနဲ့ပတ်ချည်ပြီးကိုင်နိုင်လျင် ပိုကောင်းမှာပါ။ ကျနော့မှာအဲလိုကွင်းမရှိတော့ လက်မှာရစ် ပြီး ကိုင်ပါတယ် အပေါ်ကိုဆွဲတင်တော့ လက်မှာပတ်ထားတဲ့နေရာတွေပွန်းပါတယ်။

လှေကားအဆင်းအတက်

အဆင်း
ကျနော်တို့လှေကားထစ် အစွန်းတွေမှာ မချော်အောင် အထစကလေးတွေထည့်ထားတော့  စဆင်းဖို့  နည်းနည်းကြံဖန်ရပါတယ်။ လျှောလမ်းသစ်သားထိပ်ဖျားကို စောင်းခုတ်ထားပါတယ်။ အပေါ်ဆုံးအဆင့် အစွန်းမှာဂျပ်ထူပြားခပ်တောင့်တောင့် ခင်းထားပြီး လျှောလမ်းအဖျားကို အဲဒီဂျက်ထူကဒ်ပေါ်တင်ထားပါတယ်။ လူကခုံပေါ်ကိုမထိုင်ခင်တည့်မတ်နေအောင်  ခုံအနောက်မှာ နောက်ထပ်ခုံတခုချထားပြီး လျှောလမ်း အနောက်ပိုင်းက အဲဒီခုံပေါ်မှာ မှီထားပါတယ်၊

လူထိုင်ပြီးတော့လျှောလမ်းအနောက်ချုပ်တန်းကနေအသာမပြီးခုထားတဲ့ခုံကိုထုတ်အနောက်ဘက်နည်းနည်းနှိမ့်ချပြီး အရှေ့ကတယောက်က ဂျပ်ထူပြားကို လှေကားထစ် အစွန်းကိုဆွဲသွားပါတယ်။
လှေကားထစ်အစွန်းကိုရောက်တော့ အရှေ့ကတယောက်က ခုံကိုမယိမ်းအောင်ထိန်းပေးဖို့ပဲလိုပါတယ်။ လျှောလမ်းက လှေကားထစ်တွေပေါ်မှာအသာကလေးလျှောဆင်းသွားတာကို အနောက်ကတယောက်က ကြိုးကိုထိန်းပြီး လိုက်ဆင်းသွားရုံပါပဲ။

အတက်
အတက် က စီးတဲ့ လူရဲ့အလေးချိန်ပေါ်တည်ပြီး အားစိုက်ရပေမယ့် အထစ်အငေါ့ပိုနည်းပါတယ်။ နားချင်လျင်လည်း လျှောလမ်း အဖျားကို အထစ်တထစ်မှာထားပြီး နည်းနည်းပိုမတ်မတ်ကိုင်ထားလျင် လျှောကျမှာကိုမပူရပါ။ ခုံအနောက်ကလူ ( အပေါ်ဘက်) ကြိုးကို ဆွဲတက်ပြီး ခုံအရှိကလူက ( အောက်ဘက်က)ခုံကိုဟန်ချက် ထိန်းရုံပါ။ ကူတွန်းပေးလို့လည်းရပါတယ်။ လက်ကိုင်ပါတဲ့ခုံဆို လက်ကိုင်ကနေတွန်းပေးလျင် ပိုအဆင်ပေပြမပါတယ်။
ဗွီဒီယိုတခုလုပ်ပြီးတင်ပေးပါဦးမယ်။


ရေရှည်သုံးဖို့လိုတယ်ဆိုလျင်တော့ တလက်မသံပိုက်၂ချောင်းကို အောက်က လျှောက်လမ်းလုပ်ပြီး ဟင်ဂလန်နဲ့ကန့်လန့်တွဲ ပိုက်အဖျားတွေကော့ထားလျင် ပိုခိုင်မှာပါ။ ပွတ်မှုအားနည်းတော့ ဆွဲရသူလည်းသက်သာမှာပါ။ ခုံကို ပိုတောင့်တဲ့ခုံသုံးပြီး လျှောလမ်း အနောက်ဘက်မှာ အရှေ့အနောက်ကစားလို့ရတဲ့ လက်ဆွဲကိုင်းတပ်ထားလျင် ဆွဲရတဲ့သူလည်း ပိုသက်တောင့်သက်သာရှိမယ်လို့တွေးမိပါတယ်။

ရေရှည်သုံးဖို့ ဖင်ချ ဒူးကွေးထိုင်နိုင်သူတွေ၊ ခြေဆင်းထိုင်နိုင်သူတွေအတွက် အလွယ်ကူဆုံးကတော့စွပ်ဖားပါ။ သံပိုက် သို့မဟုတ် သံဟင်ဂလန်ကိုသုံးလို့ရပါတယ်။ အပေါ်ဘက်ကနေကြိုးနဲ့ဆွဲမယ့်အစားအရှေ့အနောက်ကစားလို့ရတဲ့ လက်ဆွဲကိုင်းရှည်ရှည် တပ်ထားလျင် ဆွဲရတဲ့သူလည်း ပိုသက်တောင့်သက်သာရှိမှာပါ။





ဖိုးသုည
1-9-19

သူများနိုင်ငံမှာကတော့ စနစ်တကျထွင်တားတဲ့ ခုံကလေးတွေသုံးတာပေါ့ဗျာ။
https://youtu.be/srZfuD2qAHg
https://youtu.be/wHzO4PMbcGM
https://youtu.be/AKEOg6iIrA0 

ဓါတ္ေလွကားမရွိေသာ အေပၚထပ္တိုက္ခန္းေနသူမ်ား  လူမမာ အတင္အခ်လြယ္ကူေစရန္ေလွ်ာခုံ

 တေလာက အေမဒူးေခါင္းခြဲၿပီး အိမ္ျပန္ေရာက္ေတာ့  ဓါတ္ေလွကားမရွိတဲ့ တိုက္ပထမထပ္ကို တက္ဖို႔ အေမ့ကို ခုံမွာထိုင္ေစၿပီး လူသုံးေယာက္ ယက္ကန္ယက္ကန္နဲ႔ မ တင္ရပါတယ္။ ၿပီးေတာ့ ခါးေတြနာၾကပါေတာ့တယ္။

ျပသနာက ေနာက္ပိုင္းရက္ေတြ ရက္ခ်ိန္းျပန္ျပဖို႔နဲ႔ Physiotherapy သြားလုပ္ဖို႔ ေလွကားအတင္အခ်အတြက္ လူမရွိတာပါပဲ။ အနားပတ္ဝန္းက်င္မွာကလည္း အလုပ္ခ်ိန္မွာ အကူအညီေခၚလို႔မရတဲ့ေနရာျဖစ္ေနေတာ့ အိမ္မွာရွိတဲ့ က်ား ၁ မ ၁ နဲ႔ အေလးခ်ိန္ေပါင္ ၁၂၀ ရွိတဲ့အေမ့ကို အတင္အခ်လုပ္ႏိုင္ဖို႔ႀကံဖန္ရပါတယ္။

ဒီလိုနဲ႔ အိမ္မွာရွိတဲ့ပစၥည္းေတြနဲ႔ ႀကံဖန္လုပ္ထားတဲ့ ထိုင္ခုံ ေလွ်ာတခုကို စမ္းသပ္အၿပီး မွာေတာ့ အေမ့အတြက္ ေလွကားအတက္အဆင္းျပသနာေျပလည္သြားပါတယ္။  ဒါေၾကာင့္ကိုယ္လို အေပၚထပ္မွာေနၿပီး ေလွကားမဆင္းႏိုင္သူကို လူ ၂ ေယာက္တည္းနဲ႔ အတက္ အဆင္းလုပ္ဖို႔လိုတဲ့သူေတြအတြက္ အသုံးဝင္လိုဝင္ျငားဆိုၿပီး ရွဲလိုက္ပါတယ္။ ပိုေကာင္းတဲ့ပစၥည္းေတြနဲ႔နည္းေတြရွိၾကမွာပါ။ အခုနည္းကေတာ့ရွိတဲ့ပစၥည္းနဲ႔အဆင္ေျပသလိုလုပ္လို႔ရေအာင္ပါ။ အေမကလည္းကုလားထိုင္နဲ႔ပဲထိုင္လို႔ရၿပီး ခပ္ကမ္းၾကမ္းေဆာင့္တဲ့ဒါဏ္ကိုေတာင္မခံႏိုင္ေသးလို႔ပါ။

အေရးေပၚ အေပၚထပ္ကဆင္းျခင္သူေတြကေတာ့ပ်ဥ္ျပားဖင္ခုထိုင္ၿပီး ထိန္းကာေလွ်ာဆင္းသြားလို႔ရမယ္ထင္ပါတယ္။
ပုံ ၁

ေရရွည္သုံးဖို႔ဆိုလ်င္ သံေလွ်ာက္လမ္းနဲ႔ အလူမီနီယံခုံကို ဆြဲဖို႔ လက္ကိုင္ကိုင္းပါတပ္ၿပီး လုပ္ထားလ်င္ပိုေကာင္းပါတယ္။

အိမ္မွာရွိတဲ့ပစၥည္းေတြနဲ႔ က်ေနာ္စမ္းလုပ္ၿပီးသုံးေနတဲ့ခုံ အေၾကာင္း ကိုဒီမွာ ေရးေပးပါမယ္။ နားလည္တတ္ကြၽမ္းသူမ်ားကေတာ့ ပိုေကာင္းေအာင္လုပ္ႏိုင္မွာပါ။

လိုအပ္တဲ့ပစၥည္းမ်ား

(၁) ပလတ္စတစ္ခုံ ( ေပါ့ပါးခိုင္ခံေသာခုံ၊ လက္တန္းပါလ်င္ပိုေကာင္းသည္။ ေျခေထာက္ကို ေအာက္အထိုင္နဲ႔ ေသေသခ်ာခ်ာဆြဲလို႔ရတဲ့ အလူမီနီယံခုံရလ်င္ ပိုေကာင္းပါတယ္)

(၂) သစ္သားေခ်ာင္းမ်ား


  • ႏွစ္ တလက္မ သစ္မာ ၃ေပ ၂ေခ်ာင္း + တေပတေခ်ာင္း 
  • ႏွစ္ ပတ္လည္ တေပခြဲတေခ်ာင္း
  • သုံးတစ္ခြဲ တေပခြဲတေခ်ာင္း

(၃) တလက္မခြဲဝက္အူ ၁၄ ေခ်ာင္း

(၄) သစ္သားေဖာက္ရန္လြန္ပူ နဲ႔ ဝက္အူလွည့္

(၅) သစ္သားထြင္းရန္တလက္မေဆာက္နဲ႔ သံတူ

(၆) ႏိုင္လြန္ႀကိဳးခိုင္ခိုင္၁၀ ေပခန္႔ ( လက္ကိုင္ဆြဲရန္ ရိန္းဘားကြင္းတခုခ်ည္းထားလ်င္ ကိုင္လို႔ပိုလြယ္ပါတယ္။

(၇) ပလတ္စတစ္ထိုင္ခုံျဖတ္ရန္ သံျဖတ္လႊ ( အနားညႇိရန္ က်ားလွ်ာ တံစဥ္း)

(၈) တိုင္းတာမွတ္သားရန္ ေပတံနဲ႔ ခဲတံ စာ႐ြက္ အႀကီး (သို႔) ကတ္ထူျပား

(၉) ေလ်ာဆင္းရာမွာ ပိုမိုေခ်ာေမြ႕ ေပါ့ပါးေစရန္  ေလွ်ာက္လမ္းေအာက္ကခံဖို႔ ၂လက္မ ပလတ္စတစ္ဝါယာ Trunking ပိုက္

(၁၀ ) ေျမျပင္ညီတြင္ ခုံအေနာက္မွေထာက္ရန္ ေနာက္ထပ္ ပလတ္စတစ္ခုံတခု

(၁၁) သစ္သားေခ်ာင္းမ်ားကိုယာယီတြဲရန္ တလက္မခြဲသံ၄ေခ်ာင္းခန္႔

(၁၂) လူကို ခုံေနာက္မွီနဲ႔တြဲထားရန္ခါးပတ္တခု


ျပဳလုပ္ပုံ

(၁) ပထမဆုံးေလွကားရဲ႕ မတ္ေစာက္မႈကို တိုင္းပါတယ္။  ခုံကို ေလွကားအတက္အဆင္းမွာမတ္မတ္  (သို႔) အနည္းငယ္ ေနာက္ လွန္ ထိုင္လို႔ရမွ မေၾကာက္မွာျဖစ္ပါတယ္။ ခုံအေရွ႕ေျခထာက္ေအာက္ေျခကို ေအာက္ခံသစ္သားေပၚမွာ မိမိရရရွိဖို႔ဂ႐ုစိုက္ရပါတယ္။ အေရွ႕ကို ငိုက္မက်ေအာင္နဲ႔ လူရဲ႕ အေလးခ်ိန္ ခုံေျခေထာက္တဲ့ ေအာက္က ေလွ်ာက္လမ္းေပၚ  တည့္တည့္က် မွ ခုံ ျပဳတ္မထြက္ဘဲ ေဘးကင္းကင္း တင္းလို႔တက္လို႔ရမွာပါ။ ကဒ္ထူျပားေပၚမွာ ေလွကားအေစာင္းနဲ႔ ေရျပင္ညီလိုင္းကိုဆြဲၿပီးခုံအေရွ႕ေျခေထာက္ရဲ႕ အေနာက္စြန္းကို အေစာင္းလိုင္းေပၚမွာထားကာ အေနာက္ေျခေထာက္ကိုျဖတ္ဖို႔လ်ာထားပါတယ္။

(၂) အဲလိုတိုင္းတဲ့ အခါမွာ အေရွ႕ေျခေထာက္ေတြရဲ႕ေအာက္ေျခမ်က္ႏွာျပင္ကို ေရျပင္ညီမွာထားၿပီး သူတို႔ရဲ႕ အေနာက္စြန္းကို ေလွကားအေစာင္းလိုင္း ေပၚမွာထားပါတယ္။ ခုံရဲ႕ အေနာက္ေျခေထာက္ ၂ ေခ်ာင္းကိုေလွကားအေစာင္းလိုင္းအတိုင္းျဖတ္ရာမွာ အေစာင္းအတိုင္းပဲျဖတ္ပါတယ္။

(၃) ေလွကားေလွ်ာလမ္းလုပ္မယ့္  ႏွစ္ တလက္မ ၂ေခ်ာင္းကိုခုံေျခေထာက္ေတြအက်ဥ္းအက်ယ္အတိုင္း ( အေနာက္ေျခထာက္ျဖတ္ၿပီး ရွိတဲ့ အတိုအတိုင္း) ေျခေထာက္ေတြ ေလွ်ာလမ္းေပၚမွာ တည့္တည့္က်ေအာင္ ေနရာခ်ၿပီး  အေနာက္ကခ်ဳပ္မယ့္ ႏွစ္တလက္မ အတိုကိုသံနဲ႔ ယာယီတြဲပါတယ္။


(၄) ၿပီးေတာ့ ခုံ အေရွ႕ေျခေထာက္ ထိုင္ရမယ့္ သုံးတစ္ခြဲကန္႔လန္႔တန္း ကို ေနရာခ်ၿပီး ေလွ်ာလမ္းသစ္သားကိုထည့္ဖို႔အတြက္ ထြင္းပါတယ္။ ထြင္းတဲ့အခါမွာ  ကန္႔လန္႔တန္းအေပၚမ်က္ႏွာျပင္ကို ေရျပင္ညီရွိေစၿပီး ေလွ်ာလမ္းက ေလွကား အေစာင္းအတိုင္းရွိေစပါတယ္။ ၿပီးလ်င္ လိုသလို ညႇိၿပီး ေလွ်ာက္လမ္းသစ္သားကို အခံတန္းမွာထည့္ပါတယ္။ သစ္သားကို ပလတ္စတစ္ ဝါယာပိုက္ ခံထားလ်င္ ေလွ်ာရတာပိုၿပီးေခ်ာလို႔ လူသက္သာပါတယ္။ အဲလို ပလတ္စတစ္ထရန္႔ကင္းပိုက္ PVC wire trunking စြပ္မယ္ဆိုလ်င္ေတာ့ ထြင္းတဲ့အခါ ထရန္းကင္းအတြက္ နည္းနည္းပိုထြင္းရပါမယ္။

(၅) အေရွ႕ေျခေထာက္တင္တန္းေနသားတက်ျဖစ္ၿပီး ေျခေထာက္ေအာက္ေျခက တန္းေပၚမွာ ပိပိျပားျပားတည့္တည့္မတ္မတ္ရွိၿပီဆိုေတာ့မွ အဲဒီတန္း၂ခုကို ဝက္အူ တဖက္ ၂ေခ်ာင္းနဲ႔ စြဲပါတယ္။ ၿပီးေတာ့ ယာယီတြဲထားတဲ့ ခ်ဳပ္တန္းကိုျပန္ျဖဳတ္ၿပီး အေနာက္ေျခေထာက္ေတြ ေလွ်ာလမ္းေပၚမွာ ေသေသခ်ာခ်ာထိုင္မိေအာင္ျဖတ္ထားတဲ့ အစြန္းကို လိုသလိုညႇိပါတယ္။ အဲဒီေနာက္ေတာ့မွ ခုံကိုတင္ၿပီး ခုံအေရွ႕ေျခထာက္ေအာက္ခံနဲ႔ အထိုင္တန္းကို ဝက္အူနဲ႔ထပ္စြဲပါတယ္။

(၆) အေရွ႕ေျခေထာက္ေတြအထိုင္ေသခ်ာက်အၿပီးမွာေတာ့ အေနာက္ေျခေထာက္အထိန္းတန္း  (ႏွစ္ပတ္လည္ တေပခြဲတန္း )အတြက္ အမွတ္အသားေတြလုပ္ပါတယ္။ အထိန္းတန္းမွာေလွ်ာလမ္းသစ္သားကိုထည့္ဖို႔အတြက္ ထြင္းပါတယ္။ ထြင္းတဲ့အခါမွာ  ကန္႔လန္႔တန္းအေနာက္ဘက္မ်က္ႏွာျပင္က ခုံအေနာက္ေျခေထာက္ရဲ႕ အရွ႕မ်က္ႏွာျပင္နဲ႔ ေသေသခ်ာခ်ာကပ္မိေစေအာင္ထြင္းရညႇိရပါတယ္။  ေလွ်ာလမ္းက ေလွကား အေစာင္းအတိုင္းရွိေစပါတယ္။ အဲလိုထြင္းရာမွာ trunking ပါလ်င္ သူ႔အတြက္ ပိုထြင္းေပးရပါတယ္။ ( က်ေနာ္ကေတာ့ trunking အဆင္သင့္မရွိလို႔ မသုံးျဖစ္ခဲ့ပါ) ၿပီးလ်င္ေတာ့အဲဒီတန္းကို ေလွ်ာလမ္းသစ္သားနဲ႔ ဝက္အူ တဘက္ ၂ေခ်ာင္းသုံးၿပီး တြဲပါတယ္။ ၿပီးမွ ထိုင္ခုံအေနာက္ေျခေထာက္ကို တန္းနဲ႔ ဝက္အူထပ္စြဲပါတယ္၊။

(၇) ထိုင္ခုံေျခေထာက္ေတြအားလုံး ေသေသခ်ာခ်ာတြဲၿပီး ေနာက္ ေလွ်ာလမ္း ၂ခုပိုၿငီမ္ေအာင္ အေနာက္ဘက္အစြန္းကို ႏွစ္တလက္မ အတိုနဲ႔ ခ်ဳပ္ၿပီး ဝက္အူစြဲပါတယ္။

(၈) ခုံကို အေနာက္ကေနထိန္းခ်ဖို႔ နဲ႔ျပန္ဆြဲတင္ဖို႔ ႏိုင္လြန္ႀကိဳးေတာင့္ေတာင့္ကို ခ်ည္ရပါတယ္။ ႀကိဳးကို အေနာက္ခ်ဳပ္တန္းမွာ ခ်ည္လ်င္ မေတာ္တဆ မ မိၿပီး အေရွ႕ကို လွန္ခ်သလိုျဖစ္မွာစိုးလို႔ အေရွ႕ဆုံးတန္းမွာခ်ည္ပါတယ္။ ႀကိဳးကေအာက္မွာ လြတ္မလြတ္ၾကည့္ရပါတယ္ မလြတ္လ်င္ ႀကိဳး'ပတ္ဖို႔ ကန္႔လန္႔တန္းမွာ နည္းနည္းထြင္းေပးရမွာပါ။ တန္း အလယ္မွာ တေနရာတည္းခ်ည္ေတာ့ ခုံကိုေလွ်ာခ်ေနစဥ္ခုံက ဘယ္ညာနည္းနည္းယိမ္းလို႔ ႀကိဳးကို ဘယ္ညာအစြန္း ၂ဘက္မွာ ခ်ည္၊ အေနာက္ေျခေထာက္ေတြရဲ႕ အျပင္ကေနပတ္ယူၿပီးမွ အေနာက္မွာ ပူးကိုင္လိုက္ပါတယ္။ လက္မနာေအာင္ ရိန္းဘာကြင္းလိုကြင္းတခုနဲ႔ပတ္ခ်ည္ၿပီးကိုင္ႏိုင္လ်င္ ပိုေကာင္းမွာပါ။ က်ေနာ့မွာအဲလိုကြင္းမရွိေတာ့ လက္မွာရစ္ ၿပီး ကိုင္ပါတယ္ အေပၚကိုဆြဲတင္ေတာ့ လက္မွာပတ္ထားတဲ့ေနရာေတြပြန္းပါတယ္။

ေလွကားအဆင္းအတက္

အဆင္း

က်ေနာ္တို႔ေလွကားထစ္ အစြန္းေတြမွာ မေခ်ာ္ေအာင္ အထစကေလးေတြထည့္ထားေတာ့  စဆင္းဖို႔  နည္းနည္းႀကံဖန္ရပါတယ္။ ေလွ်ာလမ္းသစ္သားထိပ္ဖ်ားကို ေစာင္းခုတ္ထားပါတယ္။ အေပၚဆုံးအဆင့္ အစြန္းမွာဂ်ပ္ထူျပားခပ္ေတာင့္ေတာင့္ ခင္းထားၿပီး ေလွ်ာလမ္းအဖ်ားကို အဲဒီဂ်က္ထူကဒ္ေပၚတင္ထားပါတယ္။ လူကခုံေပၚကိုမထိုင္ခင္တည့္မတ္ေနေအာင္  ခုံအေနာက္မွာ ေနာက္ထပ္ခုံတခုခ်ထားၿပီး ေလွ်ာလမ္း အေနာက္ပိုင္းက အဲဒီခုံေပၚမွာ မွီထားပါတယ္၊

လူထိုင္ၿပီးေတာ့ေလွ်ာလမ္းအေနာက္ခ်ဳပ္တန္းကေနအသာမၿပီးခုထားတဲ့ခုံကိုထုတ္အေနာက္ဘက္နည္းနည္းႏွိမ့္ခ်ၿပီး အေရွ႕ကတေယာက္က ဂ်ပ္ထူျပားကို ေလွကားထစ္ အစြန္းကိုဆြဲသြားပါတယ္။

ေလွကားထစ္အစြန္းကိုေရာက္ေတာ့ အေရွ႕ကတေယာက္က ခုံကိုမယိမ္းေအာင္ထိန္းေပးဖို႔ပဲလိုပါတယ္။ ေလွ်ာလမ္းက ေလွကားထစ္ေတြေပၚမွာအသာကေလးေလွ်ာဆင္းသြားတာကို အေနာက္ကတေယာက္က ႀကိဳးကိုထိန္းၿပီး လိုက္ဆင္းသြား႐ုံပါပဲ။


အတက္

အတက္ က စီးတဲ့ လူရဲ႕အေလးခ်ိန္ေပၚတည္ၿပီး အားစိုက္ရေပမယ့္ အထစ္အေငါ့ပိုနည္းပါတယ္။ နားခ်င္လ်င္လည္း ေလွ်ာလမ္း အဖ်ားကို အထစ္တထစ္မွာထားၿပီး နည္းနည္းပိုမတ္မတ္ကိုင္ထားလ်င္ ေလွ်ာက်မွာကိုမပူရပါ။ ခုံအေနာက္ကလူ ( အေပၚဘက္) ႀကိဳးကို ဆြဲတက္ၿပီး ခုံအရွိကလူက ( ေအာက္ဘက္က)ခုံကိုဟန္ခ်က္ ထိန္း႐ုံပါ။ ကူတြန္းေပးလို႔လည္းရပါတယ္။ လက္ကိုင္ပါတဲ့ခုံဆို လက္ကိုင္ကေနတြန္းေပးလ်င္ ပိုအဆင္ေပျပမပါတယ္။

ဗြီဒီယိုတခုလုပ္ၿပီးတင္ေပးပါဦးမယ္။


ေရရွည္သုံးဖို႔လိုတယ္ဆိုလ်င္ေတာ့ တလက္မသံပိုက္၂ေခ်ာင္းကို ေအာက္က ေလွ်ာက္လမ္းလုပ္ၿပီး ဟင္ဂလန္နဲ႔ကန္႔လန္႔တြဲ ပိုက္အဖ်ားေတြေကာ့ထားလ်င္ ပိုခိုင္မွာပါ။ ပြတ္မႈအားနည္းေတာ့ ဆြဲရသူလည္းသက္သာမွာပါ။ ခုံကို ပိုေတာင့္တဲ့ခုံသုံးၿပီး ေလွ်ာလမ္း အေနာက္ဘက္မွာ အေရွ႕အေနာက္ကစားလို႔ရတဲ့ လက္ဆြဲကိုင္းတပ္ထားလ်င္ ဆြဲရတဲ့သူလည္း ပိုသက္ေတာင့္သက္သာရွိမယ္လို႔ေတြးမိပါတယ္။
ေရရွည္သုံးဖို႔ ဖင္ခ် ဒူးေကြးထိုင္ႏိုင္သူေတြ၊ ေျခဆင္းထိုင္ႏိုင္သူေတြအတြက္ အလြယ္ကူဆုံးကေတာ့စြပ္ဖားပါ။ သံပိုက္ သို႔မဟုတ္ သံဟင္ဂလန္ကိုသုံးလို႔ရပါတယ္။ အေပၚဘက္ကေနႀကိဳးနဲ႔ဆြဲမယ့္အစားအေရွ႕အေနာက္ကစားလို႔ရတဲ့ လက္ဆြဲကိုင္းရွည္ရွည္ တပ္ထားလ်င္ ဆြဲရတဲ့သူလည္း ပိုသက္ေတာင့္သက္သာရွိမွာပါ။

ဖိုးသုည

1-9-19



သူမ်ားႏိုင္ငံမွာကေတာ့ စနစ္တက်ထြင္တားတဲ့ ခုံကေလးေတြသုံးတာေပါ့ဗ်ာ။

https://youtu.be/srZfuD2qAHg

https://youtu.be/wHzO4PMbcGM

https://youtu.be/AKEOg6iIrA0

No comments:

Post a Comment