MiA1, A2 မဟုတ်သော တခြား Xiaomi ဖုန်းများကိုယူနီကုဒ်စနစ်သို့ပြောင်းခြင်း
မိမိဖုန်းက Global ROM သုံးတာလား China ROM ကိုသုံးတာလားဆိုတာသိထားလျင်ပိုကောင်းပါတယ်။
Global Version
Global version ဆို Theme> my page> Font ထဲမှာ Mi Lanting (default) font ကိုရွေးပေးပြီးအောက်မှာပေါ်လာတဲ့ apply ကိုနှိပ်၊ အဲဒီနောက်ဖုန်းကို reboot လုပ်လိုက်ပါ။
Theme ထဲမှာ Font ဆိုတာကိုမတွေ့ရလျင် setting > additional settings> region / locale> မှာ မြန်မာကိုရွေးပေးပါ။
ပြီးလျင် Theme ထဲ ပြန်ဝင်ကြည့်ပါ။ Font ဆိုတာပေါ်လာပါမယ်။
Region ကမြန်မာ နဲ့ India မဟုတ်လျင် Theme ထဲမှာ Font ဆိုတာကိုမတွေ့ရပါ။
ပြောင်းနည်း ဗီဒီယိုကြည့်ချင်လျင် https://youtu.be/AQsjG2Vf5d0
China Version
China ROM ဖြစ်ရင်တော့ setting> display> System font ထဲမှာအပေါ်ကလိုပဲ Mi Lanting (default) ကိုရွေးပြီး apply and reboot လုပ်ပါ။
ပြီးလျင်တော့ ယူနီကုဒ်ကီးဘုတ် တခုခုကို ထည့်သုံးလို့ရပါပြီ။
Unicode Keyboards
ဘယ်ကီးဘုတ်ကိုသုံးမလဲဆိုတာကတော့ကိုယ့်အကြိုက်နဲ့ကိုယ်ဖြစ်လို့ ယူနီကုဒ်ကီးဘုတ်များနှိုင်းယှဉ်ချက်ကိုပြထားပါတယ်. ဒေါင်းလုပ်လင့်တွေပါထည့်ပေးထားပါတယ်။
Frozen Keyboard - Unicode Myanmar
Bagan - Myanmar Keyboard
TTKeyboard - Myanmar Keyboard
Gboard
Swiftkey
K Keybaord
Manic - Myanmar Unicode Keyboard
MM Font Converter
Google for Xiaomi
အကယ်၍ Gboard နဲ့ ဂူးဂဲ app တွေ အဆင်မပြေခဲ့သော်
https://www.facebook.com/groups/myanmarxiaomifans/permalink/2613453038688746/
ဖိုးသုည
30-09-2019
No comments:
Post a Comment