Gboard သုံးပြီး မြန်မာစာရိုက်ခြင်း၊ လက်ရေးနဲ့ ရေးခြင်း၊ အသံနဲ့ ပြော၍ရေးခြင်း ၊ဘာသာပြန်နဲ့ရေးခြင်း
ယူနီကုဒ်အကြောင်း အချက်အလက်နဲ့ လင့်များ
2019 အောက်တိုဘာ ၁ရက်နေ့က စပြီး မြန်မာတနိုင်ငံလုံး ဇော်ဂျီကမနေ ယူနီကုဒ် စနစ်ကိုပြောင်းသုံးဖို့ဆော်ဩထားပြီးပါပြီ။အခုနောက်ပိုင်းထုတ် မိုဘိုင်းဖုန်းနဲ့ ကွန်ပြုတာတွေမှာ ယူနီကုဒ်ဖွန့်က အဆင်သင့်ပါပြီးသားဖြစ်လို ဖွန့်ထည့်သွင်းတဲ့ကိစ္စက ဇော်ဂျီဖွန့်ထည့်ရတဲ့ပြသနာမျိုးရှိမှာမဟုတ်ပါဘူး။
အများစုက မိုဘိုင်းဖုန်းသုံးကြတော့ မိုဘိုင်းဖုန်းအတွက်ကို အရင်ရေးပါမယ်။
ယူနီကုဒ်ကိုသုံးဖို့လိုအပ်တာက (၁) ဖွန့် နဲ့ (၂) ရေးဖို့ကီးဘုတ် တို့ပဲဖြစ်ပါတယ်။
မိမိဖုန်းက ယူနီကုဒ်အတွက် အဆင်သင့်ဖြစ်မဖြစ် သိချင်လျင် ဒီ လင့်ကိုနှိပ်ပြီး စစ်ဆးလို့ရပါတယ်။
https://mmunicode.org/check/
ဖုန်းထဲမှာ ဇော်ဂျီဖွ့န်ထည့်ထားလျင် ယူနီကုဒ်ဖွန့်အမှန်မပြလို့ ဇော်ဂျီကနေ default font ကိုပြောင်းပေးရပါမယ်။
font ပြောင်းနည်းကိုဒီမှာ ကြည့်ပါ။
http://unicodetoday.wpengine.com
ကီးဘုတ်ထည့်သွင်းပုံနဲ့ စာရိုက်နည်းတွေကိုဒီမှာတွေ့နိုင်ပါတယ်။
http://unicodetoday.wpengine.com/2018/01/09/android-gboard-tt-keyboard/
iPhone, iPad အတွက် Font, ttKeyboard ထည့်သွင်းနည်းည်း
အန်းဒွိုက်ဖုန်းတွေရဲ့အားသာချက်ကတော့ ဂူးဂဲကထည့်ပေးတတဲ့ Gboard ကီးဘုတ်နဲ့တွဲပြီး လက်ရေးနဲ့ရေးတဲ့ စနစ်ရယ်။ အသံနဲ့ပြောပြီး စာရေးတဲ့ စနစ်ရယ်ကိုတွဲသုံးလို့ရတာပဲဖြစ်ပါတယ်။
အဲဒီလိုသုံးနည်းကို အခုပြပေးမှာပါ။
၁။ ပထမဆုံးကတော့ အထက်မှာ ရေးထားသလို ဖွန့်ကို ယူနီကုဒ်ဖြစ်အောင် default font ကိုအရင်ပြောင်းရပါမယ်။
ဂျီဘုတ် ကီးဘုတ်ကို ထည့်သွင်းရန်နဲ့ပြင်ဆင်ရန်
၂။ ဂျီဘုတ် ကီးဘုတ်ကို ထည့်သွင်းရပါမယ် နောက်ပိုင်းဖုန်းတွေမှာ Gboard က အစကတည်းကပါလာတတ်ပေမယ့်မပါလာလျင်လည်း play store ကနေ ဒေါင်းပြီး ထည့်ပါ။https://play.google.com/store/apps/details?id=com.google.android.inputmethod.latin&hl=en
၃။ သွင်းထားတဲ့ ဂျီဘုတ်မှာ မြန်မာဘာသာကိုရွေးပေးရပါမယ်။
Gboard ကိုမြန်မာဘာသာနဲ့ set up လုပ်ရတာကို လွယ်ချင်ရင်တော့ ဖုန်း မှာ Language ကို ဗမာ လို့ အရင်ပြောင်းပါ။
ပြီးမှ Gboard ထည့်ရင် ဘာသာစကားနဲ့ အသံနဲ့ရိုက်တဲ့ ဘာသာစကားမှာ မြန်မာဘာသာကို အဆင်သင့်ထည့်ပေးပါတယ်။ အင်္ဂလိပ်ကီးဘုတ်တော့ ပြန်ထည့်ရတယ်။
မူလအစကတည်းက ဖုန်းမှာပါတဲ့ ဂျီဘုတ်အတွက်
(က) မူလအစကတည်းက ဖုန်းမှာပါတဲ့ ဂျီဘုတ်အတွက် Setting ကိုသွားပြီး Language & input ( Additional Settings) keybaords & input methods မှာ Gboard ကိုနှိပ်ပြီး Gboard settings ကိုသွားလို့ရပါတယ်။![]() |
ဖုန်းဆက်တင်မှ ဂျီဘုတ် ဆက်တင်ကိုသွားပုံ |
ကိုယ့်ဖာသာ ထည့်သွင်းတဲ့ Gboard ဆက်အပ်
ကိုယ့်ဖာသာ ထည့်သွင်းတဲ့ Gboard ဆိုလျင်တော့ install လုပ်ပြီးလို့ Gboard ကို စဖွင့်တာနဲ့ Gboard setup နဲ့ settings ကိုသွားပါတယ်။ permission တွေတောင်းလျင်ပေးလိုက်ပါ။![]() |
Step 2 ကိုဖုန်း setting> language & input ကနေ ပြောင်းလို့လဲရပါတယ်။ |
ကီးဘုတ်မှာ မြန်မာဘာသာစကားထည့်
Gboard settings ကိုရောက်လျင် မြန်မာဘာသာစကားထည့်သွင်းရန် အပေါ်ဆုံးက Languages ကိုနှိပ်ပြီး မြန်မာဘာသာကိုရှာပါ Burmese လို့ရိုက်ထည့်ပြီးရှာနိုင်သလို ပေးထားတဲ့ ဘာသာစကားစာရင်းထဲကနေ အောက်ကိုဆွဲချပြီး ရှာလို့လည်းရပါတယ်။လက်ရေးကီးဘုတ်ထည့်
တချိန်တည်းမှာပဲဘေးမှာ Handwriting ကိုပါရွေးပေးလို့ရပါတယ်။ ရွေးပြီးလျင်မြန်မာစာရေးလိုရဖို့ အင်တာနက်နဲ့ဆက်ထားပြီး ဘာသာစကားကို ဒေါင်းလုပ်လုပ်ခိုင်းလျင်လုပ်ပေးရမှာဖြစ်ပါတယ်။အကယ်၍ Handwriting ကိုရွေးဖို့မတွေ့လျင်လည်းမပူပါနဲ့ https://play.google.com/store/apps/details?id=com.google.android.apps.handwriting.ime&hl=en မှာဒေါင်းပြီးထည့်ပါ၊
voice typing အသံနဲ့ စာရိုက်ခြင်းအတွက်ပြင်ဆင်
Setting မှာ voice typing ကိုဖွင့်ပေးထားပါ. voice typing အောက်မှာ Offline speech recognition ကိုတို့ပြီးဖွင့်ပါ။ ပေါ်လာတဲ့ထဲက Languages ကိုနှိပ်ပြီး မြန်မာဘာသာ (မြန်မာ) ဒေါင်းလို့ရပါတယ်။ကိုရွေးပေးပြီး save ကိုနှိပ်ပါ။
သွင်းထားတဲ့ ဂျီဘုတ်ကို Current Keyboard ဖြစ်အောင်ရွေး
Gboard settings အားလုံးလုပ်ပြီးလျင်တော့၄ ။ သွင်းထားတဲ့ ဂျီဘုတ်ကို Current Keyboard ဖြစ်အောင်ရွေးပေးရပါမယ်။ ( Gboard install လုပ်ပြီးနောက် set up လုပ်ထားပြီးလျင် မလိုတော့ပါ)
Phone setting > language & input ( Additional settings> language & input) > Keyboards & input methods > current keybopard ထဲမှာ Gboard ကိုရွေးပေးပါ။
![]() |
ဒါဆိုလျင် Andriod phone မှာ Gboard ကိုသုံးပြီး မြန်မာစာ ယူနီကုဒ် ကို အလွယ်တကူရေးလို့ရပါပြီး
အသုံးပြုပုံ
ရေးတဲ့လက်ကွက် နဲ့ပါဒ်ဆင့်ရေးပုံ
ရေးတဲ့လက်ကွက်ကတော့ စာရေးတဲ့အစီအစဉ်အတိုင်းဖြစ်ပါတယ်။http://unicodetoday.wpengine.com/2018/01/09/android-gboard-tt-keyboard/
စာလုံးဆင့်ကို အဝါရောင်ပြထားသော ခလုတ်ဖြင့်ရိုက်ပါတယ်
အပေါ်မှာရှိရမယ့်စာကိုအရင်ရိုက်၊
ပြီးမှ အောက်မှာဝင်ရမယ့်စာလုံးမတိုင်ခင် အဲဒီပုံထဲက ဝိုင်းထားတဲ့ စာလုံးအောက်မှာ + ပြထားတဲ့ ခလုပ်ကိုနှိပ်။
ပြီး လျင် အောက်မှာဝင်ရမယ့်စာလုံးကိုရိုက်လို့ရပါပြီ။
အပေါ်မှာရှိရမယ့်စာကိုအရင်ရိုက်၊
ပြီးမှ အောက်မှာဝင်ရမယ့်စာလုံးမတိုင်ခင် အဲဒီပုံထဲက ဝိုင်းထားတဲ့ စာလုံးအောက်မှာ + ပြထားတဲ့ ခလုပ်ကိုနှိပ်။
ပြီး လျင် အောက်မှာဝင်ရမယ့်စာလုံးကိုရိုက်လို့ရပါပြီ။
မေ [ ေ + မ ]
မြေ [ ေ + မ +ြ ]
ကျောင်း [ ေ + က +ျ +ာ + င + ် + း ]
လိမ္မော် [ လ + ိ +ေ+မ+္+မ + ာ + ် ]
အင်္ဂါ [ အ + င + ် + ္ + ဂ + ါ ]
ဥက္ကဋ္ဌ [ ဥ + က + ္ + က + ဋ + ္ + ဌ ]
ဣန္ဒြေ [ ဣ + ေ + န + ္ + ဒ + ြ ]
မြေ [ ေ + မ +ြ ]
ကျောင်း [ ေ + က +ျ +ာ + င + ် + း ]
လိမ္မော် [ လ + ိ +ေ+မ+္+မ + ာ + ် ]
အင်္ဂါ [ အ + င + ် + ္ + ဂ + ါ ]
ဥက္ကဋ္ဌ [ ဥ + က + ္ + က + ဋ + ္ + ဌ ]
ဣန္ဒြေ [ ဣ + ေ + န + ္ + ဒ + ြ ]
ဘာသာစကားနဲ့ လက်ရေး ကို ပြောင်း
လက်ရေး ရေးနေလျင် အပေါ်ဆုံးတန်းမှာ ရွေးစရာစာလုံးပမှာဖြစ်ပြီး ကိုယ်ရေးချင်တာကိုရွေးပေးပါ။
အသံနဲ့ပြောတာကိုစာရိုက်ခိုင်း
ကီးဘုတ်မှာ မြန်မာဘာသာပြောင်းထားချိန် အပေါ်ဆုံးတန်းညာဘက်က မိုက်ကရိုဖုန်းပုံကိုနှပ်ပြီး အသံနဲ့ပြောတာကိုစာရိုက်ခိုင်းလို့ရပါတယ်။အကယ်၍ ကီးဘုတ်ဘာသာစကားက တခြားဘာသာဖြစ်နေလျင်တော့ကိုယ်ပြောတာကို ဆိုင်ရာဘာသာနဲ့ ရေးပေးမှာပါ။
လက်ရေကီးဘုတ်ကိုဖြုတ်ချင်လျင်
Phone setting > language & input ( Additional settings> language & input) > Keyboards & input methods > Gboard ကိုနှိပ်ပြီး သူ့ရဲ့ဆက်တင်ကိုပြန်ဝင်ပါ။ အဲဒီ setting Languages handwriting ကိုဘယ်ဖက် ဆုံးအောင်ဆွဲပြီးဖျက်လို့ရသလို ညာဖက်အပေါ်ကခဲတံကိုနှပ်ပြီး ကိုယ်ဖျက်မယ့်ကီးဘုတ်ကိုအမှတ်ခြစ်ပြီး အမှိုက်ပုံးထဲကိုထည့်လို့လည်းရပါတယ်။shortcut bar မှာလိုတာပြောင်း
ကီးဘုတ်ရဲ့ အပေါ်တန်းက short cut မှာပါတဲ့ အစက်သုံးစက်ကိုနှိပ်ပြီး shortcut bar မှာ ကိုယ်မြင်ချင်တဲ့ shortcut ကို ရွေပေးလို့ရပါတယ်။
ဘာသာပြန်
အဲဒီမှာပါတဲ့ translate ကိုသုံးပြီး မြန်မာလိုရေးကာ တခြားဘာသာတဲ့ ပေါ်စေပါတယ်။ မိမိ မရေးတတ်တဲ့ ဘာသာနဲ့ မက်ဆေ့ပြန်တာမျိုးမှာ အသုံးတည့်ပေမယ် ဘာသာပြန်တာ အမြဲမှန်တာတော့ မဟုတ်ပါ။
ဒီအကြောင်းတွေကို ဗွီဒီယိုနဲ့ကြည့်ချင်လည်းရပါတယ်။
Google installer v3.0
http://us1.fastandroid.download/app/Google_Installer-miui.blog_v3.0.apk
download link
https://my.pcloud.com/publink/show?code=XZ8VFT7Zrjqzlkx3Uvp972vDdpVg0QF4GOhk
(http://en.miui.com/thread-4509319-1-1.html)
Voice Typing မရလျင် ဒီ ကလေးထည့်ဖို့လိုနေတာဖြစ်နိုင်ပါတယ်.
https://play.google.com/store/apps/details?id=com.google.android.googlequicksearchbox&hl=en
ဒီ ဗီဒီယိုမှာကြည့်ပါ။
အားလုံးအဆင်ပြေကြပါစေ
ဖိုးသုည
2-9-19
No comments:
Post a Comment