ဖေ့စ်ဘုတ်ပရိုဖိုင်းနာမည်ကို မိမိ ID တင်၍ပြောင်းခြင်း/
မိမိ ဖေ့စ်ဘုတ်ပရိုဖိုင်းနာမည်ကို အားလုံးအပြည့်အစုံတဆက်တည်း ပေါ်စေခြင်း
ယူနီကုဒ်ပြောင်းပြီးနောက်ဖေ့စ်ဘုတ် ပရိုဖိုင်းက မြန်မာနာမည်တွေ တလွဲဖြစ်ကုန်လို့ ပြောင်းချင်တယ်။
ဖေ့ဘုတ်က ရက် ၆၀ အတွင်းနာမည်ပြောင်းကို ပိတ်ထားတယ်။
ကိုယ့်အမည်မှန်ကိုသုံးနေတယ်.
မှတ်ပုံတင် (သို့) ဓါတ်ပုံနဲ့ မွေးနေ့ပါဖေါ်ပြထားတဲ့ လိုင်စင် စတဲ့ ID တခုခုရှိတယ်။
အဲဒီ ID ကနာမည်ကို သုံးပြီး ဖေုဘုတ်နာမည်ကို ယူနီကုဒ်နဲ့ ရေးချင်တယ်ဆိုလျင်
(၁) ပေးထားတဲ့ လင့်က ပုံစံကိုဖြည့်ပါ။
https://www.facebook.com/help/contact/1417759018475333
(၂) နာမည်ကို ကိုယ်ရေးချင်တဲ့ အတိုင်းဖြည့်ပါ
နာမည်ကို တဆက်တည်းရေးပေးလည်းရပါတယ်။
First name နေရာမှာ မိမိနာမည် အပြည့်အစုံကို မြန်မာလို ယူနီကုဒ် နဲ့ ရေးပြီး
Surname နေရာမှာ အင်္ဂလိပ်လို No Surname လို့ဖြည့်ပါတယ်၊
(၃) မိမိရဲ့ တရားဝင် မှတ်ပုံတင် ( မြန်မာ ဘာသာနဲ့လဲရပါတယ်) သို့မဟုတ် ကားလိုင်စင် ကို ဓါတ်ပုံရိုက်ပြီးတင်ပေးရပါမယ်။
မှတ်ပုံတင် နံပတ် (သို့) လိုင်စင်နံပတ် သည် အရေးကြီးသည့်အတွက်နံပတ်ကို ပြစရာမလိုပါ။ ကာထားဖျက်ထားပါ။
နာမည်နဲ့ မွေး သက္ကရာဇ်တော့ ပြရပါမယ်။
နာမည် က အခုပုံစံမှာ ဖြည့်တာနဲ့တူရပါမယ်။
မွေး သက္ကရာဇ် က ဖေ့ဘုတ်မှာ တင်ထားတဲ့အတိုင်းဖြစ်ရပါမယ်။ မဖြစ်လျင် ပြင်ရမှာပါ.
ဖေ့ဘုတ် နာမည် ပြသနာတက်ပြီး ID တောင်းလျင်လည်းလုပ်ပုံတူပါတယ်။
ဖိုးသုည
၂၂-၉-၁၉
No comments:
Post a Comment