Monday, November 19, 2018

ဘာမဟုတ္တဲ့ ပစၥည္းကေလးတခုေၾကာင့္ သူမ်ားႏိုင္ငံ ေလဆိပ္မွာ ေခတၱထိန္းသိမ္း စစ္ေဆးတာခံရႏိုင္ၿပီး ေလယာဥ္လည္းလြတ္ကာ ဒုကၡမ်ားႏိုင္ပါတယ္ဆိုတဲ့ အေၾကာင္းကေလး။


ျဖစ္စဥ္ (၁)
တခါက ရန္ကုန္ေလဆိပ္ boarding gate လုံၿခဳံေရးစစ္ေဆးတဲ့ေနရာမွာ ၃ ႏွစ္ အ႐ြယ္ကေလးနဲ႔ သူ႔အေဖတို႔ရဲ႕ လက္ဆြဲအိတ္ကို ရဲေမတေယာက္က ဖြင့္ျပခိုင္းပါတယ္။
ဓါတ္မွန္ထဲျဖတ္စစ္ေတာ့ အိတ္တဲမွာ ခက္ရင္းတေခ်ာင္းေတြ႕လို႔ပါ။
ေလယာဥ္ေပၚ မွာအစားေကြၽးတာေတာင္ ပလတ္စတစ္ ဇြန္း ခက္ရင္းပဲေပးေတာ့တဲ့ ေခတ္ဆိုေတာ့ စတီးနဲ႔ လုပ္ထားတဲ့ ခြၽန္ထက္ေသာ ပစၥည္းေတြကို လူနဲ႔ အတူ ယူခြင့္ မျပဳဘူးကိုး။
အိတ္ကိုဖြင့္လိုက္ေတာ့ ကေလးအတြက္ ဇြန္းခက္ရင္းနဲ႔ တူ အစုံဘူးကေလး။
ရဲေမက စတီးခက္ရင္းကို ယူခြင့္မျပဳေၾကာင္းေျပာျပေတာ့ ကေလးအေဖကလည္း ေမ့ၿပီး ထည့္လာခဲ့မိေၾကာင္းရွင္းျပ။
ရဲေမက ခက္ရင္းကို ထုတ္ယူထားလိုက္ၿပီး က်န္တာေတြနဲ႔ ဘူးကေလးကို ျပန္အေပး ကေလးကို ၾကည့္ၿပီးေတြ ေဝသြားတယ္။ ပါးစပ္ကလည္း  "ေအာ္ သူကေလးရဲ႕ ဇြန္းခက္ရင္း အစုံကေလးေတာ့ ဘက္ပဲ့ သြားေတ့ာမွာပဲ" တဲ့ ။
ခက္ရင္းကေလးကို ျပန္ထည့္ေပးမလို႔လုပ္ရင္း ခ်ည္တုံခ်တုံျဖစ္ေနၿပီးေမးတယ္ "စကၤပူတင္ပဲလား၊ ဘယ္ကိုသြားမွာလဲ" တဲ့၊ "မဟုတ္ပါဘူး စကၤပူမွာ ေလယာဥ္ေျပာင္းၿပီး ခရီးဆက္ရမွာ" ဆိုေတာ့မွ ခက္ရင္းကေလးကို စိတ္မေကာင္းစြာ သိမ္းယူရင္း "အဲဒါဆိုရင္ေတာ့ ေပးယူလို႔ မျဖစ္ဘူး။ ဟိုမွာ ေလယာဥ္ေျပာင္းလို႔ ထပ္စစ္ရင္ ေတြ႕ၿပီး သိမ္းမွာပဲ။ သိမ္းတာက ျပသနာမရွိဘူး ဒီဘက္ကဘာလို႔ လႊတ္ေပးလိုက္လဲဆိုၿပီး ဆက္လိုက္လာဦးမွာ တဲ့"
(၁) တာဝန္အရ လုပ္ရေသာ္လည္း မိခင္စိတ္နဲ႔ ကေလးရဲ႕ ခက္ရင္းကို ျပန္ေပးခ်င္ေနတဲ့ ရဲေမ၊ ၾကင္နာစိတ္ရွိတယ္လို႔ ခ်ီးက်ဴးၾကမွာလား လုံၿခဳံေရး ရႈေထာင့္ကၾကည့္ၿပီး အျပစ္တင္ၾကမွာလား။
(၂) စကၤာပူဆိုတာ လုံၿခဳံေရးနဲ႔ ပတ္သက္လာရင္ အလြန္ တင္းၾကပ္ပါတယ္။


ျဖစ္စဥ္ (၂)
ျပည္ပေရာက္ ျမန္မာႏိုင္ငံသားတေယာက္ ရန္ကုန္ကို အျပန္ စကၤာပူမွာ ေလယာဥ္ေျပာင္းၿပီး Boarding ဝင္ေတာ့ ထုံးစံအတိုင္း လုံၿခဳံေရး အစစ္ေဆးခံရျပန္ပါတယ္။ အဲဒီမွာ အိတ္ထဲက က်ဥ္ဆံပုံ ေဆြဲသီးကေလး
ကိုေတြ႕ပါေလေရာ။ စထြက္လာတဲ့ ႏိုင္ငံမွာ ဘာမွ မေျပာဘဲ လႊတ္ေပးလိုက္တဲ့ ေသာ့ခ်ိတ္ကေလးအတြက္ စကၤာပူေလဆိပ္မွာေတာ့ ရဲေတြကို အေၾကာင္းၾကားလိုက္လို႔ တနာရီေက်ာ္ အစစ္ခံလိုက္ရတာ ေလယာဥ္ကမေစာင့္ေတာ့ဘဲ သူ႔ ပစၥည္းေတြခ်ထားခဲ့ၿပီးထြက္သြားပါေလေရာ။
ဘာမွ အႏၲရာယ္ေပးတဲ့ ပစၥည္းမဟုတ္လို႔ ျပသနာမလုပ္ဘဲ အဲဒါကေလးကို သူတို႔ အေရွ႕မွာလႊင့္ပစ္ခိုင္းလိုက္ၿပီး ခရီးဆက္ခြင့္ရေပမဲ့ ေလယာဥ္က ထြက္သြားၿပီမို႔ လြတ္သြားတဲ့ ေလယာဥ္ကခ်ထားခဲ့တဲ့ ပစၥည္းေတြကို Lost and found မွာ သြားေ႐ြး ေငြကုန္ခံၿပီး ေနာက္ထပ္လက္မွတ္ဝယ္၊ အခ်ိန္ကုန္ခံၿပီး ထပ္ေစာင့္ၿပီးမွ ႐ြာျပန္ရပါေတာ့တယ္။ နယ္ကေန ရန္ကုန္အထိလာႀကိဳတဲ့ မိသားစုေတြလည္း ကသိကေအာက္ေတြ ျဖစ္ရတာေပါ့။

ျဖစ္စဥ္ (၃) 


ကိုးရီးယားကိုသြားလည္တဲ့ မိသားစုတခု၊ ကေလးေတြက ကစား'စရာ လက္ပစ္ဗုံးပုံ ေသာ့ခ်ိတ္ကေလးေတြ ဝယ္ပါတယ္၊ ေလဆိပ္မွာ ခ်က္အင္ဝင္ေတာ့ မိဘေတြက ဝန္ထမ္းတါေကို ေမးပါေသးတယ္။ ေကာင္တာဥ ေလေၾကာင္းလိုင္းဝန္ထမ္းက လူနဲ႔ ယူသြားလို႔ရပါတယ္ တဲ့ ။ အထဲလဲ ဝင္ေရာ လုံၿခဳံေရးက သိမ္းထားလိုက္ပါတယ္။ စစ္တာေဆးတာ မလုပ္တာကိုပဲ ေက်းဇူးတင္ခဲ့ရပါသတဲ့ ။ 

ႏိုင္ငံအေတာ္မ်ားမ်ားမွာ ေလဆိပ္ လုံၿခဳံေရး စစ္ေဆးတဲ့ ေနရာမွာ၊ သတိေပး ေၾကျငာထားၿပီးသားျဖစ္တဲ့ တားျမစ္ထားတဲ့ လက္နက္အျဖစ္သုံးလို႔ရႏိုင္တဲ့ ပစၥည္းေတြကို ေတြ႕ရင္  ပစၥည္းကို သိမ္း႐ုံ သာမက ဒါဏ္ေငြပါတပ္သလို ေခတၱဖမ္းဆီးထိမ္းသိမ္းတာလည္းခံရႏိုင္ပါတယ္။
ကေလးကစားတဲ့ ေသနတ္ေတာင္ တကဲ့ ေသနတ္နဲ႔ တူရင္ ျပသနာ အလုပ္ခံရတတ္ပါတယ္။
အဲလို ကစားစရာ ေသနတ္ကိုယူလာမိလို႔သူမ်ားႏိုင္ငံ ေလဆိပ္မွာ တနာရီမက ရဲေတြစစ္ေဆးတာကို  ခံခဲ့ရတယ္ဆိုတဲ့အေၾကာင္းကိုလည္း မိတ္ေဆြတေယာက္က သူ႔ရဲ႕ အေတြ႕အႀကဳံကို ေျပာျပဖူးပါတယ္။
အဲဒါေၾကာင့္ ျပည္ပခရီးသြားမည့္သူမ်ား မိမိရဲ႕ခရီးေဆာင္ အိတ္ထဲမွာ ဆိုင္ရာႏိုင္ငံ၊ ခရီးေထာက္မည့္ႏိုင္ငံ နဲ႔ စီးမည့္ေလေၾကာင္းလိုင္းေတြက ကန႔္သတ္တားျမစ္ထားတဲ့ ပစၥည္းေတြ မပါေအာင္ ေသေသခ်ာခ်ာ ဂ႐ုစိုက္ စစ္ေဆးသင့္ပါတယ္ဆိုတဲ့ အေၾကာင္းကေလး မွ်ေဝတာပါ။
ဖိုးသုည
19-11-2018

နမူနာ စကၤာပူေလေၾကာင္းလိုင္းရဲ႕ ကန႔္သတ္ခ်က္ကေလးေတြပါ တင္ေပးထားပါတယ္။ https://www.singaporeair.com/en_UK/bn/travel-info/baggage/baggage-restrictions/nfo/baggage/baggage-restrictions/










ဘာမဟုတ်တဲ့ ပစ္စည်းကလေးတခုကြောင့် သူများနိုင်ငံ လေဆိပ်မှာ ခေတ္တထိန်းသိမ်း စစ်ဆေးတာခံရနိုင်ပြီး လေယာဉ်လည်းလွတ်ကာ ဒုက္ခများနိုင်ပါတယ်ဆိုတဲ့ အကြောင်းကလေး။  ( Unicode)


ဖြစ်စဉ် (၁)
တခါက ရန်ကုန်လေဆိပ် boarding gate လုံခြုံရေးစစ်ဆေးတဲ့နေရာမှာ ၃ နှစ် အရွယ်ကလေးနဲ့ သူ့အဖေတို့ရဲ့ လက်ဆွဲအိတ်ကို ရဲမေတယောက်က ဖွင့်ပြခိုင်းပါတယ်။
ဓါတ်မှန်ထဲဖြတ်စစ်တော့ အိတ်တဲမှာ ခက်ရင်းတချောင်းတွေ့လို့ပါ။
လေယာဉ်ပေါ် မှာအစားကျွေးတာတောင် ပလတ်စတစ် ဇွန်း ခက်ရင်းပဲပေးတော့တဲ့ ခေတ်ဆိုတော့ စတီးနဲ့ လုပ်ထားတဲ့ ချွန်ထက်သော ပစ္စည်းတွေကို လူနဲ့ အတူ ယူခွင့် မပြုဘူးကိုး။
အိတ်ကိုဖွင့်လိုက်တော့ ကလေးအတွက် ဇွန်းခက်ရင်းနဲ့ တူ အစုံဘူးကလေး။
ရဲမေက စတီးခက်ရင်းကို ယူခွင့်မပြုကြောင်းပြောပြတော့ ကလေးအဖေကလည်း မေ့ပြီး ထည့်လာခဲ့မိကြောင်းရှင်းပြ။
ရဲမေက ခက်ရင်းကို ထုတ်ယူထားလိုက်ပြီး ကျန်တာတွေနဲ့ ဘူးကလေးကို ပြန်အပေး ကလေးကို ကြည့်ပြီးတွေ ဝေသွားတယ်။ ပါးစပ်ကလည်း  "အော် သူကလေးရဲ့ ဇွန်းခက်ရင်း အစုံကလေးတော့ ဘက်ပဲ့ သွားတေ့ာမှာပဲ" တဲ့ ။
ခက်ရင်းကလေးကို ပြန်ထည့်ပေးမလို့လုပ်ရင်း ချည်တုံချတုံဖြစ်နေပြီးမေးတယ် "စင်္ကပူတင်ပဲလား၊ ဘယ်ကိုသွားမှာလဲ" တဲ့၊ "မဟုတ်ပါဘူး စင်္ကပူမှာ လေယာဉ်ပြောင်းပြီး ခရီးဆက်ရမှာ" ဆိုတော့မှ ခက်ရင်းကလေးကို စိတ်မကောင်းစွာ သိမ်းယူရင်း "အဲဒါဆိုရင်တော့ ပေးယူလို့ မဖြစ်ဘူး။ ဟိုမှာ လေယာဉ်ပြောင်းလို့ ထပ်စစ်ရင် တွေ့ပြီး သိမ်းမှာပဲ။ သိမ်းတာက ပြသနာမရှိဘူး ဒီဘက်ကဘာလို့ လွှတ်ပေးလိုက်လဲဆိုပြီး ဆက်လိုက်လာဦးမှာ တဲ့"
(၁) တာဝန်အရ လုပ်ရသော်လည်း မိခင်စိတ်နဲ့ ကလေးရဲ့ ခက်ရင်းကို ပြန်ပေးချင်နေတဲ့ ရဲမေ၊ ကြင်နာစိတ်ရှိတယ်လို့ ချီးကျူးကြမှာလား လုံခြုံရေး ရှုထောင့်ကကြည့်ပြီး အပြစ်တင်ကြမှာလား။
(၂) စင်္ကာပူဆိုတာ လုံခြုံရေးနဲ့ ပတ်သက်လာရင် အလွန် တင်းကြပ်ပါတယ်။

ဖြစ်စဉ် (၂)
ပြည်ပရောက် မြန်မာနိုင်ငံသားတယောက် ရန်ကုန်ကို အပြန် စင်္ကာပူမှာ လေယာဉ်ပြောင်းပြီး Boarding ဝင်တော့ ထုံးစံအတိုင်း လုံခြုံရေး အစစ်ဆေးခံရပြန်ပါတယ်။ အဲဒီမှာ အိတ်ထဲက ကျဉ်ဆံပုံ ဆွဲသီးကလေးကိုတွေ့ပါလေရော။ စထွက်လာတဲ့ နိုင်ငံမှာ ဘာမှ မပြောဘဲ လွှတ်ပေးလိုက်တဲ့ သော့ချိတ်ကလေးအတွက် စင်္ကာပူလေဆိပ်မှာတော့ ရဲတွေကို အကြောင်းကြားလိုက်လို့ တနာရီကျော် အစစ်ခံလိုက်ရတာ လေယာဉ်ကမစောင့်တော့ဘဲ သူ့ ပစ္စည်းတွေချထားခဲ့ပြီးထွက်သွားပါလေရော။
ဘာမှ အန္တရာယ်ပေးတဲ့ ပစ္စည်းမဟုတ်လို့ ပြသနာမလုပ်ဘဲ အဲဒါကလေးကို သူတို့ အရှေ့မှာလွှင့်ပစ်ခိုင်းလိုက်ပြီး ခရီးဆက်ခွင့်ရပေမဲ့ လေယာဉ်က ထွက်သွားပြီမို့ လွတ်သွားတဲ့ လေယာဉ်ကချထားခဲ့တဲ့ ပစ္စည်းတွေကို Lost and found မှာ သွားရွေး ငွေကုန်ခံပြီး နောက်ထပ်လက်မှတ်ဝယ်၊ အချိန်ကုန်ခံပြီး ထပ်စောင့်ပြီးမှ ရွာပြန်ရပါတော့တယ်။ နယ်ကနေ ရန်ကုန်အထိလာကြိုတဲ့ မိသားစုတွေလည်း ကသိကအောက်တွေ ဖြစ်ရတာပေါ့။
ဖြစ်စဉ် (၃) 
ကိုးရီးယားကိုသွားလည်တဲ့ မိသားစုတခု၊ ကလေးတွေက ကစား'စရာ လက်ပစ်ဗုံးပုံ သော့ချိတ်ကလေးတွေ ဝယ်ပါတယ်၊ လေဆိပ်မှာ ချက်အင်ဝင်တော့ မိဘတွေက ဝန်ထမ်းတါေကို မေးပါသေးတယ်။ ကောင်တာဥ လေကြောင်းလိုင်းဝန်ထမ်းက လူနဲ့ ယူသွားလို့ရပါတယ် တဲ့ ။ အထဲလဲ ဝင်ရော လုံခြုံရေးက သိမ်းထားလိုက်ပါတယ်။ စစ်တာဆေးတာ မလုပ်တာကိုပဲ ကျေးဇူးတင်ခဲ့ရပါသတဲ့ ။ 
  
နိုင်ငံအတော်များများမှာ လေဆိပ် လုံခြုံရေး စစ်ဆေးတဲ့ နေရာမှာ၊ သတိပေး ကြေငြာထားပြီးသားဖြစ်တဲ့ တားမြစ်ထားတဲ့ လက်နက်အဖြစ်သုံးလို့ရနိုင်တဲ့ ပစ္စည်းတွေကို တွေ့ရင်  ပစ္စည်းကို သိမ်းရုံ သာမက ဒါဏ်ငွေပါတပ်သလို ခေတ္တဖမ်းဆီးထိမ်းသိမ်းတာလည်းခံရနိုင်ပါတယ်။
ကလေးကစားတဲ့ သေနတ်တောင် တကဲ့ သေနတ်နဲ့ တူရင် ပြသနာ အလုပ်ခံရတတ်ပါတယ်။
အဲလို ကစားစရာ သေနတ်ကိုယူလာမိလို့သူများနိုင်ငံ လေဆိပ်မှာ တနာရီမက ရဲတွေစစ်ဆေးတာကို  ခံခဲ့ရတယ်ဆိုတဲ့အကြောင်းကိုလည်း မိတ်ဆွေတယောက်က သူ့ရဲ့ အတွေ့အကြုံကို ပြောပြဖူးပါတယ်။
အဲဒါကြောင့် ပြည်ပခရီးသွားမည့်သူများ မိမိရဲ့ခရီးဆောင် အိတ်ထဲမှာ ဆိုင်ရာနိုင်ငံ၊ ခရီးထောက်မည့်နိုင်ငံ နဲ့ စီးမည့်လေကြောင်းလိုင်းတွေက ကန့်သတ်တားမြစ်ထားတဲ့ ပစ္စည်းတွေ မပါအောင် သေသေချာချာ ဂရုစိုက် စစ်ဆေးသင့်ပါတယ်ဆိုတဲ့ အကြောင်းကလေး မျှဝေတာပါ။
ဖိုးသုည
19-11-2018


နမူနာ စင်္ကာပူလေကြောင်းလိုင်းရဲ့ ကန့်သတ်ချက်ကလေးတွေပါ တင်ပေးထားပါတယ်။ https://www.singaporeair.com/en_UK/bn/travel-info/baggage/baggage-restrictions/


Thursday, August 2, 2018

ေသြးလြန္တုပ္ေကြးနဲ႔ဇီကာေရာဂါ ျပန္ပြားမႈကို တားဆီးျဖတ္ေတာက္ေပးမဲ့ ဝိုလ္ဘားခ်ီးယား (Wolbachia) စစ္သည္ေတာ္မ်ား (သွေးလွန်တုပ်ကွေးနဲ့ဇီကာရောဂါ ပြန်ပွားမှုကို တားဆီးဖြတ်တောက်ပေးမဲ့ ဝိုလ်ဘားချီးယား (Wolbachia) စစ်သည်တော်များ )

ေသြးလြန္တုပ္ေကြးနဲ႔ဇီကာေရာဂါ ျပန္ပြားမႈကို တားဆီးျဖတ္ေတာက္ေပးမဲ့ ဝိုလ္ဘားခ်ီးယား (Wolbachia)  စစ္သည္ေတာ္မ်ား (ေဇာ္ဂ်ီ)

ေသြးလြန္တုပ္ေကြးဆိုတာ 
ေသြးလြန္တုပ္ေကြးဆိုတာ ျမန္မာျပည္မွာ ႏွစ္စဥ္ မိုးဦး၊ မိုးေႏွာင္းမွာ ကေလးေပါင္းမ်ားစြာသာမက လူႀကီးေတြ၊ အထူးသျဖင့္ သက္ႀကီး ႐ြယ္အိုေတြကိုပါ ဒုကၡေပးၿပီ အသက္ဇီဝိန္တခ်ိဳ႕ကိုပါ ေႁခြေလ့ရွိတဲ့ ကေလးမိဘမ်ား လုံးဝမၾကားခ်င္တဲ့ Dengue ဗိုင္းရပ္စ္ပိုးေၾကာင့္ ျဖစ္တဲ့ ေရာဂါတမ်ိဳးပါ။
WHO မွတ္တမ္းမ်ားအရ ႏွစ္စဥ္ လူဦးေရ သန္း ၅၀ ကေန ၁၀၀ ေလာက္ကို ေသြးလြန္တုပ္ေကြးဗိုင္းရပ္စ္  ကူးစက္ၿပီး၊ အဲဒီအထဲက ၅ သိန္းေလာက္က ေဆး႐ုံတင္ ကုရေအာင္ဆိုး႐ြားပါတယ္။  အေသအေပ်ာက္က ၂.၅ ရာႏႈန္းေလာက္ထိရွိတယ္ဆိုပါတယ္။ 
ေအးဒီးစ္ (Aedes) ျခင္က ေရာဂါရွိသူကိုကိုက္ၿပီး ေသြးစုပ္ရာက အဲဒီဗိုင္းရပ္စ္ အမ်ားအျပားကို ရရွိၿပီး ပိုးက ျခင္ရဲ႕ကိုယ္ထဲမွာ ၈ -၁၂ ရက္ေလာက္ေနၿပီး ထပ္ပြားရပါတယ္။ အဲလိုပြားၿပီး ခ်ိန္မွာ ေနာက္လူတေယာက္ကို ကိုက္ရင္ေတာ့ အဲဒီဗိုင္းရပ္ေတြက ေနာက္အကိုက္ခံရတဲ့ လူထဲကို ဝင္သြားၿပီး ၄-၇ ရက္ အၾကာမွာ ေရာဂါ လကၡဏာျပပါတယ္။ လူကေနေနာက္လူတေယာက္ကိုေတာ့ တိုက္႐ိုက္မကူးႏိုင္ပါဘူး။ 
ကမာၻ႔ ေဆးသိပၸံပညာရွင္ေတြဟာ အမ်ိဳးကြဲ ေလးမ်ိဳးရွိတဲ့ အဲဒီ အေျပာင္းအလဲျမန္ၿပီး လူ႔ခႏၶာရဲ႕ ကိုယ္ခံအားစနစ္ကို နည္းမ်ိဳးစုံနဲ႔ လွည့္ျဖားတတ္တဲ့ Dengue virus ဗိုင္းရပ္စ္ပိုးကိုသတ္ဖို႔ေဆးနဲ႔ ကာကြယ္ဖို႔ကာကြယ္ေဆး ထုတ္ႏိုင္ဖို႔ ႀကိဳးစားေနၾကတာ ဆယ္စုႏွစ္နဲ႔ ခ်ီေနေပမဲ့ မေအာင္ျမင္ႏိုင္ေသးပါဘူး။ 
အဲဒါေၾကာင့္ ေလာေလာဆယ္မွာ ေရာဂါျပန္ပြားကူးစက္ဖို႔ မရွိမျဖစ္လိုအပ္တဲ့၊ လူတဦးကေနေနာက္တဦးဆီ  ေရာဂါပိုးကို သယ္ေဆာင္ျဖန္႔ျဖဴးကူးစက္ေစတဲ့ ေအးဒီးစ္ (Aedes) ျခင္ အကိုက္မခံရေအာင္ကာကြယ္ေရးနဲ႔ ျခင္ႏွိမ္နင္ေရးကိုသာ အေလးေပးလုပ္ေဆာင္ေနရပါတယ္။
ေသြးလြန္တုပ္ေကြး အျဖစ္မ်ားသောနိုင္ငံမ်ား


ေမွ်ာ္လင့္ခ်က္ ေရာင္ျခည္
မၾကာေသးခင္ကာတခုမွာေတာ့ ဩစေတးသွ်ႏိုင္ငံ Monash တကၠသိုလ္က သုေတသီပညာရွင္ေတြက ေအးဒီးစ္ (Aedes) ျခင္ေတြကို ဝိုလ္ဘားခ်ီးယား (Wolbachia) ဆိုတဲ့ အႏၲရာယ္မေပးတတ္တဲ့ ဘက္တီးရီးဘားပိုးတမ်ိဳး ထည့္သြင္းေပးျခင္းျဖင့္ အဲဒီျခင္ေတြရဲ႕ ကိုယ္တြင္းမွာ ဗိုင္းရပ္စ္ပိုးေတြ မျပန္႔ပြားႏိုင္ေအာင္ တားဆီးႏိုင္တာကို ေတြ႕ရွိခဲ့ၾကပါတယ္။ အဲဒီလိုျခင္ေတြရဲ႕ ကိုယ္တြင္းမွာ လူေတြကို ဒုကၡေပးမဲ့ ဗိုင္းရပ္စ္ပိုးေတြ မျပန္႔ပြားႏိုင္ေတာ့တဲ့ အတြက္ ျခင္ကေန လူကိုဆက္လက္ကူးစက္ျပန္႔ပြားဖို႔လဲ မျဖစ္ႏိုင္ေတာ့ဘဲ ေရာဂါျပန္႔ပြားမႈကြင္းဆက္ကို ျဖတ္ေတာက္ႏိုင္ၿပီး ေရာဂါျပန္ပြားမႈကို ထိန္းခ်ဳပ္ႏိုင္သြားပါတယ္။ 


အလားအလာေကာင္းတဲ့ ေနာက္ဆုံး စမ္းသပ္ေတြ႕ရွိခ်က္
ဩစေတးသွ်ႏိုင္ငံမွာ ၂၀၁၁ မွာစတင္ခဲ့တဲ့ The World Mosquito Program (WMP) ရဲ႕  ေအာင္ျမင္တဲ့ ေရွးေျပးစမ္းသပ္ပေရာဂ်က္ တခုကေတာ့ ေသြးလြန္တုပ္ေကြးေရာဂါ ပုံမွန္လိုလိုျပန္႔ပြားေနတဲ့ လူဦးေရ ၁၈၇၀၀ ရွိတဲ့ Townsville ၿမိ့မွာ ဝိုလ္ဘားခ်ီးယား ဘက္တီးရီးယားပိုးေတြ သယ္ေဆာင္ထားတဲ့ ျခင္ေတြကို ၂၀၁၄ ခုႏွစ္က စလို႔  ၂၈ လအတြင္း အဆင့္ေလးဆင့္နဲ႔ ျပန္႔ပြားေစခဲ့ပါတယ္။ အဲဒီ ဝိုလ္ဘားခ်ီးယား ဘက္တီးရီးယားပိုးေတြ သယ္ေဆာင္ထားတဲ့ ျခင္အေကာင္ေရက ေဒသရဲ႕ ျခင္ေတြထဲမွာ လႊမ္းမိုးမႈရလာၿပီး ေနာက္မွာေတာ့ ေဒသအတြင္းကူးစက္ျပန႔္ပြားတဲ့ ေသြးလြန္တုပ္ေကြးျဖစ္ပြားသူ လုံးဝမရွိေတာ့တာကိုေတြ႕ရပါတယ္။


ဝိုလ္ဘားခ်ီးယား (Wolbachia) ဆိုတာဘာလဲ?
ဝိုလ္ဘားခ်ီးယား (Wolbachia) ဆိုတာ ဖလံ၊ အသီးစားယင္၊ ပုဇင္း၊ လိပ္ျပာ စတဲ့ အင္းဆက္ေတြရဲ႕ ၆၀ ရာႏႈန္းေလာက္မွာ သဘာဝအတိုင္းရွိတဲ့ အႏၲရာယ္မေပးတတ္တဲ့ ဘက္တီးရီးယားအမ်ိဳးပါ။
တခ်ိန္မွာ ဗီဇေဖါက္ျပန္ၿပီး ဒုကၡေပးမွာကို စိုးရိမ္ရတဲ့၊ မ်ိဳး႐ိုးဗီဇ ျပဳျပင္ထားးတဲ့ပိုးမ်ိဳး လုံးဝမဟုတ္ပါ။ 
ဒါေပမဲ့ေအးဒီးစ္ျခင္ေတြထဲမွာေတာ့ ဝိုလ္ဘားခ်ီးယားက သဘာဝအတိုင္းဆိုမရွိပါ။ အဲဒီဘက္တီးရီးယားကို သုေတသီေတြက ေအးဒီးစ္ျခင္ဥကေလးေတြထဲကို အလြန္ေသးငယ္တဲ့ အပ္သုံးၿပီးထိုးထဲ့ေပးတဲ့ အခါ ဥကေပါက္လာတဲ့ ျခင္ေတြမွာ အဲဒီ ဘက္တီးရီးယားေတြပါလာပါတယ္။ အဲလို ဘက္တီးရီးယားပါလာတဲ့ ျခင္မေတြက ဆက္ပြားလာတဲ့ မ်ိဳးဆက္သစ္ေတြမွာ အဲဒီဘက္တီးရီးယား ေတြဆက္ၿပီးလက္ဆင့္ကမ္း ပါလာပါတယ္။ 
ေအးဒီးစ္ျခင္ေတြထဲမွာ အဲဒီ ဘက္တီးရီးယားရွိေနတဲ့ အခါ သူ႔ခႏၶာထဲဝင္လာတဲ့ ေသြးလြန္တုပ္ေကြး၊ ဇီကာ။ Yellow fever နဲ႔ chikungunya ဗိုင္းရပ္ပိုးေတြကို ဆက္လက္ျပန္႔ပြားျခင္းမရွိေအာင္ တားျမစ္ထားလိုက္ပါတယ္။ အဲဒီဗိုင္းရပ္စ္ေတြဟာ ျခင္ရဲ႕ ခႏၶာထဲမွာ ဆက္မပြားႏိုင္ေတာ့တဲ့ အတြက္ အဲဒီျခင္ေတြက ေနာက္ထပ္လူေတြကို ကိုက္ရင္လဲ အကိုက္ခံရသူကို ေရာဂါမေပးႏိုင္ေတာ့ပါဘူး။ 
အဲဒါေၾကာင့္ လူေတြရဲ႕ပတ္ဝန္းက်င္မွာရွိတဲ့ ေအးဒီးစ္ျခင္အားလုံးနီးပါးထဲမွာ ဝိုလ္ဘားခ်ီးယား ဘက္တီးရီးယား ရွိေနေအာင္လုပ္ပးႏိုင္ရင္ အထက္ေဖၚျပပါဗိုင္းရပ္ေလးမ်ိဳးေၾကာင့္ျဖစ္တဲ့ ေရာဂါေတြ ျပန္႔ပြားမႈ လုံးဝ ရပ္တန္႔သြားၿပီး တခ်ိန္မွာ လုံးဝ ကြယ္ေပ်ာက္သြားေအာင္ လုပ္ေဆာင္ႏိုင္မလားဆိုၿပီး ေမွ်ာ္လင့္ မွန္းဆေနၾကပါတယ္။
ဝိုလ္ဘားခ်ီးယား (Wolbachia)

Townsville ၿမိဳ႕ကပေရာဂ်က္ 
၂၀၁၄ ခုမွာ စတင္ခဲ့ တဲ့အဲဒီစမ္းသပ္မႈကို ေဘးအႏၲရာယ္ ကင္းရွင္းေၾကာင္း စစ္ေဆးအတည္ျပဳၿပီးမွ ေဒသခံအာဏာပိုင္ေတြ ပညာရွင္ေတြနဲ႔ လူထုရဲ႕ ခြင့္ျပဳခ်က္အျပင္ အတူ ပူးေပါင္းေဆာင္႐ြက္မႉပါ ရယူၿပီး ေဆာင္႐ြက္ခဲ့ၾကပါတယ္။ ပထမဆုံး အဲဒီၿမိဳ႕က ေဒသခံေအးဒီးစ္ ျခင္ဥေတြကို စုၿပီး ဝိုလ္ဘားခ်ီးယား ဘက္တီးရီးယားပိုးေတြကို ထိုးထဲ့ေပးပါတယ္။ ၿပီးေတာ့ သုေတသနျခင္ေမြး႐ုံေတြမွာ  အေကာင္ေဖါက္၊ တခါ သားျပန္ေဖါက္ၿပီး လိုအပ္တဲ့ အရအတြက္ရွိတဲ့ ဝိုလ္ဘားခ်ီးယား ပါတဲ့ ေဒသခံ ေအးဒီးစ္ျခင္ဥေတြရေအာင္ စုေဆာင္းပါတယ္။ ရလာေတာ့ မွ လူထုပါဝင္မႈနဲ႔ အဲဒီျခင္ဥပါတဲ့ mosquito release containers (MRCs) လို႔ေခၚတဲ့ ပုံးေတြကို ၿမိဳ႕ထဲက ျခင္ေပါက္ဖို႔သင့္ေတာ္တဲ့ ေနရာေတြမွာ မွ်တတဲ့ ျပန္႔ႏွံ႔မႈရေအာင္ စနစ္တက် ေ႐ြးခ်ယ္ ခ်ထားေပးပါတယ္။ ၿမိဳ႕ရဲ႕ ေသြးလြန္တုပ္ေကြးအျဖစ္မ်ားတဲ့ ေနရာ၊ ေအးဒီးျခင္ေပါက္ဖြားႏိုင္တဲ့ ေနရာေတြကိုစနစ္တက် ခြဲျခားၿပီး အဆင့္ေလးဆင့္နဲ႔ ေနရာခြဲေဆာင္႐ြက္ပါတယ္။ (MRCs) ပုံးေတြကို ပထမအဆင့္မွာ စီမံခ်က္ ဝန္ထမ္းေတြက ေနရာခ်ထားၿပီး ပုံမွန္ ေစာင့္ေရွာက္ေပးခဲ့ရာ တပုံးလ်င္ ပ်မ္းမွ် ျခင္ ၈၈ ေကာင္ စီ လႊတ္ေပးႏိုင္ခဲ့ၾကပါတယ္။ ေနာက္ပိုင္းအဆင့္ေတြမွာေတာ့ လူထုနဲ႔ စာသင္ေက်ာင္းက ကေလးေတြကိုပါ ပညာေပးရင္း ပူးေပါင္း ပါဝင္ေစပါတယ္။ အဆင့္ေလးဆင့္အၿပီးမွာ Townsville ၿမိဳ႕ ေပၚနဲ႔ ဆင္ျခဖုန္းမွာ ဝိုလ္ဘားခ်ီးယားပါတဲ့ ျခင္စုစုေပါင္း ၄သန္းကိုလႊတ္ေပးႏိုင္ခဲ့ပါတယ္။ အဲဒီ ျခင္ေတြက နယ္ခံ တျခားျခင္ေတြနဲ႔ အဝါဟဝိဝါဟ ျပဳၾကၿပီး ဝိုလ္ဘားခ်ီးယား ပါတဲ့ ျခင္ေတြ ပိုပိုၿပီး မ်ားလာပါတယ္။ အဲဒီကာလအတြင္း သတ္မွတ္ေနရာေတြမွာ သတ္မွတ္ထားတဲ့ အခ်ိန္ အတိုင္း အတာအလိုက္ Biogents Sentinal (BGS) traps ျခင္ဖမ္းေထာင္ေျခာက္ ၁၇၂ ခုကို သုံးၿပီး ျခင္ေတြကိုဖမ္းကာ သူတို႔ရဲ႕ ကိုယ္ထဲမွာ ဝိုလ္ဘားခ်ီးယား ပါဝင္လာမႈကို စဥ္ဆက္မျပတ္ ေစာင့္ၾကည့္ေလ့လာၾကပါတယ္။ အဲဒီလို ေဆာင္႐ြက္ၾကရာမွာ ရက္သတၱ ၂ ပတ္ဆက္တိုက္ ဖမ္းမိတဲ့ ျခင္ေတြထဲမွာ ဝိုလ္ဘားခ်ီးယားပိုးပါတဲ့ျခင္ အေရအတြက္ ထက္ဝက္ေက်ာ္ ရမွ အဆင့္တခုခ်င္းရဲ႕ ရည္မွန္းခ်က္ျပည့္တာ ျဖစ္ပါတယ္။
အဲဒီကာလအတြင္းမွာ ေဒသအတြင္း ေသြးလြန္တုပ္ေကြးျဖစ္ပြားမႈ မွတ္တမ္းကိုလည္း ျပည္လည္စစ္ထုတ္ ဆန္းစစ္ပါတယ္။ ၂၀၁၄ ႏိုဝင္ဘာကေန ၂၀၁၈ ဂြၽန္လအထိ ၄၄လ ကာအအတြင္း စမ္းသပ္ေဒအတြင္းကူးစက္တဲ့ ေသြးလြန္တုပ္ေကြးလူနာ ၄ေယာက္သာရွိခဲ့ပါတယ္။ အဲဒီစမ္းသပ္မႈမတိုင္မီ ၄ႏွစ္ရဲ႕ အလားတူကာလမွာတုန္းက စမ္းသပ္ေဒအတြင္းကူးစက္တဲ့ လူနာ ၅၄ေယာက္ ရွိခဲ့တာပါ။ အဲဒီကာလအတြင္း ကူးစက္ခံရတဲ့ လူနာ ၄ေယာက္ကို ထပ္မံစိစစ္ရာမွာ ဝိုလ္ဘားခ်ီးယားပါတဲ့ ျခင္အေကာင္ေရ လႊမ္းၿခဳံမႈရထားၿပီးတဲ့ ေနရာေတြမွာ ကူးစက္ခံရတာ မဟုတ္တာကိုေတြ႕ရပါတယ္။  
အဲဒါေၾကာင့္ ေနာက္ဆုံးမွာ ဝိုလ္ဘားခ်ီးယားပါတဲ့ ျခင္အေကာင္ေရ လႊမ္းၿခဳံမႈ ရထားၿပီးတဲ့ ေနရာေတြမွာ ေဒအတြင္းကူးစက္တဲ့ ေသြးလြန္တုပ္ေကြးျဖစ္ပြားမႈ လုံးဝမရွိေတာ့ ဘူးလို႔ အေျဖထြက္လာတာပါ။ 
Townsville ၿမိဳ႕ကစမ္းသက္မႈအတြက္ ကုန္က်စားရိတ္ကို လူဦးေရးအခ်ိဳးအစားနဲ႔ တြက္ရာမွာေတာ့ စမ္းသပ္ကာလျဖစ္လို႔ ႀကီးၾကပ္ေစာင့္ၾကည့္ရတာေတြမ်ားတဲ့ အတြက္ လူတဦးလ်င္ အေမရိကန္ေဒၚလာ ၁၁ ေဒၚလာခန္႔ ကုန္က်ခဲ့ပါတယ္။ 
အဲဒီကုန္က်စားရိတ္ကို အဲဒီၿမိဳ႕မွာရွိတဲ့ လူတဦးခ်င္းစီကို ေသြးလြန္တုပ္ေကြး မျဖစ္ေအာင္ကာကြယ္ဖို႔ လိုအပ္တဲ့ ကုန္ က်စားရိတ္လို႔ အဓိပၸါယ္ျပန္ဆိုႏိုင္ပါတယ္။ တခုထူးျခားတာက အခုလုပ္ေဆာင္ခ်က္ရဲ႕ အက်ိဳးက အခ်ိန္ကာလ အကန္႔အသတ္ မရွိပါဘူး။ 
ဝိုလ္ဘားခ်ီးယားပါတဲ့ ျခင္ေတြ စဥ္ဆက္မျပတ္ပြားေနလ်င္ ကာကြယ္မႈဆက္လက္ရရွိေနမွာပါ၊ ‘အဲဒီလိုကာကြယ္ေပးႏိုင္မႈက ႏွစ္၂၀ အထိတည္ရွိေနလ်င္ လူတဦးခ်င္းစီကို ေသြးလြန္တုပ္ေကြး မျဖစ္ေအာင္ကာကြယ္ဖို႔ လိုအပ္တဲ့ ကုန္ က်စားရိတ္ဟာ တေဒၚလာရဲ႕ တဝက္ေတာင္မရွိေတာ့ ပါဘူး။ ကာကြယ္ေပးႏိုင္မႈ အခ်ိန္ၾကာျမင့္ေလ တြက္ေျခကိုက္ေလပါပဲ။ 

လက္ရွိ တိုးခ်ဲ႕ လုပ္ေဆာင္ေနမႈ
အလားတူ ပေရာဂ်က္မ်ိဳးကို ဗီယက္နမ္ႏိုင္ငံ ဟိုခ်ီမင္းၿမိဳ႕နဲ႔ ဩစေတးသွ်ႏိုင္ငံ မဲလ္ဘုန္းၿမိဳ႕က မိုနာ့ရွ္ တကၠသိုလ္ေတြမွာ အေျချပဳၿပီး ဩစေတးသွ်၊ ဘရာဇီး၊  ကိုလမ္ဘီယာ၊ သီရိလကၤာ၊ အိႏၵိယ၊ ဗီယက္နမ္၊ ကီရီဘာတီ၊ ဖီဂ်ီ၊ ဗာႏုဝါတု၊ န႐ူးကယ္လီဒိုးနီယား နဲ႔ မကၠဆီကို စတဲ့ ႏိုင္ငံ ၁၂ ႏိုင္ငံမွာ က်ယ္က်ယ္ျပန္႔ျပန္႔ေဆာင္႐ြက္ေနၿပီး Randomised controlled trial ဆိုတဲ့ အလြန္ စနစ္က်တဲ့ ေဆးသိပၸံသုေတသနေတြကိုပါ ထည့္သြင္းေဆာင္႐ြက္ေနပါၿပီ။ 

အနာဂတ္အတြက္ အလားအလာ
ၿပီးခဲ့တဲ့ စမ္းသပ္ပေရာဂ်က္ရဲ႕ အေတြ႕အႀကဳံမ်ားအရ အနာဂတ္ပေရာဂ်က္ေတြမွာ ေစာင့္ၾကည့္ ႀကီးၾကပ္မႈ ေတြကို ေလွ်ာ့ခ်ႏိုင္မွာျဖစ္လို႔ ကုန္က်စားရိတ္က် ေခြၽတာႏိုင္ လာသလို လူဦးေရထူထပ္တဲ့ ၿမိဳ႕ႀကီးေတြမွာ လုပ္တဲ့ အလားတူပေရာဂ်က္ေတြကို လုပ္တဲ့အခါ လူတဦးခ်င္းစီအတြက္ ကုန္က်စားရိတ္ကို  အေမရိကန္ တေဒၚလာေအာက္အထိေလွ်ာ့ခ်ႏိုင္မယ္လို႔ ခန္႔မွန္းထားတဲ့ အတြက္ ကုန္က်စားရိတ္နဲ႔  ရမဲ့ ရလာဒ္ကို ႏႈိင္းယွဥ္ၾကည့္လ်င္ အလြန္အက်ိဳးရွိတဲ့ နည္းလမ္းျဖစ္ပါတယ္။ 
ဝိုလ္ဘားခ်ီးယားပါတဲ့ ျခင္အေကာင္ေရ လႊမ္းမိုး လႊမ္းၿခဳံ မႈရထားၿပီးတဲ့ေနရာေတြမွာ ျခင္ေတြထဲ ဝိုလ္ဘားခ်ီးယား ဘက္တီးရီးယားပါဝင္မႈကို သဘာဝအလွ်ာက္မ်ိဳးပြားရာက ဆက္လက္ လက္ဆင့္ကမ္းသြားမွာျဖစ္လို႔  ေသြးလြန္တုပ္ေကြးဗိုင္းရပ္သာမက သူနဲ႔ အလားတူ ပိုးေတြျဖစ္တဲ့ ဇီကာ၊ Yellow fever၊   Chikungunya ဗိုင္ရပ္ေတြက ေပးတဲ့ ေရာဂါေတြပါ အတူတကြ ေလ်ာ့က်သြားမွာျဖစ္ပါတယ္။ တခ်ိန္မွာ ေအးဒီးစ္ျခင္ကသယ္ေဆာင္တဲ့ ဗိုင္းရပ္ေၾကာင့္ျဖစ္တဲ့ ေရာဂါေတြျပန္႔ပြားရာ အပူပိုင္းနဲ႔ သမပိုင္းေဒသႏိုင္ငံေတြမွာ ဝိုလ္ဘားခ်ီးယားပါတဲ့ ျခင္အေကာင္ေရ ရာႏႈန္းျပည့္ လႊမ္းၿခဳံမႉတည္ၿမဲၿပီး အထက္ပါေရာဂါေတြ ျပန္႔ပြားမႈလုံးဝ ရပ္တန္႔သြားႏိုင္မလားလို႔ ပါေမွ်ာ္လင့္ေနၾကပါၿပီ။ 
ေနာက္တဆင့္အေနနဲ႔ ျခင္ကေန ေရာဂါကူးစက္ေစၿပီး ႏွစ္စဥ္ အသက္မ်ားစြားႏႈတ္ယူေနတဲ့ င်က္ဖ်ားေရာဂါကိုေရာ ဒီ ဝိုလ္ဘားခ်ီးယား ဘက္တီးရီးယားက ကူညီႏိုင္မလားဆိုတဲ့ ေမးခြန္းေတြကို ေမးလာၾကပါၿပီ။ တခုရွိတာက ငွက္ဖ်ားျဖစ္ေစတာ ဗိုင္းရပ္မဟုတ္ဘဲ ပ႐ိုတိုဇိုးဝါး ျဖစ္လို႔ ဗိုင္းရပ္စ္နဲ႔ သဘာဝမတူပါ။ သယ္ေဆာင္တဲ့ ျခင္ကလဲ အေနဖီးလစ္ျခင္ျဖစ္ပါတယ္ ၊ ေအးဒီးစ္မဟုတ္ပါ။ သို႔ေသာ္လည္း လက္ရွိေအာင္ျမ္ငထားတဲ့ နည္းပညာက ငွက္ဖ်ားေရာဂါ ထိန္းခ်ဳပ္ေရးနဲ႔ ပေျပာက္ေရးအတြက္ တနည္းတဖုံ အေထာက္အကူ ျဖစ္ႏိုင္တယ္လို႔ သူေတသီေတြက ဆိုၾကပါတယ္။ 

ဖိုးသုည
၀၂၊၀၈၊၂၀၁၈

က်မ္းကိုး
https://gatesopenresearch.org/articles/2-36/v1 
http://www.eliminatedengue.com/program
https://www.youtube.com/watch?time_continue=4&v=ut2UxF5gEDI 
http://www.who.int/news-room/fact-sheets/detail/dengue-and-severe-dengue 
http://www.who.int/en/news-room/fact-sheets/detail/chikungunya
http://www.who.int/en/news-room/fact-sheets/detail/zika-virus
http://www.who.int/en/news-room/fact-sheets/detail/yellow-fever



သွေးလွန်တုပ်ကွေးနဲ့ဇီကာရောဂါ ပြန်ပွားမှုကို တားဆီးဖြတ်တောက်ပေးမဲ့ ဝိုလ်ဘားချီးယား (Wolbachia)  စစ်သည်တော်များ (ယူနီကုဒ်) 

သွေးလွန်တုပ်ကွေးဆိုတာ
သွေးလွန်တုပ်ကွေးဆိုတာ မြန်မာပြည်မှာ နှစ်စဉ် မိုးဦး၊ မိုးနှောင်းမှာ ကလေးပေါင်းများစွာသာမက လူကြီးတွေ၊ အထူးသဖြင့် သက်ကြီး ရွယ်အိုတွေကိုပါ ဒုက္ခပေးပြီ အသက်ဇီဝိန်တချို့ကိုပါ ခြွေလေ့ရှိတဲ့ ကလေးမိဘများ လုံးဝမကြားချင်တဲ့ Dengue ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တဲ့ ရောဂါတမျိုးပါ။
WHO မှတ်တမ်းများအရ နှစ်စဉ် လူဦးရေ သန်း ၅၀ ကနေ ၁၀၀ လောက်ကို သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်  ကူးစက်ပြီး၊ အဲဒီအထဲက ၅ သိန်းလောက်က ဆေးရုံတင် ကုရအောင်ဆိုးရွားပါတယ်။  အသေအပျောက်က ၂.၅ ရာနှုန်းလောက်ထိရှိတယ်ဆိုပါတယ်။
အေးဒီးစ် (Aedes) ခြင်က ရောဂါရှိသူကိုကိုက်ပြီး သွေးစုပ်ရာက အဲဒီဗိုင်းရပ်စ် အများအပြားကို ရရှိပြီး ပိုးက ခြင်ရဲ့ကိုယ်ထဲမှာ ၈ -၁၂ ရက်လောက်နေပြီး ထပ်ပွားရပါတယ်။ အဲလိုပွားပြီး ချိန်မှာ နောက်လူတယောက်ကို ကိုက်ရင်တော့ အဲဒီဗိုင်းရပ်တွေက နောက်အကိုက်ခံရတဲ့ လူထဲကို ဝင်သွားပြီး ၄-၇ ရက် အကြာမှာ ရောဂါ လက္ခဏာပြပါတယ်။ လူကနေနောက်လူတယောက်ကိုတော့ တိုက်ရိုက်မကူးနိုင်ပါဘူး။
ကမ္ဘာ့ ဆေးသိပ္ပံပညာရှင်တွေဟာ အမျိုးကွဲ လေးမျိုးရှိတဲ့ အဲဒီ အပြောင်းအလဲမြန်ပြီး လူ့ခန္ဓာရဲ့ ကိုယ်ခံအားစနစ်ကို နည်းမျိုးစုံနဲ့ လှည့်ဖြားတတ်တဲ့ Dengue virus ဗိုင်းရပ်စ်ပိုးကိုသတ်ဖို့ဆေးနဲ့ ကာကွယ်ဖို့ကာကွယ်ဆေး ထုတ်နိုင်ဖို့ ကြိုးစားနေကြတာ ဆယ်စုနှစ်နဲ့ ချီနေပေမဲ့ မအောင်မြင်နိုင်သေးပါဘူး။
အဲဒါကြောင့် လောလောဆယ်မှာ ရောဂါပြန်ပွားကူးစက်ဖို့ မရှိမဖြစ်လိုအပ်တဲ့၊ လူတဦးကနေနောက်တဦးဆီ  ရောဂါပိုးကို သယ်ဆောင်ဖြန့်ဖြူးကူးစက်စေတဲ့ အေးဒီးစ် (Aedes) ခြင် အကိုက်မခံရအောင်ကာကွယ်ရေးနဲ့ ခြင်နှိမ်နင်ရေးကိုသာ အလေးပေးလုပ်ဆောင်နေရပါတယ်။

မျှော်လင့်ချက် ရောင်ခြည်

မကြာသေးခင်ကာတခုမှာတော့ ဩစတေးသျှနိုင်ငံ Monash တက္ကသိုလ်က သုတေသီပညာရှင်တွေက အေးဒီးစ်(Aedes) ခြင်တွေကို ဝိုလ်ဘားချီးယား (Wolbachia)ဆိုတဲ့ အန္တရာယ်မပေးတတ်တဲ့ ဘက်တီးရီးဘားပိုးတမျိုး ထည့်သွင်းပေးခြင်းဖြင့် အဲဒီခြင်တွေရဲ့ ကိုယ်တွင်းမှာ ဗိုင်းရပ်စ်ပိုးတွေ မပြန့်ပွားနိုင်အောင် တားဆီးနိုင်တာကို တွေ့ရှိခဲ့ကြပါတယ်။ အဲဒီလိုခြင်တွေရဲ့ ကိုယ်တွင်းမှာ လူတွေကို ဒုက္ခပေးမဲ့ ဗိုင်းရပ်စ်ပိုးတွေ မပြန့်ပွားနိုင်တော့တဲ့ အတွက် ခြင်ကနေ လူကိုဆက်လက်ကူးစက်ပြန့်ပွားဖို့လဲ မဖြစ်နိုင်တော့ဘဲ ရောဂါပြန့်ပွားမှုကွင်းဆက်ကို ဖြတ်တောက်နိုင်ပြီး ရောဂါပြန်ပွားမှုကို ထိန်းချုပ်နိုင်သွားပါတယ်။

အလားအလာကောင်းတဲ့ နောက်ဆုံး စမ်းသပ်တွေ့ရှိချက်
ဩစတေးသျှနိုင်ငံမှာ ၂၀၁၁ မှာစတင်ခဲ့တဲ့ The World Mosquito Program (WMP) ရဲ့  အောင်မြင်တဲ့ ရှေးပြေးစမ်းသပ်ပရောဂျက် တခုကတော့ သွေးလွန်တုပ်ကွေးရောဂါ ပုံမှန်လိုလိုပြန့်ပွားနေတဲ့ လူဦးရေ ၁၈၇၀၀ ရှိတဲ့ Townsville မြိ့မှာ ဝိုလ်ဘားချီးယား ဘက်တီးရီးယားပိုးတွေ သယ်ဆောင်ထားတဲ့ ခြင်တွေကို ၂၀၁၄ ခုနှစ်က စလို့  ၂၈ လအတွင်း အဆင့်လေးဆင့်နဲ့ ပြန့်ပွားစေခဲ့ပါတယ်။ အဲဒီ ဝိုလ်ဘားချီးယား ဘက်တီးရီးယားပိုးတွေ သယ်ဆောင်ထားတဲ့ ခြင်အကောင်ရေက ဒေသရဲ့ ခြင်တွေထဲမှာ လွှမ်းခြုံ လွှမ်းမိုးမှုရလာပြီး နောက်မှာတော့ ဒေသအတွင်းကူးစက်ပြန့်ပွားတဲ့ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ လုံးဝမရှိတော့တာကိုတွေ့ရပါတယ်။

ဝိုလ်ဘားချီးယား (Wolbachia) ဆိုတာဘာလဲ?
ဝိုလ်ဘားချီးယား (Wolbachia) ဆိုတာ ဖလံ၊ အသီးစားယင်၊ ပုဇင်း၊ လိပ်ပြာ စတဲ့ အင်းဆက်တွေရဲ့ ၆၀ ရာနှုန်းလောက်မှာ သဘာဝအတိုင်းရှိတဲ့ အန္တရာယ်မပေးတတ်တဲ့ ဘက်တီးရီးယားအမျိုးပါ။
တချိန်မှာ ဗီဇဖေါက်ပြန်ပြီး ဒုက္ခပေးမှာကို စိုးရိမ်ရတဲ့၊ မျိုးရိုးဗီဇ ပြုပြင်ထားးတဲ့ပိုးမျိုး လုံးဝမဟုတ်ပါ။
ဒါပေမဲ့အေးဒီးစ်ခြင်တွေထဲမှာတော့ ဝိုလ်ဘားချီးယားက သဘာဝအတိုင်းဆိုမရှိပါ။ အဲဒီဘက်တီးရီးယားကို သုတေသီတွေက အေးဒီးစ်ခြင်ဥကလေးတွေထဲကို အလွန်သေးငယ်တဲ့ အပ်သုံးပြီးထိုးထဲ့ပေးတဲ့ အခါ ဥကပေါက်လာတဲ့ ခြင်တွေမှာ အဲဒီ ဘက်တီးရီးယားတွေပါလာပါတယ်။ အဲလို ဘက်တီးရီးယားပါလာတဲ့ ခြင်မတွေက ဆက်ပွားလာတဲ့ မျိုးဆက်သစ်တွေမှာ အဲဒီဘက်တီးရီးယား တွေဆက်ပြီးလက်ဆင့်ကမ်း ပါလာပါတယ်။
အေးဒီးစ်ခြင်တွေထဲမှာ အဲဒီ ဘက်တီးရီးယားရှိနေတဲ့ အခါ သူ့ခန္ဓာထဲဝင်လာတဲ့ သွေးလွန်တုပ်ကွေး၊ ဇီကာ။ Yellow fever နဲ့ chikungunya ဗိုင်းရပ်ပိုးတွေကို ဆက်လက်ပြန့်ပွားခြင်းမရှိအောင် တားမြစ်ထားလိုက်ပါတယ်။ အဲဒီဗိုင်းရပ်စ်တွေဟာ ခြင်ရဲ့ ခန္ဓာထဲမှာ ဆက်မပွားနိုင်တော့တဲ့ အတွက် အဲဒီခြင်တွေက နောက်ထပ်လူတွေကို ကိုက်ရင်လဲ အကိုက်ခံရသူကို ရောဂါမပေးနိုင်တော့ပါဘူး။
အဲဒါကြောင့် လူတွေရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ အေးဒီးစ်ခြင်အားလုံးနီးပါးထဲမှာ ဝိုလ်ဘားချီးယား ဘက်တီးရီးယား ရှိနေအောင်လုပ်ပးနိုင်ရင် အထက်ဖေါ်ပြပါဗိုင်းရပ်လေးမျိုးကြောင့်ဖြစ်တဲ့ ရောဂါတွေ ပြန့်ပွားမှု လုံးဝ ရပ်တန့်သွားပြီး တချိန်မှာ လုံးဝ ကွယ်ပျောက်သွားအောင် လုပ်ဆောင်နိုင်မလားဆိုပြီး မျှော်လင့် မှန်းဆနေကြပါတယ်။

Townsville မြို့ကပရောဂျက်

၂၀၁၄ ခုမှာ စတင်ခဲ့ တဲ့အဲဒီစမ်းသပ်မှုကို ဘေးအန္တရာယ် ကင်းရှင်းကြောင်း စစ်ဆေးအတည်ပြုပြီးမှ ဒေသခံအာဏာပိုင်တွေ ပညာရှင်တွေနဲ့ လူထုရဲ့ ခွင့်ပြုချက်အပြင် အတူ ပူးပေါင်းဆောင်ရွက်မှူပါ ရယူပြီး ဆောင်ရွက်ခဲ့ကြပါတယ်။ ပထမဆုံး အဲဒီမြို့က ဒေသခံအေးဒီးစ် ခြင်ဥတွေကို စုပြီး ဝိုလ်ဘားချီးယား ဘက်တီးရီးယားပိုးတွေကို ထိုးထဲ့ပေးပါတယ်။ ပြီးတော့ သုတေသနခြင်မွေးရုံတွေမှာ  အကောင်ဖေါက်၊ တခါ သားပြန်ဖေါက်ပြီး လိုအပ်တဲ့ အရအတွက်ရှိတဲ့ ဝိုလ်ဘားချီးယား ပါတဲ့ ဒေသခံ အေးဒီးစ်ခြင်ဥတွေရအောင် စုဆောင်းပါတယ်။ ရလာတော့ မှ လူထုပါဝင်မှုနဲ့ အဲဒီခြင်ဥပါတဲ့ mosquito release containers (MRCs) လို့ခေါ်တဲ့ ပုံးတွေကို မြို့ထဲက ခြင်ပေါက်ဖို့သင့်တော်တဲ့ နေရာတွေမှာ မျှတတဲ့ ပြန့်နှံ့မှုရအောင် စနစ်တကျ ရွေးချယ် ချထားပေးပါတယ်။ မြို့ရဲ့ သွေးလွန်တုပ်ကွေးအဖြစ်များတဲ့ နေရာ၊ အေးဒီးခြင်ပေါက်ဖွားနိုင်တဲ့ နေရာတွေကိုစနစ်တကျ ခွဲခြားပြီး အဆင့်လေးဆင့်နဲ့ နေရာခွဲဆောင်ရွက်ပါတယ်။ (MRCs) ပုံးတွေကို ပထမအဆင့်မှာ စီမံချက် ဝန်ထမ်းတွေက နေရာချထားပြီး ပုံမှန် စောင့်ရှောက်ပေးခဲ့ရာ တပုံးလျင် ပျမ်းမျှ ခြင် ၈၈ ကောင် စီ လွှတ်ပေးနိုင်ခဲ့ကြပါတယ်။ နောက်ပိုင်းအဆင့်တွေမှာတော့ လူထုနဲ့ စာသင်ကျောင်းက ကလေးတွေကိုပါ ပညာပေးရင်း ပူးပေါင်း ပါဝင်စေပါတယ်။ အဆင့်လေးဆင့်အပြီးမှာ Townsville မြို့ ပေါ်နဲ့ ဆင်ခြဖုန်းမှာ ဝိုလ်ဘားချီးယားပါတဲ့ ခြင်စုစုပေါင်း ၄သန်းကိုလွှတ်ပေးနိုင်ခဲ့ပါတယ်။ အဲဒီ ခြင်တွေက နယ်ခံ တခြားခြင်တွေနဲ့ အဝါဟဝိဝါဟ ပြုကြပြီး ဝိုလ်ဘားချီးယား ပါတဲ့ ခြင်တွေ ပိုပိုပြီး များလာပါတယ်။ အဲဒီကာလအတွင်း သတ်မှတ်နေရာတွေမှာ သတ်မှတ်ထားတဲ့ အချိန် အတိုင်း အတာအလိုက် Biogents Sentinal (BGS) traps ခြင်ဖမ်းထောင်ခြောက် ၁၇၂ ခုကို သုံးပြီး ခြင်တွေကိုဖမ်းကာ သူတို့ရဲ့ ကိုယ်ထဲမှာ ဝိုလ်ဘားချီးယား ပါဝင်လာမှုကို စဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာကြပါတယ်။ အဲဒီလို ဆောင်ရွက်ကြရာမှာ ရက်သတ္တ ၂ ပတ်ဆက်တိုက် ဖမ်းမိတဲ့ ခြင်တွေထဲမှာ ဝိုလ်ဘားချီးယားပိုးပါတဲ့ခြင် အရေအတွက် ထက်ဝက်ကျော် ရမှ အဆင့်တခုချင်းရဲ့ ရည်မှန်းချက်ပြည့်တာ ဖြစ်ပါတယ်။
အဲဒီကာလအတွင်းမှာ ဒေသအတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားမှု မှတ်တမ်းကိုလည်း ပြည်လည်စစ်ထုတ် ဆန်းစစ်ပါတယ်။ ၂၀၁၄ နိုဝင်ဘာကနေ ၂၀၁၈ ဂျွန်လအထိ ၄၄လ ကာအအတွင်း စမ်းသပ်ဒေအတွင်းကူးစက်တဲ့ သွေးလွန်တုပ်ကွေးလူနာ ၄ယောက်သာရှိခဲ့ပါတယ်။ အဲဒီစမ်းသပ်မှုမတိုင်မီ ၄နှစ်ရဲ့ အလားတူကာလမှာတုန်းက စမ်းသပ်ဒေအတွင်းကူးစက်တဲ့ လူနာ ၅၄ယောက် ရှိခဲ့တာပါ။ အဲဒီကာလအတွင်း ကူးစက်ခံရတဲ့ လူနာ ၄ယောက်ကို ထပ်မံစိစစ်ရာမှာ ဝိုလ်ဘားချီးယားပါတဲ့ ခြင်အကောင်ရေ လွှမ်းခြုံမှုရထားပြီးတဲ့ နေရာတွေမှာ ကူးစက်ခံရတာ မဟုတ်တာကိုတွေ့ရပါတယ်။ 
အဲဒါကြောင့် နောက်ဆုံးမှာ ဝိုလ်ဘားချီးယားပါတဲ့ ခြင်အကောင်ရေ လွှမ်းခြုံမှု ရထားပြီးတဲ့ နေရာတွေမှာ ဒေအတွင်းကူးစက်တဲ့ သွေးလွန်တုပ်ကွေးဖြစ်ပွားမှု လုံးဝမရှိတော့ ဘူးလို့ အဖြေထွက်လာတာပါ။
Townsville မြို့ကစမ်းသက်မှုအတွက် ကုန်ကျစားရိတ်ကို လူဦးရေးအချိုးအစားနဲ့ တွက်ရာမှာတော့ စမ်းသပ်ကာလဖြစ်လို့ ကြီးကြပ်စောင့်ကြည့်ရတာတွေများတဲ့ အတွက် လူတဦးလျင် အမေရိကန်ဒေါ်လာ ၁၁ ဒေါ်လာခန့် ကုန်ကျခဲ့ပါတယ်။
အဲဒီကုန်ကျစားရိတ်ကို အဲဒီမြို့မှာရှိတဲ့ လူတဦးချင်းစီကို သွေးလွန်တုပ်ကွေး မဖြစ်အောင်ကာကွယ်ဖို့ လိုအပ်တဲ့ ကုန် ကျစားရိတ်လို့ အဓိပ္ပါယ်ပြန်ဆိုနိုင်ပါတယ်။ တခုထူးခြားတာက အခုလုပ်ဆောင်ချက်ရဲ့ အကျိုးက အချိန်ကာလ အကန့်အသတ် မရှိပါဘူး။
ဝိုလ်ဘားချီးယားပါတဲ့ ခြင်တွေ စဉ်ဆက်မပြတ်ပွားနေလျင် ကာကွယ်မှုဆက်လက်ရရှိနေမှာပါ၊ ‘အဲဒီလိုကာကွယ်ပေးနိုင်မှုက နှစ်၂၀ အထိတည်ရှိနေလျင် လူတဦးချင်းစီကို သွေးလွန်တုပ်ကွေး မဖြစ်အောင်ကာကွယ်ဖို့ လိုအပ်တဲ့ ကုန် ကျစားရိတ်ဟာ တဒေါ်လာရဲ့ တဝက်တောင်မရှိတော့ ပါဘူး။ ကာကွယ်ပေးနိုင်မှု အချိန်ကြာမြင့်လေ တွက်ခြေကိုက်လေပါပဲ။

လက်ရှိ တိုးချဲ့ လုပ်ဆောင်နေမှု

အလားတူ ပရောဂျက်မျိုးကို ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့နဲ့ ဩစတေးသျှနိုင်ငံ မဲလ်ဘုန်းမြို့က မိုနာ့ရှ် တက္ကသိုလ်တွေမှာ အခြေပြုပြီး ဩစတေးသျှ၊ ဘရာဇီး၊  ကိုလမ်ဘီယာ၊ သီရိလင်္ကာ၊ အိန္ဒိယ၊ ဗီယက်နမ်၊ ကီရီဘာတီ၊ ဖီဂျီ၊ ဗာနုဝါတု၊ နရူးကယ်လီဒိုးနီယား နဲ့ မက္ကဆီကို စတဲ့ နိုင်ငံ ၁၂ နိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နေပြီး Randomised controlled trial ဆိုတဲ့ အလွန် စနစ်ကျတဲ့ ဆေးသိပ္ပံသုတေသနတွေကိုပါ ထည့်သွင်းဆောင်ရွက်နေပါပြီ။

အနာဂတ်အတွက် အလားအလာ

ပြီးခဲ့တဲ့ စမ်းသပ်ပရောဂျက်ရဲ့ အတွေ့အကြုံများအရ အနာဂတ်ပရောဂျက်တွေမှာ စောင့်ကြည့် ကြီးကြပ်မှု တွေကို လျှော့ချနိုင်မှာဖြစ်လို့ ကုန်ကျစားရိတ်ကျ ချွေတာနိုင် လာသလို လူဦးရေထူထပ်တဲ့ မြို့ကြီးတွေမှာ လုပ်တဲ့ အလားတူပရောဂျက်တွေကို လုပ်တဲ့အခါ လူတဦးချင်းစီအတွက် ကုန်ကျစားရိတ်ကို  အမေရိကန် တဒေါ်လာအောက်အထိလျှော့ချနိုင်မယ်လို့ ခန့်မှန်းထားတဲ့ အတွက် ကုန်ကျစားရိတ်နဲ့  ရမဲ့ ရလာဒ်ကို နှိုင်းယှဉ်ကြည့်လျင် အလွန်အကျိုးရှိတဲ့ နည်းလမ်းဖြစ်ပါတယ်။
ဝိုလ်ဘားချီးယားပါတဲ့ ခြင်အကောင်ရေ လွှမ်းမိုးလွှမ်းခြုံမှုရထားပြီးတဲ့နေရာတွေမှာ ခြင်တွေထဲ ဝိုလ်ဘားချီးယား ဘက်တီးရီးယားပါဝင်မှုကို သဘာဝအလျှာက်မျိုးပွားရာက ဆက်လက် လက်ဆင့်ကမ်းသွားမှာဖြစ်လို့  သွေးလွန်တုပ်ကွေးဗိုင်းရပ်သာမက သူနဲ့ အလားတူ ပိုးတွေဖြစ်တဲ့ ဇီကာ၊ Yellow fever  Chikungunya ဗိုင်ရပ်တွေက ပေးတဲ့ ရောဂါတွေပါ အတူတကွ လျော့ကျသွားမှာဖြစ်ပါတယ်။ တချိန်မှာ အေးဒီးစ်ခြင်ကသယ်ဆောင်တဲ့ ဗိုင်းရပ်ကြောင့်ဖြစ်တဲ့ ရောဂါတွေပြန့်ပွားရာ အပူပိုင်းနဲ့ သမပိုင်းဒေသနိုင်ငံတွေမှာ ဝိုလ်ဘားချီးယားပါတဲ့ ခြင်အကောင်ရေ ရာနှုန်းပြည့် လွှမ်းခြုံမှူတည်မြဲပြီး အထက်ပါရောဂါတွေ ပြန့်ပွဦးမှုလုံးဝ ရပ်တန့်သွားနိုင်မလားလို့ ပါမျှော်လင့်နေကြပါပြီ။
နောက်တဆင့်အနေနဲ့ ခြင်ကနေ ရောဂါကူးစက်စေပြီး နှစ်စဉ် အသက်များစွားနှုတ်ယူနေတဲ့ ငျက်ဖျားရောဂါကိုရော ဒီ ဝိုလ်ဘားချီးယား ဘက်တီးရီးယားက ကူညီနိုင်မလားဆိုတဲ့ မေးခွန်းတွေကို မေးလာကြပါပြီ။ တခုရှိတာက ငှက်ဖျားဖြစ်စေတာ ဗိုင်းရပ်မဟုတ်ဘဲ ပရိုတိုဇိုးဝါး ဖြစ်လို့ ဗိုင်းရပ်စ်နဲ့ သဘာဝမတူပါ။ သယ်ဆောင်တဲ့ ခြင်ကလဲ အနေဖီးလစ်ခြင်ဖြစ်ပါတယ် ၊ အေးဒီးစ်မဟုတ်ပါ။ သို့သော်လည်း လက်ရှိအောင်မြ်ငထားတဲ့ နည်းပညာက ငှက်ဖျားရောဂါ ထိန်းချုပ်ရေးနဲ့ ပပြောက်ရေးအတွက် တနည်းတဖုံ အထောက်အကူ ဖြစ်နိုင်တယ်လို့ သူတေသီတွေက ဆိုကြပါတယ်။

ဖိုးသုည
၀၂၊၀၈၊၂၀၁၈

ကျမ်းကိုး