Monday, July 16, 2018

လွသည္၊ မာယာမ်ားသည္၊ ဖမ္းစားတတ္သည္။
ေတာင္တက္ရင္း ေတြ႕လာလို႔ သားေတာ္ေမာင္ကိုေခၚျပေတာ့ သူကေျပာတယ္ pitcher-plant တဲ့
ဒါနဲ႔ အင္တာနက္မွာ ရွာၾကည့္ၿပီးသိရတာေလးေတြကို မွ်ေဝတာပါ။
သူတို႔မွာ ေရတေခါင္းလို အ႐ြက္ပါလို႔ pitcher-plant လို႔ေခၚတာပါ။
အဲဒီလွပတဲ့ ေရတေခါင္းနဲ႔ အဖုံးပုံကေလးက အပြင့္ မဟုတ္ပဲ အ႐ြက္ပါပဲလို႔ဆိုပါတယ္။
Family: Nepenthaceae မ်ိဳးစု Genus: Nepenthes မ်ိဳးစိပ္ အသားစားအပင္တမ်ိဳးပါ။
အေရွ႕ေတာင္အာရွ အီေကြတာအနီး အၿမဲစိမ္းသစ္ေတာေတြမွာ ေတြ႕ရတယ္ဆိုပါတယ္.
ဒီအပင္မ်ိဳးကို ေတြ႕ရတဲ့ ေဒသေတြကို ေျမပုံမွာျပထားပါတယ္။
အခုပုံထဲက အပင္ကေတာ့ Nepenthes မ်ိဳးကြဲေတြ အမ်ားႀကီးထဲက Miss North's pitcher-plant လို႔ေခၚတဲ့ Nepenthes northiana လို႔ထင္ပါတယ္။
ပသွ်ဴးေခါင္းျဖတ္ေတြ ေနတယ္၊ လူ႐ိုင္းေတြ ရွိတယ္လို႔ နာမည္ႀကီးခဲ့တဲ့ ေဘာ္နီယိုကြၽန္း (ကာလီမန္တန္ဟု အင္ဒိုနီးရွားပိုင္းေသာအပိုင္းကို ေခၚသည္)မွာ အေတြ႕မ်ားပါတယ္။
ဒီအပင္ကို ပထမဆုံးပုံဆြဲခဲ့ တဲ့ ႐ုုကၡေဗဒပန္းခ်ီဆရာမ Marianne North ကို ဂုဏ္ျပဳၿပီး ေပးတဲ့ အမည္ပါ။
သူတို႔ေပါက္တဲ့ ေနရာေတြမွာ ေျမဆီမေကာင္းေတာ့ ေနရာင္ကေန အစာခ်က္လို႔ ရတာနဲ႔ အာဟာရ မလုံေလာက္ပဲ အနားကိုလာတဲ့ ပ်ံတတ္တဲ့ (သို႔) လမ္းေလ်ာက္တဲ့ အင္းဆက္ေတြ အေကာင္ငယ္ကေလးေတြကို ဖမ္းစားပါတယ္။
လွပတဲ့ အဆင္း (သို႔) မဟုတ္ ဝတ္ရည္ေတြနဲ႔ အင္းဆက္ကေလးေတြကို ျမႇဴဆြယ္ၿပီး ေရတေခါင္းအဝကေတာ့ ဝတ္ရည္ေတြနဲ႔ ေခ်ာ္ေနလို႔ အဝကို ေရာက္လာတဲ့ အေကာင္ငယ္ကေလးေတြ အင္းဆက္ကေလးေတြ ေရတေခါင္းထဲ ေခ်ာ္က်ပါသတဲ့။
ႀကီးတဲ့ အပင္ေတြထဲမွာ ႂကြက္ေသ ဖားေသေတြေတာင္ေတြ႕ရတတ္တယ္ဆိုပါတယ္။
တခ်ိဳ႕ ေရတေခါင္းေတြအတြင္းမွာ ေအာက္ဖက္လွည့္ေနတဲ့ အဖတ္ကေလးေတြရွိလို႔ က်သြားတဲ့ အေကာင္ကေလးေတြ ၿမဳံွးထဲဝင္မိသလို ျပန္တက္လို႔ မရေတာ့ပဲ အထဲကအရည္ထဲမွာ ႐ုန္းကန္ရင္း ေရတိမ္နစ္ရပါတယ္။
သူတို႔ ကို အဲ ဒီအရည္ေတြက အစာေခ်သလိုေခ်ဖ်က္ၿပီး အာဟာတရေတြကို အပင္ကစားသုံးပါတယ္။

အမ်ားစုက စိတ္ကူးယာဥ္ ဇာတ္လမ္းေတြ ရုပ္ရွင္ေတြေၾကာင့္ Carnivorous plant အသားစားအပင္ေတြကို တကဲ့ ေၾကာက္စရာ အပင္ၾကီးေတြဖို့ ထင္ၾကတာပါ။
အသားစားအပင္သာဆိုတယ္ အင္းဆက္နဲ့ အေကာင္ငယ္ကေလးေတြကိုသာစားပါတယ္။
ဇာတ္လမ္းေတြ ရုပ္ရွင္ေတြထဲကလို အေကာင္ၾကီး ေတြကို စားတဲ့ အပင္ရယ္လို့ ခိုင္ခိုင္္မာမာျပစရာမရွိေသးပါဘူး။
ဒီဘီဘီစီေဆာင္းပါးမွာေရးထားတဲ့ အပင္ကဖားေလာက္ ၾကြက္ေလာက္ကို စားနိုင္တဲ့ ေရတေခါင္းအပင္ပါ။
Nepenthes rajah ဆိုတဲ့ အဲဒီ အပင္က အသားစား အပင္ ေတြထဲမ်ာ အၾကီးဆံုးလို့ ဆိုပါတယ္။
http://www.bbc.com/…/20150420-the-giant-plants-that-eat-meathttps://news.nationalgeographic.com/…/141030-carnivorous-p…/
လူသားစားအပင္ဆိုတဲ့ ဟာေတြ တကယ္မရွိေၾကာင္း ေရးထားတာ ဒီမွာပါhttps://en.wikipedia.org/wiki/Man-eating_tree
https://en.wikipedia.org/wiki/Nepenthes_northiana
https://en.wikipedia.org/wiki/Pitcher_plant
http://www2.palomar.edu/users/warmstrong/carnivor.htm
https://www.youtube.com/watch?v=BjWtAjdl4a0 ဒီဗြီဒီယိုကေတာ့  ပက္က်ိတေကာင္ ေရတေကာင္းထဲက်သြားၿပီး အစားခံရတာပါ။
https://www.youtube.com/watch?v=qaUUjvDe0a8 ဒီဗြီဒီယိုကေတာ့ ပ႐ြက္နီတသိုက္ႀကီးကို ျမႇဴဆြယ္ၿပီး စားသြားတာကိုျပတာပါ

ဖိုးသုည
16/07/2018











ဒီဖားကေလးကို ဖမ္းထားတဲ့ Nepenthes rajah ဆိုတဲ့ အဲဒီ အပင္က အသားစား အပင္ ေတြထဲမ်ာ အၾကီးဆံုးလို့ ဆိုပါတယ္။     
 Pitchers from several Nepenthes species. A. N. alata. B. N. fusca. C. N. macrophylla. D. N. mirabilis. E. N. rafflesiana. F. N. dicksoniana. G. N. ventricosa.H. N. veitchii. I. N. bicalcarta.The dashed lines show the length of the slippery zone.  source http://www.int.laborundmore.com/archive/140696/Tropical-pitcher-plant-and-biomimetics.html 

လှသည်၊ မာယာများသည်၊ ဖမ်းစားတတ်သည်။ (ယူနီကုဒ်)
တောင်တက်ရင်း တွေ့လာလို့ သားတော်မောင်ကိုခေါ်ပြတော့ သူကပြောတယ် pitcher-plant တဲ့
ဒါနဲ့ အင်တာနက်မှာ ရှာကြည့်ပြီးသိရတာလေးတွေကို မျှဝေတာပါ။
သူတို့မှာ ရေတခေါင်းလို အရွက်ပါလို့ pitcher-plant လို့ခေါ်တာပါ။
အဲဒီလှပတဲ့ ရေတခေါင်းနဲ့ အဖုံးပုံကလေးက အပွင့် မဟုတ်ပဲ အရွက်ပါပဲလို့ဆိုပါတယ်။
Family: Nepenthaceae မျိုးစု Genus: Nepenthes မျိုးစိပ် အသားစားအပင်တမျိုးပါ။
အရှေ့တောင်အာရှ အီကွေတာအနီး အမြဲစိမ်းသစ်တောတွေမှာ တွေ့ရတယ်ဆိုပါတယ်.
ဒီအပင်မျိုးကို တွေ့ရတဲ့ ဒေသတွေကို မြေပုံမှာပြထားပါတယ်။
အခုပုံထဲက အပင်ကတော့ Nepenthes မျိုးကွဲတွေ အများကြီးထဲက Miss North's pitcher-plant လို့ခေါ်တဲ့ Nepenthes northiana လို့ထင်ပါတယ်။
ပသျှူးခေါင်းဖြတ်တွေ နေတယ်၊ လူရိုင်းတွေ ရှိတယ်လို့ နာမည်ကြီးခဲ့တဲ့ ဘော်နီယိုကျွန်း (ကာလီမန်တန်ဟု အင်ဒိုနီးရှားပိုင်းသောအပိုင်းကို ခေါ်သည်)မှာ အတွေ့များပါတယ်။
ဒီအပင်ကို ပထမဆုံးပုံဆွဲခဲ့ တဲ့ ရုုက္ခဗေဒပန်းချီဆရာမ Marianne North ကို ဂုဏ်ပြုပြီး ပေးတဲ့ အမည်ပါ။
သူတို့ပေါက်တဲ့ နေရာတွေမှာ မြေဆီမကောင်းတော့ နေရာင်ကနေ အစာချက်လို့ ရတာနဲ့ အာဟာရ မလုံလောက်ပဲ အနားကိုလာတဲ့ ပျံတတ်တဲ့ (သို့) လမ်းလျောက်တဲ့ အင်းဆက်တွေ အကောင်ငယ်ကလေးတွေကို ဖမ်းစားပါတယ်။
လှပတဲ့ အဆင်း (သို့) မဟုတ် ဝတ်ရည်တွေနဲ့ အင်းဆက်ကလေးတွေကို မြှူဆွယ်ပြီး ရေတခေါင်းအဝကတော့ ဝတ်ရည်တွေနဲ့ ချော်နေလို့ အဝကို ရောက်လာတဲ့ အကောင်ငယ်ကလေးတွေ အင်းဆက်ကလေးတွေ ရေတခေါင်းထဲ ချော်ကျပါသတဲ့။
ကြီးတဲ့ အပင်တွေထဲမှာ ကြွက်သေ ဖားသေတွေတောင်တွေ့ရတတ်တယ်ဆိုပါတယ်။
တချို့ ရေတခေါင်းတွေအတွင်းမှာ အောက်ဖက်လှည့်နေတဲ့ အဖတ်ကလေးတွေရှိလို့ ကျသွားတဲ့ အကောင်ကလေးတွေ မြုံှးထဲဝင်မိသလို ပြန်တက်လို့ မရတော့ပဲ အထဲကအရည်ထဲမှာ ရုန်းကန်ရင်း ရေတိမ်နစ်ရပါတယ်။
သူတို့ ကို အဲ ဒီအရည်တွေက အစာချေသလိုချေဖျက်ပြီး အာဟာတရတွေကို အပင်ကစားသုံးပါတယ်။
အများစုက စိတ်ကူးယာဉ် ဇာတ်လမ်းတွေ ရုပ်ရှင်တွေကြောင့် Carnivorous plant အသားစားအပင်တွေကို တကဲ့ ကြောက်စရာ အပင်ကြီးတွေဖို့ ထင်ကြတာပါ။
အသားစားအပင်သာဆိုတယ် အင်းဆက်နဲ့ အကောင်ငယ်ကလေးတွေကိုသာစားပါတယ်။
ဇာတ်လမ်းတွေ ရုပ်ရှင်တွေထဲကလို အကောင်ကြီး တွေကို စားတဲ့ အပင်ရယ်လို့ ခိုင်ခိုင်မာမာပြစရာမရှိသေးပါဘူး။
ဒီဘီဘီစီဆောင်းပါးမှာရေးထားတဲ့ အပင်ကဖားလောက် ကြွက်လောက်ကို စားနိုင်တဲ့ ရေတခေါင်းအပင်ပါ။
Nepenthes rajah ဆိုတဲ့ အဲဒီ အပင်က အသားစား အပင် တွေထဲမျာ အကြီးဆုံးလို့ ဆိုပါတယ်။
http://www.bbc.com/…/20150420-the-giant-plants-that-eat-meathttps://news.nationalgeographic.com/…/141030-carnivorous-p…/
လူသားစားအပင်ဆိုတဲ့ ဟာတွေ တကယ်မရှိကြောင်း ရေးထားတာ ဒီမှာပါhttps://en.wikipedia.org/wiki/Man-eating_tree
ကျမ်းကိုး
https://en.wikipedia.org/wiki/Nepenthes_northiana
https://en.wikipedia.org/wiki/Pitcher_plant

https://www.youtube.com/watch?v=BjWtAjdl4a0 ဒီဗွီဒီယိုကတော့  ပက်ကျိတကောင် ရေတကောင်းထဲကျသွားပြီး အစားခံရတာပါ။
https://www.youtube.com/watch?v=qaUUjvDe0a8 ဒီဗွီဒီယိုကတော့ ပရွက်နီတသိုက်ကြီးကို မြှူဆွယ်ပြီး စားသွားတာကိုပြတာပါ

ဖိုးသုည
16/07/2018

Tuesday, July 10, 2018

ႏွစ္ခါျပန္ လုပ္ႀကံခံရေသာ ဗိုလ္ခ်ဳပ္ေအာင္ဆန္း (နှစ်ခါပြန် လုပ်ကြံခံရသော ဗိုလ်ချုပ်အောင်ဆန်း)

ႏွစ္ခါျပန္ လုပ္ႀကံခံရေသာ ဗိုလ္ခ်ဳပ္ေအာင္ဆန္း  ( Zawgyi) 
ဗိုလ္ခ်ဳပ္ေနဝင္းအုပ္ခ်ဳပ္တဲ့ေခတ္မွာ ဗိုလ္ခ်ဳပ္ေအာင္ဆန္းရဲ႕ပုံရိပ္က သူ႔အာဏာကို ဘာမွ သိပ္မၿခိမ္းေျခာက္ခဲ့ဘူး။
ဗိုလ္ခ်ဳပ္ကေတာ္ ေဒၚခင္ၾကည္ကိုလည္း သံအမတ္အေနနဲ႔ အိႏၵိယကို ပို႔ထားေတာ့ ျပသနာမရွိ။
လူအမ်ားေလးစားခ်စ္ခင္တဲ့ ဗိုလ္ခ်ဳပ္ရဲ႕ပုံရိပ္ကိုသုံးၿပီး ျပည္သူေတြ သူ႔ေပၚအျမင္ေကာင္းလာေအာင္ အသုံးခ်ခဲ့တယ္။
ဗိုလ္ခ်ဳပ္သန္းေ႐ႊ အာဏာယူထားတဲ့ နဝတ၊ နယက ေခတ္ေရာက္ေတာ့ ဗိုလ္ခ်ဳပ္ရဲ႕ပုံရိပ္ကေတာ့  စစ္အာဏာရွင္ေတြကို တိုက္႐ိုက္မၿခိမ္းေျခာက္ပါဘူး။
ဒါေပမဲ့ ဗိုလ္ခ်ဳပ္သမီး ေဒၚေအာင္ဆန္းစုၾကည္ ရေနတဲ့ ျပည္သူ႔ေထာက္ခံမႈက စစ္အာဏာရွင္ေတြရဲ႕ အာဏာတည္ၿမဲမႈကို ၿခိမ္းေျခာက္လာတယ္။
ဗိုလ္ခ်ဳပ္သမီးကို ျပည္သူနဲ႔ တပ္မိသားစုေတြရဲ႕ ေထာက္ခံမႈ ေလ်ာ့ေအာင္လုပ္ဖို႔ အမ်ိဳးမ်ိဳးႀကိဳးစားၾကတယ္။
သူမရဲ႕ပုံရိပ္ကို အမ်ိဳးမ်ိဳး အေရာင္ဆိုးတယ္။
ေအာက္တန္းက်ေသာနည္းမ်ားပါသုံးၿပီး သိကၡာခ်ၾကတယ္။
ပညာခ်င္း ယွဥ္တာမ်ိဳးမဟုတ္ဘဲ ပုဂၢိဳလ္ေရးသက္သက္ တိုက္ခိုက္မႈေတြကို လုပ္ၾကတယ္။
ႏိုင္ငံျခားသားနဲ႔ယူတာကို ကုလားမယားလို႔ အမည္တပ္တယ္။ လုပ္ႀကံဓါတ္ပုံေတြကို တပ္ထဲမွာ ျဖန္႔တယ္။
သတင္းစာမွာ “ေအာင္ဆန္း” ဆိုတဲ့ အမည္မပါေအာင္ “ေဒၚစုၾကည္” လို႔ ေရးတယ္။
သူတို႔ ဘယ္လိုပင္ႀကိဳးစားပါေစ လူထုရဲ႕ ေထာက္ခံမႈ က်မသြားတဲ့ ေဒၚေအာင္ဆန္းစုၾကည္ကို အနည္းဆုံး တပ္မိသားစုေတြရဲ႕ ေထာက္ခံမႈ မရေအာင္ တပ္မိသားစုေတြရဲ႕ ရင္ထဲမွာ ေဒၚေအာင္ဆန္းစုၾကည္အေပၚ အမုန္းတရားေတြ ျဖစ္လာေအာင္ ေမြးေပးခဲ့တယ္။ ေသြးခြဲဖို႔ ႀကံၾကတယ္။
ဒါမွ သူတို႔ ေနာက္ေက်ာလုံမွာကိုး။
“ေဖေဖထူေထာင္ခဲ့ တဲ့ တပ္မေတာ္”  “တပ္မေတာ္သားေတြက ေဖေဖ့ရဲ႕ သားေတြ” “က်မက ေဖ့ေဖ့သမီး တပ္မေတာ္သားေတြက ေဖေဖ့သားေတြဆိုေတာ့ က်မတိုက ေမာင္မႏွမေတြေပါ့” ဆိုတဲ့ စကားလုံးေတြက စစ္အာဏာရွင္ ဗိုလ္ခ်ဳပ္ႀကီးေတြကို အိပ္မက္ဆိုးေတြေပးခဲ့တယ္။
ေဒၚေအာင္ဆန္းစုၾကည္အေပၚ တပ္မိသားစုေတြ အထင္လြဲ မုန္းတီးလာေအာင္ အေကာက္ႀကံၾကရာမွာ ဗိုလ္ခ်ဳပ္ရဲ႕ပုံရိပ္က ႀကီးမားတဲ့ အဟန္႔အတားႀကီး ျဖစ္ေနခဲ့တယ္။
အဲဒီအခ်ိန္က တပ္ထဲမွာ ဗိုလ္ခ်ဳပ္ကို ေလးစားသူေတြ အမ်ားႀကီး ရွိေနေသးေတာ့ ဗိုလ္ခ်ဳပ္ရဲ႕ပုံရိပ္ကို တပ္မိသားစုေတြနဲ႔ မ်ိဳးဆက္သစ္ ျပည္သူေတြရဲ႕ ရင္ထဲကေန ေဖ်ာက္ပစ္ဖို႔ စနစ္တက်လုပ္ခဲ့ ၾကတယ္။
ဗိုလ္ခ်ဳပ္ရဲ႕ပုံရိပ္ေတြကို လူျမင္ကြင္းကေန ဖယ္ရွားခဲ့တယ္။ ႐ုံးေတြ ေက်ာင္းေတြမွာခ်ိတ္ထားတဲ့ ပုံေတြကို ျဖဳတ္ခိုင္းၿပီး အာဇာနည္ေန႔ကိုလည္း မထင္မရွားျဖစ္ေအာင္လုပ္ခဲ့တယ္။
ေငြစကၠဴေတြေပၚက ဗိုလ္ခ်ဳပ္ရဲ႕ ပုံေတြကို ဖယ္ရွားခဲ့တယ္။
လြတ္လပ္ေရးဗိသုကာႀကီး၊တပ္မေတာ္ကရဲ႕ ဖခင္ႀကီး ဆိုတဲ့ အသုံးအႏႈံးေတြကို ေျမျမႇဳပ္ခဲ့တယ္။ တပ္နဲ႔ ဗိုလ္ခ်ဳပ္ မပတ္သက္သလို သမိုင္းကို လိမ္ၾကတယ္။
အဲလို ဗိုလ္ခ်ဳပ္ရဲ႕ ပုံရိပ္ေတြကို ျပည္သူနဲ႔ တပ္မိသားစုေတြရဲ႕ ျမင္ကြင္းကေန ေဖ်ာက္ဖ်က္ၿပီး  မ်ိဳးဆက္တခုျပတ္သြားတဲ့ အထိ ေဒၚေအာင္ဆန္းစုၾကည္ကို ျပည္သူနဲ႔ ထိေတြ႕ခြင့္ကေနပိတ္ထားခဲ့တယ္။
အာဏာရွင္ စစ္ဗိုလ္ခ်ဳပ္ႀကီးေတြ အင္မတန္ေၾကာက္တဲ့ ေဒၚေအာင္ဆန္းစုၾကည္ကို ပုံရိပ္ဖ်က္ၿပီး လူထုေထာက္ခံမႈ က်ဆင္းေစဖို႔အတြက္ သူမရဲ႕ ဖခင္ လြတ္လပ္ေရးဗိသုကာ တပ္မေတာ္ရဲ႕ဖခင္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္းရဲ႕ပုံရိပ္ကို ျပည္သူေတြနဲ႔ တပ္မိသားစုေတြရဲ႕ ရင္ထဲကေနေပ်ာက္ကြယ္သြားေအာင္ မ်ိဳးဆက္ သစ္တခုထြက္ေပၚလာသည္အထိ ဆယ္စုႏွစ္ ႏွစ္ခုေက်ာ္ လုပ္ေဆာင္ခဲ့ၾကတာဟာျဖင့္ အာဏာရွင္ စစ္ဗိုလ္ခ်ဳပ္ႀကီးေတြက
ဗိုလ္ခ်ဳပ္ေအာင္ဆန္းကို ဒုတိယအႀကိမ္ လုပ္ႀကံခဲ့ၾကတာပါ။
ဂဠဳံဦးေစာလုပ္ႀကံလို႔ ဗိုလ္ခ်ဳပ္ေအာင္ဆန္း အသက္ေသေပမဲ့ တမ်ိဳးသားလုံးရဲ႕ ခ်စ္ခင္ ေလးစာမႈကိုေတာ့ သူတို႔ ေဖ်ာက္ဖ်က္လို႔ မရခဲ့ပါ။
ထို႔အတူပဲ အာဏာရွင္စစ္ဗိုလ္ခ်ဳပ္ႀကီးေတြက ဗိုလ္ခ်ဳပ္ေအာင္ဆန္းကို ဒုတိယအႀကိမ္ လုပ္ႀကံခဲ့ၾကေပမဲ့ ျပည္သူ႔ရင္ထဲမွာ ဗိုလ္ခ်ဳပ္မေသသလို ဗိုလ္ခ်ဳပ္ရဲ႕ ပုံရိပ္ကို သူတို႔ ေဖ်ာက္ဖ်က္လို႔လည္းမရ၊ ဗိုလ္ခ်ဳပ္သမီးရဲ႕ ပုံရိပ္နဲ႔ သူမကို ျပည္သူရဲ႕ေထာက္ခံမႈကိုလည္း သူတို႔ထင္သလို ဖ်က္ဆီးလို႔မရခဲ့ပါ။
သို႔ေသာ္လည္းေပါ့ေလ ဦးေႏွာက္ေဆးခံထားရသူတခ်ိဳ႕နဲ႔ အာဏာရွင္ေနာက္ေတာ္ပါးေတြကို သူတို႔လွည္ျဖားလို႔ရခဲ့ပါတယ္။ မ်ိဳးဆက္သစ္ တပ္မိသားစုနဲ႔ လူငယ္အခ်ိဳ႕ကေတာ့ သူတို႔ရဲ႕ မႈိင္းေတြမိခဲ့ၾကပါတယ္။
ဗိုလ္ခ်ဳပ္ရဲ႕ သမိုင္း အမွန္ကို မသိျဖစ္ခဲ့ၾကပါတယ္။
ဗိုလ္ခ်ဳပ္ရဲ႕ အသက္ကို လုပ္ႀကံခံရတဲ့ ဇူလိုင္ ၁၉ ကို အာဇာနည္ေန႔လို႔ သတ္မွတ္ေပမဲ့
ဗိုလ္ခ်ဳပ္ရဲ႕ ပုံရိပ္ကို လုပ္ႀကံခံရတဲ့ ဒုတိယလုပ္ႀကံမႈအတြက္ကေတာ့ အာဇာနည္ေန႔ရယ္လို႔ သတ္သတ္မွတ္မွတ္မရွိပါဘူး။ ႏွစ္ရွည္လမ်ား လုပ္ႀကံခဲ့ ၾကေပတာကိုး။
အဲဒီ ဒုတိယလုပ္ႀကံမႈႀကီးကို စနစ္တက် စီမံေဆာင္႐ြက္ခဲ့သူေတြဟာ ဗိုလ္ခ်ဳပ္ကိုယ္တိုင္ တိုင္းျပည္ကိုကာကြယ္ဖို႔ ျပည္သူကို ေစာင့္ေရွာက္ဖို႔ ထူေထာင္ခဲ့ တဲ့ ျပည္သူ႔တပ္မေတာ္ရဲ႕ အရာရွိေတြ (တနည္း) ဗိုလ္ခ်ဳပ္ရဲ႕ ဝမ္းမနာသားေတြျဖစ္ေနတာကေတာ့ ျဖင့္ အလြန္ပင္ ရင္နာစရာ သံေဝဂ ရစရာေကာင္းပါတယ္။
ဗိုလ္ခ်ဳပ္ေအာင္ဆန္းကို ဘယ္သူေတြ ဘယ္ႏွစ္ႀကိမ္ လုပ္ႀကံ လုပ္ႀကံ ျပည္သူ႔ရင္ထဲမွာ ဗိုလ္ခ်ဳပ္မေသသလို ဗိုလ္ခ်ဳပ္ရဲ႕ ပုံရိပ္ကို သူတို႔ လုံးဝေဖ်ာက္ဖ်က္လို႔လည္းမရပါ၊
ထို႔အတူ ဗိုလ္ခ်ဳပ္ရဲ႕ပုံရိပ္ကို မွီခိုတာမဟုတ္ပဲ သူမကိုယ္တိုင္ အရည္အခ်င္းရွိၿပီး တိုင္းျပည္ကို ခ်စ္တဲ့ တိုင္းျပည္အတြက္ကိုယ္က်ိဳးစြ႕န္ၿပီး တတ္စြမ္းသမွ် စြမ္းစြမ္းတမံေဆာင္႐ြက္ေနတဲ့ တဲ့ ေဒၚေအာင္ဆန္းစုၾကည္ ရဲ႕ ပုံရိပ္နဲ႔ သူမရထားတဲ့ ျပည္သူရဲ႕ေထာက္ခံမႈကိုလည္း သူတို႔ထင္သလို ဖ်က္ဆီးလို႔မရပါ။
ဒါေတြကို ေရးျပေနေပမဲ့ က်ေနာ္ဟာ မိမိစားေနက် အစာကေလးကို တမ္းတမိတဲ့ လူ႔သဘာဝကို မ်ိဳးခ်စ္စိတ္နဲ႔ မကြဲပဲ ပဲျပဳတ္နံျပားစားခ်င္တာကို ေရးႀကီးခြင္က်ယ္လုပ္တတ္ေနၾကတဲ့ ပုဂၢိဳလ္ေရး ကိုးကြယ္တာမ်ိဳးကို အားမေပးတဲ့သူပါ။ လက္ေတြ႕သမားပါ။
ဗိုလ္ခ်ဳပ္ေရာ ေဒၚေအာင္ဆန္းစုၾကည္ပါလူ ထဲက လူေတြပဲမို႔ ေျခာက္ပစ္ကင္းသဲလဲစင္ေတြ မဟုတ္ႏိုင္ဘူးလို႔ လက္ေတြ႕က်က် လက္ခံထားသူပါ။ သူတို႔ လဲ အမွားလုပ္တတ္ပါတယ္ဆိုတာကို လက္ခံပါတယ္။ ဒါေပမဲ့ ကိုယ္က်ိဳး အတြက္လုပ္တာမဟုတ္ဘဲ အမ်ားေကာင္းက်ိဳးကို လုပ္ရင္းမွားတဲ့ ေစတနာ အမွားမ်ားသာျဖစ္တယ္လို႔ ယုံၾကည္ လက္ခံထားပါတယ္။ အမ်ားအတြက္ ကိုယ္က်ိဳးစြန္႔ အနစ္နာခံတာ ျဖဴစင္႐ိုးသားတာ တိုင္းျပည္အတြက္ ေစတနာထားတာ စြမ္းစြမ္းတမံ ေဆာင္႐ြက္တာေတြအတြက္ ေလးစားတာပါ။
ဗိုလ္ခ်ဳပ္ကို ခ်စ္ခင္ ေလးစားတာကတပိုင္းပါ။
ေဒၚေအာင္ဆန္းစုၾကည္ကို ေလးစားေထာက္ခံတာလည္း သူမက ဗိုလ္ခ်ဳပ္ရဲ႕  သမီး ျဖစ္ေနလို႔ မဟုတ္ပါ။ သူမက အေဖတူသမီးျဖစ္ေနတာေတာ့ ျငင္းလို႔မရပါ။
ေဒၚေအာင္ဆန္းစုၾကည္ကို သူမရဲ႕ ပင္ကိုယ္အရည္အခ်င္းေတြ၊ တိုင္းျပည္နဲ႔ ႏိုင္ငံသား ေတြအေပၚ ခ်စ္တဲ့ စိတ္ေစစတနာနဲ႔ တတ္စြမ္သမွ်ေဆာင္႐ြက္ေပးတဲ့၊ စြန္႔လႊတ္ အနစ္နာခံတဲ့ စိတ္ဓါတ္ေတြကိုသိရွိနားလည္ၿပီးမွ ေလး စားခ်စ္ခင္တာ၊ ေထာက္ခံတာပါ။
ဥပမာေျပာရရင္ ဦးေအာင္ဆန္းဦးက ဗိုလ္ခ်ဳပ္ရဲ႕ သားေပမဲ့ သူ႔ကို ဘယ္သူကမွ အေရးးလုပ္ၿပီး စကားထဲ ထဲ့ မေျပာပါ။
အခ်ဳပ္ကေတာ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္းဟာ ၁၉၄၇ ခု ဇူလိုင္၁၉ရက္ မွာသာလုပ္ႀကံခံတဲ့ ရတာမဟုတ္ဘဲ ၁၉၉၀ စစ္အစိုးရလက္ထက္ကေန တိုင္းျပည္ကို အိမ္တိုင္ပါခြၽတ္ေရာင္းၾကတဲ့ လူဝတ္လဲ ဦးသိန္းစိန္အစိုးရလက္ထက္ ၂၀၁၅ အထိ ဗိုလ္ခ်ဳပ္ရဲ႕ ဝမ္းမနာသား အာဏာ႐ူး စစ္ဗိုလ္ခ်ဳပ္ႀကီးေတြက ဗိုလ္ခ်ဳပ္ေအာင္ဆန္းကို ဒုတိယအႀကိမ္ လုပ္ႀကံခဲ့ၾကေသးတယ္ဆိုတဲ့ မွတ္တမ္းမတင္ထားတဲ့ သမိုင္းရဲ႕ တစိတ္တေဒသကို ေထာက္ျပခ်င္တာပါ။
ဖိုးသုည
11-07-2018

နှစ်ခါပြန် လုပ်ကြံခံရသော ဗိုလ်ချုပ်အောင်ဆန်း (Unicode) 
ဗိုလ်ချုပ်နေဝင်းအုပ်ချုပ်တဲ့ခေတ်မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ပုံရိပ်က သူ့အာဏာကို ဘာမှ သိပ်မခြိမ်းခြောက်ခဲ့ဘူး။
ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်ကိုလည်း သံအမတ်အနေနဲ့ အိန္ဒိယကို ပို့ထားတော့ ပြသနာမရှိ။
လူအများလေးစားချစ်ခင်တဲ့ ဗိုလ်ချုပ်ရဲ့ပုံရိပ်ကိုသုံးပြီး ပြည်သူတွေ သူ့ပေါ်အမြင်ကောင်းလာအောင် အသုံးချခဲ့တယ်။
ဗိုလ်ချုပ်သန်းရွှေ အာဏာယူထားတဲ့ နဝတ၊ နယက ခေတ်ရောက်တော့ ဗိုလ်ချုပ်ရဲ့ပုံရိပ်ကတော့  စစ်အာဏာရှင်တွေကို တိုက်ရိုက်မခြိမ်းခြောက်ပါဘူး။
ဒါပေမဲ့ ဗိုလ်ချုပ်သမီး ဒေါ်အောင်ဆန်းစုကြည် ရနေတဲ့ ပြည်သူ့ထောက်ခံမှုက စစ်အာဏာရှင်တွေရဲ့ အာဏာတည်မြဲမှုကို ခြိမ်းခြောက်လာတယ်။
ဗိုလ်ချုပ်သမီးကို ပြည်သူနဲ့ တပ်မိသားစုတွေရဲ့ ထောက်ခံမှု လျော့အောင်လုပ်ဖို့ အမျိုးမျိုးကြိုးစားကြတယ်။
သူမရဲ့ပုံရိပ်ကို အမျိုးမျိုး အရောင်ဆိုးတယ်။
အောက်တန်းကျသောနည်းများပါသုံးပြီး သိက္ခာချကြတယ်။
ပညာချင်း ယှဉ်တာမျိုးမဟုတ်ဘဲ ပုဂ္ဂိုလ်ရေးသက်သက် တိုက်ခိုက်မှုတွေကို လုပ်ကြတယ်။
နိုင်ငံခြားသားနဲ့ယူတာကို ကုလားမယားလို့ အမည်တပ်တယ်။ လုပ်ကြံဓါတ်ပုံတွေကို တပ်ထဲမှာ ဖြန့်တယ်။
သတင်းစာမှာ “အောင်ဆန်း” ဆိုတဲ့ အမည်မပါအောင် “ဒေါ်စုကြည်” လို့ ရေးတယ်။
သူတို့ ဘယ်လိုပင်ကြိုးစားပါစေ လူထုရဲ့ ထောက်ခံမှု ကျမသွားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အနည်းဆုံး တပ်မိသားစုတွေရဲ့ ထောက်ခံမှု မရအောင် တပ်မိသားစုတွေရဲ့ ရင်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်အပေါ် အမုန်းတရားတွေ ဖြစ်လာအောင် မွေးပေးခဲ့တယ်။ သွေးခွဲဖို့ ကြံကြတယ်။
ဒါမှ သူတို့ နောက်ကျောလုံမှာကိုး။
“ဖေဖေထူထောင်ခဲ့ တဲ့ တပ်မတော်”  “တပ်မတော်သားတွေက ဖေဖေ့ရဲ့ သားတွေ” “ကျမက ဖေ့ဖေ့သမီး တပ်မတော်သားတွေက ဖေဖေ့သားတွေဆိုတော့ ကျမတိုက မောင်မနှမတွေပေါ့” ဆိုတဲ့ စကားလုံးတွေက စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးတွေကို အိပ်မက်ဆိုးတွေပေးခဲ့တယ်။
ဒေါ်အောင်ဆန်းစုကြည်အပေါ် တပ်မိသားစုတွေ အထင်လွဲ မုန်းတီးလာအောင် အကောက်ကြံကြရာမှာ ဗိုလ်ချုပ်ရဲ့ပုံရိပ်က ကြီးမားတဲ့ အဟန့်အတားကြီး ဖြစ်နေခဲ့တယ်။
အဲဒီအချိန်က တပ်ထဲမှာ ဗိုလ်ချုပ်ကို လေးစားသူတွေ အများကြီး ရှိနေသေးတော့ ဗိုလ်ချုပ်ရဲ့ပုံရိပ်ကို တပ်မိသားစုတွေနဲ့ မျိုးဆက်သစ် ပြည်သူတွေရဲ့ ရင်ထဲကနေ ဖျောက်ပစ်ဖို့ စနစ်တကျလုပ်ခဲ့ ကြတယ်။
ဗိုလ်ချုပ်ရဲ့ပုံရိပ်တွေကို လူမြင်ကွင်းကနေ ဖယ်ရှားခဲ့တယ်။ ရုံးတွေ ကျောင်းတွေမှာချိတ်ထားတဲ့ ပုံတွေကို ဖြုတ်ခိုင်းပြီး အာဇာနည်နေ့ကိုလည်း မထင်မရှားဖြစ်အောင်လုပ်ခဲ့တယ်။
ငွေစက္ကူတွေပေါ်က ဗိုလ်ချုပ်ရဲ့ ပုံတွေကို ဖယ်ရှားခဲ့တယ်။
လွတ်လပ်ရေးဗိသုကာကြီး၊တပ်မတော်ကရဲ့ ဖခင်ကြီး ဆိုတဲ့ အသုံးအနှုံးတွေကို မြေမြှုပ်ခဲ့တယ်။ တပ်နဲ့ ဗိုလ်ချုပ် မပတ်သက်သလို သမိုင်းကို လိမ်ကြတယ်။
အဲလို ဗိုလ်ချုပ်ရဲ့ ပုံရိပ်တွေကို ပြည်သူနဲ့ တပ်မိသားစုတွေရဲ့ မြင်ကွင်းကနေ ဖျောက်ဖျက်ပြီး  မျိုးဆက်တခုပြတ်သွားတဲ့ အထိ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူနဲ့ ထိတွေ့ခွင့်ကနေပိတ်ထားခဲ့တယ်။
အာဏာရှင် စစ်ဗိုလ်ချုပ်ကြီးတွေ အင်မတန်ကြောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပုံရိပ်ဖျက်ပြီး လူထုထောက်ခံမှု ကျဆင်းစေဖို့အတွက် သူမရဲ့ ဖခင် လွတ်လပ်ရေးဗိသုကာ တပ်မတော်ရဲ့ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ပုံရိပ်ကို ပြည်သူတွေနဲ့ တပ်မိသားစုတွေရဲ့ ရင်ထဲကနေပျောက်ကွယ်သွားအောင် မျိုးဆက် သစ်တခုထွက်ပေါ်လာသည်အထိ ဆယ်စုနှစ် နှစ်ခုကျော် လုပ်ဆောင်ခဲ့ကြတာဟာဖြင့် အာဏာရှင် စစ်ဗိုလ်ချုပ်ကြီးတွေက
ဗိုလ်ချုပ်အောင်ဆန်းကို ဒုတိယအကြိမ် လုပ်ကြံခဲ့ကြတာပါ။
ဂဠုံဦးစောလုပ်ကြံလို့ ဗိုလ်ချုပ်အောင်ဆန်း အသက်သေပေမဲ့ တမျိုးသားလုံးရဲ့ ချစ်ခင် လေးစာမှုကိုတော့ သူတို့ ဖျောက်ဖျက်လို့ မရခဲ့ပါ။
ထို့အတူပဲ အာဏာရှင်စစ်ဗိုလ်ချုပ်ကြီးတွေက ဗိုလ်ချုပ်အောင်ဆန်းကို ဒုတိယအကြိမ် လုပ်ကြံခဲ့ကြပေမဲ့ ပြည်သူ့ရင်ထဲမှာ ဗိုလ်ချုပ်မသေသလို ဗိုလ်ချုပ်ရဲ့ ပုံရိပ်ကို သူတို့ ဖျောက်ဖျက်လို့လည်းမရ၊ ဗိုလ်ချုပ်သမီးရဲ့ ပုံရိပ်နဲ့ သူမကို ပြည်သူရဲ့ထောက်ခံမှုကိုလည်း သူတို့ထင်သလို ဖျက်ဆီးလို့မရခဲ့ပါ။
သို့သော်လည်းပေါ့လေ ဦးနှောက်ဆေးခံထားရသူတချို့နဲ့ အာဏာရှင်နောက်တော်ပါးတွေကို သူတို့လှည်ဖြားလို့ရခဲ့ပါတယ်။ မျိုးဆက်သစ် တပ်မိသားစုနဲ့ လူငယ်အချို့ကတော့ သူတို့ရဲ့ မှိုင်းတွေမိခဲ့ကြပါတယ်။
ဗိုလ်ချုပ်ရဲ့ သမိုင်း အမှန်ကို မသိဖြစ်ခဲ့ကြပါတယ်။
ဗိုလ်ချုပ်ရဲ့ အသက်ကို လုပ်ကြံခံရတဲ့ ဇူလိုင် ၁၉ ကို အာဇာနည်နေ့လို့ သတ်မှတ်ပေမဲ့
ဗိုလ်ချုပ်ရဲ့ ပုံရိပ်ကို လုပ်ကြံခံရတဲ့ ဒုတိယလုပ်ကြံမှုအတွက်ကတော့ အာဇာနည်နေ့ရယ်လို့ သတ်သတ်မှတ်မှတ်မရှိပါဘူး။ နှစ်ရှည်လများ လုပ်ကြံခဲ့ ကြပေတာကိုး။
အဲဒီ ဒုတိယလုပ်ကြံမှုကြီးကို စနစ်တကျ စီမံဆောင်ရွက်ခဲ့သူတွေဟာ ဗိုလ်ချုပ်ကိုယ်တိုင် တိုင်းပြည်ကိုကာကွယ်ဖို့ ပြည်သူကို စောင့်ရှောက်ဖို့ ထူထောင်ခဲ့ တဲ့ ပြည်သူ့တပ်မတော်ရဲ့ အရာရှိတွေ (တနည်း) ဗိုလ်ချုပ်ရဲ့ ဝမ်းမနာသားတွေဖြစ်နေတာကတော့ ဖြင့် အလွန်ပင် ရင်နာစရာ သံဝေဂ ရစရာကောင်းပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူတွေ ဘယ်နှစ်ကြိမ် လုပ်ကြံ လုပ်ကြံ ပြည်သူ့ရင်ထဲမှာ ဗိုလ်ချုပ်မသေသလို ဗိုလ်ချုပ်ရဲ့ ပုံရိပ်ကို သူတို့ လုံးဝဖျောက်ဖျက်လို့လည်းမရပါ၊
ထို့အတူ ဗိုလ်ချုပ်ရဲ့ပုံရိပ်ကို မှီခိုတာမဟုတ်ပဲ သူမကိုယ်တိုင် အရည်အချင်းရှိပြီး တိုင်းပြည်ကို ချစ်တဲ့ တိုင်းပြည်အတွက်ကိုယ်ကျိုးစွ့န်ပြီး တတ်စွမ်းသမျှ စွမ်းစွမ်းတမံဆောင်ရွက်နေတဲ့ တဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပုံရိပ်နဲ့ သူမရထားတဲ့ ပြည်သူရဲ့ထောက်ခံမှုကိုလည်း သူတို့ထင်သလို ဖျက်ဆီးလို့မရပါ။
ဒါတွေကို ရေးပြနေပေမဲ့ ကျနော်ဟာ မိမိစားနေကျ အစာကလေးကို တမ်းတမိတဲ့ လူ့သဘာဝကို မျိုးချစ်စိတ်နဲ့ မကွဲပဲ ပဲပြုတ်နံပြားစားချင်တာကို ရေးကြီးခွင်ကျယ်လုပ်တတ်နေကြတဲ့ ပုဂ္ဂိုလ်ရေး ကိုးကွယ်တာမျိုးကို အားမပေးတဲ့သူပါ။ လက်တွေ့သမားပါ။
ဗိုလ်ချုပ်ရော ဒေါ်အောင်ဆန်းစုကြည်ပါလူ ထဲက လူတွေပဲမို့ ခြောက်ပစ်ကင်းသဲလဲစင်တွေ မဟုတ်နိုင်ဘူးလို့ လက်တွေ့ကျကျ လက်ခံထားသူပါ။ သူတို့ လဲ အမှားလုပ်တတ်ပါတယ်ဆိုတာကို လက်ခံပါတယ်။ ဒါပေမဲ့ ကိုယ်ကျိုး အတွက်လုပ်တာမဟုတ်ဘဲ အများကောင်းကျိုးကို လုပ်ရင်းမှားတဲ့ စေတနာ အမှားများသာဖြစ်တယ်လို့ ယုံကြည် လက်ခံထားပါတယ်။ အများအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံတာ ဖြူစင်ရိုးသားတာ တိုင်းပြည်အတွက် စေတနာထားတာ စွမ်းစွမ်းတမံ ဆောင်ရွက်တာတွေအတွက် လေးစားတာပါ။
ဗိုလ်ချုပ်ကို ချစ်ခင် လေးစားတာကတပိုင်းပါ။
ဒေါ်အောင်ဆန်းစုကြည်ကို လေးစားထောက်ခံတာလည်း သူမက ဗိုလ်ချုပ်ရဲ့  သမီး ဖြစ်နေလို့ မဟုတ်ပါ။ သူမက အဖေတူသမီးဖြစ်နေတာတော့ ငြင်းလို့မရပါ။
ဒေါ်အောင်ဆန်းစုကြည်ကို သူမရဲ့ ပင်ကိုယ်အရည်အချင်းတွေ၊ တိုင်းပြည်နဲ့ နိုင်ငံသား တွေအပေါ် ချစ်တဲ့ စိတ်စေစတနာနဲ့ တတ်စွမ်သမျှဆောင်ရွက်ပေးတဲ့၊ စွန့်လွှတ် အနစ်နာခံတဲ့ စိတ်ဓါတ်တွေကိုသိရှိနားလည်ပြီးမှ လေး စားချစ်ခင်တာ၊ ထောက်ခံတာပါ။
ဥပမာပြောရရင် ဦးအောင်ဆန်းဦးက ဗိုလ်ချုပ်ရဲ့ သားပေမဲ့ သူ့ကို ဘယ်သူကမှ အရေးးလုပ်ပြီး စကားထဲ ထဲ့ မပြောပါ။
အချုပ်ကတော့ ဗိုလ်ချုပ်အောင်ဆန်းဟာ ၁၉၄၇ ခု ဇူလိုင်၁၉ရက် မှာသာလုပ်ကြံခံတဲ့ ရတာမဟုတ်ဘဲ ၁၉၉၀ စစ်အစိုးရလက်ထက်ကနေ တိုင်းပြည်ကို အိမ်တိုင်ပါချွတ်ရောင်းကြတဲ့ လူဝတ်လဲ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ အထိ ဗိုလ်ချုပ်ရဲ့ ဝမ်းမနာသား အာဏာရူး စစ်ဗိုလ်ချုပ်ကြီးတွေက ဗိုလ်ချုပ်အောင်ဆန်းကို ဒုတိယအကြိမ် လုပ်ကြံခဲ့ကြသေးတယ်ဆိုတဲ့ မှတ်တမ်းမတင်ထားတဲ့ သမိုင်းရဲ့ တစိတ်တဒေသကို ထောက်ပြချင်တာပါ။
ဖိုးသုည
11-07-2018







ဗို္လ္ခ်ဳပ္ကို ပထမအႀကိမ္ လူပ္ႀကံသူ ဂဠဳံဦးေစာ

ဗို္လ္ခ်ဳပ္ကို ဒုတိယအႀကိမ္ လုပ္ႀကံသူ ဗိုလ္ခ်ဳပ္သန္းေ႐ႊ၊ ဗိုလ္ခ်ဳပ္ခင္ၫြန္႔ႏွင့္ အေပါင္းအပါမ်ား
ဗို္လ္ခ်ဳပ္ကို ဒုတိယအႀကိမ္ လုပ္ႀကံသူ ဗိုလ္ခ်ဳပ္သန္းေ႐ႊ၊ ဗိုလ္ခ်ဳပ္ခင္ၫြန္႔ႏွင့္ အေပါင္းအပါမ်ား