ဈေးကွက်ထဲရှိ သာမန် FM ရေဒီယိုတလုံးကို လေဆိပ်ကဆက်သွယ်ရေးလှိုင်းတွေ မိအောင် ပြောင်းကြည့်မယ်။
(ဖြည့်စွက်။ ဒီပို့စ်မှာပြထားသလိုပြောင်းပြီးတဲ့အခါ Short Wave SW လှိုင်းတွေကိုလည်းများသွားစေပါတယ်.
မူလက SW 6 မှာ ဖမ်းလို့ရတာက 15.1 MHz -15.3 MHz ဖြစ်ပြီး SW 7 မှာတော့ 17.5 MHz - 17.9 MHz ဖမ်းလို့ရပါတယ်။
Radio NUG က 17.1 MHz မှာလွှင့်တော့ အဲဒီဖရီကွင်စီက SW 6 နဲ့ SW7 ကြားထဲမှာ ပျောက်နေပါတယ်။
အောက်မှာ ပြထားသလို ပြုပြင်ပြီးတဲ့အခါမှာတော့ SW 6 မှာ ဖမ်းလို့ရတဲ့ ဖရီကွင်စီက 16.28 MHz - 17.38
SW 7 မှာ 19.02 MHz- 19.86 MHz ထိ ဖမ်းလို့ရသွားပါတယ်။
အဲဒီတော့ Radio NUG ရဲ့ 17.1 MHz ကို SW 6 မှာ ဖမ်းလို့ရသွားမှာ ဖြစ်ပါတယ်။ )
ATC; Union Air 337, Wind calm, runway 21, clear for take off.
Pilot; Clear for take off, Union Air 337.
ATC; Mann Royal 417, behind departing traffic line up, wait.
Pilot; Behind departing traffic line up, wait , Mann Royal 417
လေယာဉ် တွေကို ဓါတ်ပုံရိုက်ကြတဲ့ Plane spotter အတော်မျာများက လေဆိပ်က ATC ( Air traffic control) တာဝါနဲ့
ပိုင်းလော့တွေ ပြောဆိုကြတာကိုလည်းနားထောင်ချင်ကြပါတယ်။
တခါတလေ Flight radar 24 လို app တွေမှာ မပြတဲ့ လေယာဉ်တွေ (ဥပမာ
စင်းလုံးငှားလေယာဉ်တွေ) အတက် အဆင်းလုပ်တာကို သူတို့စကားပြောတာတွေကနေ
သိရှိနိုင်ပါတယ်။
လေကြောင်းပြောင်းလို့ပြေးလမ်း
ပြောင်းတာတွေကိုလည်း ရေဒီယိုဆက်သွယ်ရေးကနေ သိနိုင်ပါတယ်။
ခက်တာက ဈေးကွက်ထဲမှာ ဝယ်လို့ရတဲ့ ရေဒီယိုတွေနဲ့ ဒီလို ဆက်သွယ်တဲ့
ဖရီကွင်စီကိုဖမ်းလို့မရပါ။ နိုင်ငံ အတော်များများမှာလည်း အဲဒီလိုင်း တွေကို
တရားဝင် ဖမ်းခွင့်မပြုပါ။ တချို့နိုင်ငံတွေ မှာတော့အဲလို ဖမ်းနားထောင်တာ
ပြသနာမရှိရုံမျှမက အင်တာနက်မှာပါတင်ပြီး ရှဲထားတာကို ဖမ်းလို့ရနိုင်ပါတယ်။ https://www.liveatc.net/
အဲဒီဆက်သွယ်ရေးဖရီကွင်စီ VHS လှိုင်းတွေက 117.975 ကနေ 137 MHz အကြားမှာရှိပါတယ်။
117.975 – 137 MHz Air-ground and air-air communications (VHF voice
and data) AM(R)S
ဒီလှိုင်းတွေ ကို ဖမ်းလို့ရတဲ့ VHS ရေဒီယိုတွေ ကို တချိူ့နိုင်ငံတွေမှာ ဝယ်လို့ရပေမယ့် နိုင်ငံ အများစုမှာ အဲလို VHS ရေဒီယိုနဲ့ ဝေါ်ကီတော်ကီတွေကို ရေဒီယိုသုံးခွင့်လွှင့်ခွင့် လိုင်စင် ရထားတဲ့
အဖွဲ့အစည်းတွေကသာ သုံးခွင့်ရှိတာ များပါတယ်။
![]() |
Airband Radio နမူနာ |
ဈေးကွက်ထဲရှိ သာမန် FM ရေဒီယိုတလုံးဟာ အမြင့်ဆုံး ၁၀၈ MHz အထိပဲ ဖမ်းနိုင်ပါတယ်။ အဲဒီရေဒီယိုကို ATC ဆက်သွယ်ရေး air bands ဖမ်းလို့ရအောင် ပြုပြင်လိုက်လို့မရဘူးလားလို့ စမ်းကြည့်ချင်သူများလည်းရှိမှာပါ။
Analog FM ရေဒီယိုတွေကိုတော့ အဲဒီလို လုပ်လို့ရပါတယ်။ ဖမ်းလို့ရတဲ့
Frequency range ကိုကန့်သတ်ထားတာကို
ပြင်လိုက်ပြီး demodulate လုပ်လိုက်တာလို့ဆိုပါတယ်။ နောက်ပိုင်းပေါ်တဲ့
Digital FM Radioတွေကိုတော့အဲလို
ပြောင်းနည်းကိုရှာလို့မတွေ့သေးပါဘူး။
အခက်အခဲတခုက ဒီလိုပြောင်းပြီးတဲ့ အခါ ရေဒီယိုက
မီတာလှိုင်းတွေကို ပြတဲ့မီတာတံနဲ့ ရေဒီယိုဒိုင်ခွက်မှာ မူလက 70-108 MHz ကို 70- 126 MHz ပြောင်းလိုက်တော့ အမှတ် အသားတွေက နေရာလွဲကုန်ပါတယ်။ ပြတာအကွားအဝေး စကေးလဲ လွဲပါတယ်။ မိမိဖမ်းချင်တဲ့ဖရီကွင်စီကို
ဘယ်နေရာမှာရှိတယ်ဆိုတာကိုပြဖို့ အမှတ် အသားလည်းမရှိလို့ ခန့်မှန်ပြီး ဖမ်းရပါတယ်။
တချို့ရေဒီယိုတွေမှာတော့ ဖမ်းနေတဲ့ဖရီကွင်စီကို LCD မှာပြတော့ ရှာရတာ ပိုလွယ်ပါတယ်။
ကံကောင်းစွာပဲ Tecsun R919 ရေဒီယိုကတော့ သူဖမ်းတဲ့ ဖရီကွင်စီကို LCD display နဲ့ ပြပေမယ့် analog tuner သုံးထားလို့ air band ဖမ်းလို့ရအောင် ပြောင်းဖို့ သင့်တော်တဲ့ ရေဒီယို
တလုံးပါ။
![]() |
Tecsun R919 |
ကျနော်တို့မရင်းနှီးတဲ့ technical terms တွေကိုရှောင်ပြီး အများနားလည်အောင်
လက်တွေ့ဘယ်လို့လုပ်လို့ရတယ်ဆိုတာကလေးကိုပဲ ရေးမှာဖြစ်ပါတယ်။
(၁) ဖရီကွင်စီတွေကိုကန့်သတ်ထားတဲ့
ကွိုင်ကိုရှာပြီးချဲပေးရပါမယ်။
(၂)
လေးထောင့် အတုံးကလေးတွေထဲက လှည့်ထဲ့ ခလုပ်ကလေးတွေကို
ဘယ်ဖက်ကိုလှည်ပေးရပါမယ်။
လိုအပ်သောပစ္စည်းများ
၁၊ Tecsun R919 Radio
၂၊ ဝက်အူလှည့် အပြားတခု
၃၊ ဝက်အူလှည့် အပေါင်း (အလတ်) တခု
၄၊ AA ဘက်ထရီ ၂လုံး
လုပ်ဆောင်ပုံ
ပထမဆုံး ရေဒီယို နောက်ဖုံးကိုဖွင့်ပါ။ ဝက်အူသုံးလုံးရှိပါတယ်။
အန်တန်နာအခြေမှာ အနောက်ဖုံးကို ထိန်းတဲ့ ချိတ်ကလေးတခုရှိပါတယ်။ အဖုံးကို ဖြုတ်လျင်
ဘက်ထရီ ဆက်တဲ့ စပရင်ကလေးတွေ ကို သတိထားပါ။
![]() |
အဖုံးကို ဖြုတ်လျင် ဘက်ထရီ ဆက်တဲ့ စပရင်ကလေးတွေ ကို သတိထားပါ။ |
လိုင်းပြောင်းဖမ်းတဲ့ဘီးကလေးကို စွဲထားတဲ့
ဝက်အူကို ဖြုတ်ပြီး ဘီးကလေးကို ဖယ်လိုက်လျင် tunner capacitor ကလေးနဲ့ ကြေးရောင် ကွိုင်သေးသေးလေး ၂ ခုကိုတွေ့ပါတယ်။ တခုက FM ဖရီကွင်စီကိုကန့်သတ်ပေးထားတာဖစ်ပြီး သူကို ချဲ
ပေးခြင်းဖြင့်ဖရီကွင်စီပိုတိုးလာပါတယ်။
ဘယ်ကွိုင်က ဖရီကွင်စီကို ကန့်သတ်ထားတာလည်းဆိုတာသိဖို့
ရေဒီယို ကို FM လိုင်းဖမ်းထားပြီး ကွိုင်ကို ဝက်အူလှည့်နဲ့
ထောက်ကြည့်ပါ။ အဲလို ထောက်လို့ ရေဒီယိုအသံပြောင်းလျင် အဲဒီကွိုင်ကို ချဲပေးရမှာပါ။
ချဲလို့ ရနိုင်သမျှချဲပေးပါ။
အဲလိုစမ်းကြည့်တော့ ဘေးဖက်ကကွိုင်ကို ထိရင်
ဖမ်းထားတဲ့ FM အသံပြောင်းသွားလို့ သူ့ကို ရနိုင်သလောက်ချဲလိုက်ပါတယ်။
အဲဒီနားမှာ ရောင်စုံအတုံးကလေးတွေက frequency
modulation ကို ထိန်းထားတဲ့ transformer လို့ဆိုပါတယ်။ FM လှိုင်းကို AM လှိုင်းဖမ်းလို့ရဖို့ အထဲက
အတုံးကလေးကိုဝက်အူလှည့် အပြားကလေးသုံးပြီး ဘယ်ဘက်ကို ရသလောက် ပြန်လှည့်ပါဆိုပါတယ်။
တချို့ကတော့ ရေဒီယိုကို ဖွင့်ထားပြီး လိုင်း
မမိတဲ့အချိန်ကြားရတဲ့ လေသံ အကျယ်ဆုံးရအောင် လှည့်ပါဆိုပါတယ်။
ပြီးလျင် လိုင်းချိန်တဲ့ ဘီးကိုပြန်တပ်ပါ။
ဆားကစ်ကိုပြန်တပ်လျင် ဘက်ထရီ စပရင်တွေအံဝင်အောင် ဂရုစိုက်ပေးပါ။ တခုနဲ့တခုထိလျင်
ရှော့ခ် ရပါမယ်။
ဆားကစ်ကို ဝက်အူမစွဲခင် FM AM SW ပြောင်းတဲ့
ခလုပ်နဲ့ ဘေး က ခလုပ် နေရာမှန်အောင် သတိထားပါ။
အားလုံးပြီးလို့ပြန်တပ်ပြီး ရေဒီယိုကို
ဖမ်းကြည့်လျင် ဖမ်းမိတဲ့ ဖရီကွင်စီ ၁၂၀ မီဂါဟာ့ဇ်ကျော်လာတာကို တွေ့ရပါမယ်။
ကိုယ်ဖမ်းချင်တဲ့ လိုင်းကို ဖမ်းကြည့်ပါ။
အဆက်အသွယ် မရှိချိန်မှာတော့ လေသံ အကျယ်ကြီးကြားနေရပေမယ့် အဆက် အသွယ်
လုပ်ချိန်မှာတော့ အသံကို သဲသဲကွဲကွဲ ကြားရပါတယ်။
FM ရေဒီယိုကို AM လိုင်းဖမ်းလို့ရအောင်
ပြောင်းထားတာဖြစ်လို့ VHS လိုင်းဖမ်းဖို့ထုတ်ထားတဲ့ရေဒီယိုတွေလိုတော့ ဖမ်းအားမကောင်းနိုင်ပါ။ လေဆိပ်
အနားမှာပဲဖမ်းလို့ရပါတယ်။ တာဝါကအသံက ကျယ်ပေမယ့်တချို့ပိုင်းလော့အသံတွေကတော့
တိုးပါတယ်။
လေဆိပ်
အလိုက် သုံးတဲ့ လှိုင်းတွေကို ဒီ ဆိုဒ်မှာ ရှာလို့ရပါတယ်။
မင်္ဂလာဒုံလေဆိပ်နားမှာတော့ တာဝါ လိုင်း 118.1 ကိုသေချာကြားရပါတယ်။
တခုရှိတာက သူတို့ဘာတွေပြောတယ်ဆိုတာကို လေကြောင်းဗဟုသုတအခြေခံမရှိလျင် နားလည်ဖို့မလွယ်ပါ။
https://www.facebook.com/phoethunyazero/videos/pcb.2530410660389420/2496912673911343/?type=3&theater&ifg=1
https://www.facebook.com/phoethunyazero/videos/pcb.2530410660389420/2496912363911374/?type=3&theater&ifg=1
ဖိုးသုည
16/12/19
မှတ်ချက်။
တခုရှိတာက သူတို့ဘာတွေပြောတယ်ဆိုတာကို လေကြောင်းဗဟုသုတအခြေခံမရှိလျင် နားလည်ဖို့မလွယ်ပါ။
https://www.facebook.com/phoethunyazero/videos/pcb.2530410660389420/2496912673911343/?type=3&theater&ifg=1
https://www.facebook.com/phoethunyazero/videos/pcb.2530410660389420/2496912363911374/?type=3&theater&ifg=1
ဖိုးသုည
16/12/19
မှတ်ချက်။
၁။ သူများစမ်းသပ်ထားတာကိုလိုက်လုပ်ကြည့်ပြီး ပြန်မျှဝေတာဖြစ်ပါတယ်။ ရေဒီယိုအကြောင်းနားလည်လို့မဟုတ်ပါ။
https://youtu.be/5kvxjNeWMxs
https://electronics.stackexchange.com/questions/16583/modify-an-am-fm-radio-to-an-airband-receiver-what-if-any-changes-to-the-demod
https://makezine.com/2019/12/04/a-hard-to-find-traditional-treat-recreated-with-ease/
https://makezine.com/projects/aircraft-band-receiver/
၂။ Tecsum R919 ရေဒီယိုကို ဆိုင်တွေမှာ မရလို့ ၁၃၇ လမ်းက ပင်နီစူလာ ကုမ္ပဏီ ရုံးမှာ သွားဝယ်ခဲ့ရပါတယ်။ တခြား analog FM ရေဒီယိုတွေလည်းသုံးလို့ရပါတယ်။
၃။ တချို့နိုင်ငံတွေမှာ လေကြောင်း ဆက်သွယ်ရေးလှိုင်းတွေကို ဖမ်းယူတာ ပြစ်မှုမြောက်တယ်ဆိုပါတယ်။ ဒီဘလော့က ဗဟုသုတအတွက် ပညာပေးစမ်းသပ်မှုအနေနဲ့ လုပ်ထားတာကို ရေးပြတာသာဖြစ်ပါတယ်။ ဒီဘလော့ကိုဖတ်ပြီး မိမိဖာသာစမ်းသပ်လို့ တခုခုဖြစ်ခဲ့လျင် စမ်းသပ်သူ၏တာဝန်သာဖြစ်ပြီး ဗွီဒီယို ဖန်တီးသူ၊ ဘလော့ရေးသူနဲ့ လုံးဝ မသက်ဆိုင်ပါကြောင်း ကြိုတင် သတိပေးပါရစေ။
https://youtu.be/5kvxjNeWMxs
https://electronics.stackexchange.com/questions/16583/modify-an-am-fm-radio-to-an-airband-receiver-what-if-any-changes-to-the-demod
https://makezine.com/2019/12/04/a-hard-to-find-traditional-treat-recreated-with-ease/
https://makezine.com/projects/aircraft-band-receiver/
၂။ Tecsum R919 ရေဒီယိုကို ဆိုင်တွေမှာ မရလို့ ၁၃၇ လမ်းက ပင်နီစူလာ ကုမ္ပဏီ ရုံးမှာ သွားဝယ်ခဲ့ရပါတယ်။ တခြား analog FM ရေဒီယိုတွေလည်းသုံးလို့ရပါတယ်။
၃။ တချို့နိုင်ငံတွေမှာ လေကြောင်း ဆက်သွယ်ရေးလှိုင်းတွေကို ဖမ်းယူတာ ပြစ်မှုမြောက်တယ်ဆိုပါတယ်။ ဒီဘလော့က ဗဟုသုတအတွက် ပညာပေးစမ်းသပ်မှုအနေနဲ့ လုပ်ထားတာကို ရေးပြတာသာဖြစ်ပါတယ်။ ဒီဘလော့ကိုဖတ်ပြီး မိမိဖာသာစမ်းသပ်လို့ တခုခုဖြစ်ခဲ့လျင် စမ်းသပ်သူ၏တာဝန်သာဖြစ်ပြီး ဗွီဒီယို ဖန်တီးသူ၊ ဘလော့ရေးသူနဲ့ လုံးဝ မသက်ဆိုင်ပါကြောင်း ကြိုတင် သတိပေးပါရစေ။