NLD (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ) ပါတီ အလံနဲ့ တံဆိပ်
အခုတလော မဲလက်မှတ်မှာ NLD ကိုမဲပေးဖို့ တံဆိပ်တုံးနှိပ်ထားတဲ့ ပုံတွေတင်ကြတာတွေ့ရပါတယ်။
ပုံတချို့မှာ မဲလက်မှတ်နမူနာထဲက NLD ပါတီတံဆိပ်ကမှားနေပါတယ်။
ပုံတချို့မှာ မဲလက်မှတ်နမူနာထဲက NLD ပါတီတံဆိပ်ကမှားနေပါတယ်။
တလောက အနုပညာရှင်တချို့ စင်ပေါ်မှာ မဲလက်မှတ်ပုံစံမျိုးလုပ်ပြတာ တံဆိပ်ကမှားနေတယ်။
ကြီးကြီးကျယ်ကျယ်တော့မဟုတ်။
အလံပုံနဲ့ တံဆိပ်နဲ့ လွဲတာပါ။
တရားဝင် NLD ပါတီတံဆိပ်မှာ ကြယ်ဖြူနဲ့ ဒေါင်းဝါရဲ့ အောက်ခြေမှာ " အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်" ဆိုတဲ့ စာတန်းအဖြူ ပါပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ အမှတ်တံဆိပ် (NLD party logo)
![]() |
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ အမှတ်တံဆိပ် (NLD party logo) |
မဲလက်မှတ်ပေါ်မှာတော့ တံဆိပ်ရဲ့ ရွှေနားကွပ်က မသိသာပါ။
ပါတီရဲ့ အလံကတော့ ကြယ်ဖြူနဲ့ ခွပ်ဒေါင်းဝါပဲပါပါတယ်၊ စာတန်းမပါပါ။
![]() |
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ အလံ (NLD party Flag) |
![]() |
https://nld-official.org/en/political-policy-2/ |
![]() |
မဲလက်မှတ်နမူနာ |
တခြားနေရာတွေမှာ ပါတီအလံပုံကို သုံးတာပြသနာမရှိပါ.
ဒါပေမယ့် မဲလက်မှတ်နမူနာမှာတော့ ပါတီရဲ့အမှတ်တံဆိပ်ကိုသာ မှန်ကန်အောင်သုံးသင့်ပါတယ်။
တံဆိပ်တုံးအကွက်မှာလည်း အမှတ်ခြစ်တံဆိပ် အပြည့်ပြမည့်အစား လက်တွေ့မှာသုံးတဲ့ တံဆိပ်အရွယ်ကိုသာပြသင့်ပါတယ်။
ဘာအရေးကြီးလို့လဲ
မြန်မာနိုင်ငံသားတိုင်းအတွက် အလွန်အရေးပါတဲ့ ဆန္ဒမဲတွေကိုပေးကြတဲ့အခါ တချို့က အလွန်စိတ်လှုပ်ရှားပါတယ်။
တချို့အတွက် မဲပေးရုံဆိုတာ_စာမေးပွဲခန်းလိုပါပဲ၊ အထဲရောက်တော့ မှားမှာစိုးလို့ စိတ်တွေအလွန်လှုပ်ရှားပြီး ခြေမကိုင်မိ လက်မကိုင်မိဖြစ်ကြပါတယ်။
တချို့အတွက် မဲပေးရုံဆိုတာ_စာမေးပွဲခန်းလိုပါပဲ၊ အထဲရောက်တော့ မှားမှာစိုးလို့ စိတ်တွေအလွန်လှုပ်ရှားပြီး ခြေမကိုင်မိ လက်မကိုင်မိဖြစ်ကြပါတယ်။
ကိုယ်တန်ဖိုးထားတဲ့မဲကလေး ပယ်မဲဖြစ်သွားမှာစိုးလို့ပါ။
ကိုယ်သိထားတာနဲ့ နည်းနည်းလွဲတာနဲ့ ဘာမှမဆုံးဖြတ်ရဲတော့ပါ။
ကိုယ်သိထားတာနဲ့ နည်းနည်းလွဲတာနဲ့ ဘာမှမဆုံးဖြတ်ရဲတော့ပါ။
မဲပေးတဲ့အခါ တချို့က မှားမှာစိုးရိမ်တဲ့အတွက် သူတို့ သိထားတဲ့တံဆိပ်နဲ့ နည်းနည်းမတူတာနဲ့ မရွေးရဲတော့ပါ၊
သူတို့က ဖေ့ဘုတ်မှာ အောက်ကစာတန်းမပါတံပုံကို ပါတီတံဆိပ်အနေနဲ့မြင်ပြီးစွဲနေတဲ့အခါ တကယ်မဲပေးတော့ မဲလက်မှတ်မှာ အောက်ခြေက စာတန်းကြီးပါ၊ စာတန်းက သေးတော့ဖတ်လို့ကမရ၊
ဇဝေဇဝါတွေဖြစ်ပါမယ်၊။
သူတို့က ဖေ့ဘုတ်မှာ အောက်ကစာတန်းမပါတံပုံကို ပါတီတံဆိပ်အနေနဲ့မြင်ပြီးစွဲနေတဲ့အခါ တကယ်မဲပေးတော့ မဲလက်မှတ်မှာ အောက်ခြေက စာတန်းကြီးပါ၊ စာတန်းက သေးတော့ဖတ်လို့ကမရ၊
ဇဝေဇဝါတွေဖြစ်ပါမယ်၊။
အခုထိကြုံနေရသောပြသနာ
ရပ်ကွက်ထဲမှာ တအိမ်တက်ဆင်းသေချာလိုက်ပြပါတယ် မပူပါနဲ့ လို့ပြောကြမလားပဲ။
မထင်ပါနဲ့ လွဲကြပါသေးတယ်။
ပြည်ပကြိုတင်မဲတွေပေးကြတော့ မဲရုံအဝင်ဝမှာ မဲမပေးခင် မိနစ်ပိုင်းအလိုထိ မဲလက်မှတ်နမူနာကိုကိုင်ပြီး သေချာရှင်းပြကြပါတယ်။ မသိလျင်လည်းမေးလို့ရပါတယ်လို့ပြောထားပါတယ်။
မဲလက်မှတ်မှာ ကိုယ်ပေးမယ့်ကိုယ်စားလှယ်နဲ့ ပါတီတံဆိပ်ဘေးကွက်လပ်မှာ အမှန်တခုပဲခြစ်ပါ၊ ကျန်တာ ဘာမျှ မရေးရ မခြစ်ရပါ လို့ သေချာ နမူနာနဲ့ပြတာတောင်
မဲရုံမှုးနေရာမှာ မိမိနာမည်ရေး လက်မှတ်ထိုးခဲ့တာတွေ၊ မဲပေးပြီး ကွက်လပ်ဘေးမှာ မိမိနာမည်ရေး လက်မှတ်ထိုးခဲ့တာတွေလုပ်ကြပါတယ်၊

အဲဒီတေ့ာ NLD ကိုမဲပေးမည့်သူတွေ မဲရုံထဲမှာ ဇဝေဇဝါမဖြစ်ရအောင် မဲပေးတဲ့လက်မှတ် နမူနာတွေ ဆိုရှယ်မီဒီယာမှာတင်တဲ့အခါ ပါတီတံဆိပ်ကို တိကျမှန်ကန်စေချင်ပါတယ်။
ဘေးကနှိပ်တဲ့တံဆိပ်ကိုလည်းလက်တွေ့တံဆိပ်အရွယ်ကိုသုံးပြကြစေချင်ပါတယ်။
ဘေးကနှိပ်တဲ့တံဆိပ်ကိုလည်းလက်တွေ့တံဆိပ်အရွယ်ကိုသုံးပြကြစေချင်ပါတယ်။
တချို့ပုံတွေမှာ တံဆိပ်တုံးက ကွက်လပ်ကြီးအပြည့်၊
တန်ဖိုးရှိတဲ့ မဲကလေးတွေ မဆုံးရှုံးစေဖို့ အသေးအဖွဲကအစ ဂရုစိုက်ကြစေချင်ပါတယ်။
ကျေးဇူးတင်လျက်
ဖိုးသုည
17-10-2020
17-10-2020
https://nld-official.org/en/political-policy-2/