Saturday, September 17, 2016

ပုဇြန္နဲ့ ဗီတာမင္စီ

လူအမ်ားစိတ္ဝင္စားတဲ့ ပို႔စ္ေလးတခု ေဖ့စ္ဘြတ္ရဲ့ အဖတ္မ်ား အရွဲမ်ားတဲ့ ပို႔စ္ေလးတခုကမို႔လို႔ အေထာက္ အထားနည္းနည္း ရွာၾကည့္ၾကရေအာင္။
မူရင္းပိုစ္က ေအာက္မွာပါပါတယ္။ 

၁. ဒီထိုင္ဝမ္က အမ်ိဳးသမီး ေသတာနဲ႔ ပုဇြန္ထဲက အာဆင္းနစ္ရယ္ ဗီတာမင္စီရယ္ ဇာတ္လမ္းက ၂၀၀၁ ေလာက္ကတည္းကစလို႔ အီးေမးေတြကေန (ဖဘ မေပၚေသးလို႔) မၾကာခဏရွဲေနၾကတာပါ။
မူရင္း မွာ ဓါတ္ပုံပါပါၿပီး ပုံကေတာ့ ၂၀၀၉တုန္းက ဆႏၵျပပဲ့မွာ ဦးေခါင္း ေသနတ္မွန္ေသဆုံးသြားတဲ့ Neda Agha Soltan ရဲ့ ေသးစီ္းေနတဲ့ မ်က္ႏွာပုံကိုယူသုံးထားပါတယ္။
ေနာက္ တခုကေတာ့ အာဆင္းနစ္ေၾကာင့္ ႐ုတ္တရက္ အဆိပ္သင့္သူေတြရဲ့ လကၡဏာေတြထဲမွာ ပါးစပ္ေတြ န်ာေခါင္းေတြကေန ေသြးယိုတာ မပါပါဘူး။
အဲဒီ ဇာတ္လမ္းက အတုပါ။
၂။ အာဆင္းနစ္ ကေတာ့ ေျမ၊ေရ၊ ေလ၊ အသားငါး၊ အသီးအရြက္ စတဲ့ သဘာဝ သက္ရွိ သက္မဲ့ ေတြမွာ အနည္း အက်ဥ္းပါဝင္ပါတယ္။
အခြံပါ ေရသတၱဝါဆိုတာကေတာ့ ေရထဲမွာ အဆိပ္သင့္ပစၥည္းေတြရွိရင္ အဲ ဒီပစၥည္းကို အျခား ေရသတၱဝါေတြထက္ ပိုမို သယ္ေဆာင္ထားတတ္ပါတယ္။ အစားအစာေတြထဲမွာ အာဆင္းနစ္ အမ်ားစုက အႏၲရာယ္ မေပးတဲ့ ေအာ္ဂဲနစ္ ဓါတ္ေပါင္း အျဖစ္ပါဝင္တယ္ဆိုပါတယ္။
အင္ေအာ္ဂဲနစ္ ဓါတ္ေပါင္း ကေတာ့ အဆိပ္အေတာက္ ျဖစ္ေစၿပီး၊ ေျမေအာက္ေရထဲမွာ ပါတာကေတာ့ အင္ေအာ္ဂဲနစ္ ဓါတ္ေပါင္း မ်ားတယ္ဆိုပါတယ္။ အာဆင္းနစ္ပါတဲ့ အရာေတြကို စားမိ ကိုင္မိ ရွူမိရာက လူ႔ ခႏၶာထဲ ဝင္ေရာက္လာၿပီး အသည္းက oxidative methylation လုပ္ေပးကာ ဆီးထဲကေန ျပန္စြန္႔ထုတ္ပါတယ္။
ေဆးလိပ္မွာလဲ ေဆးရြက္ႀကီးက အာဆင္းနစ္ပါပါတယ္။
ခႏၶကိုယ္ထဲ ကို အာဆင္းနစ္ေတြ ေရရွည္ (၅ႏွစ္ေက်ာ္) အဝင္မ်ားေနရင္ ေတာ့ (ဥပမာ အာဆင္းနစ္မ်ားတဲ့ ေရကိုေသာက္သူေတြ၊ သစ္မ်ားတာရွည္ခံေဆး စီစီေအ နဲ႔ ကာလၾကာရ်ည္စြာထိေတြ႕သူေတြ) အာဆင္းနစ္ အဆိပ္သင့္ပါတယ္၊
လကၡဏာေတြကေတာ့
အေရျပားမွာ မွဲ႕ ေျခာက္ေတြ ထြက္လာမယ္၊ လက္ဖဝါး ေျခဖဝါးမွာ အသားမာေတြတက္လာမယ္ ေနာက္ပိုင္းမွာေတာ့ အေရျပားကင္ဆာျဖစ္ပါတယ္။ အာ႐ုံေၾကာ၊ ႏွလုံး၊ ေသြးေၾကာေတြကိုလဲ ထိခိုက္တတ္ၿပီး ေသြးမေလၽွာက္လို႔ ေျခလက္ေတြမဲပုပ္သြားတာလဲ ရွိပါတယ္။
သေႏၶသားကိုလဲ ထိခိုက္ပါတယ္။
႐ုတ္တရက္ အာဆင္းနစ္ အလြန္ အစားမ်ားလြန္းရင္ေတာ့ ဗိုက္နာ၊ ေအာ့အန္၊ ဝမ္းပ်က္၊ ေျခလက္ထုံက်င္ ႂကြက္တက္တာေတြျဖစ္တတ္ၿပီး သိပ္ဆိုးရင္ေတာ့ ေသတတ္ပါတယ္။
ဒီဇာတ္လမ္းထဲကလို႔ေတာ့ ေသြးေတြထြက္တာ မပါပါ။
၃။ ဗီတာမင္စီနဲ႔ အာဆင္းနစ္
ေန႔စဥ္ ဗီတာမင္စီလိုအပ္ခ်က္က အသက္နဲ႔ လိုက္ၿပီး 15 -120 မီလီဂရမ္ထိၾကားရွိၿပီး ေရမွာ ေပ်ာ္ဝင္တဲ့ သတၱိရွိတာေၾကာင့္ ပိုေနရင္လဲ ဆီးကေန စြန္႔ပစ္ပါတယ္။ ခႏၶထဲမွာ အၾကာႀကီး အမ်ားႀကီး မေနပါ။
၁၉၈၅ခုက သေတသနတခုမွာ အလြန္မ်ားျပားတဲ့ ဗီတာမင္စီ နဲ႔ ပုဇြန္လို အခြံပါ ေရသတၱဝါေတြမွာ ေတြရတဲ့ အာဆင္းနစ္နဲ႔ ထိေတြ႕ရင္ အဆိပ္သင့္ေစတဲ့ အာဆင္းနစ္ ထြိဳင္ေအာက္ဆိုဒ္ ကို ေျပာင္းေစတယ္ လို႔ပါတယ္ဆိုၿပီး သတင္းစာ တခုမွာ ဆိုပါတယ္။
အဲဒီသုေတသနက ပုဇြန္လို႔ အခြံပါ ေရသတၱဝါေတြ နဲ႔ ဗီတာမင္စီ တြဲစားရင္ အာဆင္းနစ္ အဆိပ္သင့္ေစသလား ရယ္လို႔ေတာ့ မေျပာထားသလို၊ အဲ ဒီစာတမ္းကိုလဲ ဖတ္ဖို႔ ရွာတာ မေတြ႕ခဲ့ပါ။
လက္ရွိ သူေတသန ေတာ္ေတာ္မ်ားမ်ားမွာေတာ့ အာဆင္းနစ္ကို ဗီတာမင္ စီတို႔ ဗီတာမင္ အီးတိုနဲ႔ တြဲၿပီး တခ်ိဳ႕ ကင္ဆာေတြကို ကုေနသလို၊
အာဆင္းနစ္ အဆိပ္သင့္တာကို ကုသရာမွာလဲ ဗီတာမင္ စီနဲ႔ ဗီတာမင္ အီးတိုကိုသုံးေနပါတယ္။
အဲဒီသုေတသနေတြက ဘာကို သက္ေသျပေနလဲဆိုေတာ့ ခႏၶကိုယ္ထဲမွာ အာဆင္းနစ္နဲ႔ ဗီတာမင္ စီေတြ႕လို႔ အာဆင္းနစ္ အဆိပ္ မျဖစ္ေစဘူးဆိုတာပါပဲ။
ခ်ဳပ္ရရင္ေတာ့ ပုဇြန္စိမ္းသုတ္ထဲ သံပုရာသီးညႇစ္စားလို႔ အာဆင္းနစ္ အဆိပ္မသင့္ေၾကာင္းပါ ခင္ဗ်ား။
အခုေခတ္မွာ ေရြကို ျပဒါးအစား အာဆင္းနစ္နဲ့ ဖမ္းၾကတယ္။ ျပသနာက ေရြွလုပ္သားတြ က သူတို့ အတြက္ အာဆင္းနစ္ အဆိပ္ရန္က အကာအကြယ္ သံုးရမွန္း မသိၾကသလို သံုးျပီးသား ေတြကို အလြယ္တကူ စြန့္ပစ္လို့ ေခ်ာင္းေရေတြထဲ မွာ အာဆင္းနစ္ ေတြ ပိုမ်ားလာနိုင္ပါတယ္။ အဲ ဒီေရကို မေသာက္ေပမဲ့ စိုက္ပ်ိဳးေရးမွာ သံုးရင္လဲ စားပင္တြေထဲမ်ာ အာဆင္းနစ္ မ်ားေနနိုင္ပါတယ္၊ ေရြွ ထြက္တဲ့ေဒသေတြကို ျဖတ္လာတဲ့ ျမစ္ေခ်ာင္းေတြထဲ က အခြံပါ ေရ သတၱဝါေတြ ထဲမွာလဲ အာဆင္းနစ္ မ်ားေနနိုင္တယ္ဆိုတယ္ေလး ထပ္ျဖည့္ပါရေစ။
ဖိုးသုည။
က်မ္းကိုးမ်ား
http://www.who.int/mediacentre/factsheets/fs372/en/

http://www.ncbi.nlm.nih.gov/pubmed/25914547

http://www.ncbi.nlm.nih.gov/pubmed/25555879

http://www.ncbi.nlm.nih.gov/pubmed/27464034

http://www.hoax-slayer.com/shrimp-vitamin-c-hoax.shtml

http://www.snopes.com/medical/toxins/shrimp.asp



ယူနီကုဒ်
လူအများစိတ်ဝင်စားတဲ့ ပို့စ်လေးတခု ဖေ့စ်ဘွတ်ရဲ့ အဖတ်များ အရှဲများတဲ့ ပို့စ်လေးတခုကမို့လို့ အထောက် အထားနည်းနည်း ရှာကြည့်ကြရအောင်။
မူရင်းပိုစ်က အောက်မှာ ပါပါတယ်။

၁. ဒီထိုင်ဝမ်က အမျိုးသမီး သေတာနဲ့ ပုဇွန်ထဲက အာဆင်းနစ်ရယ် ဗီတာမင်စီရယ် ဇာတ်လမ်းက ၂၀၀၁ လောက်ကတည်းကစလို့ အီးမေးတွေကနေ (ဖဘ မပေါ်သေးလို့) မကြာခဏရှဲနေကြတာပါ။
မူရင်း မှာ ဓါတ်ပုံပါပါပြီး ပုံကတော့ ၂၀၀၉တုန်းက ဆန္ဒပြပဲ့မှာ ဦးခေါင်း သေနတ်မှန်သေဆုံးသွားတဲ့ Neda Agha Soltan ရဲ့ သေးစီ်းနေတဲ့ မျက်နှာပုံကိုယူသုံးထားပါတယ်။
နောက် တခုကတော့ အာဆင်းနစ်ကြောင့် ရုတ်တရက် အဆိပ်သင့်သူတွေရဲ့ လက္ခဏာတွေထဲမှာ ပါးစပ်တွေ နျာခေါင်းတွေကနေ သွေးယိုတာ မပါပါဘူး။
အဲဒီ ဇာတ်လမ်းက အတုပါ။
၂။ အာဆင်းနစ် ကတော့ မြေ၊ရေ၊ လေ၊ အသားငါး၊ အသီးအရွက် စတဲ့ သဘာဝ သက်ရှိ သက်မဲ့ တွေမှာ အနည်း အကျဉ်းပါဝင်ပါတယ်။
အခွံပါ ရေသတ္တဝါဆိုတာကတော့ ရေထဲမှာ အဆိပ်သင့်ပစ္စည်းတွေရှိရင် အဲ ဒီပစ္စည်းကို အခြား ရေသတ္တဝါတွေထက် ပိုမို သယ်ဆောင်ထားတတ်ပါတယ်။ အစားအစာတွေထဲမှာ အာဆင်းနစ် အများစုက အန္တရာယ် မပေးတဲ့ အော်ဂဲနစ် ဓါတ်ပေါင်း အဖြစ်ပါဝင်တယ်ဆိုပါတယ်။
အင်အော်ဂဲနစ် ဓါတ်ပေါင်း ကတော့ အဆိပ်အတောက် ဖြစ်စေပြီး၊ မြေအောက်ရေထဲမှာ ပါတာကတော့ အင်အော်ဂဲနစ် ဓါတ်ပေါင်း များတယ်ဆိုပါတယ်။ အာဆင်းနစ်ပါတဲ့ အရာတွေကို စားမိ ကိုင်မိ ရှူမိရာက လူ့ ခန္ဓာထဲ ဝင်ရောက်လာပြီး အသည်းက oxidative methylation လုပ်ပေးကာ ဆီးထဲကနေ ပြန်စွန့်ထုတ်ပါတယ်။
ဆေးလိပ်မှာလဲ ဆေးရွက်ကြီးက အာဆင်းနစ်ပါပါတယ်။
ခန္ဓကိုယ်ထဲ ကို အာဆင်းနစ်တွေ ရေရှည် (၅နှစ်ကျော်) အဝင်များနေရင် တော့ (ဥပမာ အာဆင်းနစ်များတဲ့ ရေကိုသောက်သူတွေ၊ သစ်များတာရှည်ခံဆေး စီစီအေ နဲ့ ကာလကြာရျည်စွာထိတွေ့သူတွေ) အာဆင်းနစ် အဆိပ်သင့်ပါတယ်၊
လက္ခဏာတွေကတော့
အရေပြားမှာ မှဲ့ ခြောက်တွေ ထွက်လာမယ်၊ လက်ဖဝါး ခြေဖဝါးမှာ အသားမာတွေတက်လာမယ် နောက်ပိုင်းမှာတော့ အရေပြားကင်ဆာဖြစ်ပါတယ်။ အာရုံကြော၊ နှလုံး၊ သွေးကြောတွေကိုလဲ ထိခိုက်တတ်ပြီး သွေးမလျှောက်လို့ ခြေလက်တွေမဲပုပ်သွားတာလဲ ရှိပါတယ်။
သန္ဓေသားကိုလဲ ထိခိုက်ပါတယ်။
ရုတ်တရက် အာဆင်းနစ် အလွန် အစားများလွန်းရင်တော့ ဗိုက်နာ၊ အော့အန်၊ ဝမ်းပျက်၊ ခြေလက်ထုံကျင် ကြွက်တက်တာတွေဖြစ်တတ်ပြီး သိပ်ဆိုးရင်တော့ သေတတ်ပါတယ်။
ဒီဇာတ်လမ်းထဲကလို့တော့ သွေးတွေထွက်တာ မပါပါ။
၃။ ဗီတာမင်စီနဲ့ အာဆင်းနစ်
နေ့စဉ် ဗီတာမင်စီလိုအပ်ချက်က အသက်နဲ့ လိုက်ပြီး 15 -120 မီလီဂရမ်ထိကြားရှိပြီး ရေမှာ ပျော်ဝင်တဲ့ သတ္တိရှိတာကြောင့် ပိုနေရင်လဲ ဆီးကနေ စွန့်ပစ်ပါတယ်။ ခန္ဓထဲမှာ အကြာကြီး အများကြီး မနေပါ။
၁၉၈၅ခုက သတေသနတခုမှာ အလွန်များပြားတဲ့ ဗီတာမင်စီ နဲ့ ပုဇွန်လို အခွံပါ ရေသတ္တဝါတွေမှာ တွေရတဲ့ အာဆင်းနစ်နဲ့ ထိတွေ့ရင် အဆိပ်သင့်စေတဲ့ အာဆင်းနစ် ထွိုင်အောက်ဆိုဒ် ကို ပြောင်းစေတယ် လို့ပါတယ်ဆိုပြီး သတင်းစာ တခုမှာ ဆိုပါတယ်။
အဲဒီသုတေသနက ပုဇွန်လို့ အခွံပါ ရေသတ္တဝါတွေ နဲ့ ဗီတာမင်စီ တွဲစားရင် အာဆင်းနစ် အဆိပ်သင့်စေသလား ရယ်လို့တော့ မပြောထားသလို၊ အဲ ဒီစာတမ်းကိုလဲ ဖတ်ဖို့ ရှာတာ မတွေ့ခဲ့ပါ။
လက်ရှိ သူတေသန တော်တော်များများမှာတော့ အာဆင်းနစ်ကို ဗီတာမင် စီတို့ ဗီတာမင် အီးတိုနဲ့ တွဲပြီး တချို့ ကင်ဆာတွေကို ကုနေသလို၊
အာဆင်းနစ် အဆိပ်သင့်တာကို ကုသရာမှာလဲ ဗီတာမင် စီနဲ့ ဗီတာမင် အီးတိုကိုသုံးနေပါတယ်။
အဲဒီသုတေသနတွေက ဘာကို သက်သေပြနေလဲဆိုတော့ ခန္ဓကိုယ်ထဲမှာ အာဆင်းနစ်နဲ့ ဗီတာမင် စီတွေ့လို့ အာဆင်းနစ် အဆိပ် မဖြစ်စေဘူးဆိုတာပါပဲ။
ချုပ်ရရင်တော့ ပုဇွန်စိမ်းသုတ်ထဲ သံပုရာသီးညှစ်စားလို့ အာဆင်းနစ် အဆိပ်မသင့်ကြောင်းပါ ခင်ဗျား။
အခုခေတ်မှာ ရွေကို ပြဒါးအစား အာဆင်းနစ်နဲ့ ဖမ်းကြတယ်။ ပြသနာက ရွှေလုပ်သားတွ က သူတို့ အတွက် အာဆင်းနစ် အဆိပ်ရန်က အကာအကွယ် သုံးရမှန်း မသိကြသလို သုံးပြီးသား တွေကို အလွယ်တကူ စွန့်ပစ်လို့ ချောင်းရေတွေထဲ မှာ အာဆင်းနစ် တွေ ပိုများလာနိုင်ပါတယ်။ အဲ ဒီရေကို မသောက်ပေမဲ့ စိုက်ပျိုးရေးမှာ သုံးရင်လဲ စားပင်တွထေဲမျာ အာဆင်းနစ် များနေနိုင်ပါတယ်၊ ရွှေ ထွက်တဲ့ဒေသတွေကို ဖြတ်လာတဲ့ မြစ်ချောင်းတွေထဲ က အခွံပါ ရေ သတ္တဝါတွေ ထဲမှာလဲ အာဆင်းနစ် များနေနိုင်တယ်ဆိုတယ်လေး ထပ်ဖြည့်ပါရစေ။

ဖိုးသုည။

  မူရင္းပိုစ္
(
ပုဇြန္ပဲ ဆိုၿပီး မဆြဲလိုက္နဲ႔ ေသတတ္တယ္တဲ့
ပုဇြန္ကဲ့သို ့ ပါးလႊာႏူးညံ ့တဲ့ အခြံေတြပါတဲ့ အစားအစာေတြကို သတိျပဳျပီး စားသုံးသင့္
ကြ်န္ေတာ္တို ့ဟာ တစ္ခါတစ္ရံ သူငယ္ခ်င္း အေပါင္းအသင္း မိဘေဆြမ်ဴိးေတြနဲ႔ အတူ အေနာက္တိုင္းစားေသာက္ ဆိုင္ ေတြေရာက္ၿဖစ္တဲ့အခါ ပုဇြန္၊ဂဏန္း၊ငါး အဲဒါေတြ အကုန္ပါ၀င္တဲ့ ပင္လယ္စာ ခပ္ၾကီးၾကီး တစ္ပြဲနဲ ့ အတူ ၀ိုင္ေသာက္တတ္တဲ့ သူက၀ိုင္ ၊ ၀ိုင္မေသာက္တတ္တဲ့သူေတြအတြက္ Vitamin C ပါ၀င္တဲ့ Orange Juice လိုေဖ်ာ္ရည္မ်ဴိးကို တြဲဖက္ၿပီးစားသံုးခဲ့ၾကဖူးပါတယ္။
အဲ့ဒီလိုပဲ တစ္ခ်ိဳ ့တရုတ္္မဂၤလာေဆာင္ေတြ ညစာစားပြဲေတြမွာ
ဘူေဖးေကြ်းတဲ့အခါ ပုဇြန္တစ္ပန္းကန္နဲ ့အတူ Orange Juice တစ္မ်ဳိးကေတာ့
ပါ၀င္မွာ ေသခ်ာပါတယ္။ ဒီလိုတြဲဘက္ စားသံုးမွ ုမ်ဳိးဟာ ဘာမွမထူးဆန္းတဲ့ အလြန္ကို ေဘးကင္းတဲ့ ရုိးရွင္းမွု႔ေလးလို ့ ကြ်န္ေတာ္တို ့ထင္ခဲ့ၾကပါတယ္။ တကယ္ေတာ့ ပုဇြန္လို ပါးလႊာတဲ့အခြံပါးေလးေတြ ပါတဲ့ပင္လယ္စာမ်ဳိးနဲ့ Vitamin C ပါ၀င္တဲ့ Orange Juice ကိုတစ္ခ်ိန္ထဲမွာ တြဲဘက္စားသံုးတဲ့ အခါ အခန္႔ မသင့္ရင္ အသက္အႏၲရာယ္ကိုပါစိိုးရိမ္ရေၾကာင္း ကြ်န္ေတာ္တို ့ အခုသိခဲ့ရပါၿပီ ။
ထိုင္၀မ္ႏုိင္ငံမွာ အမ်ဳိးသမီးတစ္ဦးဟာ မေမွ်ာ္လင့္ဘဲ သူမရဲ့ နား၊ႏွာေခါင္း၊ ပါးစပ္နဲ ့မ်က္လံုး ေတြ ကေန ေသြးေတြထြက္ၿပီး ရုတ္တရက္ ေသဆံုးသြားခဲ့ပါတယ္။သူမရဲ့ ႐ုပ္ကလာပ္ကို ခြဲစိတ္ၿပီး စစ္ေဆးတဲ့အခါ အာဆင္းနစ္ အဆိပ္သင့္လို ့ေသဆံုးရေၾကာင္း အေၿဖထြက္ လာပါတယ္။ အဲဒီ Arsenic အဆိပ္ ဟာ ဘယ္က လာပါသလဲ ။ရဲေတြဟာ ေသမွ ု ေသခင္း ဖြင့္ၿပီး အၿပင္းအထန္ စစ္ေဆးမွူ႔ေတြ လုပ္ပါေတာ့တယ္။
ေဆးတကၠသိုလ္ တစ္ခု ရဲ့ ပါေမာကၡတစ္ဦး ကိုလည္း ဒီျပႆနာကို ေၿဖရွင္းဖို ့ ဖိတ္ေခၚခဲ့ ပါတယ္။
ပါေမာကၡၾကီးဟာ နာရီ၀က္ခန္ ့ ေသသူရဲ့ အစာအိမ္ထဲမွာ ပါ၀င္တဲ့အစိတ္အပိုင္းေတြအားလံုး ကို ေသေသခ်ာခ်ာစစ္ေဆးၿပီးေနာက္မွာေတာ့ ဒီလွၽိဳ႕၀ွက္ခ်က္ကို ေၿဖရွင္းႏုိင္ခဲ့ပါတယ္။
“ေသသူဟာ အသတ္ခံရတာ မဟုတ္သလို ကိုယ့္ကိုယ္ကို သတ္ေသခဲ့တာလည္း မဟုတ္ပါဘူး၊ သတိလတ္လြတ္ၿဖစ္မွူ႔ေၾကာင့္ မေတာ္တဆေသဆံုးခဲ့ရတာပါ” လို ့ပါေမာကၡၾကီး ကေၿပာခဲ့ပါတယ္။
“ဘာေၾကာင့္ မေတာ္တဆေသဆံုးရတာလဲ” ဆိုၿပီး လူေတြဟာ အံ ့ၾသကုန္ၾကပါတယ္ ။
“Arsenic အဆိပ္ဟာ ေသသူရဲ့ အစာအိမ္ထဲကေန ထြက္လာတာပါ။ ေသသူဟာ ဗီတာမင္စီကို ေန႔တိုင္း မွီ၀ဲခဲ့ပါတယ္ ၊ ဗီတာမင္စီဟာလည္း သူ ့အလိုလိုဆို ၿပႆနာ မရွိပါဘူး ၊ သူမဟာ ညစာစားခ်ိန္မွာ ပုဇြန္ေတြေတာ္ေတာ္မ်ားမ်ား စားသံုးခဲ့ပါတယ္၊ ပုဇြန္စားတာကလည္း ၿပႆနာမဟုတ္ေသးပါဘူး။ သူမနဲ ့အတူတူ ညစာမွာပုဇြန္စားတဲ့သူေတြလည္း ဘာမွမၿဖစ္ခဲ့ပါဘူး ၊ ဒါေပမယ့္ သူမဟာ ပုဇြန္စားရင္းနဲ့ တခ်ိန္တည္းမွာပဲ ဗီတာမင္စီပါ၀င္တဲ့ ေဖ်ာ္ရည္တစ္ခုခုကို ေသာက္ခဲ့ပါတယ္. အဲဒီအခ်က္ဟာ ၿပႆနာပါပဲ” လို ့ ပါေမာကၡၾကီးက ရွင္းၿပခဲ့ပါတယ္။
အေမရိကန္ႏုိင္ငံ ခ်ီကာဂို တကၠသိုလ္ရဲ့ သုေတသီေတြဟာ ပုဇြန္ကဲ့သို ့ပါးလႊာႏူးညံ ့တဲ့ အခြံေတြပါတဲ့ အစားအစာေတြမွာ သိပ္သည္းဆၿမင့္မားတဲ့ ပိုတက္ဆီယမ္ အာဆင္းနစ္ ၿဒပ္ေပါင္း ငါးမ်ဳိးပါ၀င္တာကို ေလ့ လာေတြ ့ရွိခဲ့ ၾကပါတယ္။
အဲဒီလတ္ဆတ္တဲ့ အစားအစာေတြဟာ လူရဲ့ ခႏၶာကုိယ္ကို ေဘးမၿဖစ္ေစပါဘူး ဒါေပမယ့္ သူဟာ ဗီတာမင္စီနဲ ့ ေပါင္းစပ္မိသြားရင္ေတာ့ ဓါတ္ျပဳမႈေတြၿဖစ္လာၿပီး မူလက အဆိပ္အေတာက္မရွိတဲ့ ပိုတက္ဆီယမ္ အာဆင္းနစ္ၿဒပ္ေပါင္း ငါးမ်ဳိး (As anhydride, also known as arsenic oxide, the chemical formula for As205)ဟာ အဆိပ္ရွိတဲ့ ပိုတက္ဆီယမ္ အာဆင္းနစ္ ၿဒပ္ေပါင္းသံုးမ်ဴိး (also known as arsenic trioxide, a chemical formula (As203), which is commonly known as arsenic to the public! ) အၿဖစ္ေၿပာင္းလဲသြားပါတယ္။
အာဆင္းနစ္အဆိပ္္ရဲ့ အဓိပၸာယ္ကေတာ့ လူရဲ့ ခႏၶာကုိယ္မွာ အေရးအပါဆံုး အစိတ္အပိုင္းေတြၿဖစ္တဲ့ ႏွုလံုး၊ အသည္း ၊ ေက်ာက္ကပ္ ၊ အူသိမ္ နဲ ့အာရုံေၾကာ ေတြရဲ့ ေသြးေၾကာေတြကို ေပါက္ထြက္ၿပီး ခႏၶာကုိယ္ မလႈပ္ရွားႏုိင္ၿခင္းပဲ ၿဖစ္ပါတယ္။
ဒါေၾကာင့္ အာဆင္းနစ္အဆိပ္ေၾကာင့္ ေသတဲ့လူေတြဟာ နား၊ႏွာေခါင္း၊ ပါးစပ္နဲဲ ့မ်က္လံုး ေတြ ကေန ေသြးထြက္တဲ့ လကၡဏာေတြၿဖစ္လာပါတယ္။ဒါေၾကာင့္ ပုဇြန္ကို ဗီတာမင္စီ နဲ႔ ပူးတြဲ မစားၾက ဖို ့သတိေပးထားပါတယ္။
Credit: New MyanmarFoundation) 

No comments:

Post a Comment