Sunday, May 22, 2016

စကား စကား ပြောပါများ။ (ယူနီကုဒ်)

စကား စကား ပြောပါများ။
 ကလေးငယ်ငယ် စကားတတ်ကာစအရွယ်တုံးက ပြောချင်တာပြော ဆိုချင်တာဆို၊ ဆဲရင်တောင် မပီကလာလေးမို့ ချစ်စရာလေးတဲ့။
 လေးငါးနှစ် အရွယ် အကောင်းအဆိုး နည်းနည်း သိလာတော့ ဆဲလို့မရတော့ဘူး။
 ဆဲတာမကောင်းမှန်း သိနေလျှက် ဆဲရင်တော့ ကြိမ်လုံးစာပေါ့။
 ဒါပေမဲ့ ရသေးတယ် လူကြီးစကား ကို လူတတ်လုပ်ပြောတာတို့၊ အမြီးအမောက် မတဲ့တာတို့၊ အဓိပါယ်မသိလို့ ရိုင်းသွားတာတို့။
 ဆယ်ကျော်သက်။
မရတော့ဘူး နင်ဘဲငဆ၊ အမြီးအမောက်လဲ မတဲ့လို့ မရတော့။ အကောင်းအဆိုး အမှား အမှန် နားလည်တဲ့ အရွယ်ရောက်ပြီလေ။
 ဒါပေမဲ့ ရသေးတယ် စကားတွေအကျယ်ကြီးပြော၊ ဘန်းစကားတွေသုံး၊ မလိုအပ်ဘဲ ခွက်ထိုးခွက်လန်ရယ်၊ ဟိုမရောက် ဒီမရောက် စိတ်ကစားတဲ့ အရွယ်လေ။
 ၂၀ ကျော် အစိတ်၊ ကျောင်းလဲပြီး အလုပ်လဲဝင်ပြီ၊ အရင်လို မရတော့ဘူးပေါ့။
 ကိုယ့် အပြောအဆိုက ကိုယ့် ပုံရိပ်ကို ထင်ဟပ်စေတာမို့ ကိုယ့် အသိုင်းအဝိုင်း၊ အလုပ်၊ ဂုဏ်သိက္ခာကို ထိခိုက်ိနုင်တဲ့ အပြောအဆို အပြုအမူတွေကို ရှောင်ရပြီ။
 လမ်းဘေးက ကလေကချေ ပြောသလို ပြောတာတို့ ၊ နှုတ်သီးကောင်း လျှာပါး တို့၊ ငါး***ရန်တွေ့တို့၊ ဖဲသမားစကားတို့၊ အရက်ဝိုင်းစကားတို့၊ ဒါမျိုးတွေက တော့ ဘာတွေဘယ်လိုပြောပြော လူတွေက ဘေးမဲ့ပေးထားတယ်၊ လူရာကိုမသွင်းချင်တာ။ သာမန်လူတွေကတော့ အပြောအဆို မရိုင်းဘူးဆို ပြီးတာဘဲ ၊ ဒါပေမဲ့ အကြောင်းအရာကတော့ အခြေအမြစ် ရှိရှိ မရှိရှိ ပြောတယ်၊ မှားလဲ ပြဿနာ သိပ်မရှိ၊ တာဝန်ခံမှု သိပ်မရှိဘူးပေါ့။
လူတွေကလဲ သူတို့ ပြောတိုင်း ယုံ နေတာမှ မဟုတ်တာကိုး။

 လူရိုသေ ရှင်ရိုသေ တွေကျတော့ အဲဒီလို မရတော့ဘူး။
အပြောအဆိုလဲ မရိုင်းရဘူး၊ အကြောင်း အချင်းအရာကလဲ အခြေအမြစ် ရှိမှ။
 ကျောင်းဆရာ ဆရာမများ ပြောရင် တပည့်တွေက မိဘပြောတာထက် ပိုယုံကြတယ်။
သူတို့တွေ တလွဲတွေ ပြောရင် ကလေးတွေ အများကြီး အမှတ်အယူ လွဲကုန်ရောဗျာ။ ဘုန်းကြီးနဲ့ ဘာသာရေးဆရာတွေ တလွဲတွေ ပြောရင်တော့ တော်တော် အန္တရာယ်ကြီးပါတယ်။
တပည့်တကာ တကာမ တွေက လူကြီးကော လူငယ်ပါ လူတွေအများကြီး၊ သြဇာအာဏာရှိသူတွေပါ ပါတတ်တော့ အမှတ်အယူ လွဲရာက မဟုတ်တဲ့ ကိစ္စကြီးတွေ ဖြစ်ကုန်၊ ပြဿနာတွေပါဖြစ်ကုန် ရောဗျာ။ အသက်တွေ ဆုံးရှုံးကြတာတွေလဲ ရှိပါရဲ့။
လက်ရှိလဲ ပြည်တွင်းကော ပြည်ပမှာပါ ပြဿနာကြီး ငယ်တွေ ဖြစ်ပျက်နေလေရဲ့။
 စာရေးဆရာတွေ တလွဲတွေ ပြောရင်ကျတော့ သူ့ရဲ့ ပရိတ်သတ် လူတန်းစားပေါင်းစုံ လူတွေအများကြီး ကို ထိခိုက်တာပေါ့၊ လူတွေက သူတို့ လေးစားတဲ့ သူပြောတာ ယုံတာကိုး။
 ဆေးဆရာတွေ လွဲတော့လဲတော်တော် ဆိုးဆိုဘဲ။
သူတို့ကိုယုံတဲ့ လူနာတွေသာမက လူနာတွေရဲ့ အသိုင်းအဝိုင်းကပါ ဆေးဆရာ (ဆရာဝန်) ကပြောတာတဲ့ ဆိုပြီး အယူအဆလွဲတွေကို ယုံကြည် လက်ခံသွားတော့၊ ကိုယ့်ကိုထိခိုက်စေတဲ့ အနေအထိုင် အလေ့အကျင့်တွေ ကျင့်ကြသလို၊ လုပ်သင့်တာကို မလုပ်မိတာ၊ မလုပ်သင့်တာကို လုပ်မိတာ တွေကြောင့် အသက်အန္တရာယ်ပါ ဖြစ်တတ်ပါတယ်။
 နိုင်ငံရေးသမားတွေလွဲရင်ကောဗျာ? ဒါကျတော့ အဲဒီသူရဲ့ အရေးပါ အရာရောက်မှုပေါ်တည်ပြီး၊ သူ့ကို ယုံသူကော မယုံသူတွေကိုပါ ပျက်စီးစေပါသဗျား။
 နိုင်ငံခေါင်းဆောင် တယောက် အပြောမှားရင် တော့ စစ်ပွဲတွေတောင် ဖြစ်နိုင်သလို တိုင်းပြည်လဲ ပြိုကွဲနိုင်ပါတယ်။ အဖွဲ့အစည်း၊ အသိုင်းအဝိုင်းတခုခုရဲ့ ဦးဆောင်သူတွေ ပြောတာဆိုတာကျတော့ အဖွဲ့အစည်း၊ အသိုင်းအဝိုင်း ကိုကော မန်ဘာတွေကိုပါ အများကို ထိခိုက်စေတာပေါ့။
 အရင်ကလို ထမင်းတနပ်လျှော့စားတို့၊ နွားနို့သောက်တို့။ ဖယောင်တိုင်မီးသုံးတို့။ နယ်လှည့်ပြီးပါးရိုက်လာတာတို့။ အဲဒီလိုပြောတော့ အပေါ်က ဘယ်အုပ်စုထဲ ဝင်သွားတယ် မသိ။
 ပြောတဲ့စကားနဲ့ ပြောသူရဲ့ ရာထူးတာဝန်နဲ့ ၊ ဘယ်လိုလူက သူတို့တတွေကို အားကိုးရဲတော့မလဲ။
 အခုလဲစပြီး ကြားလာရပြန်ပြီ နည်းနည်း နည်းနည်းနဲ့။
 အပြောအဆို အလွဲလေးတွေနဲ့ ပတ်သက်တဲ့ ဖိုးသုညရဲ့ အမြင်ပါ။
လွတ်လပ်စွာ ဝေဘန်ထောက်ပြနိုင်ပါတယ်ခင်ဗျာ။

No comments:

Post a Comment