NIHL Noise Induced Hearing Loss (ဆူညံသံကြောင့် ဖြစ်သော အကြားအာရုံ ပျက်စီး ချို့ယွင်းမှု) (Unicode)
လူအများစု ၊ အထူးသဖြင့် မြန်မာပြည်သူအများစု သတိမမူမိသော ကျန်းမာရေးပြသနာတခုပါ။
ဆူညံသံကို အချိန်ကြာမြင့်စွာ ထိတွေသူတို့မှာ ဖြစ်ပေါ်တဲ့၊ ပြန်လည်ကောင်းမွန်မလာနိုင်တော့တဲ့ အကြားအာရုံ ပျက်စီး ချို့ယွင်းမှု (နားလေးခြင်း နားထိုင်းခြင်း)ကို ဆိုလိုတာပါ။


ဘယ်လောက် အဖြစ်များသလဲ
အမေရိကန် CDC ဌာနရဲ့ ထုတ်ပြန်ချက်အရ
အမေရိကန် ဆယ်ယောက်မှာ တယောက်က သာမန်စကားသံကို နားလည်နိုင်စွမ်း မရှိတော့တဲ့ နားလေး ခြင်းကို ခံစားနေရတယ်ဆိုပါတယ်။
မိမိကိုယ် မိမိ အကြားအာရုံ အလွန်ကောင်းပါတယ်လို့ဆိုသူ အသက် ၂၀ နဲ့ ၆၅ နှစ်ကြား ရှိသူတွေရဲ့ ၂၄ ရာနှုန်းဟာ (တိုင်းတာလို့ ရသော) အကြားအာရုံ ချိုနဲ့ မှု ရှိနေပါတယ်။
အသက် ၂၀ နဲ့ ၆၅ နှစ်ကြား အမေရိကန် တွေရဲ့ ၁၅ ရာခိုင်နှုန်းဟာ လုပ်ငန်းခွင် ဆူညံမှု (သို့) အပျော်အပါးကနေရတဲ့ ဆူညံမှုတွေကြောင့် ကြိမ်းနှုန်းမြင့် အသံတွေကို မကြားနိုင်တဲ့ နားလေးခြင်းမျိုးကို ခံစားနေကြရပါတယ်။
ဒါတောင် အမေရိကဆိုတာ ဆူညံသံကာကွယ်ဖို့ ဥပဒေတွေ၊ လုပ်ငန်းခွင် ကာကျန်းမာရေးဆိုင်ရာ အကာအကွယ် ပစ္စည်းတွေကို မသုံးမနေရလို့ ဥပဒေတွေပြဌာန်းထားတဲ့ နိုင်ငံပါ။
ဆူညံသံကို ဘယ်လို သတ်မှတ်မလဲ
အသံဆူညံမှုကို ဒက်ဆီဘယ် (dB) နဲ့တိုင်းပါတယ်။
အသံ ဖြစ်ပေါ်ပုံအလိုက်ဆူညံမှု အတိုင်းအတာကို ဒီဇယားမှာ ပြထားပါတယ်။
Approximate Decibel Level
|
Examples
|
0 dB
|
ကြားနိုင်သော အတိုးဆုံးအသံ
|
30 dB
|
တိတ်ဆိတ်သောအခန်းမှာ ကြားနိုင်သောတီးတိုးသံ
|
60 dB
|
သာမန် စကားသံ၊ အပ်ချုပ်စက်သံ၊ လက်နှိပ်စက်ရိုက်သံ
|
85 dB
|
ယာဉ်အသွားလာထူထပ်သောမြို့ကြီးများ။ လူစည်ကားသောစားသောက်ဆိုင်
85 dB နှင့် အထက်လူညံသံကို ကြာရှည်စွာထိတွေ့ပါက အဖြည်းဖြည်းအကြားအာရုံချို့တဲ့မှုဖြစ်နိုင်သည်။
|
90 dB
|
မြက်ရိတ်စက်သံ၊ ကရီယာတန်ဆာပလာသံ၊ ထရပ်ကားသံ၊
** အကာအကွယ်မပါဘဲ ဤ အသံအဆင့်ကို တနေ့လျင် ၈ နာရီထက်ပို၍ မထိတွေ့သင့် (protects 90% of people).
|
95 dB
|
** အကာအကွယ်မပါဘဲ ဤ အသံအဆင့်ကို တနေ့လျင် 4 နာရီထက်ပို၍ မထိတွေ့သင့်
|
100 dB
|
လွှစက်၊ ကွန်ကရိဖေါက်စက်၊ နှင်းရှင်းစက်၊
**အကာအကွယ်မပါဘဲ ဤအသံအဆင့်ကို တနေ့လျင် ၁၅ မိနစ် ထက်ပို၍ မထိတွေ့သင့်
|
105 dB
|
MP3 player at maximum volume အမ်ပီသရီးကိုအသံအကျယ်ဆုံးဖွင့်သံ
|
115 dB
|
သံချေးခွာရန် သဲမှုန်မှုတ်ခြင်း၊ ဆူညံသော ရော့ခ် ဂီတပွဲ၊ ကားဟွန်းသံ၊
** ရပ်ကွက်ထဲက လော်စပီကာတွေအဆက်မပြတ်ဖွင့်ပြီး အလှူခံတာတွေဟာ ဒီထဲမှာပါပါတယ်။
** အသံတွေဆူညံအောင်ဖွင့်ထားတဲ့ ဂိမ်းစင်တာတွေ
**အကာအကွယ်မပါဘဲ ဤအသံအဆင့်ကို တနေ့လျင် ၁ မိနစ် ထက်ပို၍ မထိတွေ့သင့်
|
140 dB
|
သေနတ်ပြောင်းဝမှ အသံ၊ ဂျက် အင်ဂျင်သံ။ ဗြောက်အိုးဖေါက်သံ
**အကာအကွယ်မပါဘဲ ဤအသံအဆင့်ကို ခေတ္တထိတွေ့လျင်ပင် နားတွင်းနာကျင်မှုကို ခံစားရနိုင်သည်။
|
ဆူညံသံတွေကို ဘယ်လို ထိတွေ့ကြသလဲ
ပတ်ဝန်းကျင်
မြို့ကြီးပြကြီးတွေမှာကားတွေ ရထားတွေ အပြင် လူသံတါေနဲ့ ဆူညံမှုပိုများပါတယ်။ ကျေးလက်ဒေသတွေမှာတော့ လုပ်ငန်းခွင်တွေမှာသာ ဆူညံတာများပါတယ်။ ယာဉ်အသွားအလာများတဲ့ အဝေးပြးလမ်းမတွေနားမှာရှိတဲ့ ရွာတွေမှာလည်းဆူညံသံဒါဏ်ကိုခံရပါတယ်။ မြန်မာပြည်ကျေးလက်တွေမှာတော့ မော်တော်ဆိုင်ကယ်သံနဲ့ လော်စပီကာသံတွေကအဆိုးဆုံးဖြစ်ပါလိမ့်မယ်။
လုပ်ငန်းခွင်
မြန်မာပြည်မှာကတော့ လုပ်ငန်းခွင် ကျန်းမာရေးအတွက် ကာကွယ်ဖို့ ဥပဒေတွေကလည်း မဖွံ့ဖြိုး၊ ထိရောက်အောင် စစ်ဆေးတာဝန်ယူမဲ့ အဖွဲ့တွေကလည်းမရှိတော့ အလွန် ဆူညံတဲ့ လုပ်ငန်းခွင်မှာ အကာအကွယ်မရှိ အလုပ်လုပ်ကြရပါတယ်။ စက်ရုံ၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်၊ သင်္ဘောကျင်း၊ တွင်ခုံ၊ ဝပ်ရှော့ စတာတွေကနေ အထည်ချုပ်စက်၊ ယက္ကန်းရုံ၊ ဂိမ်းစင်တာ စတာတွေအထိ လုပ်ငန်း အတော်များများမှာ အလုပ်လုပ်သူတွေဟာ ဆူညံသံတွေနဲ့ အလုပ်လုပ်ကြရပါတယ်
သူတို့တတွေ နားလေးလျင်လည်း ဘယ်သူမှ အရေးတယူမရှိကြပါဘူး။ တကယ်တော့ လုပ်ငန်းသဘာဝအလိုက် အကာအကွယ်တွေကို အလုပ်ရှင်က ပေးရမှာပါ။
ရှေ့တန်းက တပ်မတော်သားတွေ အတွက်ကတော့ ဆူညံသံတွေကို ကာကွယ်ဖို့ နားကြပ်တပ်ထားလျင်လည်း အော်ဟစ်အမိန့်ပေးသံတွေကြားရမှာ မဟုတ်တော့ အကြားအရုံထိခိုက်မှုဒါဏ်ကို မလွဲမသွေခံရမှာပါ။
မိမိရဲ့ မဆင်ခြင်မှုကြောင့်
စားဝတ်နေရေးကြောင့် အလုပ်ခွင်ရဲ့ ဆူညံမှုကြောင့်မဟုတ်ဘဲ မိမိရဲ့ မဆင်ခြင်မှုကြောင့် ဆူညံသံတွေနဲ့ ပျော်မွေ့နေသူတွေကတော့ ကားတွေမှာ စပီကာကြီးတွေsubwoofer တွေတပ်ပြီးကားကြီးပါ တုန်ဟီးနေအောင် သီချင်းဖွင့်သူတွေ၊ အသံတွေဆူညံအောင်ဖွင့်ထားတဲ့ ဂိမ်းစင်တာတွေမှာ အချိန်ကြာမြင့်စွာကစားသူတွေနဲ့ နားကြပ်သုံးပြီး တေးဂီတကို အသံအကျယ်ဆုံးဖွင့်နားထောင်သူတွေပါ။
NIHL ကဘာကြောင့် အရေးကြီးတာလဲ
၁. ဆူညံသံကြောင့် အကြားအာရုံကို ထိခိုက်သွားပြီးလျင် ကုသလဲ ပြန်မကောင်းနိုင်တော့ပါ။ ထိတွေမှု အချိန် ကြာမြင့်သည်နှင့် အမျှ ပျက်စီးမှု ပိုမိုဆိုးရွားစေပါတယ်။
၂. NIHL ကအဖြစ်များပြီး မိမိကိုယ်မိမိ ဖြစ်မှန်းမသိကြတာများပါတယ်၊
၃. NIHL မဖြစ်အောင် ရာနှုန်းပြည့်ကာကွယ်လို့ရပါတယ်
အကြားအာရုံချို့ယွင်းခြင်းရဲ့ လက္ခဏာများ
- - ၂ ပေအကွာမှ ပြောသော စကားကို သေချာနားမလည်ခြင်း
- - လူ၂ယောက်ထက်ပိုပြီး အချိန်တည်းမှာ စကားပြောနေလျင် စကားကို သဲကွဲစွာမကြားခြင်း
- - သူတပါးပြောသောစကားကို အာရုံအလွန်စိုက်၍နားထောင်ရခြင်း
- - မိမိဖွင့်သော တီဗွီ အသံ ကျယ်လွန်းသည်ဟု အခြားသူများက ဆိုလာခြင်း
- - အသံလာရာဖက်ကို မှန်းဆရခက်လာခြင်း၊ နားတဘက်ကို အသံလာရာဖက်လှည့်၍နားထောင်ရခြင်း
- - ဆူညံမှုမရှိသောနေရာတွင် ရှိနေစဉ် နားထဲမှာ လေတိုးသံ၊ လေချွန်သံလိုကြားခြင်း ၊ နားအူခြင်း
- - အချို့သော အသံ ( စူးရှသံ၊ နူးညံ့သောအသံ) များကို ကြားရန် ခက်ခဲလာခြင်း၊ လက် ပတ်နာရီ တစ်တောက် သံ၊ တီးတိုးစကားသံ)
ဘယ်လိုကာကွယ်ကြမလဲ
ပတ်ဝန်းကျင်ဆူညံသံတွေကို လျှော့ချရပါမယ်။
လိုအပ်လျင် ဥပဒေတွေပြဌာန်းရပါတယ်၊
ဥပမာ အသံချဲ့ စက် ဥပဒေ။ အဝေးပြေးလမ်းမကြီးများဆိုင်ရာဥပေဒ။ နိုင်ငံအတော်များများမှာ လမ်းမကြီးတွေရဲ့ ဆူညံသံကနေကာကွယ်ဖို့ လူနေအိမ်တွေနဲ့ နီးတဲ့ လမ်းမကြီးတွေ၊ ရထားလမ်းတွေမှာ အသံထိန်းနံရံတွေဆောက်ထားရပါတယ်။


ဆူညံတဲ့ နေရာတွေကိုတတ်နိုင်သလောက်ရှောင်ပါ။
မိမိရှိတဲ့ နေရာမှာ ဆူညံလာလျင် အသံတွေနဲ့ ဝေးရာကို ထွက်သွားပါ။
အထူးသဖြင့်ကလေးငယ်တွေရဲ့ အကြားအာရုံအစိပ်ပိုင်းတွေက နုနယ်လို့ ပိုပြီး ထိခိုက်လွယ်ပါတယ်။ မိမိဝါသနာပါလို့ ဆူညံတဲ့ စတိတ်ရှိုးသွားကြည့်တာ၊ ဂိမ်းဆိုင်မှာ သွားကစားတာကို မိမိကလေးကိုခေါ်သွားလျင်တော့ မိမိရဲ့ ကလေး အကြားအာရုံတချို့ကို လုံးဝပျက်စီးစေမှာဖြစ်ပါတယ်။ ကလေးတွေကို ဆူညံတဲ့ နေရာတွေကို ခေါ်မသွားသင့်ပါ။
ကလေးငယ်တွေရှိတဲ့နေရာ၊ မူကြိုကျောင်း စသည်တို့ အနီးမှာ လော်စပီကာကြီးတွေ အကျယ်ကြီးဖွင့်တာဟာလည်း ကလေးတွေရဲ့ အကြားအာရုံတချို့ကို လုံးဝပျက်စီးစေမှာဖြစ်ပါတယ်။
ကလေးငယ်တွေရှိတဲ့နေရာ၊ မူကြိုကျောင်း စသည်တို့ကို လေယာဉ်ကွင်းအနီး လေယာဉ်တက်ဆင်းလမ်းကြောင်းအနားမှာလည်းမထားသင့်ပါ။
ပတ်ဝန်းကျင်ဆူညံသံဖြစ်စေတဲ့ လုပ်ငန်းတွေကိုလည်း လူနေရပ်ကွက်နဲ့ ဝေးရာမှာသာ ခွင့်ပြုရပါမယ်။
စံချိန်မှီတဲ့ နားအကာအကွယ်တွေသုံးပါ။
မလွှဲသာလို့ ဆူညံသံတွေနဲ့ အတူနေရမယ်၊ အလုပ်လုပ်ရမယ်ဆိုလျင် စံချိန်မှီတဲ့ နားအကာအကွယ်တွေသုံးပါ။
ဆူညံတဲ့ လုပ်ငန်းခွင်မှာ အလုပ်လုပ်သူတွေကို ဆူညံသံကာကွယ်တဲ့ ပစ္စည်းတွေကို အလုပ်ရှင်မှ ထုတ်ပေးရန်နဲ့ မဖြစ်မနေသုံးကြရန် ဥပဒေထုတ်ပြန်ပြီး သုံးမသုံး စိစစ်အရေးယူရပါမယ်၊
နားအကာအကွယ်တွေမှာ နားကိုအုပ်ထားတဲ့နားကြပ် Earmuff နဲ့ နားထဲထည့်ပိတ်ထားတဲ့ ear plug ဆိုပြီး ၂မျိုးရှိပါတယ်။ ear plug မှာလည်း ဖေါ့ဆို့ ear plug နဲ့ နားအခေါင်းပုံနဲ့ အံဝင်အောင်လုပ်ထားတဲ့ear plug, နားထဲ အပြည့်မဝင်တဲ့ ear plugဆိုပြီး အမျိုးမျိုးရှိပါတယ်။ ဘာကိုပဲသုံးသုံး အသံသေချာလုံဖို့လိုသလို အဲ ဒီပစ္စည်းတွေကို သေချာ သန့်ရှင်းရေးလုပ်ပေးဖို့လည်းအရေးကြီးပါတယ်။
သီးချင်းနားထောင်တဲ့ နားကြပ်တွေကို ဆူညံသံကာကွယ်တဲ့ နားကြပ်အနေနဲ့ အစားထို့းသုံးလို့ မရပါဘူးလို့ဆိုပါတယ်။
လူငယ်တွေကြားမှာတော့ အဓိက NIHL ဖြစ်စေတာက PMP Portable Media Player ဥပမာ အမ်ပီသရီး လိုမျိုး ၊ အခုခေတ်မှာတော့ မိုဘိုင်းဖုန်းတွေက နေ တေးဂီတွေကို နားကြပ်နဲ့ နားထောင်းတာ၊ ဂိမ်းကစားလျင် နားကြပ်နဲ့တပ်ကစားတာတါတွေကြောင့်ဖြစ်တာများလာပါတယ်။
အမေရိကန် American Academy of Audiology က အဲဒီလို Portable Media Player ကြောင့် အကြားအာရုံထိခိုက်မှုကို ကာကွယ်ဖို့ အသံခလုပ်ကိုတိုးတဲ့ ဘက်(ဝဲဘက်) ကိုလှည့်ပါဆိုပြီး Turn it to the left ဆိုတဲ့ ကမ်ပိန်းလုပ်ပြီး ပညာပေးပါတယ် သူ့ရဲ့ ဝဘ်ဆိုက်က ဒီမှာပါ။ http://www.turnittotheleft.org/
စင်္ကာပူ အမျိုးသားတက္ကသိုလ်ကလည်း အောက်ပါအတိုင်း အကြံပြုထားပါတယ်။
၁။ နားကြပ်သုံးပြီး နေ့စဉ် တေးဂီတနားထောင်တဲ့ ချိန်ကို လျှော့ချရန်။
၂။ နားကြပ်သုံးပြီး တေးဂီတနားထောင်လျင် ဆက်တိုက် ၆ နာရီထက် မပိုစေရန်။
၃။ ဖြစ်နိုင်လျင် နားကြပ်အစား စပီကာဖွင့်ပြီးနားထောင်ရန်။
၄။ နားထောင်လျင် အသံကျယ်စွမ်း၏ ၇၀ ရာခိုင်နှုန်းထက်ပိုပြီး မကျယ်စေရန်
၅။ မကြာခဏ (သို့) အမြဲတစေ နားအူလျင် ဆရာဝန်နှင့်ပြပါ။
အခုခေတ်ကလေးငယ်တွေမှာလည်း တေးဂီတသံထွက်တဲ့ ကစားစရာတွေ၊ မိုဘိုင်းဖုန်း ဂိမ်းတွေက ကျယ်လွန်း တဲ့အသံတွေဟာ သူတို့ရဲ့ နုနယ်တဲ့ နားတွေရဲ့ ကြီးမားတဲ့ အန္တရာယ်ပါ။ လူကြီးတွေကလည်း အဲဒီဆူညံသံတွေကို သတိမူမိကြတာများပါတယ်။
လူတိုင်းဟာ အသက်ကြီးလာတာနဲ့ အမျှ အကြားအားရုံလျော့ကျလာပါတယ်။ အဲဒီအပေါ်မှာ ကာကွယ်လို့ရလျက် ဆူညံသံကိုမကာကွယ်မိလို့ အကြားအားရုံပျက်စီးမှုက ထပ်ဆင့်လာလျင်တော့ အရွယ်မတိုင်မီကြီးမားတဲ့ ဆုံးရှုံးမှုပဲဖြစ်ပါတယ်။
အဲလို့မဖြစ်အောင် ဆူညံသံတွေကို အားလုံးက ညီညီညွတ်ညွတ်ဝိုင်းဝန်း ကာကွယ်တားဆီးကြဖို့လိုအပ်ပါတယ်။
အထူးသဖြင့် မသိနားမလည်တဲ့ ကလေးတွေမှာ ဆူညံသံကြောင့် ဖြစ်သော အကြားအာရုံ ပျက်စီး ချို့ယွင်းမှုမဖြစ်ကြစေဖို့ ဝိုင်း မိဘတွေ၊ ဆရာတွေနဲ့ လူ့အသိုင်းအဝိုင်းတခုလုံးက ဝိုင်းဝန်းကာကွယ်ကြရမှာဖြစ်ပါတယ်။
ဆူညံမှုဘေးမှ ရှောင်ရှားနိုင်ကြပါစေ
ဖိုးသုည
21/05/2018
Noise Induced Hearing Loss (NIHL) ဆူညံသံေၾကာင့္ ျဖစ္ေသာ အၾကားအာ႐ုံ ပ်က္စီး ခ်ိဳ႕ယြင္းမႈ (Zawgyi)
လူအမ်ားစု ၊ အထူးသျဖင့္ ျမန္မာျပည္သူအမ်ားစု သတိမမူမိေသာ က်န္းမာေရးျပသနာတခုပါ။
ဆူညံသံကို အခ်ိန္ၾကာျမင့္စြာ ထိေတြသူတို႔မွာ ျဖစ္ေပၚတဲ့၊ ျပန္လည္ေကာင္းမြန္မလာႏိုင္ေတာ့တဲ့ အၾကားအာ႐ုံ ပ်က္စီး ခ်ိဳ႕ယြင္းမႈ (နားေလးျခင္း နားထိုင္းျခင္း) ကို ဆိုလိုတာပါ။
ဘယ္ေလာက္ အျဖစ္မ်ားသလဲ
အေမရိကန္ CDC ဌာနရဲ႕ ထုတ္ျပန္ခ်က္အရ
အေမရိကန္ ဆယ္ေယာက္မွာ တေယာက္က သာမန္စကားသံကို နားလည္ႏိုင္စြမ္း မရွိေတာ့တဲ့ နားေလး ျခင္းကို ခံစားေနရတယ္ဆိုပါတယ္။
မိမိကိုယ္ မိမိ အၾကားအာ႐ုံ အလြန္ေကာင္းပါတယ္လို႔ဆိုသူ အသက္ ၂၀ နဲ႔ ၆၅ ႏွစ္ၾကား ရွိသူေတြရဲ႕ ၂၄ ရာႏႈန္းဟာ (တိုင္းတာလို႔ ရေသာ) အၾကားအာ႐ုံ ခ်ိဳနဲ႔ မႈ ရွိေနပါတယ္။
အသက္ ၂၀ နဲ႔ ၆၅ ႏွစ္ၾကား အေမရိကန္ ေတြရဲ႕ ၁၅ ရာခိုင္ႏႈန္းဟာ လုပ္ငန္းခြင္ ဆူညံမႈ (သို႔) အေပ်ာ္အပါးကေနရတဲ့ ဆူညံမႈေတြေၾကာင့္ ႀကိမ္းႏႈန္းျမင့္ အသံေတြကို မၾကားႏိုင္တဲ့ နားေလးျခင္းမ်ိဳးကို ခံစားေနၾကရပါတယ္။
ဒါေတာင္ အေမရိကဆိုတာ ဆူညံသံကာကြယ္ဖို႔ ဥပေဒေတြ၊ လုပ္ငန္းခြင္ ကာက်န္းမာေရးဆိုင္ရာ အကာအကြယ္ ပစၥည္းေတြကို မသုံးမေနရလို႔ ဥပေဒေတြျပဌာန္းထားတဲ့ ႏိုင္ငံပါ။
ဆူညံသံကို ဘယ္လို သတ္မွတ္မလဲ
အသံဆူညံမႈကို ဒက္ဆီဘယ္ (dB) နဲ႔တိုင္းပါတယ္။
အသံ ျဖစ္ေပၚပုံအလိုက္ဆူညံမႈ အတိုင္းအတာကို ဒီဇယားမွာ ျပထားပါတယ္။
Approximate Decibel Level
|
Examples
|
0 dB
|
ၾကားႏိုင္ေသာ အတိုးဆုံးအသံ
|
30 dB
|
တိတ္ဆိတ္ေသာအခန္းမွာ ၾကားႏိုင္ေသာတီးတိုးသံ
|
60 dB
|
သာမန္ စကားသံ၊ အပ္ခ်ဳပ္စက္သံ၊ လက္ႏွိပ္စက္႐ိုက္သံ
|
85 dB
|
ယာဥ္အသြားလာထူထပ္ေသာၿမိဳ႕ႀကီးမ်ား။ လူစည္ကားေသာစားေသာက္ဆိုင္
85 dB ႏွင့္ အထက္လူညံသံကို ၾကာရွည္စြာထိေတြ႕ပါက အျဖည္းျဖည္းအၾကားအာ႐ုံခ်ိဳ႕တဲ့မႈျဖစ္ႏိုင္သည္။
|
90 dB
|
ျမက္ရိတ္စက္သံ၊ ကရီယာတန္ဆာပလာသံ၊ ထရပ္ကားသံ၊
** အကာအကြယ္မပါဘဲ ဤ အသံအဆင့္ကို တေန႔လ်င္ ၈ နာရီထက္ပို၍ မထိေတြ႕သင့္ (protects 90% of people).
|
100 dB
|
လႊစက္၊ ကြန္ကရိေဖါက္စက္၊ ႏွင္းရွင္းစက္၊
**အကာအကြယ္မပါဘဲ ဤအသံအဆင့္ကို တေန႔လ်င္ ၁၅ မိနစ္ ထက္ပို၍ မထိေတြ႕သင့္
|
105 dB
|
MP3 player at maximum volume
|
115 dB
|
သံေခ်းခြာရန္ သဲမႈန္မႈတ္ျခင္း၊ ဆူညံေသာ ေရာ့ခ္ ဂီတပြဲ၊ ကားဟြန္းသံ၊
** ရပ္ကြက္ထဲက ေလာ္စပီကာေတြအဆက္မျပတ္ဖြင့္ၿပီး အလႉခံတာေတြဟာ ဒီထဲမွာပါပါတယ္။
** အသံေတြဆူညံေအာင္ဖြင့္ထားတဲ့ ဂိမ္းစင္တာေတြ
**အကာအကြယ္မပါဘဲ ဤအသံအဆင့္ကို တေန႔လ်င္ ၁ မိနစ္ ထက္ပို၍ မထိေတြ႕သင့္
|
140 dB
|
ေသနတ္ေျပာင္းဝမွ အသံ၊ ဂ်က္ အင္ဂ်င္သံ။ ေျဗာက္အိုးေဖါက္သံ
**အကာအကြယ္မပါဘဲ ဤအသံအဆင့္ကို ေခတၱထိေတြ႕လ်င္ပင္ နားတြင္းနာက်င္မႈကို ခံစားရႏိုင္သည္။
|
ဆူညံသံေတြကို ဘယ္လို ထိေတြ႕ၾကသလဲ
ပတ္ဝန္းက်င္
ၿမိဳ႕ႀကီးျပႀကီးေတြမွာကားေတြ ရထားေတြ အျပင္ လူသံတါေနဲ႔ ဆူညံမႈပိုမ်ားပါတယ္။ ေက်းလက္ေဒသေတြမွာေတာ့ လုပ္ငန္းခြင္ေတြမွာသာ ဆူညံတာမ်ားပါတယ္။ ယာဥ္အသြားအလာမ်ားတဲ့ အေဝးျပးလမ္းမေတြနားမွာရွိတဲ့ ႐ြာေတြမွာလည္းဆူညံသံဒါဏ္ကိုခံရပါတယ္။ ျမန္မာျပည္ေက်းလက္ေတြမွာေတာ့ ေမာ္ေတာ္ဆိုင္ကယ္သံနဲ႔ ေလာ္စပီကာသံေတြကအဆိုးဆုံးျဖစ္ပါလိမ့္မယ္။
လုပ္ငန္းခြင္
ျမန္မာျပည္မွာကေတာ့ လုပ္ငန္းခြင္ က်န္းမာေရးအတြက္ ကာကြယ္ဖို႔ ဥပေဒေတြကလည္း မဖြံ႕ၿဖိဳး၊ ထိေရာက္ေအာင္ စစ္ေဆးတာဝန္ယူမဲ့ အဖြဲ႕ေတြကလည္းမရွိေတာ့ အလြန္ ဆူညံတဲ့ လုပ္ငန္းခြင္မွာ အကာအကြယ္မရွိ အလုပ္လုပ္ၾကရပါတယ္။ စက္႐ုံ၊ ေဆာက္လုပ္ေရး လုပ္ငန္းခြင္၊ သေဘၤာက်င္း၊ တြင္ခုံ၊ ဝပ္ေရွာ့ စတာေတြကေန အထည္ခ်ဳပ္စက္၊ ယကၠန္း႐ုံ၊ ဂိမ္းစင္တာ စတာေတြအထိ လုပ္ငန္း အေတာ္မ်ားမ်ားမွာ အလုပ္လုပ္သူေတြဟာ ဆူညံသံေတြနဲ႔ အလုပ္လုပ္ၾကရပါတယ္
သူတို႔တေတြ နားေလးလ်င္လည္း ဘယ္သူမွ အေရးတယူမရွိၾကပါဘူး။ တကယ္ေတာ့ လုပ္ငန္းသဘာဝအလိုက္ အကာအကြယ္ေတြကို အလုပ္ရွင္က ေပးရမွာပါ။
ေရွ႕တန္းက တပ္မေတာ္သားေတြ အတြက္ကေတာ့ ဆူညံသံေတြကို ကာကြယ္ဖို႔ နားၾကပ္တပ္ထားလ်င္လည္း ေအာ္ဟစ္အမိန္႔ေပးသံေတြၾကားရမွာ မဟုတ္ေတာ့ အၾကားအ႐ုံထိခိုက္မႈဒါဏ္ကို မလြဲမေသြခံရမွာပါ။
မိမိရဲ႕ မဆင္ျခင္မႈေၾကာင့္
စားဝတ္ေနေရးေၾကာင့္ အလုပ္ခြင္ရဲ႕ ဆူညံမႈေၾကာင့္မဟုတ္ဘဲ မိမိရဲ႕ မဆင္ျခင္မႈေၾကာင့္ ဆူညံသံေတြနဲ႔ ေပ်ာ္ေမြ႕ေနသူေတြကေတာ့ ကားေတြမွာ စပီကာႀကီးေတြ subwoofer ေတြတပ္ၿပီးကားႀကီးပါ တုန္ဟီးေနေအာင္ သီခ်င္းဖြင့္သူေတြ၊ အသံေတြဆူညံေအာင္ဖြင့္ထားတဲ့ ဂိမ္းစင္တာေတြမွာ အခ်ိန္ၾကာျမင့္စြာကစားသူေတြနဲ႔ နားၾကပ္သုံးၿပီး ေတးဂီတကို အသံအက်ယ္ဆုံးဖြင့္နားေထာင္သူေတြပါ။
NIHL ကဘာေၾကာင့္ အေရးႀကီးတာလဲ
၁. ဆူညံသံေၾကာင့္ အၾကားအာ႐ုံကို ထိခိုက္သြားၿပီးလ်င္ ကုသလဲ ျပန္မေကာင္းႏိုင္ေတာ့ပါ။ ထိေတြမႈ အခ်ိန္ ၾကာျမင့္သည္ႏွင့္ အမွ် ပ်က္စီးမႈ ပိုမိုဆိုး႐ြားေစပါတယ္။
၂. NIHL ကအျဖစ္မ်ားၿပီး မိမိကိုယ္မိမိ ျဖစ္မွန္းမသိၾကတာမ်ားပါတယ္၊
၃. NIHL မျဖစ္ေအာင္ ရာႏႈန္းျပည့္ကာကြယ္လို႔ရပါတယ္
အၾကားအာ႐ုံခ်ိဳ႕ယြင္းျခင္းရဲ႕ လကၡဏာမ်ား
- ၂ ေပအကြာမွ ေျပာေသာ စကားကို ေသခ်ာနားမလည္ျခင္း
- လူ၂ေယာက္ထက္ပိုၿပီး အခ်ိန္တည္းမွာ စကားေျပာေနလ်င္ စကားကို သဲကြဲစြာမၾကားျခင္း
- သူတပါးေျပာေသာစကားကို အာ႐ုံအလြန္စိုက္၍နားေထာင္ရျခင္း
- မိမိဖြင့္ေသာ တီဗြီ အသံ က်ယ္လြန္းသည္ဟု အျခားသူမ်ားက ဆိုလာျခင္း
- အသံလာရာဖက္ကို မွန္းဆရခက္လာျခင္း၊ နားတဘက္ကို အသံလာရာဖက္လွည့္၍နားေထာင္ရျခင္း
- ဆူညံမႈမရွိေသာေနရာတြင္ ရွိေနစဥ္ နားထဲမွာ ေလတိုးသံ၊ ေလခြၽန္သံလိုၾကားျခင္း ၊ နားအူျခင္း
- အခ်ိဳ႕ေသာ အသံ ( စူးရွသံ၊ ႏူးညံ့ေသာအသံ) မ်ားကို ၾကားရန္ ခက္ခဲလာျခင္း၊ လက္ ပတ္နာရီ တစ္ေတာက္ သံ၊ တီးတိုးစကားသံ)
ဘယ္လိုကာကြယ္ၾကမလဲ
ပတ္ဝန္းက်င္ဆူညံသံေတြကို ေလွ်ာ့ခ်ရပါမယ္။
လိုအပ္လ်င္ ဥပေဒေတြျပဌာန္းရပါတယ္၊
ဥပမာ အသံခ်ဲ႕ စက္ ဥပေဒ။ အေဝးေျပးလမ္းမႀကီးမ်ားဆိုင္ရာဥေပဒ။ ႏိုင္ငံအေတာ္မ်ားမ်ားမွာ လမ္းမႀကီးေတြရဲ႕ ဆူညံသံကေနကာကြယ္ဖို႔ လူေနအိမ္ေတြနဲ႔ နီးတဲ့ လမ္းမႀကီးေတြ၊ ရထားလမ္းေတြမွာ အသံထိန္းနံရံေတြေဆာက္ထားရပါတယ္။
ဆူညံတဲ့ ေနရာေတြကိုတတ္ႏိုင္သေလာက္ေရွာင္ပါ။
မိမိရွိတဲ့ ေနရာမွာ ဆူညံလာလ်င္ အသံေတြနဲ႔ ေဝးရာကို ထြက္သြားပါ။
အထူးသျဖင့္ကေလးငယ္ေတြရဲ႕ အၾကားအာ႐ုံအစိပ္ပိုင္းေတြက ႏုနယ္လို႔ ပိုၿပီး ထိခိုက္လြယ္ပါတယ္။ မိမိဝါသနာပါလို႔ ဆူညံတဲ့ စတိတ္ရႈိးသြားၾကည့္တာ၊ ဂိမ္းဆိုင္မွာ သြားကစားတာကို မိမိကေလးကိုေခၚသြားလ်င္ေတာ့ မိမိရဲ႕ ကေလး အၾကားအာ႐ုံတခ်ိဳ႕ကို လုံးဝပ်က္စီးေစမွာျဖစ္ပါတယ္။ ကေလးေတြကို ဆူညံတဲ့ ေနရာေတြကို ေခၚမသြားသင့္ပါ။
ကေလးငယ္ေတြရွိတဲ့ေနရာ၊ မူႀကိဳေက်ာင္း စသည္တို႔ အနီးမွာ ေလာ္စပီကာႀကီးေတြ အက်ယ္ႀကီးဖြင့္တာဟာလည္း ကေလးေတြရဲ႕ အၾကားအာ႐ုံတခ်ိဳ႕ကို လုံးဝပ်က္စီးေစမွာျဖစ္ပါတယ္။
ကေလးငယ္ေတြရွိတဲ့ေနရာ၊ မူႀကိဳေက်ာင္း စသည္တို႔ကို ေလယာဥ္ကြင္းအနီး ေလယာဥ္တက္ဆင္းလမ္းေၾကာင္းအနားမွာလည္းမထားသင့္ပါ။
ပတ္ဝန္းက်င္ဆူညံသံျဖစ္ေစတဲ့ လုပ္ငန္းေတြကိုလည္း လူေနရပ္ကြက္နဲ႔ ေဝးရာမွာသာ ခြင့္ျပဳရပါမယ္။
စံခ်ိန္မွီတဲ့ နားအကာအကြယ္ေတြသုံးပါ။
မလႊဲသာလို႔ ဆူညံသံေတြနဲ႔ အတူေနရမယ္၊ အလုပ္လုပ္ရမယ္ဆိုလ်င္ စံခ်ိန္မွီတဲ့ နားအကာအကြယ္ေတြသုံးပါ။
ဆူညံတဲ့ လုပ္ငန္းခြင္မွာ အလုပ္လုပ္သူေတြကို ဆူညံသံကာကြယ္တဲ့ ပစၥည္းေတြကို အလုပ္ရွင္မွ ထုတ္ေပးရန္နဲ႔ မျဖစ္မေနသုံးၾကရန္ ဥပေဒထုတ္ျပန္ၿပီး သုံးမသုံး စိစစ္အေရးယူရပါမယ္၊
နားအကာအကြယ္ေတြမွာ နားကိုအုပ္ထားတဲ့နားၾကပ္ Earmuff နဲ႔ နားထဲထည့္ပိတ္ထားတဲ့ ear plug ဆိုၿပီး ၂မ်ိဳးရွိပါတယ္။ ear plug မွာလည္း ေဖါ့ဆို႔ ear plug နဲ႔ နားအေခါင္းပုံနဲ႔ အံဝင္ေအာင္လုပ္ထားတဲ့ ear plug, နားထဲ အျပည့္မဝင္တဲ့ ear plugဆိုၿပီး အမ်ိဳးမ်ိဳးရွိပါတယ္။ ဘာကိုပဲသုံးသုံး အသံေသခ်ာလုံဖို႔လိုသလို အဲ ဒီပစၥည္းေတြကို ေသခ်ာ သန္႔ရွင္းေရးလုပ္ေပးဖို႔လည္းအေရးႀကီးပါတယ္။
သီးခ်င္းနားေထာင္တဲ့ နားၾကပ္ေတြကို ဆူညံသံကာကြယ္တဲ့ နားၾကပ္အေနနဲ႔ အစားထို႔းသုံးလို႔ မရပါဘူးလို႔ဆိုပါတယ္။
တကိုယ္ရည္ကာကြယ္မႈ
လူငယ္ေတြၾကားမွာေတာ့ အဓိက NIHL ျဖစ္ေစတာက PMP Portable Media Player ဥပမာ အမ္ပီသရီး လိုမ်ိဳး ၊ အခုေခတ္မွာေတာ့ မိုဘိုင္းဖုန္းေတြက ေန ေတးဂီေတြကို နားၾကပ္နဲ႔ နားေထာင္းတာ၊ ဂိမ္းကစားလ်င္ နားၾကပ္နဲ႔တပ္ကစားတာတါေတြေၾကာင့္ျဖစ္တာမ်ားလာပါတယ္။
အေမရိကန္ American Academy of Audiology က အဲဒီလို Portable Media Player ေၾကာင့္ အၾကားအာ႐ုံထိခိုက္မႈကို ကာကြယ္ဖို႔ အသံခလုပ္ကိုတိုးတဲ့ ဘက္(ဝဲဘက္) ကိုလွည့္ပါဆိုၿပီး Turn it to the left ဆိုတဲ့ ကမ္ပိန္းလုပ္ၿပီး ပညာေပးပါတယ္ သူ႔ရဲ႕ ဝဘ္ဆိုက္က ဒီမွာပါ။ http://www.turnittotheleft.org/
စကၤာပူ အမ်ိဳးသားတကၠသိုလ္ကလည္း ေအာက္ပါအတိုင္း အႀကံျပဳထားပါတယ္။
၁။ နားၾကပ္သုံးၿပီး ေန႔စဥ္ ေတးဂီတနားေထာင္တဲ့ ခ်ိန္ကို ေလွ်ာ့ခ်ရန္။
၂။ နားၾကပ္သုံးၿပီး ေတးဂီတနားေထာင္လ်င္ ဆက္တိုက္ ၆ နာရီထက္ မပိုေစရန္။
၃။ ျဖစ္ႏိုင္လ်င္ နားၾကပ္အစား စပီကာဖြင့္ၿပီးနားေထာင္ရန္။
၄။ နားေထာင္လ်င္ အသံက်ယ္စြမ္း၏ ၇၀ ရာခိုင္ႏႈန္းထက္ပိုၿပီး မက်ယ္ေစရန္
၅။ မၾကာခဏ (သို႔) အၿမဲတေစ နားအူလ်င္ ဆရာဝန္ႏွင့္ျပပါ။
အခုေခတ္ကေလးငယ္ေတြမွာလည္း ေတးဂီတသံထြက္တဲ့ ကစားစရာေတြ၊ မိုဘိုင္းဖုန္း ဂိမ္းေတြက က်ယ္လြန္း တဲ့အသံေတြဟာ သူတို႔ရဲ႕ ႏုနယ္တဲ့ နားေတြရဲ႕ ႀကီးမားတဲ့ အႏၲရာယ္ပါ။ လူႀကီးေတြကလည္း အဲဒီဆူညံသံေတြကို သတိမူမိၾကတာမ်ားပါတယ္။
လူတိုင္းဟာ အသက္ႀကီးလာတာနဲ႔ အမွ် အၾကားအား႐ုံေလ်ာ့က်လာပါတယ္။ အဲဒီအေပၚမွာ ကာကြယ္လို႔ရလ်က္ ဆူညံသံကိုမကာကြယ္မိလို႔ အၾကားအား႐ုံပ်က္စီးမႈက ထပ္ဆင့္လာလ်င္ေတာ့ အ႐ြယ္မတိုင္မီႀကီးမားတဲ့ ဆုံးရႈံးမႈပဲျဖစ္ပါတယ္။
အဲလို႔မျဖစ္ေအာင္ ဆူညံသံေတြကို အားလုံးက ညီညီၫြတ္ၫြတ္ဝိုင္းဝန္း ကာကြယ္တားဆီးၾကဖို႔လိုအပ္ပါတယ္။
အထူးသျဖင့္ မသိနားမလည္တဲ့ ကေလးေတြမွာ ဆူညံသံေၾကာင့္ ျဖစ္ေသာ အၾကားအာ႐ုံ ပ်က္စီး ခ်ိဳ႕ယြင္းမႈမျဖစ္ၾကေစဖို႔ ဝိုင္း မိဘေတြ၊ ဆရာေတြနဲ႔ လူ႔အသိုင္းအဝိုင္းတခုလုံးက ဝိုင္းဝန္းကာကြယ္ၾကရမွာျဖစ္ပါတယ္။
ဆူညံမႈေဘးမွ ေရွာင္ရွားႏိုင္ၾကပါေစ
ဖိုးသုည
21/05/2018
No comments:
Post a Comment