Monday, December 16, 2019
ဈေးကွက်ထဲရှိ သာမန် FM ရေဒီယိုတလုံးကို လေဆိပ်ကဆက်သွယ်ရေးလှိုင်းတွေ မိအောင် ပြောင်းကြည့်မယ်။
ဈေးကွက်ထဲရှိ သာမန် FM ရေဒီယိုတလုံးကို လေဆိပ်ကဆက်သွယ်ရေးလှိုင်းတွေ မိအောင် ပြောင်းကြည့်မယ်။ 
(ဖြည့်စွက်။ ဒီပို့စ်မှာပြထားသလိုပြောင်းပြီးတဲ့အခါ  Short Wave SW လှိုင်းတွေကိုလည်းများသွားစေပါတယ်. 
မူလက SW 6 မှာ ဖမ်းလို့ရတာက  15.1 MHz -15.3 MHz  ဖြစ်ပြီး SW 7 မှာတော့  17.5 MHz - 17.9 MHz ဖမ်းလို့ရပါတယ်။ 
Radio NUG က  17.1 MHz မှာလွှင့်တော့ အဲဒီဖရီကွင်စီက  SW 6 နဲ့ SW7  ကြားထဲမှာ ပျောက်နေပါတယ်။ 
အောက်မှာ ပြထားသလို ပြုပြင်ပြီးတဲ့အခါမှာတော့ SW 6 မှာ ဖမ်းလို့ရတဲ့ ဖရီကွင်စီက 16.28 MHz -  17.38 
SW 7 မှာ 19.02 MHz- 19.86 MHz ထိ ဖမ်းလို့ရသွားပါတယ်။ 
အဲဒီတော့ Radio NUG ရဲ့ 17.1 MHz  ကို SW 6 မှာ ဖမ်းလို့ရသွားမှာ ဖြစ်ပါတယ်။ )
ATC; Union Air 337, Wind calm, runway  21, clear for take off.
Pilot; Clear for take off, Union Air 337.
ATC; Mann Royal 417, behind departing traffic line up, wait.
Pilot; Behind departing traffic line up, wait , Mann Royal 417
လေယာဉ် တွေကို ဓါတ်ပုံရိုက်ကြတဲ့ Plane spotter အတော်မျာများက လေဆိပ်က ATC ( Air traffic control) တာဝါနဲ့ ပိုင်းလော့တွေ ပြောဆိုကြတာကိုလည်းနားထောင်ချင်ကြပါတယ်။
တခါတလေ Flight radar 24 လို app တွေမှာ မပြတဲ့ လေယာဉ်တွေ (ဥပမာ စင်းလုံးငှားလေယာဉ်တွေ) အတက် အဆင်းလုပ်တာကို သူတို့စကားပြောတာတွေကနေ သိရှိနိုင်ပါတယ်။
လေကြောင်းပြောင်းလို့ပြေးလမ်း ပြောင်းတာတွေကိုလည်း ရေဒီယိုဆက်သွယ်ရေးကနေ သိနိုင်ပါတယ်။
ခက်တာက ဈေးကွက်ထဲမှာ ဝယ်လို့ရတဲ့  ရေဒီယိုတွေနဲ့ ဒီလို ဆက်သွယ်တဲ့ ဖရီကွင်စီကိုဖမ်းလို့မရပါ။ နိုင်ငံ အတော်များများမှာလည်း အဲဒီလိုင်း‌ တွေကို တရားဝင် ဖမ်းခွင့်မပြုပါ။ တချို့နိုင်ငံတွေ မှာတော့အဲလို ဖမ်းနားထောင်တာ ပြသနာမရှိရုံမျှမက အင်တာနက်မှာပါတင်ပြီး ရှဲထားတာကို ဖမ်းလို့ရနိုင်ပါတယ်။ https://www.liveatc.net/
အဲဒီဆက်သွယ်ရေးဖရီကွင်စီ VHS လှိုင်းတွေက 117.975 ကနေ 137 MHz အကြားမှာရှိပါတယ်။
117.975 – 137 MHz Air-ground and air-air communications (VHF voice and data) AM(R)S 
ဒီလှိုင်းတွေ ကို ဖမ်းလို့ရတဲ့ VHS ရေဒီယိုတွေ ကို တချိူ့နိုင်ငံတွေမှာ ဝယ်လို့ရပေမယ့် နိုင်ငံ အများစုမှာ အဲလို VHS ရေဒီယိုနဲ့ ဝေါ်ကီတော်ကီတွေကို ရေဒီယိုသုံးခွင့်လွှင့်ခွင့် လိုင်စင် ရထားတဲ့ အဖွဲ့အစည်းတွေကသာ သုံးခွင့်ရှိတာ များပါတယ်။
Airband Radio နမူနာ
ဈေးကွက်ထဲရှိ သာမန် FM ရေဒီယိုတလုံးဟာ အမြင့်ဆုံး ၁၀၈ MHz အထိပဲ ဖမ်းနိုင်ပါတယ်။  အဲဒီရေဒီယိုကို ATC ဆက်သွယ်ရေး air bands ဖမ်းလို့ရအောင် ပြုပြင်လိုက်လို့မရဘူးလားလို့ စမ်းကြည့်ချင်သူများလည်းရှိမှာပါ။
Analog FM ရေဒီယိုတွေကိုတော့ အဲဒီလို လုပ်လို့ရပါတယ်။ ဖမ်းလို့ရတဲ့ Frequency range ကိုကန့်သတ်ထားတာကို ပြင်လိုက်ပြီး demodulate လုပ်လိုက်တာလို့ဆိုပါတယ်။ နောက်ပိုင်းပေါ်တဲ့ Digital FM Radioတွေကိုတော့အဲလို ပြောင်းနည်းကိုရှာလို့မတွေ့သေးပါဘူး။  
အခက်အခဲတခုက ဒီလိုပြောင်းပြီးတဲ့ အခါ ရေဒီယိုက မီတာလှိုင်းတွေကို ပြတဲ့မီတာတံနဲ့ ရေဒီယိုဒိုင်ခွက်မှာ မူလက 70-108 MHz  ကို 70- 126 MHz ပြောင်းလိုက်တော့ အမှတ် အသားတွေက နေရာလွဲကုန်ပါတယ်။  ပြတာအကွားအဝေး စကေးလဲ လွဲပါတယ်။ မိမိဖမ်းချင်တဲ့ဖရီကွင်စီကို ဘယ်နေရာမှာရှိတယ်ဆိုတာကိုပြဖို့ အမှတ် အသားလည်းမရှိလို့ ခန့်မှန်ပြီး ဖမ်းရပါတယ်။  
တချို့ရေဒီယိုတွေမှာတော့ ဖမ်းနေတဲ့ဖရီကွင်စီကို LCD မှာပြတော့ ရှာရတာ ပိုလွယ်ပါတယ်။
ကံကောင်းစွာပဲ Tecsun R919 ရေဒီယိုကတော့ သူဖမ်းတဲ့ ဖရီကွင်စီကို LCD display နဲ့ ပြ‌ပေမယ့် analog  tuner သုံးထားလို့ air band  ဖမ်းလို့ရအောင် ပြောင်းဖို့ သင့်တော်တဲ့ ရေဒီယို တလုံးပါ။
Tecsun R919 
ကျနော်တို့မရင်းနှီးတဲ့  technical terms   တွေကိုရှောင်ပြီး အများနားလည်အောင် လက်တွေ့ဘယ်လို့လုပ်လို့ရတယ်ဆိုတာကလေးကိုပဲ ရေးမှာဖြစ်ပါတယ်။
(၁) ဖရီကွင်စီတွေကိုကန့်သတ်ထားတဲ့ ကွိုင်ကိုရှာပြီးချဲပေးရပါမယ်။
(၂)   လေးထောင့် အတုံးကလေးတွေထဲက လှည့်ထဲ့ ခလုပ်ကလေးတွေကို ဘယ်ဖက်ကိုလှည်ပေးရပါမယ်။
လိုအပ်သောပစ္စည်းများ
၁၊ Tecsun R919 Radio
၂၊  ဝက်အူလှည့် အပြားတခု
၃၊ ဝက်အူလှည့် အပေါင်း (အလတ်) တခု
၄၊ AA ဘက်ထရီ ၂လုံး
လုပ်ဆောင်ပုံ
ပထမဆုံး ရေဒီယို  နောက်ဖုံးကိုဖွင့်ပါ။ ဝက်အူသုံးလုံးရှိပါတယ်။
အန်တန်နာအခြေမှာ အနောက်ဖုံးကို ထိန်းတဲ့  ချိတ်ကလေးတခုရှိပါတယ်။ အဖုံးကို ဖြုတ်လျင် ဘက်ထရီ ဆက်တဲ့ စပရင်ကလေး‌တွေ ကို သတိထားပါ။
အဖုံးကို ဖြုတ်လျင် ဘက်ထရီ ဆက်တဲ့ စပရင်ကလေး‌တွေ ကို သတိထားပါ။
 ဆာကစ်ပြားပေါ်လာလျင် သူ့ကို စွဲထားတဲ့ ဝက်အူ၂လုံးကို ဖြုတ်ပြီးအရှေ့ဘက်ခြမ်းကိုလှန်ပါ။ ကြိုးတွေ ပြုတ်မထွက်အောင် သတိထားပါ။l
လိုင်းပြောင်းဖမ်းတဲ့ဘီးကလေးကို စွဲထားတဲ့ ဝက်အူကို ဖြုတ်ပြီး ဘီးကလေးကို ဖယ်လိုက်လျင် tunner capacitor ကလေးနဲ့ ကြေးရောင် ကွိုင်သေးသေးလေး ၂ ခုကိုတွေ့ပါတယ်။ တခုက FM ဖရီကွင်စီကိုကန့်သတ်ပေးထားတာဖစ်ပြီး သူကို ချဲ ပေးခြင်းဖြင့်ဖရီကွင်စီပိုတိုးလာပါတယ်။
ဘယ်ကွိုင်က ဖရီကွင်စီကို ကန့်သတ်ထားတာလည်းဆိုတာသိဖို့ ရေဒီယို ကို FM လိုင်းဖမ်းထားပြီး ကွိုင်ကို ဝက်အူလှည့်နဲ့ ထောက်ကြည့်ပါ။ အဲလို ထောက်လို့ ရေဒီယိုအသံပြောင်းလျင် အဲဒီကွိုင်ကို ချဲပေးရမှာပါ။ ချဲလို့ ရနိုင်သမျှချဲပေးပါ။
အဲလိုစမ်းကြည့်တော့ ဘေးဖက်ကကွိုင်ကို ထိရင် ဖမ်းထားတဲ့ FM  အသံပြောင်းသွားလို့ သူ့ကို  ရနိုင်သလောက်ချဲလိုက်ပါတယ်။
အဲဒီနားမှာ ရောင်စုံအတုံးကလေးတွေက frequency modulation ကို ထိန်းထားတဲ့ transformer လို့ဆိုပါတယ်။ FM လှိုင်းကို AM လှိုင်းဖမ်းလို့ရဖို့  အထဲက အတုံးကလေးကိုဝက်အူလှည့် အပြားကလေးသုံးပြီး ဘယ်ဘက်ကို ရသလောက် ပြန်လှည့်ပါဆိုပါတယ်။
တချို့ကတော့ ရေဒီယိုကို ဖွင့်ထားပြီး လိုင်း မမိတဲ့အချိန်ကြားရတဲ့ လေသံ အကျယ်ဆုံးရအောင် လှည့်ပါဆိုပါတယ်။
ပြီးလျင် လိုင်းချိန်တဲ့ ဘီးကိုပြန်တပ်ပါ။ ဆားကစ်ကိုပြန်တပ်လျင် ဘက်ထရီ စပရင်တွေအံဝင်အောင် ဂရုစိုက်ပေးပါ။ တခုနဲ့တခုထိလျင် ရှော့ခ် ရပါမယ်။
 ဆားကစ်ကို ဝက်အူမစွဲခင်  FM AM SW ပြောင်းတဲ့ ခလုပ်နဲ့ ဘေး က ခလုပ် နေရာမှန်အောင် သတိထားပါ။
အားလုံးပြီးလို့ပြန်တပ်ပြီး ရေဒီယိုကို ဖမ်းကြည့်လျင် ဖမ်းမိတဲ့ ဖရီကွင်စီ ၁၂၀ မီဂါဟာ့ဇ်ကျော်‌လာတာကို တွေ့ရပါမယ်။
ကိုယ်ဖမ်းချင်တဲ့ လိုင်းကို ဖမ်းကြည့်ပါ။ အဆက်အသွယ် မရှိချိန်မှာတော့ လေသံ အကျယ်ကြီးကြားနေရပေမယ့် အဆက် အသွယ် လုပ်ချိန်မှာတော့ အသံကို သဲသဲကွဲကွဲ ကြားရပါတယ်။
 FM ရေဒီယိုကို AM လိုင်းဖမ်းလို့ရအောင် ပြောင်းထားတာဖြစ်လို့  VHS လိုင်းဖမ်းဖို့ထုတ်ထားတဲ့ရေဒီယိုတွေလိုတော့ ဖမ်းအားမကောင်းနိုင်ပါ။ လေဆိပ် အနားမှာပဲဖမ်းလို့ရပါတယ်။ တာဝါကအသံက ကျယ်ပေမယ့်တချို့ပိုင်းလော့အသံတွေကတော့ တိုးပါတယ်။
 လေဆိပ် အလိုက် သုံးတဲ့ လှိုင်းတွေကို ဒီ ဆိုဒ်မှာ ရှာလို့ရပါတယ်။
မင်္ဂလာဒုံလေဆိပ်နားမှာတော့ တာဝါ လိုင်း 118.1 ကိုသေချာကြားရပါတယ်။
တခုရှိတာက သူတို့ဘာတွေပြောတယ်ဆိုတာကို လေကြောင်းဗဟုသုတအခြေခံမရှိလျင် နားလည်ဖို့မလွယ်ပါ။ 
https://www.facebook.com/phoethunyazero/videos/pcb.2530410660389420/2496912673911343/?type=3&theater&ifg=1
https://www.facebook.com/phoethunyazero/videos/pcb.2530410660389420/2496912363911374/?type=3&theater&ifg=1
ဖိုးသုည
16/12/19
မှတ်ချက်။ 
၁။ သူများစမ်းသပ်ထားတာကိုလိုက်လုပ်ကြည့်ပြီး ပြန်မျှဝေတာဖြစ်ပါတယ်။ ရေဒီယိုအကြောင်းနားလည်လို့မဟုတ်ပါ။ 
https://youtu.be/5kvxjNeWMxs
https://electronics.stackexchange.com/questions/16583/modify-an-am-fm-radio-to-an-airband-receiver-what-if-any-changes-to-the-demod
https://makezine.com/2019/12/04/a-hard-to-find-traditional-treat-recreated-with-ease/
https://makezine.com/projects/aircraft-band-receiver/
၂။ Tecsum R919 ရေဒီယိုကို ဆိုင်တွေမှာ မရလို့ ၁၃၇ လမ်းက ပင်နီစူလာ ကုမ္ပဏီ ရုံးမှာ သွားဝယ်ခဲ့ရပါတယ်။ တခြား analog FM ရေဒီယိုတွေလည်းသုံးလို့ရပါတယ်။ 
၃။ တချို့နိုင်ငံတွေမှာ လေကြောင်း ဆက်သွယ်ရေးလှိုင်းတွေကို ဖမ်းယူတာ ပြစ်မှုမြောက်တယ်ဆိုပါတယ်။ ဒီဘလော့က ဗဟုသုတအတွက် ပညာပေးစမ်းသပ်မှုအနေနဲ့ လုပ်ထားတာကို ရေးပြတာသာဖြစ်ပါတယ်။ ဒီဘလော့ကိုဖတ်ပြီး မိမိဖာသာစမ်းသပ်လို့ တခုခုဖြစ်ခဲ့လျင် စမ်းသပ်သူ၏တာဝန်သာဖြစ်ပြီး ဗွီဒီယို ဖန်တီးသူ၊ ဘလော့ရေးသူနဲ့ လုံးဝ မသက်ဆိုင်ပါကြောင်း ကြိုတင် သတိပေးပါရစေ။
Wednesday, November 6, 2019
အညှောက်ထွက်အာလူး၊ အခွံစိမ်းအာလူး နဲ့အဆိပ်သင့်ခြင်း
အညှောက်ထွက်အာလူး၊ အခွံစိမ်းအာလူး နဲ့အဆိပ်သင့်ခြင်း
အညှောက်ထွက်အာလူးတွေက အဆိပ် သင့်နိုင်တယ်ဆိုတာ အများကြားဖူးကြပါလိမ့်မယ်။
အတိုင်းအတာတခုအထိမှန်ကန်ပါတယ်။ 
ဖြစ်တာအလွန်နည်းပါတယ်။
ဘာကြောင့်ဖြစ်တယ်.၊ ဘယ်လိုဖြစ်တယ် ဆိုတာကိုလည်း သေသေချာချာမသိကြတာများပါတယ်။
https://www.dailymail.co.uk/health/
https://indianapublicmedia.org/amomentofscience/green-potatoes-2.php
အဆိပ်သင့်လက္ခဏာများ
  • အများစုကတော့ ဘိုက်ရစ်နာ၊ ပြို့၊ အန်၊ ဝမ်းလျှော၊ စတဲ့လက္ခဏာတွေ့ရတတ်ပါတယ်။
  • ပိုဆိုးသူတွေမှာတော့ မူးဝေ၊ ပျော့ခွေ၊ ခြေလက်တုန်၊ ဂဏှာမငြိမ်၊ ငေါင်စင်း၊ မျက်စိမှုန်ဝါး၊ ကယောင် ကတန်းဖြစ်တာကနေ ရှားရှားပါးပါးသေဆုံးမှုတချို့တော့ရှိခဲ့ဖူးတယ်ဆိုပါတယ်။
အာလူးမှာ အဲလို အဆိပ်သင့်စေတဲ့ဓါတ်တွေနည်းအောင် ဘယ်လိုလုပ်မလဲ
  • အာလူးကိုအကြားကြီးသိုလှောင်မထားပါနဲ့။
  • ပိုနေတဲ့အာလူးတွေကိုသိမ်းလျင် အေး၍ခြောက်သွေ့သောနေရာတွင်ထားပါ။
  • အပူချိန် ၇ ဒီကရီစင်တီဂရိတ် ( ရေခဲသေတ္တာ ပုံမှန် အခန်းအပူချိန်) မှာထားပါ.
  • အလင်းရောင်နဲ့ မထိတွေ့အောင် အနက်ရောင်အိတ်ထဲထည့်သိမ်းပါ။
အာလူးကိုမီးဖုတ်ခြင်း၊ ချက်ပြုတ်ခြင်းတို့က အဲဒီဓါတ်တွေကို ပျက်ပြယ် မသွားစေနိင်တဲ့အတွက် အဲဒီဓါတ်တွေများတဲ့အပိုင်းတွေကိုမစားပါနဲ့
  • အခွံနွှာစားပါ။
  • စိမ်းနေသောအပိုင်း၊ အညှောက်၊ မျက်ကွင်း၊ ပွန်းပဲ့ထားသေားအပိုင်း၊ ပုပ်နေသောအပိုင်း များကိုဖြတ်ထုတ်ပစ်ပါ၊ သိပ်ဆိုးလျင် တော့ တလုံးလုံးကိုသာလွှင့်ပစ်ပါ။
  • အာလူးအပင်၊ အရွက်၊ အသီးတို့ကိုလုံးဝ မစားပါနဲ့ ။
  • အာလူးအရသာက ခါးနေလျင် ပအားလျင် မစားပါနဲ့၊
အာလူးထဲက အဆိပ်သင့်စေတဲ့ ဓါတ် ၂မျိုး
  • အာလူးထဲက အဆိပ်သင့်စေတဲ့ ဓါတ် ၂မျိုး က တော့  ဂလိုင်ကိုအယ်ကလွိုက် (glycoalkaloid ) တွေဖြစ်တဲ့ alpha-chaconine နဲ့ alpha-solanine တို့ဖြစ်ပါတယ်။
  • အဲဒီဓါတ်တွေ အာလူးတပင်လုံးမှာရှိနေတာပါ။ အများဆုံးရှိတာက အရွက်၊အပွင့်၊ အညှောက်၊ မျက်ကွင်းနဲ့  အာလူးဥရဲ့ စိမ်းနေတဲ့အခွံတွေမှာဖြစ်ပြီး အာလူးဥရဲ့ အသားဖြူဖြူတွေမှာတော့ အဲဒီဓါတ်ပါဝင်မှု အနည်းဆုံးပါ။ အာလူးအခွံမှာပါတဲ့ အဲဒီဓါတ်တွေက အာလူးအသားထက် သုံးဆကနေ ၁၀ ဆ အထိများနိုင်ပါတယ်။
  • အာလူးဥတွေအညှောက်ပေါက်တဲ့အခါနဲ့ အခွံတွေစိမ်းနေတဲ့အခါမှာ အဲဒီဓါတ်တွေပိုများလာတဲ့ အတွက်၊ မျက်ကွင်း၊ အညှောက်ပါတဲ့အပိုင်းတဲ့ အခွံစိမ်းတွေ အများကြီး စားတဲ့ထဲ ရောပါသွားတဲ့အခါ  အဆိပ်သင့်ခြင်း ဖြစ်ပါတယ်။
ဘယ်လောက်များရင် အဆိပ်သင့်တာလဲ
  • အစားသောက် အန္တရာယ်ကင်းရှင်းရေးသတ်မှတ်ချက်တွေမှာ  အာလူးတွေကနေ အဆိပ်မသင့်စေဖို့ အာလူးအလေးချိန် ၁၀၀ ဂရမ် မှာ အဲဒီ  solanine နဲ့  chaconine ဓါတ် ၂၀ မီလီဂရမ်ထက် မပိုရဘူးဆို့ဆိုထားတဲ့အတွက် အာလူး ၁၀၀ ဂရမ် ( ၆ကျပ်သား) မှာ အဲဒီ  solanine နဲ့  chaconine ဓါတ်  စုစုပေါင်း ၂၀ မီလီဂရမ်အထိပါသည့်တိုင်အောင် လူကိုဒုက္ခပေးနိုင်ဘူးလို့ဆိုတာပါ။ ဘာကြောင့်လည်းဆိုတော့ အများစုက အခွံမှာ စုနေတာဖြစ်လို့ အခွံနွှာပြီး သွားတဲ့ အာလူးမှာ အဲဒီဓါတ်တွေအလွန်ကိုနည်းသွားလို့ပါ။
  • သုတေသနစမ်းသပ်ချက်တွေအရ အခွံနွှာထားတဲ့ အာလူးအသား ၁၀၀ ဂရမ်မှာ အဲဒီ အဆိပ်ဖြစ်စေတဲ့ ဓါတ် ၀.၁၀ မီလီဂရမ်ကနေ ၄.၅ မီလီဂရမ်လောက်အထိပဲပါပါတယ်။ 
  • အာလူးအခွံ ၁၀၀ ဂရမ်မှာ တော့ အဲဒီ အဆိပ်ဖြစ်စေတဲ့ ဓါတ် ၃ မီလီဂရမ်ကနေ ၁၀၀  မီလီဂရမ်ကျော်အထိပါနိုင်ပါတယ်။
အန္တရာယ်ရှိနိုင်တဲ့ပမာဏ
  • လူ့ခန္ဓာကိုယ်အလေးချိန် တစ်ကီလိုဂရမ်တိုင်းမှာ အဲဒီဓါတ် တွေ ၂ မီလီဂရမ် ရှိလာတဲ့အခါ အဆိပ်သင့်လက္ခဏာတွေပြတယ်လို့ဆိုပါတယ်။
  • ကိုယ်အလေးချိန် ၈၀ ကီလို ( ပေါင်၁၇၆ ပေါင် ) ရှိသူတယောက် က အာလူးအခွံစိမ်း (သို့) အညှောက်ပေါက် တဲ့ အပိုင်း ၁၀၀ ဂရမ် ( ၆ ကျပ်သား) ကိုစားလျင် အဲလိုဖြစ်နိုင်ပါတယ်။
  • အဲလိုအပိုင်းတွေကိုဖြတ်ထုတ်ထားတဲ့ အာလူးအသားကိုပဲစားလျင်တော့ အာလူး အနည်းဆုံး သုံးကီလိုခွဲ ( နှစ်ပိသာ ၃၀ သား) စားမှ အဲလိုဖြစ်မှာပါ။၊
ခရမ်းချဉ်သီး
ခရမ်းချဉ်သီးအစိမ်းမှာလည်း alpha-tomatine and dehydrotomatine ဆိုတဲ့ ဂလိုင်ကိုအယ်ကလွိုက်ပါပါတယ်။ သူတို့က အလူးမှာပါတဲ့ solanine နဲ့  chaconine ဓါတ်တွေလောက်တော့ အဆိပ်အတောက်မရှိဘူးဆိုပါတယ်။’
ဒါပေမယ့် ခရမ်းချဉ်သီးကို ရင့်မှ မှည့်မှ စားဖို့နဲ့  ခရမ်းချဉ်သီး အစိမ်းနဲ့ အစိမ်ကိုလုပ်ထားတဲ့ အစားစာတွေကို အများကြီးမစားဖို့၊ ခရမ်းချဉ် အပင် ရဲ့ အရွက်နဲ့ အရိုးလို စိမ်းတဲ့အပိုင်းတွေကို မစားဖို့ အကြံပြုထားပါတယ်။ 
သတင်းမှား
ဒါကြောင့် ဖေ့ဘုတ်မှာပြန့်နေတဲ့
“ဒီလို အာလူးမျိုးကို(၂)မီလီဂရမ်မျှ စာသုံးခြင်းဖြင့် (၁)ကီလိုမျှ ဝိတ်တက်စေပါတယ်။”
ဒီလို အာလူးမျိုးကို (၃)မီလီဂရမ်မှ (၆)မီလီဂရမ်ကြား စားသုံးလာပါက မေ့မြောနိုင်သလို အသက်ပါသေစေနိုင်ပါတယ်။ ဆိုတာကတော့တက်တက်စင်အောင်လွဲနေပါတယ်လို့ဆိုပါရစေ။
၃-၆ မီလီဂရမ်ဆိုတာချိန်မရလို့ ချိန်လို့ရတဲ့ ၂ ဂရမ် = ၂၀၀ မီလီဂရမ်ဆိုတာ ဘယ်လောက်များတယ်ဆိုတာ နှိုင်းယှဉ်လို့ရအောင်ပြထားပါတယ်။ 
ဖိုးသုည
07/11/2019
အကိုးအကားများ
Monday, November 4, 2019
Viber နဲ့ Wechat messaging app တွေမှာ တခြားဘာသာတွေနဲ့ရေးထားတဲ့ မက်ဆေ့တွေကို မြန်မာဘာသာသို့ပြန်ဆိုနည်း။
Viber နဲ့ Wechat messaging app  တွေမှာ တခြားဘာသာတွေနဲ့ရေးထားတဲ့ မက်ဆေ့တွေကို မြန်မာဘာသာသို့ပြန်ဆိုနည်း။ 
Viber နဲ့ Wechat ဆိုတဲ့ messaging app  နှစ်ခုက တခြား messaging app တွေလိုမဟုတ်ဘဲ Google Translate ကိုသူတို့ app နဲ့တွဲထားပါတယ်။ 
ဒါကြောင့် တခြားဘာသာစကားတွေနဲ့ရေးထားတဲ့ မက်ဆေ့တွေကို Viber နဲ့ Wechat  တို့ကိုသုံးပြီးပို့လိုက်လျင်  မိမိဖုန်းရဲ့ ဘာသာစကားကို ပြောင်ခိုင်းပြီးဖတ်လို့ရပါတယ်။
တခြား ဘယ် app မှ ထပ်ထည့်စရာမလိုပါ။
မိမိဖတ်ချင်တဲ့ ဘာသာစကားကို ဖုန်းရဲ့ ဘာသာစကားဖြစ်အောင်ပြောင်းထားပေးဖို့ပဲလိုပါတယ်။
မြန်မာလိုဖတ်ချင်တော့ ဖုန်းဆက်တင်ထဲက ဘာသာစကားကို ဗမာ ( မြန်မာ) လို့ပြောင်းရပါမယ်။
settings > (Additional settings)> Language &Input > Language  မှာ ဗမာ ( မြန်မာ) လို့ ပြောင်းပါ။
Viber
Viber app  ကိုဖွင့်ပြီး ကိုယ် ဘာသာပြန်စေချင်တဲ့ မက်ဆေ့ချ်ကို ခဏဖိထားပါ။
ပေါ်လာတဲ့ အကွက်ထဲမှ " ဘာသာပြန်ပါ"  ကိုရွေးပေးပါ။
ဘာသာပြန်ခြင်းကို Google နဲ့ရှဲမလားမေးတဲ့ နေရာမှာ " ဆက်လက်လုပ်ဆောင်ပြီးနောက်တကြိမ် မပြတော့ ပါ" ကိုရွေးပါ။
ပြီးလျင် ဘာသာပြန်ပြီးသားမက်ဆေ့ကို မူလမက်ဆေ့အောက်တွင်တွဲလျက်ပြပါမယ်။
ကိုယ်က ပြန်စာရေးလျင်တော့ ဘာသာပြန်ပေးစရာမလိုပါ။
ပြန်စာရသူက ကိုယ့်စာကို သူ့ရဲ့  Viber app ထဲမှာ သူဖတ်ချင်တဲ့ ဘာသာကိုပြောင်းဖတ်လို့ရပါတယ်။
သူ့မက်ဆေ့ကို ကိုယ့်ဖုန်းထဲမှာ ဘာသာပြန်ဖတ်သလို ကိုယ့်မက်ဆေ့ချ်ကိုလည်း သူ့ဖုန်းထဲမှာ သ့ဖာသာဘာသာပြန်ဖတ်ပါစေ။ ကိုယ် က ယူနီကုဒ်သုံးဖို့ပဲလိုပါတယ်။
Wechat
Wechat app  ကလောလောဆယ် ယူနီကုဒ်ကို မသုံးပဲ ဇော်ဂျီကိုသုံးနေသေးလို့  သူ့ဆက်တင်မှာပြတဲ့ မြန်မာစာတွေကို ယူနီကုဒ်ဖုန်းတွေမှာ မှန်မှန်ကန်ကန်မြင်ရဦးမှာ မဟုတ်ပါ။
ဒါပေမယ့် ဘာသာပြန်တာကိုတော့ Google Translate ကိုသုံးတာဖြစ်လို့ မြန်မာစာကိုယူနီကုဒ်နဲ့ပြပါတယ်။
Wechat app  ကိုဖွင့်ပြီး ကိုယ် ဘာသာပြန်စေချင်တဲ့ မက်ဆေ့ချ်ကို ခဏဖိထားပါ။
ပေါ်လာတဲ့ အကွက်ထဲမှ " ဘာသာပြန်မည်" "  ဘာသာျပန္မည္" ကိုရွေးပေးပါ။
ပြီးလျင် ဘာသာပြန်ပြီးသားမက်ဆေ့ကို မူလမက်ဆေ့အောက်တွင်တွဲလျက်ပြပါမယ်။
ကိုယ်က ပြန်စာရေးလျင်တော့ ဘာသာပြန်ပေးစရာမလိုပါ။
ပြန်စာရသူက ကိုယ့်စာကို သူ့ရဲ့  Viber app ထဲမှာ သူဖတ်ချင်တဲ့ ဘာသာကိုပြောင်းဖတ်လို့ရပါတယ်။
သူ့မက်ဆေ့ကို ကိုယ့်ဖုန်းထဲမှာ ဘာသာပြန်ဖတ်သလို ကိုယ့်မက်ဆေ့ချ်ကိုလည်း သူ့ဖုန်းထဲမှာ သ့ဖာသာဘာသာပြန်ဖတ်ပါစေ။ ကိုယ် က ယူနီကုဒ်သုံးဖို့ပဲလိုပါတယ်။
ဖိုးသုည
05-11-19
Sunday, November 3, 2019
တခြားဘာသာနဲ့လာတဲ့ မက်ဆေ့တွေကို ဘာသာပြန်ပြီး ဖတ်ခြင်းနဲ့ မက်ဆေ့ပြန်ခြင်း။
တခြားဘာသာနဲ့လာတဲ့ မက်ဆေ့တွေကို ဘာသာပြန်ပြီး ဖတ်ခြင်းနဲ့  မက်ဆေ့ပြန်ခြင်း။
တခြားဘာသာနဲ့လာတဲ့ မက်ဆေ့တွေကို ဘာသာပြန်ပြီး ဖတ်ခြင်း
သုံးတဲ့ မက်ဆန်ဂျာ အပလီကေးရှင်း ပေါ်တည်ပြီး မတူတာတွေရှိပါတယ်။ 
Wechat နဲ့ Viber တို့မှာ Google Translate  ကိုတွဲထားပေးလို့  မက်ဆေ့တွေကိုဖုန်းရဲ့ ဘာသာစကားကိုပြန်ဆိုပေးပါတယ်။ ( Android , iOS) ( လုပ်နည်းတွေကိုဒီ မှာကြည့်ပါ 
https://share-knwge.blogspot.com/2019/11/viber-wechat-messaging-app.html
Facebook Messenger, Whatsapp, Telegram, Skype, Lines စတာတွေမှာတော့ဘာသာပြန်စနစ်နဲ့ချိတ်ဆက်ထားတာမရှိလို့ မက်ဆေ့တွေကို ဘာသာပြန်ချင်လျင်  အောက်ပါနည်းတွေနဲ့ ဘာသာပြန်လို့ရပါတယ်။ 
လေးမျိုးလုပ်လို့ရပါတယ်။ ပထမ နှစ်မျိုးကိုတော့ Android phone  တွေမှာပဲသုံးလို့ရပါတယ်။ 
Google Translate မှာပုံမှန်ဘာသာပြန်နည်းနဲ့ Chrome browser မှာသုံးတဲ့နည်းကိုတော့ iPhone iPad တွေမှာပါသုံးလို့ရပါတယ်။
(၁) Gboard keyboard ရဲ့ ဘာသာပြန် စနစ်ကိုသုံးနည်း။ (Android) ( ဘယ် messaging app နဲ့မဆိုရပါတယ်။) 
(၂) Google Translate app မှာပါတဲ့ Tap to Translate ကိုသုံးနည်း။ ( Android) ( ဘယ်messaging app နဲ့မဆိုရပါတယ်။) 
(၃) Google Translate ကိုသုံးပြီးဘာသာပြန်နည်း (အလုပ်ရှုပ်)နဲ့ ( Android , iOS)( ဘယ်messaging app နဲ့မဆိုရပါတယ်။) 
(၄) Chrome Browser မှာပါတဲ့ ဘာသာပြန်စ်နစ်ကိုသုံးနည်းပါ။  (Android, iOS) ( Facebook Messenger, ပဲရပါတယ်။ 
(၁) Gboard ကိုသုံးပြီး တခြားဘာသာနဲ့လာတဲ့ မက်ဆေ့တွေကို ဘာသာပြန်ပြီး ဖတ်ခြင်းနဲ့  မက်ဆေ့ပြန်ခြင်း။
Gboard ကိုသုံးနေသူတွေကတော့ တခြားဘာသာနဲ့ရေးထားတဲ့ မက်ဆေ့တွေကို Gboard  ရဲ့ ဘာသာပြန် စနစ်ကလေးကိုသုံးပြီး ဘာသာပြန်ဖတ်လို့၊ စာပြန်လို့ရပါတယ်။ 
Gboard အပေါ်တန်းမှာ ဘာသာပြန် ခလုပ်ကလေး ကိုတင်ထားပါ။
မရှိလျင် အပေါ်က icon bar မှာရှိတဲ့ အစက်သုံးစက်ကိုနှိပ်ပြီး ပုန်းနေတဲ့  ခလုပ်ကလေး ကို အပေါ်က ဘားပေါ်ကိုဆွဲတင်လိုက်ပါ။
ကိုဖတ်ချင်တဲ့ ဘာသာခြားစာနဲ့မက်ဆေ့ကို ဖိထားပြီးကော်ပီကူးပါ။ 
မက်ဆေ့ပြန်တဲ့ အကွက်ကိုဖိထားလျင် Gboard  တက်လာပါမယ်။ 
Gboard  ရဲ့ဘာသာပြန်ခလုပ်ကိုနှိပ်ပြီး ဘာသာပြန် ဘားတန်းကိုဖွင့်ပါ။
ဘယ်ဖက်ကဘာသာစကားကို မက်ဆေ့ရဲ့ ဘာသာစကားကိုပြောင်းပါ။ 
ညာဖက်ကဘာသာစကားကိုကိုယ်ဖတ်ချင်တဲ့ ဘာသာ( မြန်မာ) ထားပါ။
ပြီးလျင် ဘားတန်းအောက်ကစာရိုက်အကွက်မှာ ကူးထားတဲ့ မက်ဆေ့ကို paste လုပ်ပါ။ 
ဘားတန်းအပေါ်က စာပြန်တဲ့အကွက်မှာ ဘာသာပြန်ပြီးသားမြန်မာစာကိုပြပါတယ် 
ဖတ်ပြီးလို့ဖျက်ချင်လျင် ဘာသာပြန်စာကိုဖိထားပြီး ပေါ်လာတဲ့ Delete ကိုနှိပ်ပါ။
မက်ဆေ့ကိုပြန်စာရေးပြီးနောက် ဘာသာပြန်ပြီး ပို့လိုလျင်  
ကိုယ်က မြန်မာကနေ သူ့ဘာသာကိုပြန်မှာဖြစ်လို့ ဘာသာစကား၂ ခုကြားက swap languages မြှားကိုနှိပ်ပြီး ဘယ်ညာ ဘာသာစကားပြောင်းပါ။ 
ဘားအောက်ကအကွက်မှာ မြန်မာလိုရေးလျင် အပေါ်က ပြန်စာ အကွက်မှာ သူ့ဘာသာကိုပြန်ပေးပါမယ်. 
ပြီးလျင်မက်ဆေ့ပို့တဲ့ မြှားကိုနှိပ်ပြီးပို့လိုက်ပါ။ ပြန်စာက သူ့ဘာသာနဲ့ထွက်သွားပါလိမ့်မယ်။ 
(၂၊၃)  ဒုတိယနဲ့ တတိယနည်းတွေကတော့ Gboard ကီးဘုတ်မသုံးသူတွေအတွက်ပါ။ Google Translate app  ကိုသုံးပါတယ်။
(၂) Google Translate  app ကိုသုံးပြီး Tap to translate  ဖွင့်ကာ အဆင့်နည်းနည်းနဲ့ ဘာသာပြန်နည်း။
Google Translate  app ကိုဖွင့်ပါ။
ဘယ်ဖက်က Translate from ဆိုတဲ့ ဘာသာစကားကို Detect Language ကိုပြောင်းပါ။
ညာဖက်က Translate to  ဆိုတဲ့ ဘာသာစကားကို Myanmar ( Burmese) လို့ပြောင်းပါ။
ဘယ်ဖက်အပေါ်က အစင်းသုံးခုနဲ့  menu ကိုနှိပ်ပြီး ပေါ်လာတဲ့ထဲက  Settings  ကိုဝင်ပါ။
Settings ထဲက အပေါ်ဆုံးမှာရှိတဲ့  Tap to Translate  ဆိုတာကို နှိပ်ပြီး   Enable ရဲ့ ညာဘက် ကခလုပ်ကိုဖွင့်ပေးပါ။
အောက်က Preferred languages မှာ Primary Language ကို မြန်မာ ဘာသာ ထားပေးပါ။ ပြီးလျင် app ရဲ့ နောက်ပြန်မြှားနဲ့ပြန်ထွက်ပါ။
Tap to Translate အလုပ်လုပ် ဖို့ Google Translate  app ကို ပိတ်လို့မရပါ။ Back ground မှာ အလုပ်လုပ်နေရပါမယ်။ ဖုန်းရဲ့ Back နဲ့ထွက်လျှင် Google Translate  app ပိတ်သွားပါမယ်။
ဒါကြောင့် ဖုန်းရဲ့ Home ခလုပ်ကိုနှိပ်ပြီးထွက်ပါ။
မက်ဆေ့ကိုဖတ်ဖို့မက်ဆန်ဂျာ app ကိုဖွင့်ပါ။
ကိုယ်ဘာသာပြန်ဖတ်ချင်တဲ့ မက်ဆေ့ကိုခဏဖိထားပါကအောက်မှာ  copy ဆိုတာပေါ်လာပါမယ်။
အဲဒီ  copy ကိုနှိပ်ပြီး စားကိုကော်ပီကူးလိုက်ပါ။
စာတွေကိုကော်ပီကူးတာနဲ့ screen  ညာဘက်မှာ Translator floating ball ကလေးပေါ်လာပြီးပြပါမယ်။
ကိုယ် ဘာသာပြန်ဖတ်ချင်တဲ့ မက်ဆေ့ကိုကော်ပီကူးတာနဲ့  Tap to Translate  ဘာသာပြန်ဘောကလေးပေါ်လာပါမယ်။
အဲဒီဘောကလေးကိုနှိပ်တာနဲ့ ကိုယ်ကော်ပီကူးထားတဲ့ မူရင်းစာကိုပြပြီး သူ့အောက်မှာ ဘာသာပြန်ပြီးသားစာကိုပါပြပါတယ်။
ပြန်စာကိုဘာသာပြန်ချင်လျှင် အဲဒီဘာသာပြန်ဝင်းဒိုးအောက်က  "New Translation"  ကိုနှိပ်ပါ။
စောစောက စာတွေပျောက်ပြီး ပြန်စာရေးဖို့ မြန်မာဘာသာကို ဘားအပေါ်မှာပြကာ စောစောက ကိုယ်ဘာသာပြန်တဲ့ဘာသာစကားကိုအောက်မှာပြပါတယ်။
ပြန်စာကို အဲဒီ မြန်မာအောက်ကနေရာမှာရေးတာနဲ့ အောက်မှာ ဘာသာပြန်စာကိုပြပြီး ကော်ပီကူးဖို့ ပါပြပါတယ်။
ဘာသာပြန်ပြီးသားစာကိုကူးပြီး ပြန်စာအကွက်မှာထည့်ပြီး send ခလုပ်ကိုနှိပ်ကာပြန်စာ ပို့လိုက်ပါ။
(၃) Google Translate  app ကိုသုံးပြီး ပုံမှန်ဘာသာပြန်နည်း။  (Android နဲ့ iOS စက် ၂မျိုးလုံးမှာ သုံးလို့ရပါတယ်။)
Google Translate  app ကိုဖွင့်ပါ
ဘယ်ဖက်က Translate from ဆိုတဲ့ ဘာသာစကားကို Detect Language ကိုပြောင်းပါ။
ညာဖက်က Translate to  ဆိုတဲ့ ဘာသာစကားကို Myanmar ( Burmese) လို့ပြောင်းပါ။
ဘာသာခြားနဲ့ရေးထားတဲ့ မက်ဆေ့တွေစာတွေကိုကော်ပီကူးယူပါ
Google Translate  app ကိုဖွင့်ပါ
ကူးလာတဲ့ မက်ဆေ့ထဲက စာတွေကို "Tap to enter text" ဆိုတဲ့ နေရာမှာ ကူးချပါ။
Google Translate  app က စာတွေကို မြန်မာလို့ပြန်ပေးပါတယ်။
ပြန်စာကိုရေးပြီး ဘာသာပြန်ဖို့ ဘာသာပြန်ထားတဲ့စာတွေရဲ့ ညာဖက်အောက်က အစက် သုံးခုကိုနှိပ်ပါ။
ပေါ်လာတဲ့ထဲက  " Reverse Translate" ကိုနှိပ်ပါ။
( အိုင်ဖုန်းအိုင်ပက်တွေထဲက  Google Translate မှာ " Reverse Translate" ဆိုတာမတွေ့ပါ။ ပြန်စာရေးပြီး ဘာသာပြန်ဖို့ Swap Languages   ဆိုတဲ့ ဘာသာစကား ၂ခုကြားက မြှားကိုနှိပ်ပြီးပြောင်းမှရပါမယ်)
 အပေါ်မှာပြနေတဲ့ ဘာသာစကား၂ခု ဘယ်ညာပြောင်းသွားပါမယ်။ ဘာသာစကား ၂ခုကြားက မြှားကိုနှိပ်ပြီး Swap Languages   လုပ်ပေးတာနဲ့ အတူတူပါပဲ ။
ရှိနေတဲ့ စာတွေကိုရှင်းဖို့ ညာဘက် အပေါ်က ကြက်ခြေခတ်ကိုနှိပ်ပါ။
ပေါ်လာတဲ့ Tap to enter text မှာ ပြန်စာကိုမြန်မာလိုရေးပါက အောက်မှာ ဘာသာပြန်ပေးပါမယ်။
ဘာသာပြန်ပြီးသားစာကို မက်ဆန်ဂျာမှာ ပြန်ထည့်ဖို့ ညာဘက် အောက်ခြေက Copy ကိုနှိပ်ပြီးစာတွေကိုကူးပါ။
ပြီးနောက် မက်ဆန်ဂျာကိုပြန်ဖွင့်ပြီး ကူးယူလာတဲ့ ဘာသာပြန်ပြီးသားစာကို ပြန်စာအကွက်မှာ ထည့်ကား send ခလုပ်ကိုနှိပ်လို့ ပြန်စာ ပို့လိုက်ပါ။
ဒီနည်းရဲ့အားနည်းချက်ကတော့  ဖတ်ချင်တဲ့မက်ဆေ့တွေကို တခုချင်း
စာတွေကို ကော်ပီကူး > Google Translate  app  ဖွင့် > စာတွေကူးချပြီး ဘာသာပြန်ဖတ် >Reverse Translate  လုပ်ပြီးပြန်စာရေး> copy ကူး> မက်ဆန်ဂျာကိုဖွင့် > ပြန်စာပို့ ဆိုတဲ့ အလုပ်ကို မက်ဆေ့တခုချင်းအတွက်လုပ်ရတော့ အလုပ်ရှုပ်ပါတယ်။
အားသာချက်ကတော့ Google Translate  app မှာ Detect Language လုပ်ထားလို့ဘာသာမတူတဲ့ မက်ဆေ့ချ်တွေကို ဘာမှ ထပ်မပြောင်းဘဲ ဘာသာပြန်လို့ရပါတယ်။
၄။ နောက်ဆုံးနည်းကတော့ Google Chrome web browser ကိုသုံးပြီ:  စာတွေကို မြန်မာဘာသာကို အလိုလျှောက်ဘာသာပြန်ပေးဖို့ ဆက်အပ်လုပ်ကာ Facebook နဲ့  messenger ကို Chrome  ထဲမှာ ဖွင့်ဖတ်တဲ့ နည်းပါ။ Android  နဲ့ iOS စက် ၂မျိုးလုံးမှာရပါတယ်။ 
အသေးစက် ကို ထပ်တင်ပေးပါမယ်။
လောလောဆယ် Youtube video  လင့်တင်ထားပါတယ်။
ဒီနည်းရဲ့ အားနည်းချက် က ပြန်စာတွေကို ဘာသာပြန်ပြီးပို့လို့မရပါ။
လာတဲ့စာတွေကိုတော့ ဘာမှ ထပ်လုပ်စရာမလိုပဲ ဘာသာပြန်ပြီးသားကိုဖတ်လို့ရပါတယ်။