တခြားဘာသာနဲ့လာတဲ့ မက်ဆေ့တွေကို ဘာသာပြန်ပြီး ဖတ်ခြင်းနဲ့ မက်ဆေ့ပြန်ခြင်း။
တခြားဘာသာနဲ့လာတဲ့ မက်ဆေ့တွေကို ဘာသာပြန်ပြီး ဖတ်ခြင်း
သုံးတဲ့ မက်ဆန်ဂျာ အပလီကေးရှင်း ပေါ်တည်ပြီး မတူတာတွေရှိပါတယ်။
Wechat နဲ့ Viber တို့မှာ Google Translate ကိုတွဲထားပေးလို့ မက်ဆေ့တွေကိုဖုန်းရဲ့ ဘာသာစကားကိုပြန်ဆိုပေးပါတယ်။ ( Android , iOS) ( လုပ်နည်းတွေကိုဒီ မှာကြည့်ပါ
https://share-knwge.blogspot.com/2019/11/viber-wechat-messaging-app.html)
https://share-knwge.blogspot.com/2019/11/viber-wechat-messaging-app.html)
Facebook Messenger, Whatsapp, Telegram, Skype, Lines စတာတွေမှာတော့ဘာသာပြန်စနစ်နဲ့ချိတ်ဆက်ထားတာမရှိလို့ မက်ဆေ့တွေကို ဘာသာပြန်ချင်လျင် အောက်ပါနည်းတွေနဲ့ ဘာသာပြန်လို့ရပါတယ်။
လေးမျိုးလုပ်လို့ရပါတယ်။ ပထမ နှစ်မျိုးကိုတော့ Android phone တွေမှာပဲသုံးလို့ရပါတယ်။
Google Translate မှာပုံမှန်ဘာသာပြန်နည်းနဲ့ Chrome browser မှာသုံးတဲ့နည်းကိုတော့ iPhone iPad တွေမှာပါသုံးလို့ရပါတယ်။
(၁) Gboard keyboard ရဲ့ ဘာသာပြန် စနစ်ကိုသုံးနည်း။ (Android) ( ဘယ် messaging app နဲ့မဆိုရပါတယ်။)
(၂) Google Translate app မှာပါတဲ့ Tap to Translate ကိုသုံးနည်း။ ( Android) ( ဘယ်messaging app နဲ့မဆိုရပါတယ်။)
(၃) Google Translate ကိုသုံးပြီးဘာသာပြန်နည်း (အလုပ်ရှုပ်)နဲ့ ( Android , iOS)( ဘယ်messaging app နဲ့မဆိုရပါတယ်။)
(၄) Chrome Browser မှာပါတဲ့ ဘာသာပြန်စ်နစ်ကိုသုံးနည်းပါ။ (Android, iOS) ( Facebook Messenger, ပဲရပါတယ်။
(၁) Gboard ကိုသုံးပြီး တခြားဘာသာနဲ့လာတဲ့ မက်ဆေ့တွေကို ဘာသာပြန်ပြီး ဖတ်ခြင်းနဲ့ မက်ဆေ့ပြန်ခြင်း။
Gboard ကိုသုံးနေသူတွေကတော့ တခြားဘာသာနဲ့ရေးထားတဲ့ မက်ဆေ့တွေကို Gboard ရဲ့ ဘာသာပြန် စနစ်ကလေးကိုသုံးပြီး ဘာသာပြန်ဖတ်လို့၊ စာပြန်လို့ရပါတယ်။
Gboard အပေါ်တန်းမှာ ဘာသာပြန် ခလုပ်ကလေး ကိုတင်ထားပါ။
မရှိလျင် အပေါ်က icon bar မှာရှိတဲ့ အစက်သုံးစက်ကိုနှိပ်ပြီး ပုန်းနေတဲ့ ခလုပ်ကလေး ကို အပေါ်က ဘားပေါ်ကိုဆွဲတင်လိုက်ပါ။
မရှိလျင် အပေါ်က icon bar မှာရှိတဲ့ အစက်သုံးစက်ကိုနှိပ်ပြီး ပုန်းနေတဲ့ ခလုပ်ကလေး ကို အပေါ်က ဘားပေါ်ကိုဆွဲတင်လိုက်ပါ။
ကိုဖတ်ချင်တဲ့ ဘာသာခြားစာနဲ့မက်ဆေ့ကို ဖိထားပြီးကော်ပီကူးပါ။
မက်ဆေ့ပြန်တဲ့ အကွက်ကိုဖိထားလျင် Gboard တက်လာပါမယ်။
ဘယ်ဖက်ကဘာသာစကားကို မက်ဆေ့ရဲ့ ဘာသာစကားကိုပြောင်းပါ။
ညာဖက်ကဘာသာစကားကိုကိုယ်ဖတ်ချင်တဲ့ ဘာသာ( မြန်မာ) ထားပါ။
ပြီးလျင် ဘားတန်းအောက်ကစာရိုက်အကွက်မှာ ကူးထားတဲ့ မက်ဆေ့ကို paste လုပ်ပါ။
ဘားတန်းအပေါ်က စာပြန်တဲ့အကွက်မှာ ဘာသာပြန်ပြီးသားမြန်မာစာကိုပြပါတယ်
မက်ဆေ့ကိုပြန်စာရေးပြီးနောက် ဘာသာပြန်ပြီး ပို့လိုလျင်
ကိုယ်က မြန်မာကနေ သူ့ဘာသာကိုပြန်မှာဖြစ်လို့ ဘာသာစကား၂ ခုကြားက swap languages မြှားကိုနှိပ်ပြီး ဘယ်ညာ ဘာသာစကားပြောင်းပါ။
ဘားအောက်ကအကွက်မှာ မြန်မာလိုရေးလျင် အပေါ်က ပြန်စာ အကွက်မှာ သူ့ဘာသာကိုပြန်ပေးပါမယ်.
ပြီးလျင်မက်ဆေ့ပို့တဲ့ မြှားကိုနှိပ်ပြီးပို့လိုက်ပါ။ ပြန်စာက သူ့ဘာသာနဲ့ထွက်သွားပါလိမ့်မယ်။
(၂၊၃) ဒုတိယနဲ့ တတိယနည်းတွေကတော့ Gboard ကီးဘုတ်မသုံးသူတွေအတွက်ပါ။ Google Translate app ကိုသုံးပါတယ်။
(၂) Google Translate app ကိုသုံးပြီး Tap to translate ဖွင့်ကာ အဆင့်နည်းနည်းနဲ့ ဘာသာပြန်နည်း။
ဘယ်ဖက်က Translate from ဆိုတဲ့ ဘာသာစကားကို Detect Language ကိုပြောင်းပါ။
ညာဖက်က Translate to ဆိုတဲ့ ဘာသာစကားကို Myanmar ( Burmese) လို့ပြောင်းပါ။
ဘယ်ဖက်အပေါ်က အစင်းသုံးခုနဲ့ menu ကိုနှိပ်ပြီး ပေါ်လာတဲ့ထဲက Settings ကိုဝင်ပါ။
Settings ထဲက အပေါ်ဆုံးမှာရှိတဲ့ Tap to Translate ဆိုတာကို နှိပ်ပြီး Enable ရဲ့ ညာဘက် ကခလုပ်ကိုဖွင့်ပေးပါ။
အောက်က Preferred languages မှာ Primary Language ကို မြန်မာ ဘာသာ ထားပေးပါ။ ပြီးလျင် app ရဲ့ နောက်ပြန်မြှားနဲ့ပြန်ထွက်ပါ။
Tap to Translate အလုပ်လုပ် ဖို့ Google Translate app ကို ပိတ်လို့မရပါ။ Back ground မှာ အလုပ်လုပ်နေရပါမယ်။ ဖုန်းရဲ့ Back နဲ့ထွက်လျှင် Google Translate app ပိတ်သွားပါမယ်။
ဒါကြောင့် ဖုန်းရဲ့ Home ခလုပ်ကိုနှိပ်ပြီးထွက်ပါ။
မက်ဆေ့ကိုဖတ်ဖို့မက်ဆန်ဂျာ app ကိုဖွင့်ပါ။
ကိုယ်ဘာသာပြန်ဖတ်ချင်တဲ့ မက်ဆေ့ကိုခဏဖိထားပါကအောက်မှာ copy ဆိုတာပေါ်လာပါမယ်။
အဲဒီ copy ကိုနှိပ်ပြီး စားကိုကော်ပီကူးလိုက်ပါ။
စာတွေကိုကော်ပီကူးတာနဲ့ screen ညာဘက်မှာ Translator floating ball ကလေးပေါ်လာပြီးပြပါမယ်။
ကိုယ် ဘာသာပြန်ဖတ်ချင်တဲ့ မက်ဆေ့ကိုကော်ပီကူးတာနဲ့ Tap to Translate ဘာသာပြန်ဘောကလေးပေါ်လာပါမယ်။
အဲဒီဘောကလေးကိုနှိပ်တာနဲ့ ကိုယ်ကော်ပီကူးထားတဲ့ မူရင်းစာကိုပြပြီး သူ့အောက်မှာ ဘာသာပြန်ပြီးသားစာကိုပါပြပါတယ်။
ပြန်စာကိုဘာသာပြန်ချင်လျှင် အဲဒီဘာသာပြန်ဝင်းဒိုးအောက်က "New Translation" ကိုနှိပ်ပါ။
စောစောက စာတွေပျောက်ပြီး ပြန်စာရေးဖို့ မြန်မာဘာသာကို ဘားအပေါ်မှာပြကာ စောစောက ကိုယ်ဘာသာပြန်တဲ့ဘာသာစကားကိုအောက်မှာပြပါတယ်။
ပြန်စာကို အဲဒီ မြန်မာအောက်ကနေရာမှာရေးတာနဲ့ အောက်မှာ ဘာသာပြန်စာကိုပြပြီး ကော်ပီကူးဖို့ ပါပြပါတယ်။
ဘာသာပြန်ပြီးသားစာကိုကူးပြီး ပြန်စာအကွက်မှာထည့်ပြီး send ခလုပ်ကိုနှိပ်ကာပြန်စာ ပို့လိုက်ပါ။
(၃) Google Translate app ကိုသုံးပြီး ပုံမှန်ဘာသာပြန်နည်း။ (Android နဲ့ iOS စက် ၂မျိုးလုံးမှာ သုံးလို့ရပါတယ်။)
ဘယ်ဖက်က Translate from ဆိုတဲ့ ဘာသာစကားကို Detect Language ကိုပြောင်းပါ။
ညာဖက်က Translate to ဆိုတဲ့ ဘာသာစကားကို Myanmar ( Burmese) လို့ပြောင်းပါ။
ဘာသာခြားနဲ့ရေးထားတဲ့ မက်ဆေ့တွေစာတွေကိုကော်ပီကူးယူပါ
Google Translate app ကိုဖွင့်ပါ
ကူးလာတဲ့ မက်ဆေ့ထဲက စာတွေကို "Tap to enter text" ဆိုတဲ့ နေရာမှာ ကူးချပါ။
Google Translate app က စာတွေကို မြန်မာလို့ပြန်ပေးပါတယ်။
ပြန်စာကိုရေးပြီး ဘာသာပြန်ဖို့ ဘာသာပြန်ထားတဲ့စာတွေရဲ့ ညာဖက်အောက်က အစက် သုံးခုကိုနှိပ်ပါ။
ပေါ်လာတဲ့ထဲက " Reverse Translate" ကိုနှိပ်ပါ။
( အိုင်ဖုန်းအိုင်ပက်တွေထဲက Google Translate မှာ " Reverse Translate" ဆိုတာမတွေ့ပါ။ ပြန်စာရေးပြီး ဘာသာပြန်ဖို့ Swap Languages ဆိုတဲ့ ဘာသာစကား ၂ခုကြားက မြှားကိုနှိပ်ပြီးပြောင်းမှရပါမယ်)
အပေါ်မှာပြနေတဲ့ ဘာသာစကား၂ခု ဘယ်ညာပြောင်းသွားပါမယ်။ ဘာသာစကား ၂ခုကြားက မြှားကိုနှိပ်ပြီး Swap Languages လုပ်ပေးတာနဲ့ အတူတူပါပဲ ။
ရှိနေတဲ့ စာတွေကိုရှင်းဖို့ ညာဘက် အပေါ်က ကြက်ခြေခတ်ကိုနှိပ်ပါ။
ပေါ်လာတဲ့ Tap to enter text မှာ ပြန်စာကိုမြန်မာလိုရေးပါက အောက်မှာ ဘာသာပြန်ပေးပါမယ်။
ဘာသာပြန်ပြီးသားစာကို မက်ဆန်ဂျာမှာ ပြန်ထည့်ဖို့ ညာဘက် အောက်ခြေက Copy ကိုနှိပ်ပြီးစာတွေကိုကူးပါ။
ပြီးနောက် မက်ဆန်ဂျာကိုပြန်ဖွင့်ပြီး ကူးယူလာတဲ့ ဘာသာပြန်ပြီးသားစာကို ပြန်စာအကွက်မှာ ထည့်ကား send ခလုပ်ကိုနှိပ်လို့ ပြန်စာ ပို့လိုက်ပါ။
ဒီနည်းရဲ့အားနည်းချက်ကတော့ ဖတ်ချင်တဲ့မက်ဆေ့တွေကို တခုချင်း
စာတွေကို ကော်ပီကူး > Google Translate app ဖွင့် > စာတွေကူးချပြီး ဘာသာပြန်ဖတ် >Reverse Translate လုပ်ပြီးပြန်စာရေး> copy ကူး> မက်ဆန်ဂျာကိုဖွင့် > ပြန်စာပို့ ဆိုတဲ့ အလုပ်ကို မက်ဆေ့တခုချင်းအတွက်လုပ်ရတော့ အလုပ်ရှုပ်ပါတယ်။
အားသာချက်ကတော့ Google Translate app မှာ Detect Language လုပ်ထားလို့ဘာသာမတူတဲ့ မက်ဆေ့ချ်တွေကို ဘာမှ ထပ်မပြောင်းဘဲ ဘာသာပြန်လို့ရပါတယ်။
၄။ နောက်ဆုံးနည်းကတော့ Google Chrome web browser ကိုသုံးပြီ: စာတွေကို မြန်မာဘာသာကို အလိုလျှောက်ဘာသာပြန်ပေးဖို့ ဆက်အပ်လုပ်ကာ Facebook နဲ့ messenger ကို Chrome ထဲမှာ ဖွင့်ဖတ်တဲ့ နည်းပါ။ Android နဲ့ iOS စက် ၂မျိုးလုံးမှာရပါတယ်။
အသေးစက် ကို ထပ်တင်ပေးပါမယ်။လောလောဆယ် Youtube video လင့်တင်ထားပါတယ်။
ဒီနည်းရဲ့ အားနည်းချက် က ပြန်စာတွေကို ဘာသာပြန်ပြီးပို့လို့မရပါ။
လာတဲ့စာတွေကိုတော့ ဘာမှ ထပ်လုပ်စရာမလိုပဲ ဘာသာပြန်ပြီးသားကိုဖတ်လို့ရပါတယ်။
No comments:
Post a Comment