Android phone တွေ မှာ voice typing အလုပ်မလုပ်တဲ့ပြသနာအတွက်အဖြေရှာခြင်း။
ယူနီကုဒ်ကိုပြောင်းသုံးလာသူတွေ စိတ်ဝင်စားပြီး အခက်ကြုံလေ့ရှိတာ တခုကတော့ အသံနဲ့စာရေးတဲ့ Voice typing ပဲဖြစ်ပါတယ်။
voice typing ကိုသုံးမယ်ဆိုလျင် ဘာတွေ လိုအပ်သလဲ
၁။ voice typing ကိုသုံးလို့ရတဲ့ကီးဘုတ်၊
၂။ သုံးမယ့် ကီးဘုတ် ရဲ့ app ထဲမှာ အသံနဲ့စာရေးတဲ့ voice typing ကိုဖွင့်ထားပေးဖို့၊
၃။ ဖုန်းထဲမှာ Google voice typing / voice input အဆင်သင့်ရှိနေဖို့၊
၄။ Google voice typing ထဲမှာ မြန်မာဘာသာစကားကို Primary language ဖြစ်နေရပါမယ်။
၅။ ကိုယ်သုံးမယ့် Keyboard app ကို microphone သုံးခွင့်ပြုဖို့ permission ၊
၆။ မြန်မာဘာသာက Offline voice typing မရသေးလို့ မြန်မာလို voice typing လုပ်လျင် အင်တာနက်ကိုချိတ်ထားရပါမယ်။
၆။ မြန်မာဘာသာက Offline voice typing မရသေးလို့ မြန်မာလို voice typing လုပ်လျင် အင်တာနက်ကိုချိတ်ထားရပါမယ်။
၁။ Voice Typing သုံး၍ရသော အသုံးများတဲ့ မြန်မာယူနီကုဒ်ကီးဘုတ်များ
1. Gboard
2. Bagan Keyboard
3. K Keyboard
4. TT Keybaord
5. Manic Keyboard
6. Swiftkey
ဖေါ်ပြပါကီးဘုတ်တွေထဲမှာ Bagan KB တခုပဲ ကိုယ်ပိုင် Bagan ASR voice typing ပါပေမယ့် သိပ်အဆင်မပြေလှသေးပါဘူး။ ပုဂံကီးဘုတ်အပါအဝင် အဆိုပါပကီးဘုတ်အားလုံးက Google Voice typing ကိုသုံးကြပါတယ်။
ဒါကြောင့် အသံနဲ့စာရေးတဲ့ voice typing ကိုသုံးမယ်ဆိုလျင် Google Voice typing service ဖုန်းထဲမှာ ရှိထားရပါမယ်။
၂။ မိမိရဲ့ကီးဘုတ်မှာ Voice typing ဆိုတာကလေးကို ဖွင့်ထားပေးဖို့လိုအပ်ပါတယ်။
Voice typing ဆိုတာကလေးကို ဖွင့်ထားပေးပုံကတော့ ကီးဘုတ် တခုနဲ့တခုမတူပါဘူး
၁. Gboard မှာ
app setting ထဲက Voice typing ကိုဝင်ပြီး Use voice typing ကိုဖွင့်ပေးရပါမယ်။ Gboard ကိုစသွင်းကတည်းက အော်တို ဖွင့်ထားပေးပါတယ်။
၂, Bagan Keybaord မှာတော့
Options ထဲကိုဝင်ပြီး Select voice keyboard ကိုနှိပ်ကာ Google Voice Keyboard ကိုရွေးပေးပါ။
၃. K Keybaord
K Keybaord ရဲ့ Design ကိုနှိပ်ကာ ပေါ်လာတဲ့ထဲက Voice ကိုဝင်ပြီး Google Voice Typing ကို ဖွင့်ပေးပါ။
၄. TT Keyboard မှာ Preferences ကိုဖွင့်လိုက်လျင် အောက်မှာ Voice input key ဆိုတာရှိပါတယ်။ ကီးဘုတ်မှာ မိုက် ပုံကလေးပေါ်ဖို့အဲဒါကလေးကိုဖွင့်ရပါမယ်။

၃။ Google voice typing / voice input ရှိမရှိ စစ်ဆေးရန်
Phone ရဲ့ Settings (သို့မဟုတ်) သူ့ထဲက Additional settings ထဲမှာ Language & Input ကိုဝင်ပါ။ အဲဒီထဲက Keyboards & Input Methods အောက်မှာ သုံးလို့ရတဲ့ကီးဘုတ်တွေ အများကြီး တန်းစီထားပါတယ်။
အဲဒီကီးဘုတ် စာရင်းထဲမှာ Google Voice typing ဆိုတာ ရှိရပါမယ်။ မရှိလျင် ထည့်ပေးရပါမယ်။
ဖုန်းထဲမှာ Play Store ရှိလျင် Play Store ထဲမှာ Google လို့ရိုက်ရှာပြီး ပေါ်လာတဲ့ Google app ကို install လုပ်ပေးပါ။
ဖုန်းထဲမှာ Play Store မရှိလျင် တော့ Gapp installer နဲ့ ထည့်လို့ရပါတယ်။ Gapp installer နဲ့ပတ်သက်တာတွေကို ဒီလင့်မှာကြည့်လို့ရပါတယ်။ https://www.facebook.com/groups/myanmarxiaomifans/permalink/2613453038688746/
Google voice typing (သို့) Voice Input ဆိုတာကလေးကိုတွေ့ရမှာဖြစ်ပြီး အသံနဲ့စာရိုက်လို့ရသွားမှာဖြစ်ပါတယ်။
Gboard , Bagan Keybaord, Kkeyboard, , Manic keyboard တွေရဲ့ voice typing က Google app ကို install လုပ်လိုက်တာနဲ့ ရပေမယ့် တချို့ကီးဘုတ်တွေ ဥပမာ TT keyboard ကတော့ Setting language> inputs > keyboards and input methods ထဲမှာ Google Voice typing ဆိုတဲ့voice typing keyboard ကလေးမပေါ်မချင်းအလုပ်မလုပ်ပါ။ ပြသနာက အဲဒီ Google Voice typing ကလေးကို ဖွင့်ပေးဖို့ က setting ထဲမှာမ မြင်ရပါ။ အဲဒီပြသနာကိုဖြေရှင်းဖို့ နည်းနည်းကြံဖန်ရပါတယ်။
Google app ကို install လုပ်ပြီးနောက် Google voice Typing ကို ဘယ်လို enable လုပ်မလဲ?
ကီးဘုတ် အသစ်တခု install လုပ်ပြီး သူ့ရဲ့ app ဖွင့်လိုက်ပါ။ ကီးဘုတ် app ကိုဖွင့်တာနဲ့ အဲဒီကီးဘုတ်ကို enable လုပ်ပါဆိုပြီး ပုံမှန်အားဖြင့်မမြင်ရတဲ့ " enable keyboard " option ကိုပြပါတယ်၊ အဲဒီ ကီးဘုတ် စာရင်းထဲမှာ Google Voice typing ကို enable လုပ်မထားတာကိုတွေ့ရမှာပါ သူ့ကိုenable လုပ်ပေးပါ၊။အဲဒါဆို Setting language> inputs > keyboards and input methods ထဲမှာ Google Voice typing ကိုတွေ့ရပါမယ်။
ပြီးတော့မှ TT keyboard, manic keyboard app တွေ ကိုဖွင့်လျင်တော့ Voice input key အလုပ်တာကိုတွေ့ရမှာပါ။
ကီးဘုတ်တွင်လည်း microphone ကိုတွေ့ရပါမယ်။
TT Keyboard
Google Voice Typing မရှိ၍ TT ကီးဘုတ်၏ Voice input key အလုပ်မလုပ်ပါ။ ကီးဘုတ်တွင်လည်း microphone မပြပါ။
Google Voice Typing မရှိ၍ TT ကီးဘုတ်၏ Voice input key အလုပ်မလုပ်ပါ။ ကီးဘုတ်တွင်လည်း microphone မပြပါ။
၄. Google Voice typing မှာ မြန်မာဘာသာကိုထည့်ရန်
Setting language> inputs > keyboards and input methods ထဲမှာ Google Voice typing ကိုနှိပ်ပြီးဖြစ်စေ။ ကီးဘုတ်က voive typing ကိုဖွင့်လိုက်လို့ပေါ်လာတဲ့ Google Voice typing ရဲ့ ပင်နယံပုံ ဆက်တင်ကိုဖြစ်စေသွားပြီး Language မှာ မြန်မာကိုပဲထားပြီး ကျန်တဲ့ ဘာသာတွေကိုဖြုတ်ပါ။
ပြီးလျင် save လုပ်ပါ။
Gboard မှာတော့ voice typing ကို ဘာသာတခုမကသုံးလို့ရပါတယ်။ ကီးဘုတ်က စာတွေက မြန်မာဆို အသံနဲ့ပြောလျင် မြန်မာလိုရေးပေးပြီး ကီးဘုတ် စာလုံးတွေသုံးတဲ့ ဘာသာအတိုင်း အသံကို စာရိုက်ပေးတာဖြစ်လို့ Langauge ထဲမှာ မြန်မာဘာသာပါနေသ၍ Primary ပဲဖြစ်ဖြစ် Other langauge ပဲဖြစ်ဖြစ် ပြသနာမရှိပါ။
တခြားကီးဘုတ်တွေမှာ voice typing သုံးလျင် primary language မြန်မာဖြစ်မှ မြန်မာလိုရေးပေးပါတယ်။ တခြားဘာသာကို ထပ်ဖြည့်လျင်တောင် primary language မြန်မာ ကနေမပြောင်းပါနဲ့ ။
ဒီလောက်ဆို Unicode keyboard မှာ voice typing မရတဲ့ပြသနာကိုရှင်းလို့ရပြီလို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်ပါတယ်။
ဖိုးသုည
16-10-19
ပြီးလျင် save လုပ်ပါ။
Gboard မှာတော့ voice typing ကို ဘာသာတခုမကသုံးလို့ရပါတယ်။ ကီးဘုတ်က စာတွေက မြန်မာဆို အသံနဲ့ပြောလျင် မြန်မာလိုရေးပေးပြီး ကီးဘုတ် စာလုံးတွေသုံးတဲ့ ဘာသာအတိုင်း အသံကို စာရိုက်ပေးတာဖြစ်လို့ Langauge ထဲမှာ မြန်မာဘာသာပါနေသ၍ Primary ပဲဖြစ်ဖြစ် Other langauge ပဲဖြစ်ဖြစ် ပြသနာမရှိပါ။
တခြားကီးဘုတ်တွေမှာ voice typing သုံးလျင် primary language မြန်မာဖြစ်မှ မြန်မာလိုရေးပေးပါတယ်။ တခြားဘာသာကို ထပ်ဖြည့်လျင်တောင် primary language မြန်မာ ကနေမပြောင်းပါနဲ့ ။
၅. ကိုယ်သုံးမယ့် Keyboard app ကို microphone သုံးခွင့်ပြုဖို့ permission ပေးထားရန်၊
အများအားဖြင့်ဒီလို permission ကို app install လုပ်စဉ်ကတည်းကတောင်းတတ်ပါတယ်။ အဲဒီတုန်းကမပေးခဲ့မလျင်လည်း Voice ကိုဖွင်တဲ့အချိန်မှာတောင်းတတ်ပါတယ်။ ဖွင့်ပေးလိုက်ပါ။
အကယ်၍ ဖုန်းထဲမှာ Google Voice typing ရှိထားပြီးပါလျက် Voice typing မရလျင်
(1) Internet connection ရှိ မရှိစစ်ပါ။ Online ဖြစ်မှ မြန်မာဘာသာ voice typing ရပါတယ်။
(2) Microphone ကို သုံးဖို့ permission ပေးထား မထား စစ်ပါ၊ ဖုန်း အမျိုးအစားအလိုက် Permission ကို ကြည့်လို့ရတဲ့နည်း ကွဲနိုင်ပါတယ်။ အများစုကိုတော့ Setting > app ( installed app/ app manager) ထဲမှာ ကိုယ်စစ်ချင်တဲ့ ကီးဘုတ် app ကိုဖွင့်ပြီးကြည့်နိုင်ပါတယ်။

No comments:
Post a Comment