Facebook မှာ (2FA) 2 Factor Authentication ခေါ် နှစ်ဆင့်ခံလုံခြုံရေးလုပ်နည်း။
Facebook မှာ
Password အပြင် လုံခြုံရေးကုဒ်နံပတ်ကိုထည့်ပေးရတဲ့
နှစ်ဆင့်ခံလုံခြုံရေး အတွက် မိမိအကောင့်နဲ့ ချိတ်ဆက်ထားတဲ့ ကုဒ်နံပတ်ရအောင်လုပ်နည်းလေးမျိုးရှိပါတယ်။
ကုဒ်နံပတ်ရအောင်လုပ်နည်းလေးမျိုး
၁.
Authenticator app လိုတခြား
app ထုတ်လုပ်သူတွေရဲ့ app ( 3rd party app လို့ခေါ်ပါတယ်)ထဲမှာမိမိရဲ့ Facebook
account ကိုချိတ်ဆက်ပေးပြီး မိမိအကောင့်ကို log
in ဝင်တဲ့အခါတောင်းတဲ့ လုံခြုံရေးကုဒ်နံပတ်ကိုထုတ်ပေးတဲ့နည်း ။
Google Authenticator
https://play.google.com/store/apps/details?id=com.google.android.apps.authenticator2&hl=en
Microsoft
Authenticator https://play.google.com/store/apps/dev?id=6720847872553662727&hl=en
နဲ့ အခြားအလားတူ app တွေကိုသုံးနိုင်ပါတယ်။
၂. မိမိရဲ့
ဖေ့ဘုတ် အကောင့်ဖွင့်ထားတဲ့ ဖုန်း နံပတ် သို့မဟုတ် မိမိယုံကြည်စိတ်ချရတဲ့ တခြားဖုန်း
နံပတ်တခုကို ထဲမှာမိမိရဲ့ Facebook account ကိုချိတ်ဆက်ပေးပြီး မိမိအကောင့်ကို log in ဝင်တဲ့အခါတောင်းတဲ့ လုံခြုံရေးကုဒ်နံပတ်ကို
မက်ဆေ့ပို့ပေးစေနဲ့နည်း။
၃. နောင်တချိန်လိုအပ်လာလျင်သုံးဖို့
လုံခြုံရေးကုဒ်ကို မိမိရဲ့ Facebook account ထဲမှာ ကြိုတင်ထုတ်ပေးစေပြီး စိတ်ချရနဲ့နေရာမှာ
သိမ်းဆည်းထားကာ လိုအပ်တဲ့အချိန်မှာ ထုတ်သုံးနည်း။
၄. မိမိလက်ရှိသုံးနေတဲ့ ဖေ့ဘုတ် အကောင့်ထဲက
Code generator ကနေ လုံခြုံရေးကုဒ်ကိုထုတ်ပေးစေတဲ့နည်းတွေပဲဖြစ်ပါတယ်။
ဒီလိုကုဒ်ဖြည့်ပေးတဲ့နည်းသာမက
မိမိ အကောင့်ဝင်ထားတဲ့ ဖုန်းမှာ နိုတီတက်လာပြီး ဘယ်အချိန်က ဘယ်နေရာ ဘာစက်အမျိုးအစားနဲ့ သင့်အကောင့်ကိုဝင်ဖို့ကြိုးစားနေပါတယ်။
အဲဒါကို အတည်ပြုပေးမလားလို့မေးတာလည်းရှိပါတယ်။ ကိုယ်က စိစစ်ကြည့်လို့ ကိုယ် သို့မဟုတ်
ကိုယ့်ကိုယ်စားဝင်ထားတာဖြစ်လျင် အတည်ပြုပေးလိုက်တာနဲ့ကုဒ်တောင်းနေတဲ့
ပေ့ခ်ျ ပျောက်သွားပြီး အကောင့်ကိုဝင်လို့ရသွားစေပါတယ်။
ဒီလို လုံခြုံရေး စနစ်ကိုသုံးဖို့ ပထမဆုံး မိမိရဲ့
ဖေ့စ်ဘုတ် အကောင့်လုံခြုံရေးစနစ်မှာ (2FA) 2 Factor Authentication ခေါ် နှစ်ဆင့်ခံလုံခြုံရေး ကိုဖွင့်ပေးရပါတယ်။
Two Factor Authentication ခေါ် နှစ်ဆင့်ခံလုံခြုံရေး ကိုဖွင့်ပေးရန်
၁. မိမိရဲ့ဖေ့စ်ဘုတ် စာမျက်နှာ ရဲ့ ညာဘက် အပေါ်က အစင်းသုံးချောင်းနဲ့ Menu ကိုဖွင့်ပါ။
၂၊ Settings
and Privacy ကိုနှိပ်ပြီး Settings ကိုသွားပါ။
၃. Settings
ထဲက Security ခေါင်းစဉ်အောက်မှာ Security and login ကိုဝင်ပါ။
၄.
Security and login ထဲမှာ two–factor authentication ဆိုတာရှိပါတယ်။ အဲဒီက use
two –factor authentication ထဲကိုဝင်လိုက်ပါ။
ပြီးလျင်တော့
အထက်မှာဖေါ်ပြထားသလို ကုဒ်တွေကို ရဖို့ ကုဒ်ထုတ် app (သို့) ဖုန်းနံပတ် ကို မိမိရဲ့ ဖေ့စ်ဘုတ် အကောင့်နဲ့ ချိတ်ဆက်ပေးရမှာပါ။
သူက (၁) Authentication app ( ကုဒ်ထုတ်ပေးတဲ့ app တခုခုသုံးမှာလား), (၂)Text Message ( မိမိ အကောင့်ဖွင့်ထားတဲ့ ဖုန်းဆီကို ကုဒ်နံပတ် မက်ဆေ့ချ် ပို့ခိုင်းမှာလား , Change phone number ( မိမိရဲ့ တခြားဖုန်းတလုံးထဲကို ကုဒ်ကို မက်ဆေ့အနေနဲ့ပို့ခိုင်းမှာလား ) လို့ရွေးခိုင်းပါတယ်။
(၁) Authentication app ( ကုဒ်ထုတ်ပေးတဲ့ app တခုခုသုံးနည်း) နဲ့ချိတ်နည်း။
Play store ထဲက ကိုယ်သုံးချင်တဲ့ Authenticator app တခုခုကို ယူပြီး install လုပ်ပါ။ အရင်က Google account, Microsoft account တို့အတွက်သုံးထားတဲ့ app တခုခုရှိနေပြီးသားဆိုလည်း အဲဒီ app ထဲမှာ ကိုယ့် Facebook account ထည့်ပေးရုံပါပဲ။
ကောင်းတာကတော့ ဖေ့ဘုတ်မှာ 2FA မဖွင့်ခင် Authenticator app တခုခုကိုကြိုထည့်ထားလျင် အလုပ်ကိုတဆက်တည်းလုပ်သွားလို့ရပါတယ်။
Authenticator app ဖုန်းထဲမှာရှိပြီးပြီဆိုလျင်တော့ စောစောက လုပ်လက်စ "Choose a security method မှာ အပေါ်ဆုံးက Authenticator app ဆိုတာကလေးရဲ့ဘေးက ခလုပ်ကိုရွေးပေးပြီး အောက်က Continue ကို နှိပ်ပါ။
Setup via third party Authenticator ဆိုတဲ့ စာမျက်နှာမှာ ရွေးစရာသုံးခုပေးပါတယ်။
(က) Setup on same device ဆိုတာကတော့ Authenticator app က ကိုယ်အခု setup လုပ်နေတဲ့ FB ရှိတဲ့ ဖုန်းထဲမှာ ရှိနေလျင်ရွေးပေးဖို့ပါ။ အဲလိုရွေးပေးတဲ့ အခါ Authenticator app က အလိုလိုတက်လာပြီး
ကိုယ့် Facebook အကောင့်နာမည်နဲ့ save key for (ကိုယ့်အကောင့်နာမည်) လို့မေးပါတယ်။ ဆိုလိုတာက အခုနက Facebook ကို Authenticator app မှာထည့်ဖို့ Facebook ကကုဒ်တခုထုတ်ပါတယ်။ အဲဒီကုဒ်ကို Authenticator app မှာသိမ်းဖို့မေးတာပါ၊ အဲဒီမှာ OK လို့ရွေးပေးမှ Authenticator app ထဲမှာ ကိုယ့် Facebook အကောင့်ကိုထည့်ပြီးချိတ်ဆက်ပေးမှာပါ။
(ခ) အကယ်၍ Authenticator app ကတခြားဖုန်းတလုံးထဲမှာရှိနေတာဆိုလျင်တော့ ဒုတိယနေရာက QR code သို့မဟုတ် တတိယနေရာက ကုဒ်တွေကိုသုံးရပါမယ်။
Authenticator app ရှိတဲ့ဖုန်းထဲက Authenticator appကိုဖွင့်ပါ။ Authenticator appထဲမှာ ဘာအကောင့်မှ မရှိသေးလျင်တော့ Begin ကိုနှိပ်ပါ။ Authenticator app ထဲမှာ တခြားအကောင့်တွေရှိပြီးသားဆိုလျင်တော့ ညာဘက်အောက်ထောင့်က အပေါင်းလက္ခဏာကိုနှိပ်ကာ add account လုပ်ရပါမယ်။ အဲဒီမှာ စာ ၂ တန်းပေါ်လာပါတယ်။. 'Scan a barcode' နဲ့ ' Enter a provided key' တို့ပါ။
Scan a barcode ကိုနှိပ်လျင်တော့ ကင်မရာကိုသုံးဖို့ ပါမစ်ရှင်တောင်းပါတယ်။ allow လုပ်ပေးပြီးလျင်တော့ scanner အကွက်ကလေးပေါ်လာပါတယ်။ စောစောက setup လုပ်နေတဲ့ FB ကပြထားတဲ့ ဒုတိယနေရာက QR code ကို barcode scanner အကွက်ထဲဝင်အောင်ချိန်ပေးလိုက်ပါ။
Enter a provided key ကိုနှိပ်လျင်တော့ စောစောက setup မှာ တတိယနေရာက "Or enter this code into your authentication app" ဆိုတဲ့ အောက်ကကုဒ်တွေကို ဖြည့်ပေးပြီးကိုယ့်အကောင့်အမည်ဖြည့်ပါ ဥပမာ Facebook ( Phoethunya) ဆိုပါစို့ (ဒီနာမည်က ကိုယ်က Authenticator app မှာ အကောင့်တခုမကထည့်ထားလျင် ဘယ်ကုဒ်ကဘယ်အကောင့်အတွက်ဆိုတာခွဲခွဲခြားခြားသိဖို့ပါ)။ ပြီးလျင် Add ကိုနှိပ်ပါ။
အဲလိုမိမိရဲ့ဖေ့စ်ဘုတ်အကောင့်ကို Authenticator app မှာ ထည့်ပြီးပါပြီ။
အဲဒီအခါ သူက ကိုယ်ဖြည့်ထားတဲ့ အကောင့်နာမယ်နဲ့ ကုဒ်နံပတ်တွေကို ဆက်တိုက်ထုတ်ပေးနေပြီး ဘေးမှာ ကုဒ်ရဲ့ သက်တန်းကိုစက်ဝိုင်းကလေးနဲ့ပြနေပါတယ်။ ကုဒ်သက်တန်းကုန်ကာနီးလျင် နောက်တခုကိုစောင့်ပါ။ မဟုတ်လျင် ကိုယ်ကလည်းကုဒ်ထည့်ပြီးရော သူ့သက်တန်းလည်းကုန်တော့ နောက်တခုထပ်တောင်းရောဖြစ်မှာစိုးလို့ပါ။ ဒီ appတွေကိုသုံးဖို့ ဖုန်းက Online ဖြစ်နေရပါမယ်၊
Authenticator app မှာ ကိုယ့်ရဲ့ Facebook အကောင့်ကိုထည့်ပြီးပေမယ့် ကိုယ့် Facebook ကိုကိုယ်သုံးတဲ့ Authenticator app ကိုပြန်စိစစ်ဖို့လိုပါသေးတယ်။
ဒါကြောင့် သက်တမ်များများးရှိတဲ့ ကုဒ်ကိုမှတ်ထား (သို့) ကော်ပီကူးပါ ( ကုဒ်ကိုဖိထားလျင် အလိုလိုကော်ပီကူးပါတယ်)။ ပြီးလျင် Facebook ရဲ့ Setup via third party Authenticator ဆိုတဲ့ စာမျက်နှာအောက်က Next ကိုနှိပ်ပါ။ အဲဒီမှာ ကုဒ်ဖြည့်ဖို့ တောင်းပါတယ်။ စောစောက Authenticator app ကပေးလို့ကူးထားတဲ့ ကုဒ်ကိုဖြည့်ပေးပြီး Next ကိုနှိပ်ပါ။ သူက Facebook account ရဲ့ Password ကိုတောင်းပါတယ်၊ ဖြည့်ပေးပါ။ ဒါဆိုလျင်တော့ Authenticator app ကိုလည်းဖေ့စ်ဘုတ်က အသိအမှတ်ပြုသွားပြီဖြစ်ပါတယ်။
နောင်ကို ဒီဖေ့စ်ဘုတ်အကောင့်ကိုသုံးနေကျမဟုတ်တဲ့ စက် (သို့) Browser မှာဝင်တိုင်း password မှန်ကန်စွာဖြည့်ပြီးတဲ့ အခါ ကုဒ်နံပတ်တောင်းပါတော့မယ်။
အဲဒီအခါ အခုအကောင့်နဲ့ ချိန်ထားတဲ့ Authenticator app က ဒီအကောင့်အတွက်ပေးတဲ့ကုဒ်ကိုသက်တန်းမကုန်မီဖြည့်ပါ။
အကယ်၍ ကိုယ် Authenticator app ထည့်ထားတဲ့ဖုန်း ပျောက်သွားလို့၊ ပျက်သွားလို့ ပြင်လိုက်တာ app ပြန်မရတော့လို့ ကုဒ်ကိုထုတ်လို့မရတော့ဘူးဆိုလျင် Back up အနေနဲ့ ကုဒ်ရနိုင်တဲ့တခြားနည်းလမ်းတွေကိုထပ်ဖြည့်ထားတာကောင်းပါတယ်။
Two-factor authentication ခေါင်းစဉ်အောက်က Add a backup အောက်မှာ Text message ကိုနှိပ်ပါ။ Choose mobile number ဆိုတာပေါ်လာပြီး "Your phones " နဲ့ "add a New Phone Number " ဆိုပြီး ၂ ခုပေါ်လာပါမယ်။
Your phones ရဲ့အောက်မှာတော့ မိမိ ရဲ့ ဖေ့စ် ဘုတ် အကောင်နဲ့ချိတ်ထားတဲ့ဖုန်းနံပတ်တွေကိုပြနေမှာဖြစ်ပါတယ်။ ကိုယ်က 2 FA code ကိုအဲဒီဖုန်းထဲကိုလာစေချင်လျင်တော့ အဲဒီ နံပတ်ကိုနှိပ်လိုက်ပါ။
"add a New Phone Number "
အကယ်၍ မိမိရဲ့ဖေ့စ်ဘုတ် အကောင့်မှာ ဖုန်းနံပတ်ထည့်မထားရသေးလျင် (သို့) မိမိသုံးနေတဲ့စိတ်ချရသောတခြားဖုန်းနံပတ်တခုဆီကို 2 FA code ကိုပို့စေချင်လျင်တော့ "add a New Phone Number " ကိုနှိပ်ပြီးကုဒ်ကိုလက်ခံချင်တဲ့ဖုန်းနံပတ်ကိုဖြည့်ပေးပါ။ " Confirm " ကိုနှိပ်ပါ။
အဲဒီအခါ ကုဒ်ကို sms နဲ့ နံပတ်ပေးလိုက်တဲ့ဖုန်းဆီကို ပို့ပါတယ်၊ အဲဒီကုဒ်ကို "Enter code" အောက်မှာပေးထားတဲ့ အကွက်မှာဖြည့်ပါ။ "Next" ကိုနှိပ်ပါ။ သူက Facebook account ရဲ့ password ကိုတခါဖြည့်ခိုင်းပြီးမှ တည်ပြုပါတယ်။ " Finish " ကိုနှိပ်ပါ။
ဒါဆိုလျင် 2FA ကုဒ်ကို sms နဲ့ပို့စေဖို့ ဖုန်းနံပတ်တခုကိုမှတ်ပုံတင်လို့ပြီးပါပြီ။
ဒါဆို လျင်တော့ မိမိရဲ့ facebook account ကိုသုံးနေကျ ပစ္စည်း (သို့) Browser မဟုတ်တဲ့နေရာမှာဝင်ခဲ့သော် Password ဖြည့်ပြီး တာနဲ့ ထပ်တောင်းတဲ့ကုဒ်ကို (1) Authentication app (2) sms နဲ့ဖုန်ုကိုပို့စေဖို့ (3) အဆင်သင့်သုံးကုဒ်တွေကိုကြိုထုတ်ထားဖို့ နည်းတွေကိုသိကြပြီထင်ပါတယ်။
Two-factor authentication ကို သုံးနေတဲ့ မိမိရဲ့ Facebook account ကိုသုံးနေကျ ပစ္စည်း (သို့) Browser မဟုတ်တဲ့နေရာမှာဝင်ခဲ့သော် တောင်းလာတဲ့ကုဒ်ကို မိမိ အကောင့်ဝင်ထားတဲ့ ဖုန်း (သို့) ကွန်ပြူတာ ထဲက Facebook ရဲ ့ Settings and Privacy Code Generator ကနေလည်းထုတ်ပေးလို့ရပါတယ်။ ပေးတဲ့ကုဒ်ကို လက်မခံလျင် Code Generator အဲဒီ Code Generator အောက်ခြေက My code doesn't work ကိုရွေးပေးပါ။ "reset" လို့ပြလာပါလိမ့်မယ်။ reset လုပ်ပြီး ထွက်လာတဲ့ ကုဒ်ကို ထပ်စမ်းကြည့်ပါ။
ဒီလို 2 FA လုပ်တဲ့ အခါ ကုဒ်ရနိုင်တဲ့ နည်း ဘယ်နည်းကိုရွေးရွေးရပါတယ်။ ကောင်းတာကတော့ ရနိုင်တဲ့နည်းအားလုံးကို ဖွင့်ထားဖို့ပါ။ ဒါမှ အခန့်မသင့်လို့ Authentication app သုံးမရတာတို့ SMS ကလက်ခံတဲ့ SIM ပျောက်သွားပြီး အစားထိုးကဒ်မလျှောက်ရသေးတာတို့၊ ဖြစ်ခဲ့လျင်တောင် မိမိအကောင့်ကို အချိန်မရွေး နေရာမရွေးမှာ ဝင်နိုင်မှာပါ။
ဖိုးသုည
13/1019
(၂)Text Message ( မိမိ အကောင့်ဖွင့်ထားတဲ့ ဖုန်းဆီကို ကုဒ်နံပတ် မက်ဆေ့ချ် ပို့ခိုင်းစေသောနည်း
ဒီနည်းကတော့ မိမိရဲ့ Facebook အကောင့်ဖွင့်ထားတဲ့ ( အကောင့်မှာထည့်ထားတဲ့) ဖုန်းနံပတ် သို့မဟုတ် မိမိသုံးနေတဲ့စိတ်ချရသောတခြားဖုန်းနံပတ်တခုကို ဒီစနစ်မှာ မှတ်ပုံတင်ထားပြီး 2FA ကုဒ်ကို အဲဒီဖုန်းကို sms နဲ့ပို့စေတဲ့နည်းပါ။Two-factor authentication ခေါင်းစဉ်အောက်က Add a backup အောက်မှာ Text message ကိုနှိပ်ပါ။ Choose mobile number ဆိုတာပေါ်လာပြီး "Your phones " နဲ့ "add a New Phone Number " ဆိုပြီး ၂ ခုပေါ်လာပါမယ်။
Your phones ရဲ့အောက်မှာတော့ မိမိ ရဲ့ ဖေ့စ် ဘုတ် အကောင်နဲ့ချိတ်ထားတဲ့ဖုန်းနံပတ်တွေကိုပြနေမှာဖြစ်ပါတယ်။ ကိုယ်က 2 FA code ကိုအဲဒီဖုန်းထဲကိုလာစေချင်လျင်တော့ အဲဒီ နံပတ်ကိုနှိပ်လိုက်ပါ။
"add a New Phone Number "
အကယ်၍ မိမိရဲ့ဖေ့စ်ဘုတ် အကောင့်မှာ ဖုန်းနံပတ်ထည့်မထားရသေးလျင် (သို့) မိမိသုံးနေတဲ့စိတ်ချရသောတခြားဖုန်းနံပတ်တခုဆီကို 2 FA code ကိုပို့စေချင်လျင်တော့ "add a New Phone Number " ကိုနှိပ်ပြီးကုဒ်ကိုလက်ခံချင်တဲ့ဖုန်းနံပတ်ကိုဖြည့်ပေးပါ။ " Confirm " ကိုနှိပ်ပါ။
အဲဒီအခါ ကုဒ်ကို sms နဲ့ နံပတ်ပေးလိုက်တဲ့ဖုန်းဆီကို ပို့ပါတယ်၊ အဲဒီကုဒ်ကို "Enter code" အောက်မှာပေးထားတဲ့ အကွက်မှာဖြည့်ပါ။ "Next" ကိုနှိပ်ပါ။ သူက Facebook account ရဲ့ password ကိုတခါဖြည့်ခိုင်းပြီးမှ တည်ပြုပါတယ်။ " Finish " ကိုနှိပ်ပါ။
ဒါဆိုလျင် 2FA ကုဒ်ကို sms နဲ့ပို့စေဖို့ ဖုန်းနံပတ်တခုကိုမှတ်ပုံတင်လို့ပြီးပါပြီ။
Recovery codes
အကယ်၍ အကြောင်းကြောင်းကြောင့် အထက်ပါနည်း ၂ခုလုံးနဲ့ ကုဒ်ကိုလက်ခံဖို့မဖြစ်နိုင်တဲ့အခါမှာသုံးဖို့ ကုဒ်တွေကိုကြိုတင်ထုတ်ထားပြီး ရေးမှတ်ကာ လုံခြုံစိတ်ချရတဲ့နေရာမှာ သိမ်းထားလို့ရပါတယ်။
Two-factor authentication ခေါင်းစဉ်အောက်က Add a backup အောက်မှာ Recovery codes ကိုနှိပ်ပါ။ Get Codes ကိုနှိပ်ပေးပါ။ အဆင်သင့်သုံးလိုရတဲ့ကုဒ် ၁၀ ခုကိုပြပေးပါတယ်။ သေသေချာချာလုံလုံခြုံခြုံသိမ်းထားဖို့တော့လိုပါတယ်။ ဒါဆို လျင်တော့ မိမိရဲ့ facebook account ကိုသုံးနေကျ ပစ္စည်း (သို့) Browser မဟုတ်တဲ့နေရာမှာဝင်ခဲ့သော် Password ဖြည့်ပြီး တာနဲ့ ထပ်တောင်းတဲ့ကုဒ်ကို (1) Authentication app (2) sms နဲ့ဖုန်ုကိုပို့စေဖို့ (3) အဆင်သင့်သုံးကုဒ်တွေကိုကြိုထုတ်ထားဖို့ နည်းတွေကိုသိကြပြီထင်ပါတယ်။
Facebook အကောင့်ထဲမှာ ပါတဲ့ Code Generator
Two-factor authentication ကို သုံးနေတဲ့ မိမိရဲ့ Facebook account ကိုသုံးနေကျ ပစ္စည်း (သို့) Browser မဟုတ်တဲ့နေရာမှာဝင်ခဲ့သော် တောင်းလာတဲ့ကုဒ်ကို မိမိ အကောင့်ဝင်ထားတဲ့ ဖုန်း (သို့) ကွန်ပြူတာ ထဲက Facebook ရဲ ့ Settings and Privacy Code Generator ကနေလည်းထုတ်ပေးလို့ရပါတယ်။ ပေးတဲ့ကုဒ်ကို လက်မခံလျင် Code Generator အဲဒီ Code Generator အောက်ခြေက My code doesn't work ကိုရွေးပေးပါ။ "reset" လို့ပြလာပါလိမ့်မယ်။ reset လုပ်ပြီး ထွက်လာတဲ့ ကုဒ်ကို ထပ်စမ်းကြည့်ပါ။ မိမိအကောင့် ဝင်ထားတဲ့ Facebook ကနေ မိမိအကောင့်ဝင်တာကို အသိအမှတ်ပြုပြီး လက်ခံပေးခြင်း ။
Two-factor authentication ကို သုံးနေတဲ့ မိမိရဲ့ Facebook account ကိုသုံးနေကျ ပစ္စည်း (သို့) Browser မဟုတ်တဲ့နေရာမှာဝင်ခဲ့သော် တောင်းလာတဲ့ကုဒ်ကို မိမိ အကောင့်ဝင်ထားတဲ့ ဖုန်း (သို့) ကွန်ပြူတာ ထဲက Facebook app က Notification တက်လာပြီး ဘယ်နေ့ဘယ်အချိန်မှာ ဘယ်နေရာကနေ ဘယ်ပစ္စည်းမျိုးနဲ့ အကောင့်ကိုဝင်ဖို့ကြိုးစားနေတယ်။ အဲဒါကို လက်ခံမလား ငြင်းပယ်မလားလို့မေးပါတယ်။ ကိုယ်က မသိဘဲကိုယ့်အကောင့်ကိုဝင်ဖို့ကြိုးစားနေတာဆိုလျင်နေတော့ ငြင်းပယ် လိုက်ပြီးစိတ်ချရအောင် account password ကိုပါပြောင်းလိုက်ပါ၊ အဲဒီ အကောင့်ဝင်ဖို့ကြိုးစားနေတာ မိမိကိုယ်တိုင်ဖြစ်နေလျင်တော့ လက်ခံပေးလိုက်ပါ။ စောစောက တန်းလန်းဖြစ်နေတဲ့ ကုဒ်တောင်းနေတဲ့ စာမျက်နှာ ပျောက်ပြီး အကောင့်ထဲကိုတခါတည်းသွင်းပေးပါတယ်။ နောင်မှာ အဲဒီ ဖုန်း/ PC/ browser မှာ ဒီအကောင့်ပြန်ဝင်တဲ့ အခါ ကုဒ်ထပ်မတောင်းစေချင်လျင်တော့ "save browser " ဆိုတာကိုပြ တခါတည်းခြစ်ပေးလိုက်ပါ။ အများသုံးကွန်ပြူတာမှာ ဝင်တာဆိုလျင်တော့ "save browser "ကိုလုံးဝ ( လုံးဝ) မလုပ်ပါနဲ့ ။ဒီလို 2 FA လုပ်တဲ့ အခါ ကုဒ်ရနိုင်တဲ့ နည်း ဘယ်နည်းကိုရွေးရွေးရပါတယ်။ ကောင်းတာကတော့ ရနိုင်တဲ့နည်းအားလုံးကို ဖွင့်ထားဖို့ပါ။ ဒါမှ အခန့်မသင့်လို့ Authentication app သုံးမရတာတို့ SMS ကလက်ခံတဲ့ SIM ပျောက်သွားပြီး အစားထိုးကဒ်မလျှောက်ရသေးတာတို့၊ ဖြစ်ခဲ့လျင်တောင် မိမိအကောင့်ကို အချိန်မရွေး နေရာမရွေးမှာ ဝင်နိုင်မှာပါ။
ဖိုးသုည
13/1019
https://share-knwge.blogspot.com/2019/10/facebook-2fa-2-factor-authentication.html
အစ်ကို ကျနော်FB Passwordချိန်း logoutထွက်ပြီး ပြန်ဝင်တာ 2(FA)codeလုံးဝမပို့တော့ဘူး ကိုပြထားတဲ့နည်းတိုင်းလည်းလုပ်တယ် ဆင်မပြေဘူး
ReplyDeleteတူတူဘဲ့
Deleteကုဒ္မရလိုဘယ္လိုရမလဲ
ReplyDelete