Wednesday, October 16, 2019

Android phone တွေ မှာ voice typing အလုပ်မလုပ်တဲ့ပြသနာအတွက်အဖြေရှာခြင်း။

Android phone တွေ မှာ voice typing အလုပ်မလုပ်တဲ့ပြသနာအတွက်အဖြေရှာခြင်း။


ယူနီကုဒ်ကိုပြောင်းသုံးလာသူတွေ စိတ်ဝင်စားပြီး အခက်ကြုံလေ့ရှိတာ တခုကတော့ အသံနဲ့စာရေးတဲ့  Voice typing ပဲဖြစ်ပါတယ်။

voice typing ကိုသုံးမယ်ဆိုလျင် ဘာတွေ လိုအပ်သလဲ 

၁။ voice typing ကိုသုံးလို့ရတဲ့ကီးဘုတ်၊ 
၂။ သုံးမယ့် ကီးဘုတ် ရဲ့  app ထဲမှာ အသံနဲ့စာရေးတဲ့  voice typing ကိုဖွင့်ထားပေးဖို့၊
၃။ ဖုန်းထဲမှာ Google voice typing / voice input  အဆင်သင့်ရှိနေဖို့၊
၄။ Google voice typing ထဲမှာ မြန်မာဘာသာစကားကို Primary language ဖြစ်နေရပါမယ်။ 
၅။ ကိုယ်သုံးမယ့်  Keyboard app ကို microphone သုံးခွင့်ပြုဖို့  permission ၊
၆။ မြန်မာဘာသာက  Offline voice typing မရသေးလို့ မြန်မာလို voice typing လုပ်လျင် အင်တာနက်ကိုချိတ်ထားရပါမယ်။ 

၁။ Voice Typing  သုံး၍ရသော အသုံးများတဲ့ မြန်မာယူနီကုဒ်ကီးဘုတ်များ 

1. Gboard
2. Bagan Keyboard
3. K Keyboard
4. TT Keybaord
5. Manic Keyboard
6. Swiftkey 

ဖေါ်ပြပါကီးဘုတ်တွေထဲမှာ Bagan KB တခုပဲ ကိုယ်ပိုင် Bagan ASR voice typing ပါပေမယ့် သိပ်အဆင်မပြေလှသေးပါဘူး။ ပုဂံကီးဘုတ်အပါအဝင် အဆိုပါပကီးဘုတ်အားလုံးက Google Voice typing  ကိုသုံးကြပါတယ်။ 
ဒါကြောင့် အသံနဲ့စာရေးတဲ့ voice typing ကိုသုံးမယ်ဆိုလျင် Google Voice typing  service  ဖုန်းထဲမှာ ရှိထားရပါမယ်။ 

၂။ မိမိရဲ့ကီးဘုတ်မှာ  Voice typing  ဆိုတာကလေးကို ဖွင့်ထားပေးဖို့လိုအပ်ပါတယ်။ 

Voice typing  ဆိုတာကလေးကို ဖွင့်ထားပေးပုံကတော့ ကီးဘုတ် တခုနဲ့တခုမတူပါဘူး
၁. Gboard  မှာ 
app setting ထဲက Voice typing ကိုဝင်ပြီး Use voice typing ကိုဖွင့်ပေးရပါမယ်။ Gboard  ကိုစသွင်းကတည်းက  အော်တို ဖွင့်ထားပေးပါတယ်။
၂, Bagan Keybaord မှာတော့
Options ထဲကိုဝင်ပြီး Select voice keyboard ကိုနှိပ်ကာ Google Voice Keyboard ကိုရွေးပေးပါ။
၃. K Keybaord
K Keybaord  ရဲ့ Design ကိုနှိပ်ကာ ပေါ်လာတဲ့ထဲက Voice ကိုဝင်ပြီး Google Voice Typing ကို ဖွင့်ပေးပါ။
၄. TT Keyboard မှာ Preferences  ကိုဖွင့်လိုက်လျင် အောက်မှာ Voice input key ဆိုတာရှိပါတယ်။  ကီးဘုတ်မှာ   မိုက် ပုံကလေးပေါ်ဖို့အဲဒါကလေးကိုဖွင့်ရပါမယ်။




၃။ Google voice typing / voice input ရှိမရှိ စစ်ဆေးရန်

Phone ရဲ့ Settings  (သို့မဟုတ်) သူ့ထဲက Additional settings ထဲမှာ  Language & Input ကိုဝင်ပါ။ အဲဒီထဲက Keyboards & Input Methods အောက်မှာ သုံးလို့ရတဲ့ကီးဘုတ်တွေ အများကြီး တန်းစီထားပါတယ်။ 
အဲဒီကီးဘုတ် စာရင်းထဲမှာ Google Voice typing  ဆိုတာ ရှိရပါမယ်။ မရှိလျင် ထည့်ပေးရပါမယ်။ 

Google voice typing / voice input ကို ဘယ်လို့ထည့်မလဲ 

ဖုန်းထဲမှာ Play Store  ရှိလျင် Play Store  ထဲမှာ Google လို့ရိုက်ရှာပြီး ပေါ်လာတဲ့ Google app ကို install လုပ်ပေးပါ။ 
ဖုန်းထဲမှာ Play Store  မရှိလျင် တော့ Gapp installer  နဲ့ ထည့်လို့ရပါတယ်။ Gapp installer  နဲ့ပတ်သက်တာတွေကို ဒီလင့်မှာကြည့်လို့ရပါတယ်။ https://www.facebook.com/groups/myanmarxiaomifans/permalink/2613453038688746/

 Google app ကို install လုပ်ပြီးတဲ့ အခါမှာ Phone ရဲ့ Settings  (သို့မဟုတ် သူ့ထဲက Additional settings ထဲမှာ  Language & Input ကိုဝင်ပါ။ အဲဒီထဲက Keyboards & Input Methods အောက်မှာ
Google voice typing (သို့) Voice Input  ဆိုတာကလေးကိုတွေ့ရမှာဖြစ်ပြီး အသံနဲ့စာရိုက်လို့ရသွားမှာဖြစ်ပါတယ်။ 

Gboard , Bagan Keybaord, Kkeyboard, , Manic keyboard   တွေရဲ့ voice typing  က  Google app  ကို install လုပ်လိုက်တာနဲ့ ရပေမယ့် တချို့ကီးဘုတ်တွေ ဥပမာ TT keyboard ကတော့ Setting language>  inputs > keyboards and input methods ထဲမှာ  Google Voice typing  ဆိုတဲ့voice typing keyboard ကလေးမပေါ်မချင်းအလုပ်မလုပ်ပါ။ ပြသနာက အဲဒီ Google Voice typing ကလေးကို ဖွင့်ပေးဖို့ က setting ထဲမှာမ မြင်ရပါ။ အဲဒီပြသနာကိုဖြေရှင်းဖို့ နည်းနည်းကြံဖန်ရပါတယ်။

Google app ကို install  လုပ်ပြီးနောက် Google voice Typing  ကို ဘယ်လို enable လုပ်မလဲ?

ကီးဘုတ် အသစ်တခု install  လုပ်ပြီး သူ့ရဲ့ app ဖွင့်လိုက်ပါ။ ကီးဘုတ် app ကိုဖွင့်တာနဲ့ အဲဒီကီးဘုတ်ကို  enable လုပ်ပါဆိုပြီး ပုံမှန်အားဖြင့်မမြင်ရတဲ့  " enable keyboard " option  ကိုပြပါတယ်၊ အဲဒီ ကီးဘုတ် စာရင်းထဲမှာ Google Voice typing  ကို enable  လုပ်မထားတာကိုတွေ့ရမှာပါ  သူ့ကိုenable လုပ်ပေးပါ၊။
အဲဒါဆို Setting language>  inputs > keyboards and input methods ထဲမှာ  Google Voice typing  ကိုတွေ့ရပါမယ်။
ပြီးတော့မှ TT keyboard, manic keyboard app တွေ ကိုဖွင့်လျင်တော့ Voice input key  အလုပ်တာကိုတွေ့ရမှာပါ။

ကီးဘုတ်တွင်လည်း  microphone ကိုတွေ့ရပါမယ်။

TT Keyboard
Google Voice Typing မရှိ၍ TT ကီးဘုတ်၏ Voice input key  အလုပ်မလုပ်ပါ။ ကီးဘုတ်တွင်လည်း  microphone မပြပါ။

၄. Google Voice typing  မှာ မြန်မာဘာသာကိုထည့်ရန်

Setting language>  inputs > keyboards and input methods ထဲမှာ  Google Voice typing ကိုနှိပ်ပြီးဖြစ်စေ။ ကီးဘုတ်က voive typing  ကိုဖွင့်လိုက်လို့ပေါ်လာတဲ့ Google Voice typing  ရဲ့ ပင်နယံပုံ ဆက်တင်ကိုဖြစ်စေသွားပြီး Language မှာ မြန်မာကိုပဲထားပြီး ကျန်တဲ့ ဘာသာတွေကိုဖြုတ်ပါ။
ပြီးလျင် save လုပ်ပါ။

Gboard မှာတော့ voice typing ကို ဘာသာတခုမကသုံးလို့ရပါတယ်။  ကီးဘုတ်က စာတွေက မြန်မာဆို အသံနဲ့ပြောလျင် မြန်မာလိုရေးပေးပြီး ကီးဘုတ် စာလုံးတွေသုံးတဲ့ ဘာသာအတိုင်း အသံကို စာရိုက်ပေးတာဖြစ်လို့ Langauge ထဲမှာ မြန်မာဘာသာပါနေသ၍  Primary ပဲဖြစ်ဖြစ် Other langauge ပဲဖြစ်ဖြစ် ပြသနာမရှိပါ။
တခြားကီးဘုတ်တွေမှာ voice typing သုံးလျင် primary language မြန်မာဖြစ်မှ မြန်မာလိုရေးပေးပါတယ်။ တခြားဘာသာကို ထပ်ဖြည့်လျင်တောင် primary language မြန်မာ ကနေမပြောင်းပါနဲ့ ။



၅. ကိုယ်သုံးမယ့်  Keyboard app ကို microphone သုံးခွင့်ပြုဖို့  permission ပေးထားရန်၊

အများအားဖြင့်ဒီလို permission ကို app install လုပ်စဉ်ကတည်းကတောင်းတတ်ပါတယ်။ အဲဒီတုန်းကမပေးခဲ့မလျင်လည်း Voice  ကိုဖွင်တဲ့အချိန်မှာတောင်းတတ်ပါတယ်။ ဖွင့်ပေးလိုက်ပါ။
အကယ်၍ ဖုန်းထဲမှာ Google Voice typing ရှိထားပြီးပါလျက် Voice typing မရလျင် 
(1) Internet connection ရှိ မရှိစစ်ပါ။ Online ဖြစ်မှ  မြန်မာဘာသာ voice typing ရပါတယ်။
(2)  Microphone ကို သုံးဖို့ permission ပေးထား မထား စစ်ပါ၊ ဖုန်း အမျိုးအစားအလိုက် Permission ကို ကြည့်လို့ရတဲ့နည်း ကွဲနိုင်ပါတယ်။ အများစုကိုတော့ Setting > app ( installed app/ app manager) ထဲမှာ ကိုယ်စစ်ချင်တဲ့ ကီးဘုတ် app ကိုဖွင့်ပြီးကြည့်နိုင်ပါတယ်။ 




ဒီလောက်ဆို Unicode keyboard မှာ  voice typing မရတဲ့ပြသနာကိုရှင်းလို့ရပြီလို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်ပါတယ်။
ဖိုးသုည
16-10-19




Sunday, October 13, 2019

Facebook မှာ (2FA) 2 Factor Authentication ခေါ် နှစ်ဆင့်ခံလုံခြုံရေးလုပ်နည်း။


Facebook မှာ (2FA) 2 Factor Authentication  ခေါ် နှစ်ဆင့်ခံလုံခြုံရေးလုပ်နည်း။

Facebook မှာ Password  အပြင် လုံခြုံရေးကုဒ်နံပတ်ကိုထည့်ပေးရတဲ့ နှစ်ဆင့်ခံလုံခြုံရေး အတွက် မိမိအကောင့်နဲ့ ချိတ်ဆက်ထားတဲ့  ကုဒ်နံပတ်ရအောင်လုပ်နည်းလေးမျိုးရှိပါတယ်။

ကုဒ်နံပတ်ရအောင်လုပ်နည်းလေးမျိုး

၁. Authenticator app လိုတခြား app ထုတ်လုပ်သူတွေရဲ့  app ( 3rd party app လို့ခေါ်ပါတယ်)ထဲမှာမိမိရဲ့ Facebook account ကိုချိတ်ဆက်ပေးပြီး မိမိအကောင့်ကို log in ဝင်တဲ့အခါတောင်းတဲ့ လုံခြုံရေးကုဒ်နံပတ်ကိုထုတ်ပေးတဲ့နည်း ။
Microsoft Authenticator  https://play.google.com/store/apps/dev?id=6720847872553662727&hl=en နဲ့ အခြားအလားတူ app တွေကိုသုံးနိုင်ပါတယ်။
၂. မိမိရဲ့ ဖေ့ဘုတ် အကောင့်ဖွင့်ထားတဲ့ ဖုန်း နံပတ် သို့မဟုတ် မိမိယုံကြည်စိတ်ချရတဲ့ တခြားဖုန်း နံပတ်တခုကို ထဲမှာမိမိရဲ့ Facebook account ကိုချိတ်ဆက်ပေးပြီး မိမိအကောင့်ကို log in ဝင်တဲ့အခါတောင်းတဲ့ လုံခြုံရေးကုဒ်နံပတ်ကို မက်ဆေ့ပို့ပေးစေနဲ့နည်း။
၃. နောင်တချိန်လိုအပ်လာလျင်သုံးဖို့ လုံခြုံရေးကုဒ်ကို မိမိရဲ့ Facebook account ထဲမှာ ကြိုတင်ထုတ်ပေးစေပြီး စိတ်ချရနဲ့နေရာမှာ သိမ်းဆည်းထားကာ လိုအပ်တဲ့အချိန်မှာ ထုတ်သုံးနည်း။
၄. မိမိလက်ရှိသုံးနေတဲ့ ဖေ့ဘုတ် အကောင့်ထဲက   Code generator ကနေ လုံခြုံရေးကုဒ်ကိုထုတ်ပေးစေတဲ့နည်းတွေပဲဖြစ်ပါတယ်။

ဒီလိုကုဒ်ဖြည့်ပေးတဲ့နည်းသာမက မိမိ အကောင့်ဝင်ထားတဲ့ ဖုန်းမှာ  နိုတီတက်လာပြီး  ဘယ်အချိန်က ဘယ်နေရာ ဘာစက်အမျိုးအစားနဲ့ သင့်အကောင့်ကိုဝင်ဖို့ကြိုးစားနေပါတယ်။ အဲဒါကို အတည်ပြုပေးမလားလို့မေးတာလည်းရှိပါတယ်။ ကိုယ်က စိစစ်ကြည့်လို့ ကိုယ် သို့မဟုတ် ကိုယ့်ကိုယ်စားဝင်ထားတာဖြစ်လျင်  အတည်ပြုပေးလိုက်တာနဲ့ကုဒ်တောင်းနေတဲ့ ပေ့ခ်ျ ပျောက်သွားပြီး အကောင့်ကိုဝင်လို့ရသွားစေပါတယ်။

ဒီလို လုံခြုံရေး စနစ်ကိုသုံးဖို့  ပထမဆုံး မိမိရဲ့ ဖေ့စ်ဘုတ် အကောင့်လုံခြုံရေးစနစ်မှာ (2FA) 2 Factor Authentication  ခေါ် နှစ်ဆင့်ခံလုံခြုံရေး ကိုဖွင့်ပေးရပါတယ်။

Two Factor Authentication  ခေါ် နှစ်ဆင့်ခံလုံခြုံရေး ကိုဖွင့်ပေးရန်

၁. မိမိရဲ့ဖေ့စ်ဘုတ် စာမျက်နှာ ရဲ့ ညာဘက် အပေါ်က အစင်းသုံးချောင်းနဲ့ Menu   ကိုဖွင့်ပါ။
၂၊ Settings and Privacy  ကိုနှိပ်ပြီး Settings  ကိုသွားပါ။
၃. Settings ထဲက Security ခေါင်းစဉ်အောက်မှာ Security and login ကိုဝင်ပါ။
၄. Security and login ထဲမှာ two–factor authentication ဆိုတာရှိပါတယ်။ အဲဒီက use two –factor  authentication ထဲကိုဝင်လိုက်ပါ။

ပြီးလျင်တော့ အထက်မှာဖေါ်ပြထားသလို ကုဒ်တွေကို ရဖို့ ကုဒ်ထုတ် app  (သို့)  ဖုန်းနံပတ် ကို မိမိရဲ့ ဖေ့စ်ဘုတ် အကောင့်နဲ့ ချိတ်ဆက်ပေးရမှာပါ။ 
သူက (၁) Authentication app ( ကုဒ်ထုတ်ပေးတဲ့ app  တခုခုသုံးမှာလား), (၂)Text Message  ( မိမိ အကောင့်ဖွင့်ထားတဲ့ ဖုန်းဆီကို ကုဒ်နံပတ် မက်ဆေ့ချ် ပို့ခိုင်းမှာလား ,  Change phone number ( မိမိရဲ့ တခြားဖုန်းတလုံးထဲကို ကုဒ်ကို မက်ဆေ့အနေနဲ့ပို့ခိုင်းမှာလား ) လို့ရွေးခိုင်းပါတယ်။ 


 (၁) Authentication app (  ကုဒ်ထုတ်ပေးတဲ့ app  တခုခုသုံးနည်း) နဲ့ချိတ်နည်း။ 

Play store  ထဲက ကိုယ်သုံးချင်တဲ့ Authenticator app တခုခုကို ယူပြီး install  လုပ်ပါ။ အရင်က  Google account, Microsoft account  တို့အတွက်သုံးထားတဲ့  app တခုခုရှိနေပြီးသားဆိုလည်း အဲဒီ app ထဲမှာ ကိုယ့် Facebook account ထည့်ပေးရုံပါပဲ။ 
ကောင်းတာကတော့ ဖေ့ဘုတ်မှာ 2FA  မဖွင့်ခင် Authenticator app တခုခုကိုကြိုထည့်ထားလျင်  အလုပ်ကိုတဆက်တည်းလုပ်သွားလို့ရပါတယ်။ 
Authenticator app ဖုန်းထဲမှာရှိပြီးပြီဆိုလျင်တော့  စောစောက လုပ်လက်စ  "Choose a security method မှာ  အပေါ်ဆုံးက Authenticator app ဆိုတာကလေးရဲ့ဘေးက ခလုပ်ကိုရွေးပေးပြီး အောက်က  Continue  ကို နှိပ်ပါ။ 
Setup via third party Authenticator  ဆိုတဲ့ စာမျက်နှာမှာ ရွေးစရာသုံးခုပေးပါတယ်။ 

(က) Setup on same device ဆိုတာကတော့ Authenticator app က ကိုယ်အခု setup လုပ်နေတဲ့ FB ရှိတဲ့ ဖုန်းထဲမှာ ရှိနေလျင်ရွေးပေးဖို့ပါ။ အဲလိုရွေးပေးတဲ့ အခါ  Authenticator app က အလိုလိုတက်လာပြီး 
ကိုယ့် Facebook အကောင့်နာမည်နဲ့    save key for (ကိုယ့်အကောင့်နာမည်) လို့မေးပါတယ်။ ဆိုလိုတာက အခုနက Facebook ကို Authenticator app မှာထည့်ဖို့ Facebook ကကုဒ်တခုထုတ်ပါတယ်။ အဲဒီကုဒ်ကို Authenticator app မှာသိမ်းဖို့မေးတာပါ၊ အဲဒီမှာ  OK လို့ရွေးပေးမှ Authenticator app ထဲမှာ ကိုယ့် Facebook အကောင့်ကိုထည့်ပြီးချိတ်ဆက်ပေးမှာပါ။ 

(ခ) အကယ်၍ Authenticator app ကတခြားဖုန်းတလုံးထဲမှာရှိနေတာဆိုလျင်တော့   ဒုတိယနေရာက QR code  သို့မဟုတ် တတိယနေရာက ကုဒ်တွေကိုသုံးရပါမယ်။ 
Authenticator app ရှိတဲ့ဖုန်းထဲက Authenticator appကိုဖွင့်ပါ။ Authenticator appထဲမှာ ဘာအကောင့်မှ မရှိသေးလျင်တော့  Begin  ကိုနှိပ်ပါ။ Authenticator app ထဲမှာ တခြားအကောင့်တွေရှိပြီးသားဆိုလျင်တော့ ညာဘက်အောက်ထောင့်က အပေါင်းလက္ခဏာကိုနှိပ်ကာ add account  လုပ်ရပါမယ်။ အဲဒီမှာ စာ ၂ တန်းပေါ်လာပါတယ်။. 'Scan a barcode'  နဲ့ ' Enter a provided key'  တို့ပါ။  

 Scan a barcode  ကိုနှိပ်လျင်တော့ ကင်မရာကိုသုံးဖို့ ပါမစ်ရှင်တောင်းပါတယ်။ allow လုပ်ပေးပြီးလျင်တော့  scanner  အကွက်ကလေးပေါ်လာပါတယ်။  စောစောက setup  လုပ်နေတဲ့ FB ကပြထားတဲ့ ဒုတိယနေရာက QR code ကို barcode scanner အကွက်ထဲဝင်အောင်ချိန်ပေးလိုက်ပါ။ 
Enter a provided key  ကိုနှိပ်လျင်တော့  စောစောက setup မှာ တတိယနေရာက "Or enter this code into your authentication app"  ဆိုတဲ့ အောက်ကကုဒ်တွေကို ဖြည့်ပေးပြီးကိုယ့်အကောင့်အမည်ဖြည့်ပါ  ဥပမာ Facebook ( Phoethunya) ဆိုပါစို့ (ဒီနာမည်က ကိုယ်က Authenticator app မှာ အကောင့်တခုမကထည့်ထားလျင် ဘယ်ကုဒ်ကဘယ်အကောင့်အတွက်ဆိုတာခွဲခွဲခြားခြားသိဖို့ပါ)။ ပြီးလျင်  Add ကိုနှိပ်ပါ။ 
အဲလိုမိမိရဲ့ဖေ့စ်ဘုတ်အကောင့်ကို Authenticator app မှာ ထည့်ပြီးပါပြီ။

အဲဒီအခါ သူက ကိုယ်ဖြည့်ထားတဲ့ အကောင့်နာမယ်နဲ့ ကုဒ်နံပတ်တွေကို ဆက်တိုက်ထုတ်ပေးနေပြီး ဘေးမှာ ကုဒ်ရဲ့ သက်တန်းကိုစက်ဝိုင်းကလေးနဲ့ပြနေပါတယ်။  ကုဒ်သက်တန်းကုန်ကာနီးလျင် နောက်တခုကိုစောင့်ပါ။ မဟုတ်လျင် ကိုယ်ကလည်းကုဒ်ထည့်ပြီးရော သူ့သက်တန်းလည်းကုန်တော့  နောက်တခုထပ်တောင်းရောဖြစ်မှာစိုးလို့ပါ။ ဒီ appတွေကိုသုံးဖို့ ဖုန်းက Online ဖြစ်နေရပါမယ်၊
Authenticator app မှာ ကိုယ့်ရဲ့ Facebook အကောင့်ကိုထည့်ပြီးပေမယ့် ကိုယ့် Facebook ကိုကိုယ်သုံးတဲ့ Authenticator app ကိုပြန်စိစစ်ဖို့လိုပါသေးတယ်။ 
ဒါကြောင့် သက်တမ်များများးရှိတဲ့ ကုဒ်ကိုမှတ်ထား (သို့) ကော်ပီကူးပါ ( ကုဒ်ကိုဖိထားလျင် အလိုလိုကော်ပီကူးပါတယ်)။ ပြီးလျင် Facebook ရဲ့ Setup via third party Authenticator  ဆိုတဲ့ စာမျက်နှာအောက်က Next ကိုနှိပ်ပါ။ အဲဒီမှာ ကုဒ်ဖြည့်ဖို့ တောင်းပါတယ်။ စောစောက Authenticator app  ကပေးလို့ကူးထားတဲ့ ကုဒ်ကိုဖြည့်ပေးပြီး  Next  ကိုနှိပ်ပါ။ သူက Facebook account ရဲ့ Password ကိုတောင်းပါတယ်၊ ဖြည့်ပေးပါ။ ဒါဆိုလျင်တော့ Authenticator app  ကိုလည်းဖေ့စ်ဘုတ်က အသိအမှတ်ပြုသွားပြီဖြစ်ပါတယ်။

နောင်ကို ဒီဖေ့စ်ဘုတ်အကောင့်ကိုသုံးနေကျမဟုတ်တဲ့ စက် (သို့) Browser  မှာဝင်တိုင်း password  မှန်ကန်စွာဖြည့်ပြီးတဲ့ အခါ ကုဒ်နံပတ်တောင်းပါတော့မယ်။ 
အဲဒီအခါ အခုအကောင့်နဲ့ ချိန်ထားတဲ့ Authenticator app က ဒီအကောင့်အတွက်ပေးတဲ့ကုဒ်ကိုသက်တန်းမကုန်မီဖြည့်ပါ။ 

အကယ်၍ ကိုယ် Authenticator app  ထည့်ထားတဲ့ဖုန်း ပျောက်သွားလို့၊ ပျက်သွားလို့ ပြင်လိုက်တာ  app ပြန်မရတော့လို့ ကုဒ်ကိုထုတ်လို့မရတော့ဘူးဆိုလျင် Back up  အနေနဲ့ ကုဒ်ရနိုင်တဲ့တခြားနည်းလမ်းတွေကိုထပ်ဖြည့်ထားတာကောင်းပါတယ်။  

(၂)Text Message  ( မိမိ အကောင့်ဖွင့်ထားတဲ့ ဖုန်းဆီကို ကုဒ်နံပတ် မက်ဆေ့ချ် ပို့ခိုင်းစေသောနည်း

ဒီနည်းကတော့ မိမိရဲ့ Facebook အကောင့်ဖွင့်ထားတဲ့ ( အကောင့်မှာထည့်ထားတဲ့) ဖုန်းနံပတ် သို့မဟုတ်  မိမိသုံးနေတဲ့စိတ်ချရသောတခြားဖုန်းနံပတ်တခုကို ဒီစနစ်မှာ မှတ်ပုံတင်ထားပြီး 2FA ကုဒ်ကို အဲဒီဖုန်းကို sms နဲ့ပို့စေတဲ့နည်းပါ။ 
Two-factor authentication  ခေါင်းစဉ်အောက်က  Add a backup  အောက်မှာ Text message ကိုနှိပ်ပါ။  Choose mobile number  ဆိုတာပေါ်လာပြီး  "Your phones " နဲ့  "add a New Phone Number " ဆိုပြီး ၂ ခုပေါ်လာပါမယ်။ 

Your phones ရဲ့အောက်မှာတော့ မိမိ ရဲ့ ဖေ့စ် ဘုတ် အကောင်နဲ့ချိတ်ထားတဲ့ဖုန်းနံပတ်တွေကိုပြနေမှာဖြစ်ပါတယ်။ ကိုယ်က 2 FA code ကိုအဲဒီဖုန်းထဲကိုလာစေချင်လျင်တော့ အဲဒီ နံပတ်ကိုနှိပ်လိုက်ပါ။ 

"add a New Phone Number " 
အကယ်၍ မိမိရဲ့ဖေ့စ်ဘုတ် အကောင့်မှာ ဖုန်းနံပတ်ထည့်မထားရသေးလျင်  (သို့) မိမိသုံးနေတဲ့စိတ်ချရသောတခြားဖုန်းနံပတ်တခုဆီကို  2 FA code ကိုပို့စေချင်လျင်တော့ "add a New Phone Number "  ကိုနှိပ်ပြီးကုဒ်ကိုလက်ခံချင်တဲ့ဖုန်းနံပတ်ကိုဖြည့်ပေးပါ။  " Confirm " ကိုနှိပ်ပါ။ 
အဲဒီအခါ ကုဒ်ကို sms နဲ့  နံပတ်ပေးလိုက်တဲ့ဖုန်းဆီကို ပို့ပါတယ်၊ အဲဒီကုဒ်ကို "Enter code" အောက်မှာပေးထားတဲ့ အကွက်မှာဖြည့်ပါ။ "Next" ကိုနှိပ်ပါ။ သူက Facebook account ရဲ့ password ကိုတခါဖြည့်ခိုင်းပြီးမှ  တည်ပြုပါတယ်။ " Finish "  ကိုနှိပ်ပါ။ 
ဒါဆိုလျင် 2FA ကုဒ်ကို  sms နဲ့ပို့စေဖို့ ဖုန်းနံပတ်တခုကိုမှတ်ပုံတင်လို့ပြီးပါပြီ။ 

Recovery codes

အကယ်၍ အကြောင်းကြောင်းကြောင့် အထက်ပါနည်း ၂ခုလုံးနဲ့ ကုဒ်ကိုလက်ခံဖို့မဖြစ်နိုင်တဲ့အခါမှာသုံးဖို့ ကုဒ်တွေကိုကြိုတင်ထုတ်ထားပြီး ရေးမှတ်ကာ လုံခြုံစိတ်ချရတဲ့နေရာမှာ သိမ်းထားလို့ရပါတယ်။
Two-factor authentication  ခေါင်းစဉ်အောက်က  Add a backup  အောက်မှာ  Recovery codes  ကိုနှိပ်ပါ။  Get Codes  ကိုနှိပ်ပေးပါ။ အဆင်သင့်သုံးလိုရတဲ့ကုဒ် ၁၀ ခုကိုပြပေးပါတယ်။  သေသေချာချာလုံလုံခြုံခြုံသိမ်းထားဖို့တော့လိုပါတယ်။ 

ဒါဆို လျင်တော့ မိမိရဲ့ facebook account  ကိုသုံးနေကျ ပစ္စည်း (သို့) Browser မဟုတ်တဲ့နေရာမှာဝင်ခဲ့သော် Password ဖြည့်ပြီး တာနဲ့ ထပ်တောင်းတဲ့ကုဒ်ကို (1) Authentication app (2) sms နဲ့ဖုန်ုကိုပို့စေဖို့ (3) အဆင်သင့်သုံးကုဒ်တွေကိုကြိုထုတ်ထားဖို့ နည်းတွေကိုသိကြပြီထင်ပါတယ်။ 



 Facebook အကောင့်ထဲမှာ ပါတဲ့ Code Generator

Two-factor authentication ကို သုံးနေတဲ့ မိမိရဲ့ Facebook account  ကိုသုံးနေကျ ပစ္စည်း (သို့) Browser မဟုတ်တဲ့နေရာမှာဝင်ခဲ့သော် တောင်းလာတဲ့ကုဒ်ကို မိမိ အကောင့်ဝင်ထားတဲ့ ဖုန်း (သို့) ကွန်ပြူတာ ထဲက Facebook ရဲ ့ Settings and Privacy  Code Generator ကနေလည်းထုတ်ပေးလို့ရပါတယ်။ ပေးတဲ့ကုဒ်ကို လက်မခံလျင်  Code Generator အဲဒီ  Code Generator အောက်ခြေက  My code doesn't work  ကိုရွေးပေးပါ။ "reset" လို့ပြလာပါလိမ့်မယ်။ reset လုပ်ပြီး ထွက်လာတဲ့ ကုဒ်ကို ထပ်စမ်းကြည့်ပါ။ 


မိမိအကောင့် ဝင်ထားတဲ့ Facebook  ကနေ  မိမိအကောင့်ဝင်တာကို အသိအမှတ်ပြုပြီး လက်ခံပေးခြင်း ။ 

Two-factor authentication ကို သုံးနေတဲ့ မိမိရဲ့ Facebook account  ကိုသုံးနေကျ ပစ္စည်း (သို့) Browser မဟုတ်တဲ့နေရာမှာဝင်ခဲ့သော် တောင်းလာတဲ့ကုဒ်ကို မိမိ အကောင့်ဝင်ထားတဲ့ ဖုန်း (သို့) ကွန်ပြူတာ ထဲက Facebook app  က Notification  တက်လာပြီး ဘယ်နေ့ဘယ်အချိန်မှာ ဘယ်နေရာကနေ ဘယ်ပစ္စည်းမျိုးနဲ့ အကောင့်ကိုဝင်ဖို့ကြိုးစားနေတယ်။ အဲဒါကို လက်ခံမလား ငြင်းပယ်မလားလို့မေးပါတယ်။ ကိုယ်က မသိဘဲကိုယ့်အကောင့်ကိုဝင်ဖို့ကြိုးစားနေတာဆိုလျင်နေတော့ ငြင်းပယ် လိုက်ပြီးစိတ်ချရအောင် account password ကိုပါပြောင်းလိုက်ပါ၊ အဲဒီ အကောင့်ဝင်ဖို့ကြိုးစားနေတာ မိမိကိုယ်တိုင်ဖြစ်နေလျင်တော့ လက်ခံပေးလိုက်ပါ။ စောစောက တန်းလန်းဖြစ်နေတဲ့ ကုဒ်တောင်းနေတဲ့ စာမျက်နှာ ပျောက်ပြီး အကောင့်ထဲကိုတခါတည်းသွင်းပေးပါတယ်။ နောင်မှာ အဲဒီ ဖုန်း/ PC/ browser မှာ ဒီအကောင့်ပြန်ဝင်တဲ့ အခါ ကုဒ်ထပ်မတောင်းစေချင်လျင်တော့ "save browser " ဆိုတာကိုပြ တခါတည်းခြစ်ပေးလိုက်ပါ။ အများသုံးကွန်ပြူတာမှာ ဝင်တာဆိုလျင်တော့ "save browser "ကိုလုံးဝ ( လုံးဝ) မလုပ်ပါနဲ့ ။ 

ဒီလို 2 FA  လုပ်တဲ့ အခါ ကုဒ်ရနိုင်တဲ့ နည်း ဘယ်နည်းကိုရွေးရွေးရပါတယ်။ ကောင်းတာကတော့ ရနိုင်တဲ့နည်းအားလုံးကို ဖွင့်ထားဖို့ပါ။ ဒါမှ အခန့်မသင့်လို့  Authentication app   သုံးမရတာတို့  SMS ကလက်ခံတဲ့ SIM ပျောက်သွားပြီး အစားထိုးကဒ်မလျှောက်ရသေးတာတို့၊ ဖြစ်ခဲ့လျင်တောင် မိမိအကောင့်ကို အချိန်မရွေး နေရာမရွေးမှာ ဝင်နိုင်မှာပါ။ 

ဖိုးသုည
13/1019

https://share-knwge.blogspot.com/2019/10/facebook-2fa-2-factor-authentication.html


Thursday, October 3, 2019

ယူနီကုဒ်ကိုပြောင်းပြီးနောက် စာရေးတာတွေ မမှန်ဘူးဖြစ်နေတာဘာကြောင့်လဲ။


ယူနီကုဒ်ကိုပြောင်းပြီးနောက် စာရေးတာတွေ မမှန်ဘူးဖြစ်နေတာဘာကြောင့်လဲ။


(၁)  မိမိဖုန်းမှာ ယူနီကုဒ်စနစ်ရှိနေတာ သေချာပါစေ။
(၂) စာရေးတာ မှန် မမှန်သိချင်လျင် ဖေ့ဘုတ်နဲ့ မက်ဆင်ဂျာမှာ မစမ်းပါနဲ့။
အော်တိုကွန်ဗာတာကြောင့် ရေးတဲ့အတိုင်းမမြင်ရလို့ပါ။
Note တို့ sms တို့ viber. တို့မှာစမ်းပါ။
တချို့ကီးဘုတ်တွေမှာ စာစမ်းရေးဖို့ ကီးဘုတ်ပုံနဲ့ pad လေးပါပါတယ်၊ အဲဒီမှာရေးပါ။
 အဲဒီ ကီးဘုတ် app တွေကိုဖွင့်လိုက်လျင် မိမိဖုန်းထဲက မြန်မာစာစနစ်က ယူနီကုဒ် ဖြစ် မဖြစ်ပါပြောပြပါတယ်။


(၂) စာရေးနည်းစတိုင် မျိုးစုံပါတဲ့ ကီးဘုတ် တွေ (ဥပမာ Bagan, Frozen) တို့မှာ ကီးဘုတ်မှာရွေးထားတဲ့ ရေးနည်း နဲ့ကိုယ်ရေးတဲ့ ရေးနည်း လွဲနေလျင် စာတွေရေးတာ အမှန်မရပါ။
ရေးနည်းစတိုင် ပြန်စစ်ပါ။

(၂ က) Bagan ကီးဘုတ်

Bagan keyboard ကီးဘုတ်မှာ ရေးနည်းစတိုင်သုံးခုပါပါတယ်။
 App ကိုဖွင့်ပြီး Languages ထဲမှာကြည့်ပါ။
ပုံမှန်အားဖြင့် Auto detect font ကိုဖွင့်ထားလို့ Select typing style ဆိုတာကိုရွေးလို့မရပါဘူး။
Auto detect font ကို ပိတ်လိုက်မှ Select typing style ကိုဖွင့်လို့ရမှာပါ။


Typing style သုံးမျိုးပါပါတယ်။


1 Bagan Style က ဇော်ဂျီနဲ့ရေးတဲ့ လက်ကွက် အတိုင်းရေးဖို့ပါ။
ယူနီကုဒ်သုံးတဲ့ဖုန်းထဲမှာ Bagan KB သွင်းလိုက်လျင် Auto detect font  ကိုအလိုလို Bagan Style ကိုရွေးပေးပါတယ်။
ဒါကိုမသိဘဲသူများတွေပြောသလို သင်ပုန်းကြီးလက်ကွက်နဲ့ရိုက်တော့ စာတွေ လွဲပြီးထွက်လာတာပါ။
ဒီလက်ကွက်မှာ ယရစ်ကို ဗျဉ်းထက် အရင်ရေးရပါတယ်။
ဒီလက်ကွက်သုံးပြီးသင်ပုန်းကြီးလိုရေးလျင်ဗျဉ်းက ယရစ်ရဲ့ ရှေ့မှာ ထွက်နေပါလိမ့်မယ်။

( ဥပမာ။ ပညြ်ထောင်စုမနြ်မာနိာင်ငံ)


2 Thin Bone Gyi Style ကတော့
အများသိနေကြပြီးတဲ့အတိုင်း
ပုံမှန်စာရေးသလိုရိုက်သွားတာပါ။

(ဥပမာ။  သဝေထိုးကယရစ်ဝဆွဲ ကြွေ။ သဝေထိုးမယရစ်မြေ။)


3. Unicode Style ကတော့ သင်ပုန်းကြီးနဲ့ ဆင်ပြီး သဝေထိုးကို ဗျဉ်း/ ဗျဉ်းတွဲ ရိုက်ပြီးမှ ရိုက်ရပါတယ်

ဥပမာ နငယ် သဝေထိုး၊ ရကောက် သဝေထိုးဝတ်ဆံပေါက် = နေရေး
။  ကကြီးယရစ်ဝဆွဲ သဝေထိုး = ကြွေ။
မ ယပင့် ဟထိုး သဝေထိုး ရေးချာ = မျှော

အဲဒါကို သင်ပုန်းကြီးလိုရေးမိလျင် မြင်ရမှာကတော့
( နေရေး ၊ ကွှေ ၊ မြှော။)

 လို့တွေ့ရမှာပါ။


၂ ခ Frozen Keyboard

Frozen Keyboard ကိုယူနီကုဒ်စနစ်သုံး ဖုန်းမှာ  install လုပ်လိုက်တဲ့အခါ သူက ဖုန်းရဲ့ ဘာသာစကားစနစ်ကို စစ်ပြီး ဇော်ဂျီလား ယူနီကုဒ်လား ဘာစနစ်လည်း ဆိုတာကိုပါပြပါတယ်။
Auto Detect Keyboard နဲ့ ကီးဘုတ်ဆက်တင်ကိုပြင်ဆင်ပေးထားပါတယ်။၊
အလိုလျှောက်ပြင်ဆင်ပေးထားတဲ့ကီးဘုတ်က  Zawgyi style  နဲ့ ရေးတဲ့ ယူနီကုဒ် ကီးဘုတ်ပါ။
Languages အောက်မှာ Unicode နဲ့ Pure Typing  ( Tin Pone Gyi) ဆိုပြီး ရွေးစရာ ရေးနည်းစတိုင် ခလုပ်၂ ခုပါပါတယ်။

(၁) Auto Detect Keyboard နဲ့  default ထားပေးတာက Unicode  တခုကိုပဲဖွင့်ထားပေးတာပါ။
အဲဒီစတိုင်က ဇော်ဂျီရေးတဲ့စတိုင်ပါ။ ယရစ်ကို အရင်ရေးတဲ့ နည်းပါ။
အဲဒီဆက်တင်ကမှာ သင်ပုန်းကြီးစာရိုက်သလိုရိုက်တဲ့အခါ ယရစ်တွေ နေရာမှားကုန်ပါတယ်။
Auto Detect Keyboard  ဆိုတဲ့ခလုပ်ကိုပိတ်လိုက်လျင်တော့ အောက်က Unicode နဲ့ Pure Typing  ( Tin Pone Gyi) ၂ခုကိုလိုသလို ပြောင်းလို့ရပါတယ်။

(၂) Unicode နဲ့ Pure Typing  ( Tin Pone Gyi)  ၂ခုလုံးကိုဖွင့်ထားပေးတဲ့ရေးနည်းစတိုင် ကတော့ သင်ပုန်းကြီးရေးနည်းပါ။
စာရေးတဲ့ အစီစဉ်အတိုင်းရေးနည်းပါ။

(၃) Unicode နဲ့ Pure Typing  ( Tin Pone Gyi)  ၂ခုလုံးကိုပိတ်ထားလျင်ဖြစ်စေ Pure Typing  ( Tin Pone Gyi) တခုတည်းကိုပဲဖွင့်ထားလျင်ဖြစ်စေ Pure Unicode
ရေးသလို သဝေထိုးကို အနောက်မှရေးရပါတယ်။ တချောင်ငင် သေးသေးတင်ဆိုလည်း တချာင်းငင်ကိုအရင်ရိုက်ရပါတယ်၊
အဲဒီဆက်တင်ကမှာ သင်ပုန်းကြီးစာရိုက်သလိုရိုက်တဲ့အခါ သဝေထိုးတွေ နေရာမှားကုန်ပါတယ်။
ဒါပေယ့်လောလောဆယ် ယရစ်ဝါ့ဆွဲရေးလို့မရပါ။ ဒီဆက်တင်က တိုင်းရင်းသားဘာသာကီးဘုတ်လားတော့မသိပါ။

အချုပ်ဆိုရလျင်တော့ ယူနီကုဒ်ကိုပြောင်းပြီးနောက် စာရေးတာတွေ မမှန်ဘူးဖြစ်နေတာဘာကြောင့်လဲဆိုလျင် မိမိသုံးနေတဲ့ကီးဘုတ်ရဲ့ ရေးနည်းစတိုင်နဲ့၊ ကိုယ်ရေးနေတဲ့ စတိုင်မတူလို့ဖြစ်နေတာ ဖြစ်နိုင်ကြောင်းပါခင်ဗျာ။
ဖိုးသုည
03/10/19