ဘတ်ဂျက်လေကြောင်း လက်မှတ်ဝယ်မယ်ဆိုလျင် ပိုသက်သာတဲ့ လက်မှတ်ရအောင်ဘယ်လို ရှာမလဲ
အခုနောက်ပိုင် AirAsia လို ဘတ်ဂျက်လေကြောင်းတွေ က point to point ဆိုတဲ့ ခရီးတဖြတ်စာဝန်ဆောင်မှု ပေးတဲ့ စနစ်ကိုသုံးလာတဲ့ အခါမှာတော့ အဲဒီ နိယာမကိုမလိုက်နာတော့ပါဘူး။
ဘယ်လိုဝယ်ဝယ် ခရီးတကြောင်းဈေးက မပြောင်းပါ။
သူတို့ဟာခရီးသည်တွေကိုဆွဲဆောင်ဖို့ ခရီးတခုထဲမှာတောင် လက်မှတ်တွေကို ဈေးအမျိုးမျိုးခွဲပြီး ကစားပါတယ်။
အသွားခရီးကို အလွန်နည်းအောင်ချပြီး တလအတွင်း အပြန်ခရီးစဉ်တွေအားလုံးကိုဈေးတင်ထားတာမျိုးလည်းတွေ့ဖူးပါတယ်။ အများစုက အလယ်ခရီးသွားလျင် တလမပြည့်ခင် ပြန်ကြတာကိုး။
ဈေးချတဲ့အခါ ခရီးစတဲ့ ဒေသတခုအတွက်ဈေးချပေမယ့် နောက်ဒေသတခုကစတဲ့ခရီးမှာတော့ ဈေးများနေနိုင်ပါတယ်။
ဒါကြောင့် လက်မှတ် ဝယ်တဲ့ အခါ ဝယ်လို့ရနိုင်တဲ့ နည်းမျိုးစုံနဲ့စမ်ပြီး ဈေးနှုန်းတွေကိုယှဉ်ကြည့်လျင် ပိုသက်သာတဲ့လက်မှတ်ရနိုင်ပါတယ်။
စဉ်းစားရမည့်အချက်တွေကတော့
၁. အသွားပြန် Return တခါတည်းဝယ်တာနဲ့ အသွားသတ်သတ် အပြန်သတ်သတ် One way ခွဲဝယ်တာဈေးကွာသလား။
၂. ငွေချေတဲ့အခါ ဝန်ဆောင်စားရိတ် Processing fees ပေးရသေးလား ? (၂ ခါခွဲဝယ်လျင် ၂ခါကုန်မှာဖြစ်လို့ပါ)
၃. ၂ဆင့်ခရီးတွေမှာ ပစ္စည်းကို ချက် သရူး Luggage check through ရသလား ။ ခွဲဝယ်လျင် ချက်သရူး check through မရလို့ ပစ္စည်းပြန်ရွေး ပြန်အပ် ဖို့ အချိန် ပိုလိုသလို ဗီဇာလည်းလိုပါတယ်။
၄. အုပ်စုလိုက်ဝယ်လို့အားလုံးအတွက် ဈေးကများနေလျင် လူခွဲဝယ်ကြည့်ပါ။ သက်သာတဲ့ ဈေးနဲ့ တယောက်စာ ၂ ယောက်စာရနိုင်ပါတယ်။
အဲလိုစမ်းဖို့ ခရီး တို၂ ခုနဲ့ ၂ဆင့်ခရီးတခုကို ဝယ်ပုံ ပုံစံအမျိုးမျိုးပြောင်းပြီး လက်မှတ် ဈေးတွေကိုနှိုင်းယှဉ်ကြည့်ခဲ့ပါတယ်။
ဒီတွေ့ရှိချက် ဟာ စမ်းတဲ့အချိန်နဲ့ ခရီးစဉ်တွေအတွက်မှန်ပေမယ့် နောင်တချိန်မှာ အလားတူခရီးတွေဖြစ်စေဦ တခြားမတူနဲ့ခရီးတွေမှာဖြစ်စေ ရလာဒ်ခြင်းမတူဖြစ်နိုင်ပါတယ်။
ရန်ကုန် ကွာလာလမ်ပွာ
1st April to 11 April Yangon (RGN) to Kuala Lumpur (KUL) ကို Return ticket value pack ပါလျင် (237 SGD) ကျပြီး တကြောင်းစီခွဲဝယ်လျင် value pack အပါ (200.35 SGD)ပဲကျပါတယ်။
ငွေချေတဲ့အခါ Processing fees လည်းထပ်မကုန်ပါ
အဲဒီခရီးမျိုးကို ကျနေ်ာ တကြောင်းစီခွဲဝယ်ပါတယ်။
ဝယ်လို့ရတဲ့ နည်းလေးမျိုးရှိပါတယ်။
(1) အသွားအပြန် Return 855.83 SGD (2) Yangon Melbourne (Kuala Lumpur transit) တကြောင်းစီ One way 798.1 SGD
(3) Yangon -> Kuala Lumpur One way
Kuala Lumpur <-> Melbourne Return
Kuala Lumpur -> Yangon One way ဆိုပြီးသုံးဖြတ်ဝယ်လျင် 756.48 SGD
(4) Yangon -> Kuala Lumpur One way
Kuala Lumpur -> Melbourne One way
Melbourne -> Kuala Lumpur One way
Kuala Lumpur -> Yangon One way လေးဖြတ်ဝယ်လျင် 752.93 SGD
ဒီခရီးမှာ နှစ်ကြောင်ခွဲဝယ်တဲ့ option 2 ကင်္ကာပူဒေါ်လာ 57.7 လောက်သက်သာပြီး ပစ္စည်းပြန်ရွေးစရာမလိုလို့ အပြန်မှာ ရန်ကုန်ကို မနက်လေယာဉ်နဲ့ပြန်လို့ရပါတယ်. အလုပ်ဘာမှမရှုပ်ဘဲ ငွေသက်သာပါတယ်။
ငွေချေတဲ့အခါ Processing fees လည်းထပ်မကုန်ပါ။
option 3 နဲ့ 4 မှာ Luggage check through မရလို့ ကွာလာလမ်ပွာမှာ ပစ္စည်းပြန်ရွေး ပြန်အပ်ရမှာဖြစ်လို့ ရန်ကုန် အပြန် မနက်လေယာဉ်နဲ့ လိုက်လို့မရပဲ ညနေလေယာဉ်နဲ့ပဲပြန်ရမှာပါ. အသွားအပြန် တခါတည်းဝယ်တာထက် လူတဦးကို စင်္ကာပူ ဒေါ်လာ တရာစီလောက်သက်သာပေမယ့်. အလုပ်ရှုပ်တာ နဲ့ အချိန် ၁၀ နာနာရီလောက်ပို ကုန်တာတန်ရဲ့လားလို့ တွေ့စရာပါ။ လူများလျင် တော့ အကုန်အကျသက်သာတာပိုကွားသွားပါတယ်. တယောက်တည်းဆိုလျင်တော့ စင်္ကာပူဒေါ်လာ 57.7 လောက်သက်သာတဲ့ Option 2 နဲ့ ပဲ တန်ပါတယ်။
checked luggage မပါသူတွေကတော့ အဲဒီပြသနာတွေပို ပူစရာမလိုလို့ ပိုသက်သာတဲ့ option 3 နဲ့ 4 က ပိုတန်ပါတယ်၊
- လေယာဉ် ၂ဆင့်စီးရတဲ့ ဒီလိုခရီးတွေမှာ Luggage check through ရတဲ့ အခါ Layover time ( Transit) တနာရီကျော်နဲ့ လောက်နိုင်ပေမယ့် ခရီးစဉ်ခွဲဝယ်လိုက်လျင် Luggage check through မပေးတော့တာများပါတယ်။
- Luggage check through မရတဲ့ ခရီးစဉ်တွေအတွက် transit time သုံးနာရီနဲ့တောင် မလောက်ပါ။
- ခရီးစဉ်ခွဲဝယ်လိုက်လျင် Luggage ပြန် ရွေးပြန်အပ်ရတဲ့ဒုက္ခ၊ အင်မီဂရေးရှင်းဖြတ်ဖို့ ဗီဇာ မရှိလျှင် transit visa လျှောက်ရလို့ အချိန်ကြာမှာ၊ ပစ္စည်း တွေ ပြန်ချက်အင်လုပ်ရလို့ တန်းစီရတာ ၊ အင်မီဂရေးရှင်းပြန်ဖြတ်ရလို့ အချိန်ကြာတာ အလုပ်ရှုပ်မှာတွေကိုလည်းထည့်တွက်ရပါမယ်။
- transit time ကြာလို့ အစားအသောက်ဝယ်စားရလျင်ပိုကုန်တာကိုလည်းထည့်တွက်ပါ။
ရန်ကုန် ဘန်ကောက် 1st Feb 6th Feb -
ဒီခရီးစဉ်မှာတော့ return ticket တခါတည်းဝယ်တာနဲ့ one way ၂စောင်ခွဲဝယ်တာမှာ လက်မှတ်ခ သက်သာတာ သိပ်နည်းပါတယ်။
တခါ ခရက်ဲစ်ကဒ်သုံးခကိုဖထပ်ယူတဲ့ အတွက် ၂ခါခွဲဝယ်လျင် Processing fees ၂ခါပေးရတာမို့ return ticket နဲ့ ရင်းဂစ် 761.46 ကျတဲ့ လက်မှတ်ကို ခွဲဝယ်တဲ့အခါ 16.59 ရင်းဂစ် ပိုပေးရပြီး 778.41 ရင်းဂစ်ကျသွားပါတယ်။
ဒီလိူအနေအထားမှာတော့ အသွားပြန် တခါတည်းဝယ်ရတာပိုတန်ပါတယ်။
အုပ်စုနဲ့ သွားတဲ့အခါ.
လေကြောင်းလိုင်းတွေက လက်မှတ်ရောင်းတဲ့အခါ ခရီးတခု ကလပ်စ်တခုထဲမှာ ဈေး သုံးလေးမျိုးခွဲရောင်းပါတယ်. ဈေးပေါတဲ့ လက်မှတ်ကတော့ အရေအတွက် အကန့်သတ်နဲ့ပဲပါပါတယ်။ကိုယ်ကတယောက်တည်းအတွက် ဈေးကိုကြည့်လျင် ဈေးပေါတဲ့လက်မှတ်ရနိုင်ပေမယ် ့ လေးငါးယောက်စာတခါတည်းရှာလျင်တော့ အနည်းဆုံးဈေးနဲ့ လက်မှတ်က အားလုံးအတွက်မလောက်တဲ့ အခါ အားလုံး အတူတူရမယ့်ဈေးကိုပဲပြပါတယ်။ အဲဒီအခါ အားလုံး ဈေးပိုပေးရပါတော့တယ်။
ဥပမာကွာလာလမ်ပွာကထိုင်ပေသွားတဲ့လက်မှတ် ခရီးချင်းအတူတူကို တယောက်အတွက်ရှာတော့ 334.00 ရင် ဂစ်လို့ပြပြီး လေးယောက်စာရှာတဲ့အခါ တယောက်ကို 594.00 ရင်းဂစ် ဖြစ်သွားပါတယ်။
တယောက်ကို ရင်းဂစ် ၂၆၀ နဲ့လေးယောက်စာ ရင်းဂစ် ၁၀၄၀ ပိုပေးရတော့မှာပါ။
အဲဒီမှာ လေးယောက်စာဈေး အပေါ်မှာ အနည်းဆုံး 334.00 လို့ပြနေလို့ အဲဒီ 334.00 ဈေးနဲ့လက်မှတ် နည်းနည်းရှိနေတာသိနိုင်ပါတယ်။
ဒီတော့တယောက် စာ အရင် ရှာပါ 334.00 ရလျက် တယောက်ထပ်တိုးပြီးကြည့်ပါ။
ဒီလိုနဲ့ 334.00 နဲ့ ၂ ယောက်ရရ သုံးယောက်ရရ အရင်ဝယ်ပါ။ ပြီးမှကျန်တဲ့သူကို ဝယ်လျင် 594.00 ပေးရပေမယ့် ၂ ယောက် 334.00 ရ လျင် 520 သက်သာသွားပါပြီ. ခုံအတူမရမှာစိုးလို့ခုံနေရာဝယ်သည့်တိုင် သက်သာတဲ့ 520 နဲ့ ယှဉ်လို့မရပါ။
ဒါကြောင့် ဈေးအနည်းဆုံးလက်မှတ်ကျန်နေပါလျက် အုပ်စုလိုက်ဝယ်လို့အားလုံးအတွက် ဈေးကများနေလျင် လူခွဲဝယ်ကြည့်ပါ။ သက်သာတဲ့ ဈေးနဲ့ တယောက်စာ ၂ ယောက်စာရနိုင်ပါတယ်။
ဖိုးသုည
24-01-2020
No comments:
Post a Comment