Tuesday, January 28, 2020

ဘီဘီစီကဖွင့်ချလိုက်တဲ့ ဝူဟန်းဗိုင်းရပ်စ် ကောလဟလများ


ဘီဘီစီကဖွင့်ချလိုက်တဲ့ ဝူဟန်းဗိုင်းရပ်စ် ကောလဟလများ

ဝူဟန်းဗိုင်းရပ်နဲ့ ပတ်သက်တဲ့ကောလဟလငါးခုကို ဘီဘီစီ စုစည်းတင်ပြထားပါတယ်။
(၁) လင်းနို့စွပ်ပြုတ်
(၂) ဘီလ်ဂိတ်ဖေါင်ဒေးရှင်းရဲ့ ကြိုတင်ကြံစည်မှု
(၃) တရုပ်ရဲ့ ဇီဝလက်စီမံကိန်းကထွက်လာနဲ့ ဗိုင်းရပ်စ်
(၄) ကနေဒါသုတေသနဓါတ်ခွဲခန်းကဗိုင်းရပ်စ်
( ၅) ဝူဟန်းက သူနာပြုပြောတယ်ဆိုတဲ့ ဗွီဒီယို

၁။ Bat soup videos လင်းနို့စွပ်ပြုတ်

င်တာနက်မှာပြန့်နေတဲ့ တရုပ်အမျိုးသမီးတယောက်ဝူဟန်းမှာ လင်းနို့စွပ်ပြုတ်သောက်ပြတယ်ဆိုတဲ့ ဗီဒီယိုဟာ တကယ်တော့  ၂၀၁၆ တုန်းက ခရီးသွားဘလော်ဂါ Wang Mengyun ပစ္စဖိတ်ကျွန်း ပုလောင် မှာဒေသခံတွေရဲ့ ဓလေ့ကို တင်ပြဖို့ရိုက်ခဲ့တာဖြစ်ပြီး ၂၀၁၇ မှာအင်တာနက်တင်ခဲ့တာပါ။ ဝူဟန်းနဲ့ လုံးဝမပတ်သက်ပါ။
ခုသူမဗွီဒီယိုကိုဝူဟန်တဲ့တွဲပြီး ပြန်ပေါ်လာကာ တရုပ်တွေ အစားပက်စက်လို့ အခုရောဂါဖြစ်တာဆိုတဲ့ ဝေဘန်မှုတွေပေါ်ထွက်လာပြီး သူမဗွီဒီယိုကြောင့်အဲလိုဖြစ်ရလို့ သူမကတောင်းပန်ထားပါတယ်။
https://www.scmp.com/news/china/society/article/3047683/sorry-about-tasty-bat-chinese-online-host-apologises-travel-show

. Outbreak 'planned' ဝူဟန်ဗိုင်းရပ်ပြန့်တာ ကြိုတင်ကြံစည်မှု

ယူတျုဘာ Jordan Sathe ကတွိတာမှာ ၂၀၁၅ က Pirbright Institute in Surrey ကတင်ထားတဲ့ အားနည်းနဲ့ ကိုရိုနာဗိုင်းရပ်ကို မွေးပြီးကာကွယ်ဆေးထုတ်ဖို့မူပိုင်ခွင့်ကို တင်ပြပြီး အဲဒီကုမ္ပဏီကို ဘီလ်ဂိတ်တို့ကထောက်ပံ့ထားတာဖြစ်တယ်၊  သူတို့ ရဲ့ကာကွယ်ဆေးထုတ်ဖို့ လုပ်ငန်းကို ရံပုံငွေတွေအများကြီးဝင်လာအောင် ဒီရောဂါကို ပြန့်ပွားအောင်တမင်ဖြန့်ခဲ့တာလို့စွပ်ဆွဲပါတယ်။
တကယ်တော့ သူတို့ရဲ့မူပိုင်ခွင့်မှာ ပါတဲံ့ဗိုင်းရပ်က ကြက်ငှက်လေပြွန်ရောင်ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်မျိုးသာဖြစ်ပြီးလူကိုကူးတဲ့ ပိုးနဲ့ မဆိုင်ဘူးဆိုပါတယ်။  Pirbright Institute ပြောရေးဆိုခွင့်ရှိသူ Teresa Maughan  က စွပ်ဆွဲချက်ကို ငြင်းပယ်ခဲ့ပြီးသူတို့ကာကွယ်ဆေးထုတ်သုတေသနဲ့ ဘီဂိတ်ဖေါင်ဒေးရှင်းကြားဘာမှ ပတ်သက်မှုမရှိဘူးဆိုပါတယ်။
https://www.buzzfeednews.com/article/ryanhatesthis/qanon-supporters-and-anti-vaxxers-are-spreading-a-hoax-that

၃. 'Bioweapon' conspiracies (တရုပ်ဇီဝလက်နက်သုတေသနကပိုး)

ကမ္ဘာအနှံ့အကြီးအကျယ်ရှဲကြတဲ့ ဒီဇာတ်လမ်းအားလုံးက  Washington Times သတင်းစာဆောင်းပါး ၂ခုကိုသာကိုးကားထားကြတာဖြစ်ပါတယ်။
အဲဒီဆောင်းပါးရှင်က အစ္စရေးစစ်ထောက်လှမ်းရေးအရာရှိဟောင်းထံကသတင်းလို့ဆိုပေမယ့် တကယ်ခိုင်ခိုင်မာမာပြနိုင်တဲ့ အထောက်အထားကတခုမှမပါဘူးဆိုပါတယ်။ အစ္စရေးဖက်ကလည်းအဲဒီလိုပေါက်ကြားတဲ့ သတင်းနဲ့ အထောက်အထားလုံးဝမရှိဘူးလို့ ငြင်းထားပါတယ်။
အဲဒီသတင်းကို ဆိုရှယ်မီဒီယာအကောင့်ရာပေါင်းများစွာကနေ လူသန်းပေါင်းများစွာထံပြန့်ပြီးသွားပါပြီ။
ခါ ပြီးခဲ့တဲ့ အပတ်က The Daily Star  သတင်းစာကလည်း ဝူဟန်မြို့မှာ လျှို့ဝှက် သုတေသနစမ်းသပ်ခန်းရှိပြီး အဲဒီကနေ ဗိုင်ရပ်စ်လွတ်ထွက်လာပါတယ်ဆိုပြီးရေးခဲ့ပေမယ့်နောက်ပိုင်းမှာ သူတို့ရဲ့ စာမျက်နှာမှာ အဲဒီသတင်းအတွက် အထောက်အထားတော့ ဘာမှမရှိပါဘူးလို့ပြင်ထားတယ်ဆိုပါတယ်။
တရားဝင် သုတေသနတွေ့ရှိချက်တွေအရ အခုပြန့်နေတဲ့ ဗိုင်းရပ်စ်ဟာ ဝူဟန်း တောရိုင်းတိရိစ္ဆာန်ဈေးက ပြန့်တာလို့တွေ့ရှိထားတာပါ။
အထက်ပါ ဆောင်းပါး၂ပုဒ်အကြောင်း ဘီဘီစီက ဝါရှင်တန် တိုင်မ်းကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

၄. 'Spy team' ( ကနေဒါဓါတ်ခွဲခန်းဇာတ်လမ်း)

မနှစ်က ကနေဒါ Canada's National Microbiology Laboratory က သုတေသနပေါ်လစီ ချိုးဖေါက်တယ်ဆိုပြီးသံယရှိလို့ အလုပ်ထုတ်ခံရတဲ့ Virologist Dr Xiangguo Qiu နဲ့ ကျောင်းသားတွေ အကြောင်း စီဘီအက်စ် သတင်းကိုကိုးကားပြီး အဲဒီ ဗိုင်းရပ်ကျွမ်းကျင်သူနဲ့ အဖွဲ့က ခိုးသွားတဲ့ဗိုင်းရပ်စ် ဝူဟန် Wuhan National Biosafety Laboratory of the Chinese Academy of Sciences  မှာ ပြန်မွေးထားရာကနေ လွတ်သွားတယ်လို့  ထွက်လာတဲ့ သတင်းတွိတာမှာ အကြိမ်တသောင်း နှစ်ထောင်ကျော် ပြန်ရှဲကြပါတယ်။ နောက်သတင်းတခုက အဲဒီစပိုင်  တွေ Wuhan National Biosafety Laboratory of the Chinese Academy of Sciences ကို တနှစ် နှစ်ကြိမ် နှစ်နှစ် ဆက်တိုက်သွားခဲ့ကြတယ်လို့ဆိုပါတယ်။
အဲဒီသတင်းတွေအားလုံးမှာ အထောက်အထားတစုံတရာပြစရာမရှိဘူးဆိုပါတယ်။ သူတို့ကိုးကားတယ် ဆိုတဲ့ စီဘီအက်သတင်းကလည်း သူလျှိုလုပ်မှူ၊ ကိုရိုနာဗိုင်းရပ်စ် တို့နဲ့ ဆက်စပ်မှူတစုံတရာမပါဘူးဆိုပါတယ်။ 
သူတို့ကိစ္စက လူထုအတွက် ဘာာမှ အန္တရာယ်မရှိဘူးလို့ ထုတ်ပြန်ခဲ့သလို ဖမ်းဆီးမှူတွေလည်း မလုပ်ခဲ့ပါ။ . ( "Based on information received to date, the RCMP has assessed that there is no threat to public safety at this time," Robert Cyrenne said in an email to CBC News on Thursday. 

၅. 'Wuhan nurse video' ဝူဟန်းက သူနာပြုဆိုသူရဲ့ ဗွီဒီယို

 အစိုးရကသတင်းကိုဖုံးထားတာ၊ လူတွေ အများကြီးကူးစက်ခံရပြီးသေနေပြီဆိုတဲ့ ဝူဟန်းက သူနာပြုဆိုသူရဲ့ ဗွီဒီယို တခု ဆိုရှယ် မီဒီယာမှာထွက်ပေါ်ခဲ့ပြီး အများအပြားရှဲကြပါတယ်။ ကြည့်သူသန်းနဲ့ချီခဲ့ပါတယ်။
ကိုးရီးယားတယောက်ကတင်တဲ့ ဗွီဒီယိုထဲ အင်္ဂလိပ်လိုစာတန်းထိုးရာမှာ သူမဟာ ဝူဟန်းက ဆေးရုံတခုက သူနာပြုတယောက်လို့ဆိုပေမယ့် ဗွီဒီယိုထဲမှာတော့ သူမကသူနာပြုလားဆရာဝန်လားဆိုတာဘာမှပြောမထားပါဘူး။ ဗွီဒီယိုထဲမှာ သူမဘယ်သူဘယ်ဝါလို့မပြောတဲ့ အမျိုးသမီးက ဝတ်ထားနဲ့ နှာခေါင်းစည်းနဲ့ ရောဂါပိုးကာကွယ်ရေး ဝတ်စုံတွေက ဝူဟန်းနဲ့ ဟးဘေးပြည်နယ် ကျန်းမာရေးဌာနတွေမှာသုံးတဲ့ ပစ္စည်းမျိုးတွေမဟုတ်ပါဘူးတဲ့ ။
ဟူဘေးမှာ မြို့အတော်များများကို ပိတ်ဆို့ထားလို့ ဘယ်မှာ ရိုက်ထားတဲ့ ဗွီဒီယိုဆိုတာ စိစစ်ဖို့ခက်ပေမယ်ံ ဗွီဒီယိုထဲမှာ သူမရဲ့ ရှေ့နောက်မညီတဲ့ပြောဆိုမှူတွေက သူမဟာ သူနာပြုတို့ ဆေးမှုးတို့လိုကျန်းမာရေး ပညာသင်ထားသူမဖြစ်နိုင်ဘူးဆိုပါတယ်။ သူမက တရုပ်ပြည်မှာရောဂါကူးထံရသူ ကိုးသောင်းကျော်နေပြီး ( တရားဝင် ( ၄၅၀၀ ကျော်ရှိချိန်က) ပိုးက ဆင့်ကဲပြောင်းလဲလို့ လူနာတယောက်ကနေ နောက် လူ ၁၄ ယောက်ကိုကူးနိုင်တယ်လို့ပြောခဲ့တာပါ။  WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ရောဂါရှိသူတယောက်က နောက်ထက် လူ ၁.၄ ကနေ ၂.၅ ယောက်ကိုဆက်ပြန့်စေနိုင်တဲ့ ဗိုင်းရပ်အရေအတွက်ပဲရှိနိုင်တယ်ဆိုပါတယ်။ သူမဘယ်ဒေသကနေ ရိုက်လွှင့်တဲ့ ဗွီဒီယိုဆိုတာ စိစစ်ဖို့ ခက်ပေမယ့် ဟူဘေးဒေသထဲတနေရာရာကဖြစ်နိုင်ပြီး သူမထင်တာ ကိုသူမ ပြောတာသာဖြစ်တယ်။  သူမက ကျန်းမာရေးဝန်ထမ်းလည်းလုံးဝဟုတ်ပုံမရဘူးလို့ ဆိုပါတယ်။

ကျနော်တို့မြန့်မာ့ဖေ့ဘုတ်မှာလည်း အထက်ပါကောလဟာအားလုံးပြန့်ပြီးလို့ အဆင့်ဆင့်ရှဲကြတာ အဖန်တရာကြေပါပြီ။
စေတနာနဲ့ဆိုပေမယ့် ကိုယ်ရှဲမယ့်သတင်းကို ကိုယ် တတ်နိုင်သလောက်စိစစ်ပြီးမှရှဲကြရင်တော့  ကောလဟလတွေနည်းပြီး မလိုအပ်တဲ့ပူပင်ကြောင့်ကြမှု စွပ်စွဲဝေဘန်လို့ အကုသိုလ်များရတာတွေကိုလျှော့ချနိုင်မှာပါ။

ဖိုးသုည
29-01-2020
မူရင်း

No comments:

Post a Comment