Saturday, February 29, 2020

Facebook မှာရှဲရင် လင့်ပဲပါလာတယ်။ဆိုတဲ့ပြသနာဖြေရှင်းနည်း

Facebook  မှာရှဲရင် လင့်ပဲပါလာတယ် ဆိုတဲ့ပြသနာဖြေရှင်းနည်း။

Facebook  မှာ ပေချ်/ ပို့စ် လင့် Link   တခုခုပါတဲ့ ပို့စ်တွေကိုရှဲတဲ့အခါ အောက်က Share ဆိုတာကိုနှိပ်ပြီး ရှဲလိုက်လျင် မူရင်းပို့စ်ကစာတွေကိုမရှဲမိဘဲ ပို့စ်ထဲကလင့်ပဲပါလာပြီး ရှဲမိသွားတတ်ပါတယ်။



အထူးသဖြင့် လင့်ထဲအကြောင်းမမှန်ကြောင်းရှင်းထားတဲ့ပို့စ်ကိုရှဲကာမှ၊ ရှင်းပြချက်မပါဘဲ မမှန်တဲ့ပိုစ့်ကိုပဲရှဲမိလေတော့ ရှဲရကျိုးမနပ်ဖြစ်ရပါတယ်။ 
အဲဒီတော့ သူတပါးတင်ထားတဲ့ပို့စ်တခုခုကို မူရင်းစာသားတွေပါအောင်ဘယ်လိုရှဲကြမလဲ။

မိုဘိုင်းဖုန်းနဲ့ တက်ဘလက် အိုင်ပက် 

၁။   အလွယ်ဆုံးကတော့ သူရေးထားတာတွေကို ကော်ပီ ပေစ့် Copy and paste  လုပ်တာပါ။ တချို့ကအဲဒီလိုလုပ်လျင် မူရင်းပို့နဲ့ အဆက်အသွယ်ကို မပြလို့ အောက်မှာ Crd   ဆိုပြီးမူရင်းပို့စ်တင်သူကိုရေးပေးပါတယ်။ ကွန်ပြူတာသုံးသူတွေကတော့ မူရင်းပိုစ့်ရဲ့ လင့်ကိုပါကူးထည့်ပေးလိုက်လို့ရပါတယ်။

၂။  Include Original Post

  • ကိုယ်ရှဲမယ့်ပို့စ်ရဲ့အောက်က Share  ကိုနှိပ်ပါ။
  • မက်ဆေ့ရှဲဖို့ အကွက်တခုတက်လာပါတယ်။ 
  • ပေါ်လာတဲ့ ရှဲ မက်ဆေ့အကွက်မှာ ကိုယ်ရေးချင်တာကိုထည့်ရေးပေးလည်းရပါတယ်။ 
  • အဲဒီအကွက်ရဲ့ ညာဘက် အပေါ်ထောင့်မှာ အကြီးချဲ့ဖို့ မျှားအစောင်းကလေး ၂ခုရှိပါတယ်။ အဲဒီမျှားကိုနှိပ်ပါ။ 
  • မက်ဆေ့ရှဲတဲ့အကွက်က ဖုန်းမျက်နှာပြင်အပြည့်ပေါ်လာပါမယ်။ 
  • အဲဒီတော့မှ ကိုယ်ရှဲမယ့်လင့်ကိုမြင်ရသလို အဲဒီလင့်ရဲ့ ညာဘက် အပေါ်မှာ အစက်ကလေးသုံးစက်ကိုမြင်ရပါတယ်။ ( အိုင်ဖုန်းအိုင်ပက်တွေမှာတော့ အစက် သုံးစက် အစား အောက်စိုက်မျှားခေါင်းကလေးပြပါတယ်) 
  • အဲဒီအစက်သုံးစက် (သို့) အောက်စိုက်မျှားခေါင်ကို နှိပ်လိုက်လျင်တော့ " Include Original Post " လား " Share link only " လားဆိုတာရွေးဖို့ပြပေးပါတယ်။ 
  • " Include Original Post " ကိုရွေးပေးပါ။ 



ဒါဆိုလျင်တော့ သင်ရှဲလိုက်တဲ့ပို့စ်မှာ မူရင်းပို့စ်ကစာသားတွေနဲ့ အတူ လင့်ပါပါသွားပါလိမ့်မယ်။

ကွန်ပြူတာ 

၃။ ကွန်ပြူတာ  တွေမှာ တော့အဲလောက်အလုပ်မရှုပ်ပါ။

  • Share now သို့မဟုတ် Share ,  Share to your story now, Share as Message, Share in a  group, Share on a friends's timeline, Share to a page ဆိုပြီးလုပ်လျင်တော့  လင့်ပဲပါသွားပါတယ်။  
  • Share now သို့မဟုတ်  Share to your story now ကလွဲပြီး ကျန်တာတခုခုကိုရွေးလျင်  Share လုပ်ဖို့ window  ကျလာပါတယ်။
  • အဲဒီမှာ လင့်နဲ့ပရီဗျူး link preview ပဲပါလာပါတယ်။ 
  • အဲဒီလင့်ပေါ်ဘယ်ဖက်မှာ "Include Original Post " ဆိုတာကလေးနဲ့ အကွက်သေးသေးကလေးရှိပါတယ်။ 
  • အဲဒီအကွက်ထဲကို ကလစ်နှိပ်ပေးလို့ အမှန်ခြစ်လိုက်လျင်တော့ မူရင်းပို့စ်ပါ ပါလာတာကိုတွေ့ရပါလိမ့်မယ်၊။ 
  • ဒါဆိုလျင် ကိုယ်ရှဲတဲ့ ထဲမှာ ကိုယ်ရေးချင်တဲ့ စာ၊ မူရင်းပိုစ့်ကစာသားနဲ့ လင့်ပါအကုန်ပါလာမှာဖြစ်ပါတယ်။ 



ဖိုးသုည
1-3-2020

No comments:

Post a Comment