စောစောရှာ app ကိုဘယ်လိုသုံးမလဲ
အပြင်ထွက်တဲ့အခါ ကိုယ့်အနီးအနားမှာ COVID-19 ရောဂါဖြစ်ပွားသူရှိမရှိ သိရှိနိုင်
အောင် ကြည့်ပေးမယ့်
စောစောရှာဆိုတဲ့ app ကလေးကို မြန်မာ့ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနနဲ့ MCF တိုပူးပေါင်းထုတ်လိုက်ပါပြီ။
လောလောဆယ်မှာတော့ အန်းဒွိုက်ဗားရှင်းသာတွေ့ရပြီး ဒီလင့်https://www.sawsawshar.gov.mm/#/sawsawshar ကနေဒေါင်းလို့ရပါတယ်။
ဘာလုပ်လို့ရတယ်၊ ဘာတွေ အသုံးတည့်တယ်ဆိုတာတွေကို ရှင်းပြထားတာကို ရှာလို့မတွေ့ပါ။
စမ်းကြည့်လို့ရသလောက် ရေးပေးပါမယ်
အသုံးဝင်ပုံ
(၁) Quarantine (သို့) surveillance လုပ်ခံထားရသူတွေရဲ့ ကျန်းမာရေးနဲ့တည်ရှိတဲ့နေရာကို
တနေ့နှစ်ခါ သတင်းပို့ရန်သုံးဖို့။
(၂) အများစုက အိမ်ပြင်ထွက်တိုင်း မိမိကျန်းမာရေး အခြေအနေကို
သတင်းပို့ပြီး ထွက်လျင် ကိုယ့်အနီးအနားမှာ COVID-19 ရောဂါဖြစ်ပွားသူရှိမရှိ သိရှိနိုင်။
(၃) app သုံးနေသူတဦးမှာ covid -10 ဗိုင်းရပ်စ်တွေ့လျင် သူသွားခဲ့တဲ့
ခရီးရာဇဝင်နဲ့အနီးကပ်ရှိခဲ့ဖူးသူတွေကို အလွယ်တကူရှိဖွေ သတိပေး စစ်ဆေးနိုင်။
(၄) ရောဂါပိုးရှိ သူလို့သံသယရှိသူနဲ့ အနီးကပ်ရှိဖူးကြောင်းသိရှိပါက
သတင်းပို့ရန် ဖုန်းနံပတ်များပါရှိ။
ဘယ်လိုသုံးမလဲ
အန်းဒွိုက်ဗားရှင်းသာတွေ့ရပြီး https://www.sawsawshar.gov.mm/#/sawsawshar ဒီလင့်ကနေဒေါင်းလို့ရပါတယ်။ နောက်ဆုံးဗားရှင်း (22-4-20)
က Version: 1.1.40 ပါ။
ပထမဆုံး App ကို Download လုပ်ပြီးလျင် install လုပ်ရပါမယ်။ (ပုံ ၁)
တခါ မိမိဖုန်းရဲ့တည်နေရာ Location
ဖုန်းကင်မ--ရာနဲ့ Photo တွေကိုသုံးလို့ရအောင် ပါမစ်ရှင်ပေးဖို့မေးပါမယ်။
Allow လုပ်ပေးပါ။ (ပုံ ၂)
App ကိုဖွင့်ပြီး
သူသတ်မှတ်ထားတဲ့ Terms and conditions တွေကို
လက်ခံပေးရပါမယ်။ ပြီးလျင် ဘယ်ဖက်အပေါ်ထောင့်က အစင်းသုံးခုကိုနှိပ်ပါ။
စိစစ်ခြင်း (Verify)
(မြေပုံ) Map
(သတင်းပို့) Report
ဆိုတဲ့ မီနျူးသုံးခုပေါ်လာပါတယ်၊ (ပုံ ၃)
စိစစ်ခြင်း (Verify)
စိစစ်ခြင်း (Verify) ကိုနှိပ်ပြီး မိမိဖုန်းနံပတ်ကိုဖြည့်ပါ (နိုင်ငံသင်္ကေတ
+95 ထည့်စရာမလိုပါ၊ ၀၉ ကနေစထည့်ပါ) ပြီးလျင် Next ကိုနှိပ်ပါ၊
တခါသုံးစကားဝှက်ကို SMS နဲ့ပို့ပေးပါမယ်၊
အဲဒီနံပတ်ကို ဖြည့်ပြီး verify လုပ်ပါ၊ ပြီးသွားလျင် “
စိစစ်ခြင်း (Verify)“ စာလုံးမှိန်သွားပြီး အပေါ်က ပရိုဖိုင်းကိုဖြည့်ဖို့
ခဲတံပုံပေါ်လာပါမယ်။
မိမိဖုန်းနံပတ်ကို နိုင်ငံသင်္ကေတ “+95” ခံပြီးပြပါမယ်။
QR code လေးလည်းရပါမယ်။ (ပုံ ၄)
ပြီးလျက် ဘယ်ဖက်အပေါ်က လူပုံဘေးကခဲတံကိုနှိပ်ပြီး မိမိ အကြောင်း အချက်အလက်များကို
ဖြည့်သွင်းကာ တိုင်း၊
ခရိုင်၊ မြို့နယ်အမည်များကို ညာဘက်က အောက်စိုက်မျှားကိုနှိပ်ပြီးရွေးပါ။ ပြီးလျင် အောက်မှာရှိတဲ့ “ ပြင်ဆင်မည်” ဆိုတဲ့ခလုပ်ကိုနှိပ်ပါ။ ဖြည့်တာမှားလည်းပြန်ပြင်လို့ရပါတယ်။ (ပုံ ၅)
ဒါဆို မိမိဖုန်းနံပတ်နဲ့ ပရိုဖိုင်းထည့်တာပြီးပါပြီ။
(မြေပုံ) Map
ကတော့ မိမိရဲ့တည်နေရာကို မြေပုံမှာပြတာဖြစ်ပြီး အနားမှာ
ဗိုင်းရပ်စ်ရှိနိုင်သူရှိလျင် ပြမယ်လို့ယူဆရပါတယ်။ မိမိသွားခဲ့တဲ့ လမ်းကြောင်းကိုလည်း GPS နဲ့ အလိုလျောက် မှတ်ထားပြီး မြေပုံမှာပြပါတယ်။
(ပုံ ၆ နဲ့ ၇)
(သတင်းပို့) Report (ပုံ ၈)
ဆိုတာကတော့ မိမိကျန်းမာရေးအခြေအနေကို ဖြည့်ပြီး သတင်းပို့ဖို့ပါ။ မိမိအခြေအနေဘေးမှအကွက်ကိုနှိပ်ပြီး
အမှန်ခြစ်ပေးပါ။ ပြီးလျင်အောက်က "အတည်ပြုပါ (submit) " ကိုနှိပ်ပါ။
Quarantine (သို့) surveillance လုပ်ခံထားရသူတွေ ကတော့ တနေ့နှစ်ခါ မဖြစ်မနေ
သတင်းပို့ရမှာဖြစ်ပေမယ့် သာမန်ပြည်သူတွေလည်း အပြင်မထွက်ခင်
မိမိကျန်းမာရေးအခြေအနေကိုဖြည့်ပြီး သတင်းပို့ထားခြင်းဖြင့် ကျန်းမာရေးဌာနနဲ့
အခြားသူများကိုလည်း ကူညီရာရောက်ပါတယ်။
App က background မှာ အလုပ်လုပ်နေချိန်မှာ တနေရာကနေ တနေရာကို
ရွေ့လျားသွားတာရှိလျင် နိုတီဖီကေးရှင်းအနေနဲ့ပြပါတယ်။
App ကိုဖွင့် လိုက်တဲ့အခါ ပင်မစာမျက်နှာ ဘယ်ဘက်အောက်မှာ အချိန်ကာလတခုအတွင်း
နေရာဘယ်နှစ်ခုကိုသွားထားတယ်၊ ဘယ်မှမသွားဘူးဆိုတာကို “ 1 Location “ (သို့) “ No movement” ဆိုပြီးပြပါတယ်။
အဲဒီဘားရဲ့အပေါ်နားမှာတော့
ဘယ်အချိန်ထိ ကိုဗစ်ကူးစက်ခံထားရသူနဲ့ အနီးကပ်ထိတွေ့မှုရှိတယ်၊
မရှိဘူးဆိုတာကိုပြပါတယ်။ ရက်စွဲကို တော့ လ၊ ရက်၊ ခုနှစ် ဆိုတဲ့ အစီစဉ်နဲ့ပြပါတယ်။ (ပုံ ၉)
ညာဘက်ကစာမျက်နှာကတော့ မိမိရောက်ခဲ့တဲ့နေရာတွေကို ပြတာပါ။ GPS ကိုအောဒိနိတ် လောင်ဂျီတျူဒ် လတ္တီတျုဒ်တို့နဲ့ပြပါတယ်။
APP ကအလိုလျောက် နေရာကို
မှတ်သားပေးတာရှိသလို မိမိဘာသာ GPS Check In ဆိုတဲ့ခလုပ်ကိုနှိပ်ပြီး မှတ်သားလို့လည်းရပါတယ်။
QR Check In ဆိုတာကတော့ Quarantine နဲ့ surveillance လုပ်ထားသူတွေအတွက် သတ်မှတ်နေရာကို QR Code ပေးထားပြီး Check In လုပ်ဖို့ scan လုပ်ရမယ်ထင်ပါတယ်။
နေရာတခုချင်းစီဘေးကမျှားကို နှိပ်ပြီး အဲဒီနေရာနဲ့
ပတ်သက်တဲ့အချက်အလက်တွေ ဖြည့်ပေးလို့ရပါတယ်။ ဥပမာ “ အိမ်” “ ရုံး” “ ဆိုင်”
စသည်ဖြင့်မှတ်ထားလို့ရပါတယ်။ (ပုံ ၁၀)
မိမိ ရောက်နေတဲ့နေရာကို ကျန်းမာရေးဌာနကို သတင်းပို့ချင်လျင်ဖြစ်စေ၊ အကြောင်းကြောင်းကြောင့် ကျန်းမာရေးဌာနကို ဆက်သွယ်သတင်းပို့ချင်လျင် (ဥပမာ ဗိုင်းရပ်စ်ကူးစက်ခံထားရသူနဲ့
အနီးကပ်ရှိခဲ့လို့ (သို့) အနီးကပ်ရှိခဲ့သူတဦးအကြောင်) ညာဘက် အထက်ထောင့်ကအစက်သုံးခုကိုနှိပ်ပါ။ ဆက်သွယ်ရန် ( contact) ကိုနှိပ်ပြီး ဖုန်းနံပတ်ကိုရှာလို့ရပါတယ်။
Quarantine နဲ့ surveillance လုပ်ထားသူတွေအတွက်
အိမ်မှာပဲရှိနေကြောင်းသတင်းပို့မယ်ဆိုလျင် ပထမဆုံး မိမိတည်နေရာကိုပြတဲ့စာရင်းမှာ
အိမ်နေရာဟုတ်မဟုတ် အရင်စစ်ပါ၊။ ဒီနေရာမှာ အိမ်ရဲ့ တည်နေရာကိုအမည်ပေးထားလျင်
သိဖို့လွယ်ပြီး လောင်ဂျီတျူဒ် လတ္တီတျုဒ်တို့နဲ့ပြနေလျင် နေရာမှန် မမှန်မသေချာ ပါက
GPS Check In ဆိုတဲ့ခလုပ်ကိုနှိပ်ပြီး တည်နေရာ
အသစ်ကိုပြပြီးတော့မှ သတင်းပို့ပါ။
Terms and conditions
ကတော့ဒီ app ကိုရေးစွဲသူနဲ့ သုံးစွဲသူတွေအကြားထားရှိတဲ့ သဘောတူညီချက်တွေပါ။About
ကတော့ app အကြောင်းပါ။ ဗားရှင်းနဲ့ ပူးပေါင်းထုတ်လုပ်တဲ့
အဖွဲ့အစည်းတွေရဲ့တံဆိပ်တွေပါပါတယ်။ (ပုံ ၁၁)
သတိပြုရန်
၁။ မိမိတည်နေရာကို ပိုတိတိကျကျရနိုင်ရန် Location မှာ GPS ကိုဖွင့်ထားရပါတယ်။
၂။ APP ကိုပိတ်ဖို့ Android ဖုန်းတွေမှာ Back ကို ၂ ခါနှိပ်ရပါတယ်။
၃။ APP ကိုလုံးဝ ပိတ်တာမဟုတ်လျင် နောက်ကွယ်မှာ ဆက်ပြီးအလုပ်လုပ်နေပါတယ်ရွေ့ရှားမှုရှိလျင်
တမိနစ်တခါလောက် တည်နေရာကိုသတင်းပို့ပါတယ်။
၄။ GPS သုံးလို့
ဘက်ထရီစားပါတယ်။ အိမ် အတွင်း၊ အဆောက်အဦအတွင်းမှာ နေလျင် GPS signal မကောင်းလို့ ဘက်ထရီပိုစားပါတယ်။ ကောင်းတာကတော့
အိမ်ထဲ ၊ အဆောက်အဦထဲမှာနေလျင် သတ်မှတ်ထားတဲ့အချိန်တွေမှာ သတင်းပို့ပြီးတာနဲ့ APP နဲ့ GPS ကိုပြန်ပိတ်ပါ။
အပြင်ထွက်လျင်တော့ APP ကို background မှာ run နေခိုင်းတာပိုအသုံးတည့်ပါတယ်။
ဒါမှ ကိုယ့်အနားမှာ ဗိုင်းရပ်စ်ကူးခရံရ သူရှိလျင် သိနိုင်မှာပါ။
သုံးစွဲသူတွေ များမှ ပိုအသုံးတည့်လို့ မိမိကိုလည်းကာကွယ်ရင်း သူတပါးကိုလည်း ကူညီပြီးသားဖြစ်သွားအောင်
လူတိုင်းသုံးသင့်သလို အိမ်ပြင်ထွက်ကာနီး App ကိုဖွင့်ပြီး ကျန်းမာရေးအခြေအနေကို တခါတည်း သတင်းပို့ပေးပြီးမှထွက်တာ ကောင်းမယ်လို့ယူဆကြောင်းပါ။
ဖိုးသုည
22-04-2020
https://share-knwge.blogspot.com/2020/04/app.html
(Zawgyi)
ေစာေစာရွာ app ကိုဘယ္လိုသုံးမလဲ
အျပင္ထြက္တဲ့အခါ ကိုယ့္အနီးအနားမွာ COVID-19 ေရာဂါျဖစ္ပြားသူရွိမရွိ သိရွိႏိုင္ ေအာင္ ၾကည့္ေပးမယ့္ ေစာေစာရွာဆိုတဲ့ app ကေလးကို ျမန္မာ့က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနနဲ႔ MCF တိုပူးေပါင္းထုတ္လိုက္ပါၿပီ။
ေလာေလာဆယ္မွာေတာ့ အန္းဒြိဳက္ဗားရွင္းသာေတြ႕ရၿပီး ဒီလင့္https://www.sawsawshar.gov.mm/#/sawsawshar ကေနေဒါင္းလို႔ရပါတယ္။
ဘာလုပ္လို႔ရတယ္၊ ဘာေတြ အသုံးတည့္တယ္ဆိုတာေတြကို ရွင္းျပထားတာကို ရွာလို႔မေတြ႕ပါ။
စမ္းၾကည့္လို႔ရသေလာက္ ေရးေပးပါမယ္
အသုံးဝင္ပုံ
(၁) Quarantine (သို႔) surveillance လုပ္ခံထားရသူေတြရဲ႕ က်န္းမာေရးနဲ႔တည္ရွိတဲ့ေနရာကို တေန႔ႏွစ္ခါ သတင္းပို႔ရန္သုံးဖို႔။(၂) အမ်ားစုက အိမ္ျပင္ထြက္တိုင္း မိမိက်န္းမာေရး အေျခအေနကို သတင္းပို႔ၿပီး ထြက္လ်င္ ကိုယ့္အနီးအနားမွာ COVID-19 ေရာဂါျဖစ္ပြားသူရွိမရွိ သိရွိႏိုင္။
(၃) app သုံးေနသူတဦးမွာ covid -10 ဗိုင္းရပ္စ္ေတြ႕လ်င္ သူသြားခဲ့တဲ့ ခရီးရာဇဝင္နဲ႔အနီးကပ္ရွိခဲ့ဖူးသူေတြကို အလြယ္တကူရွိေဖြ သတိေပး စစ္ေဆးႏိုင္။
(၄) ေရာဂါပိုးရွိ သူလို႔သံသယရွိသူနဲ႔ အနီးကပ္ရွိဖူးေၾကာင္းသိရွိပါက သတင္းပို႔ရန္ ဖုန္းနံပတ္မ်ားပါရွိ။
ဘယ္လိုသုံးမလဲ
အန္းဒြိဳက္ဗားရွင္းသာေတြ႕ရၿပီး https://www.sawsawshar.gov.mm/#/sawsawshar ဒီလင့္ကေနေဒါင္းလို႔ရပါတယ္။ ေနာက္ဆုံးဗားရွင္း (22-4-20) က Version: 1.1.40 ပါ။ပထမဆုံး App ကို Download လုပ္ၿပီးလ်င္ install လုပ္ရပါမယ္။ (ပုံ ၁)
တခါ မိမိဖုန္းရဲ႕တည္ေနရာ Location ဖုန္းကင္မ--ရာနဲ႔ Photo ေတြကိုသုံးလို႔ရေအာင္ ပါမစ္ရွင္ေပးဖို႔ေမးပါမယ္။ Allow လုပ္ေပးပါ။ (ပုံ ၂)
App ကိုဖြင့္ၿပီး သူသတ္မွတ္ထားတဲ့ Terms and conditions ေတြကို လက္ခံေပးရပါမယ္။ ၿပီးလ်င္ ဘယ္ဖက္အေပၚေထာင့္က အစင္းသုံးခုကိုႏွိပ္ပါ။
စိစစ္ျခင္း (Verify)
(ေျမပုံ) Map
(သတင္းပို႔) Report
ဆိုတဲ့ မီန်ဴးသုံးခုေပၚလာပါတယ္၊ (ပုံ ၃)
စိစစ္ျခင္း (Verify)
စိစစ္ျခင္း (Verify) ကိုႏွိပ္ၿပီး မိမိဖုန္းနံပတ္ကိုျဖည့္ပါ (ႏိုင္ငံသေကၤတ +95 ထည့္စရာမလိုပါ၊ ၀၉ ကေနစထည့္ပါ) ၿပီးလ်င္ Next ကိုႏွိပ္ပါ၊တခါသုံးစကားဝွက္ကို SMS နဲ႔ပို႔ေပးပါမယ္၊
အဲဒီနံပတ္ကို ျဖည့္ၿပီး verify လုပ္ပါ၊ ၿပီးသြားလ်င္ “ စိစစ္ျခင္း (Verify)“ စာလုံးမွိန္သြားၿပီး အေပၚက ပ႐ိုဖိုင္းကိုျဖည့္ဖို႔ ခဲတံပုံေပၚလာပါမယ္။
မိမိဖုန္းနံပတ္ကို ႏိုင္ငံသေကၤတ “+95” ခံၿပီးျပပါမယ္။
QR code ေလးလည္းရပါမယ္။ (ပုံ ၄)
ၿပီးလ်က္ ဘယ္ဖက္အေပၚက လူပုံေဘးကခဲတံကိုႏွိပ္ၿပီး မိမိ အေၾကာင္း အခ်က္အလက္မ်ားကို ျဖည့္သြင္းကာ တိုင္း၊ ခ႐ိုင္၊ ၿမိဳ႕နယ္အမည္မ်ားကို ညာဘက္က ေအာက္စိုက္မွ်ားကိုႏွိပ္ၿပီးေ႐ြးပါ။ ၿပီးလ်င္ ေအာက္မွာရွိတဲ့ “ ျပင္ဆင္မည္” ဆိုတဲ့ခလုပ္ကိုႏွိပ္ပါ။ ျဖည့္တာမွားလည္းျပန္ျပင္လို႔ရပါတယ္။ (ပုံ ၅)
ဒါဆို မိမိဖုန္းနံပတ္နဲ႔ ပ႐ိုဖိုင္းထည့္တာၿပီးပါၿပီ။
(ေျမပုံ) Map
ကေတာ့ မိမိရဲ႕တည္ေနရာကို ေျမပုံမွာျပတာျဖစ္ၿပီး အနားမွာ ဗိုင္းရပ္စ္ရွိႏိုင္သူရွိလ်င္ ျပမယ္လို႔ယူဆရပါတယ္။ မိမိသြားခဲ့တဲ့ လမ္းေၾကာင္းကိုလည္း GPS နဲ႔ အလိုေလ်ာက္ မွတ္ထားၿပီး ေျမပုံမွာျပပါတယ္။ (ပုံ ၆ နဲ႔ ၇)(သတင္းပို႔) Report (ပုံ ၈)
ဆိုတာကေတာ့ မိမိက်န္းမာေရးအေျခအေနကို ျဖည့္ၿပီး သတင္းပို႔ဖို႔ပါ။ မိမိအေျခအေနေဘးမွအကြက္ကိုႏွိပ္ၿပီး အမွန္ျခစ္ေပးပါ။ ၿပီးလ်င္ေအာက္က "အတည္ျပဳပါ (submit) " ကိုႏွိပ္ပါ။Quarantine (သို႔) surveillance လုပ္ခံထားရသူေတြ ကေတာ့ တေန႔ႏွစ္ခါ မျဖစ္မေန သတင္းပို႔ရမွာျဖစ္ေပမယ့္ သာမန္ျပည္သူေတြလည္း အျပင္မထြက္ခင္ မိမိက်န္းမာေရးအေျခအေနကိုျဖည့္ၿပီး သတင္းပို႔ထားျခင္းျဖင့္ က်န္းမာေရးဌာနနဲ႔ အျခားသူမ်ားကိုလည္း ကူညီရာေရာက္ပါတယ္။
App က background မွာ အလုပ္လုပ္ေနခ်ိန္မွာ တေနရာကေန တေနရာကို ေ႐ြ႕လ်ားသြားတာရွိလ်င္ ႏိုတီဖီေကးရွင္းအေနနဲ႔ျပပါတယ္။
App ကိုဖြင့္ လိုက္တဲ့အခါ ပင္မစာမ်က္ႏွာ ဘယ္ဘက္ေအာက္မွာ အခ်ိန္ကာလတခုအတြင္း ေနရာဘယ္ႏွစ္ခုကိုသြားထားတယ္၊ ဘယ္မွမသြားဘူးဆိုတာကို “ 1 Location “ (သို႔) “ No movement” ဆိုၿပီးျပပါတယ္။
အဲဒီဘားရဲ႕အေပၚနားမွာေတာ့ ဘယ္အခ်ိန္ထိ ကိုဗစ္ကူးစက္ခံထားရသူနဲ႔ အနီးကပ္ထိေတြ႕မႈရွိတယ္၊ မရွိဘူးဆိုတာကိုျပပါတယ္။ ရက္စြဲကို ေတာ့ လ၊ ရက္၊ ခုႏွစ္ ဆိုတဲ့ အစီစဥ္နဲ႔ျပပါတယ္။ (ပုံ ၉)
ညာဘက္ကစာမ်က္ႏွာကေတာ့ မိမိေရာက္ခဲ့တဲ့ေနရာေတြကို ျပတာပါ။ GPS ကိုေအာဒိနိတ္ ေလာင္ဂ်ီတ်ဴဒ္ လတၱီတ်ဳဒ္တို႔နဲ႔ျပပါတယ္။
APP ကအလိုေလ်ာက္ ေနရာကို မွတ္သားေပးတာရွိသလို မိမိဘာသာ GPS Check In ဆိုတဲ့ခလုပ္ကိုႏွိပ္ၿပီး မွတ္သားလို႔လည္းရပါတယ္။
QR Check In ဆိုတာကေတာ့ Quarantine နဲ႔ surveillance လုပ္ထားသူေတြအတြက္ သတ္မွတ္ေနရာကို QR Code ေပးထားၿပီး Check In လုပ္ဖို႔ scan လုပ္ရမယ္ထင္ပါတယ္။
ေနရာတခုခ်င္းစီေဘးကမွ်ားကို ႏွိပ္ၿပီး အဲဒီေနရာနဲ႔ ပတ္သက္တဲ့အခ်က္အလက္ေတြ ျဖည့္ေပးလို႔ရပါတယ္။ ဥပမာ “ အိမ္” “ ႐ုံး” “ ဆိုင္” စသည္ျဖင့္မွတ္ထားလို႔ရပါတယ္။ (ပုံ ၁၀)
မိမိ ေရာက္ေနတဲ့ေနရာကို က်န္းမာေရးဌာနကို သတင္းပို႔ခ်င္လ်င္ျဖစ္ေစ၊ အေၾကာင္းေၾကာင္းေၾကာင့္ က်န္းမာေရးဌာနကို ဆက္သြယ္သတင္းပို႔ခ်င္လ်င္ (ဥပမာ ဗိုင္းရပ္စ္ကူးစက္ခံထားရသူနဲ႔ အနီးကပ္ရွိခဲ့လို႔ (သို႔) အနီးကပ္ရွိခဲ့သူတဦးအေၾကာင္) ညာဘက္ အထက္ေထာင့္ကအစက္သုံးခုကိုႏွိပ္ပါ။ ဆက္သြယ္ရန္ ( contact) ကိုႏွိပ္ၿပီး ဖုန္းနံပတ္ကိုရွာလို႔ရပါတယ္။
Quarantine နဲ႔ surveillance လုပ္ထားသူေတြအတြက္ အိမ္မွာပဲရွိေနေၾကာင္းသတင္းပို႔မယ္ဆိုလ်င္ ပထမဆုံး မိမိတည္ေနရာကိုျပတဲ့စာရင္းမွာ အိမ္ေနရာဟုတ္မဟုတ္ အရင္စစ္ပါ၊။ ဒီေနရာမွာ အိမ္ရဲ႕ တည္ေနရာကိုအမည္ေပးထားလ်င္ သိဖို႔လြယ္ၿပီး ေလာင္ဂ်ီတ်ဴဒ္ လတၱီတ်ဳဒ္တို႔နဲ႔ျပေနလ်င္ ေနရာမွန္ မမွန္မေသခ်ာ ပါက GPS Check In ဆိုတဲ့ခလုပ္ကိုႏွိပ္ၿပီး တည္ေနရာ အသစ္ကိုျပၿပီးေတာ့မွ သတင္းပို႔ပါ။
Terms and conditions
ကေတာ့ဒီ app ကိုေရးစြဲသူနဲ႔ သုံးစြဲသူေတြအၾကားထားရွိတဲ့ သေဘာတူညီခ်က္ေတြပါ။About
ကေတာ့ app အေၾကာင္းပါ။ ဗားရွင္းနဲ႔ ပူးေပါင္းထုတ္လုပ္တဲ့ အဖြဲ႕အစည္းေတြရဲ႕တံဆိပ္ေတြပါပါတယ္။ (ပုံ ၁၁)update ရွိလ်င္ Notification ျပပါတယ္။ (ပုံ ၁၂)
သတိျပဳရန္
၁။ မိမိတည္ေနရာကို ပိုတိတိက်က်ရႏိုင္ရန္ Location မွာ GPS ကိုဖြင့္ထားရပါတယ္။၂။ APP ကိုပိတ္ဖို႔ Android ဖုန္းေတြမွာ Back ကို ၂ ခါႏွိပ္ရပါတယ္။
၃။ APP ကိုလုံးဝ ပိတ္တာမဟုတ္လ်င္ ေနာက္ကြယ္မွာ ဆက္ၿပီးအလုပ္လုပ္ေနပါတယ္ေ႐ြ႕ရွားမႈရွိလ်င္ တမိနစ္တခါေလာက္ တည္ေနရာကိုသတင္းပို႔ပါတယ္။
၄။ GPS သုံးလို႔ ဘက္ထရီစားပါတယ္။ အိမ္ အတြင္း၊ အေဆာက္အဦအတြင္းမွာ ေနလ်င္ GPS signal မေကာင္းလို႔ ဘက္ထရီပိုစားပါတယ္။ ေကာင္းတာကေတာ့ အိမ္ထဲ ၊ အေဆာက္အဦထဲမွာေနလ်င္ သတ္မွတ္ထားတဲ့အခ်ိန္ေတြမွာ သတင္းပို႔ၿပီးတာနဲ႔ APP နဲ႔ GPS ကိုျပန္ပိတ္ပါ။
အျပင္ထြက္လ်င္ေတာ့ APP ကို background မွာ run ေနခိုင္းတာပိုအသုံးတည့္ပါတယ္။ ဒါမွ ကိုယ့္အနားမွာ ဗိုင္းရပ္စ္ကူးခရံရ သူရွိလ်င္ သိႏိုင္မွာပါ။
သုံးစြဲသူေတြ မ်ားမွ ပိုအသုံးတည့္လို႔ မိမိကိုလည္းကာကြယ္ရင္း သူတပါးကိုလည္း ကူညီၿပီးသားျဖစ္သြားေအာင္ လူတိုင္းသုံးသင့္သလို အိမ္ျပင္ထြက္ကာနီး App ကိုဖြင့္ၿပီး က်န္းမာေရးအေျခအေနကို တခါတည္း သတင္းပို႔ေပးၿပီးမွထြက္တာ ေကာင္းမယ္လို႔ယူဆေၾကာင္းပါ။
ဖိုးသုည
22-04-2020
No comments:
Post a Comment