ကုလသမဂ္ဂ၊ လုံခြုံရေးကောင်စီ နဲ့ မြန်မာ့အရေး
ဒုတိယကမ္ဘာစစ်အပြီးမှာ စစ်ကိုမတားဆီးနိုင်ခဲ့တဲ့
နိုင်ငံပေါင်းချုပ်အသင်းကြီး (League of Nations) ကို
အစားထိုးဖို့ ကုလသမဂ္ဂအဖွဲ့ကြီးကိုဖွဲ့ပါတယ်။
အဖွဲ့ဝင်နိုင်ငံ ၅၁ နိုင်ငံနဲ့စပြီး ကုလသမဂ္ဂ ပဋိဉာဉ်စာတမ်း United Nations Charter က ၁၉၄၉ အောက်တိုဘာ ၂၄ ရက်မှာစတင်အသက်ဝင်ပါတယ်။
အဓိက အစိပ်အပိုင်း ၆ခုနဲ့ဖွဲ့ထားပါတယ်။
၁. General Assembly (အထွေထွေညီလာခံ)
၂. Security Council (လုံခြုံရေးကောင်စီ)
၃. The Economic and Social Council ( စီးပွားရေးနှင့် လူမှုရေးကောင်စီ)
၄. Trusteeship Council ( ၁၉၉၄ နိုဝင်ဘာ ၁ ရက်မှစ ရပ်နားထား)
၅. International Court of Justice ( အပြည်ပြည်ဆိုင်ရာတရားရုံး)
၆. Secretariat ( အတွင်းရေးမှုးချုပ်ရုံး)
၁. General Assembly (အထွေထွေညီလာခံ)
အဖွဲ့ဝင်နိုင်ငံတိုင်းတက်ရပါတယ်။
ဖွဲ့စမှာ ၅၁ နိုင်ငံရှိပြီး ၂၀၂၁ခုနှစ် မှာ အဖွဲ့ဝင် ၁၉၃ နိုင်ငံရှိပါတယ်။
ဆုံးဖြတ်ချက်များအတွက် အဖွဲ့ဝင်
နိုင်ငံတိုင်းတူညီတဲ့ မဲတမဲပေးခွင့်ရှိပါတယ်။
ဆုံးဖြတ်ချက်များ အတည်ပြုရန် မဲအားလုံးရဲ့ သုံးပုံ
နှစ်ပုံရှိဖို့လိုအပ်ပါတယ်။ (Article 18)
လုံခြုံရေးကောင်စီက ကိုင်တွယ်ဖြေရှင်းနေသောပြသနာများကို
အဆိုပါကောင်စီက တောင်းဆိုခြင်းမပြုပါက အထွေထွေညီလာခံက ဝင်ရောက်စွက်ဖက်ခြင်းမပြုပါ၊
(Article
12)
ခေါ်ယူတဲ့ ညီလာခံသုံးမျိုးရှိပါတယ်။
၁။ ပုံမှန်ညီလာခံ Regular Sessions
နှစ်စဉ်ခေါ်ယူပြီး စက်တင်ဘာလမှ ဒီဇင်ဘာလ အထိကျင်းပပါတယ်။
ဆွေးနွေးစရာကိစ္စများမပြီးပြတ်ပါကနောက်နှစ် ဇန္နဝါရီလကစပြီးဆက်လက်ဆွေးနွေး
လုပ်ဆောင်ကြပါတယ်။
၇၅ကြိမ်မြောက်ညီလာခံ ၂၀၂၀ခုနှစ် စက်တင်ဘာ ၁၅
ရက်နေ့ကစတင်ပါတယ်။ မပြီးပြတ်သေးတဲ့ကိစ္စတွေအတွက်
၂၀၂၁ ဧပြီ ၉ ရက်ကနေ ဇူလိုင်လလယ်အထိ အွန်လိုင်းညီလာခံ တွေရှိပါမယ်၊
၂။ အထူးညီလာခံ Special Sessions
ပဋိဉာဉ် အခန်း ၇၊ စာပုဒ် ၂၀ (Chapter IV, article 20) အရ
လုံခြုံရေးကောင်စီ (သို့) အဖွဲ့ဝင်နိုင်ငံအများစု၏ တောင်းဆိုချက်ဖြင့်
အထွေထွေအတွင်းရေးမှူးချုပ်က အထူးညီလာခံ Special Sessions ကိုခေါ်ဆိုနိုင်ပါတယ်။
၂၀၂၁ ဇွန်လ ၂-၄ ရက်မှာခေါ်ထားတဲ့အထူးညီလာခံကတော့ အမှတ် ၃၂
ပါ။
၃။ အရေးပေါ်အထူးညီလာခံ Emergency Special sessions
ကုလသမဂ္ဂရဲ့ ၁၉၅၀ ခုနိုဝင်ဘာသုံးရက် နေ့ အထွေထွေညီလာခံ
ဆုံးဖြတ်ချက် အမှတ် 377A(V)
အရ အရေးပေါ်အထူးညီလာခံ
ကို ၂၄ နာရီအတွင်းခေါ်ဆိုနိုင်ပါတယ်။
ခေါ်ဆိုဖို့တောင်းဆိုနိုင်သူတွေကတော့
၁. လုံခြုံရေးကောင်စီ ( အဖွဲ့ဝင် ၁၅ နိုင်ငံအနက် ၇
နိုင်ငံသဘောတူလျင်)
၂. ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအများစု။
တောင်းဆိုနိုင်တဲ့အခြေအနေတွေကတော့
နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကိုကို
မထိမ်းသိမ်းနိုင်သဖြင့် ငြိမ်းချမ်းရေးကို ထိပါးခြိမ်းခြောက်၊ ထိခိုက်လာနေသာ်လည်း
(သို့) အကြမ်းဖက်မှုများ ဖြစ်နေသော်လည်း အဆိုပါပြသနာတွေကို
အဓိကတာဝန်ယူဖြေရှင်းရတဲ့ လုံခြုံရေးကောင်စီက
အမြဲတန်းအဖွဲ့ဝင်နိုင်ငံတခုခုကသဘောမတူသဖြင့် ဖြေရှင်းဆုံးဖြတ်ချက်ကို တညီတညာတည်း
မဆုံးဖြတ်နိုင်သောအခါ အထွေထွေညီလာခံက တာဝန်ယူဆွေးနွေးဆုံးဖြတ်ကာ ဖြေရှင်းရန်ဖြစ်ပါတယ်။
ဖြေရှင်းနည်းထဲမှာ ငြိမ်းချမ်းရေး နဲ့ လုံခြုံရေးကို ကိုဖေါ်ဆောင်ထိမ်းသိမ်းရန် လိုအပ်လျင် စစ်ရေးအရ ဆောင်ရွက်တာပါပါတယ်။
အဲလို လိုအပ်လာချိန်မှာ ကျင်းပနေဆဲ အထွေထွေညီလာခံမရှိပါက အရေးပေါ်အထူးညီလာခံ Emergency Special sessions ကို ၂၄ နာရီအတွင်းခေါ်ယူကာ ဆွေးနွေးဆုံးဖြတ် ဆောင်ရွက်တာဖြစ်ပါတယ်။
အဲဒီညီလာခံရဲ့ ဆုံးဖြတ်ချက်ကလည်း ထုံးစံအတိုင်း မဲအရေအတွက် သုံးပုံ နှစ်ပုံရဖို့လိုပါတယ်။
နောက်ဆုံးခေါ်ခဲ့တဲ့ ဆယ်ကြိမ်မြောက်အရေးပေါ်အထူးညီလာခံကတော့ ၁၉၉၇ ခု ဧပြီလမှာပါ။
ESS
ဆယ်ခုမှာ ၇ ခုက အရှေ့အလယ်ပိုင်း ပြသနာတွေပါ။
အရေးပေါ်အထူးညီလာခံ ခေါ်ရတဲ့ ပြသနာအားလုံးမှာ ကိုးခုက
နိုင်ငံတခုအတွင်းကပြသနာမဟုတ်ဘဲ နိုင်ငံ နှစ်ခုနဲ့ အထက် ပါဝင်ကြတဲ့ ပြသနာပါ။ (
ပါလက်စတိုင်းနဲ့ အစ္စရေးကို သီးခြားစီလို့ ယူဆထားပါတယ်)
ကွန်ဂိုပြသနာတခုကတော့ပြည်တွင်းစစ်နဲ့ပတ်သက်တာဖြစ်ပြီး
နိုင်ငံတကာကစွက်ဖက်မှုတော့ မကင်းပါ။
၂. Security Council (လုံခြုံရေးကောင်စီ)
အဖွဲ့ဝင် ၁၅ နိုင်ငံပါ လုံခြုံရေးကောင်စီရဲ့
အဓိကတာဝန်ကတော့
နိုင်ငံတကာငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိမ်းသိမ်းဖို့ပါ။
ယူအက်စ်၊ ယူကေ၊ ပြင်သစ်၊ ရုရှားနဲ့ တရုပ် ဆိုပြီး ဗီတိုအာဏာရှိတဲ့အမြဲတမ်းအဖွဲ့ဝင် ကငါးနိင်ငံပါ။
အလှည့်ကျ အဖွဲ့ဝင် ဆယ်နိုင်ငံက သက်တမ်း ၂ နှစ်စီရှိပြီး
နှစ်စဉ် အထွေထွေညီလာခံမှာ ငါးနိုင်ငံကိုတခါ ပြန်ရွေးပါတယ်။ ဒီတော့
အလှည့်ကျအဖွဲ့ဝင် ၅ နိုင်ငံက အသစ်၊ ၅ နိုင်ငံက အဟောင်း တလှည့်စီဖြစ်နေပါတယ်။
ဆုံးဖြတ်ချက်တွေချရာမှာ အဖွဲ့ဝင်အားလုံးသဘောတူဖို့ကြိုးစားပါတယ်။
မဲခွဲဆုံးဖြတ်ရလျင်တော့ အနည်းဆုံးအဖွဲ့ဝင်
ကိုးနိုင်ငံထောက်ခံရပါတယ်။
ဆုံးဖြတ်ချက်ကို နှစ်မျိုးခွဲထားပါတယ်။
၁. လုပ်ငန်းဆောင်တာနဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက် Procedural decision တွေမှာ ဘယ်အဖွဲ့ဝင်ပေးတဲ့မဲဖြစ်ဖြစ် စုစုပေါင်းကိုးမဲရလျင်
အတည်ဖြစ်ပါတယ်၊
၂. ကျန်တဲ့ ဆုံးဖြတ်ချက်တွေမှာတော့
စုစုပေါင်းကိုးမဲရသော်လည်း ဗီတိုအာဏာရှိ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံတခုခုက
ကန့်ကွက်ရုံနဲ့ ဆုံးဖြတ်ချက် အတည်ပြုလို့မရတော့ပါ။
လက်ရှိအလှည့်ကျအဖွဲ့ဝင်နိုင်ငံဆယ်ခုနဲ့ သက်တမ်းတွေကတော့
Estonia
(2021)
India
(2022)
Ireland
(2022)
Kenya
(2022)
Mexico
(2022)
Niger
(2021)
Norway
(2022)
Saint
Vincent and the Grenadines (2021)
Tunisia
(2021)
Viet
Nam (2021)
ဒီအထဲမှာ အိန္ဒိယ၊ နဲ့ဗီယက်နမ်က မတ် ၂၇
စစ်ရေးပြပွဲတက်ခဲ့တဲ့နိုင်ငံတွေပါ။
လုံခြုံရေးကောင်စီရဲ့ဆောင်ရွက်ချက်တွေကို အထွေထွေညီလာခံမှာ နှစ်စဉ် အစီရင်ခံရပါတယ်။ ကြားထဲမှာလည်း လိုအပ်သလို အစီရင်ခံစာ တင်သွင်းရတာတွေ ရှိပါတယ်။
လုံခြုံရေးကောင်စီက ဘာတွေလုပ်လည်း
အခြေအနေခု၊ ပြသနာတခုက နိုင်ငံတကာငြိမ်းချမ်းရေး၊
လုံခြုံရေးကိုထိပါးလာတယ်လို့ လုံခြုံရေးကောင်စီက ယူဆလျင်
ငြိမ်းချမ်းသောနည်းနဲ့ဖြေရှင်းဖို့ အရင်ကြိုးစားရပါတယ်။
ကိုယ်စားလှယ်အဖွဲ့စေလွှတ်၊ အထူးသံတမန်ခန့်ထား၊
စုံစမ်းစစ်ဆေး၊ ညှိနှိုင်းဆွေးနွေး ၊ အထွေထွေ အတွင်းရေးမှူးချုပ်ကို ငြိမ်းချမ်းစွာဖြေရှင်းဖို့အကူညီတောင်း။
စစ်မက်ဖြစ်နေသောဒေသတွေမှာ အပစ်အခတ်ရပ်စဲဖို့ညှိ၊ ငြိမ်းချမ်းရေးတပ်တွေချတား။
မရလျင် လက်နက်ကုန်သွယ်မှုပိတ်၊ ငွေကြေး၊ ကုန်သွယ်၊ ခရီးသွား
ပိတ်၊ သံတမန်အဆက်သွယ်ဖြတ်၊ ပိတ်ဆို့မှူတွေလုပ်၊ စသည်ဖြင့် အဆင့်ဆင့်လုပ်ပါတယ်။
ငြိမ်းချမ်းသောနည်းနဲ့ဖြေရှင်းလို့မရလျင်တော့
နောက်ဆုံးနည်းအဖြစ် စစ်ရေးအရ ဝင်ရောက်စွက်ဖက်ပါတယ်၊။
ကုလသမဂ္ဂတပ်များဖွဲ့စည်းပြီး
အကြမ်းဖက်လုပ်ရပ်ကိုတားဆီးတာမျိုးလုပ်နိုင်ပါတယ်။ ကောင်စီအဖွဲ့ဝင်နိုင်ငံများမှ
တပ်များဖြစ်စေ၊ ဒေသတွင်းနိုင်ငံများမှ တပ်များကို ဖြစ်စေ စုစည်းပြီး
ဆောင်ရွက်နိုင်ပါတယ်။
စစ်မက်ဖြစ်ပွားမှုနဲ့ ပတ်သက်တဲ့ အခြေအနေတွေမှာ
တာဝန်ရှိသူတွေကို အရေးယူဖို့ နိုင်ငံတကာခုံရုံးကိုပါဖွဲ့စည်းပြီး
လူ့အခွင့်အရေးချိုးဖေါက်သူ၊ လူမျိုးတုန်း သတ်ဖြစ်မှုကျူးလွတ်သူတွေကို စစ်ဆေး
အရေးယူပါတယ်။
လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို
ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက လက်ခံရသည်။
ဆုံးဖြတ်သည့်အတိုင်းအကောင်ထည်ဖေါ်ရန်တာဝန်ရှိသည်။ (ပဋိဉာဉ်စာပုဒ် ၂၅)
လုံခြုံရေးကောင်စီဆွေးနွေးပွဲ အမျိုးအစားများ
လေးမျိုးရှိပါတယ်.
1) Public meetings (တံခါးဖွင့်ဆွေးနွေးပွဲ)
2) Private
meetings (တံခါးပိတ်ဆွေးနွေးပွဲ)
3) Informal
consultations ( အလွတ်သဘော တိုင်ပင်ဆွေးနွေးခြင်း)
4) Informal interactive
dialogues ( အလွတ်သဘော အပြန်အလှန်ဆွေးနွေးခြင်း)
Public meetings (တံခါးဖွင့်ဆွေးနွေးပွဲ)
ပုံမှန်အားဖြင့် ကောင်စီအစည်းဝေးတွေက တံခါးဖွင့်အစည်းဝေးပါ။
ဆွေးနွေးနေတာကို သတင်းထောက်တွေ သတင်းယူလို့ ရပါတယ်။
အဲဒီထဲမှာမှာ လေးမျိုးရှိပါတယ်။
ဒီလိုဆွေးနွေးပွဲအပြီးတိုင်းမှာ သတင်းထုတ်ပြန်ချက်လုပ်ရပါတယ်။
(က) Open Debate: ( အခြေတင် ဆွေးနွေးပွဲ)
ဒီဆွေးနွေးပွဲက ကျယ်ပြန့်ပါတယ်။ သတ်မှတ်ထားတဲ့ အကြောင်းအရာ
ခေါင်းစဉ် (ဥပမာ ကလေးစစ်သားပပျောက်ရေး) တခုကို ဦးတည်ပြီး ကောင်စီအဖွဲ့ဝင်နိုင်ငံတွေသာမက ကောင်စီအဖွဲ့ဝင်မဟုတ်တဲ့ နိုင်ငံတွေ၊ အတွင်းရေးမှူးချုပ်ရုံးမှ
ကိုယ်စားလှယ်၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း၊ အကြောင်းအရာနဲ့ပတ်သက်ပြီး လိုအပ်တဲ့ အချက်အလက်တွေ
ပေးနိုင်သူတွေကိုပါဖိတ်ကြား ဆွေးနွေးနိုင်ပါတယ်။
(ခ) Debate:
ဒီ အခြေတင် ဆွေးနွေးပွဲမျိုးကတော့ နိုင်ငံတခုအတွင်းမှာဖြစ်ပျက်နေတဲ့ပြသနာ၊
အငြင်းပွားမှုတွေကိုပဲဦးတည်ဆွေးနွေးတာပါ။ ကောင်စီအဖွဲ့ဝင်နိုင်ငံတွေအပြင် အဖွဲ့ဝင်
မဟုတ်သော်လည်း ပြသနာနဲ့ တိုက်ရိုက်ပတ်သက်တဲ့ နိုင်ငံ (သို့) အထူးစိတ်ဝင်စားတဲ့နိုင်ငံတွေက
ခွင့်တောင်းပြီး တက်နိုင်ပါတယ်။
(ဂ) Briefings:
ကောင်စီမှာ ဆွေးနွေးထားတဲ့ ပြသနာ၊ အခြေအနေတခုရဲ့
တိုးတက်ဆုတ်ယုတ်မှုကို အစီရင်ခံတာမျိုးပါ၊
Debate တွေလုပ်ရင်း Briefings တင်တာမျိုးရှိသလို Briefings
သတ်သတ်လုပ်တာလည်းရှိပါတယ်၊ အဲလို Briefings မျိုးမှာ
ကောင်စီအဖွဲ့ဝင်နိုင်ငံတွေက သာမှတ်ချက်ပြုနိုင်ပါတယ်။ Briefings တွေပြီးလျင် informal
consultations of the whole ဆိုတဲ့ တံခါးပိတ် ညှိနှိုင်းဆွေးနွေးမှုမျိုး
ဆက်လုပ်တတ်ပါတယ်။
(ဃ) Adoption:
ဒါကတော့ သဘောတူပြီးတဲ့ ဆုံးဖြတ်ချက်မူကြမ်းကို အတည်ပြု အကောင်အထည်ဖေါ်ဖို့
လုပ်တဲ့ အစည်းဝေးမျိုးပါ၊ မဲမခွဲခင်နဲ့ မဲခွဲအပြီးမှာ အဖွဲ့ဝင်နိုင်ငံတွေက
မှတ်ချက်ပြုဆွေးနွေးနိုင်ပါတယ်။ ဒီလိုဆွေးနွေးပွဲတွေမှာ Briefing မရှိပါ။
Private meetings (တံခါးပိတ်ဆွေးနွေးပွဲ)
နှစ်မျိုးရှိပါတယ်။
(က) Private meetings
တံခါးဖွင့်အစည်းဝေးနဲ့ လုပ်ထုံးအများစုကတူပါတယ်။ ကောင်စီဝင်မဟုတ်တဲ့ နိုင်ငံတွေကလည်း ခွင့်တောင်းတက်ရောက်နိုင်ပါတယ်။ ကွာခြားတာက အစည်းအဝေးမှတ်တမ်းကို
ထုတ်ပြန်ခြင်းမပြုပါ။ ဆွေးနွေးချက်အသံသွင်းမှတ်တမ်းကို အထွေထွေအတွင်းရေးမှုးချုပ်ရုံးကိုပို့ပြီးမှတ်တမ်းတင်ထားပါတယ်။
တံခါးပိတ် အစည်းဝေးတွေအပြီးမှာ communiqué ဆိုတဲ့ မီဒီယာ ထုတ်ပြန်ချက်မျိုးတော့
လုပ်ပါတယ်။
(ခ) Troop
contributing countries (TCC)
ကုလသမဂ္ဂတပ်တွေထည့်ဝင်ပေးထားတဲ့ နိုင်ငံတွေရဲ့အစည်းဝေးပါ။ ဘယ်အချိန်မှာ လုပ်မယ် ဘယ်သူတွေကိုဖိတ်မယ်ဆိုတာ
၂၀၀၁ ခုနှစ်က ဆုံးဖြတ်ချက်အမှတ် ၁၃၅၃ အရ ဆုံးဖြန်ပါတယ်။
အဆိုပါ အစည်းအဝေးတွေအပြင် အလွတ်သဘော အစည်းအဝေး တွေကိုလည်းလုပ်ပါတယ်။
(က) Informal
consultations of the whole:
တံခါးပိတ် အစည်းဝေးပါ။ ကောင်စီဝင် ၁၅ နိုင်ငံလုံးတက်ရပြီး ကုလသမဂ္ဂ
Security Council
Consultations Room ခန်းမမှာလုပ်ပါတယ်။
ဆွေးနွေးပွဲ့အကြောင်းအရာတွေကိုကြိုတင်သတ်မှတ်ထားပြီး ကိုယ်စားလှယ်တယောက်မက တင်ပြဆွေးနွေးနိုင်ပါတယ်။
ကောင်စီအဖွဲ့ဝင်မဟုတ်တဲ့ နိုင်ငံကိုယ်စားလှယ်တွေ တက်လို့မရပါ။ တရားဝင် အစည်းအဝေးမှတ်တမ်းမထားပါ။
(ခ) Informal interactive dialogues:
မှတ်တမ်းမတင်တဲ့ ကောင်စီအဖွဲ့ဝင်နိုင်ငံများ နဲ့ ကောင်စီအဖွဲ့ဝင်
မဟုတ်တဲ့ နိုင်ငံများအကြား အလွတ် တံခါးပိတ်အစည်းအဝေးပါ။ ကောင်စီဥက္ကဌက သဘာပတိလုပ်ပြီး
Security Council Consultations Room (သို့)
ကောင်စီ ခန်းမ Council
Chamber မဟုတ် တဲ့
အစည်းဝေးခန်းကိုသုံးရပါတယ်။ ဖိတ်ကြားခံရသူပဲတက်ရောက်နိုင်ပါတယ်။
ပြသနာဖြစ်နေတဲ့ နိုင်ငံ/ အဖွဲ့အစည်းများရဲ့
ကိုယ်စားလှယ်များ တွေ့ဆုံညှိနှိင်းဖို့ ကောင်စီက ကမကထလုပ်ပေးတဲ့ အစည်းအဝေးလို့ဆိုနိုင်ပါတယ်။
(ဂ) “Arria-formula” meetings:
လုံခြုံရေးကောင်စီ ရဲ့လုပ်ပိုင်ခွင့်အရ
အဖွဲ့ဝင်တွေအလွတ်သဘော တံခါးပိတ်ဆွေးနွေးကြတာပါ။
၁၉၉၂ ခုမှာ ကောင်စီဥက္ကဌ Diego Arria ကစတင်လုပ်ခဲ့ တဲ့ အစည်းအဝေးကိုအကြောင်းပြုပြီး
အလားတူအစည်းအဝေးတွေခေါ်ကြလို့ ဒီနာမည်ကိုပေးတာပါ။
အဖွဲ့ဝင်နိုင်ငံများသာမက ဖိတ်ကြားထားတဲ့ ကောင်စီအဖွဲ့ဝင်မဟုတ်တဲ့ နိုင်ငံကိုယ်စားလှယ်များ၊ အစိုးရ နဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းက ကိုယ်စားလှယ်များ အကြားလွတ်လပ်ပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြတာပါ။
လုံခြုံရေးကောင်စီက သူ့ရဲ့ လုပ်ငန်းအနေတဲ့လုပ်တာမဟုတ်တာကြောင့်
အစည်းအဝေးကို ကောင်စီဥက္ကဌက သဘာပတိမလုပ်ဘဲ လည်းလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတခုခုက
နိုင်ငံကကမကထလုပ်နိုင်ပါတယ်။ အဖွဲ့ဝင်နိုင်ငံတွေကလည်းအစည်းဝေးတက်၊ မတက် ဆုံးဖြတ်နိုင်ပါတယ်။
ကောင်စီက ကိုင်တွယ်ဖြေရှင်းဖို့လိုနိုင်တဲ့ပြသနာတွေမှာ စိတ်ဝင်စားတဲ့
ကောင်စီဝင်နိုင်ငံတွေက ကမကထလုပ်ပြီး အစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်းများ နဲ့
အစိုးရမဟုတ်တဲ့အဖွဲ့အစည်းက ကိုယ်စားလှယ်များ နဲ့ တိုက်ရိုက် ဆွေးတွေးတာပါ။ ဆွေးနွေးချက်တွေကို
ကြားသိသင့်သင့်သူ၊ ကြားသdစေချင်သူ အဖွဲ့များရဲ့ ကိုယ်စားလှယ်များကိုလည်း
ဖိတ်ကြားပါတယ်။
အလွတ်ဆွေးနွေးပွဲဖြစ်တာကြောင့် တရားဝင်
အစည်းအဝေးဆုံးဖြတ်ချက် ထုတ်ပြန်တာမျိုးမရှိပါ။
“Arria-formula” meetings: မြန်မာနိုင်ငံတဲ့ပတ်သက်တဲ့ အစည်းအဝေးတွေမှာ CRPH ကိုယ်စားလှယ်တွေနဲ့ တခြားပုဂ္ဂိုူလ်များကို ဖိတ်ကြားနိုင်ပါတယ်။
လုံခြုံရေးကောင်စီက ထုတ်ပြန်ချက်များ
လေးမျိုးရှိပါတယ်။
Resolution ကလွဲပြီးကျန်ထုတ်ပြန်ချက်များအတွက်
ကောင်စီအဖွဲ့ဝင်အားလုံးသဘောတူဖို့လိုပါတယ်။
Elements to the Press:
ဒီစာမှာတော့ ကောင်စီဥက္ကဌက မီဒီယာတွေကိုထုတ်ပြောဖို့အချက်အလက်တွေကို
ဘူလက်ပွိုင့်ခံထည့်ပေးတားပါတယ်၊ တကယ်မီဒီယာကိုဘာပြောတယ်ဆိုတာကတော့ ဥက္ကဌ
ရဲ့သဘောပါ။
Press Statement:
တံခါးဖွင့်ဆွေးနွေးပွဲတိုင်းအပြီးမှာ
ဆွေးနွေးတဲ့အကြောင်းအရာအကျဉ်းချုပ်ကို Press
Release အနေနဲ့ထုတ်ပေးပါတယ်။
Presidential Statement (PRST):
ဒီစာက ကောင်စီရဲ့ဆုံးဖြတ်ချက်ပေမယ့် ယေဘူယျဆန်ပါတယ်။ ပြသနာနဲ့ပတ်သက်ပြီး
အထွေထွေ အတွင်းရေးမှုးချုပ်ထံက အစီရင်ခံစာတောင်းတာ၊ ကောင်စီရဲ့
စိုးရိမ်မှုကိုဖေါ်ပြတာ၊ စတာတွေပါပါတယ်။ Resolution လောက် မတိကျ မပြင်းထန်ပါ၊
Resolution:
ဒီဖြေရှင်းဆုံးဖြတ်ချက်ကိုတော့ ကောင်စီအဖွဲ့ဝင်တွေ မဲခွဲဆုံးဖြတ်ပါတယ်။
မဲမပေးဘဲနေလို့လည်းရပြီး အမြဲတန်းအဖွဲ့ဝင်နိုင်ငံတခုခုက
ကန့်ကွက်လျင် ပျက်ပါတယ်။ အနည်းဆုံး ကိုးမဲရဖို့လိုပြီး
ဒီဆုံးဖြတ်ချက်ကိုတော့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတိုင်းက လက်ခံ၊ အကောင်ထည်ဖေါ်ရပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအရေး လုံခြုံရေးကောင်စီတွင်လုပ်သော ဆွေးနွေးပွဲများနဲ့ထုတ်ပြန်ချက်များ။
(၁) ဖေဖေါ်ဝါရီ ၂ ရက် မနက်မှာ Consultation အစည်းဝေးလုပ်ပါတယ်။
ဖေဖေါ်ဝါရီ ၄ ရက်မှာ Press
Statement SC/14430 ထုတ်ပြန်ပါတယ်။
(၂) မတ်လ ၁၀ ရက် ညနေ မှာတော့ Adoption အစည်းဝေးလုပ်ပါတယ်။ အဲဒီနေ့မှာပဲ Presidential press statement S/PRST/2021/5 ထုတ်ပြန်ပါတယ်။
(၃) မတ်လ ၃၁ ရက်မှာ Consultation ထပ်လုပ်ပါတယ်၊ မပြီးပြတ်လို့ ဧပြီတရက်ကိုကူးသွားပါတယ်။
အဲဒီနေ့မှာ UN Security Council Press Elements on Myanmar ကိုထုတ်ပြန်ပါတယ်။
(၄) ဒီကနေ့ ဧပြီ ကိုးရက်
( မြန်မာစံတော်ချိန် ည ၈နာရီခွဲမှာလုပ်မယ့်အစည်းအဝေးကတော့ Arria-Formula meeting အလွတ်အစည်းအဝေးပါ။ Press Conference by Security CouncilPresident on Programme of Work for April မှာ ထည့်ပြောသွားပါတယ်။ Program
list ထဲမပါပါ။
ဒီကနေ့ ဧပြီ ကိုးရက် ( မြန်မာစံတော်ချိန် ည ၈နာရီခွဲမှာလုပ်မယ့်အစည်းအဝေး
အစည်းအဝေးမှာ UNSC
က ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီးတွေကို မြန်မာနိုင်ငံရဲ့
လက်ရှိအခြေအနေတွေနဲ့ ပါတ်သက်ပြီး ဆွေးနွေးတင်ပြမယ့်သူတွေကတော့
၁) ဒေါ်ဇင်မာအောင် - CRPH ခေတ္တနိုင်ငံခြားရေးဝန်ကြီး
၂) ဦးစိုင်းစမ်ခမ်း - နယ်သာလန်နိုင်ငံက Institute of Social Studies (The Hague)မှာ ပါရဂူဘွဲ့ကို လေလာသင်ယူနေသူ၊ မေတ္တာဖောင်ဒေးရှင်းရဲ့ အမှုဆောင်ဒါရိုက်တာဟောင်း
၃) Mr. Richard Horsey - International Crisis
Group ရဲ့ အကြီးတန်း အကြံပေးပုဂ္ဂိုလ်
အစည်းအဝေးကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီး
ဦးကျော်မိုးထွန်း ပါဝင်တက်ရောက်မှာ ဖြစ်ပါတယ်။
ဒီ link တွေကနေ ဝင်ကြည့်လို့ရပါတယ်။
UN
Web TV: https://bit.ly/3s3PYie
YouTube:
http://y2u.be/iSS9xddxCm0
Concept
note PDF: https://bit.ly/3t1qlju
ဖိုးသုည
၀၉ ဧပြီ ၂၀၂၁
အကိုးအကားများ
https://www.un.org/en/about-us/history-of-the-un/predecessor
https://www.un.org/en/ga/info/meetings/75schedule.shtml
https://www.un.org/en/about-us/un-charter
https://www.un.org/securitycouncil/content/background-note
http://undocs.org/S/PRST/2021/5
https://www.un.org/en/model-united-nations/security-council
https://www.un.org/securitycouncil/content/what-security-council
ထုတ်ပြန်ချက်များ
https://myanmar.un.org/en/110643-un-security-council-press-statement-situation-myanmar
https://myanmar.un.org/en/111490-un-secretary-general-myanmar-myanmar-version-follows-english
https://myanmar.un.org/en/115791-statement-president-un-security-council-myanmar
https://myanmar.un.org/en/123792-un-security-council-press-elements-myanmar
No comments:
Post a Comment