Sunday, April 14, 2019

ပုံတပုံကို အစြဲမ်ားေဘးဖယ္၍ၾကည့္ျခင္း (ပုံတပုံကို အစွဲများဘေးဖယ်၍ကြည့်ခြင်း )

ပုံတပုံကို အစြဲမ်ားေဘးဖယ္၍ၾကည့္ျခင္း

က်ေနာ္တို႔ဟာ ပုံတပုံ၊ ျမင္ကြင္းတခုကိုေတြ႕တဲ့အခါမွာ မိမိသိထားတဲ့ အေၾကာင္းအရာနဲ႔ ဆက္စပ္ၿပီး အဓိပၸါယ္ေဖၚရပါတယ္။
ဒါေပမဲ့ မိမိရဲ႕ အယူအဆ၊ အစြဲအလန္း၊ ခံစားခ်က္ေတြကိုပါ ထည့္ၿပီးအဓိပၸါယ္ေဖၚမိလ်င္ေတာ့ အရွိကို အရွိအတိုင္းျမင္ဖို႔ အေတာ္ခဲယဥ္းသြားပါၿပီ။
မိမိရဲ႕ ခံစားခ်က္ အျမင္ေတြက ေသေသခ်ာခ်ာဆန္းစစ္တာ မလုပ္ဖို႔ တားဆီးေနလို႔ (သို႔) ဘက္လိုက္ၿပီး ဆန္းစစ္မိလို႔ပါ။

တခါတေလမွာ ကိုယ္သေဘာက်တဲ့ ကိစၥတခုနဲ႔ ပတ္သက္တာကေလးေတြ ေတြ႕လ်င္ ပညာေပးတဲ့ သေဘာလည္းျဖစ္ေအာင္ ဝမ္းသာအားရ ျပန္ၿပီး ရွဲၾကပါတယ္။
ဒါေပမဲ့ ကိုယ္ရွဲတာက တကဲ့ အစစ္အမွန္မဟုတ္တဲ့ အခါမွာ မွားမွန္း လူသိသြားတဲ့အခါ ရည္႐ြယ္ခ်က္ကေကာင္းေသာ္လည္း  လုပ္ရပ္တခုလုံး တန္ဖိုးေလ်ာ့သြားပါတယ္။
အဲဒါေၾကာင့္ အေၾကာင္းအရာတခုခုကို သေဘာက်ၿပီဆိုလ်င္ မိမိရဲ႕ အယူအဆ၊ အစြဲအလန္း၊ ခံစားခ်က္ေတြကို ေဘးခ်ိန္ ၿပီး အရွိအတိုင္းျမင္ႏိုင္ေအာင္ ေဝဘန္ဆန္းစစ္ဖို႔လိုလာပါတယ္။

က်ေနာ္တို႔ဟာ သစ္ေတာျပဳန္းတီးမႈကို ဆန္႔က်င္သူမ်ားျဖစ္လို႔ သစ္ပင္ေတြကို ထိန္းသိမ္း တန္ဖိုးထားတဲ့ ပိုစ့္ေတြကို သေဘာက်ၾက ရွဲၾကပါတယ္။


အခုတင္ထားတဲ့ ပုံကေလးဟာ သစ္ပင္သစ္ေတာကို ခ်စ္ျမတ္ႏိုးသူမ်ားအတြက္ အေတာ္သေဘာက်စရာပါ။
facebook မွာ မၾကာမၾကာျပန္ေပၚလာၿပီး Like ေတြလည္းေပးျဖစ္ေပမဲ့ ေသေသခ်ာခ်ာ မဆန္းစစ္မိပါ။
" သူတို႔တေတြလမ္းကိုတကယ္ပဲ အဲလိုေဖါက္သလား " လို႔ ႐ိုးသားစြာသိလိုစိတ္နဲ႔ ေမးလာတဲ့ ကေလးတေယာက္ကို ေတာ့ " သစ္ပင္ကိုတန္ဖိုးထားသူေတြကဒီလိုလုပ္ပါတယ္" လို႔ ရမ္းေျဖမည့္အစား တကယ္ဟုတ္မဟုတ္ စိစစ္ၾကည္ံရပါေတာ့တယ္။

အဲဒီေတာ့ ပုံကိုသေဘာက်တဲ့စိတ္ ကေလး ကို ေဘးထားလို႔ ဆန္းစစ္ၾကည့္ရေအာင္။
လြင္တီးေခါင္ျပင္မွာ အပင္တပင္တည္း ထီးထီးခ်ဥ္းမို႔ အပင္ကိုမခုတ္ရေအာင္လမ္းကိုေကြ႕ေဖါက္သြားတယ္။

(၁)  လမ္းေဖါက္ပုံက အလြယ္ဆန္လြန္းေနပါတယ္

အပင္ကိုတန္ဖိုးထားတတ္လ်င္ လမ္းအသုံးျပဳသူေတြရဲ႕ ေဘးအႏၲရာယ္ကင္းရွင္းေရးကိုလည္း အေလးအနက္ထားမွာပါ။
ပုံထဲကလမ္းက တေျဖာင့္တည္းသြားေနရာကေန႐ုတ္တရက္ ေကြ႕ေကာက္သြားပါတယ္။
သုံးဆစ္ခ်ိဳးအေတာ္ႀကီးကိုေကြ႕သြားတာပါ။
လြင္တီးေခါင္ျပင္မွာ တေျဖာင့္တည္းသြားေနရာကကေန႐ုတ္တရက္ ေကြ႕ေကာက္သြားကို ကားေမာင္းသူေတြအလြယ္တကူမျမင္ႏိုင္ပါ၊
ညဆိုပိုဆိုးပါတယ္။ ကားအေတာ္မ်ားမ်ား လမ္းေဘးက်ကုန္မွာပါ။
တကယ္သာအပင္ကိုကြင္းၿပီးလမ္းေဖါက္လ်င္လည္း ခပ္ေျပေျပေကြ႕ေအာင္ေဖါက္လို႔ရပါတယ္။ လယ္ေျမေတြသိမ္းစရာလိုမယ္မထင္ပါ။

(၂)  အေကြ႕ရွိသည္ သတိေပးဆိုင္းဘုတ္မရွိ

သုံးဆစ္ခ်ိဳးေကြ႕ျဖစ္လို႔ သတိေပးဆိုင္းဘုတ္ေတြ အမ်ားႀကီး အေဝးကတည္းက ႀကိၿပီး  လမ္း ၂ ဘက္လုံးမွာ ထားရွိရပါမယ္။
ဒီပုံထဲမွာ ဘာဆိုင္းဘုတ္မွ မရွိပါ။
လက္ေမာင္းေလာက္တုတ္နဲ႔ ျမင္းေျခေထာက္ကိုေတာင္ျမင္ႏိုင္တဲ့ ပုံမွာ တေပခြဲေလာက္ဆိုင္းဘုတ္ေတြနဲ႔ သူတို႔ရဲ႕ အရိပ္ေတြတကယ္သာရွိလ်င္ မျမင္ရစရာမရွိပါ။


(၃) ကားအရိပ္၊ အပင္ရိပ္နဲ႔ ျမင္းအရိပ္ ကြဲလြဲ

ကားေတြရဲ႕ အရိပ္ေတြအရ ေနကပုံရဲ႕ ဝဲဘက္အထက္ ၄၅ ဒီဂရီေလာက္က ေစာင္းထိုးေနပုံ အရိပ္က်ေပမဲ့  အပင္ရိပ္ကေတာ့ အပင္ေအာက္တည့္တည့္မ်ာရွိၿပီး ေနမြန္းတည့္ခ်ိန္က်တဲ့ အရိပ္လိုက်ပါတယ္။
ျမင္းကေလးမွာေတာ့ သရဲတေစၦလို ဘာမရိပ္မွကိုမရွိပါ။



အားလုံးကိုၿခဳံရလ်င္ ဒီပုံကေလးဟာ ေကာင္းေသာရည္႐ြယ္ခ်က္နဲ႔ ဖန္တီးထားတဲ့ ပုံကေလးသာျဖစ္ၿပီး အျပင္ေလာကမွာ တကယ္မရွိပါ အစစ္အမွန္မဟုတ္ပါ။
အစစ္အမွန္ မဟုတ္ေသာ္လည္း  သစ္ပင္ေတြကို တန္ဖိုးထားတတ္ဖို႔ ပညာေပးတာျဖစ္လို႔ ရွဲလို႔ ဘယ္သူကိုမွ မထိခိုက္ပါ။

မိမိရဲ႕ အစြဲေတြကို ေဘးဖယ္ၿပီး ေဝဘန္စိစစ္ ၾကည့္လ်င္  ဘာေတြျမင္ရတယ္ဆိုတာကေလးကို ရွဲတာပါ။
ဖိုးသုည
15/14/19

ပုံတပုံကို အစွဲများဘေးဖယ်၍ကြည့်ခြင်း ( ယူနီကုဒ်) 

ကျနော်တို့ဟာ ပုံတပုံ၊ မြင်ကွင်းတခုကိုတွေ့တဲ့အခါမှာ မိမိသိထားတဲ့ အကြောင်းအရာနဲ့ ဆက်စပ်ပြီး အဓိပ္ပါယ်ဖေါ်ရပါတယ်။
ဒါပေမဲ့ မိမိရဲ့ အယူအဆ၊ အစွဲအလန်း၊ ခံစားချက်တွေကိုပါ ထည့်ပြီးအဓိပ္ပါယ်ဖေါ်မိလျင်တော့ အရှိကို အရှိအတိုင်းမြင်ဖို့ အတော်ခဲယဉ်းသွားပါပြီ။
မိမိရဲ့ ခံစားချက် အမြင်တွေက သေသေချာချာဆန်းစစ်တာ မလုပ်ဖို့ တားဆီးနေလို့ (သို့) ဘက်လိုက်ပြီး ဆန်းစစ်မိလို့ပါ။

တခါတလေမှာ ကိုယ်သဘောကျတဲ့ ကိစ္စတခုနဲ့ ပတ်သက်တာကလေးတွေ တွေ့လျင် ပညာပေးတဲ့ သဘောလည်းဖြစ်အောင် ဝမ်းသာအားရ ပြန်ပြီး ရှဲကြပါတယ်။
ဒါပေမဲ့ ကိုယ်ရှဲတာက တကဲ့ အစစ်အမှန်မဟုတ်တဲ့ အခါမှာ မှားမှန်း လူသိသွားတဲ့အခါ ရည်ရွယ်ချက်ကကောင်းသော်လည်း  လုပ်ရပ်တခုလုံး တန်ဖိုးလျော့သွားပါတယ်။
အဲဒါကြောင့် အကြောင်းအရာတခုခုကို သဘောကျပြီဆိုလျင် မိမိရဲ့ အယူအဆ၊ အစွဲအလန်း၊ ခံစားချက်တွေကို ဘေးချိန် ပြီး အရှိအတိုင်းမြင်နိုင်အောင် ဝေဘန်ဆန်းစစ်ဖို့လိုလာပါတယ်။

ကျနော်တို့ဟာ သစ်တောပြုန်းတီးမှုကို ဆန့်ကျင်သူများဖြစ်လို့ သစ်ပင်တွေကို ထိန်းသိမ်း တန်ဖိုးထားတဲ့ ပိုစ့်တွေကို သဘောကျကြ ရှဲကြပါတယ်။
အခုတင်ထားတဲ့ ပုံကလေးဟာ သစ်ပင်သစ်တောကို ချစ်မြတ်နိုးသူများအတွက် အတော်သဘောကျစရာပါ။
facebook မှာ မကြာမကြာပြန်ပေါ်လာပြီး Like တွေလည်းပေးဖြစ်ပေမဲ့ သေသေချာချာ မဆန်းစစ်မိပါ။
" သူတို့တတွေလမ်းကိုတကယ်ပဲ အဲလိုဖေါက်သလား " လို့ ရိုးသားစွာသိလိုစိတ်နဲ့ မေးလာတဲ့ ကလေးတယောက်ကို တော့ " သစ်ပင်ကိုတန်ဖိုးထားသူတွေကဒီလိုလုပ်ပါတယ်" လို့ ရမ်းဖြေမည့်အစား တကယ်ဟုတ်မဟုတ် စိစစ်ကြည်ံရပါတော့တယ်။
အဲဒီတော့ ပုံကိုသဘောကျတဲ့စိတ် ကလေး ကို ဘေးထားလို့ ဆန်းစစ်ကြည့်ရအောင်။
လွင်တီးခေါင်ပြင်မှာ အပင်တပင်တည်း ထီးထီးချဉ်းမို့ အပင်ကိုမခုတ်ရအောင်လမ်းကိုကွေ့ဖေါက်သွားတယ်။

(၁)  လမ်းဖေါက်ပုံက အလွယ်ဆန်လွန်းနေပါတယ်

အပင်ကိုတန်ဖိုးထားတတ်လျင် လမ်းအသုံးပြုသူတွေရဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးကိုလည်း အလေးအနက်ထားမှာပါ။
ပုံထဲကလမ်းက တဖြောင့်တည်းသွားနေရာကနေရုတ်တရက် ကွေ့ကောက်သွားပါတယ်။
သုံးဆစ်ချိုးအတော်ကြီးကိုကွေ့သွားတာပါ။
လွင်တီးခေါင်ပြင်မှာ တဖြောင့်တည်းသွားနေရာကကနေရုတ်တရက် ကွေ့ကောက်သွားကို ကားမောင်းသူတွေအလွယ်တကူမမြင်နိုင်ပါ၊
ညဆိုပိုဆိုးပါတယ်။ ကားအတော်များများ လမ်းဘေးကျကုန်မှာပါ။
တကယ်သာအပင်ကိုကွင်းပြီးလမ်းဖေါက်လျင်လည်း (ပုံ ၂မှာလို)  ခပ်ပြေပြေကွေ့အောင်ဖေါက်လို့ရပါတယ်။ လယ်မြေတွေသိမ်းစရာလိုမယ်မထင်ပါ။

(၂)  အကွေ့ရှိသည် သတိပေးဆိုင်းဘုတ်မရှိ

သုံးဆစ်ချိုးကွေ့ဖြစ်လို့ သတိပေးဆိုင်းဘုတ်တွေ အများကြီး အဝေးကတည်းက ကြိပြီး  လမ်း ၂ ဘက်လုံးမှာ ထားရှိရပါမယ်။
ဒီပုံထဲမှာ ဘာဆိုင်းဘုတ်မှ မရှိပါ။
လက်မောင်းလောက်တုတ်နဲ့ မြင်းခြေထောက်ကိုတောင်မြင်နိုင်တဲ့ ပုံမှာ တပေခွဲလောက်ဆိုင်းဘုတ်တွေနဲ့ သူတို့ရဲ့ အရိပ်တွေတကယ်သာရှိလျင် မမြင်ရစရာမရှိပါ။

(၃) ကားအရိပ်၊ အပင်ရိပ်နဲ့ မြင်းအရိပ် ကွဲလွဲ

ကားတွေရဲ့ အရိပ်တွေအရ နေကပုံရဲ့ ဝဲဘက်အထက် ၄၅ ဒီဂရီလောက်က စောင်းထိုးနေပုံ အရိပ်ကျပေမဲ့  အပင်ရိပ်ကတော့ အပင်အောက်တည့်တည့်မျာရှိပြီး နေမွန်းတည့်ချိန်ကျတဲ့ အရိပ်လိုကျပါတယ်။
မြင်းကလေးမှာတော့ သရဲတစ္ဆေလို ဘာမရိပ်မှကိုမရှိပါ။

အားလုံးကိုခြုံရလျင် ဒီပုံကလေးဟာ ကောင်းသောရည်ရွယ်ချက်နဲ့ ဖန်တီးထားတဲ့ ပုံကလေးသာဖြစ်ပြီး အပြင်လောကမှာ တကယ်မရှိပါ အစစ်အမှန်မဟုတ်ပါ။
အစစ်အမှန် မဟုတ်သော်လည်း  သစ်ပင်တွေကို တန်ဖိုးထားတတ်ဖို့ ပညာပေးတာဖြစ်လို့ ရှဲလို့ ဘယ်သူကိုမှ မထိခိုက်ပါ။

မိမိရဲ့ အစွဲတွေကို ဘေးဖယ်ပြီး ဝေဘန်စိစစ် ကြည့်လျင်  ဘာတွေမြင်ရတယ်ဆိုတာကလေးကို ရှဲတာပါ။

ဖိုးသုည
15/14/19

No comments:

Post a Comment