Wednesday, May 22, 2019

အခုတေလာ‌ေဟာ့ေနတဲ့ ဝွီးခ်ဲစီးသူမ်ား (အခုတလော‌ဟော့နေတဲ့ ဝှီးချဲစီးသူများး)


အခုတေလာ‌ေဟာ့ေနတဲ့ ဝွီးခ်ဲစီးသူမ်ား ( Zawgyi)


မသန္စြမ္းသူေတြရဲ႕ ဒုကၡကို သတိထားမိေအာင္ ပညာေပးတာေကာင္းပါတယ္။

ဒါေပမယ့္ အစိုးရက လမ္းစည္းကမ္းၾကတ္မတ္ခ်ိန္မွ ဒီလိုလာၿပီးပညာေပးေနၾကတာ တိုက္ဆိုင္မႈေတာ့ မဟုတ္။
ႏိုင္ငံေရးပေယာဂႀကီးကို အထင္းသားျမင္ေနရတယ္၊
ျမန္မာျပည္မွာ ဘယ္တုန္းကမွအမ်ားျပည္သူသုံးလမ္ေတြမွာ ဝွီးခ်ဲသုံးလို႔ရတဲ့ ပတ္ဝန္းက်င္ မရွိခဲ့ဖူးေသးပါ။
ဒါ‌ေၾကာင့္လမ္းေပၚ လမ္ေဘးပလက္ေဖါင္းေတြမွာ ဝွီးခ်ဲနဲ႔သြားသူလည္းမရွိေသးပါ။
 လက္ေတြ႕မဆန္၊ သဘာဝမက်ေသာ ပညာေပး သ႐ုပ္ျပမႈတခု ( လက်တွေ့မဆန်၊ သဘာဝမကျသော ပညာပေး သရုပ်ပြမှုတခု)   https://www.mmrepublic.com/archives/28358


ဝွီးခ်ဲသုံးလို႔ရတဲ့ ပတ္ဝန္းက်င္ ဆိုတာ (wheelchair friendly environment ) 

လမ္ေဘး ပလက္ေဖါင္းေတြ ညီညာရမယ္။
ကားလမ္းကူးတဲ့ေနရာတိုင္း ပလက္ေဖါင္းအဆုံးမွာ နီမ့္ေလ်ာလုပ္ေပးထားရမယ္။

ဘတ္စ္ကားေတြမွာ ဝွီးခ်ဲတက္ဖို႔ (ထုတ္လို႔ သြင္းလို႔ရတဲ့)ေပါင္းကူးပါရမယ္၊  ကားထဲမွာဝွီးခ်ဲေနဖို႔ ေနရာ၊ ခ်ိတ္ထားဖို႔ ခ်ိတ္ရွိရမယ္၊

ကားကမွတ္တိုင္မွာ ပလက္ေဖါင္းနဲ႔ ကပ္ၿပီးရပ္ရမယ္။

ကာပါကင္ေတြကိုလည္း disabled parking သတ္သတ္မွတ္မွတ္ထားေပးရမယ္။
disabled parking ပါကင္ေတြကပုံမွန္ပါကင္တခုထက္ တဆခြဲေလာက္က်ယ္ရမယ္။

အဲဒါမွကားထဲကေနအျပင္ကို  ဝွီးခ်ဲနဲ႔ ဆင္းလို႔ရေအာင္ေနရာေပးထားတာ။
သူတို႔က သီးသန႔္ လိုင္စင္ေပးထားတဲ့  စပါယ္ရွယ္ကားကို ကိုယ္တိုင္ေမာင္း ကားေပၚက  ဝွီးခ်ဲကိုကိုယ္တိုင္ခ်ၿပီး စီးတာ။
(မသန္မစြမ္းသူမ်ားသုံးေသာကား အထူးလိုင္စင္နံပတ္) မသန်မစွမ်းသူများသုံးသောကား အထူးလိုင်စင်နံပတ်

အဲဒီပါကင္မွာ ႐ိုး႐ိုးလိုင္စင္နဲ႔ကားရပ္မိလို႔ကေတာ့ ဖမ္းခံထိၿပီပဲ။
တခ်ိဳ႕ကကားအတြင္းကေန ‌အေနာက္ခန္းကိုကူး၊ ဝွီးခ်ဲေပၚတက္ၿပီး ကားေဘးမွာလွ်ာထိုးအဆင့္ကိုခလုပ္ႏွိပ္ထုတ္၊ အဲဒီအေပၚ ဝွီးခ်ဲတက္၊ အဲဒီအဆင့္ကို ေျမညီ‌ေရာက္ေအာင္ခ်။ အဆင့္ကိုရီမုဒ္နဲ႔ ျပန္သိမ္းၿပီးမွ ဝွီးခ်ဲကို ေမာင္းထြက္တာ။


စကၤာပူမွာေတာင္ ၂၀၀၀ ခုႏွစ္ေက်ာ္မွ လူကူးတံတားေတြမွာ ဓါတ္ေလွကားေတြ စတတ္တာပါ။ ဒါေတာင္ ၿမိ့ျပင္ လူသုံးနည္းရင္ ဓါတ္ေလွကားအစား နိမ့္‌ေလွ်ာလမ္းကို တေကြ႕တပတ္ႀကီး လုပ္ထားတယ္၊

ရန္ကုန္ကပလက္ေဖါင္းေတြဆို လူေကာင္းေတာင္ မလဲေအာင္ အေတာ္ေလွ်ာက္ရတာ။
ေဈးသည္နဲ႔ ခ်ိဳင့္က်င္းေတြနဲ႔။ လမ္းဆုံေတြမွာလဲ နိမ့္ေလ်ာကမရွိ။ ဘတ္စ္ကားေတြကလည္း ဝွီးခ်ဲသုံးမရေသး၊
အဲဒီေတာ့လမ္းေဘးပလက္ေဖါင္းေတြေေပၚမွာ ဝွီးခ်ဲနဲ႔သြားတာလည္း မျမင္ဖူးဘူးေပါ့ေလ။
ကိုယ့္ဖါသာ‌ကိုယ္ေမာင္းတဲ့ ဝွီးခ်ဲအသာထား တြန္းတဲ့သူနဲ႔ေတာင္ သြားမရ။

ဘယ္လိုလူေတြက မ်ားလမ္းေဘးပလက္ေဖါင္းေတြမွာ သြားမရတဲ့ ဝွီးခ်ဲေတြကို လမ္းကိုကူးေတာ့မွ စီးၾကမယ္ဆိုတာကေတာ့ ေတြးမရ။

ပထမဆုံး လူေကာင္းေတြ လမ္ေဘးပလက္ေဖါင္းကေန ေဘးကင္းကင္းေလွ်ာက္လို႔ရေအာင္၊ ေဘးကင္းကင္း လမ္းကူးလို႔ရေအာင္ အရင္လုပ္ရဦးမွာပါ။
ဒါကိုေတာင္ ျပသနာ‌ေသာင္းေျခာက္ထာင္နဲ႔ လုပ္တိုင္းဖ်က္ေနၾကတာ။
လူေကာင္းေတြၿပီးလ်င္ သက္ႀကီး႐ြယ္အိုေတြကရွိေသး။
အဲဒီသူေတြက လက္ရွိ လမ္း‌ေတြမွာ တကယ္သြားလာေနသူ‌ေတြပါ။
သူတို႔တေတြေကာင္းေကာင္းသြားလို႔ရတဲ့ ပလက္ေဖါင္းေတြျဖစ္လာၿပီးလ်င္ေတာ့ ဝွီးခ်ဲသုံးသူေတြလည္းလမ္းမွာသြားလို႔ရလာမွာပါ။
ဝွီးခ်ဲသုံးသူေတြလမ္းေဘးပလက္ေဖါင္းမွာသြားလို႔ရလာရင္ေတာ့ သူတို႔ လမ္းကူးဖို႔ ကိစၰကို ေဆြးေႏြးဥၾတာေပါ့။
ေလာ‌ေလာဆယ္ ဝမရွိဘဲ ဝိလုပ္ၾကသူမ်ားကေတာ့ ျပည့္သူ႔အဆဲဒါဏ္ကို ခံလို႔ေကာင္းဆဲ။
ဖိုးသုည
22-5-19

အခုတလော‌ဟော့နေတဲ့ ဝှီးချဲစီးသူများ ( Unicode) 



မသန်စွမ်းသူတွေရဲ့ ဒုက္ခကို သတိထားမိအောင် ပညာပေးတာကောင်းပါတယ်။

ဒါပေမယ့် အစိုးရက လမ်းစည်းကမ်းကြတ်မတ်ချိန်မှ ဒီလိုလာပြီးပညာပေးနေကြတာ တိုက်ဆိုင်မှုတော့ မဟုတ်။
နိုင်ငံရေးပယောဂကြီးကို အထင်းသားမြင်နေရတယ်၊
မြန်မာပြည်မှာ ဘယ်တုန်းကမှအများပြည်သူသုံးလမ်တွေမှာ ဝှီးချဲသုံးလို့ရတဲ့ ပတ်ဝန်းကျင် မရှိခဲ့ဖူးသေးပါ။
ဒါ‌ကြောင့်လမ်းပေါ် လမ်ဘေးပလက်ဖေါင်းတွေမှာ ဝှီးချဲနဲ့သွားသူလည်းမရှိသေးပါ။

ဝှီးချဲသုံးလို့ရတဲ့ ပတ်ဝန်းကျင် ဆိုတာ (wheelchair friendly environment ) 

လမ်ဘေး ပလက်ဖေါင်းတွေ ညီညာရမယ်။
ကားလမ်းကူးတဲ့နေရာတိုင်း ပလက်ဖေါင်းအဆုံးမှာ နီမ့်လျောလုပ်ပေးထားရမယ်။
ဘတ်စ်ကားတွေမှာ ဝှီးချဲတက်ဖို့ (ထုတ်လို့ သွင်းလို့ရတဲ့)ပေါင်းကူးပါရမယ်၊  ကားထဲမှာဝှီးချဲနေဖို့ နေရာ၊ ချိတ်ထားဖို့ ချိတ်ရှိရမယ်၊
ကားကမှတ်တိုင်မှာ ပလက်ဖေါင်းနဲ့ ကပ်ပြီးရပ်ရမယ်။
ကာပါကင်တွေကိုလည်း disabled parking သတ်သတ်မှတ်မှတ်ထားပေးရမယ်။
disabled parking ပါကင်တွေကပုံမှန်ပါကင်တခုထက် တဆခွဲလောက်ကျယ်ရမယ်။
အဲဒါမှကားထဲကနေအပြင်ကို  ဝှီးချဲနဲ့ ဆင်းလို့ရအောင်နေရာပေးထားတာ။
သူတို့က သီးသန့် လိုင်စင်ပေးထားတဲ့  စပါယ်ရှယ်ကားကို ကိုယ်တိုင်မောင်း ကားပေါ်က  ဝှီးချဲကိုကိုယ်တိုင်ချပြီး စီးတာ။
အဲဒီပါကင်မှာ ရိုးရိုးလိုင်စင်နဲ့ကားရပ်မိလို့ကတော့ ဖမ်းခံထိပြီပဲ။
တချို့ကကားအတွင်းကနေ ‌အနောက်ခန်းကိုကူး၊ ဝှီးချဲပေါ်တက်ပြီး ကားဘေးမှာလျှာထိုးအဆင့်ကိုခလုပ်နှိပ်ထုတ်၊ အဲဒီအပေါ် ဝှီးချဲတက်၊ အဲဒီအဆင့်ကို မြေညီ‌ရောက်အောင်ချ။ အဆင့်ကိုရီမုဒ်နဲ့ ပြန်သိမ်းပြီးမှ ဝှီးချဲကို မောင်းထွက်တာ။

စင်္ကာပူမှာတောင် ၂၀၀၀ ခုနှစ်ကျော်မှ လူကူးတံတားတွေမှာ ဓါတ်လှေကားတွေ စတတ်တာပါ။ ဒါတောင် မြိ့ပြင် လူသုံးနည်းရင် ဓါတ်လှေကားအစား နိမ့်‌လျှောလမ်းကို တကွေ့တပတ်ကြီး လုပ်ထားတယ်၊

ရန်ကုန်ကပလက်ဖေါင်းတွေဆို လူကောင်းတောင် မလဲအောင် အတော်လျှောက်ရတာ။
ဈေးသည်နဲ့ ချိုင့်ကျင်းတွေနဲ့။ လမ်းဆုံတွေမှာလဲ နိမ့်လျောကမရှိ။ ဘတ်စ်ကားတွေကလည်း ဝှီးချဲသုံးမရသေး၊
အဲဒီတော့လမ်းဘေးပလက်ဖေါင်းတွေေပေါ်မှာ ဝှီးချဲနဲ့သွားတာလည်း မမြင်ဖူးဘူးပေါ့လေ။
ကိုယ့်ဖါသာ‌ကိုယ်မောင်းတဲ့ ဝှီးချဲအသာထား တွန်းတဲ့သူနဲ့တောင် သွားမရ။

ဘယ်လိုလူတွေက များလမ်းဘေးပလက်ဖေါင်းတွေမှာ သွားမရတဲ့ ဝှီးချဲတွေကို လမ်းကိုကူးတော့မှ စီးကြမယ်ဆိုတာကတော့ တွေးမရ။

ပထမဆုံး လူကောင်းတွေ လမ်ဘေးပလက်ဖေါင်းကနေ ဘေးကင်းကင်းလျှောက်လို့ရအောင်၊ ဘေးကင်းကင်း လမ်းကူးလို့ရအောင် အရင်လုပ်ရဦးမှာပါ။
ဒါကိုတောင် ပြသနာ‌သောင်းခြောက်ထာင်နဲ့ လုပ်တိုင်းဖျက်နေကြတာ။
လူကောင်းတွေပြီးလျင် သက်ကြီးရွယ်အိုတွေကရှိသေး။
အဲဒီသူတွေက လက်ရှိ လမ်း‌တွေမှာ တကယ်သွားလာနေသူ‌တွေပါ။
သူတို့တတွေကောင်းကောင်းသွားလို့ရတဲ့ ပလက်ဖေါင်းတွေဖြစ်လာပြီးလျင်တော့ ဝှီးချဲသုံးသူတွေလည်းလမ်းမှာသွားလို့ရလာမှာပါ။
ဝှီးချဲသုံးသူတွေလမ်းဘေးပလက်ဖေါင်းမှာသွားလို့ရလာရင်တော့ သူတို့ လမ်းကူးဖို့ ကိစ္ဏကို ဆွေးနွေးဥြတာပေါ့။
လော‌လောဆယ် ဝမရှိဘဲ ဝိလုပ်ကြသူများကတော့ ပြည့်သူ့အဆဲဒါဏ်ကို ခံလို့ကောင်းဆဲ။
ဖိုးသုည
22-5-19

No comments:

Post a Comment