Wednesday, May 29, 2019

Boeing 737 MAX ေလယာဥ္ေတြလာမယ့္ ဩဂုတ္လအထိ ေလဟုန္ဆန္ႏိုင္ေျခမရွိ (Boeing 737 MAX လေယာဉ်တွေလာမယ့် ဩဂုတ်လအထိ လေဟုန်ဆန်နိုင်ခြေမရှိ)

Boeing 737 MAX ေလယာဥ္ေတြလာမယ့္ ဩဂုတ္လအထိ ေလဟုန္ဆန္ႏိုင္ေျခမရွိ


The International Air Transport Association (IATA) အျပည္ျပည္ဆိုင္ရာ ေလေၾကာင္းပို႔ေဆာင္ေရးအဖြဲ႕ ၫႊန္ခ်ဳပ္ Alexandre de Juniac က သတင္းေထာက္ေတြကို ဆိုးလ္ၿမိဳ႕မွာဒီကေန႔ ေမလ ၂၉ ရက္ေန႔မွာ ေျပာၾကားလိုက္တာပါ။
တိုက္ဆိုင္စြာပဲ ေလာေလာဆယ္ 737 MAX ၁၃စီးပိုက္မိထားတဲ့ အိႏၵိယႏိုင္ငံရဲ႕ ဘတ္ဂ်က္လိုင္း  Spicejet စီးပြားေရးအမႈဆာင္အရာရွိ Kiran Koteshwar က 737 MAX ေတြ ဂ်ဴလိုင္လေလာက္မွာ ျပန္လည္ပ်ံသန္းႏိုင္မယ္လို႔ သူတို႔ကို ဘိုးအင္ကေျပာေၾကာင္းအင္တာဗ်ဴးတခုမွာေျပာ သြားပါတယ္။ 
ၿပီးခဲ့တဲ့ အပတ္က ေမလ ၂၃ ရက္က အေမရိကန္ေလေၾကာင္းအာဏာပိုင္ The Federal Aviation Administration (FAA) က 737 MAX ေတြဇြန္လမကုန္မီျပန္လည္ပ်ံသန္းခြင့္ရႏိုင္မယ္လို႔ ေကနဒါႏိုင္ငံ မြန္ထရီရယ္ၿမိဳ႕မွာ  ေျပာခဲ့တယ္လို႔ သတင္းေတြမွာ ေဖၚျပခဲ့တာပါ။ 

FAA နဲ႔ ဘိုးအင္းကုမၸဏီတို႔က 737 MAX ေတြ အျမန္ဆုံးျပန္သန္းခြင့္ေပးခ်င္ေပမယ့္ႏိုင္ငံတကာ ေလေၾကာင္းအာဏာပိုင္ေတြနဲ႔ ေလေၾကာင္းလိုင္းေတြကေတာ့ အေလာသုံးဆယ္ မလုပ္လိုဘဲ ေဘးအႏၲရာယ္ကင္းရွင္းေရးကို ေသခ်ာေစခ်င္တာပါ။

ဒါ့အျပင္ ခရီးသည္ေတြရဲ႕ ယုံၾကည္မႈ ျပန္ရဖို႔ကလိုပါေသးတယ္။
737 MAX ေတြကို ပ်ံသန္းခြင့္အတြက္ နဲ႔ ေဘးအႏၲရာယ္ကင္းရွင္းေရးဆိုင္ရာ စစ္ေဆးမႈေတြမွာ မလုပ္သင့္တာေတြလုပ္ခဲ့တယ္ဆိုၿပီး FAA ကို ေဝဘန္မႈေတြ မ်ားေနလို႔ပါ။
ႏိုင္ငံတကာ ေလေၾကာင္းအာဏာပိုင္ေတြ၊ ဘိုးအင္းနဲ႔ FAA တို႔  မြန္ထရီရယ္ၿမိဳ႕မွာ ေမလ ၂၃ ကလုပ္ခဲ့တဲ့ 737 MAX ေတြ ကို  ျပန္လည္ပ်ံသန္းခြင့္ျပဳႏိုင္ဖို႔ အစည္းအေဝးမွာ ေရရာတဲ့ ဆုံးျဖတ္ခ်က္ေတြ မခ်မွတ္ႏိုင္ခဲ့လို႔ IATAက လာမယ့္ ဇူလိုင္လထဲမွာ အလားတူ အစည္းအေဝးေနာက္တခုကို ထပ္မံ ေခၚယူဖို႔ရွိေနပါတယ္။ 
737 MAX ေတြျပန္လည္ပ်ံသန္းခြင့္ရႏိုင္ဖို႔အဓိကလုပ္စရာ အပိုင္း ႏွစ္ပိုင္းရွိပါတယ္။

ပထမအပိုင္းက ျပသနာျဖစ္ေနတဲ့ MCAS စနစ္ကို update လုပ္ၿပီး ျပန္လည္စစ္ေဆးကာ အသုံးျပခြင့္ေပးဖို႔ပါ။ ဘိုအင္းက update ကို စမ္းၿပီးေပမယ့္ ၿပီးခဲ့တဲ့အပတ္အထိ FAA ကိုမတင္ေသးပါ။ FAA က ေဆာ့ ဝဲလ္ အသစ္ကို နည္းပညာပိုင္းကို ေသခ်ာစစ္ေဆးၿပီး လက္ခံႏိုင္ၿပီဆို လ်င္စမ္းသပ္ပ်ံသန္း ဦးမွာပါ။ အားလုံး အဆင္ေျပစိတ္ခ်မွအသုံးျပဳခြင့္လက္မွတ္ထုတ္ေပးမွာပါ။

ဒုတိယအပိုင္းက ပိုင္းေလာ့ ေတြကို ေလ့က်င့္ေပးဖို႔ပါ။ 737 Type rating licence ရထားတဲ့ ပိုင္းေလာ့ေတြ ၁နာရီခြဲေလာက္ အိုင္ပက္ေပၚမွာေလ့က်င့္႐ုံနဲ႔ လုံေလာက္တယ္လို႔ ေျပာထဲ့တဲ့ ဘိုးအင္းရဲ႕ စကားကို ေလေၾကာင္းလိုင္းနဲ႔ ပိုင္းေလာ့ေလာကက သံသယျဖစ္ေနပါၿပီ။ ဘိုအင္းကလည္း ထိန္ခ်န္ထာေတြ လုပ္ခဲ့မိတာကိုး။ 

ဒီေတာ့ ေနာက္တႀကိမ္အစည္းေဝးမွာ ပိုင္းေလာ့ေတြ ကို ဘယ္လိုထရိန္နင္ေပးၿပီးမွ 737 မက္စ္ ကို ေမာင္းေစမလဲဆိုတာကို ေဆြးေႏြးၾကဦးမွာကေတာ့ ေသခ်ာပါတယ္။

အကယ္၍ ႏိုင္ငံတကာ ေလေၾကာင္းအာဏာပိုင္ေတြကသာ 737 မက္စ္ ကို ေမာင္းဖို႔ ေလယာဥ္တု (simulator) နဲ႔ က်င့္ဖို႔ လိုတယ္လို႔ ဆုံးျဖတ္ လ်င္ေတာ့ 737 MAX simulator ေတြ အလြန္နည္းေနေသးတဲ့ အတြက္ ပိုင္းေလာ့ေတြကို ထရိန္နင္ေပးဖို႔ အခ်ိန္အေတာ္ၾကာႏိုင္ၿပီး  737 MAX ေတြေျမျပင္မွာ ဆက္ၿပီးအေညာင္းမိေနဦးမွာပါ။

ဖိုးသုည
29-5-19

Boeing 737 MAX လေယာဉ်တွေလာမယ့် ဩဂုတ်လအထိ လေဟုန်ဆန်နိုင်ခြေမရှိ ( Unicode) 


The International Air Transport Association (IATA) အပြည်ပြည်ဆိုင်ရာ လေကြောင်းပို့ဆောင်ရေးအဖွဲ့ ညွှန်ချုပ် Alexandre de Juniac က သတင်းထောက်တွေကို ဆိုးလ်မြို့မှာဒီကနေ့ မေလ ၂၉ ရက်နေ့မှာ ပြောကြားလိုက်တာပါ။
တိုက်ဆိုင်စွာပဲ လောလောဆယ် 737 MAX ၁၃စီးပိုက်မိထားတဲ့ အိန္ဒိယနိုင်ငံရဲ့ ဘတ်ဂျက်လိုင်း  Spicejet စီးပွားရေးအမှုဆာင်အရာရှိ Kiran Koteshwar က 737 MAX တွေ ဂျူလိုင်လလောက်မှာ ပြန်လည်ပျံသန်းနိုင်မယ်လို့ သူတို့ကို ဘိုးအင်ကပြောကြောင်းအင်တာဗျူးတခုမှာပြော သွားပါတယ်။
ပြီးခဲ့တဲ့ အပတ်က မေလ ၂၃ ရက်က အမေရိကန်လေကြောင်းအာဏာပိုင် The Federal Aviation Administration (FAA) က 737 MAX တွေဇွန်လမကုန်မီပြန်လည်ပျံသန်းခွင့်ရနိုင်မယ်လို့ ကေနဒါနိုင်ငံ မွန်ထရီရယ်မြို့မှာ  ပြောခဲ့တယ်လို့ သတင်းတွေမှာ ဖေါ်ပြခဲ့တာပါ။

FAA နဲ့ ဘိုးအင်းကုမ္ပဏီတို့က 737 MAX တွေ အမြန်ဆုံးပြန်သန်းခွင့်ပေးချင်ပေမယ့်နိုင်ငံတကာ လေကြောင်းအာဏာပိုင်တွေနဲ့ လေကြောင်းလိုင်းတွေကတော့ အလောသုံးဆယ် မလုပ်လိုဘဲ ဘေးအန္တရာယ်ကင်းရှင်းရေးကို သေချာစေချင်တာပါ။

ဒါ့အပြင် ခရီးသည်တွေရဲ့ ယုံကြည်မှု ပြန်ရဖို့ကလိုပါသေးတယ်။
737 MAX တွေကို ပျံသန်းခွင့်အတွက် နဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ စစ်ဆေးမှုတွေမှာ မလုပ်သင့်တာတွေလုပ်ခဲ့တယ်ဆိုပြီး FAA ကို ဝေဘန်မှုတွေ များနေလို့ပါ။ 
နိုင်ငံတကာ လေကြောင်းအာဏာပိုင်တွေ၊ ဘိုးအင်းနဲ့ FAA တို့  မွန်ထရီရယ်မြို့မှာ မေလ ၂၃ ကလုပ်ခဲ့တဲ့ 737 MAX တွေ ကို  ပြန်လည်ပျံသန်းခွင့်ပြုနိုင်ဖို့ အစည်းအဝေးမှာ ရေရာတဲ့ ဆုံးဖြတ်ချက်တွေ မချမှတ်နိုင်ခဲ့လို့ IATAက လာမယ့် ဇူလိုင်လထဲမှာ အလားတူ အစည်းအဝေးနောက်တခုကို ထပ်မံ ခေါ်ယူဖို့ရှိနေပါတယ်။
737 MAX တွေပြန်လည်ပျံသန်းခွင့်ရနိုင်ဖို့အဓိကလုပ်စရာ အပိုင်း နှစ်ပိုင်းရှိပါတယ်။

ပထမအပိုင်းက ပြသနာဖြစ်နေတဲ့ MCAS စနစ်ကို update လုပ်ပြီး ပြန်လည်စစ်ဆေးကာ အသုံးပြခွင့်ပေးဖို့ပါ။ ဘိုအင်းက update ကို စမ်းပြီးပေမယ့် ပြီးခဲ့တဲ့အပတ်အထိ FAA ကိုမတင်သေးပါ။ FAA က ဆော့ ဝဲလ် အသစ်ကို နည်းပညာပိုင်းကို သေချာစစ်ဆေးပြီး လက်ခံနိုင်ပြီဆို လျင်စမ်းသပ်ပျံသန်း ဦးမှာပါ။ အားလုံး အဆင်ပြေစိတ်ချမှအသုံးပြုခွင့်လက်မှတ်ထုတ်ပေးမှာပါ။

ဒုတိယအပိုင်းက ပိုင်းလော့ တွေကို လေ့ကျင့်ပေးဖို့ပါ။ 737 Type rating licence ရထားတဲ့ ပိုင်းလော့တွေ ၁နာရီခွဲလောက် အိုင်ပက်ပေါ်မှာလေ့ကျင့်ရုံနဲ့ လုံလောက်တယ်လို့ ပြောထဲ့တဲ့ ဘိုးအင်းရဲ့ စကားကို လေကြောင်းလိုင်းနဲ့ ပိုင်းလော့လောကက သံသယဖြစ်နေပါပြီဘိုအင်းကလည်း ထိန်ချန်ထာတွေ လုပ်ခဲ့မိတာကိုး။ 

ဒီတော့ နောက်တကြိမ်အစည်းဝေးမှာ ပိုင်းလော့တွေ ကို ဘယ်လိုထရိန်နင်ပေးပြီးမှ 737 မက်စ် ကို မောင်းစေမလဲဆိုတာကို ဆွေးနွေးကြဦးမှာကတော့ သေချာပါတယ်။

အကယ်၍ နိုင်ငံတကာ လေကြောင်းအာဏာပိုင်တွေကသာ 737 မက်စ် ကို မောင်းဖို့ လေယာဉ်တု (simulator) နဲ့ ကျင့်ဖို့ လိုတယ်လို့ ဆုံးဖြတ် လျင်တော့ 737 MAX simulator တွေ အလွန်နည်းနေသေးတဲ့ အတွက် ပိုင်းလော့တွေကို ထရိန်နင်ပေးဖို့ အချိန်အတော်ကြာနိုင်ပြီး  737 MAX တွေမြေပြင်မှာ ဆက်ပြီးအညောင်းမိနေဦးမှာပါ။

ဖိုးသုည
29-5-19


No comments:

Post a Comment