ကမာၻ႔အႀကီးဆုံးခရီးသည္တင္ေလယာဥ္ Airbus A380 ရဲ့အတိုဆုံး ခရီးစဥ္
ကမာၻ႔အႀကီးဆုံးခရီးသည္တင္ေလယာဥ္ ေအ ၃၈၀ အမ်ားဆုံးပိုင္ဆိုင္ထားတဲ့ Emirates ေလေၾကာင္းက အမ်ားမထင္မွတ္ထားတဲ့ခရီးစဥ္သစ္တခုကို ဒီကေန႔ ေမလ ၃၁ရက္မွာ ေၾကျငာလိုက္ပါတယ္။
Dubai နဲ႔ Muscat ၿမိဳ႕တို႔ၾကား ေလေၾကာင္းခရီး ၂၁၁ မိုင္ခရီး ( ရန္ကုန္ ေနျပည္ေတာ္ ၂၀၃ မိုင္ထက္ ၈မိုင္ပို )ကို ဇူလိုင္လ တရက္ေန႔ကစၿပီး တေန႔ ၂ ႀကီမ္ေျပးဆြဲမယ္ဆိုပါတယ္။
ကမာၻ႔အႀကီးဆုံးခရီးသည္တင္ေလယာဥ္ Airbus A380 ေျပးဆြဲတဲ့ ခရီးေတြထဲမွာ ေတာ့ အတိုဆုံးစံခ်ိန္တင္လိုက္ပါၿပီ။
ဒီခရီးအတြက္ အီေကာ္ေနာ္မီ ၄၂၉ခုံ၊ ဘစ္စနက္ ၇၆ခုံနဲ႔ ဖတ္စ္ကလပ္စ္ ၁၄ ခုံပါမွာပါ။
လက္ရွိမွာေတာ့ ၂၀၁၇ မတိုင္ခင္က ေျပးဆြဲခဲ့တဲ့ Dubai နဲ႔ Doha ၾကား ၂၃၅ မိုင္ခရီးစဥ္က Airbus A380 ေျပးဆြဲတဲ့ အတိုဆုံးခရီး စံခ်ိန္တင္ထားတာပါ။
Airbus A380 မနားတမ္းေျပးဆြဲတဲ့ အရွည္ဆုံးခရီး ၁၆ နာရီခရီးစဥ္ကိုလည္း Emirates ေလေၾကာင္းကပဲ Dubai နဲ႔ New Zealan ႏိုင္ငံက Auckland ကို ေျပးစြဲၿပီးစံခ်ိန္တင္ထားပါတယ္။
ကမာၻ႔မွာ မနားတမ္းေျပးဆြဲတဲ့ အရွည္ဆုံးေလၾကာင္းခရီးစဥ္ကိုေတာ့ စကၤာပူေလေၾကာင္းက စကၤာပူ နဲ႔ နယူးေယာက္ၾကား ခရီး အဲယားဘတ္စ္ရဲ႕ Airbus A350-900ULR ေလယာဥ္နဲ႔ ၁၇ နာရီ ၂၅ မိနစ္ပ်ံသန္းၿပီး စံခ်ိန္တင္ထားပါတယ္။
ခရီးရွည္ပ်ံသန္းဖို႔ ထုတ္လုပ္ထားတဲ့ Airbus A380 ေလယာဥ္ေတြကို ဥေရာပက ျပင္သစ္၊ စပိန္ နဲ႔ ဂ်ာမဏီ စတဲ့ ဥေရာပႏိုင္ငံစုံ ပူးေပါင္းထားတဲ့ အဲယားဘတ္စ္ကုမၸဏီက 2007 ခုႏွစ္မွာ စကၤာပူေလေၾကာင္းကို စတင္အပ္ႏွံခဲ့ၿပီး ထုတ္လုပ္ၿပီးတဲ့ ေလယာဥ္ ၂၃၀ မွာ Emirates ေလေၾကာင္းက တရာေက်ာ္ပိုင္ဆိုင္ထားပါတယ္။
အဲဒီ ၂၅ ဘီလီယံတန္ေလယာဥ္ႀကီးေတြကိုေတာ့ ၂၀၂၁ မွာ ေနာက္ဆုံးထုတ္လုပ္ၿပီးလ်င္ ထုတ္လုပ္မႈကို ရပ္ဆိုင္းေတာ့မွာပါ။
ဖိုးသုည
31-05-19
https://edition.cnn.com/travel/article/world-shortest-a380-flight-emirates/index.html
ကမ္ဘာ့အကြီးဆုံးခရီးသည်တင်လေယာဉ် Airbus A380 ရဲ့အတိုဆုံး ခရီးစဉ် (ယူနီကုဒ်)
ကမ္ဘာ့အကြီးဆုံးခရီးသည်တင်လေယာဉ် အေ ၃၈၀ အများဆုံးပိုင်ဆိုင်ထားတဲ့ Emirates လေကြောင်းက အများမထင်မှတ်ထားတဲ့ခရီးစဉ်သစ်တခုကို ဒီကနေ့ မေလ ၃၁ရက်မှာ ကြေငြာလိုက်ပါတယ်။Dubai နဲ့ Muscat မြို့တို့ကြား လေကြောင်းခရီး ၂၁၁ မိုင်ခရီး ( ရန်ကုန် နေပြည်တော် ၂၀၃ မိုင်ထက် ၈မိုင်ပို )ကို ဇူလိုင်လ တရက်နေ့ကစပြီး တနေ့ ၂ ကြီမ်ပြေးဆွဲမယ်ဆိုပါတယ်။
ကမ္ဘာ့အကြီးဆုံးခရီးသည်တင်လေယာဉ်Airbus A380 ပြေးဆွဲတဲ့ ခရီးတွေထဲမှာ တော့ အတိုဆုံးစံချိန်တင်လိုက်ပါပြီ။
ဒီခရီးအတွက် အီကော်နော်မီ ၄၂၉ခုံ၊ ဘစ်စနက် ၇၆ခုံနဲ့ ဖတ်စ်ကလပ်စ် ၁၄ ခုံပါမှာပါ။
လက်ရှိမှာတော့ ၂၀၁၇ မတိုင်ခင်က ပြေးဆွဲခဲ့တဲ့ Dubai နဲ့ Doha ကြား ၂၃၅ မိုင်ခရီးစဉ်က Airbus A380 ပြေးဆွဲတဲ့ အတိုဆုံးခရီး စံချိန်တင်ထားတာပါ။
Airbus A380 မနားတမ်းပြေးဆွဲတဲ့ အရှည်ဆုံးခရီး ၁၆ နာရီခရီးစဉ်ကိုလည်း Emirates လေကြောင်းကပဲ Dubai နဲ့ New Zealan နိုင်ငံက Auckland ကို ပြေးစွဲပြီးစံချိန်တင်ထားပါတယ်။
ကမ္ဘာ့မှာ မနားတမ်းပြေးဆွဲတဲ့ အရှည်ဆုံးလေကြာင်းခရီးစဉ်ကိုတော့ စင်္ကာပူလေကြောင်းက စင်္ကာပူ နဲ့ နယူးယောက်ကြား ခရီး အဲယားဘတ်စ်ရဲ့ Airbus A350-900ULR လေယာဉ်နဲ့ ၁၇ နာရီ ၂၅ မိနစ်ပျံသန်းပြီး စံချိန်တင်ထားပါတယ်။
ခရီးရှည်ပျံသန်းဖို့ ထုတ်လုပ်ထားတဲ့ Airbus A380 လေယာဉ်တွေကို ဥရောပက ပြင်သစ်၊ စပိန် နဲ့ ဂျာမဏီ စတဲ့ ဥရောပနိုင်ငံစုံ ပူးပေါင်းထားတဲ့ အဲယားဘတ်စ်ကုမ္ပဏီက 2007 ခုနှစ်မှာ စင်္ကာပူလေကြောင်းကို စတင်အပ်နှံခဲ့ပြီး ထုတ်လုပ်ပြီးတဲ့ လေယာဉ် ၂၃၀ မှာ Emirates လေကြောင်းက တရာကျော်ပိုင်ဆိုင်ထားပါတယ်။
အဲဒီ ၂၅ ဘီလီယံတန်လေယာဉ်ကြီးတွေကိုတော့ ၂၀၂၁ မှာ နောက်ဆုံးထုတ်လုပ်ပြီးလျင် ထုတ်လုပ်မှုကို ရပ်ဆိုင်းတော့မှာပါ။
ဖိုးသုည
31-05-19
https://edition.cnn.com/travel/article/world-shortest-a380-flight-emirates/index.html
No comments:
Post a Comment