Tuesday, March 26, 2019

ကိုယ္ရွဴးကိုယ္ပတ္ (ကိုယ်ရှူးကိုယ်ပတ်)


သူတပါးကို လက္တေခ်ာင္းထိုးလ်င္ က်န္ေလးေခ်ာင္း ကိုယ္ဖက္ျပန္ထိုးလိမ့္မယ္လို႔ လူႀကီးေတြက ေျပာေလ့ရွိပါတယ္။

Ryanair trolling of British Airways' mistake backfires

Ryanair ဆိုတာ အိုင္ယာလန္ႏိုင္ငံက သက္တမ္း ၃၄ ႏွစ္ရွိ ဘတ္ဂ်က္ေလေၾကာင္းလိုင္းႀကီးတခုပါ။ ေလယာဥ္ေပါင္း ၄၃၉ စီးနဲ႔ ဥေရာပ ၃၅ ႏိုင္ငံက ေလဆိပ္ ၂၂၅ ခုအၾကား ပ်ံသန္းေပးေနတာပါ။ 
25 August 1919 ေန႔မွာAircraft Transport and Travel Limited (AT&T) ဆိုၿပီးစတင္ခဲ့တဲ့ ယူေကရဲ႕ အလံတင္ ေလေၾကာင္းလိုင္း British Airways (BA) ကေတာ့ ကမာၻ႔တိုက္ႀကီးအားလုံးကို ပ်ံသန္းေပးေနတဲ့ ဝန္ေဆာင္မႉအျပည့္ေပးတဲ့ ေလေၾကာင္းလိုင္းႀကီးပါ။ တခ်ိန္ကBOAC ဆိုတဲ့နာမည္နဲ႔လုပ္ေနစဥ္ ျမန္မာႏိုင္ငံကိုလည္း ပ်ံသန္းခဲ့ဖူးပါတယ္။
ၿပီးခဲ့တဲ့ မတ္လ ၂၅ ရက္ေန႔ကေတာ့ BA ရဲ႕ခရီးစဥ္အမွတ္ BA3271ကိုေျပးဆြဲေပးတဲ့ ဂ်ာမဏီရဲ႕ အငွားေလေၾကာင္း WDL ပိုင္ေလယာဥ္တစီး လန္ဒန္ကေန ဂ်ာမဏီရဲ႕ ဒူဆယ္ေဒါ့ဖိကိုပ်ံသန္းရာမွာ ခရီးစဥ္လမ္းေၾကာင္းၫႊန္ၾကားမႈ flight plan မွားယြင္းၿပီး ယူေကႏိုင္ငံေျမာက္ပိုင္းက အီဒင္ဘာရာၿမိဳ႕ကိုေရာက္သြားပါတယ္။ အလြန္ျဖစ္ခဲတဲ့ အဲဒီလိုမွားယြင္းမႈ ဘယ္ကဘယ္လိုျဖစ္တယ္ဆိုတာ စုံစမ္းဆဲပါ။ 
https://www.flightradar24.com/data/flights/ba3271#1fec2463

အဲဒီအျဖစ္အပ်က္နဲ႔ပတ္သက္ၿပီး ဘတ္ဂ်က္ေလေၾကာင္း Ryanairရဲ႕ တရားဝင္ Twitter အေကာင့္ကေန အိမ္နီးခ်င္း အကိုႀကီး BA ကို လွမ္းကလိပါတယ္။

Ryanair က BA ကို Geography for Dummies ပထဝီစာအုပ္လက္ေဆာင္ေပးဖို႔ရွိပါတယ္လို႔ ေနာက္သလိုလိုနဲ႔ တြယ္လိုက္ပါတယ္။ ေလယာဥ္ကြင္းမွားပ်ံသြားတာကို ရည္ၫႊန္းၿပီး သိကၡာခ်လိုက္တာပါ။
သူတိုကိုယ္သူတို႔ ႀကီးျမတ္တဲ့ လူမ်ိဳးလို႔ ဆိုတဲ့ အဂၤလိပ္ႀကီး BA ကေတာ့ "ဘယ္သူမွအမွားမကင္းတတ္ပါဘူး" လို႔ပဲ ယဥ္ယဥ္ေက်းေက်း တုန႔္ျပန္ခဲ့ပါတယ္။ 
ဒါေပမဲ့ ဆိုရွယ္မီဒီယာဆိုတာ ဒီေလာက္နဲ႔ ၿပီးလို႔မရပါ။ 
တျခားတ္ြီတာသုံးသူေတြက Ryanair ကို ပယ္ပယ္နယ္နယ္ တုန႔္ျပန္ၾကပါေတာ့တယ္။ 
အဲလိုတုန႔္ျပန္ၾကရာမွာ Ryanair အတြက္လက္ေဆာင္ ""မိမိတို႔ ေဖါက္သည္မ်ားကိုဝန္ေဆာင္မွု"  တို႔ 
" ဝန္ထမ္းခန႔္ထားျခင္းဆိုင္ရာဥပေဒ" ေတြရွိပါတယ္ဆိုတာေတြပါသလို 

ဇႏၷဝါရီ ၄ ရက္ေန႔က လန္ဒန္ကေနဂရိႏိုင္ငံ Thessalonikiကိုပ်ံတဲ့ Ryanair ခရီးစဥ္ အမွတ္ FR8582 ဟာ ျမဳဆိုင္းလို႔ ဆင္းမရလို႔ဆိုၿပီး အနီးအနားက ဆင္းလို႔ရတဲ့ ေလဆိပ္ေတြကို ေက်ာ္ၿပီး ေျမာက္ဘက္ မိုင္၅၀၀ အကြာ ႐ိုေမးနီးယားႏိုင္ငံ Timisoara ေလဆိပ္မွာဆင္းခဲ့ၿပီး ခရီးသည္ေတြကို ဘတ္စ္ကားအိုေတြနဲ႔ ၁၈ နာရီခရီးကေန သူတို႔သြားရမဲ့ Thessaloniki ၿမိဳ႕ကိုပို႔ေပးခဲ့တဲ့ အေၾကာင္း သည္ျဖင့္ဝိုင္းတိုက္ခိုက္တာခံလိုက္ရပါတယ္၊ 
https://www.independent.co.uk/travel/news-and-advice/ryanair-flight-greece-delayed-fog-romania-layover-stanstead-airport-compensation-a8713811.html

Ryanair ဆိုတာလည္းႏွယ္ႏွယ္ရရ မဟုတ္ပါ။ 
ခရီးသည္ေတြ မေက်နပ္လို႔ မၾကာမၾကာ ျပသနာလုပ္ခံရသလို ဝန္ထမ္းေတြ မေက်နပ္လို႔ ဆႏၵျပၾကတာလည္း မနည္းပါ၊
၀၁၈ တႏွစ္တည္းမွာ ၂ႀကိမ္ ပိုင္းေလာ့နဲ႔ တျခားဝန္ထမ္းေတြဆႏၵျပလို႔ ေလယာဥ္ခရီးစဥ္ေပါင္း ရာေက်ာ္ ဖ်က္သိမ္းခဲ့ရၿပီး ခရီးသည္ေတြကို ေလွ်ာ္ေၾကးမေပးလို႔ တရားတေဘာင္းလည္းျဖစ္ခဲ့ပါေသးတယ္။



မိမိကိုယ္တိုင္ အမဲစက္ေတြနဲ႔ ျပည့္ေနတာကိုမျမင္ပဲ သူတပါးအမွားကို လွမ္းၿပီးသိကၡာခ်မိကာမွ ကိုယ္ရွဴးကိုယ့္ပတ္တဲ့ တြီတာထဲက Ryanair အေၾကာင္းဖတ္ၿပီး ျမန္မာ့ေဖ့ဘုတ္ထဲက နာမည္ႀကီးတခ်ိဳကိုလည္းသြားၿပီး သတိရမိပါရဲ႕ 😉။ ဖိုးသုည
၂၇-၃-၂၀၁၉ 
(ေတာ္လွန္ေရးေန႔)



သူတပါးကို လက်တချောင်းထိုးလျင် ကျန်လေးချောင်း ကိုယ်ဖက်ပြန်ထိုးလိမ့်မယ်လို့ လူကြီးတွေက ပြောလေ့ရှိပါတယ်။
Ryanair ဆိုတာ အိုင်ယာလန်နိုင်ငံက သက်တမ်း ၃၄ နှစ်ရှိ ဘတ်ဂျက်လေကြောင်းလိုင်းကြီးတခုပါ။ လေယာဉ်ပေါင်း ၄၃၉ စီးနဲ့ ဥရောပ ၃၅ နိုင်ငံက လေဆိပ် ၂၂၅ ခုအကြား ပျံသန်းပေးနေတာပါ။
25 August 1919 နေ့မှာAircraft Transport and Travel Limited (AT&T) ဆိုပြီးစတင်ခဲ့တဲ့ ယူကေရဲ့ အလံတင် လေကြောင်းလိုင်း British Airways (BA) ကတော့ ကမ္ဘာ့တိုက်ကြီးအားလုံးကို ပျံသန်းပေးနေတဲ့ ဝန်ဆောင်မှူအပြည့်ပေးတဲ့ လေကြောင်းလိုင်းကြီးပါ။ တချိန်ကBOAC ဆိုတဲ့နာမည်နဲ့လုပ်နေစဉ် မြန်မာနိုင်ငံကိုလည်း ပျံသန်းခဲ့ဖူးပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့ကတော့ BA ရဲ့ခရီးစဉ်အမှတ် BA3271ကိုပြေးဆွဲပေးတဲ့ ဂျာမဏီရဲ့ အငှားလေကြောင်း WDL ပိုင်လေယာဉ်တစီး လန်ဒန်ကနေ ဂျာမဏီရဲ့ ဒူဆယ်ဒေါ့ဖိကိုပျံသန်းရာမှာ ခရီးစဉ်လမ်းကြောင်းညွှန်ကြားမှု flight plan မှားယွင်းပြီး ယူကေနိုင်ငံမြောက်ပိုင်းက အီဒင်ဘာရာမြို့ကိုရောက်သွားပါတယ်။ အလွန်ဖြစ်ခဲတဲ့ အဲဒီလိုမှားယွင်းမှု ဘယ်ကဘယ်လိုဖြစ်တယ်ဆိုတာ စုံစမ်းဆဲပါ။
အဲဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး ဘတ်ဂျက်လေကြောင်း Ryanairရဲ့ တရားဝင် Twitter အကောင့်ကနေ အိမ်နီးချင်း အကိုကြီး BA ကို လှမ်းကလိပါတယ်။
Ryanair က BA ကို Geography for Dummies ပထဝီစာအုပ်လက်ဆောင်ပေးဖို့ရှိပါတယ်လို့ နောက်သလိုလိုနဲ့ တွယ်လိုက်ပါတယ်။ လေယာဉ်ကွင်းမှားပျံသွားတာကို ရည်ညွှန်းပြီး သိက္ခာချလိုက်တာပါ။
သူတိုကိုယ်သူတို့ ကြီးမြတ်တဲ့ လူမျိုးလို့ ဆိုတဲ့ အင်္ဂလိပ်ကြီး BA ကတော့ "ဘယ်သူမှအမှားမကင်းတတ်ပါဘူး" လို့ပဲ ယဉ်ယဉ်ကျေးကျေး တုန့်ပြန်ခဲ့ပါတယ်။
ဒါပေမဲ့ ဆိုရှယ်မီဒီယာဆိုတာ ဒီလောက်နဲ့ ပြီးလို့မရပါ။
တခြားတ်ွီတာသုံးသူတွေက Ryanair ကို ပယ်ပယ်နယ်နယ် တုန့်ပြန်ကြပါတော့တယ်။
အဲလိုတုန့်ပြန်ကြရာမှာ Ryanair အတွက်လက်ဆောင် ""မိမိတို့ ဖေါက်သည်များကိုဝန်ဆောင်မှု"  တို့
" ဝန်ထမ်းခန့်ထားခြင်းဆိုင်ရာဥပဒေ" တွေရှိပါတယ်ဆိုတာတွေပါသလို
ဇန္နဝါရီ ၄ ရက်နေ့က လန်ဒန်ကနေဂရိနိုင်ငံ Thessalonikiကိုပျံတဲ့ Ryanair ခရီးစဉ် အမှတ် FR8582 ဟာ မြုဆိုင်းလို့ ဆင်းမရလို့ဆိုပြီး အနီးအနားက ဆင်းလို့ရတဲ့ လေဆိပ်တွေကို ကျော်ပြီး မြောက်ဘက် မိုင်၅၀၀ အကွာ ရိုမေးနီးယားနိုင်ငံ Timisoara လေဆိပ်မှာဆင်းခဲ့ပြီး ခရီးသည်တွေကို ဘတ်စ်ကားအိုတွေနဲ့ ၁၈ နာရီခရီးကနေ သူတို့သွားရမဲ့ Thessaloniki မြို့ကိုပို့ပေးခဲ့တဲ့ အကြောင်း သည်ဖြင့်ဝိုင်းတိုက်ခိုက်တာခံလိုက်ရပါတယ်၊
Ryanair ဆိုတာလည်းနှယ်နှယ်ရရ မဟုတ်ပါ။
ခရီးသည်တွေ မကျေနပ်လို့ မကြာမကြာ ပြသနာလုပ်ခံရသလို ဝန်ထမ်းတွေ မကျေနပ်လို့ ဆန္ဒပြကြတာလည်း မနည်းပါ၊
၂၀၁၈ တနှစ်တည်းမှာ ၂ကြိမ် ပိုင်းလော့နဲ့ တခြားဝန်ထမ်းတွေဆန္ဒပြလို့ လေယာဉ်ခရီးစဉ်ပေါင်း ရာကျော် ဖျက်သိမ်းခဲ့ရပြီး ခရီးသည်တွေကို လျှော်ကြေးမပေးလို့ တရားတဘောင်းလည်းဖြစ်ခဲ့ပါသေးတယ်။
ယူကေက ခရီးသည်တွေကိုကောက်ယူတဲ့ စစ်တမ်းမှာ အညံ့ဆုံးလေကြာင်းလိုင်း အဖြစ် ၆ နှစ်ဆက်တိုက် သရဖူဆောင်းထားတဲ့ လေကြောင်းလိုင်းပါ။
မိမိကိုယ်တိုင် အမဲစက်တွေနဲ့ ပြည့်နေတာကိုမမြင်ပဲ သူတပါးအမှားကို လှမ်းပြီးသိက္ခာချမိကာမှ ကိုယ်ရှူးကိုယ့်ပတ်တဲ့ တွီတာထဲက Ryanair အကြောင်းဖတ်ပြီး မြန်မာ့ဖေ့ဘုတ်ထဲက နာမည်ကြီးတချိုကိုလည်းသွားပြီး သတိရမိပါရဲ့  😉 ဖိုးသုည
၂၇-၃-၂၀၁၉
(တော်လှန်ရေးနေ့)

No comments:

Post a Comment