အမျိုးသမီးလက်ကိုင်အိတ်များအတွင်း မူးယစ်ဆေးထည့်သယ်ပို့သူ သေဒဏ်ကျ
" သူ့အမေလား တရုပ်ပြည်မှာ မူးယစ်ကုန်ကူးတာမိသွားလို့ သေဒဏ်ကျပြီး သေနတ်နဲ့ပစ်ခံရတော့မှာ "
ဆယ်ကျော်သက်အရွယ်မိန်းခလေးတဦးအနေနဲ့ မကြားတကြားဒီလိုပြောတာခံရမယ်ဆို ဘယ်လိုခံစားရမယ်ဆိုတာ မတွေးရဲစရာပါ။
တခါ ကျောင်းတွေ အခန်းအနားတွေမှာ မူးယစ်ဆေးအန္တရာယ်ဟောပြောပွဲတွေလုပ်တိုင်း မူးယစ်ကုန်ကူးသူတွေကြောင့်လူတွေဘယ်လောက်ဒုက္ခရောက်တယ်ဆိုတာကိုပြောကြတဲ့အခါ မူးယစ်ကုန်ကူးတာမိလျင် သေဒဏ်အထိအပြစ်ဒဏ်ချနိုင်တယ်လို့ပြောတာတွေကြားတိုင်း ဘယ်လောက်နာကျင်ခံစားရမယ်ဆိုတာ .....
အသက် ၁၇ နှစ်အရွယ် စင်္ကာပူနိုင်ငံသူ အစ္စမီအယ်ဒါတယောက် သူမ မကျူးးလွန်တဲ့ပြစ်မှုအတွက် ခံစားနေရတာကတော့ အတော်ကိုဆိုးရွားလှပါတယ်။
https://edition.cnn.com/2020/12/24/asia/singapore-china-death-penalty-intl-hnk/index.html |
တရုပ်ပြည်မှာ အလုပ်ရှာ
သူမရဲ့အမေ ၃၅ နှစ်အရွယ် စိတိ အက်စ်လင်ဒါတယောက် သူမ အသက် ၁၁ နှစ်အရွယ် ၂၀၁၄ တုန်းက တရုပ်ပြည်ကို အလုပ်ရှာဖို့ ထွက်သွားခဲ့ပါတယ်။
သူမက Chibuzor Onwuka ဆိုသူနဲ့ အဆက်အသွယ်ရပြီး အမျိုးသမီးလက်ကိုင်အိတ်တွေ၊ အတွင်းခံအဝတ်တွေ ပရင်တာ မှင်တော့င်တွေကို တရုပ်ပြည်ကနေ ကမ္ဘောဒီးယားကို ပို့ပေးဖို့ အလုပ်ရပါတယ်။
ဝင်ငွေကောင်းတဲ့ ကယ်ရီယာအလုပ်
တရုပ်ပြည် ကွမ်ကျိုးမှာ ပစ္စည်းတွေကိုယူပြီး ဖနွမ်းပင်ကိုပို့ရတာပါ။ တလကို တစ်ခါ နှစ်ခါပဲလုပ်ရပါတယ်။
လေယာဉ်ခ၊ တည်းခိုဖို့ ဟော်တယ်စားရိတ်ကအစ အကုန်အကျခံပြီး တခေါက်ကို သယ်ပို့ခ ဒေါ်လာ ၂၀၀၀ ကနေ သုံးထောင်အထိရပါတယ်။
တကယ်တော့ ဒီအခကြေးငွေက ပုံမှန်ထက် အဆများစွားပိုများလို့သံသယတော့ ဖြစ်မိတယ်လို့ဆိုပါတယ်။ Onwuka က သူမသယ်ပေးတဲ့ပစ္စည်းတွေက ကမ္ဘောဒီးယားအထက်တန်းလွှာတွေသုံးတဲ့ပစ္စည်းတွေဖြစ်လို့ အမြတ်များများရလို့ များများပေးတာလို့ ပြောတယ်ဆိုပါတယ်။
၂၀၁၄ နှောင်းပိုင်းမှာ စခဲ့တဲ့အလုပ်က မြိုးမြိုးမြက်မြက်ရလေတော့ ၂၀၁၅ မှာ စင်္ကာနိုင်ငံသား မိုဟာမက်ယူစရီကို ပါ သူမက အလုပ်ရှင်ကိုယ်စားလှယ် Chibuzor Onwuka နဲ့ ဆက်သွယ်ပေးပြီး သူမနဲ့အတူပစ္စည်းတွေ သယ်ပို့ပေးကြပါတယ်။
အဖမ်းခံရပြီ
ဒုတိယအကြိမ် နှစ်ယောက်တွဲအလုပ်လုပ်တဲ့ အချိန် ၂၀၁၅ အောက်တိုဘာ ၂၄ ရက်မှာတော့ သူတို့ကိုရှန်ဇန်း အကောက်ခွန်ဝန်ထမ်းတွေက ရှာဖွေရာမှာ အမျိုးသမီး လက်ကိုင်အိတ် ၂၈ လုံးထဲမှာ ဝှက် သယ်လာတဲ့ စိတ်ကြွဆေး ၁၁ ကီလိုကို ဖမ်းဆီးရမိပါတော့တယ်။ ကာလပေါက်ဈေး အမေရိကန်ဒေါ်လားနှစ်သန်းကျော်တန်တယ်ဆိုပါတယ်။
သူတို့နှစ်ယောက်လုံးက သူတို့သယ်ပို့ပေးတာ မူးယစ်ဆေးဖြစ်နေမှန်းမသိဘူးလို့ငြင်းပါတယ်။
တရားသူကြီးကတော့ သူတို့ ရနေတဲ့ သယ်ပို့ခက ပုံမှန်ထက် အဆများစွားပိုများနေကတည်းက သူတို့ ဘာကိုသယ်နေကြတယ်ဆိုတာ သိပြီးသားဖြစ်ရမယ်လို့ ကောက်ချက်ချပါတယ်။
နောက်တခုကတော့ တရုပ်ပြည် ကွမ်ကျိုးကနေ ကမ္ဘောဒီးယားကိုတိုက်ရိုက်လေကြောင်းတွေရှိပါလျက် လမ်းကြောင်းရှည်အောင် ဟောင်ကောင်ကတဆင့် သွားတာကလည်းသဘာဝမကျလို့ သံသယဖြစ်စရာကောင်းတယ်လို့ ဆိုပါတယ်။
ကမ္ဘောဒီးယား အကောက်ခွန်ဥပဒေအရလည်း ခရီးသည်တွေဟာ နိုင်ငံထဲဝင်တဲ့အခါ တကိုယ်ရေလိုတဲ့အသုံးအဆောင်တွေကို (တားမြစ်ထားသည်တို့မှအပ) သူတို့ခရီးစဉ်မှာလိုအပ်တဲ့ပမာဏအထိပဲ ယူလာခွင့်ပြုတာပါ။ အဲဒီထက်ပိုလျင် အကောက်ခွန်ကြေညာပြီး သွင်းကုန်ပါမစ်လိုပါတယ်။ နိုင်ငံအများစုမှာဒီလိုအလားတူဥပဒေတွေရှိပါတယ်။
လူတဦးတည်းက အမျိုးသမီးလက်ကိုင်အိတ် ၂၀ လောက်ကိုတခါတည်းသယ်လာတာမျိုးကို လေဆိပ်အကောက်ခွန်တွေကတွေ့လျင် ဒဏ်ရိုက်ခံရမှာပါ။
သေဒါဏ်
သူမရဲ့အမှုက ၂၀၁၅ တုန်းကဖြစ်တာပေမယ် ပြစ်ဒဏ်ကိုတော့ ၂၀၂၀ ဇူလိုင်လကမှာ ချတာပါ။
သူမ အမှုအတွက် စင်္ကာပူအစိုးရဖက်က ကူညီပေးပါတယ်။
အယူခံဝင်ပေမယ့်ပယ်ချခံရပြီး ရက်သတ္တအနည်းငယ်အတွင်း သေဒဏ်ပေးရမယ်လို့ဆုံးဖြတ်ပါတယ်။
သူမနဲ့အတူအဖမ်းခံရသူ မိုဟာမက်ယူစရီရဲ့သေဒဏ်ကိုတော့ ၂ နှစ်ဆိုင်းငံ့ပေးထားပါတယ်။
တရုပ်ပြည်မှာ မူးယစ်ကုန်ကူးမှုကို သေဒါဏ်အထိအပြစ်ပေးတတ်ပြီး သေနတ်ပစ်အဖွဲ့နဲ့ပစ်သတ်ပါတယ်။
တကယ်တော့ စင်္ကာပူမှာလည်းမူးယစ်ကုန်ကူးသူကိုသေဒဏ်ပေးပါတယ်။ (ကြိုးပေးတာပါ)
တရုပ်ပြည်မှာ မူးယစ်ဆေးမှုနဲ့ သေဒဏ်ကျခံရသူတွေမှာ နိုင်ငံခြားသားတွေလည်းပါပါတယ်။
သမီးရဲ့ခံစားချက်
အစ္စမီအယ်ဒါ ကတော ့ပြစ်မှုမှတ်တမ်းမရှိတဲ့ သူမရဲ့အမေ ဘာလို့ဒီလိုလုပ်တယ်ဆိုတာ တွေးမရဖြစ်နေပါတယ်။
ဒ်ဟာမိုက်မဲမှုတခုသာဖြစ်တယ်၊ သူမသာ အမေ့နေရာမှာဆို ဒီလိုလုပ်မှာမဟုတ်သလို အမေဒီလိုလုပ်နေတာ သိလျင်လည်းတားမြစ်ခဲ့မှာပါ၊ ဒါပေမယ့် အဲဒီအချိန်တုန်းက သူမက ၁၂ နှစ်ဆိုတော့ ဘာမှ သိပ်မသိသေးဘူးဆိုပါတယ်။
လှည်းဖြာသိမ်းသွင်း
နိုင်ငံတကာမူးယစ်ကုန်ကူးသူများက လူလတ်ပိုင်း အိမ်ထောင်ပျက်၊ တခုလပ်၊ အမျိုးသမီးများကို ပစ်မှတ်ထားပါတယ်။
ပိုက်ဆံဆိုတာ လူတိုင်းအတွက် သည်းခြေကြိုက်ဆိုတော့လည်း ငွေအများကြီးကို လွယ်လွယ်ရတဲ့ အခါ ဆင်ခြင်တုံတရား အားနည်းသွားတတ်ပါတယ်။
စိတ်ပိုင်းဆိုရာ အားနည်းပြီး ငွေကြေးလိုအပ်နေသူတွေကို ဖက်လှည့်စည်းရုံးပြီး မူးယစ်ဆေးသယ်ခိုင်းတာပါ။
တချိန်က ဘရူနိုင်းနိုင်ငံသူနှစ်ယောက် ဩစတေးသျှကို မူယစ်ဆေး သယ်ဖို့ အသုံးချခံရပုံကို ကျနော်ရေးဖူးပါတယ်။ လင့်ကဒီမှာပါ
https://share-knwge.blogspot.com/2019/08/blog-post_23.html။
အရှေ့တောင်အာရှိမှာ ဒီလိုလုပ်တဲ့ သူအများစုက နိုင်ဂျီးရီးယားနိုင်ငံသားတွေဖြစ်နေပါတယ်။
၂၀၁၆ မှာတရုပ်ပြည်ထဲမှာ မူးယစ်မှုနဲ့သေဒဏ်ကျနေတဲ့ နိုင်ဂျီးရီးယားနိုင်ငံသား ၁၂၀ ရှိတယ်ဆိုပါတယ်။
အမည်းတွေအပြောကောင်းသဘောကောင်းနဲ့ ချဉ်းကပ်လာလျင် သတိထားပါ။
သတိထားစရာ
ပုံမှန်ထက်အဆများစွာပိုများတဲ့ သယ်ပို့ခပေးတဲ့ နိုင်ငံတကာ ပစ္စည်းသယ်ပို့လုပ်ငန်းမျိုးဆို သတိထားပါ, ဖြစ်နိုင်လျင် လက်မံပါနဲ့ ။ အဆက်သွယ်ပါဖြတ်ပါ်။
အွန်လိုင်းကချစ်သူတွေကိုသတိထားပါ၊ သူတို့က စားရိတ်ခံပြီးခရီးထွက်ဖို့ ခေါ်၊ သူတို့ကအတူလိုက်ပါမလားဘူးဆိုလျင်တော့ တခုခုမဟုတ်တာ သေချာသလောက်ပါပဲ ။
ကိုယ်လုပ်နေတဲ့ အလုပ်ကို သံသယရှိလျင်ဆက်မလုပ်ပါနဲ့ ။
ကိုယ်တခုခုဖြစ်လျင် ကျန်ခဲ့တဲ့မိသားစုကို အရိပ်မည်းက ဘယ်လောက်ကြာအောင်ဒုက္ခပေးမယ်ဆိုတာကိုအရင်တွေးပါ
အားလုံးလှည့်ဖြားခံရခြင်းမှ ကင်းဝေးကြပါစေ။
ဖိုးသုည
26-12-2020
https://share-knwge.blogspot.com/2020/12/blog-post.html
ကိုးကား
https://edition.cnn.com/2020/12/24/asia/singapore-china-death-penalty-intl-hnk/index.html
No comments:
Post a Comment