မသုံးတာကြာတဲ့ Gmail ဂျီမေး၊ Google Photo ဂူးဂဲဖိုတိုနဲ့ Google Drive ဂူးဂဲ ဒရိုက်ဖ် ဆိုတဲ့ ဆားဗစ်ထဲကဖိုင်တွေကိုဖျက်ပစ်မယ်ဆိုတဲ့ ဂူးဂဲရဲ့ ပေါ်လစီအသစ်
မနေ့က ဂူးဂဲက စာပို့လာပါတယ်။
၂၀၂၁ ဇွန်လ တရက်နေ့မှာ စတင်အသက်ဝင်မယ့် ဂူးဂဲရဲ့ ဒေတာသိုလှောင်မှုပေါ်လစီအသစ်အကြောင်းကလေး ပါ။
Gmail ဂျီမေး၊ Google Photo ဂူးဂဲဖိုတိုနဲ့ Google Drive ဂူးဂဲ ဒရိုက်ဖ် ဆိုတဲ့ ဆားဗစ် တွေနဲ့ ပတ်သက်ပါတယ်။
၁. အခုပေါ်လစီအသစ်က အဲဒီဆားဗစ်တခုခုကို ၂ နှစ် (၂၄ လ) အတွင်းတခါမှမသုံးလျင် ဆိုင်ရာဆားဗစ်နဲ့ ပတ်သက်တဲ့ သိုလှောင်မှုတွေကို ဖျက်ပစ်မယ်ဆိုပါတယ်။
၂. ၂နှစ်အတွင်း သတ်မှတ်ထားတဲ့ သိုလှောင်မှုပမာဏထက်ပိုသုံးလျင်လည်း ဒေတာတွေကိုဖျက်မှာပါ။ ဘယ်ဒေတာကိုဘယ်လိုဖျက်မယ်ဆိုတာတော့ အသေးစိပ်မပါပါ။
သိပ်တော့စိတ်မပူပါနဲ့
ဒေတာတွေကိုမဖျက်မီ သုံးလကြိုပြီး စာပို့မယ် ၊ ဂူဂဲ နဲ့ပတ်သက်တဲ့ ဆားဗစ်ကနေ သတိပေး နိုတီပို့ပါမယ်။
ဒေတာတွေကိုမဖျက်စေချင်လျင် သူတို့သတ်မှတ်ရက်မတိုင်မီ အဲဒီဆားဗစ်ကို ပြန် သုံးပါ သို့မဟုတ် ဒေတာတွေကို ဒေါင်းလုပ်လုပ်ပြီး သိမ်းထားပါ။
ဒါမှမဟုတ် သိုလှောင်မှုပမာဏ များများရအောင် upgrade လုပ်ပြီး သိုလှောင်မှု ဝယ်လို့ရပါတယ်၊၊
သိုလှောင်ထားတဲ့ ဒေတာတွေကို ဖျက်ပစ်ပေမယ့် အကောင့်ကိုဖျက်မှာတော့မဟုတ်ပါ။
လက်ရှိကျနော်တို့သုံးနေတဲ့ဂူဂဲဒေတာသိုလှောင်မှု
ကျနော်တို့ ဂူးဂဲ သုံးစွဲသူအများစုက အလကားရတဲ့ ဖရီးဆားဗစ်ကိုသုံးကြတာပါ၊
အဲဒီ Gmail ဂျီမေး၊ Google Photo ဂူးဂဲဖိုတိုနဲ့ Google Drive ဂူးဂဲ ဒရိုက်ဖ် တို့အတွက် စုစုပေါင်း ဒေတာ 15 GB ဖရီး သိုလှောင်သိမ်းဆည်းပေးပါတယ်။
အခုပေါ်လစီအသစ်က အဲဒီဆားဗစ်တခုခုကို ၂ နှစ် (၂၄ လ) အတွင်းတခါမှမသုံးလျင် ဆိုင်ရာဆားဗစ်နဲ့ ပတ်သက်တဲ့ သိုလှောင်မှုတွေကို ဖျက်ပစ်မယ်ဆိုပါတယ်။
၂နှစ်အတွင်း သတ်မှတ်ထားတဲ့ သိုလှောင်မှုပမာဏထက်ပိုသုံးလျင်လည်း ဒေတာတွေကိုဖျက်မှာပါ။ ဘယ်ဒေတာကိုဘယ်လိုဖျက်မယ်ဆိုတာတော့မသိပါ။
ဥပမာ ဂျီမေးကိုသုံးနေပေမယ့် Google Drive ထဲ မဝင် တာ ၂ နှစ်ကြာလျင် အဲဒီ Drive ထဲက ဖိုင်တွေကို ဖျက်ပစ်မှာပါ။ ဒီလိုပဲ Google Photoထဲက ပုံတွေကိုလည်း ၂ နှစ်အတွင် တခါမှ ပြန်မဝင်လျင် ဖျက်ပစ်မယ်ဆိုပါတယ်။
အကောင့်ကိုဖျက်တာတော့မဟုတ်၊ မသုံးတဲ့ ဆားဗစ် mail / Drive/ Photo ထဲကဖိုင်တွေကိုပဲဖျက်မှာပါ။
လုပ်ငန်းသုံးအဖွဲ့အစည်းသုံး Google Workspace, G Suite for Education and G Suite for Nonprofits policies တွေကိုတော့ ဒီပေါ်လစီက ဘာမှ လုပ်မှာမဟုတ်ပါ။
နောက်တခုကတော့ လက်ရှိမှာ Poto နဲ့ video တွေကို "High quality (16 MP photo/ 1080p Video)" or "Express quality (3MP photo / 480p Video)" အနေနဲ့သိမ်းထားလျင် အဲဒီသိုလှောင်မှုကို အကောင့် ခွဲတမ်းထဲထည့်မတွက်ပါ။
ကိုယ်ကပုံတွေဗွီဒီယိုတွေကို Google Photos မှာ သိမ်းတဲ့အခါ High quality လို့ရွေးလျင် 16 MP photo/ 1080p Video ကိုပြောင်းသိမ်းပြီး "Express quality" ဆိုလျင်တော့ 3MP photo / 480p Video ပြောင်းသိမ်းပေးပါတယ်။
16MP (သို့) 1080 P ထက်ကြီးတဲ့ "Original quality."အနေနဲ့သိမ်းတဲ့ ပုံတွေ ဗွီဒီယိုတွေတော့ သိုလှောင်မှု ဒေတာခွဲတမ်းကိုထည့်တွက်ပါတယ်။
၂၀၂၁ ဇွန် ၁ ရက်နောက်ပိုင်းမှာတော့ ဘယ်အရွယ်နဲ့ သိမ်းထဲ့ပုံတွေ ဗွီဒီယိုတွေဖြစ်ဖြစ် သိုလှောင်မှု ခွဲတမ်းထဲ ထည့်တွက်တော့မှာပါ။
လက်ရှိအခြေအနေမှာလို ပုံတွေအများကြီး သိမ်းချင်တိုင်းသိမ်းထားလို့ရတော့မှာမဟုတ်ပါ။
ဒါပေမယ့် အဲဒီရက်မတိုင်ခင်ကတင်ထားတဲ့ပုံတွေ ဗွီဒီယိုတွေကိုတော့ ထည့်မတွက်ဘဲ အသစ်တွေကိုပဲထည့်တွက်မှာပါ။
ဒီတော့ active ဖြစ်နေအောင် ဘာတွေလုပ်ရမလဲ
- ဂျီမေးထဲက စာတွေကို ဖွင့်ဖတ်တာ၊ ဖတ်ပြီးသားတွေကိုရှင်းပစ်တာမျိုးလုပ်လို့ရပါတယ်။
- Drive နဲ့ Photo ထဲဝင်ပြီး ဖိုင်တွေ၊ ပုံတွေကို ဖွင့်ကြည့်တာ ၊ သူများနဲ့ ရှဲတာ , ဖုန်းတို့ကွန်ပြုတာတို့က ဖိုင်တွေပုံတွေနဲ့ sync လုပ်တာတွေလုပ်နိုင်ပါတယ်။
- ဗိုင်ဘာတို့ Whatsapp တိုကို Google Drive မှာ backup လုပ်ခိုင်းထားလျင် လည်း နေ့စဉ်/ တပတ်တခါ လုပ်နေလို့ အက်တစ်ဖြစ်နေမှာပါ။
- နောက်တခုကတော့ Google One ဂူဂဲ ဝမ်း ဆိုတဲ့ စနစ်အသစ်ကို ပြောင်းသုံးတာပါ။
Google One က တော့ အထက်ပါဆားဗစ်တွေကို တခုတည်းအနေနဲ့ပေါင်းထားပြီး ကိုယ် အကောင့်ဝင်ထားတဲ့ ပစ္စည်း ( ဥပမာ ဖုန်း) ဆက်တင်အချက်အလက်တွေကိုပါ Back up လုပ်ထားလို့ရပါတယ်။
မိသားစု ၅ ယောက်အကောင့်တွေအချင်းချင်း သိုလှောင်မှု မျှဝေသုံးလိုရမယ်ဆိုပါတယ်။
ကိုယ့်ဂူဂဲအကောင့်ကို ဂူဂဲဝမ်း အဖြစ်ပြောင်းလိုက်လျင် ရှိပြီးသားဖိုင်တွေ စာတွေ၊ ပုံတွေ ရှိမြဲအတိုင်းကျန်နေမှာဖြစ်ပြီး Mail, Drive, Photo တခုခုကိုသုံးနေတာနဲ့ကျန်တာတွေပါ active ဖြစ်နေမယ်ဆိုပါတယ်။
ဒီလင့်ကနေ Play store မှာဒေါင်းလုပ်လုပ်လို့ရပါတယ်၊။
https://play.google.com/store/apps/details?id=com.google.android.apps.subscriptions.red
ကဲ ဂူဂဲဝမ်း ဖရီးအကောင်းပြောင်းသုံးကြမှာလား
ဖိုးသုည
၁၁-၁၂-၂၀၂၀
https://share-knwge.blogspot.com/2020/12/blog-post.html
https://support.google.com/googleone/answer/9004014?hl=en&ref_topic=9171059
https://support.google.com/googleone/answer/9004014
https://support.google.com/googleone/answer/10214036#activity
https://support.google.com/photos/answer/6220791?co=GENIE.Platform%3DAndroid&hl=en
No comments:
Post a Comment