Android ဖုန်းတလုံးထဲမှာ ဇော်ဂျီနဲ့ယူနီ အတူယှဉ်တွဲအသုံး ပြု ခြင်း
ယူနီကုဒ်ကို
ပြောင်းသုံးချင်တယ် ဒါပေမယ့် ဖုန်းက ဇော်ဂျီ font နဲ့ လာတဲ့ဖုန်း၊ root မဖေါက်ချင်လို့ ပြောင်းလို့မရဘူး၊ ဖုန်းတလုံးထဲမှာ ဇော်ဂျီ ယူနီကုဒ် ၂ ခုလုံးထည့်ထားလို့မရဘူးလား။
ယူနီကုဒ်ကိုစမ်းသုံးချင်တယ်
ဒါပေမယ့် ဖုန်းထဲက ဇော်ဂျီ font
ကိုလည်းမပြောင်းရဲသေးဘူး၊ ယူနီကုဒ်ကို ဘယ်လိုစမ်းသပ်သုံးကြည့်လို့ရမလဲ?
ကိုယ်ကဖုန်းကိုယူနီကုဒ်ပြောင်းသုံးတယ်
ဇော်ဂျီနဲ့ရေးထားတဲ့ website တွေ
blog တွေ
post အဟောင်းတွေကိုဖတ်ဖို့ အဆင်မပြေဘူး၊
ကွန်ဗာတာနဲ့ ဖတ်မှရတယ်။
မက်ဆင်ဂျာ မှာ ဇော်ဂျီနဲ့ လာတဲ့ စာတွေ ဖတ်မရ လို့ခက်နေတယ်။ ဖုန်းတလုံးထဲမှာ ယူနီကုဒ်နဲ့ ဇော်ဂျီ ၂ ခုလုံးသုံးလို့ရချင်တယ်
ဖုန်းတလုံးထဲမှာ ယူနီကုဒ်နဲ့ ဇော်ဂျီ
ဘာသာစကားစနစ် ၂ခုကို တပြိုင်တည်းတွဲသုံးလို့မရပါ။
ဒါပေမယ့် အိမ်တလုံးထဲမှာ အိမ်ငှားက အိမ်ရှင်နဲ့ အတူနေသလို၊ သူ့အခန်းသူနေ ကိုယ့်အခန်းကိုယ်နေ ဧည့်ခန်းနဲ့ မီးဖိုချောင် ကိုတော့တလှည့်စီသုံးသလိုမျိုး ဖုန်းထဲမှာ
ယူနီကုဒ်နဲ့
ဇော်ဂျီ ကိုထည့်လို့တော့ရပါတယ်။ Virtual
Machine ဆိုပြီးတော့ ဖုန်းတလုံးထဲမှာ နောက်ဖုန်းတလုံးဖန်တီးပြီးသုံးတာပါ၊
Virtual Machine ဆိုတာ
Virtual Machine ဆိုတာကတော့ Host machine ဆိုတဲ့ လက်ခံဖုန်း ( သို့ ) ကွန်ပြူတာမှာ ထဲမှာ နောက်ထပ် စက်တလုံးအတွက် Operating system တခုကို ပရိုဂရမ်တခု တဆင့်ခံသွင်းပြီး လက်ခံစက်ရဲ့ စက်ပစ္စည်းတွေကို မျှဝေသုံးတာပါ။ လက်ခံစက်က နောက်မှာ အလုပ်ဆက်လုပ်နေရလို့ Virtual Machine က စက်ပစ္စည်းကို စွမ်းအားပြည့်သုံးခွင့်မရှိပါ။ ဒါပေမယ့် Virtual Machine ကိုသုံးနေရာကနေ စက်ကိုမပိတ်ဘဲ လက်ခံစက်ရဲ့စနစ်နဲ့ အပြန်အလှန် ပြောင်းသုံးလို့ရနေလို့ တချိန်တည်းမှာ စက်၂လုံးသုံးလို့ရသလိုဖြစ်ပါတယ်။ Virtual
Machine မှာထည့်တဲ့ အပလီကေးရှင်းတွေနဲ့ သုံးတဲ့ အကောင့်တွေကတော့ လက်ခံစက်ထဲက
အပလီကေးရှင်းတွေ၊ အကောင့်တွေနဲ့ ဆက်စပ်မှုရှိမှာမဟုတ်ဘဲ သီးသန့်စီဖြစ်နေမှာပါ။
Android ဖုန်းတလုံးထဲမှာ
Virtual Machine ဆိုတဲ့
virtual ဖုန်း တလုံးကို VMOS ဆိုတဲ့ app သုံးပြီးဖန်တီးလို့ရပါတယ်။ VMOS ဗားရှင်း
1.0.24 မှာ Android 5.1.1 version ဖုန်းတလုံးကိုဖန်တီးပေးမှာပါ။
အဲဒီ
VMOS ဖုန်းက
လက်ခံထားတဲ့ Host phone ရဲ့ Processor, Memory, wifi,
Mobile network , Bluetooth, GPS, Microphone, speaker စတဲ့ စက်ပစ္စည်းတွေကို
မျှဝေသုံးစွဲပါတယ်။
သူ့ထဲမှာ Android 5.1.1 version နဲ့ သုံးလို့ရတဲ့ app တွေကို
install လုပ်ပြီးသုံးလို့ရပါတယ်။ သူ့မှာသုံးတဲ့
account တွေ app
တွေ က Host phone မှာ သုံးထားတာတွေနဲ့
တူစရာမလိုပါဘူး။
ဒါကြောင့် app တခုမှာ အကောင့်
၂ခုခွဲသုံးချင်သူတွေအတွက်လည်း အဆင်ပြေပါတယ်။ ဥပမာ Facebook, Messenger, Viber, WhatsApp. Instagram စသည်တို့ကို host phone မှာ အကောင့်တခု ,
VMOS မှာအကောင့်တခု၊ အကောင့်
၂ခုကို ဖုန်းတလုံးထဲမှာ သုံးလို့ရနိင်တာလည်းဖြစ်ပါတယ်။
Xiami ဖုန်းတွေရဲ့ Second space နဲ့ ဆင်တူပေမယ့်
VMOS က Root ရပါတယ်။ host phone နဲ့ မတူနဲ့
ဘာသာစကားစနစ် တွေထည့်သုံးလို့ရပါတယ်။
ဒါကြောင့်
ဇော်ဂျီ font နဲ့ ဖုန်းထဲမှာ VMOS ကို ယူနီကုဒ်စနစ်နဲ့ သုံးလို့ရသလို
ယူနီကုဒ်စနစ်နဲ့ဖုန်းထဲမှာ VMOS ကို ဇော်ဂျီ font ထည့်ပြီးသုံးလို့ရပါတယ်။
ဒါဆို
ဖုန်းတလုံးမှာ ဘာသာစကားစနစ်၂ မျိုးကိုတပြိုင်တည်းသုံးလို့ရသလိုဖြစ်သွားပါပြီ။
VMOS ကိုဘယ်လိုထည့်သွင်းမလဲ
လိုအပ်ချက်များ
Host
phone ဆိုတဲ့ လက်ခံဖုန်းမှာ လိုအပ်တဲ့ အချက် အလက်တွေနဲ့ပြည့်စုံရပါမယ်။
ဖုန်းက 32GB Memory နဲ့
3 GB RAM နဲ့ အထက် လိုပါတယ်။
Android 5.1.
နဲ့ အထက်ပဲရပါတယ်။
android
9 နဲ့ အဆင်မပြေသေးဘူးလို့ဆိုပါတယ်။
ဖုန်းထဲမှာ
Free space 2 GB အနည်းဆုံးလိုပါတယ်။ VMOS မှာထည့်ထားတဲ့ app တွေများလာလျင် free space ပိုများများလိုလာပါမယ်။
အင်တာနက်
ချိတ်ထားဖို့လိုပါတယ်။
မိမိဖုန်းက
အဲဒီ hardware လိုအပ်ချက်တွေနဲ့ပြည့်စုံနေပြီဆိုလျင်တော့ VMOS
ကိုအောက်ပါလင့်တခုခုကနေ ဒေါင်လုပ်လုပ်ပြီး install လုပ်ပါ
Google
Play Store
APK
Pure
VMOS install and setup
VMOS ကို
install လုပ်ချိန်မှာ permission အတော်များများကိုတောင်းပါတယ်၊
သုံးခွင့်ပေးမှ ရမှာဖြစ်လို့ပေးသာပေးလိုက်ပါ ။ Draw over other apps
ကိုလည်းတောင်းပါတယ်။ ဒါကလည်းလက်ခံဖုန်းကို VMOS ကို
အပြည့်အဝနီးပါးသုံးဖို့ခွင့်ပြုချက်ရမှ အလုပ်ကောင်းကောင်းလုပ်နိုင်မှာဖြစ်လို့ပါ၊
install ပြီးလို
စအလုပ်လုပ်ချိန်မှာ VMOS ကသူ့ရဲ့ဖုန်းစနစ်ကို
host phone memory 2GB နေရာကိုခြံခတ်ပြီးသိမ်းပိုက်လိုက်ပါတယ်။ သူနဲ့ပတ်သက်ပြီး အလုပ်လုပ်တဲ့ သိမ်းတဲ့ ဖိုင်တွေအတွက်နေရာယူထားတာပါ။
install ပြီးလို့
VMOS စတင်ပြီဆိုလျင်တောာ့ မိမိဖုန်းမျက်နှာပြင်အပြည့်နဲ့
android ဖုန်းအသစ်မျက်နှာကိုတွေ့ရပါမယ်။
အောက်မှာ Return ( back) , Home , Resent ဆိုတဲ့ Virtual Buttons ခလုပ်သုံးခုရှိပါတယ်။ အဲဒါတွေနဲ့ VMOS ကိုသုံးဖို့ပါ။
VMOS ကို ဖွင့်ဖွင့်ချင်း ပင်နယံပုံ Setting icon ကလေးကိုတွေ့ရမှာပါ။ Facebook နဲ့ game တချို့ကို download လုပ်နိုင်ဖို့ ရှေ့ာ့ကတ်ကလေးတွေပါပေးထားပါတယ်။ Screen ရဲ့ယာဘက်အလယ်နားမှာတော့ Floating ball အပြာကလေးရှိနေပါတယ်။ နေရာရွေ့လို့ရပါတယ်။
အဲဒါကလေးက VMOS ဖွင့်ထားချိန်မှာ ပါဝါနဲ့ အခြားခလုပ်များထုတ်ပေးမှာဖြစ်ပြီး VMOS ကိုမပိတ်ပဲ host phone ထဲက app
တခုခုကိုသုံးနေရာက VMOS
ကိုပြန်သွားချင်လျင်ဖွင့်ဖို့ ခလုပ်လည်းဖြစ်ပါတယ်။ သူက VMOS သုံးနေချိန်မှာ
အပြာရောင်ဖြစ်ပြီး Host phone ကို သုံးနေချိန်မှာ VMOS ကိုမပိတ်ပဲထားလျင်
အစိမ်းရောင်ဖြစ်နေပါတယ်။ သူ့ကိုဖိပြီး
Floating window ကို ဖွင့်လို့ရပါတယ်။ Floating window ကို ဖုန်းစကရင်ပေါ်မှာ
ကြိုက်တဲ့နေရာကိုရွှေ့လို့ရသလို လက်နှစ်ချောင်နဲ့ ဆွဲကားပြီး ချဲ့လို့ စုပြီးချုံလို့ရပါတယ်၊
နှိပ်ပြီး စကရင် အပြည့်တင်လို့လည်းရပါတယ်။
VMOS screen ရဲ့ အောက်ဆုံးတန်း Widget အတန်းကိုအသာကလေးဆွဲတင်လိုက်လျင် ( သို့ ) Home button ကိုနှိပ်လိုက်လျင်တော့ home page ကိုရောက်သွားပါတယ်။
Browser, contacts, Download, File transfer
, setting စတဲ့အိုင်ကွန်ကလေးတွေကိုတွေ့နိုင်ပါတယ်။
Android
5.1 ဖြစ်လို့မြန်မာယူနီကုဒ်နဲ့အတူ AOSP android Keyboard ပါလာပါတယ်။
မြန်မာလိုရေးဖို့
မြန်မာကီးဘုတ်ကို
Play store ကနေဒေါင်းလုပ်လုပ်လို့ရပါတယ်။ Play store icon ကအဆင်သင့်ရှိပြီးသားပါ။
သူ့ကိုသုံးဖို့ မိမိရဲ့ Google account ကိုတော့ ဝင်ပေးရပါမယ်၊
VMOS မှာGoogle account ဝင်ဖို့ ပါစ်ဝါဒ်မေ့နေတယ်ဆိုလျင်တော့ apkpure ကနေ ဒေါင်းပါ (သို့) ကိုယ်ထည့်ချင်တဲ့ app ကို Host pone မှာ အရင်သွင်းပြီး import ပြန်လုပ်ယူလို့လဲရပါတယ်။
VMOS မှာ ကိုယ်လိုတဲ့ app တွေကိုထည့်ပြီးပြီ ၊ မြန်မာကီးဘုတ်လည်းရှိပြီဆိုလျင်တော့ မိမိလက်ရှိဖုန်းပေါ်မှာ မြန်မာယူနီကုဒ် ပါတဲ့
Android 5.1 နဲ့ နောက်ထပ်ဖုန်းတလုံးကို ယူနီကုဒ်နဲ့ သုံးလို့ရပြီဖြစ်ပါတယ်။
VMOS မှာ app တွေကို ဘယ်လို
Install လုပ်ကြမလဲ
နည်းလမ်း
၂ခုရှိပါတယ်။
၁။
လက်ခံဖုန်း Host
phone ထဲမှာ သွင်းထားတဲ့
app တွေထဲက VMOS မှာ ထည့်ချင်တဲ့
app ကို import လုပ်ပြီး install လုပ်တာပါ ။ download ထပ်လုပ်စရာမလိုလို့ အင်တာတက် ဒေတာစားမှာ
မပူရပါဘူး ။ ဒါပေမယ့်။ host phone နဲ့ VMOS သုံးတဲ့ android ဗားရှင်းမတူလို့ တချို့ Import လုပ်ထားတဲ့ app ကို VMOS မှာသွင်းလို့မရပါ။
၂။ Google play store ကနေတိုက်ရိုက် download လုပ်ပြီး install လုပ်တာကတော့ VMOS နဲ့ အဆင်ပြေတဲ့ app တွေကိုပဲပေးတာဖြစ်လို့ သွင်းမရတဲ့ ပြသနာမရှိတော့ပါဘူး။ ဒါပေမယ့် အင်တာနက်ဒေတာစားပါတယ်။
ဂူးဂဲအကောင့်ကိုမဖြစ်မနေပြန်ဝင်ရလို့ ပါ့စ်ဝါဒ့် မမှတ်မိလျင် အလုပ်ရှုပ်ပါမယ်။
VIDEO
Host phone ထဲမှာ install လုပ်ထားတဲ့ app တွေကို VMOS ထဲကို import လုပ်ပြီး install လုပ်ခြင်း
VMOS ထဲက
File transfer app ကိုဖွင့်ပါ။
ဘယ်ဘက်အပေါ်က
ခလုပ်ကိုနှိပ်လျင်တော့ Import/ Export လုပ်တဲ့ Menu ကိုဘယ်ဘက် အစွန်ကနေထွက်လာတာတွေ့ရပါမယ်။
Import ဆိုတဲ့စာကို
အပေါ်ဆုံးမှာတွေ့လျင် သူ့အောက်က App ကိုသွားပါ ညာဖက်မှာ installed App စာရင်းပြပါတယ်။ အဲဒါ Host phone မှာရှိတဲ့ app တွေထဲက Import လုပ်လို့ရတာတွေပါ။
အဲဒီစာရင်းအောက်မှာ
ဘယ်ဖက်မှာ Application
automatic installation ဆိုပြီး အမှန်ခြစ်ထားတာနဲ့ ညာဘက်မှာ Import ဆိုတဲ့အပြာရင့်ရောင်ခလုပ်ကိုတွေ့ရမှာပါ။
ကိုယ်က
Import လုပ်တဲ့ app ကိုတခါတည်း install
လုပ်ချင်လျင်တော့ အမှန်ခြစ်အတိုင်းထားပါ။ တခုချင်းပြန် install
လုပ်ရတာအလုပ်ရှုပ်ပါတယ်။ Import အရင်လုပ်မယ်
နောက်မှ တခုချင်းပြန် install လုပ်မယ်ဆိုလျင်တော့ အမှန်ခြစ်
ကိုဖြုတ်လိုက်ပါ။
ကိုယ်
Import လုပ်ချင်တဲ့ app တွေကို ရွေးပေးပြီးလျင် Import
ကိုနှိပ်ပါ။ app တခုချင်းစီဘေးမှာ
အလုပ်ပြီးမြောက်မှုကို importing >Imported၊
အကယ်၍ Application automatic installation ကိုဖွင့်ထားလျင် installing>,
install waiting> installed ဆိုပြီးပြပါတယ်။
အကယ်၍ Application
automatic installation လုပ်မထားလျင် Imported app ကိုတခုချင်းစီ နှိပ်ပြီး
install လုပ်လို့ရပါတယ်။
VMOS နဲ့ လက်ခံဖုန်း Host Phone အကြား
file တွေကို Import /
Export လုပ်ခြင်း
VIDEO
VMOS ထဲက
File transfer app ကိုဖွင့်ပါ။
အပေါ်ဘယ်နဲ့ညာမှာ
menu ခလုပ်တခုစီရှိပါတယ်။
ဘယ်ဘက်အပေါ်က
အတန်းသုံးတန်းနဲ့ ခလုပ်ကိုနှိပ်လျင်တော့ Import / Export လုပ်တဲ့ Menu ကိုဘယ်ဖက်ဘေးကနေ ထွက်လာတာ တွေ့ရပါမယ်။ ထွက်လာတဲ့ menu အပေါ်မှာ Import လား
Export လားဆိုတာကိုတွေ့ရပါတယ် ။
Import
အောက်မှာတော့ APP,
Pictures, Video and audio , Documents, Phone storage တို့ကိုမြင်ရမှာပါ။
Export အောက်မှာတော့ APP, Pictures, Video and audio , Documents, VMOS storage
တို့ရှိနေပါတယ်။
Import နဲ့
Export ပြောင်းချင်လျင် အဲဒီစာဘေးက မြှား၂
ခုပုံခလုပ်ကိုနှပ်ပါ Menu ပြန်ဝင်သွားပါတယ်။ အတန်းသုံးတန်းနဲ့ ခလုပ်ကိုပြန်နှိပ်လို့ပြန်ထွက်လာလျင်တော့
Import / Export ပြောင်းသွားတာကိုတွေ့ရပါမယ်။
Import
အောက်က
APP ကိုဖွင့်လျင် Host
phone မှာရှိတဲ့ app တွေထဲက Import လုပ်လို့ရတာတွေပြပါတယ်။ လိုချင်တာကို ရွေးပါ
Picture,
Video, audio, documents တို့ကိုနှိပ်ရင်တော့ ကိုယ်ရွေးနဲ့ ဖိုင်မျိုးအစားအလိုက် Host phone မှာရှိတဲ့
Picture, Video, audio, documents တွေကိုပြမှာပါ။ ကိုယ် Import ချင်တဲ့ဖိုင်ကိုရွေးပေးပြီး အောက်ဖက် ညာဘက်ဆုံးက Import ဆိုတဲ့ ခလုပ်ကိုနှိပ်ပြီး Import လုပ်ပါ။
အဲလိုမဟုတ်ဘဲ
Phone storage ကိုရွေးပြီး
Host phone ရဲ့ Internal storage/ External SD card တွေထဲမှာ
ကိုယ်လိုချင်သလိုမွှေနှောက်ရှာပြီး Import လုပ်လို့ရပါတယ်။
Export
Import
လိုပါပဲ ၊ export ကတော့
VMOS ထဲမှာသွင်းထားတဲ့ app တွေ ဒေါင်းထားတဲ့ pictures, Video, Music, documents တွေကို Host phone
ထဲကိုပြောင်းထည့်ပေးတာပါ။ လုပ်ပုံချင်းတူပါတယ်။
Import / Export လုပ်ထားတဲ့ဖိုင်တွေကိုဘယ်မှာရှာလို့ရမလဲ။
VMOS ထဲက
File transfer app ကိုဖွင့်ပါ။
ညာဘက်အပေါ်က
အစက် သုံးစက်နဲ့ Menu ခလုပ်ကို နှိပ်လျင် Import record and Export record ကိုတွေ့ရမှာပါ။
အရင်ကလုပ်ထားတဲ့ Imported file Exported file ကို အဲဒီကနေရှာလို့ရပါတယ်။
Host
phone ထဲမှာတော့ ဖုန်းရဲ့ Internal Storage ထဲမှာ VMOSfiletrasnferstation ဆိုတဲ့ folder
တခုရှိပါတယ်။ VMOS ကနေ Export ထားတဲ့ ဖိုင်တွေကို အဲဒီမှာရှာလို့ရပါတယ်။
တချို့သောဆက်တင်များ ( ရှည်မှာစိုးလို့
အသုံးလိုတာတွေကိုပဲရေးမှာပါ)
အန်းဒွိုက်ဖုန်းအသစ်တလုံးကို
စသုံးတဲ့အခါ setup လုပ်သလိုပဲလုပ်ရပါတယ်။ ဒါပေမယ့် host
phone မှာရှိတဲ့ Date and time , geolocation,
internet connection တွေကိုယူသုံးပါတယ်။
Resolution
VMOS မှာမူလပါတဲ့ Screen resolution က များပါတယ်၊ 1920 x1080
ပါ။ Screen resolution များလျင် ဖုန်းအလုပ်လုပ်တာ
နည်းနည်းနှေးစေလို့ လျှော့ချထားတာပိုကောင်းပါတယ်။
Add Resolution လုပ်ပြီး ကိုယ်လိုသလို
ဖြည့်ပေးပြီး save လုပ်ပါ . ပြီးလျင် VMOS
ကို reboot လုပ်ခိုင်းပါတယ်။ reboot ကိုနှိပ်လို့မရလျင် VMOS ကို power off ပြီးပြန်စပါ။
Floating Ball
ဆိုတာကတော့
ဖုန်းစကရင်ရဲ့ ညာဘက်မှာ
ရွှေ့လို့ရတဲ့ခလုပ်ပေါလောတခုကိုဖေါ်ပြပေးဖို့ပါ။ Touch ball လိုမျိုးပါ။
သူ့ကိုနှိပ်လျင် Power off, Return, Minimise, Task, Reset
Resolution, menu, Notifications ဆိုတဲ့ ခလုပ်တွေကို ပြပေးပါတယ်။
Virtual
Buttons
ဒါကတော့
VMOS ဖုန်းရဲ့
အောက်ခြေနားမှာ android phone တွေမှာ ပါနေကျ back,
Home နဲ့ Menu ခလုပ်သုံးခုကိုပြထားဖို့ပါ။ သူတို့ကိုပိတ်ထားလည်း
Floating Windows
ကနေ Return,
Home ဆိုတဲ့ ခလုပ်တွေကိုသုံးလို့ရမေပါတယ်။
System Setting
ပုံမှန် Android ဖုန်းတွေရဲ့ ဆက်တင် ဝင်သလိုပါပဲ။ Connections , display, account, language and input, about တွေသာမ print ဆိုတာပါပါတယ်။ Account မှာတော့ Google account ကို email နဲ့ password ဖြည့်ပြီး ဝင်ထားခြင်းအားဖြင့်
VMOS စနစ်ကို back up လုပ်ဖို့၊ Viber, WhatsApp စတဲ့ App
တွေထဲမှာပြောဆိုထားတဲ့ chat
တွေကို Back up လုပ်လို့ရပါတယ်။ Google
Play store ကနေလည်း App တွေကိုဒေါင်းလုပ်လုပ်လို့ရပါတယ်။
VMOS ထဲမှာ ဇော်ဂျီ Font
ကိုထည့်သုံးရန်
VIDEO
VMOS ထဲမှာ ဇော်ဂျီ Font ကိုထည့်သုံးချင်သူတွေအတွက်ကတော့ Root
လိုပါတယ်။
Root
ကို တကူးတက ဖေါက်နေစရာ မလိုပါ။ VMOS
ထဲမှာ ပါပြီးသာပါ။ ဒါပေမယ့်သူ့ကိုဖွင့်ဖို့ developer option s ကို အရင်ဖေါ်ရပါမယ်။ setting ထဲက
about phone ကိုဖွင့်ပြီး Build Number
ကို ၇ ချက်လောက် ခေါက်လိုက်ပါ။ developer options ပွင့်သွားပါလမ့်မယ်။ setting ထဲက about phone
ရဲ့အပေါ်နားကပ်ပြီးပေါ်လာတဲ့ developer optios ကိုဖွင့်ပြီး Root ကို ဖွင့်ပေးလိုက်ပါ။
reboot လုပ်ခိုင်းပါတယ်။ ကောင်းတာကတော့
VMOS ကို power off ပြီး ပြန်စပါ။ ပြန် တက်လာတဲ
VMOS မှာ Root access ပွင့်ထားပြီဖြစ်လို့ သူ့ကိုထိန်းချုပ်တဲ့
Super User app ကို
home Screen မှာတွေ့ရပါလိမ့်မယ်။ Root မရလျင် VMOS ကို လက်ခံဖုန်းထဲက Setting App တွေထဲမှာ VMOS ကို force stop လုပ်ပြီးမှပြန်စပါ။
ပြီးလျင်တော့
Font သွင်းတဲ့
Fontfix ဆိုတဲ့ app ကို APK Pure ကနေဒေါင်းလုပ်လုပ်ပြီး install
လုပ် ပါ
Zawgyione.ttf
font ကိုလည်းဖုန်းထဲမှာထည့်ထားပါ။ ဒီလင့်
ထဲမှာ
Fontfix နဲ့ Zawgyione.ttf
font ဒေါင်းလို့ရပါတယ်။
သူတို့ကို
Home screen ထဲက Download folder မှာတွေ့နိုင်ပါတယ်။
ZawgyiOne
font ကို install လုပ်ဖို့ Font Fix app ကိုဖွင့်ပါ။ Root access ကိုဝင်ဖို့ကျိုးစားတာကြောင့် root ကိုထိန်းထားတဲ့ superuser app ကပွင့်လာပြီး fontfix app ကို root access ပေးမလား။ တခါပဲပေးမှာလား , နောက် ၁၀ မိနစ်လောက်အထိပေးထားမှာလား အမြဲပေးထားမှာလားဆိုတာရွေးပေးလိုက်ပါ။
Allow လုပ်ပါ။ FontFix ထဲမှာ ZawgyiOne
Font မပါလို့ကိုယ်စောစောကဒေါင်းလုပ်လုပ်ထားတဲ့ ဖိုင်ကိုထည့်ပေးရမှာပါ.
ညာဘက် အောက်နားက ပအပေါင်းလက္ခဏာနဲ့ ခလုပ်ကိုနှိပ်ပေးပါ.၊ ပြီးလျင် ကိုယ် ZawgyiOne
Font သိမ်းထားတဲ့နေရာ ကိုသွားပြီး ဖိုင်ကိုရွေးပေးပါ။ အောက်စိုက်မြှားကိုနှပ်ပြီး သူ့အပ်ထဲထည့်ပေးပါ
။ Install ကိုနှိပ်ပါ။ Font install လုပ်ပြီးလျင်
ဖုန်းကို restart လုပ်ခိုင်းပါတယ်၊။ Float ball ကနေ OFF လုပ်ပြီး VMOS
ကိုပြန်ဖွင့်ပါ။ ဒါဆို VMOS virtual phone က ဇော်ဂျီကိုသုံးတဲ့
ဖုန်းဖြစ်သွားပါပြီ။
ဒီတော့ယူနီကုဒ်
စနစ်နဲ့ လက်ခံဖုန်းထဲမှာထည့်ထားတဲ့ VMOS ဇော်ဂျီဖုန်းကိုသုံးပြီးဇော်ဂျီနဲ့
ရေးထားသမျှကိုဖတ်လို့ ရပါပြီ၊ ဇော်ဂျီနဲ့ပြန်ရေးချင်လျင်လည်း ဇော်ဂျီကီးဘုတ်တခုထည့်ပြီး
သုံးပါ၊
ဒါဆို
ဖုန်းတလုံးထဲမှာ ယူနီကုဒ်နဲ့ ဇော်ဂျီ ၂မျိုးလုံးသုံးလို့ရပါပြီ။ Root ကို ပြန်ပိတ်ထားချင်လျင် ပိတ်လို့ရပါပြီ။
အသုံးဝင်ပုံများ
·
မတူညီတဲ့
ဖုန်း နလုံးကို တခါတည်းသုံးလို့ရသလိုဖြစ်လို့ ဇော်ဂျီကနေ ယူနီကုဒ်ကိုကူးပြောင်းစကာလ
ဟိုဖက်ဒီဖက် ဆက်သွယ်ရေးနဲ့ ၊ ဇော်ဂျီ
font နဲ့
ဖုန်းထဲမှာ VMOS ကို ယူနီကုဒ်စနစ်နဲ့ သုံးလို့ရသလို ၊ ယူနီကုဒ်စနစ်နဲ့ဖုန်းထဲမှာ VMOS ကို ဇော်ဂျီ font
ထည့်ပြီးသုံးလို့ရပါတယ်။ ဒါဆို ဖုန်းတလုံးမှာ ဘာသာစကားစနစ်၂ မျိုးကိုတပြိုင်တည်း
သုံးလို့ရသလိုဖြစ်သွားပါပြီ။ အရင်က ဇော်ဂျီနဲ့ ရေးထားတာတွေကို
ယူနီကုဒ်ပြောင်းပြီးနောက် အခက်အခဲမရှိပြန်ပြီးဖတ်လို့ရနိုင်ပါတယ်။
·
app
တခုမှာ အကောင့် ၂ခုခွဲသုံးချင်သူတွေအတွက်လည်း အဆင်ပြေပါတယ်။ ဥပမာ Messenger, Viber, WhatsApp. Instagram စသည်တို့ကို host phone မှာ အကောင့်တခု ,
VMOS မှာအကောင့်တခု၊ အကောင့်
၂ခုကို ဖုန်းတလုံးထဲမှာ သုံးလို့ရနိင်တာလည်းဖြစ်ပါတယ်။
·
နောက်တခုကတော့
တရုပ်ကလာတဲ့ ဖုန်းတွေမှာ
Google နဲ့ပတ်သက်တာတွေမပါလို့ Google
installer နဲ့ ထည့်ရတယ်။
Google play တို့ youtube တို့မရဘူဖြစ်နေတယ်ဆိုတဲ့သူတွေတွက် VMOS
ထည့်ထားလို့ရပါတယ်။ Google ရဲ့ဖုန်းကိုအခြေခံထားတဲ့ဖုန်းဖြစ်လို့သူတဲ့ပတ်သက်တာအကုန်ပါပါတယ်။
·
တခါ မိမိဖုန်းကိုလည်း Root မဖောက်ချင်ဘူး။ root ရှိမှထည့်လို့ရတဲ့ အပလီကေးရှင်းတွေကိုလည်း သုံးချင်တယ်ဆိုသူတွေအတွက်လည်း အဆင်ပြေပါတယ်။
အားနည်းချက်များ
ဖုန်းတိုင်းနဲ့
အဆင်ပြေတာတော့မဟုတ်ပါ။ သူ့လိုအပ်ချက်ပြည့်မှီရပါမယ်။
လက်ခံဖုန်းရဲ့
စွမ်းဆောင်ရည်ကိုအပြည့်အဝသုံးလို့မရပါ။
သူ့ကိုဖွင့်ထားပြီး
လက်ခံဖုန်းက appတွေကိုသုံးလျင်
နည်းနည်းနှေးနိုင်ပါတယ်။
VMOS မှာ မပါတာတွေကတော့ Camera, SMS Phone call တို့ပဲဖြစ်ပါတယ်။
VMOS မှာ ထည်တဲ့ Viber, Whatsapp စတာတွေအတွက် sms နဲ့လာတဲ့
ကုဒ်တွေကို အလိုလျှောက်ဖြည့်မပေးနိုင်ပါ။ လက်ခံဖုန်းထဲကိုရောက်သွားပြီး ပြန် ကူးထည့်ရပါမယ်။
VMOS ထဲကို download လုပ်ထားတဲ့ဖိုင်တွေကို မေ့ပြီး export
မလုပ်ဘဲ VMOS ကိုဖျက်မိလျင် back up လုပ်မထားလျင် ဆုံးရှုံးနိုင်ပါတယ်။
မှတ်ချက် အချိန် ရလျင် screen shots ကျန်တာကလေးတွေကို
ဖြည်ဖြည်းချင်းထပ်ဖြည့်ပေးပါဦးမယ်။
ဖိုးသုည
27-9-19
ကျေးဇူးတင်လွှာ