Wednesday, October 27, 2021

unsupported CPU သုံးထားလို့ သို့မဟုတ် TPM ရှိပေမယ့်ဗားရှင်းနိမ်နေလို့ Windows 11 မရနိုင်ဘူးဆိုတဲ့ ကွန်ပြူတာတွေမှာ Windows 11 သို့ upgrade လုပ်လို့ရအောင် registry ပြင်ခြင်း။

 

 

Windows 11 နဲ့  compatible  မဖြစ်လို့  တင်လို့မရဘူးဆိုတဲ့ ကွန်ပြူတာအဟောင်းတွေမှာ  Windows 11 တရားဝင်သုံးလို့ရအောင်တင်နည်း။ အပိုင်း (3) 

unsupported CPU သုံးထားလို့ သို့မဟုတ်  TPM  ရှိပေမယ့်ဗားရှင်းနိမ်နေလို့ Windows 11  မရနိုင်ဘူးဆိုတဲ့ ကွန်ပြူတာတွေမှာ  Windows 11 သို့ upgrade လုပ်လို့ရအောင်  registry ပြင်ခြင်း။

ဒီနည်းကို Microsoft support  က တင်ပေးထားတာပါ။ TPM နဲ့ CPU support   မရတဲ့ ကွန်ပြူတာတွေအတွက်ပါ၊ ကွန်ပြူတာတိုင်းတော့မရနိုင်ပါ။ 
ကျနော်စမ်းကြည့်တာ  Acer Aspire E5 ပါ။  TPM, Secure Boot အကုန်ပါပါတယ်။ 
CPU  တခုတည်း i5 7200 ဖြစ်နေလို့ windows 11 တင်လို့မရတဲ့အတွက်လုပ်ရတာပါ။
Windows 11  ကိုတင်လို့ရပေမယ့်  Support ရမှာမဟုတ်သလို  update တွေလည်းရမှာမဟုတ်ဘူးလို့ဆိုပါတယ်။ 

လိုအပ်သည်များ

Windows 11 installation media ( ISO ဖိုင် သို့မဟုတ် USB drive)
64 bit Windows 10 (activated)  တင်ထားသောကွန်ပြူတာ၊ TPM နဲ့  CPU မှလွဲ၍  Windows 11 အတွက် အခြားလိုအပ်ချက်များပြည့်စုံရမည်။ TPM ကလည်းလုံးမရှိတာမဟုတ်ဘဲ TPM 1.2 တော့ အနည်းဆုံးရှိထားရပါမယ်။ 




ပြုလုပ်ပုံ။ 

၁. Windows 11 installation Media ( USB သို့ ISO ဖိုင်) ကို Windows 11 download page  မှ Media Creation tool  ကိုသုံးပြီး ဒေါင်းလုပ်ရယူပါ။ 





၂.  USB installation ဖြစ်လျင် ကွန်ပြူတာမှာတပ်ပါ (သို့)  ISO ဖိုင်ဖြစ်လျင်  Right clinic နှိပ်ပြီး  mount လုပ်ပါ။ အထဲက  setup.exe ဖိုင်ကလေးကိုတွေ့ပါမယ်။ အဲဒီဖိုင်ကို  double click လုပ်ပြီးဖြစ်စေ right click နဲ့ run as administrator  သုံးပြီးဖြစ်စေ  Windows 11 installation ကို စတင်ပါ။ 




၃.  installation  လုပ်တဲ့အခါ update  တွေကို Download  မလုပ်အောင်  not right now  လို့ရွေးပါ။ ခဏနေလျင် This PC  doesn't currently meet the Windows 11 system requirements ဆိုပြီးဆက်သွားလို့မရအောင် ရပ်နေပါမယ်။ 






၄. ဒီအဆင့်မှာ  Windows Registry ကိုပြင်မှာပါ။ 
Registry Editor  ကိုဖွင့်ဖို့အတွက်   ဝင်းဒိုး  Start ခလုပ်ဘေးက မှန်ဘီလူးပုံနဲ့ Search box " regedit" လလို့ရိုက်ပါ၊ registry editor ပေါ်လာလျင် run as administrator နဲ့ဖွင့်ပါ၊ 
registry editor ထဲက HKEY_LOCAL_MACHINE\SYSTEM\Setup\MoSetup ကိုသွားပါ။ 
MoSetup ပေါ်မှာ right clinic  နှိပ်ပြီး New DWORD (32-bit)  value  ကို ရွေးကာ Name  နေရာမှာ AllowUpgradesWithUnsupportedTPMOrCPU  လို့ဖြည့်ပါ။ ပြီးလျင်  right click  နှိပ်ပြီး  Modify  ကနေ  Value data  နေရာမှာ ရှိနေတဲ့ 0 ကို 1 လို့ပြောင်းပြီး OK  နှိပ်ထွက်ပါ။ 
ပြီးလျင်တော့ Registry Editor   ကိုပိတ်လို့ရပါပြီ။ 




၅. ပြီးလျင်  Windows 11 Installation  ကိုပိတ်ပြီး ပြန်စပါမယ် အဲဒီအခါမှာတော့ This PC  doesn't currently meet the Windows 11 system requirements ဆိုတဲ့မက်ဆေ့ပေါ်မလာတော့ဘဲ   Windows 11 လိုင်စင်ကို လက်ခံခိုင်းပါမယ်။  ပြီးလျင် လိုအပ်ချက်မပြည့်စုံတဲ့ ကွန်ပြူတာမှာသုံးလို့ တခုခုဖြစ်လျင် warranty ပျက်နိုင်ကြောင်း၊ Windows update  တွေလည်းရဖို့မသေချာကြောင်းသတိပေးပြီးလက်ခံလျင် Windows 11 installation  ဆက်သွားပါတယ်။ 





၆. ဒီအဆင့်ကတော့  Windows upgrade  ဖြစ်တာကြောင့်လုပ်ပြီးလျင် ဘာတွေချန်ထားချင်တယ်ဆိုတာကိုရွေးဖို့ပါ၊ 
  • Keep personal files and apps      မိမိသိမ်းထားနဲ့ဖိုင်နဲ့ပရိုဂရမ်တွေပါချန်ထားမယ်။ 
  • Keep personal files only     မိမိသိမ်းထားနဲ့ဖိုင်တွေပဲချန်ထားပြီး ဆက်တင်တွေ ပရိုဂရမ်တွေကိုဖြုတ်မယ်။ ပြီးမှပြန်ထည့်ရမယ်။ 
  • Nothing     ဘာမှချန်မထားလဲ ကွန်ပြူတာအသစ်တလုံးလို  တင်မယ်။ 
ဆိုတာသုံးခုထဲကတခု Change what to keep ကနေ ရွေးပါ။ 
ပြီးလျင်  ကိုယ်တင်မယ့် ဝင်းဒိုးဗားရှင်းနဲ့ ဘာတွေချန်မယ် မချန်ဘူးထပ်ပြပါမယ်။   
Install  လုပ်လို့ရပါပြီ




Windows 11  install  လုပ်နေချိန်မ ကွန်ပြူတာကို  restart  သုံးလေးခါလုပ်ပါမယ်။ 



ရလာတဲ့ Windows 11 က မူလ Windows 10 နဲ့ ဗားရှင်းတူမှာဖြစ်ပြီး  အင်တာနက်ချိတ်တာနဲ့ Activate လုပ်ပပေးပါတယ်။ 
လောလောဆယ်တော့ အပ်ဒိတ်တွေရနေပါတယ်။ 

Windows 11 ကိုမကြိုက်လို့  Windows 10  ကိုပြန်ဆင်းလို့ရမလား။ 

upgrade လုပ်တာဖြစ်လို့ တင်ပြီး ၁၀ ရက်အတွင်း မူလ Windows 10 ကို ပြန်ဆင်းချင်လျင် ဆင်းလို့ရပါတယ်။ 
 Setting ထဲက System  မှာ Recovery အောက်က  Go back  ကိုနှိပ်ပြီးပြန်ဆင်းလို့ရတယ်ဆိုပါတယ်။ ဆယ်ရက်ကျော်လျင်တော့ ဖိုင်အဟောင်းတွေကိုရှင်းပစ်လိုက်လို့ ပြန်ဆင်းလို့မရတော့ ဘဲ  Windows 10  အသစ်ပြန်တင်မှရပါလိမ့်မယ်။ 




ဖိုးသုည
27/10/2021

ဒီပို့စ်ရဲ့လင့် 

မိုက်ကရိုဆော့ကပေးထားတဲ့ လင့် 





Friday, October 15, 2021

Windows 11 နဲ့ compatible မဖြစ်ဘူးဆိုတဲ့ ကွန်ပြူတာအဟောင်းတွေမှာ Windows 11 တင်လို့ရအောင်တင်နည်း အပိုင်း (၂) ။ Hybrid Installer သုံးပြီး Upgrade လုပ်ခြင်း

Windows 11 နဲ့  compatible  မဖြစ်ဘူးဆိုတဲ့ ကွန်ပြူတာအဟောင်းတွေမှာ  Windows 11 တင်လို့ရအောင်တင်နည်း အပိုင်း (၂) 

၂. Hybrid Windows installation USB drive သုံးပြီး 64 bit  Windows 10 မှ Windows 11 သို့ upgrade လုပ်ခြင်း။

ကွန်ပြူတာမှာတင်ထားတဲ့ Windows  ထဲကနေ သူ့ထက်ဗားရှင်း အမြင့်ကိုခေါ်တင်တာကို upgrade လုပ်တယ်လို့သုံးကြပါတယ်။ 


upgrade လုပ်ပုံလုပ်နည်း နှစ်မျိုးရှိပါတယ်။ 

၁. Windows 10 မှာ သူ့ဟာသူပုံမှန် စစ်ပြီး ပုံမှန် တင်ပေးတဲ့ Windows update တွေကနေ အသစ်ထွက်တဲ့ ဗားရှင်းကို အဆင်သင့် ဆွဲချပေးပြီး တင်တာပါ။ ပုံမှန်ပေးနေတဲ့ update  တွေကိုစုပြီး   Features  အသစ်တွေနဲ့အတူ  Windows 10 build  အသစ်တွေထုတ်ရာမှာလည်း Windows update ကနေပေးပါတယ်။ မနှစ်ကစလို့ update  တွေ Features  အသစ်တွေကိုစုပြီး build t အသစ်ကို Build  နာမည်အစာ  H1 နဲ့ H2 ဆိုပြီး တနှစ်နှစ်ခါပေးပါတယ်။ 
ဒီလို အပ်ဒိတ်ကနေ ဗားရှင်းအသစ်ကိုတင်တာက အလွယ်ဆုံးနဲ့ အရှင်းဆုံးပါ။ မှားမှာလည်းမပူရသလို ဖိုင်တွေပျက်မှာ ပျောက်မှာလည်းပူစရာမလိုပါ။ 
ကွန်ပြူတာဗဟုသုတ သိပ်များများနားလည်စရာလည်းမလိုပါ ။ စက်တလုံးနဲ့ တလုံးတော့ update  ရချိန်တူချင်မှတူပါမယ်။ 

၂။ နောက်တနည်းကတော့ အသစ်ထွက်တဲ့ Windows new build  installation media ကို မိမိဖာသာ download လုပ်ပြီး upgrade  လုပ်တဲ့နည်းပါ။ 
ကွန်ပြူတာဗဟုသုတ အတော်အတန်ရှိထားဖို့လိုပါတယ်။ 
Download လုပ်ရတဲ့  file size ကြီးပါတယ်။  ဘယ်မှာရှာပြီးဒေါင်းရမယ်ဆိုတာကိုသိဖို့လိုပါတယ်။ 
အဲဒီလို Windows new build  installation media တွေကိုဘယ်လိုဒေါင်းလုပ်လုပ်လို့ရတယ်ဆိုတာကို အရင်ပို့စ် အပိုင်း ၁.က မှာရေးထားပါတယ်။ 

ဒီပို့စ်မှာတော့ အဲဒီလို Windows  installation media ISO ဖိုင်တွေကနေ ဗားရှင်းအသစ်ကို ဘယ်လို့ upgrade  လုပ်မလဲ ဆိုတာကို ရေးပြမှာပါ။ 
Windows 11 Compatible computer  တွေမှာတော့ တိုက်ရိုက်ဆွဲချထားတဲ့ Windows 11 installation media ISO ဖိုင်ကနေ Windows 11 ကိုတန်းတင်လို့ရပါတယ်။ 

Windows 11 Compatible မဖြစ်တဲ့  computer အဟောင်းတွေမှာတော့ အဲဒီလို  Windows 11  ကိုတိုက်ရိုက်တင်လိုက်တဲ့အခါ ဒီစက်က Windows 11 နဲ့ အဆင်မပြေပါဘူးလို့မက်ဆေ့ပြပြီး ဆက်မသွားတော့ပါ။ 




ဒီတော့ ပို့စ့်အပိုင်း (၁) မှာပြထားတဲ့ Hybrid installation media လုပ်ရပါတယ်။ 
အဲဒီကရတဲ့ Hybrid installation media က USB drive  ထဲမှာဖြစ်လို့ အဲဒီထဲကနေ Upgrade  လုပ်ရမှာပါ။ 
မလုပ်တတ်သူတွေအတွက် ကျနော်လုပ်ပေးထားတဲ့ Hybrid installation media ကိုတော့ ISO ဖိုင်ပြန်လုပ်ပြီးရှဲထားလို့ အဲဒီဖိုင်ကနေ ဒီလင့်ကနေဆွဲချပြီး တိုက်ရိုက် တင်လည်းရပါတယ်။ တင်နည်းသိပ်မကွာပါ။ 

၁. Windows 11 installation media USB drive  မှ upgrade  လုပ်ခြင်း ။ 

  • Windows 11 installation media USB drive  ကိုတပ်လိုက်ပါ။ သူ့မှာပါတဲ့ဖိုင်တွေကို ဝင်းဒိုးတခုဖွင့်ပြီး ပြပါမယ်။ အဲလိုမပြလျင် This PC ကနေ အဲဒီ USB Drive သွားဖွင့်ပါ။ ဒီနေရာမှာတော့ ကျနော်က Hybrid installation media ပါတဲ့ USB Drive ကိုတပ်ပါတယ်။ 





USB   drive  ထဲက setup.exe ဖိုင်ကို  right clinic နှိပ်ပြီး run as administrator နဲ့ run  ပါ။ အဲဒီ app ကိုတကယ်တင်မှာလားလို့မေးပါတယ်။ Yes ပါ။ 
  • Windows 10 Setup ကနေ Install Windows 10  ဆိုပြီးစပါတယ်။ 
  • အဲဒီမှာ Change how Windows Setup download updates  ဆိုတဲ့စာတန်းကိုနှိပ်ပြီး  Update တွေကိုမတင်ဖို့  "Not at the moment " ကို ရွေးပေးပါ။ အဲဒီမှာ Update တင်ပြီး Windows installation  ရပ်သွားတတ်ပါတယ်။ 
  •  






အခုထိက Windows 10 Setup  လို့ပဲပြနေပါတယ်။  Applicable notices and licence terms ကို Accept လုပ်ပါ။ 




  •  Ready to install  ဆိုပြီး တင်မယ့် Windows ဗားရှင်းကိုပြတဲ့အခါမှာတော့ တကယ်တင်မယ့် Windows 11  ရဲ့ဗားရှင်းကြပြပါပြီ။ Keep Personal files and apps လို့ အမှန်ခြစ်ထားပါတယ်။ ကိုယ်က ဖိုင်တွေပဲချန်မယ် ကျန်တဲ့ ပရိုဂရမ်တွေပါဖြုတ်ချင်တယ် ဆို အောက်က  Change what to keep  ကိုနှိပ်ပါ။ 




  • Choose what to keep  ဆိုပြီး ပြပါတယ်။ အောက်ကသုံးမျိုးထဲကတခုကိုရွေးပါ။ 
    • Keep personal files and apps (လက်ရှိဝင်းဒိုးမှာသိမ်းထားတဲ့ ကိုယ့်ဖိုင်တွေနဲ့ ထည့်ထားတဲ့ ပရိုဂရမ်တွေအကုန်ချန်ထားမှာလား )
    • Keep personal files only (လက်ရှိဝင်းဒိုးမှာသိမ်းထားတဲ့ ကိုယ့်ဖိုင်တွေပဲချန်ပြီး တင်ထားတဲ့ပရိုဂရမ်တွေအားလုံးကိုဖျက်ပစ်မှာလား။ 
    • Nothing ဘာမှချန်မထားဘူးလား Clean install  လို့ခေါ်ကြပါတယ် ကွန်ပြူတာအသစ်တလုံးလို့ ဆက်တင်အကုန်ပြန်ထည့်ရပါတယ်။ 
    • ပြီးလျင် Next ကိုသွားပါ။ 

  • အဲဒီမှာ နောက်တခါ Ready to install  ဆိုပြီး တင်မယ့် Windows ဗားရှင်းကိုပြပြီး ကိုယ်ကဘယ်ဖိုင်တွေကိုချန်မယ်လို့ရွေးထားတယ်ဆိုတာကိုတခါထပ်ပြပါတယ်။ 
  • Install  ကို နှိပ်ပါ။  
  • ဒါဆို Windows installation စပါပြီ။ 
  • စောစောကတည်းက Choose what to keep ကိုမရွေးဘဲ  တခါတည်း  Install  ကနေသွားလည်းရပါတယ်။ 
  • Hybrid installation media ကိုသုံးတဲ့အတွက် Windows11 image ကိုတင်နေပေမယ့် အစပိုင်းမှာ Installing Windows 10 လို့ပဲပြပါသေးတယ်။ 

၂. Windows 11 installation media ISO file  မှ upgrade  လုပ်ခြင်း ။ 

Windows 11 Compatible computer  တွေမှာတော့ တိုက်ရိုက်ဆွဲချထားတဲ့ Windows 11 installation media ISO ဖိုင်ကနေ Windows 11 ကိုတန်းတင်လျင် သို့မဟုတ် 
Hybrid installation media ISO ဖိုင်ကနေ Windows 11 တင်လျင် လုပ်နည်းပါ.  အစပိုင်းနည်းနည်းပဲကွာပြီး ကျန်တာ USB drive  ကနေ  upgrade လုပ်တာနဲ့ တူပါတယ်။ 
File Explorer  ကနေ Windows 11 installation media ISO ဖိုင်ကို  Double click နှိပ်ပါ သို့မဟုတ်  right click  နှိပ်ပြီး  Mount လုပ်ပါ။ 
Windows က Virtual DVD drive တခုဖန်တီးပြီး ISO  ဖိုင်ကို အဲဒီထဲမှာဖွင့်ပေးပါတယ်။ 



 Virtual DVD drive  ထဲက setup.exe ဖိုင်ကို  right clinic နှပ်ပြီး run as administrator နဲ့ run  ပါ။ အဲဒီ app ကိုတကယ်တင်မှာလားလို့မေးပါတယ်။ Yes ပါ။ 
  • Windows 10 Setup ကနေ Install Windows 10  ဆိုပြီးစပါတယ်။ 
  • ကျန်တဲ့အဆင့်တွေကတော့ အပေါ်မှာရေးထားသလို USB installer  ထဲက upgrade  လုပ်တာနဲ့အတူတူပဲဖြစ်ပါတယ်။ 

ပြီးသွာလျင်တော့ Keep personal files and apps ကိုရွေးခဲ့လျင် မူလ Windows 10  ထဲကဆင်တင်တွေအတိုင်းဖိုင်တွေရော ပရိုဂရမ်တွေပါကျန်နေမှာပါ။ 
Keep Nothing  လို့ရွေးခဲ့လျင်တော့ Windows computer  အသစ်တလုံးရသလို ဆက်တင်အသေးစိပ်ပြန်လုပ်ရပါမယ်။ 



ဖိုးသုည
၁၅-၁၀-၂၁


ဤပို့စ် လင့်


Windows 11 installation media ISO

Windows 11 installation media ISO Hybrid_Windows_  installation media. 




Thursday, October 14, 2021

Compatible ဖြစ်တဲ့ကွန်ပြူတာတွေမှာ Windows 11 ကိုဘယ်လိုတင်ကြမလဲ။

Compatible ဖြစ်တဲ့ကွန်ပြူတာတွေမှာ Windows 11  ကိုဘယ်လိုတင်ကြမလဲ။






 မိုက်ကရိုဆော့ဖ်က ဒီကွန်ပြူတာမှာ Windows 11 တင်လို့ရပါတယ်လို့သတ်မှတ်တဲ့အခါ Windows 11 ကိုနည်းလမ်း ၂ မျိုးနဲ့ရနိုင်ပါတယ်။ 

၁. Windows update  မှတဆင့် အလှည့်ကျ ပေးတာကို update လုပ်ခြင်း။ 
၂. Windows 11 download page မှ Windows Media Creation tools ကို ဒေါင်းပြီး Windows installation media ကို တိုက်ရိုက် download  လုပ်ကာ Install လုပ်ခြင်း။ 

၁။ Windows 11 ကို Windows updates မှ တင်ခြင်း။

တကယ်တော့ ကိုယ်ဘာမှ ဟုတ်တိပတ်တိ သိပ်လုပ်စရာမလိုပါ။ ကွန်ပြူတာ ဗဟုသုတသိပ်မရှိသူတွေအတွက်အဆင်ပြေပါတယ်။ 
အခုနောက်ပိုင်းရက်  Windows update  ကို စစ်လိုက်လျင် Windows 11 ရနိုင်၊ မရနိုင် ပြပေးနေပါပြီ။ 
လိုအပ်ချက်ရှိလျင်တော့ ဘာလိုတယ်ဆိုတာ PC Health Check app ကနေ စစ်ဖို့ ပြပါတယ်။ 








Windows updates ကို ဘယ်လိုစစ်မလဲ
နှစ်နည်းရှိပါတယ်။

(၁) ဝင်းဒိုး ပုံ start ခလုပ်ကိုနှိပ်ပြီး ဘယ်ဘက် start up menu ထဲမှာ ပေါ်လာတဲ့ထဲက ပင်နယံပုံ Settings ကိုနှိပ်လျင် အောက်ဆုံးမှာ Update & Security ရှိပါတယ်။  
အဲဒါကိုနှိပ်လျင် Windows Update ပေါ်လာပြီး Check for Updates. ကိုနှိပ်ကာရှာခိုင်းလို့ရပါတယ်။


------------------------




(၂) ပိုလွယ်တာကတော့ အောက်က ဝင်းဒိုးခလုပ်ရဲ့ ယာဘက် Search box ထဲမှာ updates လို့ရိုက်လိုက်ပါ ။  Check for Updates. ဆိုတာကလေး တန်းပြပါတယ်။ အဲဒီပေါ် click လုပ်လို့ဖြစ်စေ၊  Open ကနေဖြစ်စေသွားလို့ရပါတယ်။






ကိုယ့်ကွန်ပြူတာအတွက် Windows 11   update ရပြီဆိုလျင် ဒီပုံမှာလိုပြပါမယ်။ အောက်က  Download and install  ကိုနှိပ်ပြီးသူညွှန်ကြားသလိုလုပ်ရုံပါပဲ 







Update  လုပ်နေစဉ် ကွန်ပြူတာကို restart  သူ့ဟာသူပြန်လုပ်ပါမယ်။ ပါဝါမပြတ်အောင်သာဂရုစိုက်ပါ၊ 
ပြီးသွားလျင်တော့ Windows 11 ကိုရပြီဖြစ်ပါတယ်။  အကောင့်ဆက်တင်တွေကတော့ မူလ ဝင်းဒိုး ၁၀ အတိုင်းဖြစ်ပါမယ်။   Activation  ကိုစစ်ကြည့်လျင်လည်း  active  ဖြစ်နေတာကိုတွေ့ရမှာပါ။ 

၂. Windows 11 download page မှ Windows Media Creation tools ကို ဒေါင်းပြီး Windows installation media ကို တိုက်ရိုက် download  လုပ်ကာ Install လုပ်ခြင်း။ 

PC health check app ကဖြစ်စေ၊  Windows update ကဖြစ်စေ ဒီကွန်ပြူတာက Windows 11 တင်လို့ရတယ်လို့ပြပေမယ့် Windows updates ထဲမှာ  Download and Install  ဆိုတာမပြသေးလျင် Windows 11 download page မှ Windows Media Creation tools ကို ဒေါင်းပြီး Windows installation media ကို တိုက်ရိုက် download  လုပ်ကာ Installလုပ်နိုင်ပါတယ်။ 

၂. က Windows installation media ကို တိုက်ရိုက် download  လုပ်လုပ်ခြင်း





Windows Media Creation tools  ကိုဒီကနေတိုက်ရိုက်ဒေါင်းလုပ်လုပ်လို့လည်းရနိုင်ပါတယ်။ ရလာတဲ့ APP  ကို RUN လိုက်တဲ့အခါ  Windows 11 setup  ဆိုပြီး လက်ရှိကွန်ပြူတာပေါ်က လောလောဆယ်တင်ထားတဲ့ ဝင်းဒိုးနဲ့သင့်လျှော်တဲ့  installation media ကိုရွေးပြပါတယ်။



ကိုယ်က ဘာသာစကားပြောင်းပြီးထည့်ချင်လျင် ဒီနေရာမှာပြောင်းလို့ရပါတယ်။ 


၂၊ က-၁ Windows Media Creation ISO  ဖိုင်


" Choose which media to use" ဆိုတဲ့နေရာမှာတော့ "ISO file" လို့ရွေးပေးပါ။ 




ပြီးလျင်တော့ သူက ဖိုင်ကိုဘယ်မှာသိမ်းမယ် ၊ ဘယ်နာမည်ပေးမယ်ဆိုတာကိုရွေးခိုင်းပါတယ်။ Windows ထဲကနေ upgrade လုပ်မယ်ဆိုလျင်တော့  ISO ဖိုင်ကို Windows  ထဲမှာ mount လုပ်ပြီး တင်လို့ရပါတယ်။ နောင်မှာလိုလျင်သုံးဖို့သိမ်းထားလို့ပါတယ်၊  Bootable USB installation Media လုပ်ချင်လျင်တော့ အဲလိုလုပ်ဖို့  Rufus လို  app တခုလိုပါမယ်။ ကိုယ်က နာမည်မရွေးလျင် သူက "Window.iso" ဆိုတဲ့ဖိုင်အနေနဲ့သိမ်းပေးပါတယ်။ ကိုယ့်ပေးချင်တဲ့နာမည်ကိုပြောင်းသိမ်းလို့ရပါတယ်။ ကျနော်ကတော့ နာမည်မှာ ဗားရှင်းပါတွဲရေးပြီးသိမ်းပါတယ်။ 



ရလာတဲ့  ISO file ကို double click နှိပ်လို့ဖြစ်စေ right click ကနေ Mount လို့ရွေးပေးလျင်ဖြစ်စေ  virtual DVD drive တခုလုပ်ပြီး ISO file ကို  DVD ထည့်သလိုထည့်ဖွင့်ပါတယ်။ အထဲက setup.exe ဆိုတဲ့ file မှာ  right click နှိပ်ပြီး  run as administrator  အနေနဲ့ စလိုက်လို့ရပါတယ်။ 


၂၊ က-၂ Windows Media Creation USB Flash drive

" Choose which media to use" ဆိုတဲ့နေရာမှာ  USB Flash drive  ကိုရွေးလို့လည်းရပါတယ်။ အဲလိုရွေးလျင် ကွန်ပြူတာမှာ အနည်းဆုံး 8 GB ရှိတဲ့ USB Flash drive အလွတ်တခုတပ်ပါ။ တခြားတပ်ထားတဲ့ USB devices  တွေရှိလျင် မမှားအောင် ဖြုတ်ထားပါ။ 
သူက တပ်ထားတဲ့ USB drive  ကိုသုံးမှာလားမေးပါတယ်။  မတွေ့လျင် refresh drive list  လုပ်ပေးပါ။ 




လ သူက ဒေါင်းလုပ်လုပ်လို့ရတာတွေကိုအဲဒီထဲဖြည်ထည့်ပြီး  Bootable USB installation Media  လုပ်ပေးပါတယ်။ သူ့ရဲ့အားသာချက်က ဝင်းဒိုးထဲကနေ upgrade  လုပ်တာမဟုတ်ပဲ ကွန်ပြူတာကိုပြန်စပြီး partition တခုလုံးကဖိုင်တွေကိုဖျက်ကာ Clean install အသစ်တင်လို့ရပါတယ်။ ဒါပေမယ့်နောင်မှာသုံးဖို့သိမ်းထားချင်လျင် ဖိုင်တွေကိုချဉ်းကူးထားလို့မရပါ။  USB Flash drive တခုလုံးတခြားအတွက်မသုံးဘဲသိမ်းထားရမှာပါ။ 
USB Flash drive ထဲမှာလည်း အထက်ကလို setup.exe ဆိုတဲ့ file မှာ  right click နှိပ်ပြီး  run as administrator  အနေနဲ့ စလိုက်လို့ရပါတယ်။ 


၂၊ ခ  Windows 11 installation Media မှ  install  လုပ်ခြင်း။ 

ISO file ကို mount လုပ်ပြီး virtual DVD ထဲကဖြစ်စေ  installation USB flash drive ထဲကဖြစ်စေ setup.exe ဖိုင်ကို  run as administrator လုပ်ပြီး windows 11  တင်ပါမယ်။ အဲဒီ app ကိုတကယ်တင်မှာလားလို့မေးပါတယ်။ Yes ပါ။ 
Windows 11 Setup ကနေ Install Windows 11  ဆိုပြီးစပါတယ်။ 
လိုင်စင်သဘောတူညီချက်ကိုလက်ခံပါ။ 


 

အဲဒီ နောက်မှာ Change how Windows Setup download updates  ဆိုတဲ့စာတန်းကိုနှိပ်ပြီး  Update တွေကိုမတင်ဖို့  "Not at the moment " ကို ရွေးပေးပါ။ အဲဒီမှာ Update တင်ပြီး Windows installation  ရပ်သွားတတ်ပါတယ်။





သေချာပြီဆို  install ကိုနှိပ်ပါ။ ဝင်းဒိုး အသစ်တင်ခြင်းစပါမယ်။  restart  အခါအခါ လုပ်ပါမယ်။ 



အားလုံးပြီးသွားလျင်တော့ ဝင်းဒိုးအသစ်တခုရပါပြီ။ 

တကယ်လို့ ဝင်းဒိုး ၁၁ တင်ထားပြီးမကြိုက်လို့ ပြန်ဆင်းချင်လျင် တပတ်အတွင်းပြန်ဆင်းလို့ရအောင် ဝင်းဒိုးအဟောင်းတွေကိုဖိုဒါတခုနဲ့သိမ်းထားပေးပါတယ်။  C:  drive ထဲမှာ Windows.old  လို့နာမည်ပေးထားပါတယ်။ မူလကတင်ထားတဲ့ ပရိုဂရမ်တွေကိုလိုက်လို့ ဖိုင်ဆိုဒ်က 12 GB ကနေ 25 GB  လောက်ရှိပါတယ်။ 
ပြနမဆင်းဘူးသေချာလျင်တော့ ရှင်းပစ်လို့ရပါတယ်။ 





၃။ လက်ကျန်  Windows installation ဖိုင်များကိုရှင်းခြင်း အောက်က Search box ထဲမှာ  clean  လို့ရိုက်ရှာပါ။ Disk Clean -up tools  ရလာပါမယ်။  ဖွင့်လိုက်ပါ။


ရှင်းဖို့ drive C: ကိုရွေးပါ။ drive ထဲမှာ Clean up System files  ကိုထပ်ရွေးပါ




Previous windows installation(s), windows update clean up  စတိုတွေကို ရှင်းလိုက်ပါ။ 
 


ဒါဆို  C Driver ထဲမှာ အနည်းဆုံး 16 GB  ပြန်ရှင်းသွားမှာပါ။ 
ဒါဆို Compatible ဖြစ်တဲ့ကွန်ပြူတာတွေမှာ Windows 11  ကိုဘယ်လိုတင်ကြမယ်၊ C Drive  ကိုဘယ်လိုရှင်းမယ်ဆိုတာ  ရှင်းပြလို့ပြီးပါပြီ၊  အားလုံးအဆင်ပြေကြပါစေ။ 

ဖိုးသုည 
၁၅-၁၀-၂၀၂၁


ပို့စ်လင့် 



windows 11 တင်လို့မရဘူးဆိုတဲ့ ကွန်ပြူတာအဟောင်းတွေမှာ  Windows 11 တင်နည်းကိုတော့ ဒီမှာကြည့်ပါ။ 
အပိုင်း(၁) 
(အပိုင်း (၂)