Thursday, February 7, 2019

ဝယ်ထားတဲ့ လက်မှတ်က လေကြောင်းလိုင်းကတခု စီးရတဲ့ လေယာဉ်ရဲ့ လေကြောင်းလိုင်းကတခြား။ (ဝယ္ထားတဲ့ လက္မွတ္က လေၾကာင္းလိုင္းကတခု စီးရတဲ့ ေလယာဥ္ရဲ႕ လေၾကာင္းလိုင္းကတျခား။)

ဝယ်ထားတဲ့ လက်မှတ်က လေကြောင်းလိုင်းကတခု စီးရတဲ့ လေယာဉ်ရဲ့ လေကြောင်းလိုင်းကတခြား။ (Unicode font) (ဝယ္ထားတဲ့ လက္မွတ္က လေၾကာင္းလိုင္းကတခု စီးရတဲ့ ေလယာဥ္ရဲ႕ လေၾကာင္းလိုင္းကတျခား။) (Zawgyi) 

MAI လေကြောင်းက လက်မှတ်ကို ဝယ်ပြီး လေယာဉ်ပေါ်တက်တော့ လေယာဉ်က Air KBZလေယာဉ်ကြီးဖြစ်နေလို့ စိတ်ပူသွားပါသလား။ အခုခေတ်မှာ လေယာဉ်နဲ့ခရီးသွားတဲ့ အခါ လေယာဉ်တစီးထဲမှာ မတူတဲ့ လေကြောင်းလိုင်းရဲ့ လက်မှတ်တွေနဲ့ စီးတဲ့ အတူစီးခရီးသည်တွေကို ဆုံရတတ်ပါတယ်။
Codeshare flight တွေလို့ ခေါ်ကြပါတယ်
Codeshare ဆိုတော့ ဘာ code ကို ရှဲတာလဲလို့ မေးစရာရှိလာပါတယ်။

Airlines codes
လေကြောင်းလိုင်းတွေတိုင်းမှာ အပြည်ပြည်ဆိုင်ရာ လေကြောင်းပို့ဆောင်ရေးအသင်း  IATA  (International Air Transport Association)က သတ်မှတ်တဲ့ IATA codeနဲ့ အပြည်ပြည်ဆိုင်ရာ အရပ်ဘက်လေကြောင်းအဖွဲ့  ICAO  (International Civil Aviation Organization  Airlines) ကသတ်မှတ်တဲ့ ICAO code ဆိုပြီး ရှိကြပါတယ်။

အဲဒီလေကြောင်းလိုင်းတွေက လေကြောင်းခရီးစဉ်တွေကို ပြေးဆွဲတဲ့ အခါ မိမိတို့လိုင်းကိုယ်စားပြုကုဒ်ကိုသုံးပြီး ခရီးစဉ် အမှတ် Flight number ကို သတ်မှတ်ပေးရပါတယ်။ 


Pic 1. IATA codes of airlines in Myanmar

 Flight number ‌လေယာဉ်ခရီးစဉ်အမှတ်ဆိုတာ ဘာလဲ
လေယာဉ်ပျံနဲ့ ခရီးသွားတဲ့ အခါ ပြည်တွင်း ခရီးဖြစ်စေ ပြည်ပခရီးဖြစ်စေ ခရီးစဉ် တခုချင်းစီကို သီးသန့် ခရီးစဉ်အမှတ်တခုစီ သတ်မှတ်ထားပါတယ်။ Flight number ခရီး စဉ် အမှတ် တခုကို ဖေါ်ပြရာမှာ အပိုင်း၂ပိုင်းပါပါတယ်။ တပိုင်းက လေကြောင်းလိုင်း ကိုယ်စားပြုကုဒ်ဖြစ်ပြီး ဒုတိယပိုင်းကတော့ ပြေးဆွဲတဲ့ ခရီးစဉ် တခုချင်းစီကို ကိုယ်စားပြုပါတယ်။
ခရီးသည်များအတွက်ကတော့ လေဆိပ်မှာ အချက်အလက်ကြေငြာတဲ့ Flight information display boards ဘုဒ်တွေနဲ့  လေယာဉ်လက်မှတ်တွေမှာ ဖေါ်ပြဖို့ သုံးတဲ့  IATA code ကိုသုံးတဲ့ Flight number ကိုပဲ သိဖို့လိုပါတယ်။
အဲလို IATA code နဲ့  ခရီးစဉ်အမှတ်ကို သတ်မှတ်ရာမှာ  ပထမ အက္ခရာ ၂လုံးနဲ့ နောက်က ဂဏန်း တလုံးကနေလုံး  (သို့) ၄လုံးပါပါတယ်။ ပထမ အက္ခရာ ၂လုံးကတော့ လေကြောင်းလိုင်းကိုကိုယ်စားပြုတဲ့ IATA code ဖြစ်ပြီး နောက်က ဂဏန်း တလုံးမှ ၄လုံးကတော့ ခရီးစဉ်လမ်းကြောင်းတခုချင်းစီကို ကိုယ်စားပြုပါတယ်။


ဥပမာ
8M232  မှာ   8M က Myanmar Airways ကိုဆိုလိုပြီးနောက်က        
232 က စင်္ကာပူ ကနေ နေ့လည် ၁း၄၅ နာရီ မှာ ရန်ကုန်ကို ပျံသန်းတဲ့ ခရီးစဉ်ပါ။ 
K7214   မှာ    K7 က Air KBZ  ကိုဆိုလိုပြီး  နောက်က 
204ရန်ကုန် ကနေ မ န္တလေး ကို မနက် ၆း၃၀ နာရီထွက်တဲ့ ခရီးစဉ်ပါ။
SQ997  မှာ    SQ က Singapore Airlines  ကိုဆိုလိုပြီး နောက်က 
997 က ရန်ကုန် ကနေ စင်္ကာပူကို မနက် ၁၀း၂၅ နာရီမှာထွက်တဲ့ ခရီးစဉ်ပါ။ (ပုံ ၂) 

Pic 2, Flight Number and code share flight ticket

ပုံမှန် Flight number တွေကတော့ အက္ခရာ ၂လုံးအနောက်မှာ ဂဏန်း တလုံးကနေ သုံးလုံးအထိပဲရှိကပါတယ်။ ဥပမာ CI3( China Airlines) , QF82 (Qantas) , 3K582 ( JetStar)


 Codeshare agreement

လေကြောင်းလိုင်းတွေများလာပြီး ခရီးလမ်းကြောင်းတွေထပ်လာတဲ့အခါမှာတေ့ာ ခရီးသည် သိပ်မများတဲ့ခရီးလမ်းကြောင်းတွေမှာ  လေကြောင်းလိုင်းတွေ codeshare agreement သဘောတူညီချက်‌တွေယူကာ တလိုင်းကဆွဲတဲ့ ခရီးစဉ်ကို တခြားလိုင်းတွေကပါ ထိုင်ခုံနေရာခွဲတမ်းမျှဝေယူကာ သူတို့ကိုယ်ပိုင်လိုင်း အမည်နဲ့ လက်မှတ်ရောင်းချခြင်းဖြင့် ခရီးလမ်းကြောင်းတွေကို လျှော့ချစရာမလိုပဲ တကယ်ပျံသန်းတဲ့ ခရီးစဉ်တွေကို လျှော့ပြီး စားရိတ်ချွေတာနိုင်လာကြပါတယ်။ 
ကုဒ်ရှဲ သဘောထူညီချက်တွေက ခုံတွေ ခွဲတမ်းချပုံ အကျိုးအမြတ်ခွဲဝေပုံကို လိုက်လို့  အမျိုးမျိုးရှိကြပါတယ်။ ခရီးသည်တွေအတွက်ကတော့ ကုဒ်ရှဲ သဘောတူညီချက် အသေးစိပ်ကို  သိစရာမလိုပါ။

မိမိဝယ်ထားတဲ့ ခရီးစဉ်က Codeshare Flight ဆိုလျင်
၁. ကြေငြာတဲ့ဘုတ်တွေမှာပြတဲ့ ခရီးစဉ်အမှတ်မှာ ပင်မခရီးစဉ်အမှတ်ကတော့ တကယ်ဆွဲတဲ့ လေကြောင်းလိုင်းရဲ့ ခရီးစဉ်ကိုပြပါတယ်။
အဲဒီနံပတ်နဲ့ အတူ ကုဒ်ရှဲခရီးစဉ်အမှတ်တွေကို တွဲပြပါတယ်။
၂. လေယာဉ်လက်မှတ်မှာတော့ လက်မှတ်ရောင်းတဲ့ လေကြောင်းလိုင်းရဲ့ ကုဒ်ကို သုံးပြီး နောက်က နံပတ် ၄လုံးပါတဲ့ ခရီးစဉ် အမှတ်ကို ပြလေ့ရှိပါတယ်။ (pic 2) 
ခရီးစဉ် အချက်အလက်တွေအောက်မှာတော့ တကယ်လေယာဉ်ပြေးဆွဲတဲ့ လေကြောင်းလိုင်းကို Operated by ****** airlines ဆိုပြီဖေါ်ပြပါတယ်။ (ပုံ ၂ မှာ Operated by SilkAir)

Codeshare flight numbers ဥပမာ
QF3442( Qantas) , EK4584 ( Emirate) , GA9632 ( Garuda air), SQ5018 ( Singapore Airlines) 


Pic 3. Codeshare flights examples

Pic 3. မှာ ရန်ကုန်ကနေထွက်ခွာမည့်လေယာဉ်တွေထဲက codeshare flight ပါတဲ့ ခရီးစဉ်တချို့ကို နမူနာပြထားပါတယ်။
ဥပမာ ၁
မနက် ၁၁း၂၀ မှာ ရန်ကုန် ကွာလာလမ်ပွာ ခရီးကို တကယ်ပြေးဆွဲမှာက မလေးရှားအဲလ်လိုင်းခရီးစဉ်အမှတ်  MH741 ပါ.။  အဲဒီလေယာဉ်ရဲ့ ခုံတချို့ကို သူနဲ့ ကုဒ်ရှဲသဘောတူထားတဲ့ MAI နဲ့  Firefly လေကြောင်းတွေက ရောင်းထားပြီး ခရီးစဉ်အမှတ်ကိုလည်း သူတို့ရဲ့ ခရီးစဉ်အမှတ်နဲ့ ပြထားပါတယ်။
အဲဒါကြောင့် လေယာဉ်တစီးထဲကို ခရီးစဉ်အမှတ် ၃ခုပြထားပါတယ်။
Malaysia Airlines flight number MH741 
Myanmar Airways International flight number 8M9506
Firefly airlines flight number FY7431

အဲဒီလေယာဉ်ခရီးစဉ်အမှတ် ၃ခုအတွက် တကယ်ထွက်မှာက မလေးရှားလိုင်းရဲ့လေယာဉ်တစီးထဲပါ။
ဥပမာ ၂
မနက် ၁၁း၃၀ မှာစင်္ကာပူကို ထွက်မည့် Jetstar ရဲ့ Flight အမှတ် 3K582 ကို တကယ်ပြေးဆွဲမှာက Jetstar Airlines  ဖြစ်ပြီး အဲဒီလေယာဉ်ရဲ့ ခုံတချို့ကို သူနဲ့ ကုဒ်ရှဲသဘောတူထားတဲ့ ယူအေအီးက Emirate နဲ့ ဩစတေးသျှက Qantas လေကြောင်းတွေက ရောင်းထားပြီး ခရီးစဉ်အမှတ်ကိုလည်း သူတို့ရဲ့ ခရီးစဉ်အမှတ်နဲ့ ပြထားပါတယ်။
အဲဒါကြောင့်လေယာဉ်တစီးထဲကိုအောက်ပါအတိုင်း ခရီးစဉ်အမှတ် ၃ခုပြထားပါတယ်။
Jetstar airliens  Flight number 3K582
Emerate AIrlines flight number EK7756
Qantas Airlines Flight number QF5182



ခရီးသည်များအတွက်  Codeshare agreement ကပေးတဲ့အကျိုးကျေးဇူးများ
၁. ခရီးစသည်နေရာမှ မိမိသွားမည့်နေရာကို လေကြောင်းလိုင်းတခုတည်းက  မပျံသန်းတဲ့ အခါ  ဘယ်လိုင်းတွေကို ပြောင်းစီးရမယ်ဆိုတာ ရှာဖွေပြီးလက်မှတ် သတ်သတ် ဝယ်စရာမလိုဘဲ လေကြောင်းလိုင်းတခုထဲက သူ့ ခရီးစဉ်နဲ့ တခြားလိုင်းကပျံတဲ့ Codeshare flight ကို ဆက်ပေးလို့ရသလို လက်မှတ်ဝယ်ရာမှာ တခါတည်း တနေရာတည်းမှာ ပြီးပြတ်ပါတယ်။

၂. ကုဒ်ရှဲခရီးစဉ်အမှတ်တွေကတော့ လက်မှတ်ရောင်းပေးတဲ့ လိုင်းရဲ့ သင်္ကေတကုဒ်ကိုသုံးထားလို့ အဆိုပါလိုင်း‌တွေနဲ့ ခရီးစတဲ့ (သို့) ခရီးဆက်မည့် ခရီးသည်တွေအတွက် မျက်စေ့မလည်တော့ပဲ မှတ်ရတာအဆင်ပြေစေပါတယ်။

၃, ခရီးဆောင်အိတ် ခွင့်ပြချက်တွေက လိုင်းတခုနဲ့ တခုကွဲပြားတတ်လို့  မတူတဲ့လိုင်းတွေကို ပြောင်းစီးတဲ့ အခါ သေချာ စုံစမ်း ပြင်ဆင်မသွားလျင် ပေါင်ပိုကြေးဆောင်ရတတ်ပေမဲ့ Codeshare flightတွေမှာတော့ သူနဲ့ ဆက်တဲ့ flight
ကလိုင်းတခုတည်းကရောင်းတာကြောင့် ခရီးဆောင်အိတ် ခွင့်ပြချက်တွေကို ညှိပေးထားတတ်ပါတယ်။
၄. လမ်းခရီးမှာ တခုခုအဆင်မပြေဖြစ်ခဲ့ သော် (ဥပမာ ပထမလေယာဉ်နောက်ကျလို့ နောက်လေယာဉ်မမှီတာ၊ အပ်နှံထားတဲ့ ခရီးဆောင်အိတ် ပါမလာတာ ၊ ပျက်စီး  ပျောက်ဆုံး တာမျိုးဖြစ်ခဲ့လျင်)  လက်မှတ်ရောင်းတဲ့လိုင်းတခုတည်းနဲ့ ‌ပြောပြီးရှင်းလို့ရပါတယ်။
ဥပမာ
ပုံ၃ မှာပြထားတာကတော့  ဩစတေးသျှနိုင်ငံက ကန်တာ့စ် Qantas လေကြောင်းက ဆစ်ဒနီ ကနေ ရန်ကုန် လာဖို့ လက်မှတ်ကို သူတို့ဝဘ်ဆိုက်ဒ်ကနေကူးထားတာပါ။
Qantas ရဲ့ လေယာဉ်တွေ ရန်ကုန်ကိုမဆင်းပါဘူး။ ဒါပေမဲ့ သူတို့နဲ့ ကုဒ်ရှဲလ်လုပ်ထားတဲ့ လိုင်းတွေရဲ့ ခုံခွဲတမ်းကိုယူပြီး သူ့ခရီးသည်တွေကို အဆင်ပြေပြေနဲ့ ခရီးသွားလို့ရအောင် လက်မှတ်ရောင်းပေးပါတယ်။ Sydney ကနေ Bangkok ကိုသွားတာကတော့ Qantas flight QF23 နဲ့ သွားလို့ ရမှာဖြစ်ပြီး ဘန်ကောက်ကနေ ရန်ကုန်ကိုရောင်းထားတဲ့ Qantas flight  QF3442 ဆိုတာ  Bangkok Airways ရဲ့  PG705 ကို Codeshare flight အဖြစ် သုံးရမှာပါ။ အောက်မှာလည်း Operated by Bangkok Airways   လို့ မှတ်ချက်ကိုတွေ့နိုင်ပါတယ်။ (Pic 4)

အပြန်ခရီးမှာလည်း ရန်ကုန်ကနေ စင်္ကာပူကိုတော့ JetStar Asia ရဲ့ 3K582 ခရီးစဉ်ကို သူ့ရဲ့ Codeshare flight ခရီးစဉ်  QF5182 အနေနဲ့ ရောင်းပြီး Operated by JetStar Asia  လို့မှတ်ချက်တင်ထားတာတွေ့နိုင်ပါတယ်။ စင်္ကာပူကနေ ဆစ်ဒနီကိုတော့ သူတို့ရဲ့ Qantas flight QF82 နဲ့ ပျံမှာပါ။ (Pic 3) 
အဲဒီတော့ ခရီးသည်အနေနဲ့ သူ့ခရီးတ‌လျှောက် QF Flight ‌တွေလို့ပဲ မှတ်ထားရုံပါ။ 


Pic 4 Qantas Airlines



Pic 5 Qantas Codeshare 

Codeshare Flight တွေမှာ ကောင်းတာရှိသလို မကောင်းတာတွေလည်းရှိပါတယ်။ 
   ၁. မိမိဝယ်တဲ့ လေကြောင်းလိုင်းက လိုင်းကြီးဖြစ်သောလည်း ကုဒ်ရှဲလ်လိုင်းက လိုင်းသေးဖြစ်ပြီး လေယာဉ်အသေးနဲ့ ပျံတာဖြစ်နိုင်နေပါတယ် သူတို့ သုံးမည့်လေယာဉ် အမျိုးအစားကို စစ်ဆေးကြည့်သင့်ပါတယ်။  ဥပမာ Qantas  က ဘန်ကောက် ရန်ကုန်ကို Bangkok airways နဲ့   codeshare  တဲ့ အခါ ခရီးသည် ၇၀ သာဆန့်တဲ့ ATR 72-600  ဆိုတဲ့ ပန်ကာအင်ဂျင်တပ် လေယာဉ် အသေးကလေးနဲ့ ပျံပါတယ်။ အမေရိကားက American Airlines တို့ United Airlines တို့လည်း ‌ဒေသတွင်းသုံး လိုင်းသေးတွေနဲ့ ကုဒ်ရှဲ ခရီးတွေမှာ  Embraer တို့  Bombardier လို လေယာဉ်အသေးလေးတွေနဲ့ သွားရနိုင်ပါတယ်။ အရွယ်  မတူနဲ့ တဲ့လေယာဉ်တွေဖြစ်နေလို့ အတူယူဆောင်နိုင်တဲ့ ခရီးဆောင်အိတ်တွေယူဆောင်ခွင့် ကန့်သတ်ချက်တွေ မတူတာဖြစ်နိုင်ပါတယ်။ (Pic 6)

 
Pic 6 Bangkok Airways ATR 72-600

  ၂. နောက်တခုကတော့ Flight information display board နဲ့   Boarding gate Display  တွေ မှာ  လေယာဉ် ခရီးစဉ် အမှတ် flight number ကိုပြတဲ့ အခါ မူရင်း flight number ကို ကြာကြာပြပြီး Codeshare Flight number ကို အလှည့်နဲ့ ပြတဲ့အတွက် မိမိလေယာဉ်ထွက်မည့်ဂိတ်နဲ့ အချိန်ကိုရှာတဲ့ အခါ သေသေချာချာ စောင့်မကြည့်လျင် မိမိလေယာဉ် အမှတ်ကို အလွယ်တကူ ရှာမတွေ့တာမျိုး ဖြစ်နိုင်ပါတယ်။  တခါတရံ ခရီးစဉ်တခုထဲမှာ codeshare flight ၅ ခု ၆ ခုထိရှိလို့  (ဥပမာ Bangkok Airways ရဲ့  PG705 ခရီးစဉ်မှာ  Codeshare flight ၈ ခုရှိပါတယ် (ပုံ ၅) )။ မိမိနဲ့ အတူ လေယာဉ်စောင့်နေတဲ့ တခြားခရီးသည်ကို လေယာဉ် ခရီးစဉ်အမှတ် မေးမိလျင်လည်း မိမိခရီးစဉ်နဲ့တူတဲ့ တခြားလိုင်းကလက်မှတ်ဖြစ်နေပြီး မိမိလက်မှတ်နဲ့ မတူ၊ ဆိုက်ထားတဲ့ လေယာဉ်ကလည်း လက်မှတ်ပေါ်က ခရီးစဉ် အမှတ်ပါ လေကြောင်းလိုင်းမဟုတ်လို့ မျက်စိလည်နိုင်ပါတယ်။

     ၃, ကုဒ်ရှဲခရီးစဉ် လက်မှတ်ခတွေက တကယ်ပြေးဆွဲတဲ့ လေကြောင်းက ဈေးချတဲ့ လက်မှတ်‌တွေလောက်တော့ မသက်သာနိုင်ပါ။ များသောအားဖြင့် တကယ်ပြေးဆွဲတဲ့ လေကြောင်းကရောင်းတဲ့ ပုံမှန်ဈေးထက်တောင် များတတ်ပါတယ်။ 
     ကျနော် သိသလောက် လေ့လာထားသလောက်ကို မျှဝေပေးတာမှာ မှားတာတွေ့လျင် Comment မှာ ထောက်ပြပေးပါ .
ကျေးဇူးတင်ပါတယ်
ဖိုးသုည
06/02/19


ဝယၳားတဲ့ လကၼြတၠ ေေလၾကာင္းလိုင္းကတခု စီးရတဲ့ ေလယာၪ္ရဲ႕ ေေလၾကာင္းလိုင္းကတ်ခား။ ( Zawgyi font) 

MAI ေလေၾကာင္းက လက္မွတ္ကို ဝယ္ၿပီး ေလယာဥ္ေပၚတက္ေတာ့ ေလယာဥ္က Air KBZ ေလယာဥ္ႀကီးျဖစ္ေနလို႔ စိတ္ပူသြားပါသလား။ အခုေခတ္မွာ ေလယာဥ္နဲ႔ခရီးသြားတဲ့ အခါ ေလယာဥ္တစီးထဲမွာ မတူတဲ့ ေလေၾကာင္းလိုင္းရဲ႕ လက္မွတ္ေတြနဲ႔ စီးတဲ့ အတူစီးခရီးသည္ေတြကို ဆုံရတတ္ပါတယ္။
Codeshare flight ေတြလို႔ ေခၚၾကပါတယ္
Codeshare ဆိုေတာ့ ဘာ code ကို ရွဲတာလဲလို႔ ေမးစရာရွိလာပါတယ္။

Airlines codes
ေလေၾကာင္းလိုင္းေတြတိုင္းမွာ အျပည္ျပည္ဆိုင္ရာ ေလေၾကာင္းပို႔ေဆာင္ေရးအသင္း  IATA  (International Air Transport Association)က သတ္မွတ္တဲ့ IATA code နဲ႔ အျပည္ျပည္ဆိုင္ရာ အရပ္ဘက္ေလေၾကာင္းအဖြဲ႕  ICAO  (International Civil Aviation Organization  Airlines) ကသတ္မွတ္တဲ့ ICAO code ဆိုၿပီး ရွိၾကပါတယ္။

အဲဒီေလေၾကာင္းလိုင္းေတြက ေလေၾကာင္းခရီးစဥ္ေတြကို ေျပးဆြဲတဲ့ အခါ မိမိတို႔လိုင္းကိုယ္စားျပဳကုဒ္ကိုသုံးၿပီး ခရီးစဥ္ အမွတ္ Flight number ကို သတ္မွတ္ေပးရပါတယ္။ 

Pic 1. IATA codes of airlines in Myanmar


 Flight number ‌ေလယာဥ္ခရီးစဥ္အမွတ္ဆိုတာ ဘာလဲ

ေလယာဥ္ပ်ံနဲ႔ ခရီးသြားတဲ့ အခါ ျပည္တြင္း ခရီးျဖစ္ေစ ျပည္ပခရီးျဖစ္ေစ ခရီးစဥ္ တခုခ်င္းစီကို သီးသန႔္ ခရီးစဥ္အမွတ္တခုစီ သတ္မွတ္ထားပါတယ္။ Flight number ခရီး စဥ္ အမွတ္ တခုကို ေဖၚျပရာမွာ အပိုင္း၂ပိုင္းပါပါတယ္။ တပိုင္းက ေလေၾကာင္းလိုင္း ကိုယ္စားျပဳကုဒ္ျဖစ္ၿပီး ဒုတိယပိုင္းကေတာ့ ေျပးဆြဲတဲ့ ခရီးစဥ္ တခုခ်င္းစီကို ကိုယ္စားျပဳပါတယ္။

ခရီးသည္မ်ားအတြက္ကေတာ့ ေလဆိပ္မွာ အခ်က္အလက္ေၾကျငာတဲ့ Flight information display boards ဘုဒ္ေတြနဲ႔  ေလယာဥ္လက္မွတ္ေတြမွာ ေဖၚျပဖို႔ သုံးတဲ့  IATA code ကိုသုံးတဲ့ Flight number ကိုပဲ သိဖို႔လိုပါတယ္။

အဲလို IATA code နဲ႔  ခရီးစဥ္အမွတ္ကို သတ္မွတ္ရာမွာ  ပထမ အကၡရာ ၂လုံးနဲ႔ ေနာက္က ဂဏန္း တလုံးကေနလုံး  (သို႔) ၄လုံးပါပါတယ္။ ပထမ အကၡရာ ၂လုံးကေတာ့ ေလေၾကာင္းလိုင္းကိုကိုယ္စားျပဳတဲ့ IATA code ျဖစ္ၿပီး ေနာက္က ဂဏန္း တလုံးမွ ၄လုံးကေတာ့ ခရီးစဥ္လမ္းေၾကာင္းတခုခ်င္းစီကို ကိုယ္စားျပဳပါတယ္။

ဥပမာ

8M232  မွာ   8M က Myanmar Airways ကိုဆိုလိုၿပီးေနာက္က       
232 က စကၤာပူ ကေန ေန႔လည္ ၁း၄၅ နာရီ မွာ ရန္ကုန္ကို ပ်ံသန္းတဲ့ ခရီးစဥ္ပါ။ 

K7214   မွာ    K7 က Air KBZ  ကိုဆိုလိုၿပီး  ေနာက္က 
204 ရန္ကုန္ ကေန မ ႏၲေလး ကို မနက္ ၆း၃၀ နာရီထြက္တဲ့ ခရီးစဥ္ပါ။

SQ997  မွာ    SQ က Singapore Airlines  ကိုဆိုလိုၿပီး ေနာက္က 
997 က ရန္ကုန္ ကေန စကၤာပူကို မနက္ ၁၀း၂၅ နာရီမွာထြက္တဲ့ ခရီးစဥ္ပါ။ (ပုံ ၂) 


Pic 2, Flight Number and code share flight ticket

ပုံမွန္ Flight number ေတြကေတာ့ အကၡရာ ၂လုံးအေနာက္မွာ ဂဏန္း တလုံးကေန သုံးလုံးအထိပဲရွိကပါတယ္။ ဥပမာ CI3( China Airlines) , QF82 (Qantas) , 3K582 ( JetStar)

 Codeshare agreement

ေလေၾကာင္းလိုင္းေတြမ်ားလာၿပီး ခရီးလမ္းေၾကာင္းေတြထပ္လာတဲ့အခါမွာေတ့ာ ခရီးသည္ သိပ္မမ်ားတဲ့ခရီးလမ္းေၾကာင္းေတြမွာ  ေလေၾကာင္းလိုင္းေတြ codeshare agreement သေဘာတူညီခ်က္‌ေတြယူကာ တလိုင္းကဆြဲတဲ့ ခရီးစဥ္ကို တျခားလိုင္းေတြကပါ ထိုင္ခုံေနရာခြဲတမ္းမွ်ေဝယူကာ သူတို႔ကိုယ္ပိုင္လိုင္း အမည္နဲ႔ လက္မွတ္ေရာင္းခ်ျခင္းျဖင့္ ခရီးလမ္းေၾကာင္းေတြကို ေလွ်ာ့ခ်စရာမလိုပဲ တကယ္ပ်ံသန္းတဲ့ ခရီးစဥ္ေတြကို ေလွ်ာ့ၿပီး စားရိတ္ေခြၽတာႏိုင္လာၾကပါတယ္။ 

ကုဒ္ရွဲ သေဘာထူညီခ်က္ေတြက ခုံေတြ ခြဲတမ္းခ်ပုံ အက်ိဳးအျမတ္ခြဲေဝပုံကို လိုက္လို႔  အမ်ိဳးမ်ိဳးရွိၾကပါတယ္။ ခရီးသည္ေတြအတြက္ကေတာ့ ကုဒ္ရွဲ သေဘာတူညီခ်က္ အေသးစိပ္ကို  သိစရာမလိုပါ။


မိမိဝယ္ထားတဲ့ ခရီးစဥ္က Codeshare Flight ဆိုလ်င္

၁. ေၾကျငာတဲ့ဘုတ္ေတြမွာျပတဲ့ ခရီးစဥ္အမွတ္မွာ ပင္မခရီးစဥ္အမွတ္ကေတာ့ တကယ္ဆြဲတဲ့ ေလေၾကာင္းလိုင္းရဲ႕ ခရီးစဥ္ကိုျပပါတယ္။

အဲဒီနံပတ္နဲ႔ အတူ ကုဒ္ရွဲခရီးစဥ္အမွတ္ေတြကို တြဲျပပါတယ္။

၂. ေလယာဥ္လက္မွတ္မွာေတာ့ လက္မွတ္ေရာင္းတဲ့ ေလေၾကာင္းလိုင္းရဲ႕ ကုဒ္ကို သုံးၿပီး ေနာက္က နံပတ္ ၄လုံးပါတဲ့ ခရီးစဥ္ အမွတ္ကို ျပေလ့ရွိပါတယ္။ (pic 2) 

ခရီးစဥ္ အခ်က္အလက္ေတြေအာက္မွာေတာ့ တကယ္ေလယာဥ္ေျပးဆြဲတဲ့ ေလေၾကာင္းလိုင္းကို Operated by ****** airlines ဆိုၿပီေဖၚျပပါတယ္။ (ပုံ ၂ မွာ Operated by SilkAir)

Codeshare flight numbers ဥပမာ
QF3442( Qantas) , EK4584 ( Emirate) , GA9632 ( Garuda air), SQ5018 ( Singapore Airlines) 
Pic 3. Codeshare flights examples


Pic 3. မွာ ရန္ကုန္ကေနထြက္ခြာမည့္ေလယာဥ္ေတြထဲက codeshare flight ပါတဲ့ ခရီးစဥ္တခ်ိဳ႕ကို နမူနာျပထားပါတယ္။

ဥပမာ ၁

မနက္ ၁၁း၂၀ မွာ ရန္ကုန္ ကြာလာလမ္ပြာ ခရီးကို တကယ္ေျပးဆြဲမွာက မေလးရွားအဲလ္လိုင္းခရီးစဥ္အမွတ္  MH741 ပါ.။  အဲဒီေလယာဥ္ရဲ႕ ခုံတခ်ိဳ႕ကို သူနဲ႔ ကုဒ္ရွဲသေဘာတူထားတဲ့ MAI နဲ႔  Firefly ေလေၾကာင္းေတြက ေရာင္းထားၿပီး ခရီးစဥ္အမွတ္ကိုလည္း သူတို႔ရဲ႕ ခရီးစဥ္အမွတ္နဲ႔ ျပထားပါတယ္။

အဲဒါေၾကာင့္ ေလယာဥ္တစီးထဲကို ခရီးစဥ္အမွတ္ ၃ခုျပထားပါတယ္။

Malaysia Airlines flight number MH741 
Myanmar Airways International flight number 8M9506
Firefly airlines flight number FY7431

အဲဒီေလယာဥ္ခရီးစဥ္အမွတ္ ၃ခုအတြက္ တကယ္ထြက္မွာက မေလးရွားလိုင္းရဲ႕ေလယာဥ္တစီးထဲပါ။

ဥပမာ ၂

မနက္ ၁၁း၃၀ မွာစကၤာပူကို ထြက္မည့္ Jetstar ရဲ႕ Flight အမွတ္ 3K582 ကို တကယ္ေျပးဆြဲမွာက Jetstar Airlines  ျဖစ္ၿပီး အဲဒီေလယာဥ္ရဲ႕ ခုံတခ်ိဳ႕ကို သူနဲ႔ ကုဒ္ရွဲသေဘာတူထားတဲ့ ယူေအအီးက Emirate နဲ႔ ဩစေတးသွ်က Qantas ေလေၾကာင္းေတြက ေရာင္းထားၿပီး ခရီးစဥ္အမွတ္ကိုလည္း သူတို႔ရဲ႕ ခရီးစဥ္အမွတ္နဲ႔ ျပထားပါတယ္။

အဲဒါေၾကာင့္ေလယာဥ္တစီးထဲကိုေအာက္ပါအတိုင္း ခရီးစဥ္အမွတ္ ၃ခုျပထားပါတယ္။

Jetstar airliens  Flight number 3K582
Emerate AIrlines flight number EK7756
Qantas Airlines Flight number QF5182

ခရီးသည္မ်ားအတြက္  Codeshare agreement ကေပးတဲ့အက်ိဳးေက်းဇူးမ်ား
၁. ခရီးစသည္ေနရာမွ မိမိသြားမည့္ေနရာကို ေလေၾကာင္းလိုင္းတခုတည္းက  မပ်ံသန္းတဲ့ အခါ  ဘယ္လိုင္းေတြကို ေျပာင္းစီးရမယ္ဆိုတာ ရွာေဖြၿပီးလက္မွတ္ သတ္သတ္ ဝယ္စရာမလိုဘဲ ေလေၾကာင္းလိုင္းတခုထဲက သူ႔ ခရီးစဥ္နဲ႔ တျခားလိုင္းကပ်ံတဲ့ Codeshare flight ကို ဆက္ေပးလို႔ရသလို လက္မွတ္ဝယ္ရာမွာ တခါတည္း တေနရာတည္းမွာ ၿပီးျပတ္ပါတယ္။

၂. ကုဒ္ရွဲခရီးစဥ္အမွတ္ေတြကေတာ့ လက္မွတ္ေရာင္းေပးတဲ့ လိုင္းရဲ႕ သေကၤတကုဒ္ကိုသုံးထားလို႔ အဆိုပါလိုင္း‌ေတြနဲ႔ ခရီးစတဲ့ (သို႔) ခရီးဆက္မည့္ ခရီးသည္ေတြအတြက္ မ်က္ေစ့မလည္ေတာ့ပဲ မွတ္ရတာအဆင္ေျပေစပါတယ္။

၃, ခရီးေဆာင္အိတ္ ခြင့္ျပခ်က္ေတြက လိုင္းတခုနဲ႔ တခုကြဲျပားတတ္လို႔  မတူတဲ့လိုင္းေတြကို ေျပာင္းစီးတဲ့ အခါ ေသခ်ာ စုံစမ္း ျပင္ဆင္မသြားလ်င္ ေပါင္ပိုေၾကးေဆာင္ရတတ္ေပမဲ့ Codeshare flight ေတြမွာေတာ့ သူနဲ႔ ဆက္တဲ့ flight
ကလိုင္းတခုတည္းကေရာင္းတာေၾကာင့္ ခရီးေဆာင္အိတ္ ခြင့္ျပခ်က္ေတြကို ညႇိေပးထားတတ္ပါတယ္။

၄. လမ္းခရီးမွာ တခုခုအဆင္မေျပျဖစ္ခဲ့ ေသာ္ (ဥပမာ ပထမေလယာဥ္ေနာက္က်လို႔ ေနာက္ေလယာဥ္မမွီတာ၊ အပ္ႏွံထားတဲ့ ခရီးေဆာင္အိတ္ ပါမလာတာ ၊ ပ်က္စီး  ေပ်ာက္ဆုံး တာမ်ိဳးျဖစ္ခဲ့လ်င္)  လက္မွတ္ေရာင္းတဲ့လိုင္းတခုတည္းနဲ႔ ‌ေျပာၿပီးရွင္းလို႔ရပါတယ္။

ဥပမာ

ပုံ၃ မွာျပထားတာကေတာ့  ဩစေတးသွ်ႏိုင္ငံက ကန္တာ့စ္ Qantas ေလေၾကာင္းက ဆစ္ဒနီ ကေန ရန္ကုန္ လာဖို႔ လက္မွတ္ကို သူတို႔ဝဘ္ဆိုက္ဒ္ကေနကူးထားတာပါ။

Qantas ရဲ႕ ေလယာဥ္ေတြ ရန္ကုန္ကိုမဆင္းပါဘူး။ ဒါေပမဲ့ သူတို႔နဲ႔ ကုဒ္ရွဲလ္လုပ္ထားတဲ့ လိုင္းေတြရဲ႕ ခုံခြဲတမ္းကိုယူၿပီး သူ႔ခရီးသည္ေတြကို အဆင္ေျပေျပနဲ႔ ခရီးသြားလို႔ရေအာင္ လက္မွတ္ေရာင္းေပးပါတယ္။ Sydney ကေန Bangkok ကိုသြားတာကေတာ့ Qantas flight QF23 နဲ႔ သြားလို႔ ရမွာျဖစ္ၿပီး ဘန္ေကာက္ကေန ရန္ကုန္ကိုေရာင္းထားတဲ့ Qantas flight  QF3442 ဆိုတာ  Bangkok Airways ရဲ႕  PG705 ကို Codeshare flight အျဖစ္ သုံးရမွာပါ။ ေအာက္မွာလည္း Operated by Bangkok Airways   လို႔ မွတ္ခ်က္ကိုေတြ႕ႏိုင္ပါတယ္။ (Pic 4)

အျပန္ခရီးမွာလည္း ရန္ကုန္ကေန စကၤာပူကိုေတာ့ JetStar Asia ရဲ႕ 3K582 ခရီးစဥ္ကို သူ႔ရဲ႕ Codeshare flight ခရီးစဥ္  QF5182 အေနနဲ႔ ေရာင္းၿပီး Operated by JetStar Asia  လို႔မွတ္ခ်က္တင္ထားတာေတြ႕ႏိုင္ပါတယ္။ စကၤာပူကေန ဆစ္ဒနီကိုေတာ့ သူတို႔ရဲ႕ Qantas flight QF82 နဲ႔ ပ်ံမွာပါ။ (Pic 3) 

အဲဒီေတာ့ ခရီးသည္အေနနဲ႔ သူ႔ခရီးတ‌ေလွ်ာက္ QF Flight ‌ေတြလို႔ပဲ မွတ္ထား႐ုံပါ။ 

Pic 4 Qantas Airlines


Pic 5 Qantas Codeshare


Codeshare Flight ေတြမွာ ေကာင္းတာရွိသလို မေကာင္းတာေတြလည္းရွိပါတယ္။ 

   ၁. မိမိဝယ္တဲ့ ေလေၾကာင္းလိုင္းက လိုင္းႀကီးျဖစ္ေသာလည္း ကုဒ္ရွဲလ္လိုင္းက လိုင္းေသးျဖစ္ၿပီး ေလယာဥ္အေသးနဲ႔ ပ်ံတာျဖစ္ႏိုင္ေနပါတယ္ သူတို႔ သုံးမည့္ေလယာဥ္ အမ်ိဳးအစားကို စစ္ေဆးၾကည့္သင့္ပါတယ္။  ဥပမာ Qantas  က ဘန္ေကာက္ ရန္ကုန္ကို Bangkok airways နဲ႔   codeshare  တဲ့ အခါ ခရီးသည္ ၇၀ သာဆန႔္တဲ့ ATR 72-600  ဆိုတဲ့ ပန္ကာအင္ဂ်င္တပ္ ေလယာဥ္ အေသးကေလးနဲ႔ ပ်ံပါတယ္။ အေမရိကားက American Airlines တို႔ United Airlines တို႔လည္း ‌ေဒသတြင္းသုံး လိုင္းေသးေတြနဲ႔ ကုဒ္ရွဲ ခရီးေတြမွာ  Embraer တို႔  Bombardier လို ေလယာဥ္အေသးေလးေတြနဲ႔ သြားရႏိုင္ပါတယ္။ အ႐ြယ္  မတူနဲ႔ တဲ့ေလယာဥ္ေတြျဖစ္ေနလို႔ အတူယူေဆာင္ႏိုင္တဲ့ ခရီးေဆာင္အိတ္ေတြယူေဆာင္ခြင့္ ကန႔္သတ္ခ်က္ေတြ မတူတာျဖစ္ႏိုင္ပါတယ္။ (Pic 6)



Pic 6 Bangkok Airways ATR 72-600



  ၂. ေနာက္တခုကေတာ့ Flight information display board နဲ႔   Boarding gate Display  ေတြ မွာ  ေလယာဥ္ ခရီးစဥ္ အမွတ္ flight number ကိုျပတဲ့ အခါ မူရင္း flight number ကို ၾကာၾကာျပၿပီး Codeshare Flight number ကို အလွည့္နဲ႔ ျပတဲ့အတြက္ မိမိေလယာဥ္ထြက္မည့္ဂိတ္နဲ႔ အခ်ိန္ကိုရွာတဲ့ အခါ ေသေသခ်ာခ်ာ ေစာင့္မၾကည့္လ်င္ မိမိေလယာဥ္ အမွတ္ကို အလြယ္တကူ ရွာမေတြ႕တာမ်ိဳး ျဖစ္ႏိုင္ပါတယ္။  တခါတရံ ခရီးစဥ္တခုထဲမွာ codeshare flight ၅ ခု ၆ ခုထိရွိလို႔  (ဥပမာ Bangkok Airways ရဲ႕  PG705 ခရီးစဥ္မွာ  Codeshare flight ၈ ခုရွိပါတယ္ (ပုံ ၅) )။ မိမိနဲ႔ အတူ ေလယာဥ္ေစာင့္ေနတဲ့ တျခားခရီးသည္ကို ေလယာဥ္ ခရီးစဥ္အမွတ္ ေမးမိလ်င္လည္း မိမိခရီးစဥ္နဲ႔တူတဲ့ တျခားလိုင္းကလက္မွတ္ျဖစ္ေနၿပီး မိမိလက္မွတ္နဲ႔ မတူ၊ ဆိုက္ထားတဲ့ ေလယာဥ္ကလည္း လက္မွတ္ေပၚက ခရီးစဥ္ အမွတ္ပါ ေလေၾကာင္းလိုင္းမဟုတ္လို႔ မ်က္စိလည္ႏိုင္ပါတယ္။

     ၃, ကုဒ္ရွဲခရီးစဥ္ လက္မွတ္ခေတြက တကယ္ေျပးဆြဲတဲ့ ေလေၾကာင္းက ေဈးခ်တဲ့ လက္မွတ္‌ေတြေလာက္ေတာ့ မသက္သာႏိုင္ပါ။ မ်ားေသာအားျဖင့္ တကယ္ေျပးဆြဲတဲ့ ေလေၾကာင္းကေရာင္းတဲ့ ပုံမွန္ေဈးထက္ေတာင္ မ်ားတတ္ပါတယ္။ 

     က်ေနာ္ သိသေလာက္ ေလ့လာထားသေလာက္ကို မွ်ေဝေပးတာမွာ မွားတာေတြ႕လ်င္ Comment မွာ ေထာက္ျပေပးပါ .

ေက်းဇူးတင္ပါတယ္

ဖိုးသုည

06/02/19

Tuesday, January 29, 2019

မြန်မာနိုင်ငံသားတွေအတွက် ခရီးထောက်စဉ် မလေးရှားကိုခေတ္တဝင်လည်နိုင်တဲ့ Transit pass without visa ( ျမန္မာႏိုင္ငံသားေတြအတြက္ ခရီးေထာက္စဥ္ မေလးရွားကိုေခတၱဝင္လည္ႏိုင္တဲ့ Transit pass without visa )

မြန်မာနိုင်ငံသားတွေအတွက် ခရီးထောက်စဉ် မလေးရှားကိုခေတ္တဝင်လည်နိုင်တဲ့ Transit pass without visa 
ျမန္မာႏိုင္ငံသားေတြအတြက္ ခရီးေထာက္စဥ္ မေလးရွားကိုေခတၱဝင္လည္ႏိုင္တဲ့ Transit pass without visa ( in Zawgyi font) 

( ဤအချက်အလက်တွေကို မလေးရှားအစိုးရရဲ့ တရားဝင် အင်မီဂရေးရှင်းနဲ့ ဗီဇာဝဘ်ဆိုဒ်မှာ ရှာလို့တွေ့မှာမဟုတ်ပါ။ ဒါပေမဲ့ တရားဝင်ပါ။ သြစတေးသျှက မလေးသံရုံးနဲ့ KLIA2 ရဲ့ တရားဝင် ဝဘ်ဆိုဒ် တွေမှာတော့ ရှိပါတယ်)

မလေးရှားနိုင်ငံ ကွာလာလမ်ပွာ KLIA နဲ့ KLIA2 လေဆိပ်နှစ်ခုမှာ လေယာဉ်ပြောင်းစီးသူ မြန်မာနိုင်ငံသားတွေ ခရီးထောက်ချိန် အတွင်း မလေးရှားနိုင်ငံထဲ ဝင်လည်ပတ်လိုပါက  Transit pass without visa  ကို လေဆိပ်ထဲမှာ တောင်းယူပြီး ဝင်လည်လို့ရပါတယ်။
ခရီးဆက်မည့် လေယာဉ် လက်မှတ်ကို ပြရပါတယ် ။
လာခဲ့ တဲ့ နိုင်ငံကို ပြန်မည့် လက်မှတ်နဲ့ တော့မရပါ။ အခြားနိုင်ငံတခုခုကို အသွားခရီးထောက်တာကိုပဲ လက်ခံတာပါ။
ခရီးထောက်ချိန် ၅ ရက် (နာရီ ၁၂၀ ) နဲ့အောက် ဆိုရင် လေဆိပ်ထဲမှာ Transit pass without visa တံဆိပ်တုံး ရယူနိုင်ပါတယ်။


( ဤအခ်က္အလက္ေတြကို မေလးရွားအစိုးရရဲ႕ တရားဝင္ အင္မီဂေရးရွင္းနဲ႔ ဗီဇာဝဘ္ဆိုဒ္မွာ ရွာလို႔ေတြ႕မွာမဟုတ္ပါ။ ဒါေပမဲ့ တရားဝင္ပါ။ ၾသစေတးသွ်က မေလးသံ႐ုံးနဲ႔ KLIA2 ရဲ႕ တရားဝင္ ဝဘ္ဆိုဒ္ ေတြမွာေတာ့ ရွိပါတယ္)
မေလးရွားႏိုင္ငံ ကြာလာလမ္ပြာ KLIA နဲ႔ KLIA2 ေလဆိပ္ႏွစ္ခုမွာ ေလယာဥ္ေျပာင္းစီးသူ ျမန္မာႏိုင္ငံသားေတြ ခရီးေထာက္ခ်ိန္ အတြင္း မေလးရွားႏိုင္ငံထဲ ဝင္လည္ပတ္လိုပါက  Transit pass without visa  ကို ေလဆိပ္ထဲမွာ ေတာင္းယူၿပီး ဝင္လည္လို႔ရပါတယ္။

ခရီးဆက္မည့္ ေလယာဥ္ လက္မွတ္ကို ျပရပါတယ္ ။

လာခဲ့ တဲ့ ႏိုင္ငံကို ျပန္မည့္ လက္မွတ္နဲ႔ ေတာ့မရပါ။ အျခားႏိုင္ငံတခုခုကို အသြားခရီးေထာက္တာကိုပဲ လက္ခံတာပါ။

ခရီးေထာက္ခ်ိန္ ၅ ရက္ (နာရီ ၁၂၀ ) နဲ႔ေအာက္ ဆိုရင္ ေလဆိပ္ထဲမွာ Transit pass without visa တံဆိပ္တုံး ရယူႏိုင္ပါတယ္။



Transit pass example


လိုအပ်ချက်တွေကတော့ 
၁. ဆိုက်ရောက်ပြီး နာရီ ၁၂၀ ( ၅ ရက်) အတွင်း တတိယနိုင်ငံတခုခု (မိမိလာခဲ့သောနိုင်ငံမဟုတ်ရ) ကိုဆက်သွားမည့် လေယာဉ်လက်မှတ်ရှိရပါမယ်။
၂. မလေးရှားနိုင်ငံကို ဆိုက်ရောက်သည့်လေဆိပ်နှင့် ပြန်လည်ထွက်ခွာသည့်လေဆိပ်အတူတူဖြစ်ရပါမယ်။
၃. တတိယနိုင်ငံတခုခု ကိုဆက်သွားဖို့လေယာဉ်လက်မှတ်က အတည်ပြုပြီးသား confirmed လက်မှတ်ဖြစ်ရပါမယ်၊  waiting list ဆိုမရပါ။
၄. ပါ့စ်ပို့က သက်တန်း အနည်းဆုံး ၆လ ကျန်ရှိရပါမယ်။
၅. တတိယနိုင်ငံတခုခု ကိုဆက်သွားဖို့လေယာဉ်လက်မှတ်ကို ပရင့်ထုတ်ပြီးသားပြရပါမယ်။ ဘွတ်ကင်နံပတ်ပဲပြလို့မရပါ

လိုအပ္ခ်က္ေတြကေတာ့ 
၁. ဆိုက္ေရာက္ၿပီး နာရီ ၁၂၀ ( ၅ ရက္) အတြင္း တတိယႏိုင္ငံတခုခု (မိမိလာခဲ့ေသာႏိုင္ငံမဟုတ္ရ) ကိုဆက္သြားမည့္ ေလယာဥ္လက္မွတ္ရွိရပါမယ္။
၂. မေလးရွားႏိုင္ငံကို ဆိုက္ေရာက္သည့္ေလဆိပ္ႏွင့္ ျပန္လည္ထြက္ခြာသည့္ေလဆိပ္အတူတူျဖစ္ရပါမယ္။
၃. တတိယႏိုင္ငံတခုခု ကိုဆက္သြားဖို႔ေလယာဥ္လက္မွတ္က အတည္ျပဳၿပီးသား confirmed လက္မွတ္ျဖစ္ရပါမယ္၊  waiting list ဆိုမရပါ။
၄. ပါ့စ္ပို႔က သက္တန္း အနည္းဆုံး ၆လ က်န္ရွိရပါမယ္။
၅. တတိယႏိုင္ငံတခုခု ကိုဆက္သြားဖို႔ေလယာဥ္လက္မွတ္ကို ပရင့္ထုတ္ၿပီးသားျပရပါမယ္။ ဘြတ္ကင္နံပတ္ပဲျပလို႔မရပါ



Myanmar passport holders can apply Transit pass


KLIA
မှာ အင်မီဂရေးရှင်းကောင်တာတွေကိုမရောက်မီ ဖုန်းဆင်းမ်ကဒ်တွေရောင်းတဲ့ ဆိုင်တွေလွန်တာနဲ့  Transit pass ကောင်တာကို ညာဖက်မှာတွေ့နိုင်ပါတယ်။
အဲဒီမှာ အကျိုးကြောင်းပြောပြပြီး လိုအပ်တာတွေထုတ်ပြပါ။ ၅ရက်စာတုံးထုပေးပြီး ဘယ်ကောင်တာကနေဖြတ်ပါလို့ ပြောပါလိမ့်မယ်
KLIA
မွာ အင္မီဂေရးရွင္းေကာင္တာေတြကိုမေရာက္မီ ဖုန္းဆင္းမ္ကဒ္ေတြေရာင္းတဲ့ ဆိုင္ေတြလြန္တာနဲ႔  Transit pass ေကာင္တာကို ညာဖက္မွာေတြ႕ႏိုင္ပါတယ္။
အဲဒီမွာ အက်ိဳးေၾကာင္းေျပာျပၿပီး လိုအပ္တာေတြထုတ္ျပပါ။ ၅ရက္စာတုံးထုေပးၿပီး ဘယ္ေကာင္တာကေနျဖတ္ပါလို႔ ေျပာပါလိမ့္မယ္

KLIA Transit pass counter



KLIA2 
မှာကတော့ အင်မီဂရေးရှင်းကောင်တာတွေကိုမရောက်မီ ဝင်ဖို့တန်းစီတဲ့လိုင်းတွေအစမှာ ဆိုင်းဘုတ်ကလေးနဲ့ Transit pass ကောင်တာကိုသွားဖို့ လမ်းညွှန်ထားတာရှိပါတယ်။

KLIA2 
မွာကေတာ့ အင္မီဂေရးရွင္းေကာင္တာေတြကိုမေရာက္မီ ဝင္ဖို႔တန္းစီတဲ့လိုင္းေတြအစမွာ ဆိုင္းဘုတ္ကေလးနဲ႔ Transit pass ေကာင္တာကိုသြားဖို႔ လမ္းၫႊန္ထားတာရွိပါတယ္။


KLIA2 Transit pass counter sign



KLIA2 Transit pass counter sign






သြစတေးသျှရှိ မလေး ကောင်စစ်ဝန်ရုံး webpage မှ




KLIA2 web page







ကိုးကား
၁. http://www.kln.gov.my/web/aus_perth/other_information/-/asset_publisher/2TQe/content/transit-pass?redirect=%2Fweb%2Faus_perth%2Fother_information
၂. http://www.klia2.info/trips/malaysia/malaysia-visa-information

Monday, November 19, 2018

ဘာမဟုတ္တဲ့ ပစၥည္းကေလးတခုေၾကာင့္ သူမ်ားႏိုင္ငံ ေလဆိပ္မွာ ေခတၱထိန္းသိမ္း စစ္ေဆးတာခံရႏိုင္ၿပီး ေလယာဥ္လည္းလြတ္ကာ ဒုကၡမ်ားႏိုင္ပါတယ္ဆိုတဲ့ အေၾကာင္းကေလး။


ျဖစ္စဥ္ (၁)
တခါက ရန္ကုန္ေလဆိပ္ boarding gate လုံၿခဳံေရးစစ္ေဆးတဲ့ေနရာမွာ ၃ ႏွစ္ အ႐ြယ္ကေလးနဲ႔ သူ႔အေဖတို႔ရဲ႕ လက္ဆြဲအိတ္ကို ရဲေမတေယာက္က ဖြင့္ျပခိုင္းပါတယ္။
ဓါတ္မွန္ထဲျဖတ္စစ္ေတာ့ အိတ္တဲမွာ ခက္ရင္းတေခ်ာင္းေတြ႕လို႔ပါ။
ေလယာဥ္ေပၚ မွာအစားေကြၽးတာေတာင္ ပလတ္စတစ္ ဇြန္း ခက္ရင္းပဲေပးေတာ့တဲ့ ေခတ္ဆိုေတာ့ စတီးနဲ႔ လုပ္ထားတဲ့ ခြၽန္ထက္ေသာ ပစၥည္းေတြကို လူနဲ႔ အတူ ယူခြင့္ မျပဳဘူးကိုး။
အိတ္ကိုဖြင့္လိုက္ေတာ့ ကေလးအတြက္ ဇြန္းခက္ရင္းနဲ႔ တူ အစုံဘူးကေလး။
ရဲေမက စတီးခက္ရင္းကို ယူခြင့္မျပဳေၾကာင္းေျပာျပေတာ့ ကေလးအေဖကလည္း ေမ့ၿပီး ထည့္လာခဲ့မိေၾကာင္းရွင္းျပ။
ရဲေမက ခက္ရင္းကို ထုတ္ယူထားလိုက္ၿပီး က်န္တာေတြနဲ႔ ဘူးကေလးကို ျပန္အေပး ကေလးကို ၾကည့္ၿပီးေတြ ေဝသြားတယ္။ ပါးစပ္ကလည္း  "ေအာ္ သူကေလးရဲ႕ ဇြန္းခက္ရင္း အစုံကေလးေတာ့ ဘက္ပဲ့ သြားေတ့ာမွာပဲ" တဲ့ ။
ခက္ရင္းကေလးကို ျပန္ထည့္ေပးမလို႔လုပ္ရင္း ခ်ည္တုံခ်တုံျဖစ္ေနၿပီးေမးတယ္ "စကၤပူတင္ပဲလား၊ ဘယ္ကိုသြားမွာလဲ" တဲ့၊ "မဟုတ္ပါဘူး စကၤပူမွာ ေလယာဥ္ေျပာင္းၿပီး ခရီးဆက္ရမွာ" ဆိုေတာ့မွ ခက္ရင္းကေလးကို စိတ္မေကာင္းစြာ သိမ္းယူရင္း "အဲဒါဆိုရင္ေတာ့ ေပးယူလို႔ မျဖစ္ဘူး။ ဟိုမွာ ေလယာဥ္ေျပာင္းလို႔ ထပ္စစ္ရင္ ေတြ႕ၿပီး သိမ္းမွာပဲ။ သိမ္းတာက ျပသနာမရွိဘူး ဒီဘက္ကဘာလို႔ လႊတ္ေပးလိုက္လဲဆိုၿပီး ဆက္လိုက္လာဦးမွာ တဲ့"
(၁) တာဝန္အရ လုပ္ရေသာ္လည္း မိခင္စိတ္နဲ႔ ကေလးရဲ႕ ခက္ရင္းကို ျပန္ေပးခ်င္ေနတဲ့ ရဲေမ၊ ၾကင္နာစိတ္ရွိတယ္လို႔ ခ်ီးက်ဴးၾကမွာလား လုံၿခဳံေရး ရႈေထာင့္ကၾကည့္ၿပီး အျပစ္တင္ၾကမွာလား။
(၂) စကၤာပူဆိုတာ လုံၿခဳံေရးနဲ႔ ပတ္သက္လာရင္ အလြန္ တင္းၾကပ္ပါတယ္။


ျဖစ္စဥ္ (၂)
ျပည္ပေရာက္ ျမန္မာႏိုင္ငံသားတေယာက္ ရန္ကုန္ကို အျပန္ စကၤာပူမွာ ေလယာဥ္ေျပာင္းၿပီး Boarding ဝင္ေတာ့ ထုံးစံအတိုင္း လုံၿခဳံေရး အစစ္ေဆးခံရျပန္ပါတယ္။ အဲဒီမွာ အိတ္ထဲက က်ဥ္ဆံပုံ ေဆြဲသီးကေလး
ကိုေတြ႕ပါေလေရာ။ စထြက္လာတဲ့ ႏိုင္ငံမွာ ဘာမွ မေျပာဘဲ လႊတ္ေပးလိုက္တဲ့ ေသာ့ခ်ိတ္ကေလးအတြက္ စကၤာပူေလဆိပ္မွာေတာ့ ရဲေတြကို အေၾကာင္းၾကားလိုက္လို႔ တနာရီေက်ာ္ အစစ္ခံလိုက္ရတာ ေလယာဥ္ကမေစာင့္ေတာ့ဘဲ သူ႔ ပစၥည္းေတြခ်ထားခဲ့ၿပီးထြက္သြားပါေလေရာ။
ဘာမွ အႏၲရာယ္ေပးတဲ့ ပစၥည္းမဟုတ္လို႔ ျပသနာမလုပ္ဘဲ အဲဒါကေလးကို သူတို႔ အေရွ႕မွာလႊင့္ပစ္ခိုင္းလိုက္ၿပီး ခရီးဆက္ခြင့္ရေပမဲ့ ေလယာဥ္က ထြက္သြားၿပီမို႔ လြတ္သြားတဲ့ ေလယာဥ္ကခ်ထားခဲ့တဲ့ ပစၥည္းေတြကို Lost and found မွာ သြားေ႐ြး ေငြကုန္ခံၿပီး ေနာက္ထပ္လက္မွတ္ဝယ္၊ အခ်ိန္ကုန္ခံၿပီး ထပ္ေစာင့္ၿပီးမွ ႐ြာျပန္ရပါေတာ့တယ္။ နယ္ကေန ရန္ကုန္အထိလာႀကိဳတဲ့ မိသားစုေတြလည္း ကသိကေအာက္ေတြ ျဖစ္ရတာေပါ့။

ျဖစ္စဥ္ (၃) 


ကိုးရီးယားကိုသြားလည္တဲ့ မိသားစုတခု၊ ကေလးေတြက ကစား'စရာ လက္ပစ္ဗုံးပုံ ေသာ့ခ်ိတ္ကေလးေတြ ဝယ္ပါတယ္၊ ေလဆိပ္မွာ ခ်က္အင္ဝင္ေတာ့ မိဘေတြက ဝန္ထမ္းတါေကို ေမးပါေသးတယ္။ ေကာင္တာဥ ေလေၾကာင္းလိုင္းဝန္ထမ္းက လူနဲ႔ ယူသြားလို႔ရပါတယ္ တဲ့ ။ အထဲလဲ ဝင္ေရာ လုံၿခဳံေရးက သိမ္းထားလိုက္ပါတယ္။ စစ္တာေဆးတာ မလုပ္တာကိုပဲ ေက်းဇူးတင္ခဲ့ရပါသတဲ့ ။ 

ႏိုင္ငံအေတာ္မ်ားမ်ားမွာ ေလဆိပ္ လုံၿခဳံေရး စစ္ေဆးတဲ့ ေနရာမွာ၊ သတိေပး ေၾကျငာထားၿပီးသားျဖစ္တဲ့ တားျမစ္ထားတဲ့ လက္နက္အျဖစ္သုံးလို႔ရႏိုင္တဲ့ ပစၥည္းေတြကို ေတြ႕ရင္  ပစၥည္းကို သိမ္း႐ုံ သာမက ဒါဏ္ေငြပါတပ္သလို ေခတၱဖမ္းဆီးထိမ္းသိမ္းတာလည္းခံရႏိုင္ပါတယ္။
ကေလးကစားတဲ့ ေသနတ္ေတာင္ တကဲ့ ေသနတ္နဲ႔ တူရင္ ျပသနာ အလုပ္ခံရတတ္ပါတယ္။
အဲလို ကစားစရာ ေသနတ္ကိုယူလာမိလို႔သူမ်ားႏိုင္ငံ ေလဆိပ္မွာ တနာရီမက ရဲေတြစစ္ေဆးတာကို  ခံခဲ့ရတယ္ဆိုတဲ့အေၾကာင္းကိုလည္း မိတ္ေဆြတေယာက္က သူ႔ရဲ႕ အေတြ႕အႀကဳံကို ေျပာျပဖူးပါတယ္။
အဲဒါေၾကာင့္ ျပည္ပခရီးသြားမည့္သူမ်ား မိမိရဲ႕ခရီးေဆာင္ အိတ္ထဲမွာ ဆိုင္ရာႏိုင္ငံ၊ ခရီးေထာက္မည့္ႏိုင္ငံ နဲ႔ စီးမည့္ေလေၾကာင္းလိုင္းေတြက ကန႔္သတ္တားျမစ္ထားတဲ့ ပစၥည္းေတြ မပါေအာင္ ေသေသခ်ာခ်ာ ဂ႐ုစိုက္ စစ္ေဆးသင့္ပါတယ္ဆိုတဲ့ အေၾကာင္းကေလး မွ်ေဝတာပါ။
ဖိုးသုည
19-11-2018

နမူနာ စကၤာပူေလေၾကာင္းလိုင္းရဲ႕ ကန႔္သတ္ခ်က္ကေလးေတြပါ တင္ေပးထားပါတယ္။ https://www.singaporeair.com/en_UK/bn/travel-info/baggage/baggage-restrictions/nfo/baggage/baggage-restrictions/










ဘာမဟုတ်တဲ့ ပစ္စည်းကလေးတခုကြောင့် သူများနိုင်ငံ လေဆိပ်မှာ ခေတ္တထိန်းသိမ်း စစ်ဆေးတာခံရနိုင်ပြီး လေယာဉ်လည်းလွတ်ကာ ဒုက္ခများနိုင်ပါတယ်ဆိုတဲ့ အကြောင်းကလေး။  ( Unicode)


ဖြစ်စဉ် (၁)
တခါက ရန်ကုန်လေဆိပ် boarding gate လုံခြုံရေးစစ်ဆေးတဲ့နေရာမှာ ၃ နှစ် အရွယ်ကလေးနဲ့ သူ့အဖေတို့ရဲ့ လက်ဆွဲအိတ်ကို ရဲမေတယောက်က ဖွင့်ပြခိုင်းပါတယ်။
ဓါတ်မှန်ထဲဖြတ်စစ်တော့ အိတ်တဲမှာ ခက်ရင်းတချောင်းတွေ့လို့ပါ။
လေယာဉ်ပေါ် မှာအစားကျွေးတာတောင် ပလတ်စတစ် ဇွန်း ခက်ရင်းပဲပေးတော့တဲ့ ခေတ်ဆိုတော့ စတီးနဲ့ လုပ်ထားတဲ့ ချွန်ထက်သော ပစ္စည်းတွေကို လူနဲ့ အတူ ယူခွင့် မပြုဘူးကိုး။
အိတ်ကိုဖွင့်လိုက်တော့ ကလေးအတွက် ဇွန်းခက်ရင်းနဲ့ တူ အစုံဘူးကလေး။
ရဲမေက စတီးခက်ရင်းကို ယူခွင့်မပြုကြောင်းပြောပြတော့ ကလေးအဖေကလည်း မေ့ပြီး ထည့်လာခဲ့မိကြောင်းရှင်းပြ။
ရဲမေက ခက်ရင်းကို ထုတ်ယူထားလိုက်ပြီး ကျန်တာတွေနဲ့ ဘူးကလေးကို ပြန်အပေး ကလေးကို ကြည့်ပြီးတွေ ဝေသွားတယ်။ ပါးစပ်ကလည်း  "အော် သူကလေးရဲ့ ဇွန်းခက်ရင်း အစုံကလေးတော့ ဘက်ပဲ့ သွားတေ့ာမှာပဲ" တဲ့ ။
ခက်ရင်းကလေးကို ပြန်ထည့်ပေးမလို့လုပ်ရင်း ချည်တုံချတုံဖြစ်နေပြီးမေးတယ် "စင်္ကပူတင်ပဲလား၊ ဘယ်ကိုသွားမှာလဲ" တဲ့၊ "မဟုတ်ပါဘူး စင်္ကပူမှာ လေယာဉ်ပြောင်းပြီး ခရီးဆက်ရမှာ" ဆိုတော့မှ ခက်ရင်းကလေးကို စိတ်မကောင်းစွာ သိမ်းယူရင်း "အဲဒါဆိုရင်တော့ ပေးယူလို့ မဖြစ်ဘူး။ ဟိုမှာ လေယာဉ်ပြောင်းလို့ ထပ်စစ်ရင် တွေ့ပြီး သိမ်းမှာပဲ။ သိမ်းတာက ပြသနာမရှိဘူး ဒီဘက်ကဘာလို့ လွှတ်ပေးလိုက်လဲဆိုပြီး ဆက်လိုက်လာဦးမှာ တဲ့"
(၁) တာဝန်အရ လုပ်ရသော်လည်း မိခင်စိတ်နဲ့ ကလေးရဲ့ ခက်ရင်းကို ပြန်ပေးချင်နေတဲ့ ရဲမေ၊ ကြင်နာစိတ်ရှိတယ်လို့ ချီးကျူးကြမှာလား လုံခြုံရေး ရှုထောင့်ကကြည့်ပြီး အပြစ်တင်ကြမှာလား။
(၂) စင်္ကာပူဆိုတာ လုံခြုံရေးနဲ့ ပတ်သက်လာရင် အလွန် တင်းကြပ်ပါတယ်။

ဖြစ်စဉ် (၂)
ပြည်ပရောက် မြန်မာနိုင်ငံသားတယောက် ရန်ကုန်ကို အပြန် စင်္ကာပူမှာ လေယာဉ်ပြောင်းပြီး Boarding ဝင်တော့ ထုံးစံအတိုင်း လုံခြုံရေး အစစ်ဆေးခံရပြန်ပါတယ်။ အဲဒီမှာ အိတ်ထဲက ကျဉ်ဆံပုံ ဆွဲသီးကလေးကိုတွေ့ပါလေရော။ စထွက်လာတဲ့ နိုင်ငံမှာ ဘာမှ မပြောဘဲ လွှတ်ပေးလိုက်တဲ့ သော့ချိတ်ကလေးအတွက် စင်္ကာပူလေဆိပ်မှာတော့ ရဲတွေကို အကြောင်းကြားလိုက်လို့ တနာရီကျော် အစစ်ခံလိုက်ရတာ လေယာဉ်ကမစောင့်တော့ဘဲ သူ့ ပစ္စည်းတွေချထားခဲ့ပြီးထွက်သွားပါလေရော။
ဘာမှ အန္တရာယ်ပေးတဲ့ ပစ္စည်းမဟုတ်လို့ ပြသနာမလုပ်ဘဲ အဲဒါကလေးကို သူတို့ အရှေ့မှာလွှင့်ပစ်ခိုင်းလိုက်ပြီး ခရီးဆက်ခွင့်ရပေမဲ့ လေယာဉ်က ထွက်သွားပြီမို့ လွတ်သွားတဲ့ လေယာဉ်ကချထားခဲ့တဲ့ ပစ္စည်းတွေကို Lost and found မှာ သွားရွေး ငွေကုန်ခံပြီး နောက်ထပ်လက်မှတ်ဝယ်၊ အချိန်ကုန်ခံပြီး ထပ်စောင့်ပြီးမှ ရွာပြန်ရပါတော့တယ်။ နယ်ကနေ ရန်ကုန်အထိလာကြိုတဲ့ မိသားစုတွေလည်း ကသိကအောက်တွေ ဖြစ်ရတာပေါ့။
ဖြစ်စဉ် (၃) 
ကိုးရီးယားကိုသွားလည်တဲ့ မိသားစုတခု၊ ကလေးတွေက ကစား'စရာ လက်ပစ်ဗုံးပုံ သော့ချိတ်ကလေးတွေ ဝယ်ပါတယ်၊ လေဆိပ်မှာ ချက်အင်ဝင်တော့ မိဘတွေက ဝန်ထမ်းတါေကို မေးပါသေးတယ်။ ကောင်တာဥ လေကြောင်းလိုင်းဝန်ထမ်းက လူနဲ့ ယူသွားလို့ရပါတယ် တဲ့ ။ အထဲလဲ ဝင်ရော လုံခြုံရေးက သိမ်းထားလိုက်ပါတယ်။ စစ်တာဆေးတာ မလုပ်တာကိုပဲ ကျေးဇူးတင်ခဲ့ရပါသတဲ့ ။ 
  
နိုင်ငံအတော်များများမှာ လေဆိပ် လုံခြုံရေး စစ်ဆေးတဲ့ နေရာမှာ၊ သတိပေး ကြေငြာထားပြီးသားဖြစ်တဲ့ တားမြစ်ထားတဲ့ လက်နက်အဖြစ်သုံးလို့ရနိုင်တဲ့ ပစ္စည်းတွေကို တွေ့ရင်  ပစ္စည်းကို သိမ်းရုံ သာမက ဒါဏ်ငွေပါတပ်သလို ခေတ္တဖမ်းဆီးထိမ်းသိမ်းတာလည်းခံရနိုင်ပါတယ်။
ကလေးကစားတဲ့ သေနတ်တောင် တကဲ့ သေနတ်နဲ့ တူရင် ပြသနာ အလုပ်ခံရတတ်ပါတယ်။
အဲလို ကစားစရာ သေနတ်ကိုယူလာမိလို့သူများနိုင်ငံ လေဆိပ်မှာ တနာရီမက ရဲတွေစစ်ဆေးတာကို  ခံခဲ့ရတယ်ဆိုတဲ့အကြောင်းကိုလည်း မိတ်ဆွေတယောက်က သူ့ရဲ့ အတွေ့အကြုံကို ပြောပြဖူးပါတယ်။
အဲဒါကြောင့် ပြည်ပခရီးသွားမည့်သူများ မိမိရဲ့ခရီးဆောင် အိတ်ထဲမှာ ဆိုင်ရာနိုင်ငံ၊ ခရီးထောက်မည့်နိုင်ငံ နဲ့ စီးမည့်လေကြောင်းလိုင်းတွေက ကန့်သတ်တားမြစ်ထားတဲ့ ပစ္စည်းတွေ မပါအောင် သေသေချာချာ ဂရုစိုက် စစ်ဆေးသင့်ပါတယ်ဆိုတဲ့ အကြောင်းကလေး မျှဝေတာပါ။
ဖိုးသုည
19-11-2018


နမူနာ စင်္ကာပူလေကြောင်းလိုင်းရဲ့ ကန့်သတ်ချက်ကလေးတွေပါ တင်ပေးထားပါတယ်။ https://www.singaporeair.com/en_UK/bn/travel-info/baggage/baggage-restrictions/